နောက်ဆုံးသတင်း/ဆောင်းပါးများ

မြင်းလွတ်မှ ရွာသားနှစ်ဦး အချင်းချင်းစကားများသည်ကို အကြောင်းပြု၍ နယ်ခြားစောင့်ရဲက ငွေညှစ်

Rohingya Eye
RB News
2.6.2017

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ်မြို့နယ်ခွဲ ဟော်ရော်သိလ္လာရွာမှ ရွာသားနှစ်ဦး စကားများခဲ့သည်ကို အကြောင်းပြု၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်က ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မေလ (၃၀) ရက်နေ့ နံနက် ၁၀ နာရီတွင် မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ်မြို့နယ်ခွဲ ဟော်ရော်သိလ္လာရွာမှ ဟာဘဲစ်အာမတ် (ဘ) ဦးဟူဆောင်းအာမတ် (အသက် ၂၀ နှစ်) သည် အာချေခ် (ဘ) ဦးဒီလူး (အသက် ၁၈ နှစ်) နှင့် စကားများခဲ့ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဟာမိဒူလ္လာက ယင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ အကြောင်းကြားခဲ့ရာ ကင်းစခန်း တာဝန်ခံ ဒုရဲအုပ် ရောက်ရှိလာပြီး ဟာဘဲစ်အာမတ်ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

“ဆိုင်ကလုန်း မုန်တိုင်း ဖြစ်ပြီးတော့ အိမ်တွေ ပျက်စီးနေတဲ့အချိန်မှာ၊ လူတွေ စိတ်ဓါတ်ကျနေတဲ့ အချိန်မှာ အခုလို မတရားသဖြင့် ငွေညှစ်နေတာက အတော်ကို နာကျည်းစရာ ဖြစ်နေတယ်။ လူတွေက စားဝတ်နေရေး အတွက် ရုန်းကန်နေရတယ်။ အာဏာပိုင်တွေကတော့ သနားညှာတာမှု ကင်းမဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 




Comment ရေးရန်

Rohingya Exodus