February 28, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဘူးသီးတောင် မိကျောင်းဈေးကျေးရွာ အုပ်ချုပ်ရေးမှူးက နယ်ခြားစောင့်ရဲနှင့် ပူးပေါင်း၍ ရွာသားတစ်ဦးထံမှ မတရားသဖြင့် ငွေညှစ်

ကျော်စိုး
Rohingya Today
24.11.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မိကျောင်းဈေးကျေးရွာအုပ်ချုပ်ရေးမှူးက နယ်ခြားစောင့်ရဲနှင့် ပူးပေါင်း၍ ရွာသားတစ်ဦးထံမှ ငွေညှစ်ခဲ့သည်။

ဘူးသီး​တောင်​မြို့နယ်​ အင်းေ​ချာင်း​ကျေးရွာအုပ်​စု ၊​ ဈေးတဲ့တောင်​​ကျေးရွာ​မှ ​မအာ​ရီဖာ (ဘ) ဦးနူရ်အာ​လောမ်​ (အသက် ၂၀-နှစ်) သည် ၎င်း၏ ယောက္ခမနှင့် ခင်ပွန်းတို့ထံမှ မဟာရွှေအစား ​ရရှိခဲ့သည့် နွား ၄ ကောင် (နွားထီး ၁ ကောင်နှင့် နွားမ ၃ ကောင်) ကို ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းတွင် ၎င်း၏ ဖခင်​ဖြစ်​သူ မိကျောင်းဈေးကျေးရွာအုပ်စု၊ မိကျောင်းဈေးကျေးရွာမှ ဦးနူရ်အာလောမ် (ဘ) ဦးဟကီးမ်အာလီ (အသက် ၅၀ နှစ်) ကို အပ်နှံ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

နွား ၄ ကောင်ကို ထိန်းသိမ်းစောင့်ရှောက်ထားသူ ဦးနူရ်အာလောမ် ကို မိကျောင်းဈေးကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟဖီးဇုရ်ရာဟ်မာန် (အသက် ၆၅ နှစ်) က ထွက်ပြေးသူများ၏ ပစ္စည်းများကို အစိုးရကပိုင်သည်ဟု ဆိုကာ အကြိမ်ကြိမ်ခြိမ်းခြောက်၍ ငွေညှစ်ရန် ကြိုးစားသော်လည်း မပေးသဖြင့် နိုဝင်ဘာလ (၁၉) ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဖောင်တော်ပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲအုပ်နှင့် ရဲအင်အားများဖြင့် နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ရွာသားတစ်ဦးက Rohingya Today သို့ပြောပါသည်။

"အခုကိစ္စက တော်တော့်ကို စိတ်မကောင်းဖြစ်စရာပါ၊ အဲဒီနွားတွေကို အာရီဖာက တဖက်နိုင်ငံကို ထွက်ပြေးမသွားခင် သူ့ဖခင်အရင်းကို ပေးလိုက်တယ်ဆိုတာ တစ်ရွာလုံးက သိတဲ့အပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ကိုယ်တိုင်ကကလည်း သိရက်သားနဲ့ အခုလို လုပ်လိုက်တာက ရွာသားတွေကို ဂရုမစိုက်ဘဲ အုပ်ချုပ်ရေးမှူးအာဏာကို အလွှဲသုံးစားပြီး လုပ်ချင်သလို လုပ်နေတယ်လို့သာ ပြောပါရစေ'' ဟု အဆိုပါ ရွာသားက ဆက်လက်ပြောသည်။



Comment ရေးရန်

Pages 22123456 »
Rohingya Exodus