နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာများ သိထိုက်သော သမိုင်း ဖြစ်ရပ်မှန်များ (အပိုင်း ၃)

မဟာမင်းခန့်
RB News

ခရစ်သက္ကရာဇ် (၁၄၂၈) ခုနှစ်တွင် ဘင်္ဂလားဘုရင် `နဇီရ်ရှား´၏ စစ်ဦးစီးချုပ် `၀လီခါန်´ သည် ပထန် စစ်သည်အင်အား နှစ်သောင်းခန့်ဖြင့် အာ(ရ်)ကန် (ရခိုင်)ဒေသကို ချင်းနင်းဝင်ရောက် သိမ်းပိုက်ခဲ့သည်။ ထိုစဉ်က ဘင်္ဂလားသည် Gour ဂေါ်(ရ်)ဘုရင် `ဆုလ်တန်´၏လက်အောက်တွင်ရှိခဲ့သည်။ စစ်ဦးချုပ် `၀လီခါန်´သည် ဘင်္ဂလားတွင် နှစ် (၂၀)မျှ ၀င်ရောက်ခိုလှုံခဲ့သော အာ(ရ်)ကန် ဘုရင် `နရမိတ်လှ´အား နန်းတင်မြောက်ခဲ့သည်။ သို့ရာတွင် `၀လီခါန်´သည် `နရမိတ်လှ´အား မကျေမနပ်ဖြစ်သော အာ(ရ်)ကန် (ရခိုင်)အကြီးအကဲ `အနန္ဒာသိန်း´နှင့် ပူးပေါင်း၍ `နရမိတ်လှ´ကို အကျဉ်းချခဲ့ပြီး၊ အာ(ရ်)ကန်ဒေသအား (၂)နှစ်မျှ အစ္စလာမ့်နိုင်ငံအဖြစ် အုပ်ချုပ်ခဲ့သည်။ နရမိတ်လှသည် ပထန်စစ်သည်အချို့အား မောင်းတော၊ ဘူးသီးတောင်၊ စစ်တွေ၊ ရမ်းဗြဲနှင့် သံတွဲမြို့များသို့ စေလွှတ်၍ လိုအပ်လျှင် စစ်တိုက်ခိုက်ရန်နှင့် ရန်သူ့ ရန်မှ ကာကွယ်နိုင်ရန် အဆိုပါမြို့များတွင် တပ်လှန့်နေရာချထားပေးခဲ့သည်။ ၄င်းပြင် ပါရှန်း (ယခုအီရန်) စာပေကို ရုံးသုံးစာပေအဖြစ် မိတ်ဆက်ပေးခဲ့ပြီး၊ အာ(ရ်)ကန်(ရခိုင်)ဒေသအား အစ္စလာမ့် အုပ် ချုပ်ရေး ပုံစံဖြင့် အုပ်ချုပ်ရေး ယန္တရားများ လည်ပတ်စေရန် အုပ်ချုပ်ရေးအရာရှိ (Qazis)များကို ခန့်အပ်ခဲ့သည်။ ထိုအချိန်မှစ၍ အာ(ရ်)ကန်(ရခိုင်)ဒေသတွင် (Qazi) `ဂါဇီ´အုပ်ချုပ်ရေးစနစ် သက်ဝင်လှုပ်ရှားလာခဲ့ပြီး၊ ထင်ရှားသော (Qazi) ဂါဇီများမှာ- Daulat Qazi, Nala Qazi, Gua Qazi, Shujah Qazi, Abdul Karim Qazi, Mohammed Hussain Qazi, Usman Qazi, Abdul Jabbar Qazi, Moulvi Abdul Ghafoor Qazi, Mohammed Yusoof Qazi, Moulvi Raushan Ali Qazi, Noor Mohammed Qazi ESihf Zainud Ahmed Qazi တို့ဖြစ်ကြသည်။ 

`နရမိတ်လှ´သည် အကျဉ်းချခံခဲ့ရာမှ ဘင်္ဂလားနယ်သို့ တစ်ဖန်လွှတ်မြောက် ထွက်ပြေးခဲ့သည်။ သို့သ်ာနောက် ပိုင်းတွင် `နဇိရ်ရှား´ ဘုရင်၏ `ဗိုလ်ချုပ်စန်ဒီခါန်`၏ ဦးဆောင်မှုဖြင့် နရမိတ်လှအား (၁၄၃၀) ခုနှစ်တွင် သူ၏ နဂိုထီးနန်းသို့ နန်းပြန်လည်တင် မြှောက်ပေးခဲ့သည်။ သူသည် သူ၏ ပထန် စစ်သား များအား မြို့ပတ်ပတ်လည်၌လည်းကောင်း၊ အာ(ရ်)ကန်(ရခိုင်) စစ်မျက်နှာအရပ်ဒေသ များတွင် လည်းကောင်း၊ အခြားစစ်ရေးစစ်ရာ ကိစ္စအတွက် အချက်အချာ ကျသောဒေသ များဖြစ်သည့် လေးမြို့မြစ်၊ မင်းဂံ၊ ကုလားတန်၊ မေယု၊ ကုလားပန်းဇင်နှင့် နတ်မြစ် တစ်လျှောက်ဒေသတို့တွင်လည်း ကောင်း စစ်တိုက် ခိုက်ရန်နှင့် ရန်သူ့ရန်မှ ကာကွယ်နိုင်ရန် အသင့်နေရာ ချပေးခဲ့သည်။ ထို့အပြင် ဘင်္ဂလားဘုရင် `နဇိရ်ရှား´ သည် (Sattar Khan)`ဆတ္တာရ်ခါန်´နှင့် (Razu Magni)`ရာဇူးမဂ္ဂနီး´ ဆိုသူ ၀န်ကြီးချုပ် နှစ်ဦး ကိုလည်း အာ(ရ်)ကန်(ရခိုင်)ဒေသသို့ စေလွှတ်ခဲ့သည်။ ထိုအချိန်မှ စ၍ အာ(ရ်)ကန်(ရခိုင်)ဒေသသည် `ဂေါ်ရ်´ဘုရင် `ဆုလ်တန်´၏ (vassal) လက်အောက်ခံဒေသ အဖြစ် နှစ် (၁၀၀)မှ ကျရောက်ခဲ့သည်။ ထို့ကြောင့် `မွန်ဂိုလီယန်းဗုဒ္ဓ ဘာသာဝင်´ အာ(ရ်)ကန်(ရခိုင်)မင်းများနှင့် မြန်မာမင်းတို့သည် ထိုစဉ်က အိန္ဒိယနှင့် ၄င်းအနောက်ဘက်ဒေသများကို အုပ်ချုပ်ခဲ့သော `မွန်ဂိုလီယန်း အစ္စလာမ်ဘာသာဝင်´ ဘုရင် များ၏ အစ္စလာမ့်သမိုင်းနှင့် မွတ်ဆလင်ဘုရင်များအကြောင်းကိုတစ်စိုက် မတ်မတ် လေ့လာ ဆည်းပူးခဲ့ ရသည်။ 

အာ(ရ်)ကန်(ရခိုင်)မင်းတို့သည် မွန်ဂိုလီယန်း မွတ်ဆလင်ဘုရင်များ၏ သမိုင်းဖြစ်စဉ်နှင့် အယူအဆမူဝါဒ အရပ်ရပ်ကို သက္ကရာဇ် (၁၄၃၀)ခုနှစ်မှ (၁၅၃၀)ခုနှစ်အထိ နှစ်ပေါင်း(၁၀၀)တိုင်တိုင် လေ့လာဆည်းပူးခဲ့ သည်။ နှစ်ပေါင်း(၁၀၀) မျှကာလအတွင်း ရခိုင်မင်းများ သည် ဂေါ်ရ်နယ်စား `ဆုလ်တန်´ဘုရင်များအား လက်ဆောင် ပဏ္ဏာတော်များ ဆက်သခဲ့ ရပြီး၊ (၁၅၃၁-၁၅၅၃) တွင် မွတ်ဆလင်နှင့် အစ္စလာမ့်ရေး ရာကိစ္စ အ၀၀တွင် ဘွဲ့ရ ပညာတတ် များဖြစ်သည် အထိ အစ္စလာ့မ်သမိုင်းနှင့် နိုင်ငံရေးရာ စာပေများ စွာ ကို လေ့လာ ဆည်းပူးခဲ့သည်။ အာ(ရ်)ကန်(ရခိုင်) မင်းတို့သည်`ရိုဟင်ဂျာ´နှင့် `ကမန်´လူမျိုး တို့အား ၀န်ကြီး၊ ဗိုလ်ချုပ်နှင့် ဆရာဝန်များ အဖြစ်ခန့်အပ်ခဲ့သည်။ အာ(ရ်)ကန်(ရခိုင်) ဘုရင်`နရမိတ်လှ´ အား ဘင်္ဂလားဘုရင်´ဆုလ်တန် နဇိရ်ရှား´ကနန်းတင်မြှောက်ပေးခဲ့ သည် ကျေးဇူးတော်ကြောင့် ဘုရင်နှစ် ဦး အကြား ခိုင်မာကျစ်လှစ်ချစ်ကြည် ရင်းနှီးသော ဆက်ဆံရေး ထူထောင်နိုင်ခဲ့ သည်သာမက အာ(ရ်)ကန် (ရခိုင်)ဒေသ တွင် မွတ်ဆလင် တို့ ၏ ခြေ ကုပ်သည်လည်း အခြေခိုင်မာ အင်အားတောင့်တင်း လာခဲ့ သည်။ အာရဗ်နှင့် ပါရှန်တို့သည် (၇)ရာ စုနှင့် (၁၆)ရာစုကြား ကာလတွင် အာ(ရ်)ကန်(ရခိုင်)ဒေ သတွင် အခြေချနေထိုင် ခဲ့ကြပြီး ပထန်နှင့် မဂိုလူမျိုးတို့သည် (၁၅)ရာစုနှင့် (၁၇)ရာစု ကြားကာလတွင် လည်းကောင်း၊ အခြား အိန္ဒိယမွတ်ဆလင် တို့သည် မြောက်ဦးခေတ်တွင်လည်းကောင်း အသီးသီး အခြေ ချနေထိုင်ခဲ့ကြ သည်။


ဗိုလ်ချုပ်`၀လီခါန်´ ဦးဆောင်သော ပထန်စစ်တပ်သည် မြို့ဟောင်း(မြောက်ဦး)မြို့ `က၀ါလောင်´အနီး တွင် တည်ဆောက်ခဲ့ သောသမိုင်းဝင်သာသနိကအဆောက်အဦးဖြစ်သည့် `စန်ဒီခါန်ဗလီ´(အပေါ်ပုံ)သည် ယနေ့တိုင် အထင်အရှားတည်ရှိနေပေသည်။ အာ ရဗ်နှင့် ပထန်တို့သည် စစ်သည်စစ် သားများ ဖြစ် လင့် က စား အစ္စလာမ်သာသနာ ပြန့်ပွားထွန်းကားရေး လုပ်ငန်းကိုတစိုက်မတ်မတ် ဆောင်ရွက်ခဲ့ ကြောင်းတွေ့ ရသည်။ အစ္စလာမ်သာသနာသည်လည်း ယခင်ကထက် အခြေခိုင်မာလာခဲ့ပြီး များပြားလှစွာ သော အာ(ရ်) ကန်ဒေသ နေလူများ၊ဥရောပတိုက်သားနှင့်အာ(ရ်)ကန်ဒေသခံအမျိုးသမီးများအားယာယီထိမ်းမြားခြင်းမှ မွေး ဖွားလာသော ကပြားတို့သည်လည်း အစ္စလာမ်သာသနာထဲသို့ အရှိန်အဟုန်ဖြင့် ၀င်ရောက်ကိုးကွယ် လာခဲ့ကြသည်။ ထိုအချိန်အခါက အာ(ရ်)ကန်(ရခိုင်)မင်းတို့သည် ဥရောပသားများ အား ဒေသခံအမျိုး သမီးများနှင့် ယာယီအားဖြင့် ထိမ်းမြားလက်ထပ်ခွင့်ပေး ခဲ့သော်လည်း သူတို့၏ သား မယား များကိုကား သူ တို့ အပြီးပြန်ခါနီး တစ်ပါတည်းခေါ်ဆောင် သွားခြင်းကို လုံးဝခွင့်မပြုခဲ့ပေ။ 

အာ(ရ်)ကန်(ရခိုင်)မင်းတို့သည် သူတို့၏ရှိရင်းစွဲနာမည်များနှင့်တွဲဘက်၍ မွတ်ဆလင်ဘွဲ့ထူးဂုဏ်ထူး နာ မည် များကို သုံးစွဲခဲ့ သည်။ ပမာအားဖြင့်ပြောရလျှင် မင်းခရီ(၁၄၃၃-၁၄၅၉)သည် `အလီခါန်´ဟု လည်း ကောင်း၊ ဘစောဖြူ(၁၄၅၉-၁၄၈၂)သည် `ကလီမာ ရှား´ဟုလည်းကောင်း၊ မင်းဘင်(၁၅၃၁-၁၅၅၃) သည် `ဇဘာရ်ရှား´ဟုလည်းကောင်း၊ မင်းပလောင်(၁၅၇၁-၁၅၉၃)သည် `စိကန်ဒေါရ် ရှား´ဟု လည်းကောင်း စသည်ဖြင့် အသီးသီးခေါ်ဝေါ်ခဲ့သည်။ အထက်ဖေါ်ပြပါမင်းများသည် အာ(ရ်)ကန်ဒေသအား အုပ်ချုပ်စဉ် ကာလ အတွင်း ပါရှန်းစာဖြင့် ရေးထိုးထားသော `ကလီမာ´ ခေါ် အစ္စလာမ်ဘာသာဝင်တို့၏ ယုံကြည်ချက် စာတမ်းပါ ငွေဒင်္ဂါး အမျိုးမျိုးကိုလည်း ရိုက်နှိပ်အသုံးပြုခဲ့သည်။ သမိုင်းတစ်ခေတ်ထင် ရှားသော မြောက်ဦး ခေတ်အုပ်ချုပ်ရေး ယန္တရားအတွက် အသုံးပြုခဲ့သောငွေဒင်္ဂါးများသည် အစ္စလာမ့် ယဉ်ကျေးမှု ဆန်ဆန်ငွေ ကြေးဒီဇိုင်းပုံစံဖြစ်ပြီး ၄င်းငွေကြေးဒီဇိုင်းပုံစံသည် စာတန်းရေးထိုးထားသော ပုံသဏ္ဍာန်အနေ အထားသာ ဖြစ်၍ ရုပ်ပုံပါသည့်ဝေသာလီခေတ်က ရိုက်နှိပ် သုံးစွဲသော ငွေကြေးဒင်္ဂါးနှင့် မတူပေ။ အာ(ရ်)ကန်ဒေသခံ အမျိုးသမီးများသည် ခေါင်းခြုံပုဝါ ၀တ်ဆင်ပြီး၊ နန်တွင်းအဆင်အယင်အထုံး အဖွဲ့များမှာ မဂိုလ်များကဲ့သို့ ပင်ဖြစ်သည်။ နန်းတွင်းရေး အသုံးအနှုန်းတို့သည်လည်း ပါရှန်းအသုံး အနှုန်းဖြစ် သည့်အပြင် ပါရှန်းစာပေ သည် အာ(ရ်)ကန်(ရခိုင်)ဒေသတွင် အလွန်အင်အားကောင်းခဲ့ သည်။ အာ(ရ်)ကန်ဒေသ တစ်နံတစ်လျားမှ ကဗျည်းစာတမ်းများကို`အရဗီ´နှင့်´ပါရှန်း´စာတို့ဖြင့် ရေးထိုး ခဲ့ပြီး၊ ၄င်းစာပေများကို အာ(ရ်)ကန်(ရခိုင်) ပြည်တွင် ယနေ့တိုင် အထင် အရှားတွေ့မြင်နိုင်သည်။ 

အေဒီ(၁၄၊ ၁၅)ရာစုမြောက်ဦးခေတ် ကျောက်စာ                           
ရှေးနှစ်ပေါင်း(၈၀၀)လောက်ကပင် တည်ရှိခဲ့သော ရိုဟင်ဂျာစာပေ (မူရင်းစာအုပ်မှ မိတ္တူကူးခြင်းဖြစ်သည်။)
ရိုဟင်ဂျာ၊ ကမန်လူမျိုးများနှင့် ပတ်သက်သော ရှေးဟောင်းဓါတ်တော်မွေတော် ဗိသုကာလက်ရာ အကြွင်း အကျန် အပျက်အစီး အချို့ကို မြို့ဟောင်း(မြောက်ဦး)မြို့အမျိုးသားပြတိုက်တွင် လျှို့ဝှက်စွာသိမ်းဆည်း ထားကြောင်းသိရသည်။ အထူးသဖြင့် `ရိုဟင်ဂျာ´တို့နှင့် ပတ်သက်သည်များကို မြန်မာပြည်သူများနှင့် ကမ္ဘာ မှ မသိရှိ ရလေအောင် စစ်အစိုးရ အဆက်ဆက်က အထူးလျှိ့ဝှက်စွာ သိမ်းဆည်းထား သည်။ ဤကဲ့ သို့ ခိုင်လုံသော ရှေးဟောင်း အထောက် အထားများ ရှိပါလျှက် ခေတ်အဆက်ဆက် စစ်အစိုးရများက ရို ဟင်ဂျာတို့အား လူမျိုးတုန်းသုတ်သင်နိုင်ရန် အလို့ငှာ ရှေးဟောင်းကျောက်စာ အထောက်အထား များ အား ဖျောက် ဖျက် ထားခြင်းဖြစ်သည်။ အာ(ရ်)ကန်(ရခိုင်) ပြည်တွင် ထင်ထင် ရှား ရှားတွေ့မြင် ရသော `အရဗီ´နှင့် `ပါရှန်း´ကမ္ပည်း စာတန်းပါ ကျောက်စာများသည် ရိုဟင်ဂျာမွတ်ဆလင် တို့ ခေတ်အဆက် ဆက် က အာ(ရ်)ကန် သမိုင်းတွင် မည်သို့သော အတိုင်းအတာတစ်ခုအထိ အင်အားပြင်းထန် ခဲ့ကြောင်းနှင့် တိုင်းရေးပြည် အရေး ကိစ္စဟူသမျှတွင် မည်မျှ လွှမ်းမိုးနေရာ ယူခဲ့ကြောင်း ကို တွေ့မြင်နိုင် သည်။ နောက် ထပ် အထောက်အထား အချို့ကို တင်ပြရလျှင် မေယုခရိုင် (ယခုမောင်တော ခရိုင်) နှင့် စစ်တွေ ခရိုင်ဒေ သများ တွင် ကျေးရွာ အချို့၏ နာမည်များကို အရဗီနှင့် ယှဉ်၍ ရခိုင်နာမည် များဖြင့် မှည့်ခေါ် ထား ကြောင်း ကို ယခုအချိန် အထိ တွေ့ရှိနိုင်သည်။ ဥပမာ- `နူရူလာပါရာ´(သက်ချောင်း ရွာ)၊ အရဗ်ရှား ပါရာ (လှပေါရွာ)၊ ဟနီဖာတန်ကီ (မောင်နှမရွာ)၊ ဘန်ဒါရ်ပါရာ(ကောင်းဝတ်ရွာ) - - - စစ်တွေ ခရိုင်ရှိ ကျေး ရွာ ပေါင်း ၁၀ ခုအနက် ၉ ခုသည် အာရဗ်မွတ် ဆလင်နာမည်များဖြစ်ကြသည်။ ဥပမာ- ဘာစ္စရာ (Bassarah)၊ နာဇိရ်ပါရာ (Nazir Para)၊ ကာသစ်က်ပါရာ(Kathit Para)၊ အမ်လာပါရာ (Amla Para)၊ မောလိပ်ပါရာ (Mauleik Para)စသည်တို့ဖြစ်သည်။ ယခုအခေါ်စစ်တွေဟုခေါ်ဆိုခဲ့သော Akyab သည်ပင်လျှင် ပါရှန်း နာ မည်တစ်ခုသာဖြစ်ပြီး၊ အသံထွက်မူရင်းမှာ Ek-aab(ကျွန်းတစ်ကျွန်း)ဖြစ်သည်။ ၄င်းကို `Prince Shah Shujah´ ကမှည့်ခေါ်ခဲ့ဖြင်း ဖြစ်သည်။ စင်စစ် အာ(ရ်)ကန် Arakan ဟူသော နာမည် သည်ပင်လျှင် အရဗီ မူရင်းစကားဖြစ်သော Al-recon မှဆင်းသက်လာခြင်းဖြစ်ပြီး၊ အဓိပ္ပါယ်မှာ `အစ္စလာ့မ်မဏ္ဍိုင်´ ဖြစ်သည်။ ၄င်းကို အာရေဗျ ကမ္ဘာ့ ပထ၀ီဘာသာ ရပ်ကျွမ်းကျင် သူ ‘Ibne Batuta’ က မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။ 

ဦးနေ၀င်း၏ တော်လှန်ရေးအစိုးရမှ စတင်၍ ဦးနေ၀င်း ဦးဆောင်သော စစ်အစိုးရခေတ် အဆက်ဆက်တွင် ရိုဟင်ဂျာတို့၏ ခိုင်လုံ သောအထောက် အထားများကို အတတ်နိုင် ဆုံး ဖျောက်ဖျက်နိုင်အောင်ကြိုး စား နေခဲ့ သည်။ ဖျောက်ဖျက် ပစ်ခဲ့သည်။ ၁၉၈၂ ဥပဒေကို ဦး နေ၀င်းနှင့် ရခိုင်အမျိုးသားတို့ သီးသန့်ရေး ဆွဲပြီး၊ ရိုဟင်ဂျာတို့အား တစ်ဖက် ဘင်္ဂလားဒေရှ့်နိုင်ငံမှ ခိုးဝင်လာသော ဘင်္ဂလီများ အဖြစ်ဖန် တီးခဲ့သည်။ ၄င်းကို ၁၉၈၈တွင် နိုင်ငံတော်အုပ်ချုပ်မှု အာဏာကို မတရားရယူထားသော တရားမ၀င် အစိုးရဖြစ် သည့် စောမောင်နှင့်သန်း ရွှေတို့၏ စစ်အစိုးရက ဦးဆောင်ကာ အာဏာရူးခင်ညွှန့်က ဆက်လက် အကောင် အထည်ဖော်ခဲ့သည်။ တော်လှန်ရေးကောင်စီနောက်ပိုင်း လူလားမြောက် လာသော မြန်မာ လူငယ် များ၊ စာပေဗဟုသုတ လက်လှမ်းမမီနိုင်သူမြန်မာတိုင်းရင်းသားများအား လူမျိုးရေးမုန်းတီးမှု များဖြစ်ပွား ရလေ အောင် အမျိုးမျိုးသွေးထိုးလှုံ့ဆော်မှု များအပြင် ရိုဟင်ဂျာများ အများဆုံးနေ ထိုင်သော မောင်းတောနှင့် ဘူးသီးတောင်နယ်အား အမိုးပွင့် အကျဉ်းထောင်ကြီးသ ဖွယ် ပြုလုပ်ထား သည်မှာ ယခု ဒီမိုကရေစီအစိုးရ ဟုကြွေးကြော်နေသော ဦးသိန်းစိန်လက်ထက်အထိ ပင်ဖြစ်သည်။

အပိုင်း (၁)

Comment ရေးရန်

Rohingya Exodus