ဘူးသီးတောင် ဖရုံချောင်း ပြိုင်းတောင်မှ ရာအိမ်မှူးဟောင်း တစ်ဦးက နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ လုပ်ကြံသတင်းပေးပို့၍ ရွာသားများကို ဒုက္ခပေးလျက်ရှိ
MYARF
RB News
19.7.2017
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖရုံချောင်းကျေးရွာအုပ်စု ပြိုင်းတောင်ရွာမှ ရာအိမ်မှူးဟောင်း မာမတ်အီဆုပ် (ဘ) ဦးဆော်ဒူလာမီးန် (အသက် ၄၅ နှစ်) သည် ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ မဟုတ်မမှန် သတင်းများ ပေးပို့၍ ရွာမျက်နှာဖုံး လူကြီးများနှင့် ပညာတတ် လူငယ်များကို ဒုက္ခပေးရန် ကြိုးစားလျက်ရှိကြောင်း သတင်းရရှိပါသည်။
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖရုံချောင်းကျေးရွာအုပ်စု ပြိုင်းတောင်ရွာမှ ရာအိမ်မှူးဟောင်း မာမတ်အီဆုပ် (ဘ) ဦးဆော်ဒူလာမီးန် (အသက် ၄၅ နှစ်) သည် ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ မဟုတ်မမှန် သတင်းများ ပေးပို့၍ ရွာမျက်နှာဖုံး လူကြီးများနှင့် ပညာတတ် လူငယ်များကို ဒုက္ခပေးရန် ကြိုးစားလျက်ရှိကြောင်း သတင်းရရှိပါသည်။
ဇူလိုင်လ (၅) ရက်နေ့ နံနက် ၂ နာရီခန့်အချိန်တွင် ဖိုးခေါင်ချောင်းကျေးရွာမှ လူစိမ်း ၄ ဦး ပြိုင်းတောင်ရွာသို့ ရောက်ရှိလာသည်ဟု ရာအိမ်မှူး မာမတ်အီဆုပ်က နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ မဟုတ်မမှန် သတင်းပေးပို့ခဲ့သဖြင့် ညောင်ချောင်း စခန်းမှ နယ်ခြားစောင့်ရဲ (၂၀) ဦးကျော် ရောက်ရှိလာပြီး ပြိုင်းတောင်ရွာ၏ အနောက်ဖက်တွင် ရှိသည့်တောင်များကို ၀င်ရောက်ရှင်းလင်းခဲ့သည်။ ထိုတောင်များထဲတွင် မည်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့သည့်အဆုံး လယ်ကွင်းနှင့် နေအိမ်များတွင် တွေ့ရှိသော ပြိုင်းတောင်ရွာသား (၄) ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
မာမတ်အီဆုပ်သည် လွန်ခဲ့သည့် ၁၀ နှစ်ကျော်မှစ၍ ရာအိမ်မှူး တာဝန်ထမ်းဆောင်လာသူဖြစ်ပြီး လူမိုက်ဆန်ဆန်ဖြင့် ရွာသားများကို အနိုင်ကျင့် နှိပ်စက်မှုများ ပြုလုပ်သည့်အပြင် ကျေးရွာအတွင်းရှိ လူကြီးများကိုပင် ဆဲဆိုခြင်း ရိုက်နှက်ခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။
၎င်း၏ ရိုင်းပျမှု၊ ညှဉ်းပန်းနှိပ်စက်မှုများကို ရွာသားများက မခံမရပ်နိုင်၍ ကျေးရွာအုပ်ချုပ်ရေးမှူးထံ တိုင်တန်းခဲ့သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးက ၎င်းကို လွန်ခဲ့သည့် မေလတွင် တာဝန်မှ ရပ်စဲခဲ့သည်။ ယခုအခါ ၎င်းသည် အုပ်ချုပ်ရေးမှူးကို ငွေကျပ် ၅ သိန်း ပေး၍ ရာအိမ်မှူး တာဝန်ရယူရန် ကြိုးစားလျက် ရှိကြောင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း ရွာသူရွာသားများ၏ ဆန္ဒကို မငှဲ့ကွက်ပဲ ငွေကျပ် ၅ သိန်းကိုသာ မက်မောလျက်ရှိကြောင်း၊ ၎င်းက ရာအိမ်မှူး ရာထူးပြန်ရလျှင် ကြည့်မရသူများ အားလုံးကို ထောင်ထဲသို့ ပို့မည်ဟု ကြုံးဝါး၍ ခြိမ်းခြောက်လျက် ရှိကြောင်း၊ အကယ်၍ ရာအိမ်မှူး ရာထူး ပြန်မရပါက ပြိုင်းတောင်ရွာကို မီးရှို့မည်ဟုလည်း ခြိမ်းခြောက်မှုများ ရှိနေကြောင်း၊ ရာအိမ်မှူး ရာထူးရရန် လိုအပ်သမျှ ငွေကြေးကို ၎င်း၏ ဆွေမျိုးတစ်ဦး ဖြစ်သူ မာမတ်ဝါရဲစ် (ဘ) ဦးကုရ်ဘာန်အလီ ဆိုသူက ပြည်ပမှ ထောက်ပံ့ပေးနေကြောင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရာအိမ်မှူး ရာထူး ပြန်မပေးရန် တောင်းဆိုသူများကို အကြမ်းဖက်သမားဟု မတရားသဖြင့် လုပ်ကြံစွပ်စွဲမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောပါသည်။