နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ဘဒဂါး ကျေးရွာမှ ကျေးရွာ အာဏာပိုင်များက ရွာသားများထံမှ ငွေညှစ်

MYARF
RB News
14.4.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဘဒဂါး ကျေးရွာအုပ်စုတွင် ကျေးရွာ အာဏာပိုင်များက ရွာသားများထံမှ မတရားသဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ်၏ မြောက်ဘက် အစွန်ဆုံးရွာဖြစ်သည့် ဘဒဂါး ကျေးရွာတွင် ကျေးရွာတာဝန်ခံ ဖြစ်သူ ဦးအိဒိရိစ်နှင့် ရာအိမ်မှူး ဦးအလီအာခ်ဘောရ်တို့နှစ်ဦး ပူးပေါင်း၍ လုပ်ကြံဖန်တီးမှုများ အမျိုးမျိုး ပြုလုပ်၍ မရှိဆင်းရဲသား ရွာသားများကို ခြိမ်းခြောက်ပြီး ငွေညှစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဧပြီလ (၄) ရက်နေ့တွင် မြောက်ရွာမှ မော်လ၀ီကော်ရီမုလ္လာ ထံမှ ငွေကျပ် တစ်သိန်း၊ မော်လ၀ီနူရ်မာမတ် ထံမှ ငွေကျပ် တစ်သိန်း၊ မော်လ၀ီနူရူလ်ဟောက်ထံမှ ငွေကျပ်တစ်သိန်း၊ မော်လ၀ီဟူဆောင်းဂျူဟာရ်ထံမှ ငွေကျပ် ရှစ်သောင်း၊ မော်လ၀ီအဒူလ်အာမီးန်ထံမှ ငွေကျပ်ရှစ်သောင်း၊  မော်လ၀ီဆော်လိမ်ထံမှ ငွေကျပ်တစ်သိန်း၊ မော်လ၀ီအလီဇူဟာရ်ထံမှ ငွေကျပ်တစ်သိန်းနှင့် မော်လ၀ီဟူစိန်းထံမှ ငွေကျပ်နှစ်သိန်း ညှစ်ယူခဲ့ကြောင်း၊ ၎င်းတို့ကို ငွေမပေးပါက တင်းမေရွာသားများကို ထမင်းကျွေးခဲ့သူများဟု ဌာနဆိုင်ရာသို့ စာရင်းပေးသွင်းမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ငွေမပေးနိုင်သည့် ဦးနူရူလ်အာမီးန် (ဘ) ဦးဖော်ဇော်လ်အာမတ်နှင့် ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးဆယာဒ်အာမတ်တို့နှစ်ဦးကို ဧပြီလ (၉) ရက်နေ့တွင် လူအများရှေ့သို့ ခေါ်ယူလာပြီး ကျေးရွာတာဝန်ခံ ဦးအိဒိရိစ် ကိုယ်တိုင် ရိုက်နှက်ခဲ့ကြောင်း၊ ထို့အပြင် “တိုင်ချင်တဲ့နေရာ သွားတိုင်ကြ၊ ဂရုမစိုက်ဘူး၊ တင်းမေကိစ္စက ငါတို့အတွက် အခွင့်ကောင်း ဖြစ်နေပြီ” ဟု ကြုံးဝါး ပြောဆိုခဲ့ကြောင်း မျက်မြင်သက်သေများက ပြောပါသည်။



Comment ရေးရန်

Rohingya Exodus