April 01, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဘူးသီးတောင်ဈေးတွင် ဈေးဝယ်၍ ပြန်သည့် ရိုဟင်ဂျာများ၏ ပစ္စည်းများ အားလုံးကို ဈေးတာဝန်ခံများက အတင်းအဓမ္မ သိမ်းဆည်းလျက်ရှိ

RB News
28.8.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြို့မစည်ပင်ဈေးတွင် ဈေးဝယ်၍ ပြန်သည့် ရိုဟင်ဂျာများ၏ ပစ္စည်းများအားလုံးကို ဈေးတာဝန်ခံများက မတရားသဖြင့် သိမ်းဆည်းလျက် ရှိကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ် မြို့မစည်ပင်သာယာဈေးတွင် ဈေးဝယ်၍ ပြန်သည့် ရိုဟင်ဂျာများ၏ ပစ္စည်းများအားလုံး၊ မည်သည့် ပစ္စည်းကိုမဆို ဈေးအပြင်သို့ သယ်ဆောင်ခွင့် မပေးဘဲ ၀ယ်ယူထားသည့် ပစ္စည်းများအားလုံးကို ဈေးတာဝန်ခံများ ဖြစ်ကြသည့် ဦးမောင်အေးချမ်း (ဒု-ဦးစီးမှူး၊ စည်ပင်) နှင့် ဦးမောင်လှသိန်း (ခ) ကာချေ (ဈေးတာဝန်ခံ) တို့က ဂိတ်အပေါက်ဝများတွင် အစောင့်များ ထား၍ သြဂုတ်လ (၂၅) ရက်နေ့မှ စ၍ အတင်းအဓမ္မ သိမ်းဆည်းလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ရခိုင်လူမျိုးများနှင့် စစ်တပ်မှ လာရောက် ၀ယ်ယူ၍ ပြန်သည့်အခါ နှောက်ယှက်ခြင်း လုံးဝမရှိဘဲ ရိုဟင်ဂျာလူမျိုး တစ်မျိုးတည်းကိုသာ ပစ်မှတ်ထား၍ သိမ်းဆည်းနေခြင်း ဖြစ်သည်ဟု ဒေသခံများက ဖြည့်စွက် ပြောပါသည်။ 

ထိုကဲ့သို့ သိမ်းဆည်းနေခြင်းကြောင့် ဘူးသီးတောင်မြို့ရှိ ရပ်ကွက်ဈေးဆိုင်ငယ်များနှင့် မြို့အနီးအနားရှိ ဈေးဆိုင်ငယ်များတွင် ကုန်ပစ္စည်းများ ပြတ်လတ်လျက် ရှိသည်။ ဘူးသီးတောင်မြို့နယ်တွင် မြို့မစည်ပင်သာယာဈေး တစ်ခုတည်းသာ အဓိက အားထားရသည့် ဖြစ်ပြီး၊ ရိုဟင်ဂျာများမှာ စားသောက်ကုန်ပစ္စည်းများ ၀ယ်ယူရန် အခက်အခဲ ကြုံတွေ့လျက် ရှိသည်။ 

ဈေးတာဝန်ခံများ ဖြစ်ကြသည့် ဦးမောင်အေးချမ်း (ဒု-ဦးစီးမှူး၊ စည်ပင်) နှင့် ဦးမောင်လှသိန်း (ခ) ကာချေ (ဈေးတာဝန်ခံ) တို့သည် မြို့မစည်ပင်ဈေးအတွင်း အရောင်းအ၀ယ် လုပ်နေကြသည့် ဈေးဆိုင်ပိုင်ရှင်များကိုလည်း အမြဲလိုလို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတတ်သူများ ဖြစ်သည်ဟု သိရှိရသည်။ 




Comment ရေးရန်

Pages 22123456 »
Rohingya Exodus