နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော တောင်ပိုင်း၌ နယ်ခြားစောင့်ရဲများက အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီး၍ ငွေညှစ်

Rohingya Eye
RB News
28.5.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းရှိ နယ်ခြားစောင့်ရဲများက အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ကျောက်ပန္ဒူကျေးရွာအုပ်စုမှ အုစ်မာန်ဂေါ်နီ (ဘ) ဦးအလီဇူဟာရ် (အသက် ၁၅ နှစ်) နှင့် ၎င်း၏ ယောက်ဖ တော်စပ်သူ အာယာစ် (အသက် ၂၅ နှစ်) တို့ကို မေလ (၂၃) ရက်နေ့ ည ၆ နာရီအချိန်တွင် သင်္ဘောကွေ့ကျေးရွာရှိ ဦးအုစ်မာန်ဂေါ်နီ၏နေအိမ်မှ လည်ပတ်၍ ပြန်နေစဉ် ဖမ်းဆီးချုပ်နှောင်၍ ငွေကျပ် ၅ သောင်းစီ ညှစ်ယူပြီး ည ၁၁ နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

မေလ (၂၂) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ်မြို့ ဟော်ရော်သိလ္လာ ကျေးရွာမှ မော်လ၀ီ မာမတ်ဆော်လာမ် (ဘ) ဦးအဒူမာဘူသ် (အသက် ၂၅ နှစ်) နှင့် ၎င်း၏ ညီဖြစ်သူ မာမတ်ရော်ရှိတ် (အသက် ၂၀ နှစ်) တို့နှစ်ဦးအား လေပြင်းတိုက်ခတ်ရာတွင် ယိမ်းယိုင်သွားခဲ့သည့် နေအိမ်ကို ပြုပြင်သည်ကို အကြောင်းပြု၍ အဆိုပါ ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ငွေညှစ် တစ်သောင်းခွဲစီ  ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

မောင်တောမြို့မှာ တက်ကြွလှုပ်ရှားသူတစ်ဦးက “အခြားမြို့တွေမှာဆိုရင် အစိုးရက ထောက်ပံ့နေတာတွေ တွေ့ရပေမယ့် ဒီဒေသမှာတော့ ထောက်ပံ့မယ့် အစား အာဏာပိုင်တွေ ကိုယ်တိုင် မရှိဆင်းရဲသားတွေဆီက ငွေညှစ်နေတာ အတော်ကို စာနာမှုကင်းမဲ့ပြီး အင်မတန် ရုပ်ဆိုးအကျည်းတန်လှတယ်” ဟု ပြောပါသည်။


Comment ရေးရန်

Rohingya Exodus