March 17, 2025
 Ro

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဘူးသီးတောင် ကျောင်းတောင် ကျေးရွာအုပ်စုတွင် နယ်ခြားစောင့်ရဲများနှင့် စစ်သားများက ရိုဟင်ဂျာ အမျိုးသမီး ၃၂ ဦးကို မုဒိမ်းကျင့်

MYARF
RB News
15.5.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ဘဇာ မြောက်ပိုင်း ကျောင်းတောင်ကျေးရွာအုပ်စုတွင် ရိုဟင်ဂျာအမျိုးသမီး ၃၂ ဦးကို နယ်ခြားစောင့်ရဲများနှင့် စစ်သားများက မုဒိမ်းကျင့်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မေလ (၆) ရက်နေ့တွင် နယ်ခြားစောင့်ရဲများနှင့် စစ်သား အင်အား ၃၀၀ ကျော်တို့သည် ကျောင်းတောင်ကျေးရွာအုပ်စုသို့ ရုတ်တရက် ၀င်ရောက်လာပြီး တစ်ရွာလုံးကို ၀န်းရံပိတ်ဆို့ကာ တစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးစဉ် အမျိုးသားများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ အမျိုးသမီးများကို အိမ်ပြင်ထုတ်၍ တန်းစီးခိုင်းကာ တစ်ကိုယ်လုံး လက်နှိုက်ရှာဖွေ၍ ရသမျှ ရွှေ၊ ငွေများ လုယက်ခြင်း၊ အိမ်တွင်းရှိ ဘီရိုများနှင့် သေတ္တာများကို ရိုက်ချိုး၍ ရသမျှ ရွှေ၊ ငွေများ လုယက်ယူသည့် အပြင် စားသောက်ဖွယ်ရာများ၊ အိမ်သုံးပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းများကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

တစ်ဖန် မေလ (၈) ရက်နေ့တွင် တောင်ဘဇာရှိ နယ်မြေရုံးနှင့် ကျောင်းတောင်ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့မှ နယ်ခြားစောင့်ရဲများ တစ်ဖွဲ့၊ ခမရ (၅၅၂) နှင့် ခမရ (၂၃၂) တို့မှ တစ်ဖွဲ့တို့ ပူးပေါင်း၍ ကျောင်းတောင် ကျေးရွာအုပ်စု အလယ်ရွာနှင့် စာကိုင်းရွာသို့ ၀င်ရောက်လာခဲ့သည်။ 

နယ်ခြားစောင့်ရဲများနှင့် စစ်သားများ ၀င်ရောက်လာသည်နှင့် တပြိုင်နက် ဒေသခံများက မေလ (၆) ရက်နေ့တွင် အကြမ်းဖက်ခံထားရသည်ကို ကြောက်လန့်၍ အမျိုးသားများနှင့် အမျိုးသမီး သုံးပုံနှစ်ပုံခန့် ရွာပြင်သို့ ထွက်ပြေးတိမ်းရှောင် သွားခဲ့သည်။ 

နယ်ခြားစောင့်ရဲများနှင့် စစ်သားများက ရွာတွင်းတွင် တစ်အိမ်တက် တစ်အိမ်ဆင်း၍ ပစ္စည်းများ လုယက်ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည့် အပြင် တွေ့ရှိသမျှ အမျိုးသမီး၊ မိန်းကလေး အသက်အရွယ် မရွေးကို မုဒိမ်းကျင့်ခြင်းများကို နေ့စဉ်ရက်ဆက် မေလ (၁၁) ရက်နေ့ထိ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

မုဒိမ်းကျင့်ရာတွင် အများဆုံး မုဒိမ်းကျင့်ခဲ့သူ နှစ်ဦးမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ကိုကိုဦးနှင့် မောင်မောင်ဌေး တို့ဖြစ်သည်ဟု သိရှိရသည်။ 

ဒေသခံများ၏ ပြောကြားချက်များနှင့် မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများ၏ ပြောကြားချက်များအရ (၃၂) ဦး မုဒိမ်းကျင့်ခံခဲ့ရပြီး၊ ၎င်းတို့ထဲတွင် နှစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည်ဟု သိရှိရသည်။ 

မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများနှင့် မိန်းကလေးများက စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိများထံ တိုင်တန်းထားကြောင်း ဒေသခံများက ပြောပါသည်။ 

ဒေသခံများနှင့် အမျိုးသမီးများ၏ ပြောကြားချက်များအရ မေလ (၉) ရက်နေ့တွင် ကျောင်းတောင် ကျေးရွာအုပ်စု အလယ်ရွာတွင် အမျိုးသမီး (၇) ဦး၊  မေလ (၁၀) ရက်နေ့တွင် စာကိုင်းရွာမှ အမျိုးသမီး (၁၆) ဦး၊ မေလ (၁၁) ရက်နေ့တွင် အလယ်ရွာမှ အမျိုးသမီး (၉) ဦးတို့ကို နယ်ခြားစောင့်ရဲများနှင့် စစ်သားများက မုဒိမ်းကျင့်ခဲ့ကြောင်း သိရှိရသည်။ 

(မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများ၏ အမည်များ၊ ၎င်းတို့၏ မိဘ အမည်များနှင့် အသက်အရွယ်များ အပြင် ၎င်းတို့၏ ထွက်ဆိုချက် ဗီဒီယိုများကို လက်ခံရရှိထားသော်လည်း ၎င်းတို့၏ ဂုဏ်သိက္ခာကို လေးစား၍ ထိန်ချန်ထားခြင်း ဖြစ်သည်။)




Comment ရေးရန်

Pages 22123456 »
Rohingya Exodus