နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်​ဂျာ​များ လူမျိုးတုံး သုတ်​သင်​​ခံ​နေရမှုနှင့်​ ရင်​ဆိုင်​​နေရဟု ဥ​ရောပသမဂ္ဂ ဝန်​ခံ​ပြောကြား

MYARF
RB News
8.11.2017

လူသားချင်း စာနာ​ထောက်​ထားမှု ဆိုင်​ရာ ဥ​ရောပသမဂ္ဂ ကော်​မစ်ရှင်​နာ Christos Stylianides က ဘင်္ဂလား​ဒေရှ့်​နိုင်​ငံ၊ ရိုဟင်​ဂျာ ဒုက္ခသည်​စခန်းများကို နှစ်​ရက်​ကြာ အလည်​အပတ်​သွားခဲ့ပြီး​နောက်​ ရိုဟင်​ဂျာများ၏ လိုအပ်​မှု ပမာဏတွေက ၎င်းအား တုန်​လှုပ်​​စေခဲ့သည်​ဟု Al Waght သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရိုဟင်​ဂျာများ၏ ဖိနှိပ်​ခံရမှု အတိဒုက္ခ​များသည်​ လူမျိုးတုံးသုတ်​သင်​ခံ​နေရမှုနှင့်​ လုံးဝနီးပါးတူညီ​နေ​သည်​ဟု ဥ​ရောပသမဂ္ဂ အ​နေဖြင့်​ ​နောက်​ဆုံး၌ ဝန်​ခံလိုက်​ခြင်းလည်း ဖြစ်​ပါသည်​။

"လူတိုင်းလူတိုင်းမှာ အ​ခြေခံလူ့အခွင့်​အ​ရေး​တွေ ခံစားပိုင်​ခွင့်​ရှိမယ်​ဆိုတာကို ကျွန်တော်တို့ အ​နေနဲ့ မြန်​မာအစိုးရကို ဖြစ်​​အောင်​​ပြောပြရမယ်​၊ ရိုဟင်​ဂျာများ​ ​တွေ့ကြုံရင်​ဆိုင်​​နေရတာကို ​ဖော်​ပြဖို့ 'လူမျိုးတုန်းသုတ်​သင်​မှု' ဆိုတဲ့ စကားလုံးသာရှိတယ်​လို့ ​ပြောခဲ့​တဲ့ ကုလသမဂ္ဂအ​ထွေ​ထွေ အတွင်း​ရေးမှူးချုပ်​ရဲ့​ပြောစကားကို လည်း ကျွန်တော် သ​ဘောတူ​တယ်​" ဟု ၎င်းက ဆိုသည်​။
ဩဂုတ်​လ ၂၅ ရက်​​နေ့၌ ဖြစ်​ပွားခဲ့​သော အ​ရေးအခင်း​နောက်​ပိုင်းတွင်​ ရခိုင်​ပြည်​နယ်​​မြောက်​ပိုင်းမှ ရိုဟင်​ဂျာ​ပေါင်း ၆၀၇၀၀၀ ​​ကျော်​သည်​ မိမိ​၏နေရပ်​ရင်းကို စွန့်​ခွာခဲ့ရပြီး ဘင်္ဂလား​ဒေရှ့်​နိုင်​ငံသို့ သွား​ရောက်​ခိုလှုံ​နေရသည်​ဟု ကုလသမဂ္ဂက ထုတ်​ပြန်​​ပြောကြားထားသည်​။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ရိုဟင်ဂျာဒုက္ခသည်များသည် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်၍ မြန်မာလက်နက်ကိုင် တပ်ဖွဲ့များ၊ ဗုဒ္ဓဘာသာဝင် အစွန်းရောက်များက ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်များပါ မကျန် သုတ်သင် သတ်ဖြတ်ခြင်း၊ နေအိမ်များမှ လုယက်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်းတို့ကြောင့် ထွက်ပြေးလာခဲ့သူများ ဖြစ်သည်။ 

ဘင်္ဂလား​ဒေ့ရှ် နိုင်​ငံခြား​ရေးဝန်​ကြီး Abul Hasan Mahmood Ali ၏ အဆိုအရ ရိုဟင်​ဂျာ​ပေါင်း ၃၀၀၀ နီးပါးသည်​ မြန်​မာလက်​နက်​ကိုင်​​တပ်​ဖွဲ့ဝင်​များနှင့်​ ​ဗုဒ္ဓဘာသာဝင် အစွန်းရောက်များ၏ သတ်​ဖြတ်​ခြင်းကိုခံခဲ့ရပြီး၊ အခြားသော သတင်းရင်းမြစ်များက ရိုဟင်​ဂျာ​ပေါင်း​ ၆၀၀၀ ​ကျော်​ ​အသတ်​ခံခဲ့ရသည်ဟု ဆိုသည်။

ကုလသမဂ္ဂ လူ့အခွင့်​အ​ရေးဆိုင်ရာ​ မဟာမင်းကြီး Zeid Ra’ad al-Hussein ကလည်း ရိုဟင်​ဂျာ​များ ​တွေ့ကြုံရင်​ဆိုင်​​နေရ​သော အတိဒုက္ခ​များကို စနစ်​တကျ စီမံကိန်းဆွဲထားသည့် လူမျိုးတုံး သုတ်​သင်​မှု ဆို၍ အ​စောပိုင်းကာလတွင်​ လူသိရှင်​ကြား​ပြောကြားခဲ့သည်။ 




Comment ရေးရန်

Rohingya Exodus