April 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဘူးသီးတောင် ဘုရားပြင်အောင်ပ နယ်မြေစခန်းက ဗလီဂေါပကများထံမှ ငွေညှစ်

MYARF
RB News
4.9.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းမှ အစ္စလာမ်ဘာသာရေး မူလတန်းကျောင်းကို ပြုပြင်မွမ်းမံနေသည်ဟု ဆိုကာ ဗလီဂေါပကအဖွဲ့မှ ငွေညှစ်ခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပ (ယခင် ညောင်ချောင်း) အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းမှ ပေါက်တောကျေးရွာအုပ်စု၊ ရွှေထားရွာမြောက်ရှိ ဗလီဝတ်ကျောင်းတော်၏ ဂေါပကအဖွဲ့ဝင် (၄) ဦးကို သြဂုတ်လ (၂၉) ရက်နေ့တွင် စခန်းသို့ ဆင့်ခေါ်၍ ဗလီခြံဝင်းအတွင်းရှိ အစ္စလာမ်ဘာသာရေး မူလတန်းကျောင်း အဆောက်အဦကို ပြုပြင်မွမ်းမံခဲ့သည်ဟု ဆိုကာ ပုဒ်မအမျိုးမျိုးတပ်၍ ထောင်ချမည်ဟု ခြိမ်းခြောက်ပြီး ငွေကျပ် (၁၀) သိန်း တောင်းခံခဲ့သည်။ ဂေါပက အဖွဲ့ဝင်များက မတရားသဖြင့် ထောင်ချခံရမည်ကို စိုးရိမ်၍ နောက်ဆုံးတွင် ငွေကျပ် (၇) သိန်း ပေးခဲ့ရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

အဆိုပါ အစ္စလာမ်ဘာသာရေး မူလတန်းကျောင်းသည် ယခင်က သွပ်ပြားဖြင့် အမိုးမိုးထားခဲ့ပြီး နှစ်ပေါင်းများစွာ ပြုပြင်မွမ်းမံခွင့် မရရှိသည့်အတွက် ခေါင်မိုးများ ဟောင်းနွမ်းပျက်စီးသွား၍ ၂၀၁၇ ခုနှစ်တွင် မိုးယိုခြင်းကြောင့် ကလေးများ စာသင်ရန် လုံးဝခက်ခဲ့သွားခဲ့ရာ အာဏာပိုင်များက တားမြစ်ထားသည့် အတွက် ခေါင်မိုးတစ်ခုလုံး မပြုပြင်ဘဲ ယခုနှစ် ဧပြီလတွင် သွပ်ပြားများသာ အသစ်လဲလှယ်ခဲ့ရသည်။ 

ငွေညှစ်ခံရသည့် ဂေါပက အဖွဲ့ဝင် (၄) ဦးမှာ --

(၁) ဦးအဒူဂျဘ္ဘာရ် (ဘ) ဦးအဒူမဂျိတ် (အသက် ၅၅ နှစ်)
(၂) ဦးအီလီယာစ် (ဘ) ဦးဆာဖ်မျာ (အသက် ၃၅ နှစ်)
(၃) ဦးနီရာမောတ် (အသက် ၅၀ နှစ်)
(၄) ဟာဖဲစ်ရော်ဖိတ် (အသက် ၂၅ နှစ်) -- တို့ဖြစ်ကြသည်။ 

ဂေါပယက အဖွဲ့ဝင်များသည် အလွန်ဆင်းရဲသောကြောင့် နေအိမ်တိုင်းသို့ သွားရောက်၍ ငွေကြေးကောက်ခံ စုဆောင်း၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းသို့ ပေးခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။ 

နိုင်ငံတော်အစိုးရက ဘာသာရေး လွတ်လပ်ခွင့်ရှိသည်ဟု ပြောကြားနေသော်လည်း ဗလီဝတ်ကျောင်းတော်များ ပြုပြင်ခွင့်မရခြင်း၊ ဘာသာရေးကျောင်းများ ပြုပြင်ခွင့်မရခြင်း၊ ဒေသဆိုင်ရာ အာဏာပိုင်များက အမြဲတစေ နှောက်ယှက်ခြင်း၊ ငွေညှစ်ခြင်း၊ ဘာသာရေးဆရာများကို ပစ်မှတ်ထား ရိုက်နှက် ဖမ်းဆီးခြင်းများ မကြာခဏ ကြုံတွေ့နေရသည်။



Comment ရေးရန်

Pages 22123456 »
Rohingya Exodus