March 31, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မြန်မာအစိုးရက မီးရှို့ခံထားရသည့် ရိုဟင်ဂျာကျေးရွာများကို သိမ်းဆည်းပြီး နေရာအနည်းငယ်ကိုသာ ခွဲတမ်းပေးနေ

MYARF
RB News
9.4.2017

မောင်တော ။ ။ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တ တို့က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် မီးရှို့ဖျက်ဆီးလိုက်သည့် ရိုဟင်ဂျာကျေးရွာများကို အစိုးရပိုင်မြေများ အဖြစ် သိမ်းဆည်းပြီးနောက် ယခုအခါ နေရာအနည်းငယ်ကိုသာ မီးရှို့ခံရသည့် မြေနေရာ ပိုင်ရှင်များကို ခွဲတမ်းပေးနေကြောင်း သတင်းရရှိပါသည်။ 

၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ရိုဟင်ဂျာ ကျေးရွာများ ဖြစ်ကြသည့် ၀ါးပိတ်၊ ပွင့်ဖြူချောင်း၊ ကျားခေါင်းတောင်၊ မြောတောင်၊ ရေခဲချောင်းခွဆုံ၊ ဓါးကြီးစား၊ သရက်အုပ်၊ သူဦးလာ၊ ကြက်ရိုးပြင်၊ ငါးစားကြူး၊ ဦးရှည်ကျ ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။ မိမိတို့၏ နေအိမ်များ မီးရှို့ခံနေရချိန်တွင် ဒေသခံရိုဟင်ဂျာများသည် နီးစပ်ရာ ကျေးရွာများသို့ ရွှေ့ပြောင်းခိုလှုံခဲ့ပြီး၊ အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး၍ ခိုလှုံခဲ့ကြသည်။ 

မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ကိုယ်တိုင် မီးရှို့ဖျက်ဆီးထားသော နေအိမ်များကို အစိုးရက ပြန်လည်ဆောက်လုပ်ပေးရမည် ဖြစ်သော်လည်း ဆောက်မပေးသောကြောင့် နေအိမ်မီးရှို့ခံခဲ့ရပြီး နီးစပ်ရာ ကျေးရွာများသို့ သွားရောက် ခိုလှုံနေသူများသည် အခြေအနေ တည်ငြိမ်လာသည့်အခါ မိမိတို့၏ ကျေးရွာများသို့ ပြန်လာပြီး မူရင်း မြေနေရာများတွင် ယာယီတဲများ ကိုယ်ထူကိုယ်ထ ဆောက်လုပ်၍ နေထိုင်နေရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ ထိုကဲ့သို့ ယာယီတဲများ ဆောက်လုပ်နေထိုင်နေသည်ကို ဖျက်ပေးရန် မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဧပြီလ (၄) ရက်နေ့က အမိန့်ပေးထားကြောင်း သိရှိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးက မီးရှို့ခံရသည့် မြေနေရာများသည် အစိုးရပိုင်မြေများ ဖြစ်သွားကြောင်း၊ ပြည်သူများကို သနားညှာတာသောအားဖြင့် ကျေးရွာ မြေတစ်ဝက်ကို တစ်ရွာလုံးသို့ အလှူဒါန သဘောဖြင့် ခွဲတမ်းပေးနေခြင်း ဖြစ်ကြောင်း ပြောဆိုကြောင်း ဒေသခံများက ပြောပါသည်။

မောင်တောမြို့နယ်တွင် အိမ်ထောင်စုစာရင်းမှ ခွဲထွက်ခွင့် မပေးသည်မှာ နှစ်ပေါင်း ၃၀ နီးပါးရှိနေပြီ ဖြစ်သဖြင့် အိမ်ထောင်စုစာရင်း တစ်ခုတွင် အဘိုးအဘွားမှစ၍ မြေးမြစ်ထိ ရှိနေသည်။ သို့သော်လည်း အိမ်ထောင်စုစာရင်းတစ်ခုရှိ သားသမီးများသည် ကိုယ်စီအိမ်များ ဆောက်၍ ခွဲနေခဲ့သည်။ ယခုအခါ အိမ်ထောင်စု တစ်စုလျှင် ပေ ၄၀ x ပေ ၆၀ မြေကွက်တစ်ကွက်စီ ခွဲတမ်းပေးမည်ဟု သိရှိရသည်။ ထိုသို့ဆိုလျှင် အိမ်ထောင်စု တစ်စုရှိ မိသားစုဝင် ၄၀ နီးပါး အိမ်တစ်အိမ်တွင် စုပေါင်းနေရမည့် သဘော ဖြစ်နေသည်။ 

မတ်လ (၃) ရက်နေ့မှစ၍ အာဏာပိုင်များက မီးရှို့ခံထားရသည့် ၀ါးပိတ်ကျေးရွာကို မြေညှိသည့်ကားများဖြင့် မြေညှိ၍ တစ်ရွာလုံးကို ယခင်ကျေးရွာ ပုံစံပါ ဖျောက်ပစ်ခဲ့သည်။ ယခုအခါ အာဏာပိုင်များက ရွာ၏ သုံးပုံနှစ်ပုံကို ချန်ထားပြီး မြောက်ဘက် အစွန်းနေရာတွင် လိုင်းရှစ်လိုင်းဖြင့် ပေ ၄၀ x ပေ ၆၀ ရှိ အကွက်များချပေး၍ တစ်ရွာလုံးကို ခွဲဝေပေးနေကြောင်း ဒေသခံများက ပြောပါသည်။ 

အလားတူ သူဦးလာကျေးရွာတွင်လည်း မီးရှို့ခံအိမ် (၆၀) ကျော်ကို မီးရှို့ခံမြေနေရာ (၇) ခု နေရာတွင် မြေကွက်များ ချပေးနေကြောင်း သိရှိရသည်။

ကျန်မီးရှို့ခံကျေးရွာများတွင်လည်း အလားတူ ပေ ၄၀ x ပေ ၆၀ ရှိ မြေကွက်များကို အိမ်ထောင်စုတစ်စုလျှင် တစ်ကွက်ကျ ခွဲတမ်းပေးရန် စီစဉ်လျက် ရှိကြောင်း စုံစမ်းသိရှိရပါသည်။ 

ဝါးပိတ်ကျေးရွာတွင် အာဏာပိုင်များက မြေညှိနေစဉ်

Comment ရေးရန်

Pages 22123456 »
Rohingya Exodus