April 16, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဘူးသီးတောင် ကျောက်ဖြူတောင်ကျေးရွာတွင် လည်လှီးသတ်ဖြတ်ခံရသည့် ရိုဟင်ဂျာရုပ်အလောင်း တစ်လောင်း တွေ့ရှိ

MYARF
RB News
24.9.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကျောက်ဖြူတောင် ကျေးရွာတွင် လည်လှီးသတ်ဖြတ်ခံရသည့် ဆယ်ကျော်သက်အရွယ် ရိုဟင်ဂျာ တစ်ဦး၏ ရုပ်အလောင်းကို ချောင်းငယ် တစ်ခုအနီးတွင် တွေ့ရှိသည်။

ဘူးသီးတောင်မြို့ပေါ်ရှိ အမှတ် (၄) နှင့် (၅) ရပ်ကွက်များမှ ရခိုင်လူမျိုးအချို့သည် ဖား၊ ဂဏန်းရှာဖွေရန်ဟုဆိုကာ ရိုဟင်ဂျာ ရွာများထဲသို့ ညအချိန်မတော် ၀င်ရော်က၍ ရိုဟင်ဂျာရွာသားများအိပ်နေချိန်တွင် ရိုဟင်ဂျာပိုင်ပစ္စည်းများ ခိုးယူသွားခြင်းများ မကြာခဏပြုလုပ်လေ့ရှိပြီး ယမန်နေ့ စက်တင်ဘာလ (၂၃) ရက်နေ့ ည ၉း၁၅ ခန့်အချိန်တွင် ဂဏန်း၊ ဖား ရှာဖွေသူ ၂ - ဦးသည် ၎င်းတို့အမြဲဝယ်လေ့ရှိသည့် ကျောက်ဖြူတောင်ကျေးရွာထဲရှိ မိုဟမ္မဒ်ဟုဆိန်း (ဘ) ဦးအဗ်ဒုရ်ရဟ်မာန်း (ခ) နာဂူး (အသက် ၁၈-နှစ်) ၏ ကွမ်းယာ၊ မုန့်ခြောက်၊ ဇီးထုပ် စသည့် ပစ္စည်းများ ရောင်းချသည့် ဆိုင်ငယ်သို့ ရောက်ရှိလာပြီး ဆေးလိပ် ကွမ်းယာများဝယ်ယူကာ ပြန်နေစဉ် ၎င်းတို့ မောင်းနှင်လာသည့် ဆိုင်ကယ် ပျက်သွား၍ ပြုပြင်ရန်လိုက်ပါ ကူညီပေးရန် ဆိုင်ရှင်ကို တောင်းဆိုသဖြင့် ဆိုင်ရှင် မိုဟမ္မဒ်ဟုဆိန်းက ဆိုင်ကို ၎င်း၏ ဖခင်နှင့် ညီငယ်တို့အား အပ်၍ ရခိုင်လူမျိုး ၂ - ဦးနှင့် အတူလိုက်ပါသွားခဲ့သည်။ မိသားစုကလည်း သူ့အချိန်နဲ့သူ ပြန်လာမည်ဟု ယူဆကာ အိပ်ရာဝင်သွားခဲ့ကြသည်။ ယနေ့ စက်တင်ဘာလ (၂၄) ရက်နေ့ နံနက် ၅း၀၀ အချိန်တွင် အဆိုပါ ဖားရှာသူ ရခိုင်လူမျိုး ၂ -ဦးက လမ်းတပိုင်းရှိ ချောင်းငယ်အနီးတွင် ရုပ်အလောင်း တစ်လောင်းတွေ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံသွားပြီး သတင်းပို့သဖြင့် အုပ်ချုပ်ရေးမှူးက ရွားသားအချို့နှင့်အတူ ချက်ချင်းသွားရောက်ကြည့်ရှုပြီးနောက် မိုဟမ္မဒ်ဟုဆိန်း ၏ အလောင်းဖြစ်ကြောင်း အတည်ပြုနိုင်၍ မိသားစုသို့ သတင်းပို့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ထို့နောက် အုပ်ချုပ်ရေးမှူးက နီးစပ်ရာ စစ်တပ်ရင်း ခမရ (၃၇၈) သို့ သတင်းပို့ပြီး တပ်ရင်းမှ အရာရှိ အချို့လာရောက်ကြည့်ရှုကာ သက်ဆိုင်ရာ တောင်ဘာဇာ နယ်ခြားစောင့်ခန်းသို့ သတင်းပို့ခဲ့သောကြောင့် နံနက် ၁၁း၀၀ နာရီအချိန်ခန့်တွင် နယ်ခြားစောင့်ရဲများ လာရောက်၍ အလောင်းကို ဆေးရုံသို့ ပို့ခဲ့သည်။ ဆေးရုံတွင် လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ပြီး အလောင်းကို မိသားစုထံ ပြန်လည်အပ်နှံခဲ့ရာ မိသားစုဝင်များက ညနေ ၄း၃၀ နာရီခန့်တွင် မြေမြှပ် သဂြိုလ်ခဲ့သည်။

ဆိုင်ကယ်ပြုပြင်ရန် ခေါ်ဆောင်သွားပြီးနောက် အလောင်းတွေ့ရှိကြောင်း သတင်းပေးပို့သည့် ရခိုင်လူမျိုး နှစ်ဦးကို လက်ဝဲဒက်ပြင်ရှည် အခြေစိုက် အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ရခိုင်လူမျိုးများသည် ဆူး၊ ဓားရှည်၊ လှံ စသည့် လူများကို အသက်အန္တရာယ်ပြုနိုင်သည့် ပစ္စည်းများဖြင့် ညမထွက်ရအမိန့်ကျော်လွန်ပြီး ရိုဟင်ဂျာရွာများထဲသို့ စိတ်တိုင်းကျ သွားလာနေသည်ကို တာဝန်ရှိသူများကသိရှိသော်လည်း မည်သို့မျှ အရေးယူခြင်း မရှိကြောင်း ဘူးသီးတောင် မြို့ခံတစ်ဦးက ပြောပါသည်။




Comment ရေးရန်

Pages 22123456 »
Rohingya Exodus