နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်တော်မှ အပြစ်မဲ့ ဒေသခံတစ်ဦးကို ဖမ်းဆီးပြီးနောက် အပြစ်မဲ့ဟု သိရှိသွားသော်လည်း ပြန်လွှတ်ပေးရန် ကြန့်ကြာနေ

MYARF
RB News
11.8.2018

ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ အပြစ်မဲ့ ဒေသခံရိုဟင်ဂျာတစ်ဦးကို ရခိုင်ဇနီးမောင်နှံ၏ စက်လှေကို ၀င်တိုက်သည်ဟု ဆိုကာ ဖမ်းဆီးထားပြီး အပြစ်မရှိသူဟု သိရှိသွားသော်လည်း ပြန်လည် လွတ်ပေးရန်အတွက် အချိန်ကြန့်ကြာလျက်ရှိသည်။

သြဂုတ်လ (၄) ရက်နေ့ ည ၉ နာရီခန့်အချိန်၌ မိုးသည်းထန်စွာ ရွာနေချိန်တွင် ရခိုင် ဇနီးမောင်နှံ နှစ်ဦးသည် မျှစ်ရောင်းပြီးနောက် လောင်းလှေတစ်စီးဖြင့် အုမ္မော်ဒီ ရိုဟင်ဂျာရွာ အနီး ကုလားတန်မြစ်ဖျား ပီချောင်း တစ်လျှောက်မှ ၎င်းတို့၏ နေအိမ်သို့ ပြန်နေစဉ် စက်လှေကြီးတစ်စီးက ၀င်တိုက်သည်ကို ခံခဲ့ရသည်။ စက်လှေကြီး တိုက်ခံရခြင်းကြောင့် အမျိုးသမီး ရေထဲပြုတ်ကျသွားပြီး ပျောက်ဆုံးသွားခဲ့သည်။ အမျိုးသား အသက်ရှင်နိုင်ခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အာဏာပိုင်များက သြဂုတ်လ (၅) ရက်နေ့တွင် ရိုဟင်ဂျာရွာထဲသို့ ၀င်ရောက်၍ ရွာသားများကို စစ်ဆေးပြီးနောက် အပြစ်မဲ့ ဒေသခံရိုဟင်ဂျာ နှစ်ဦးကို ဖမ်းဆီး၍ ညနေ ၅ နာရီအချိန်တွင် ကျောက်တော် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးသွားသူနှစ်ဦးမှ မော်လ၀ီ ဖောယာဇ် (အသက် ၃၀ နှစ်) ကို ရာဇသတ်ကြီး ပုဒ်မဖြင့် ချုပ်နှောင်ထားပြီး၊ ကျန်သည့်တစ်ဦးကို ယင်းနေ့တွင်ပင် ပြန်လည် လွှတ်ပေးခဲ့သည်။

ရဲစခန်းက ရခိုင် ဇနီးမောင်နှံ နှစ်ဦး၏ လောင်းလှေကို ၀င်တိုက်ခဲ့သည့် စက်လှေကြီးနှင့် ပတ်သက်၍ တိကျမှန်ကန်သည့် အချက်အလက်များကို ဖော်ထုတ်နိုင်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းထားသည့် မော်လ၀ီ ဖောယာဇ် အပြစ်မဲ့ တစ်ဦး ဖြစ်သည်ကို သိရှိသွားပြီးနောက် ပြန်လည် လွှတ်ပေးမည်ဟု ပြောကြားနေသော်လည်း မြို့နယ် ရဲတပ်ဖွဲ့မှူးသည် ခရိုင် အစည်းအဝေးတက်ရောက်ရန် ခရီးလွန်နေသောကြောင့် ကြန့်ကြာလျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။



Comment ရေးရန်

Rohingya Exodus