နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းက မောင်တောမှ ဖမ်းဆီးခံရများ၏ မိသားစုများကို ဘူးသီးတောင်သို့ ထောင်ဝင်စာသွားတွေ့နိုင်သည်ဟု ပြောသော်လည်း NVC မရှိဟုဆိုကာ နယ်ခြားစောင့်ရဲများက သွားခွင့်မပေး

MYARF
RB News
21.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကျေးရွာများတွင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီးအေးဝင်း က ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များကို ဘူးသီးတောင် အကျဉ်းထောင်သို့ သွားရောက်၍ ထောင်ဝင်စာ တွေ့နိုင်သည်ဟု ပြောကြားခဲ့သော်လည်း NVC ကဒ်မရှိဟုဆိုကာ နယ်ခြားစောင့်ရဲများက သွားခွင့် မပေးကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ်ရှိ ကျေးရွာများတွင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီးအေးဝင်း က ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် ဖမ်းဆီးခံရပြီး၊ မိသားစုများက သတင်းမရ၊ သတင်းရသော်လည်း တွေ့ခွင့်မရ၊ ထောင်ဝင်စာ တွေ့ခွင့်မရေသော မိသားစုဝင်များကို ဘူးသီးတောင် အကျဉ်းထောင်သို့ သွားရောက် တွေ့ဆုံ၍ ထောင်ဝင်စာပို့နိုင်ကြောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လ.၀.က များကိုလည်း ပြောထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

ဖေဖော်ဝါရီလ (၂၀) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်းမှ ဖမ်းဆီးခံရသူများ၏ မိသားစုများက ဘူးသီးတောင် အကျဉ်းထောင်သို့ သွားရောက်ရန် သွားနေစဉ် ကျီးကန်းပြင်ရှိ အမှတ် (၁) နယ်ခြားစောင့် ကွပ်ကဲမှု ဌာနချုပ်မှ နယ်ခြားစောင့်ရဲများက ဆက်၍ သွားခွင့်မပြုခဲ့ကြောင်း၊ သွားနေသည့် ဒေသခံရိုဟင်ဂျာများက ဒု-ဗိုလ်ချုပ်ကြီးအေးဝင်း၏ ညွန်ကြားချက်အရ သွားနေခြင်းဖြစ်သည်ဟု ရှင်းပြသော်လည်း တာဝန်ကျ နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ များက သမ္မတရုံး၏ အမိန့်အရ NVC မပါသူများကို သွားလာခွင့် ပိတ်ထားကြောင်း၊ ဒု-ဗိုလ်ချုပ်ကြီးအေးဝင်း ပြောလျှင်လည်း သွားခွင့်မပေးနိုင်ဟု ဆိုကာ အိမ်ပြန်ခိုင်းခဲ့ကြောင်း မောင်တောမြို့နယ် မြောက်ပိုင်းမှ ဖမ်းဆီးခံထားရသူတစ်ဦး၏ မိသားစုက ပြောပါသည်။ 




Comment ရေးရန်

Rohingya Exodus