ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီသော၊ သေနတ်ပစ်သံ ဆူဆူညံလျက်၊ ကျည်ဆံယမ်းမိုင်း တဒိုင်းဒိုင်းနှင့်၊ အုံ့မှိုင်းဝန်းကျင် ရွာမီးတင်ရှို့၊ မီးခိုးလွှမ်းလျက် ဒူးထောက်တက်ကာ၊ ကြည့်ရကြိုးသည် အကြောက်ကမ္ဘာ လွှမ်းလျက်နှင့်။ ဤသို့တဖန်၊ မြင်ရပြန်သည် သူ့ရန်စမှ၊ ငါကြဉ်နိုင်ခဲ ထိုအိမ်သည်အိမ်၊ မှိန်မှေးဆိတ်ညံ ဟိုကြည့်ပြန်သော်၊ ဓားလှန်ထိရှ လူသေအလောင်း၊ အထုပ်ထုပ်သို့ တစ်ချို့ဆိုလျှင်၊ မီးခိုးငွေ့ပြန် မိစ္ဆာဆန်သူ၊ စစ်ဝတ်စုံရှင် [...] အပြည့်အစုံသို့ »
အဖျက်မခံဘူး သင့်သမိုင်း ကျော်သူရ (ရှင်ပက္ခိ) RB ကဗျာ 3.3.2018 ရှင်မွေးသန်မွေး ရိုကလေးရယ်... ချောမောလှပ သင့်ခန္ဓာ သပ်ရပ်ပြေပြစ် သင့်အသွင် စကားမတတ် သင့်ပါးစပ် လျှောက်ဖို့မစွမ်း သင့်ခြေနု ရေးဖတ်မမှီ သင့်အရွယ် ကောင်းဆိုးမခွဲ သင့်ပညာ သို့ပေမယ့်... လူစိတ်ကင်းစွာ ယုတ်မာခံရ သနားမဲ့စွာ သတ်ဖြတ်ခံရ ခံလိုက်ရတဲ့ သင့်ဘဝ အို... ရိုကလေးရေ... သင့်သမိုင်း ငါတို့ အဖျက်မခံဘူး။ အဆွေမသိ သင်အငုံ မောင်နှမ မကျွမ်း သင်အဖူး မြေမှာမထား ပုရွက်ဆိတ်စိုး ခေါင်းပေါ်မတင် သန်းသေးကိုစိုး ခြင်ထောင်ခြုံထား ခြင်အကိုက်စိုး သို့ပေမယ့် ... လူ့စိတ်လစ်စွာ ပက်စက်ခံရ [...] အပြည့်အစုံသို့ »
ရိုကဗျာဥယျာဉ်သို့ အလယ်တစ်ခေါက် (၂) ကဗျာထဲသို့ စီးဝင်ခံစားကြည့်ခြင်း __________ ရေးသားသူ -- ယျာတင် (ရိုဟင်းသား) RB News 28.11.2017 ကဗျာ ခေါင်းစဉ်က "ရိုမိခင်၏ ရင်တွင်းငိုသံ" တဲ့။ ကဗျာ့ခေါင်းစဉ်ကပဲ ကဗျာကိုအဆုံးထိ ခံစားကြည့်ဖို့ လက်ယပ်ခေါ်နေသည်။ မိခင်ဆိုသည့် တိုတောင်းသော စကားလုံးမှာ ရှည်လျားသည့် မေတ္တာတရား ကိန်းဝပ်နေသည်မှာ လူတိုင်းသိ၏။ ထိုသို့ မိခင်မာတာ၏ ရင်တွင်းငိုသံတဲ့လား။ ငိုခြင်းသည် ယေဘုယျအမြင်အားဖြင့် မျက်လုံးနှင့်သာဆိုင်သည့် အရေးတစ်ခုဖြစ်သည်ကို ကဗျာဆရာက "ရင်တွင်းငိုသံ"ဟု ဆန်းပြားစွာ သုံးနှုန်းထားသည်။ ခေါင်းစဉ်ကို ဖတ်ကြည့်ရလျှင်ပင် ကဗျာထဲပါနေမည့် ဇတ်ကောင်သည် နာကျင်စရာများစွာနှင့် ရင်ဆိုင်ခဲ့ရပြီဟု ကြိုတင်နားလည်ခံစားရမိသည်။ ကဗျာကို [...] အပြည့်အစုံသို့ »
ရိုမိခင်၏ ရင်တွင်းငိုသံ ရေးသားသူ - ရိုခရီးသည် RB ကဗျာ 11.11.2017 ချစ်သားသင့်ကို၊ ဝမ်းတွင်းပိုက်စဉ် နိုင်ငံ့ဂုဏ်ရောင်၊ ထွန်းတောက်လင်းဖို့ ကဝိသူတော်၊ လမ်းမှန်ပြဖို့ စိတ်တွင်စွဲမြဲ၊ ပိုက်မှတ်ထားခဲ့ ရွှေခဲအလား၊ သားအသင် လမ်းပြတာရာ၊ ဖြစ်ခဲ့မည်ပင်။ သို့ဖြစ်သော်ငြား၊ ကံမဆိုင်လို့သာ တို့တိုင်းရွှေမြေ၊ ငရဲမိစ္ဆာ ဒုစရိုက်ကြောင့်၊ ပျက်ရရှာ။ ဓန ဥစ္စာ၊ ရတနာအဖြာဖြာ ဓါးပြခံ၍သာ၊ သက်လုပြေးလာ ပင်လယ်ဘီလူး၊ စောင့်ရင်းတွေ့၍ သင့်ဝိဥာဏ်ပင်၊ သူမျိုချကာ သက်စတေးလိုက်ရသည်သာ။ အို---ခုပင်သော်ကား လပြည့်ဝန်းပမာ၊ သင့်မျက်နှာထား ရှု၍စိတ်မသာ၊ ကြောင့်ကြရတယ် လွန့်ထက်လွန်ကို၊ ဗျာဆုံရှာသည်။ သားရွှေသွေးပင် နေလကျော်ဖြတ်၊ ဘုရားရှင်သို့ တို့သံသရာ၊ [...] အပြည့်အစုံသို့ »
၂၈ စက္ကန့် ဖန်သားပြင်ပေါ်က ရိုဟင်ဂျာ့ဘဝ တစ်စိတ်တစ်ပိုင်း ရေးသားသူ - ယျာတင် (ရိုဟင်းသား) RB ကဗျာ 17.10.2017 (၁) စိမ်းလန်းတဲ့ ချုံပုတ်ကိုနောက်ခံထား ချုံပုတ်ရှေ့က ချောင်းတစ်ခုလား ချောင်းအလွန် လူတစ်အုပ် မြင်ရတာ ဝိုးတဝါးဝါး သူတို့ ဘယ်သူတွေများလဲ။ (၂) အုံ့မှိုင်းဖုံးလွမ်းလျက်ရှိတဲ့ မီးခိုရောင်တိမ်လွှာပြင် ထိုတိမ်လွှာပြင်အောက် လူတစ်အုပ် ထိုလူအုပ်ထဲမှာ အထုပ်ထမ်းသူက ထမ်းလျက်နဲ့ သူတို့ ဘယ်ကမ္ဘာကို ခရီးနှင်နေတဲ့ ခရီးသားလဲ အဲ့ဒီမြေပြင်မှာ ပူပင်သောကတွေ ခင်းထားလေသလား မရွှင်မပြရုပ်သွင်နဲ့လူသားများ ရုတ်လျက်သဲလျက်။ (၃) ဖျော့တော့တော့ စပုဒ်ရှပ်အရောင်က သူ့မျက်နှာသေးသေးကိုလည်း သွားလွှမ်းဖုံးထား သွားနုလဲတဲ့ သက်ရွယ်က အပြစ်ကင်းစင်တာ သက်သေဖြစ်မလား [...] အပြည့်အစုံသို့ »
နိုင်ငံတော်အလံ နဲ့ သက်မဲ့ရိုကလေး ရေးသားသူ -- ယျာတင် (ရိုဟင်းသား) RB ကဗျာ 10.10.2017 ဘယ်ဖက်ရင်အုံးအောက်တည့်တည့် နီရဲတဲ့ နှလုံးသားရှိတယ် ဝါ၊စိမ်း၊နီ၊ အလယ်မှာ ကြယ်တစ်ပွင့်နဲ့ အလံတော် အဲ့ဒီအလံတော်ကို နှလုံးသားရှိရာ ဘယ်ဖက်ရင်အုံးနဲ့ ကပ်ထားတယ် ဪ .... သူတို့က နိုင်ငံတော်ကို ချစ်မြတ်နိုးတယ် သူတို့က အလံတော်ကို တန်ဖိုးထားတယ်။ အသက်ရှိတုန်းကလည်း နှလုံးသားနဲ့ကပ်ထားတဲ့အလံတော် အသက်မရှိတော့လည်း ဆက်လက်လွှင့်ထူနေဆဲပါ သူတို့က နိုင်ငံတော်ကို ချစ်မြတ်နိုးစွာ ဝတ်ဆင်ထားတယ် သူတို့က အလံတော်ကို အသက်နဲ့လဲပြီး တန်ဖိုးထားတယ်။ ဒီမှာ ...!!! ခိုးဝင်ခေါ်တာ ခင်ဗျားတို့အပိုင်း ကိုယ့်နိုင်ငံကို ကိုယ်ချစ်မြတ်နိုးတာ ကိုယ့်အပိုင်း [...] အပြည့်အစုံသို့ »
တစ်ချိန်တုန်းက အာရ်ကာန်ပြည် ရေးသားသူ ။ ။ ယျာတင် (ရိုဟင်းသား) နှင့် ရိုမျိုးသန့် RB ကဗျာ 9.8.2017 တောတောင်အလှ၊ စိမ်းလန်းစိုပြည် မြစ်ပင်လယ်၏၊ ငွေလှိုင်းပြာရေ ရှုကြည့်သူကို၊ မျက်လုံးအေးစေ တောင်လေနုနု၊ ချောင်းရေအေးအေး ပတ်လည်သူများ၊ နှလုံးအေးစေ စေတီပုထိုး၊ ရွှေရောင်လွှမ်း၍ ဗလီဝတ်ကျောင်း၊ ဝင်းပလင်း၍ တစ်ချိန်တုန်းက၊ တည်ရှိခဲ့သည် အာရ်ကာန်ပြည်၏၊ အေးချမ်းမှုများ စာရွက်နှင့်မင်ဆုံး၊ ရေးချ၍မကုန် အဟုတ်ရှိခဲ့၊ သမိုင်းကသက်သေ။ သည်ပြည်မြေဝယ်၊ တစ်ထီးတစ်နန်း တစ်ပါးတည်းမင်းရဲ့၊ တစ်မိန့်ကြားဝယ် တစ်ရေကိုသောက်၊ တစ်မြေတည်းနေ အေးလည်းအတူ၊ ပူလည်းအမျှ ခံစားစံစား၊ ဝေကာပျော်ပါး ကြောက်စိတ်ဟူ၍၊ မရှိမြူမျှ သူ့အိမ်ကိုယ်လည်၊ ကိုယ့်အိမ်သူဧည့် [...] အပြည့်အစုံသို့ »
မိုးသီးပေါက်အောက်က အပြုံးများ ရေးသားသူ - ယျာတင် (ရိုဟင်းသား) RB ကဗျာ 2.8.2017 အစုတ်မှာမှ ကမ်းကုန်စုတ်တာ ဒီမှာ တစ်ချက်!!! မြင်အောင်ကြည့်လိုက်စမ်း ပန်းချီကားနွမ်း တစ်ကား အဲ့ဒါလေ ... ငါတို့ရဲ့ နားခိုစရာ။ မမြင်ရသေးဘူးလား အပြုံးတွေကို ကျော်ပြီးကြည့်လိုက်ပါ အဲ့ဒါလေ... "တဲ"လို့ခေါ်တဲ့ ဒီအဆောင်စုတ် ငါတို့ရဲ့ ရာသီစုံဒဏ်စုံ ဖြေစရာ။ ပန်းချီကားနွမ်းလေးကို နောက်ခံထား ဘဝဟာ ခါးသီးမှုသက်သက်ပဲလား နာကြည်းမှုတွေ ခဏမေ့ထားပြီး အပြုံးသန့်သန့်တွေ ပြိုင်တူထုတ်လွှင့်တယ် စကြာဝဠာတစ်ခွင် လင်းစေချင်တဲ့ ဆန္ဒနဲ့ပေါ့ ငါတို့ဟာ ... ကမ္ဘာ့အဖိနှိပ်ခံဆုံး မျိုးလူသား။ ဆက်ခေါ်ချင်သေးသလား! ငါတို့ကို အကြမ်းဖက်သမား "ဖြစ်ရလေခြင်း" [...] အပြည့်အစုံသို့ »
၁၉၄၅ ခုနှစ်တွင် Akyab Island ၌ ရိုက်ကူးထားသည့်ပုံ (ဓါတ်ပုံ - villagehistorypics) ရွတ်ထားတဲ့ လိပ်စာက ရေးသားသူ - မိုးသင်းဝေဇံ RB ကဗျာ 25.2.2017 (၁) အရှေ့ စူးစူးဘက်သို့ .. ဝင်ခွင့်မပြုတဲ့ သိစိတ်တွေက ကြိုလင့်နေတယ် အရေပြားပေါ်က ဘာသာစကားက ဖြတ်သန်းခွင့်မပြုဘူး နံနက်ရယ် မပိုင်ဆိုင်တော့တဲ့ အရွယ်လွန်လိုခြင်းက တို့ မြို့လေးရဲ့  ကမ်းထိပ်မှာ.. Akyab တဲ့ ထင်းရှာတဲ့ မြို့အနောက်ဘက်က ကလေးတွေက ဒီကမ်းခြေတွေမှာ ရှိခဲ့ဖူးတယ်.. အဝါရောင်ယန္တရာကြီးတွေ၊ တူချက်တွေအောက်မှာ အမှုန့်ဖြစ်သွားရတဲ့ ဘုရားကျောင်းတွေက ဝတ်ပြုသံတွေ.. မြစ်ရဲ့ ကြမ်းပြင်အောက်မှာ.. မြို့လယ်ရဲ့ [...] အပြည့်အစုံသို့ »