နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် အခြေစိုက် ၅၅၂ တပ်ရင်းမှူးက ပုံစံ ၄ ဖြင့် တရားဝင် ခရီးသွားသူ နှစ်ဦးကို ဖမ်းဆီး၍ ငွေညှစ်၊ မိုဘိုင်းဖုန်း ၄ လုံး သိမ်းဆည်း

MYARF
RB News
4.5.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သင်္ဂနက်ကျေးရွာအုပ်စုတွင် အခြေစိုက်သော ခမရ ၅၅၂ တပ်ရင်းမှ တပ်ရင်းမှူးက ပုံစံ (၄) ဖြင့် အလည်အပတ် ရောက်ရှိနေသည့် မောင်တောမှ ဧည့်သည်များကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မေလ (၁) ရက်နေ့တွင် မီးချောင်းဈေးကျေးရွာအုပ်စုမှ မော်လ၀ီအဒူလ်ဟာမိတ် (ဘ) ဦးရှော်ဖီ၏ နေအိမ်သို့ မောင်တောမြို့နယ် အမှတ် (၁) ရပ်ကွက်မှ တရားဝင် ပုံစံ (၄) ကိုင်ဆောင်ပြီး အလည်အပတ် ရောက်ရှိလာကြသည့် သားမက်အရင်း ဖြစ်သူ ဇူဘိုင်ရ် (အသက် ၂၅ နှစ်) နှင့် ၎င်း၏ သူငယ်ချင်း ရာရှိဒ် (အသက် ၂၇ နှစ်) တို့နှစ်ဦးကို နံနက် ၁၀ နာရီခန့် အချိန်တွင် တစ်စုံတစ်ရာ အကြောင်းပြချက် မရှိဘဲ တပ်ရင်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

၎င်းတို့ကို တပ်ရင်းမှူး ကိုယ်တိုင် စစ်ဆေးမေးမြန်းရာတွင် တရားဝင် ပုံစံ (၄) ကိုင်ဆောင်ထားသည်ကို တွေ့ရှိပြီး၊ အပြစ်ရှာမတွေ့သော်လည်း နောက်ဆုံးတွင် ထုံးစံအတိုင်း အကြမ်းသမားဟု မဟုတ်မမှန် လီဆယ် စွပ်စွဲ၍ အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေကျပ် ၅ သိန်းခွဲ ညှစ်ယူခဲ့ကြောင်း၊ ထို့အပြင် မော်လ၀ီအဒူလ်ဟာမိတ်၏ နေအိမ်မှ ဖမ်းဆီးစဉ် အဖိုးတန် မိုဘိုင်းဖုန်း နှစ်လုံး သိမ်းဆည်းခဲ့ပြီး၊ မောင်တောမြို့သား နှစ်ဦးကို စစ်ဆေးစဉ် ၎င်းတို့၏ မိုဘိုင်းဖုန်း နှစ်လုံး တို့ကို သိမ်းဆည်းခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။


Comment ရေးရန်

Rohingya Exodus