March 15, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

Burmese Rohingya Organisation UK ၏ သတင်းထုတ်ပြန်ချက်




16.5.2017

Burmese Rohingya Organisation UK ၏ သတင်းထုတ်ပြန်ချက်

"မီးရှို့၊ ထိုးသွင်း၊ သေနတ်ပစ်- ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်မှ ကျူးလွန်သည့် ရက်စက်စွာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုများ၏ သက်သေခံအထောက်အထားများ"ဟုအမည်ရသည့် အစီရင်ခံစာ အသစ်တစ်ရပ်အား Burmese Rohingya Organisation UK မှ ယနေ့ထုတ် ပြန်လိုက်သည်။

ကာလရှည်ကြာ ဖိနှိပ်ညှင်းပန်းမှုများနှင့် ရင်ဆိုင်နေရသည့် မြန်မာ့လူနည်းစု ရိုဟင်ဂျာများ၏ အခြေအနေ သည် ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် ညှင်းပန်းနှိပ်စက်မှု ပုံစံအသစ်တစ်ခုသို့ ဝင်ရောက် ခဲ့ရသည်။ ရိုဟင်ဂျာအဖွဲ့တစ်ဖွဲ့သည် လက်ရှိ ရိုဟင်ဂျာ မျိုးဆက်တစ်လျှောက် ပထမဦးဆုံးအကြိမ်အဖြစ်န ယ်ခြားစောင့်စခန်းသုံးခုအား လက်နက်ကိုင်တိုက်ခိုက်ခဲ့ရာ၊ ကိုးဦးသေဆုံးခဲ့သည်။

မြန်မာစစ်တပ်သည် ၎င်းလက်နက်ကိုင်တိုက်ခိုက်မှုအား လက်တုန့်ပြန်သည့်အနေဖြင့် ရိုဟင်ဂျာများ အပေါ်စနစ်တကျ စီမံထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများ လပေါင်းများစွာ ဆောင်ရွက်ခဲ့သည်။ အဆိုပါ လက်တုန့်ပြန်မှုများ၌ လူသားထုတစ်ရပ်လုံးဆိုင်ရာ ပြစ်မှုကျူးလွန်မှုများဖြစ်သည့် စနစ်တကျကြိုတင် စီစဉ်ထားသည့်မုဒိမ်းမှုများ၊ ညှင်းပန်းနှိပ်စက်မှုများနှင့် သတ်ဖြတ်မှုများ ပါဝင်သည့် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့ဖွယ်ရာရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် "လျှပ်တစ်ပြက် အစီရင်ခံစာ" ၌အကျယ်တဝင့် ပါရှိသည်။

မြန်မာစစ်တပ်နှင့် အခြားအစိုးရ လက်နက်ကိုင်အင်အားစု များသည် ကလေးသူငယ်များ အပါအဝင် အရပ်သားများအားပစ်မှတ်ထားကာ စနစ်တကျစီမံထားသည့် သတ်ဖြတ်မှုများနှင့် ရက်စက်အကြမ်း ဖက်မှုများကျူးလွန်ခဲ့သည့် အထောက်အထားများအား ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ အရပ်သားများ အပေါ်ပစ်မှတ်ထား ကျူးလွန်ခဲ့သည့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများအား သက်သေခံသည့် အထောက်အထားများဖြစ်သည့် ဓာတ်ပုံမှတ်တမ်းများ၊ သက်သေခံချက်များနှင့် မှုခင်းဆရာဝန်များ၏ စီစစ်တွေ့ရှိချက်များလည်း ၎င်းအစီရင်ခံစာတွင်ပါသည်။ ၎င်းအစီရင်ခံစာတွင် အသက် (၈) နှစ်အရွယ် ရှိကလေးငယ်၏ ဖခင်အားသတ်ဖြတ်ပြီးနောက် ထိုကလေးငယ်ရှိရာ နေအိမ်ကိုမီးရှို့ခဲ့သဖြင့် ကလေးငယ် မီးလောင်သေဆုံးခဲ့ကြောင်းနှင့်၊ မြန်မာစစ်တပ်မှ ရိုဟင်ဂျာရွာအားစီးနင်း တိုက်ခိုက်စဉ် ကြောက်လန့်တကြား ထွက်ပြေးခဲ့သည့် အသက် (၁၆) နှစ်အရွယ်ကလေးတစ်ဦးအား အနောက်မှ ပစ်ခတ်သတ်ဖြတ်ခဲ့ သည့် အထောက်အထားများလည်းပါဝင်သည်။

နိုင်ငံတကာလူ့အဖွဲ့အစည်းအနေဖြင့် အချက်အလက်ရှာဖွေ စုဆောင်းရေးအဖွဲ့ (Fact Finding Mission) အား တားဆီးပိတ်ပင်ကန့်ကွက်လျက်ရှိသည့် မြန်မာအစိုးရ၏ လုပ်ရပ်အား ခွင့်မပြုရန်နှင့် ထိုသို့ခွင့်ပြုလိုက်ပါက မြန်မာအစိုးရအနေဖြင့် ပြစ်မှုများကို လွတ်လွတ်လပ်လပ် ဆက်လက် ကျူးလွန် ခွင့်ပြုလိုက်သကဲ့သို့ ဖြစ်မည်ဟု ၎င်းအစီရင်ခံစာ၌ ဖော်ပြထားကာ၊ အကယ်၍ မြန်မာအစိုးရအနေဖြင့် အချက်အလက် ရှာဖွေစုဆောင်းရေး လုပ်ငန်းအဖွဲ့ (Fact Finding Mission) အားမဖြစ်မနေ တားဆီး ပိတ်ပင်ခဲ့ပါက၊ အဖွဲ့အနေဖြင့် အခြားနည်းလမ်းများကို အသုံးပြုကာ အချက်အလက်အထောက် အထားများ စုဆောင်းနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအတွင်း၌ အချက်အလက် အထောက်အထားများ စုဆောင်းရရှိနိုင်ကြောင်းကိုလည်း ၎င်းအစီရင်ခံစာ၌ သရုပ်ပြ ဖော်ပြထားသည်။ မြန်မာအစိုးရအနေဖြင့် ၎င်းအခြေအနေနှင့် ပတ်သက်၍ မှန်မှန်ကန်ကန် ထုတ်ပြန်နိုင်ရန် ဆောင်ရွက် သင့်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း ၎င်းအစီရင်ခံစာတွင်အကျယ်တဝင့် ဖော်ပြပါရှိသည်။

ရိုဟင်ဂျာများနှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်များ၊ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်များနှင့် အထူးစုံစမ်းစစ်ဆေးရေး အရာရှိများ၏ အစီရင်ခံစာများအပေါ် မြန်မာအစိုးရမှ လွန်ခဲ့သည့် နှစ်ပေါင်း (၂၀) အတွင်း လစ်လျူရှုခဲ့မှု အပေါ်အလေးထားဆောင်ရွက်ရန် နိုင်ငံတကာလူ့အဖွဲ့အစည်းမှ ပျက်ကွက်ခဲ့ပြီး၊ အချက် အလက်အထောက်အထားများစုဆောင်းရေးလုပ်ငန်းအဖွဲ့၏ အစီရင်ခံစာထွက်ရှိပြီးနောက်တွင်မူ နိုင်ငံတကာလူ့အဖွဲ့အစည်းအနေဖြင့်မပျက်မကွက် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ဤတစ်ကြိမ်တွင်မူ တစ်စုံတစ်ရာလက်တွေ့ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် အကယ်၍ပျက်ကွက်ခဲ့ပါက၊ ထိုသို့သောကျူးလွန်မှုများကို နောင်အနာဂတ်တွင်လည်း ဆက်တိုက်တွေ့ကြုံနေရဦးမည် ဖြစ်ကြောင်း Burmese Rohingya Organisation UK ၏ ဥက္ကဋ္ဌဖြစ်သူ ဦးထွန်းခင်ကပြောကြားခဲ့သည်။

သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက ဦးထွန်းခင် ဖုန်း-+44 7888714866 အားဆက်သွယ်ရန်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus