နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော သီဟိုဠ်ကျွန်းမှ အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲများ ပူးပေါင်း၍ ရွာသားများထံမှ ငွေညှစ်

MYARF
RB News
14.4.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သီဟိုဠ်ကျွန်း ကျေးရွာအုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဒေသခံရွာသားများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် သီဟိုဠ်ကျွန်း ကျေးရွာအုပ်စု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမိုဟာမတ်အီနုစ်နှင့် သီဟိုဠ်ခြံရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ ဒုရဲအုပ်နှင့် ရဲတပ်သား (၄) ဦးတို့ ပူးပေါင်းပြီး အချိန်မတော် ရွာထဲသို့ ၀င်ရောက်၍ ရွာသားများကို ဖမ်းဆီးပြီး မတရားသဖြင့် စွပ်စွဲခြိမ်းခြောက်၍ ငွေသိန်းချီ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဧပြီလ (၃) ရက်နေ့တွင် ဟာဘီအနောက်ရွာမှ ဦးအေခ်ဘာလ်ကို ဖမ်းဆီး၍ အိမ်ပြုပြင်သည်ဟု စွပ်စွဲခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်းခွဲ ညှစ်ယူခဲ့သည်။ ဧပြီလ (၈) ရက်နေ့တွင် ယင်းရွာမှ ဦးဝေါ်ဟိတ်အူဒင် (ဘ) ဦးဒိလ်မာမတ်ကိုလည်း ဖမ်းဆီး၍ အိမ်ပြုပြင်သည်ဟု စွပ်စွဲ၍ အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ထို့အပြင် ရွာတွင် လမ်းပြုပြင်နေသူများထံမှလည်း ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း၊ မရှိဆင်းရဲသားများကို အုပ်ချုပ်ရေးမှူး ကိုယ်တိုင် အာဏာစက်ဖြင့် အတင်းအဓမ္မ ငွေညှစ်နေမှုအပေါ် ရွာသားများ မကျေမနပ် ဖြစ်နေချိန်တွင် ရဲတပ်ဖွဲ့ဝင်များကိုပါ ခေါ်ယူပြီး အချိန်မတော်ရွာထဲ၌ နှောက်ယှက်လျှင် ပြဿနာ ကြီးကြီးမားမား ဖြစ်လာမည်ကို စိုးရိမ်ရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 



Comment ရေးရန်

Rohingya Exodus