နောက်ဆုံးသတင်း/ဆောင်းပါးများ

အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီးမှုများကြောင့် ဒေသခံများအကြား စိုးရိမ်မှုများ တိုးပွားလျက်ရှိ

MYARF
RB News
2.6.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် နယ်ခြားစောင့်ရဲများက တစ်ရက်တည်း၌ အပြစ်မဲ့ဒေသခံများကို ဖမ်းဆီးလိုက်သောကြောင့် ဒေသခံများအကြား စိုးရိမ်မှုများ တိုးပွားလျက်ရှိကြောင်း သတင်းရရှိပါသည်။

မေလ (၃၁) ရက်နေ့ ည ၁၀ နာရီခန့် အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ပဒကားရွာသစ် ကျေးရွာအုပ်စု၌ တစ်နေကုန် ဥပုသ်စောင့်ပြီး မောပန်း၍ အိပ်မောကျနေသည့် (၁) ဦးအီဆုပ် (ဘ) ဦးအလီဟူစိန်း (အသက် ၃၀ နှစ်)၊ (၂) အာဘူအာလောမ် (ဘ) ဦးအဒူဟာလေခ် (အသက် ၂၅ နှစ်)၊ (၃) မိုဟာမတ်ရော်ရှိတ် (ဘ) ဦးနော်ဇိရ်အာမတ် (အသက် ၂၇ နှစ်) တို့ (၃) ဦးကို ယင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ၎င်းတို့၏ နေအိမ်များကို အတင်းဝင်ရောက်၍ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း၊ အလားတူ ယင်းနေ့တွင်ပင် မောင်တောမြို့နယ် တောင်ပိုင်း သရေကုန်တန်း ကျေးရွာအုပ်စုမှ (၁) ဦးရော်ရှိဒူလ္လာ (ဘ) ဦးနော်ဇိရ်အာမတ် (အသက် ၃၀ နှစ်)၊ (၂) မော်လ၀ီအဒူရှကူရ် (ဘ) ဦးဖော်ဇိလ်အာမတ် (အသက် ၄၂ နှစ်)၊ (၃) ဦးမာမတ်ဟူဆောင်း (ဘ) ဦးဖော်ဇိလ်အာမတ် (အသက် ၃၀ နှစ်)၊ (၄) ဦးဆော်လီမူလ္လာ (ဘ) ဦးမိုဟာမတ်အီဆက် (အသက် ၅၀ နှစ်) တို့အပါအ၀င် (၈) ဦးတို့ကို တစ်ရွာတည်းနေ အချင်းချင်း စကားများခဲ့ဖူးသူ ဦးဘူးစ်လ်လာ (ဘ) ဦးဖော်ဇော်လ်ကရီးမ်က ရန်ငြိုးဖြင့် မဟုတ်မမှန် သတင်းပေးမှုကြောင့် စုံစမ်းစစ်ဆေးခြင်း မရှိဘဲ နယ်ခြားစောင့်ရဲများက ဖမ်းဆီး၍ နယ်မြေ (၇) သို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (၃) ခု တိုက်ခိုက်ခံရပြီးနောက် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် အပြစ်မဲ့ ဒေသခံများကို သတ်ဖြတ်ခဲ့ရာ နိုင်ငံတကာက ၀ိုင်းဝန်း ရှုတ်ချသောကြောင့် နယ်မြေရှင်းလင်းရေး ပြီးဆုံးသွားပြီးဟု ကြေညာပြီးနောက် တစ်ခဏတာငြိမ်သက်သွားခဲ့သော်လည်း ယခုတစ်ဖန် နယ်ခြားစောင့်ရဲတပ်ဖွဲ့က အပြစ်မဲ့ ရွာသားများကို ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်ခြင်းများ ဆက်လက် ပြုလုပ်လျက်ရှိသည်။ 



Comment ရေးရန်

Rohingya Exodus