နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ငန်းချောင်းတွင် ဆင်ကြီးများ ၀င်ရောက်၍ နေအိမ်များ ဖျက်ဆီးခြင်းကြောင့် ဒေသခံများ စိုးရိမ်နေ

MYARF
RB News
11.8.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငန်းချောင်းကျေးရွာသို့ တောတောင်များမှ ဆင်ကြီး ၀င်ရောက်လာပြီး နေအိမ်များ ဖျက်ဆီးနေခြင်းကြောင့် ဒေသခံများ စိုးရိမ်နေကြသည်။ 

သြဂုတ်လ (၆) ရက်နေ့ ညပိုင်းတွင် ငန်းချောင်းကျေးရွာသို့ တောတောင်များမှ ဆင်ကြီးများ ၀င်ရောက်လာပြီး လူနေအိမ် (၁၀) လုံးကျော် ဖျက်ဆီးခဲ့သည်။

အလားတူ သြဂုတ်လ (၄) ရက်နေ့ ညပိုင်းတွင် လူနေအိမ် (၂၀) ကျော် ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဖျက်ဆီးခံရသည့် နေအိမ်များမှာ ၂၀၁၇ သြဂုတ်လ နောက်ပိုင်းတွင် တဖက်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသည့် မိသားစုများ၏ နေအိမ်များ ဖြစ်သောကြောင့် အသက်ဆုံးရှုံးမှု မရှိသော်လည်း ၀င်ရောက် ဖျက်ဆီးသည့် ဆင်အရေအတွက် များပြားလာသောကြောင့် လူနေသည့် အိမ်များကို အိပ်ပျော်နေစဉ် လာရောက် ဖျက်ဆီးလျှင် အသက်အန္တရာယ် ရှိနိုင်သောကြောင့် ဒေသခံများ အလွန် စိုးရိမ်နေကြသည်။



Comment ရေးရန်

Rohingya Exodus