April 24, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မ.က.ဖ အဖွဲ့မှူးက NVC လက်ခံရန် စည်းရုံးဟောပြောသော်လည်း ဒေသခံရိုဟင်ဂျာများက လက်ခံရန် သဘောမတူ

MYARF
RB News
16.3.2017

မြင်းလွတ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မြင်းလွတ်မြို့မှ ဒေသခံရိုဟင်ဂျာများကို ကျီးကန်းပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် အခြေစိုက် မ.က.ဖ အဖွဲ့မှူးက မြင်းလွတ် နယ်မြေစခန်းသို့ ဆင့်ခေါ်၍ NVC လက်ခံရန် စည်းရုံးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ 

မတ်လ (၁၆) ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် အခြေစိုက် မ.က.ဖ အဖွဲ့မှူး ဦးထွန်းထွန်းနိုင်သည် မောင်တောခရိုင်၊ မြင်းလွတ်မြို့သို့ သွားရောက်၍ မြင်းလွတ်မြို့ရှိ ရပ်ကွက် (၈) ခု၊ သပြေတော၊ ကျောင်းတောင် (ဂေါ်ရာခါလီ) နှင့် ဥဒေါင်း ကျေးရွာများမှ ရပ်မိရပ်ဖများ၊ ဘာသာရေးဆရာများကို မြင်းလွတ်နယ်မြေစခန်းသို့ ဆင့်ခေါ်၍ NVC လက်ခံရန် စည်းရုံးဟောပြောခဲ့သည်။ 

မ.က.ဖ အဖွဲ့မှူး ဦးထွန်းထွန်းနိုင်က “ခင်ဗျားတို့ ရှေးယခင်ကတည်းက ဒီနိုင်ငံမှာ နေထိုင်လာတာ ကျွန်တော်တို့သိတယ်၊ ခင်ဗျားတို့ကို ယခင်က အမျိုးသားမှတ်ပုံတင် (သုံးခေါက်ချိုး) ကဒ်တွေ ထုတ်ပေးခဲ့တယ်။ ပြီးတော့ ယာယီသက်သေခံကဒ် (၀ှိုက်ကဒ်) တွေ ထုတ်ပေးခဲတ့ယ်။ အခု နိုင်ငံတော်စီမံကိန်းနဲ့ ခင်ဗျားတို့ကို NVC ကဒ်တွေ ထုတ်ပေးနေတယ်။ အားလုံးက အဲဒီကဒ်တွေကို လက်ခံယူကြပါ။ အသုံးဝင်ပါမယ်။ သွားလာရေး၊ စီးပွားရေး၊ ပညာရေးအတွက် အဆင်ပြေပါလိမ့်မယ်။ NVC လက်ခံပြီး သုံးလ သို့မဟုတ် ခြောက်လ ကြာရင် နိုင်ငံသားကဒ် လျှောက်လို့ရတယ်။ အဲဒီအချိန်မှာ နိုင်ငံသားဖြစ်သွားပါလိမ့်မယ်” ဟု မက်လုံးပေး ဟောပြောစည်းရုံး ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

၎င်းက ဆက်လက်၍ “အချို့လူဆိုးလူညံ့တွေက NVC လက်မခံဖို့ ခင်ဗျားတို့ကို စည်းရုံးနေတယ်။ အချို့က NVC လက်ခံရင် သတ်မယ်၊ ရိုက်မယ်၊ ပြန်ပြေးဆွဲသွားမယ် ဆိုပြီး ခြိမ်းခြောက်နေတာ ကျွန်တော်တို့သိတယ်။ အဲဒီ လူဆိုးတွေပြောတဲ့ စကားကို နားမထောင်ပါနဲ့၊ အဲဒီလူဆိုးတွေက ဘာမှ လုပ်မပေးနိုင်ဘူး” ဟု ပြောဆိုခဲ့သည်။ 

မြင်းလွတ်မြို့ အရှေ့ပိုင်းရပ်ကွက်မှ ဦးအဒူလ်ဟာဘဲစ် (ခ) ဦးစောရွှေက “အရင်အစိုးရက ကျွန်တော်တို့ကို အမျိုးသားမှတ်ပုံတင်ကဒ်တွေ ထုတ်ပေးခဲ့တယ်။ ပြီးတော့ ပြန်ရုပ်သိမ်းပြီးတော့ အဲဒီထက် အဆင့်နိမ့်တဲ့ ယာယီကဒ်တွေ ထုတ်ပေးခဲ့တယ်။ ပြန်ရုပ်သိမ်းခဲ့တယ်။ ဘာအခွင့်အရေးမှ မရခဲ့ဘူး။ အခု ထုတ်ပေးနေတဲ့ NVC က အရင်ကဒ်တွေထက် အဆင့်နိမ့်တယ်။ နိုင်ငံခြားသား ပုံဖော်နေတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ လက်ခံနိုင်စရာ အကြောင်းမရှိဘူး” ဟု ပြန်လည် ချေပ ပြောဆိုခဲ့သည်။ 

ထို့နောက် ဦးထွန်းထွန်းနိုင်က “ယခင်က စကားတွေ မပြောနဲ့ ယခုဟာကိုပဲပြောပါ၊ NVC က နိုင်ငံတော် စီမံကိန်း ဖြစ်တဲ့အတွက် သေချာပါတယ်။ လက်ခံကြည့်ပါ၊ အကျိုးရှိပါမယ်” ဟု အခြေအမြစ်မရှိသည့် မက်လုံးများ ပေးခဲ့ကြောင်း၊ သို့သော်လည်း ဒေသခံ ရိုဟင်ဂျာများက NVC လက်ခံရန် လုံးဝ သဘောမတူခဲ့ကြောင်း သိရှိရပါသည်။ 



Comment ရေးရန်

Pages 22123456 »
Rohingya Exodus