ရသေ့တောင် အနောက်ပြင် အုပ်ချုပ်ရေးမှူးနှင့် ကင်းစခန်းမှူးတို့ ပူးပေါင်း၍ ဒေသခံများထံမှ ငွေညှစ်
အနောက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့် ကင်းစခန်းမှူးတို့သည် မေလ (၇) ရက်နေ့တွင် ဆရာဦးဆုလ်တာန် (ဘ) ဦးနူရ်အစ္စလာမ်က ၎င်း၏ ဖခင်ဖြစ်သူကို စစ်တွေသို့ ဆေးကုသရန် ခေါ်သွားခဲ့မှုနှင့် ပတ်သက်၍ အမျိုးမျိုး ခြိမ်းခြောက်ပြီး ငွေကျပ် ၄ သောင်း ညှစ်ယူခဲ့သည်။ ထို့အပြင် ဥက္ကဌဟောင်း ဦးအီဆုပ်၏ ညီဖြစ်သူ ဦးအဒူရာမာန်အား လယ်ဝယ်ယူထားမှုနဲ့ ပတ်သက်ပြီး ပုဒ်မ အမျိုးမျိုးတပ် ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်းရှစ်သောင်း၊ အချင်းချင်း စကားများခဲ့သည့် အမျိုးသမီးနှစ်ဦးကို ခြိမ်းခြောက်၍ ငွေကျပ် ၄ သိန်း၊ ဦးအာမီးရ်ဟမ်ဇား ထံမှ ငွေကျပ် ၂၅ သိန်းတန် မြေကွက်တစ်ကွက်တို့ကို ညှစ်ယူထားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။
ယခုကဲ့သို့ မတရားသဖြင့် ငွေညှစ်နေခြင်း၊ ကင်းစခန်းမှူး၏ သြဇာအာဏာကို အလွဲသုံးစား ပြုလုပ်၍ ဓါးပြများသဖွယ် ပြုလုပ်နေခြင်းတို့ကို အထက်အာဏာပိုင်များက အရေးယူဆောင်ရွက် ပေးရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။