April 01, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မောင်တော မြောက်ပိုင်း သီဟိုဠ်ကျွန်းတွင် ရွာသားများကို အစည်းအဝေးခေါ်ပြီး အပြစ်မဲ့ ၃၈ ဦးကို ဖမ်းဆီး

MYARF
RB News
7.11.2017

မောင်​​တော ။ ။ ရခိုင်​ပြည်​နယ်​၊ ​မောင်​​တောမြို့နယ် ​မြောက်​ပိုင်း၊ သိဟိုဠ်​ကျွန်း​ကျေးရွာအုပ်​စု ဟာဘီရွာကို မြန်​မာလက်​ကိုင်​တပ်​ဖွဲ့ဝင်​များက စီးနင်းဝင်​​ရောက်​ပြီး အသက်​ ၈၂ နှစ်​အရွယ်​အဘိုးအိုအပါအဝင်​ အပြစ်​မဲ့ရွာသား ၃၈ ဦးကို ဖမ်းဆီး​သွား​ကြောင်း သတင်းရရှိပါသည်​။ 

နိုဝင်​ဘာလ (၇) ရက်​ နံနက်​ ၅ နာရီအချိန်​တွင်​ စစ်​တပ်​နှင့်​ နယ်​ခြား​စောင့်​ရဲတပ်ဖွဲ့က ဟာဘီရွာကို ဝန်းရံပိတ်​ဆို့ထားခဲ့ပြီး နံနက်​ ၆ နာရီ​ကျော်​ခန့်​အချိန်​တွင်​ ဌာန​ပေါင်းစုံပါဝင်​​သော အဖွဲ့က ရွာထဲကို စီးနင်းဝင်​​ရောက်​ကာ ရွာသားများကို တစ်​​ဦးမကျန်​ နေအိမ်​များမှ ထွက်​လာပြီး အစည်းအ​ဝေးလာတက်​ရန်​ ကြေညာခဲ့သည်​။

"အရင်​ဆုံး မနက်​အ​စောကြီးတည်းက ရွာပတ်​ပတ်​လည်​ကို စစ်​တပ်​နဲ့ နယ်​ခြား​စောင့်​ရဲ​တပ်ဖွဲ့က ဝန်းရံလိုက်​တယ်​။ အဲ့ဒါကျ​နော်​တို့ ပထမ မသိလိုက်​ဘူး။ မနက်​ ၆ နာရီကျမှ ကားတစ်​စီးရွာထဲ ဝင်​လာပြီး​တော့ အမျိုးသား​တွေအားလုံး တစ်​​ယောက်​မကျန်​ အိမ်​က ထွက်​လာပါ။ အစည်းအ​ဝေးလုပ်​မယ်​ ဆိုပြီး ​ပြောတယ်​။ မထွက်​လာရင်​ ​တွေ့တဲ့လူ​ကို သေနတ်​ပစ်​မယ်​လို့ ခြိမ်း​ခြောက်​တယ်​။ ကျ​နော်​တို့လည်း အဲ့​နေရာကို​ သွားလိုက်​တာ​ပေါ့" ဟု စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ဟာဘီရွာကို စီးနင်းဝင်ရောက်ခဲ့ပုံကို ဟာဘီရွာသား တစ်ဦးက ပြောပြသည်။

အဆိုပါအဖွဲ့က ​ကျေးရွာသားများကို အစည်းအ​ဝေးကျင်းပသည့် ပုံစံဖြင့် ပြောဆိုရာတွင် မိမိ​တို့ကျေးရွာတွင်​ ​အေး​အေး​ဆေး​ဆေး ​နေထိုင်​ကြရန်​၊ မကြာခင်​ကာလအတွင်း လမ်းပန်းဆက်​သွယ်​​ရေးကိုယခင်အတိုင်း ဖွင့်​​ပေးမည်​၊ ​ကျောင်းများ၊ ​ဈေးများကိုလည်း မကြာခင်​ဖွင့်​​ပေးမည်ဟု​ ပြောသည်​။ ထို့​နောက်​ အစည်းအ​ဝေး တက်​​ရောက်​လာသူများကို ငါး​ယောက်​တစ်​အုပ်​စုစီ ဓာတ်​ပုံများ ရိုက်​ယူခဲ့သည်​။ ဓါတ်ပုံများ ရိုက်ကူးပြီးနောက် အစည်းအ​ဝေးတက်​​ရောက်​လာသူများထဲမှ ၎င်းတို့စိတ်​ကြိုက်​ ​အမျိုးသား ၃၈ ဦးကို ရွေးချယ်၍​ ဖမ်းဆီးကာ ကားပေါ်တင်၍ ခေါ်ဆောင်သွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဖမ်းဆီးခံရသည့် ၃၈ ​ဦး​တွင် ဟာဘီရွာမှ ၃၃ ​ဦး၊ သီဟိုဠ်​ကျွန်းအလယ်​အုပ်​စုမှ ၄ ​ ဦး​နှင့်​ နွားရုံ​တောင်​ရွာသား တစ်ဦးတို့ပါဝင်သည်။ ထိုအထဲတွင်​ အသက်​ ၈၂ နှစ်​အရွယ်​ ဦးနူရ်​အာမတ်​ အပါအဝင်​ လုပ်​အား​ပေး ​ကျောင်းဆရာ နှစ်​​ဦး၊ ဦးဟာလာမျာ (အငြိမ်းစား မ.ယ.က စာ​ရေး)၊ ပညာတတ်​လူငယ်​အချို့နှင့်​ ​ဘာသာ​ရေးဆရာများလည်း ပါဝင်​​သည်​။

သီဟိုဠ်ကျွန်းကျေးရွာအုပ်စုမှ ရွာအများစုကို မြန်မာလက်နက်ကိုင်တပ်ဖွဲ့များက ဩဂုတ်​လ ၂၆ ရက်​​နေ့တွင် မီးရှို့ခဲ့ပြီး ယင်းကျေးရွာများမှ ဒေသခံအများစုသည်​ ဟာဘီကျေးရွာတွင် လာရောက်ခိုလှုံနေခြင်း ဖြစ်သည်​။ ခိုလှုံရန် နေရာမရသူအချို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံလျက်ရှိသည်။ 

နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​က ​စက်​တာဘာလ ၁၉ ရက်​​နေ့၌ ​​ပြောကြားခဲ့​သော မိန်းခွန်းတွင်​ မြန်​မာစစ်​တပ်​က နယ်​​မြေရှင်းလင်း​ရေးကို စက်​တင်​ဘာလ ၅ ရက်​​နေ့တွင်​ အဆုံးသတ်​ခဲ့ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။ လက်​​တွေ့တွင်မှု ဒေါ်​အောင်​ဆန်းစုကြည်​​ ပြောကြားခဲ့သကဲ့သို့ မဟုတ်​ဘဲ ယ​နေ့အထိ နယ်​​မြေရှင်းလင်း​ရေး ​ခေါင်းစဉ်​​အောက်​တွင်​ ရိုင်​ဟင်​ဂျာများ၏ အိုးအိမ်​များကို ​နေ့စဉ်​မပြတ်​ မီးရှို့လျက်​ရှိ​နေပြီး ဖမ်းဆီးခြင်း၊ အစာ​ရေစာပြတ်​လပ်​​အောင်​ လုပ်​​ဆောင်​​နေလျက်​ရှိ​သည်​။

ယ​နေ့ (နိုဝင်ဘာလ ၇ ရက်နေ့) နံနက် ၂ နာရီအချိန်တွင်လည်း ဘူးသီးတောင်မြို့နယ်၊ ဒါးပိုင်ဆရာကျေးရွာအုပ်စု၊ ရပ်ကွက် (၅) မှ ရိုဟင်ဂျာနေအိမ် ၅ လုံး​နှင့် ဆိုင်ခန်း ၂ ခန်းတို့ကို မြန်​မာလက်​နက်​ကိုင်​တပ်​ဖွဲ့များနှင့်​ ​ဒေသခံရခိုင်​များ ပူး​ပေါင်း၍ မီးရှို့ခဲ့သည်​။

ယ​နေ့လုပ်​ရပ်​များသည်​ ယမန်နေ့က ထုတ်​ပြန်​လိုက်​သည့်​ လုံခြုံ​ရေး​ကောင်​စီ၏ ​ကြေညာချက်​ကို က​လဲ့စား​ချေသည့်​အ​နေဖြင့်​ မြန်​မာအစိုးရက အာခံပြီး လုပ်​​နေသည်​ဟု ထင်​ရ​ကြောင်း "မောင်​​တောခရိုင်​၏ လူ့အခွင့်​အ​ရေး​စောင့်​ကြည့်​​လေ့လာ​ရေးအဖွဲ့" မှ တာဝန်​ခံဦးမျိုးမြင့်​ကဆိုသည်​။

ရိုဟင်​ဂျာလူမျိုးအ​ပေါ် ကျူးလွန်​​နေသည့်​ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှု​များကို ရပ်​တန့်​ကရပ်​တန့်​ရန်​နှင့်​ ပြစ်​မှုကျူးလွန်​ခဲ့သည့်​ တပ်​ဖွဲ့ဝင်​များကို စစ်​​ဆေး​ဖော်​ထုတ်​ကာ အ​ရေးယူရန်​ လုံခြုံ​ရေး​ကောင်​စီက မြန်​မာအစိုးရကို ယမန်နေ့ညက ​ကြေညာချက်​ထုတ်ပြန်​ပြီး ​တောင်းဆိုထားသည်​။

မြန်မာစစ်တပ်၏ သတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေကြသည့် ရိုဟင်ဂျာများ

Comment ရေးရန်

Pages 22123456 »
Rohingya Exodus