နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် မိကျောင်းဈေးအုပ်စုမှ ဒေသခံ (၁၂) ဦး မေးမြန်းစရာ ရှိသည်ဟု ဆင့်ခေါ်၍ ထိန်းသိမ်းထား



RB News
19.12.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မိကျောင်းဈေးကျေးရွာအုပ်စုမှ ရွာသား ၁၂ ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်၍ ထိန်းသိမ်းထားကြောင်း သတင်းရရှိပါသည်။ 

ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများ မိကျောင်းဈေးကျေးရွာအုပ်စု သို့ လာရောက်၍ ဓါတ်ပုံရိုက်ကူးပြီးနောက် ဒေသခံ (၁၂) ဦးကို တောင်ဘဇာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ လာရောက်ရန် မှာကြားခဲ့သည်။ 

မိကျောင်းဈေးကျေးရွာအုပ်စု၊ ဖော်တေအလီရွာမှ ဆင့်ခေါ်ခံထားရသူ (၁၂) ဦးသည် ယနေ့ ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် တောင်ဘဇာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းရှိ နယ်မြေမှူး ရဲမှူး ထွန်းနိုင်နှင့် တွေ့ဆုံရန် သွားရောက်ပြီးနောက် ထိန်းသိမ်းထားခံရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

“ရွာသား ၁၂ ယောက်ကို မီးလောင်မှုနဲ့ ပတ်သက်ပြီး မေးမြန်းဖို့၊ ရဲမှူးက စစ်ဆေးဖို့အတွက် ခေါ်တာလို့ သိရတယ်။ ၈ ယောက်ကို စခန်းမှာ ထိန်းသိမ်းထားပြီး၊ ကျန်တဲ့ ၄ ယောက်ကိုတော့ စခန်းနားက ရိုဟင်ဂျာအိမ်တွေမှာ ထိန်းသိမ်းထားတယ်လို့ သိရတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

၎င်းတို့အား မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်မည်ကို မိသားစုများက စိုးရိမ်ပူပန်နေကြသည်ဟု ဆိုသည်။ 

ထိန်းသိမ်းခံထားရသူများမှာ --

(၁) မော်လ၀ီဖော်ယာစ်
(၂) မော်လ၀ီဂျာဟိတ်
(၃) မော်လ၀ီဟာမီဒုလ်ဟောက်
(၄) မော်လ၀ီတူဟား
(၅) ဦးအီဗရာဟိမ်း
(၆) မောင်အီဗရာဟိမ်း
(၇) ဦးအီဆက်
(၈) ဦးမူဟီဘူလ္လာ
(၉) ဦးရော်ဟိမ်း
(၁၀) ဦးမာမတ်အလီ အပါအ၀င် (၁၂) ဦး ဖြစ်ကြောင်း သိရှိရပါသည်။ 

Comment ရေးရန်

Rohingya Exodus