နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာ ဆိုက်ကားသမားတစ်ဦးကို ရခိုင်အစွန်းရောက်များက ၀ိုင်းဝန်းရိုက်နှက်၍ ဆိုက်ကားလုယက်




MYARF
RB News
19.11.2017

မောင်တော ။ ။ မောင်တောမြို့နယ် မြို့မကညင်တန်း ကျေးရွာအုပ်စု မောင်နီရွာမှ ရိုဟင်ဂျာဆိုက်ကားသမား တစ်ဦးကို ရခိုင်အစွန်းရောက်များက ၀ိုင်းဝန်း ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြို့မကညင်တန်းကျေးရွာအုပ်စု မောင်နီရွာမှ ဦးကာမာလ်ဟူစိန်း ကို ယနေ့ နိုဝင်ဘာလ (၁၉) ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် မြို့မအရှေ့ရပ်ကွက် (အမှတ် ၄ ရပ်ကွက်) ရွာသစ် (ရခိုင်ရွာ) အတွင်းတွင် ရခိုင်အစွန်းရောက်များက ၀ိုင်းဝန်းရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ 

မောင်နီရွာမှ ဆိုက်ကားသမား ဦးကာမာလ်ဟူစိန်း (ဘ) ဦးနူရ်ကော်ဘိရ် (အသက် ၄၀ နှစ်) သည် မောင်တော မြို့ဦးလမ်းမကြီးတစ်လျှောက် ဆိုက်ကားနင်း၍ လာစဉ် ပြည်သူ့ဆေးရုံရှေ့၌ ဟိန္ဒူအမျိုးသားတစ်ဦးက ဟိန္ဒူရွာ (အမှတ် ၄ ရပ်ကွက်) မှ ဘီရိုငယ်တစ်လုံး သယ်ဆောင်ရန်ဟုဆိုကာ ၎င်း၏ ဆိုက်ကားကို ငှားခဲ့သည်။ 

ဆိုက်ကားသမား ဖြစ်သူ ဦးကာမာလ်ဟူစိန်း ကလည်း သဘောရိုးဖြင့် ဆိုက်ကားငှားသည်ဟု ထင်၍ အဆိုပါ ဟိန္ဒူအမျိုးသားနှင့် အတူ လိုက်ပါသွားခဲ့ရာ ဟိန္ဒူရွာတွင်းသို့ ရောက်သည်နှင့် တုတ်၊ ဓါး၊ လေးခွ စသည့် လက်နက်မျိုးစုံဖြင့် အသင့်စောင့်နေသော ရခိုင်အစွန်းရောက်များနှင့် ထိပ်တိုက်တွေ့ရှိပြီး၊ ရခိုင်အစွန်းရောက်များက ၎င်းအား လူမဆန်စွာ ရိုက်နှက်မှုကြောင့် ဦးခေါင်းကွဲသွားသည့် အပြင် ၎င်း၏ ဆိုက်ကားကိုလည်း ရခိုင်အစွန်းရောက်များက လုယက်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။


Comment ရေးရန်

Rohingya Exodus