နေမျိုး
မဇ္ဈိမ
4.3.2013
နယူးဒေလီ ။ ။ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များ အရေး ကိုယ်တွယ် ဖြေရှင်းရန် ကုလ ဒုက္ခ သည်အေ ဂျင် စီ UNHCR အား ကမ္ဘာ့ အစ္စလာမ္မစ် ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က မေတ္တာ ရပ်ခံလိုက်သည်။
မြန်မာနိုင်ငံမှ ရိုဟင်ဂျာ များနှင့် ပတ်သက်၍ OIC ၏ အပူပန်ဆုံးကိစ္စမှာ ‘နိုင်ငံသားဖြစ်ရေး’ပင် ဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပနေသည့် ၂၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေး တွင် OIC အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့သည်ဟု Kuwait News Agency က ဖော်ပြထားသည်။
သို့သော် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစု ၁၃၀ ကျော်တွင် ရိုဟင်ဂျာ ဟူ၍ မပါဝင်ကြောင်း လူဝင်မှု ကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးခင်ရီ က ပြောဆိုထားသည်။
“ကျနော်တို့ မှာ တရားဝင် လူမျိုးစုကြီး ရှစ်စု ရှိပါတယ်။ ချင်း၊ ကရင်၊ ကချင်၊ ကယား၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း ရှိပါတယ်။ နောက်ပြီး လူမျိုးစု ၁ဝဝ ကျော် ရှိပါတယ်။ အဲဒီဟာတွေက တရားဝင် လူမျိုး စုတွေ ဖြစ် ပါတယ်။ အဲဒီထဲမှာကော၊ ဗြိတိသျှ အစိုးရ ပြန်တမ်းမှာရော ၁၉၇၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်း၊ ၁၉၈၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေမှာရော ဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မရှိတဲ့အ တွက်ကြောင့် ရိုဟင်ဂျာသည် ကျနော်တို့ လူမျိုးထဲမှာ ပါဝင်တဲ့လူမျိုး မဟုတ်ဘူး။ ကျနော်တို့ နိုင်ငံမှာ မရှိပါဘူး” ဟု ရန်ကုန်မြို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးဟောင်းတွင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ဝ ရက်နေ့ က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဝန်ကြီး က ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
ဂျနီဗာတွင် ကျင်းပနေသည့် လူ့အခွင့် အရေးကောင်စီ အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ စတင်ကာ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။
OIC တွင် အဖွဲ့ဝင် ၅၇ နိုင်ငံ ပါဝင်ပြီး ပြီးခဲ့ သည့်နှစ် ဇွန်လအတွင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ဒုက္ခရောက် လျက်ရှိသော ရိုဟင်ဂျာ များအား ထောက်ပံ့ ကူညီရန် ၊ပြန်လည် နေရာချ ထားရေးနှင့် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အတွက် အဖွဲ့ဝင် နိုင်ငံအချို့ မှ ဒေါ်လာ ၂၅ သန်း ကောက်ခံရရှိထားဖြစ်သည်။ ပြီး နောက်ထပ်လည်း သန်း ၅၀ ကျော် ရရှိရန် ရှိနေ သည်။
မြန်မာနိုင်ငံတွင် OIC ၏ လူသားချင်း စာနာမှုဆိုင်ရာ လေ့လာ စောင့်ကြည့်ရေးရုံးများ လာရောက် ဖွင့်လှစ် မည်ကို ကန့်ကွက်သည့် အနေဖြင့် လူထုလူတန်းစား အလွှာအသီးသီးနှင့် သံဃာများက မြို့ကြီးများနှင့် ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးရှေ့တွင် ဆန္ဒပြပွဲများ လွန်ခဲ့ သည့်နှစ် အောက်တို ဘာလ အတွင်း ကပြုလုပ်ခဲ့ကြသည်။
ရိုဟင်ဂျာ ၇၅,၀၀၀ အတွက် နေထိုင်ရာများ ဆောက်လုပ်ပေးရန်အတွက် ဆော်ဒီ အာရေဗျနိုင်ငံမှ ဒေါ်လာ ၁.၈၈ သန်းကို UNHCR မှတဆင့် ဇန်နဝါရီလအတွင်းက ပေးလှူခဲ့သည်။
ထို့အပြင် နိုင်ငံသားအဖြစ် ငြင်းပယ်ခံထားရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ နေရသူ မြန် မာ မူဆလင် ရိုဟင်ဂျာများအတွက် ဆူဒန်နိုင်ငံ အဖွဲ့အစည်း နှစ်ခုကလည်း ဇန်နဝါရီလ အ တွင်း တွင်ပင် ဒေါ်လာ နှစ်သိန်း ကူညီပေးခဲ့သည်။
ထို့အတူ အင်ဒိုနီးရှား အစိုးရကလည်း ရခိုင်ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာများ ခံစားနေရသည့် ဆင်းရဲ ဒုက္ခများ ကို လျှော့ချရန်အတွက် လူသားချင်း စာနာမှု အကူအညီအဖြစ် ဒေါ်လာ တသန်း ပေးလှူ မည်ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က ဇန်နဝါရီလ အတွင်းက ပင် ကြေညာခဲ့သည်။
ဌေးလွင်ဦး
RB News
4.3.2013
ရခိုင်နယ်မှာ ရိုဟင်ဂျာ မရှိဘူး ဆိုပြီး ပြောဆိုနေမှု အားလုံးဟာ မျက်ကန်းမျိုးချစ် ခွဲထွက်ရေးဝါဒီ အနောက် သား မျိုးနွယ် လူယုတ်မာ တစ်စုရဲ့ ပြောဆိုချက်သာ ဖြစ်တယ်။ ဒီကိစ္စရပ်မှာ ရခိုင်ပြည် အတွင်းအပြင်နေ ရခိုင် လူမျိုးအားလုံးနဲ့ သက်ဆိုင်ခြင်း လုံးဝ လုံးဝ မရှိပါ။ ရခိုင်ဒေသနေ သာမန် ရခိုင်လူမျိုးဟာ မိမိရဲ့ စားဝတ်နေရေး ကိုသာ နေ့စဉ်အမျှလုံးပန်း ရှာဖွေ စားသောက်နေရပြီး နိုင်ငံရေး၊ ခွဲထွက်ရေး၊ လူမျိုးရေး ကိစ္စများကိုလည်း စိတ် ၀င်စားခြင်း မရှိပါ။
သင်္ကန်းဝတ် တစ်ချို့က ခွဲထွက်ရေးနဲ့ အမျိုးသားရေးကို လှုံ့ဆော်နေပေမယ့်-၊ ထိုကိစ္စမှာ မိရိုးဖလာ သာ မန်ရိုးရိုး ရဟန်းသံဃာများနဲ့လည်း ပတ်သက်ခြင်း မရှိပါ။ သာမန်ရိုးရိုး ရဟန်းသံဃာများ အနေနဲ့ ဘိုးစဉ်ဘောင်ဆက်က ပဲ အတူနေထိုင်ခဲ့တဲ့ မွတ်ဆလင်များ အပေါ်မှာ သမိုင်းတစ်လျှောက် ရန်လိုခြင်း၊ ရန်ရှာခြင်း၊ မုန်းတီးခြင်းများ မရှိ ခဲ့တဲ့ အပြင်-၊ ကျောသားရင်သား မခွဲခြားဘဲ ပြောစရာရှိတာပြော၊ ဆုံးမ စရာရှိတာ ဆုံးမ၊ ကျွေးစရာရှိတာကျွေး၊ ခိုင်းစရာရှိတာခိုင်း ရင်းနှီးပတ်သက် ကျွမ်းဝင် ခဲ့သည် သာ ဖြစ်ခဲ့ပါတယ်။
ရခိုင်မှာ မွတ်ဆလင်မရှိ၊ ရိုဟင်ဂျာ မရှိဆိုတဲ့ စကားကို ရခိုင်နေလူအများစုကြီးက ဘယ်သောအခါမှ မပြော ခဲ့ပါ။ ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမကို မနီးစပ်သူများက မကြားဘူးခဲ့တာပဲ ရှိနေပါတယ်။ သူတို့ကို သွားမေးကြည့်ရင် မရှိဘူးမပြောခဲ့ဘဲ၊ အသိဘူးပဲ ပြောခဲ့တာများပါတယ်။ မွတ်ဆလင် မရှိဘူး လား မေး ရင်တော့--၊ အရူးကတောင် ရှိ-တယ် ပြောပါမယ်။ အရူးထက် ပိုဆိုးတဲ့ အမိုက်တွေကသာ မိုက်ငြင်းငြင်း နေခြင်း ဖြစ်ပါတယ်။ နောင်တစ်ချိန် သမိုင်းတရားခံဟာလည်း အဲ့ဒီ လူမိုက်တွေပဲ ဖြစ်ပါ လိမ့်မယ်။ ရခိုင် ပြည်သူတစ်ရပ်လုံးနဲ့ လုံးဝ မသက်ဆိုင်ပါ။
အခုလည်း ရိုဟင်ဂျာ မရှိဘူး ဆိုတဲ့ သမိုင်းအဖြေထုတ်ဘို့-၊ ထိုင်းနိုင်ငံဘန်ကောက်မြို့- ၂၀၁၃ ခု မတ်လ ၉ ရက်နေ့မှာ Forum တစ်ရပ်ကျင်းပဘို့ ခွဲထွက်ရေးဝါဒီ တစ်စု စိုင်းပြင်းနေပါတယ်။ အစဉ်အလာနဲ့ တည်ခဲ့တဲ့ နယ်မြေတစ်ခုရဲ့ သမိုင်းကြောင်းကို ဖြေရှင်းဘို့ Forum တစ်ရပ် ကျင်းပတာမှာ-၊ ရခိုင်နယ်ရှိ လူမျိုးအား လုံးထဲက ပညာရှင်များကို ဖိတ်ကြားခြင်း မရှိခဲ့ပါ။ ရခိုင်လူမျိုးဆိုတဲ့ အထဲက လည်း တောင် ပိုင်းမြောက် ပိုင်း ဒေသစုံက ပညာရှင်များကို ခေါ်ယူခြင်း မရှိခဲ့ပါ။ နိုင်ငံတစ်ကာ ပညာရှင်များ ဆိုတာမှာ လည်း အငြင်းပွားနေတဲ့ နှစ်ဦး နှစ်ဘက်က ပညာရှင်များ၊ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များကို ခေါ်ယူခြင်း မရှိခဲ့ပါ။ ခွဲ ထွက်ရေးဝါဒီ မျက်ကန်းတစ်ချို့နဲ့ သူတို့ကို မြှောက်ပင့်ပေးနေတဲ့ နိုင်ငံခြားသား တစ်ချို့ကိုသာ ခေါ်ယူပြီး တစ်ဘက်သတ် စီစဉ်ပါတော့တယ်။
တစ်ဘက်သတ် ခိုးပြီးပြုလုပ်၊ ပြီးရင် တစ်ဘက်သတ်ကြေငြာချက်ထုတ်၊ လုပ်တဲ့ လုပ်ရပ်များက အမှန်တရားကို ချစ်သူ၊ သတ္တိရှင်တို့ရဲ့ အလုပ်မဟုတ်ဘဲ--၊ ကမ္ဘာ့အလယ်မှာ မျက်နှာပျက်ရမယ့် သူရဲဘောကြောင်သူ၊ အမှား တရားကို ကျူးလွန်သူတို့ရဲ့ ပွဲသာ ဖြစ်ကြောင်း သက်သေပြနေပါတယ်။ တစ် ကယ်တမ်း မျက်နှာပျက်စရာ ရှိရင် ရခိုင်လူမျိုးအားလုံး မျက်နှာပျက်ရမယ့် လုပ်ရပ် လည်း ဖြစ်နေ ပါတယ်။
ကိုယ့်ဘက်က မှန်နေရင်၊ မှန်ကန်ကြောင်းကို ရဲရဲတင်းတင်း သက်သေပြနိုင်ရင်- ဘာကိုမှ ကြောက်နေစရာ မလိုပါ၊ နှစ်ဦးနှစ်ဘက်က ပညာရှင်တွေကို ပင့်ဖိတ်ပြီး လူကြီးလူကောင်းပီပီ သက်သေထုတ်ပြ လိုက်ယုံ မျှ သာ ဖြစ်ပါတယ်။ ပညာမဲ့ လူယုတ်မာတွေ လုပ်သလို လုပ်နေစရာ မလိုပါ။ အခုလို တစ်ဘက် သတ် ပြု လုပ်နေခြင်း ဆိုတာကိုယ်က မိမိဘက်က မှားယွင်းကြောက် လန့်နေကြောင်း ကို ငွေကုန်ကြေး ကျခံပြီး ကမ္ဘာ့အလယ်မှာ ၀န်ခံ လိုက်ခြင်းသာ ဖြစ်ပါတယ်။ ရွှေမှန်ရင် မှတ်ကျောက်အတင်ခံရဲရပါမယ်။ အခုတော့ ယိုသူ မရှက် မြင်သူရှက် ဖြစ် ရပြီး မဆီမဆိုင်တဲ့ အပြစ်မဲ့ ရခိုင်ပြည်သူ တစ်ရပ်လုံး မျက်နှာပျက်ရတော့မယ့် အလုပ် ဖြစ်နေပါတယ်။
ဒီကိစ္စမှာ ကျွန်တော်တို့ ရခိုင်လူမျိုးအားလုံးနဲ့ မသက်ဆိုင်ကြောင်းကိုပဲ ကျွန်တော့အနေနဲ့ ကမ္ဘာ့မိတ်ဆွေ များကို ပြောလိုပါတယ်။ ဒီနေရာမှာ ကျွန်တော်က အစ္စလာမ်သာသနာဝင် ဖြစ်နေလို့ ခင်ဗျားနဲ့ မဆိုင်ဘူး ဆိုပြီး ကျွန် တော့ကို ရခိုင်လူမျိုးထဲက ဖယ်ထားခွင့်မရှိပါ။ ကျွန်တော့ဘက်က ရပ်တည်နေတဲ့ ရခိုင်လူ မျိုးရဟန်းသံဃာများ၊ ပြည်သူများလည်း မြောက်များစွာ ရှိနေပါတယ်။ ရခိုင်လူမျိုးအားလုံးက ကျွန်တော့ကို မထောက်ခံရင်တောင် သာမန်ရိုးရိုး လုပ်ကိုင်စားသောက်နေတဲ့ အများစုသော ရခိုင်လူမျိုးများက ကျွန်တော့ ကို ထောက်ခံပြီးသား ဖြစ် နေတယ် ဆိုတာလောက်တော့--၊ မျက်ကန်းများ သိစေလိုပါတယ်။ ခွဲ ထွက်ရေး ၀ါဒီ မျက်ကန်းများ ကြားမှာ ကြားညပ်နေရတဲ့ ရဟန်းတော် တစ်ချို့ကိုယ်တိုင်က ကျွန်တော့ကို လျှို့ဝှက် ဆက်သွယ် ထောက်ခံပြီးသားပါ။ အချိန်တစ်ခုမှာ အမှန်တရားဟာ ဘွားကနဲ ပေါ်လာမှာ ဖြစ်တယ် ဆိုတာ ကိုပဲ-၊ မျက်ကန်းများ သိထားစေလိုပါ တယ်။
ရိုးသားတဲ့ ပြည်သူများကို အမျိုးသားရေးမှိုင်းတိုက် ခွဲထွက်ရေး စိတ်သွင်းမယ့် အဖြစ်မျိုးကိုတော့ ပြည်သူကို မသွပ်သွင်းဘို့ မေတ္တာရပ်ခံပါတယ်။ အာဏာမက် လူတစ်စုကြောင့် အပြစ်မယ့် ပြည်သူများ အ သက်သွေးမြေကျ ရမယ့် အဖြစ်မျိုးကိုလည်း မဖြစ်စေလိုပါ။ ရိုဟင်ဂျာများကို မုန်းတီးဘို့ “ဓါးစာခံလုပ် လှုံ့ဆော်ရင်း” အမျိုးသားရေး စိတ်တွေဝင်လာအောင် သွပ်သွင်း- အမျိုးသားရေးတွေ အဟုန်မြင့်လာရင် - ဘိုးတော်မောင်ဝိုင်းခေတ်က ငါတို့ ရခိုင်တွေကို မျိုးပြုတ်သတ်ခဲ့တဲ့ အောက်သား (ဗမာ)တွေဆီက ခွဲပြီး အဖ နိုင်ငံပြန်လည်ထူထောင်မယ် ဆိုတဲ့ စိတ်ကူးယဉ်မှုကို ရခိုင်ပြည်သူများလည်း ရိပ်မိလာနေပြီ ဆို တာလောက်တော့-၊ အာဏာရူးမျက်ကန်းများ သိစေ လိုပါတယ်။
“တစ်ဘက်သတ် -စကားရည်လုခြင်း” “နှစ်ခမ်းတစ်ခုတည်းနဲ့ အစာစားခြင်း” တို့ဟာ ဒုက္ခိတတွေရဲ့ အလုပ်မျှသာ ဖြစ်တယ်။ ပညာဗဟုသုတ ဒုက္ခိတတွေထဲမှာ ရခိုင်လူမျိုး စစ်စစ်များ မပါဝင်ပါ။ ၂၀၁၃ ခုနှစ် မတ်လ ၉ ရက်နေ့ မှာ ပြုလုပ်မယ့် ရခိုင်သမိုင်းဆိုင်ရာ Bangkok Forum အား ရခိုင်လူမျိုးအားလုံးမှ အသိအမှတ်မပြု သကဲ့သို့ ထို Forum မှ ထွက်ပေါ်လာမယ့် အဖြေ၊ ထုတ်ပြန်ချက်များသည်လည်း ရခိုင်လူမျိုးအားလုံးနှင့် လုံးဝ မသက်ဆိုင်ပါ။
(တောင်ကုတ်မြို့မှ ဆရာတော် ဦးပညာဝံသမှ ဖုံးဆက် မေတ္တာရပ်ခံသောကြောင့် ဤစာတမ်းအား ရေးသား ထုတ်ပြန်ခြင်း ဖြစ်သည်။ တစ်ချိန်တစ်ခါတွင် ဤစာတမ်းအတွက် ဆရာတော်မှ တာဝန်ယူနိုင် သည် ဟုလည်း ၀န်ခံထားပါသည်။)
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန်ပြည်ထောင်စု
QS Madani
RB News
3.3.2013
မောင်တော။ ။ ဖေဖော်ဝါရီလ(၂၈) ရက်နေ့တွင် နစကနယ်မြေ (၅)မှ ဦးထွန်းထွန်းနိုင် သည် မောင် တော မြို့နယ် ငခူရကျေးရွာသား တစ်ဦးဖြစ်သည့် ဦးဟော်ဘီရ်အဟမတ်အား ရေနံဆီဂါလံ (၁၀၀) ၀ယ် လာသည်ကို အကြောင်းပြ၍ ဖမ်းဆီးသွား ခဲ့သည်။ ဒေသခံများမှာ လျှပ်စစ်မီး မရရှိသဖြင့် ရေနံဆီကိုသာ အသုံးပြု၍ မီးထွန်းနေရသည်။ ဦးဟော်ဘီရ်အဟမတ်သည် ၎င်း၏ ဆိုင်တွင် တရားဝင်ပြန် လည်ရောင်းချ ရန်ကြိမ်ချောင်းဈေး မှပြေစာဖြင့် တရားဝင်ဝယ်ယူ လာခြင်းဖြစ်သည်။ ထိုသို့ပြန်လည် ရောင်းချခြင်းမှာ လည်း တရား ၀င်ပြန်လည်ရောင်း ချခြင်းဖြစ်သည်။
ဦးထွန်းထွန်းနိုင် ဆိုသူသည် နစကနယ်မြေ(၅)မှ နယ်မြေမှူး၏ ညာလက်ရုန်းဖြစ် ပြီး၊ မောင်တော မြို့ မြောက်ပိုင်းတွင် အကြမ်းဖက်မှု များဖြစ်ပေါ်ရန် လှုံဆော်လျက်ရှိ သူတစ်ဦး လည်းဖြစ် သည်။ ရိုဟင်ဂျာ များ အား မဟုတ် မမှန်သည့်အကြောင်း များပြ၍ ဖမ်းဆီးပြီး ငွေညှစ် သူတစ်ဦးဖြစ်သည်။ ၎င်းအား နစက နယ် မြေမှူးနှင့် စရဖ အကြီးအကဲတို့မှ ဝေစု ရရှိသောကြောင့် မတရားသဖြင့်ပြု လုပ်နေ သည်ကို မျက်ကွယ်ပြု ထားကြသည်။
ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင်အောက်ဖော်ပြပါလေးဦးကို ငခူရဈေးမှ အကြောင်းပြချက်တစ်စုံတစ် ရာ မရှိဘဲ ဖမ်းဆီး သွားခဲ့ကြောင်း သိရှိရပါသည်။
(၁) ဦးရှမ်ရှူ (ဘ) ဦးဒေါ်လား (အသက် ၄၉ နှစ်)
(၂) ဦးမိုဟာမတ်ယာစီးန် (ဘ) ဦးဟာရှင် (အသက် ၃၃ နှစ်)
(၃) ဦးအဗ်ဒူအာလမ် (ဘ) ဦးဆယာဒ်အာလမ် (အသက် ၃၅ နှစ်)
(၄) ဦးဟူဆောင်အလီ (ဘ) ဦးမိုဟာမတ်ရဖိခ် (အသက် ၄၀ နှစ်)
အထက်ဖော်ပြပါ လေးဦးမှာ ငခူရကျေးရွာဒေသခံများဖြစ်ကြသည်။
ငခူရ ကျေးရွာအုပ်စု၊ အထက်ပြူးမ၊ အောက်ပြူးမနှင့် ဒူးတန်းကျေးရွာများမှ ဦးအာဇဲရ်ဟူဆောင် (ဘ) ဦးကူလူမျာ (အသက် ၄၇ နှစ်) နှင့် ဦးဂျာဟဂီရ်ဟူဆောင် တို့အပါအ၀င် (၁၅) ဦးကိုလည်းဖမ်းဆီးသွား ခဲ့သည်။ အဆိုပါ ဖမ်းဆီးခံ ရသူများကို လူမဆန်စွာ ညှင်းပန်းနှိပ်စက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
နစက နယ်မြေ (၅) လက်အောက်ခံ ကျေးရွာများတွင် ရိုဟင်ဂျာများ သွားလာ လှုပ်ရှားရေးမှာ နစက၏ နှောက်ယှက် ဒုက္ခပေးမှုများ ကြောင့်လွန်စွာ ခက်ခဲလျက်ရှိသည်။ ရွာသူရွာသားများ ၏နေ့စဉ် စားဝတ်နေ ရေးကို သစ်တောများ အတွင်းမှ ထင်းခုတ်ခြင်း၊ လယ်ယာစိုက်ပျိုးရေး၊ ငါးမွေးမြူခြင်းနှင့် နယ် စပ်ကုန် သွယ်ရေးကို သာအဓိကထားရသည်။ သို့သော်နစကနှင့် ရခိုင်အစွန်းရောက် များ၏နှောက် ယှက် ဟန့်တား မှုများ၊ သွားလာရေး ကန့်သတ်ထားမှု များကြောင့် စားဝတ်နေရေး အတွက် လုပ်ကိုင် စားသောက် ရန် လွန် စွာခက်ခဲလျက်ရှိသည်။
မတ်လ (၁) ရက်နေ့တွင်မောင်တောမြို့နယ်ရွှေဇားရွာမှ အောက်ဖော်ပြပါသုံးဦးကို ၂၀၁၂ ဇွန်လ အ ကြမ်းဖက်မှုတွင် ပါဝင်ပတ်သက် ခဲ့သည်ဟု စွပ်စွဲ၍ နစကများမှဖမ်းဆီးခဲ့သည်။
(၁) ဦးမိုဟာမတ်ဟာလဲခ် (ဘ) ဦးဆုလ်တာန်အဟမတ်
(၂) ဦးဆာလေအဟမတ် (ဘ) ဦးမုစ်တာခ်အဟမတ်
(၃) ဦးယူနွတ် (ဘ) ဦးရာဇာမျာ
ဦးယူနွတ် ထံမှ ငွေကျပ်တစ်သိန်း ယူ၍ မတ်လ (၂) ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ပြီး၊ ကျန်ရှိ သည့်နှစ်ဦး အား လွှတ်ပေးရန်အတွက် တစ်ဦးထံမှငွေကျပ် ၆ သိန်းဆီတောင်း ခံလျက် ရှိကြောင်း သိရှိရပါသည်။
RB News
3.3.2013
လူတစ်ဦး-၊ လူတစ်စုဟာ ဘယ်ကိစ္စကို မဆို ဗြောင်ခံငြင်း တတ်တဲ့ အကျင့်ရှိနေရင်-၊ သူဟာ အဲ့ဒီ အကျင့် ကို ဖျောက်ဖျက်ဘို့ ခက်ပါတယ်။ “ဗြောင်ငြင်းသူ အဘို့ ကျမ်းကိုးမလိုပါ၊” ဗြောင်ငြင်း တတ်သူဟာ ဘယ်လို အချက် အလက်ကို သက်သေပြပြ ဆန့်ကျင် ဘက်က ခံငြင်းနေမှာပဲ ဖြစ်တယ်။
မြန်မာ အစိုးရဟာ- မြန်မာနိုင်ငံ ထဲမှာ နိုင်ငံရေး အကျဉ်းသား ဆိုတာ မရှိပါဘူးလို့ နှစ်ပေါင်းများစွာ ခံငြင်း ခဲ့တယ်၊ ဗြောင်ငြင်း ခဲ့တယ်၊ အဲ့လို ငြင်းဘို့ ရာလည်း နိုင်ငံရေး ၀န်ဆောင်တွေကို နိုင်ငံရေး ပုဒ်မ မဟုတ်တဲ့ ပုဒ်မများနဲ့သာ ထောင်ဒဏ် စီရင်ခဲ့တာ များခဲ့တယ်။ ဒါကို နိုင်ငံရေး ၀န်ဆောင်များက မနားမနေကြိုး စားပြီး ကမ္ဘာကို တင်ပြခဲ့ ရတယ်၊ကမ္ဘာ့ ဖိအားပေါင်းစုံကို သုံးခဲ့ရတယ်။ -နိုင်ငံရေး အကျဉ်းသား ကူ ညီစောင့်ရှောက်ရေး အဖွဲ့ဆိုတာ မျိုးတွေ ပြည်ပမှာ ဖွဲ့ပြီး နည်းမျိုးစုံ လှုပ်ရှားခဲ့ရတယ်။ ဒါတောင် နိုင်ငံရေး အကျဉ်းသား ရှိပါ တယ်လို့ ၀န်ခံပြီး ပြန်လွှတ် ပေးခဲ့ခြင်း မျိုး မဟုတ်ဘဲ- နိုင်ငံတော် သမ္မတရဲ့ အထူး အစီ အစဉ်၊ ဘာအတွက် လွတ်ငြိမ်း ချမ်းသာခွင့်- ဆိုတဲ့ အကြောင်း ပြချက်များနဲ့- ရာဇ၀တ်မှု ကျူးလွန်သူတွေ၊ တရားမမှု ကျူး လွန် သူတွေ၊ မှောင်ရိပ် ခိုမှုနဲ့ ထောင်ကျသူ တွေ- အားလုံး ရောပြွန်းပြီး နိုင်ငံရေး ၀န်ဆောင် များကို လွှတ်ပေး ခဲ့ခြင်း ဖြစ်တယ်။ အခုထိလည်း မလွှတ်ပေးဘဲ ကျန်နေသေးသူတွေ ရှိနေဆဲပါ။ အဲ့ဒီ လူတွေကို လည်း နိုင် ငံရေး အကျဉ်းသားများ အဖြစ် လက်ရှိအစိုးရက တရားဝင် အသိအမှတ်ပြုခြင်း မရှိပါ။
အခုထပ်ဆင့် ဗြောင်ခံငြင်းနေတာက “ရိုဟင်ဂျာ” ဆိုတာ မရှိဘူး ဆိုတဲ့ စကားလုံးပါ။ ရိုဟင်ဂျာ ဆိုတဲ့ လူမျိုး ရှိပါတယ် ဆိုတာကို သူတို့ရဲ့ နှလုံးသားမှာ သိနေပါတယ်။ အမုန်းတရား တစ်ခုကြောင့် ရည်ရွယ် ချက်နဲ့ ဖုံးကွယ် ထားခြင်းသာ ဖြစ်နေပါတယ်။ အမုန်းတရား ဆိုတာလည်း ပွင့်ပွင့်လင်း လင်း ပြော ရရင် ရိုဟင်ဂျာများက အစ္စလာမ်သာသနာဝင်တွေ ဖြစ်နေလို့ ဘာသာရေး ခွဲခြားဆက်ဆံမှု အမုန်း တရား ပါပဲ။ ဒါကို ကမ္ဘာတစ်ခုလုံးက သိနေပါတယ်။ လက်ရှိ လွှတ်တော်အမတ် ဖြစ်နေသူများရဲ့ အသက် အရွယ်တွေ အလျှောက် အထက်တန်းပညာ လောက် သင်ခဲ့ရသူများကိုယ်တိုင် “ရိုဟင်ဂျာ” ဆိုတာ ရှိကြောင်း သူ တို့ရင်ထဲမှာ သိနေမှာပါ။ (ဒီထက် ဗဟုသု တ နည်းနေရင်လည်း ပြည်သူလူထု အရေး ကို ဆောင် ရွက်မယ့် အမတ်မင်းများ လုပ်မနေသင့်တော့ပါ။)
“ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးဟာ အသစ်ဖန်တီးခြင်း မဟုတ်၊ ရှေးပဝေဏသီကပဲ ရှိနေခဲ့တယ်၊ “ရိုဟင်ဂျာ” ဆိုတဲ့ လူမျိုး ဟာလည်း ရခိုင်ဒေသရဲ့ ရှေ့ဦးမူလ လူမျိုးဖြစ်တယ်- ဆိုတာတွေကို ကမ္ဘာ့ပညာတွေက တစ်နေ့ တစ်ခြား ပိုပြီး သိလာနေတယ်။ ဗြောင်းခံငြင်း သူတွေ ငြင်းလေ-၊ ပညာရှင်များက လေ့ လာလေ၊ ပိုပြီး သိ လာလေပါပဲ။ ရွှေမှန်ရင် မှတ်ကျောက် အတင် ခံနိုင်တဲ့ သဘောပါပဲ။
ဒီနေရာမှာ ထူခြားတာက “ရိုဟင်ဂျာ” လူမျိုးနဲ့ ပတ်သက်လာရင်-၊ ရှေးယခင်က မိမိတို့ကိုယ်တိုင်ကို “နိုင်ငံရေး အကျဉ်းသား အဖြစ်က ငြင်းဆန်ခံခဲ့ရသူများ”ကိုယ်တိုင်က- ဗြောင်ခံငြင်းတဲ့ အကျင့်တွေ ကို နှ လုံး လှိုက်လှဲကျင့် သုံးနေခြင်းပါပဲ။ ဒီအချက် အစ္စလာမ်သာသနာဝင် များကို ဘုံရန်သူ အဖြစ် သတ် မှတ် ထားကြောင်း ထင်ရှားတဲ့ သက်သေခံချက်များ ဖြစ်နေပါတယ်။ ကိစ္စရပ်တစ်ခုကို ချစ်သည် ဖြစ်စေ၊ မုန်း သည် ဖြစ်စေ အမှန်ကို အမှန်ပါ လို့ လက်ခံပေးနိုင်စွမ်းမရှိ၊ နားလည်ပေးနိုင်စွမ်းမရှိ သူများက တိုင်းပြည်ရဲ့ အနာဂါတ်ကို ဘယ်လိုမှ ဦးဆောင်ဘို့ မဖြစ်နိုင်ပါ။ ကမ္ဘာကြီးက ပွင့်လင်းလာနေပါပြီ။- လိမ်လေ အရှက် ကွဲလေ-၊ သိက္ခကျလေ ဆိုတဲ့ အချက်လောက် ကိုတော့ နားလည်စေလိုပါတယ်။
မြန်မာနိုင်ငံလို လူမျိုးစု အများနဲ့ ဘာသာစုံ တည်ရှိနေတဲ့ နိုင်ငံမျိုးကို ဦးဆောင်မယ့်သူဟာ လူမျိုးစွဲ ဘာ သာစွဲ တွေ ကင်းဘို့ လိုပါမယ်။ မိမိကိုးကွယ်တဲ့ ဘာသာကို မိမိနှလုံးသားမှာသာ တပ်ဆင်ပြီး-၊ နိုင် ငံရေး ထဲမှာ ဘာသာ တရားခံစားချက်၊ လူမျိုးစွဲ ခံစားချက်များ အရောင်မဆိုးဘို့ လိုပါမယ်။
ဗြောင်ခံငြင်းသူများဟာ လောလောဆယ်မှာ- အင်အားသုံးပြီး အနိုင်ရနိုင်ပေမယ့်၊ အဲ့ဒီ အနိုင်ယူခြင်းဟာ စကား ပြောနေစဉ် ကာလ အခိုက်အတန့်လေးသာ ဖြစ်ပြီး- ထာဝရတည်တဲ့ အောင်နိုင်မှုမျိုး မဟုတ်ဘူး ဆို တာလောက် တော့ ဆင်ခြင်စေလိုပါတယ်။ လက်ရှိမြန်မာနိုင်ငံဟာ- ဒီမိုကရေစီ ဆိုတဲ့ စကား လုံးအောက် မှာ ကမ္ဘာနဲ့ ဆက်ဆံ ဘို့ လိုနေတယ်။ စီးပွားရေး အရလည်း ကမ္ဘာနဲ့ ဆက်ဆံဘို့ လိုနေပါတယ်။ ဒီအခြေ အနေမှာ ဗြောင်ခံငြင်းသူများ အနေနဲ့ ကမ္ဘာနဲ့ ဆက်ဆံလေ အရှက် ကွဲလေ ဖြစ်နေ မှာ သေ ချာပါ တယ် ။ မြန်မာနိုင်ငံက နိုင်ငံခြား ခရီးစဉ်ကို ထွက်လာသ မျှ ခေါင်းဆောင် တိုင်းဟာ “ရိုဟင်ဂျာ” အရေး အမေးမခံရသူ တစ်ဦးမှ မရှိပါ။ မေးသူများကလည်း သူတို့ မကြားချင်လှတဲ့ “ရိုဟင်ဂျာ” ဆိုတဲ့ စကား လုံးနဲ့ ပဲ မေးနေတာချည်း ဖြစ်နေပါတော့တယ်။ မရှိပါဘူး ခံငြင်း လွန်းလို့- အခုနောက်ပိုင်းမှာ သံတ မန် စကား လုံးအရ ရှောင်ပေးထားတဲ့ “မျိုးတုံးသတ်ဖြတ်မှု”ကိုပါ ထည့်ပြော လာနေပါပြီ။
ဒီအချိန်မှာ အစိုးရ ပိုင်းက စတင်စဉ်းစားဘို့ လိုလာပါပြီ။ “ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးကို မချစ်ရင်တောင် မိမိတို့ အပြစ်လွတ်အောင် ဆင်ခြင်ဘို့ လိုလာပါပြီ။ ရိုဟင်ဂျာများကို မျိုးတုံး သတ်ဖြတ်မှုနဲ့ ပြည်ပ အဖွဲ့အစည်း များက မြန်မာ အစိုးရ ပိုင်းနဲ့ RNDP ပါတီကို ကမ္ဘာ့ခုံးရုံးမှာ စတင် file တွဲဘို့ စီစဉ်တော့-၊ အမေ ရိကန် အစိုးရပိုင်း ကိုယ် တိုင်က ခဏ သည်းခံဘို့ မေတ္တာရပ်ခံခဲ့တယ်၊ အမေရိကန် လွှတ်တော်ထဲမှာ “မျိုးတုံးသတ်မှု” ဆိုတဲ့ စကားလုံး ကို မသုံးသေးဘဲ ဆင်ခြင်ဘို့ မေတ္တာရပ်ခံထားခဲ့တယ်။ သူတို့ အနေ နဲ့ ပြုပြင်ပြောင်း လဲရေးကို မထိခိုက်စေချင် လို့ အနီးကပ် ပေါင်းပြီး နားချဘို့ နည်းတွေကို သုံးမယ်လို့ က တိပေး ထားခဲ့တယ်။ မျက်ကန်း မျိုးချစ်များက ဗြောင် လိမ်မယ် ဆိုတာကိုလည်း ကြိုတင် သိနေ ခဲ့ပါတယ်။ အချိန်တစ်ခုအတွက် သိသိကြီးနဲ့ အလိမ်ခံနေခြင်းသာ ဖြစ် ပါတယ်။ ဒါကို မျက်ကန်း မျိုးချစ် များဘက်က ငါ တို့ လိမ်လို့ရတာပဲလို့ ဘ၀င်မမြင့်မိဘို့တော့ လိုပါမယ်။
ဗြောင်ခံငြင်းသူများ အတွက် ပြေးလမ်းကို ပိတ်တဲ့နည်းတွေ အများကြီးပါ။ သူတို့ကိုယ် ဘယ်လို ကိုင်တွယ် ရ မယ် ဆိုတာကိုလည်း ကျုပ်တို့ ဘက်မှာ နည်းလမ်းတွေရှိနေပါတယ်။ ရှဉ့်လည်း လျှောက်သာ ပျားလည်း စွဲသာ ဖွင့်ပေးထားတဲ့ လမ်းကိုတော့ မျက်ကန်းမျိုးချစ်များ အနေနဲ့ တစ်လွဲ မသုံးမိဘို့ လိုပါမယ်။ ဆက်လက်ပြီး ဇွတ် မိုက်နေခဲ့ရင်- မိုက်တွင်းနက်မှု တစ်ဆင့်ချင်းစီအတွက် ကျုပ်တို့ဘက်ကလည်း တစ် ကွက် ချင်းစီ ပိတ်ဆို့ပစ်မှာပါ။ အခု အခြေအနေမှာ ကမ္ဘာ့နိုင်ငံတစ်ချို့က စီးပွားရေးတွေ ပြန်ဖွင့်ပေး တယ် - ငွေကြေးကူညီနေတယ် ဆိုတာက အစိုးရဘက်က ပြောင်းလဲမှု တစ်ချို့အတွက် ဆုပေးတဲ့သဘော ပါ။ တစ်ကယ်ပြောင်းလည်းရင် ဘာတွေကို ခံစား ရမယ် ဆိုတာကို သက်သေပြပေးတဲ့ သဘောပါ။ ဒါပေ မယ့် ကူညီနေတဲ့ ငွေကြေးတွေဆိုတာလည်း အကြွေး ဟောင်းတွေကို ပြန်လျှော်ပေး တဲ့ ငွေ၊ ပြန် ဆပ်ပေး တဲ့ ငွေမျှသာ ဖြစ်နေပါတယ်။ လက်တွေ့ ဆက်လက် အကောင်အ ထည် ဖေါ် ဘို့ ငွေကြေးတွေ မရသေး ဘူး ဆိုတာတော့ အစိုးရကိုယ်တိုင်လည်း သိနေပါတယ်။ စီးပွားရေး တစ်ကယ် တည်ဆောက်ဘို့ အတွက် ဖွင့်ပေးမယ့် သော့ချက်က “ရိုဟင်ဂျာ” ဆိုတဲ့ ဝေါဟာရ လက်ထဲ မှာ ရှိနေပါတယ်။ တစ်တိုင်းပြည်လုံးကို မစာနာရင်-၊ တစ်တိုင်းပြည်လုံး အတွက် လက်တွေ့ စီးပွားရေး တည် ဆောက်မှုကို ကရုမစိုက်ရင် “ရိုဟင် ဂျာ” တွေကို ဆက်လက် ငြင်း ဆန်နေ လိုက် ပါ။ ဆောက် လက် စတိုက်တွေ ရပ် သွားစေမယ်၊ စ တည်ပြီး မတည်ငွေတွေ ရပ်သွားစေမယ်- ဆိုတဲ့ စီးပွားရေး ဆိုင်း ငံ့နေခြင်း ကို မြန် မာ့ခေါင်း ဆောင်တွေ ကိုယ်တိုင် ကြုံရပါမယ်။ ဒီအတွက် ဆက်လက်ပြီး မွတ်ဆလင်တွေကို သဲသဲ မဲမဲ ပြသနာရှာမယ် ဆိုရင် လည်း ပိုမိုကြီး ကျယ်တဲ့ ဆိုးကျိုးတွေကို ရာဇ၀တ်ကောင်တွေ ဆက်တိုက် ခံသွားရစေပါမယ်။
တိုင်းပြည်ကို တစ်ကယ် စေတနာရှိရင် (၁) ရိုဟင်ဂျာ ကိစ္စမှာ ဗြောင်ငြင်း နေခြင်းကို ရပ်တန်းက ရပ်ပေး ရမယ်၊(၂)လူထုကြားမှာမငြိမ် မသက်ဖြစ်စေအောင် လှုံ့ဆော်နေသူတွေ၊ ဘာသာရေး အမုန်း ဟော ပြောနေ သူတွေကို ချက်ချင်း အရေး ယူပေးရမယ်(၃) မြန်မာပြည်တွင်း ဒုက္ခသည်တွေကို ထိထိရောက်ရောက် ကူ ညီဖြည့်ဆီးခွင့် ပေး ရမယ် (၄) ကူညီဖြည့်ဆီးမယ့် အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးကို လုံးဝ တာဝန်ယူပေး ရပါ မယ်။
ဒီအချက်တွေကို အကျင့်ပါနေပြီး ထုံးစံအတိုင်း ဗြောင်ခံငြင်းနေမယ် ဆိုရင်--၊ တိုင်းပြည် အတွက် ဖြစ်ပေါ် လာ မယ့် အကျိုးဆက်များဟာ ဗုဒ္ဓဘာသာ အယူသည်း မျက်ကန်းမျိုးချစ်များရဲ့ တာဝန် ပဲ ဖြစ်ပါလိမ့်မယ်။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန်ပြည်ထောင်စု
RB News
2.3.2013
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းတွင် ကြာသပတေးနေ့ (ဖေဖော်ဝါရီလ ၂၈ ရက်) နေ့လည်ပိုင်း၌ ရိုဟင် ဂျာလှေစီး ဒုက္ခသည် ၆၃ ဦးကို အင်ဒိုနီးရှားငါးဖမ်းသမားများမှ ကယ်တင် လိုက်ကြောင်း သတင်း ရရှိ ပါသည်။
ကြာသပတေးနေ့က ကယ်တင် လိုက်သောဒုက္ခသည် ၆၃ ဦးမှာ ရက်သတ္တပတ်အတွင်း ဒုတိယ အ ကြိမ် မြောက်ကယ်တင် လိုက်ခြင်းဖြစ်သည်။ ပထမအကြိမ်တွင် ၁၂၁ ဦးကို ကယ်တင် ခဲ့သည်။ ယခု ကယ် တင် လိုက်သော ၆၃ ဦးတွင် ၂၃ ဦးမှာကလေးငယ်များဖြစ်ပြီး ဆုမာတြာကျွန်း၏ အရှေ့ကမ်းခြေတွင် အင်ဂျင် မပါဘဲမျှောလာသောစက်လှေကို အင်ဒိုနီးရှားငါးဖမ်းသမားများရှာဖွေတွေ့ခဲ့ခြင်းဖြစ်ပါသည်။
အင်ဒိုနီးရှား ရဲတပ်ဖွဲ့အရာရှိတစ်ဦးမှ စက်လှေပေါ်တွင် ပါရှိလာသူများအားလုံးမှာ မြန်မာနိုင်ငံမှဖြစ်ပြီး လိုက် ပါလာ သူများအားလုံးမှာ မောပန်းနွမ်းနယ်နေပြီး၊ ဆာလောင်မွတ် သိပ်နေသောကြောင့် အသေး စိတ် ကိုမေးမြန်း ရန်မလွယ်ကူ သည့်အပြင် ဘာသာစကား မတူသောကြောင့်ပြောဆိုရန် ခက်ခဲ လျက် ရှိ ကြောင်း အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ ခိုလှုံခွင့်တောင်းခံသောအဆိုပါဒုက္ခ သည် ၆၃ ဦးကို လန်ဆာမြို့ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ထားရှိထားပြီး၊ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်း သို့ လွှဲပြောင်းပေးမည်ဟု သိရှိရပါသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ လက်ရှိအခြေ အနေများအရ အင်ဒိုနီးရှားနိုင်ငံရေ ပိုင်နက်တွင် ရိုဟင် ဂျာ လှေစီး ဒုက္ခသည် များကိုဆက်လက် ရှာဖွေတွေ့နိုင် လိမ့်မည်ဖြစ်ကြောင်း အဆိုပါ အင်ဒိုနီးရှား ရဲအရာ ရှိမှ ပြောသည်။
ထိုင်းနိုင်ငံ ရေနက် ပိုင်း အတွင်းသို့ ရောက်ရှိ သွားသော စက်လှေများကို ထိုင်း အာဏာပိုင်များမှ စက်လှေ ပေါ်ရှိ အစာရေစာ၊ ဓါတ်ဆီ များကို သိမ်းယူ ပြီးနောက် စက်လှေကို ရေပိုင် နက်အတွင်းမှနှင် ထုတ် သည့် အပြင် ပစ်ခတ်မှုကြောင့် ၁၂ ဦးသေဆုံး ခဲ့ရသည်ဟု လွန်ခဲ့သည့်ရက်ပိုင်း တွင်အင်ဒိုနီး ရှားနိုင်ငံ သို့ ရောက် ရှိသွားသော ရိုဟင်ဂျာ ဒုက္ခသည်များမှ ထုတ်ဖော်ပြောကြားခဲ့သည်။
RB News
2.3.2013
မောင်တော ။ ။ မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းမြောက်ပိုင်းရွာမှ ဦးဆယာဒ်အုလ္လာ (ဘ) ဦးဆီဒိတ် (အသက် ၃၁ နှစ်) သည် ယမန်နေ့ ညနေပိုင်းတွင် ၎င်း၏ ကွမ်းခြံကို သွား၍ ကြည့်ရန် သွားရာ တွင်အသတ်ခံ လိုက်ရကြောင်း သတင်း ရရှိပါသည်။
ဖြစ်စဉ် အပြည့်အစုံမှာ မောင်တောမြို့နယ်တောင်ပိုင်း ဥဒေါင်းမြောက်ပိုင်းရွာမှ ကွမ်းခြံစိုက်ပျိုးရေးလုပ် ငန်း လုပ်ကိုင်သူ ဦးဆယာဒ်အုလ္လာ (ဘ) ဦးဆီဒိတ် (အသက် ၃၁ နှစ်) သည် ဥဒေါင်း နတလရွာ အနီးရှိ ၎င်း၏ ကွမ်းခြံကို သွားရောက် ကြည့်ရှူ မည်ဟူ၍ ယမန်နေ့ည ၇ နာရီတွင် နေအိမ်မှ ထွက်ခွာ သွားခဲ့သည်။ မိသား စုဝင်များမှ အချိန်မှီ ပြန်ရောက်၍ မလာသောကြောင့် လိုက်လံ ရှာဖွေ ကြိုးစားသော်လည်း ညပိုင်း အပြင်ထွက်ခွင့်မရှိသောကြောင့် ယနေ့နံနက် ပိုင်းတွင် လိုက်လံရှာဖွေရာ ကွမ်းခြံနှင့်မလှမ်းမကမ်းတွင် ဓါး ခုတ် ခံထားရ သည့်ဒဏ်ရာများဖြင့် သေဆုံးနေသည် ကိုတွေ့ရကြောင်း သိရှိရပါသည်။
“ဥဒေါင်း နတလရွာမှာ လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ကတည်းက ဓါးရှည်နဲ့ ခုတ်နည်း၊ သေနတ်ပစ်နည်းတွေကို သင် တန်းပေးနေတယ်။ အခုဆယာဒ်အုလ္လာရဲ့ ကွမ်းခြံက အဲဒီရွာနားမှာ ဆိုတော့ ဥဒေါင်းန တလရွာ သား တွေ ခုတ်သတ်လိုက်တာ ကတော့သေချာတယ်။ ကျွန်တော်တို့လည်း အလောင်းရှာတွေ့တာနဲ့ ရွာအုပ် ချုပ်ရေး ဦးတင်မောင်နဲ့ နစကစခန်းအမှတ် ၈ ကိုအကြောင်းကြားတယ်။ အာဏာပိုင်တွေလိုက်လာပြီး အလောင်း ကိုကြည့်ရုံကြည့်သွားတယ်။
အမှန်တကယ် ဒီလို လူသတ်မှုဆိုရင် ဓါတ်ပုံရိုက်၊ မြေပုံဆွဲတွေလုပ်ပြီ အမှုကိုဖော်ထုတ်ရမှာပါ။ အမှုကို ဖော် ထုတ်မှာ မဟုတ်တဲ့ အတွက်ကြောင့် အဲဒါတွေလည်း မလုပ်ပါဘူး။ အလောင်းကိုအိမ်ကို ယူသွား ဖို့ ပြော တယ်။ အဲဒီလောက်ပါဘဲ။ မောင်တောမြို့နယ်အ၀န်းမှာရှိတဲ့ ရခိုင်ရွာတွေ၊ နတလ ရွာတွေ မှာတော့ သေ နတ်တွေလည်းဖြန့်ဖြူးပေးပြီးပြီ။ နေ့စဉ်နေ့တိုင်းသင်တန်းပေးနေတယ်။ အခု မတ်လ ထဲမှာ ရိုဟင်ဂျာ တတိ ယ အကြိမ်မြောက်တိုက်ခိုက်မယ်လို့သတင်းတွေထွက်နေတော့ အားလုံးစိုး ရိမ်နေကြ တယ်” ဟု ဒေသ ခံရိုဟင်ဂျာတစ်ဦးမှ RB News သို့ပြောပါသည်။
အသတ်ခံရ ၍သေဆုံးခဲ့ ရသူ၏ အလောင်းကို ညနေပိုင်းတွင် ရဲများရောက်ရှိလာပြီး နေအိမ်မှ မောင်တော မြို့ နယ်ဆေးရုံသို့ ယူဆောင် သွားမည်ဟု ဆိုကာ ယူဆောင်သွားကြောင်း သိရှိ ရပါသည်။
“ညနေပိုင်းမှာ ရဲတွေရောက်လာတယ်။ အလောင်းကို စစ်ဆေးစရာရှိတယ်ဆိုပြီး ဆေးရုံကိုယူသွားမယ် လို့ပြောပြီး ယူ သွားတယ်။ ဒါပေမယ့် အဲဒီလို ယူသွားပြီးအလောင်းဖျောက်ပစ်တာပါ။ အရင်လည်းရဲတွေ က အဲလို လုပ်နေကြပါ။ ကျွန်တော်တို့က အာဏာပိုင်တွေပြောသမျှကို နာခံရတယ်။ ဘာမှပြန်ပြောလို့ လည်းမ ရ ဘူး။ အလောင်းဖျောက် ပစ်လို့တိုင်ရင်လည်းဘယ်သူ့မှအရေးမယူဘူး။” ဟုအဆိုပါဒေသခံမှ ဆက် လက်ပြောကြား ပါသည်။
O'Laie Manzu
2.3.2013
စာနယ်ဇင်း ထိန်းချုပ်မှုတွေ ပယ်ဖျက် လိုက်ပြီးနောက်မြန်မာနိုင်ငံမှာ သတင်းစာတွေ၊ ဂျာနယ်တွေ ပလူ ပျံပေါ်ပေါက်လာနေချိန်မှာ စာနယ်ဇင်းလောကထဲကို အပြိုင်အဆိုင် တိုးဝှေ့ဝင်ရောက်နေကြတာကို သတိ ထား မိပါတယ်။ အသံဖမ်း စက်တွေကိုယ်စီနဲ့ အလုအယှက် သတင်း ရယူနေကြတဲ့ လူငယ်လေး တွေ အမြောက်အများ ကိုတွေ့ရတာလည်း အားရကျေနပ် စရာပါဘဲ။ တက်သစ်စ မီဒီယာ နုနုရွရွတွေ ပေါ်ထွက် လာသလို ကိုယ်ပိုင် မီဒီယာတွေ တည်ထောင် ဖို့အတွက် လုံးပမ်းနေကြတာ လည်း မနည်းလှ ပါဘူး။ အတွေ့ အကြုံ ရင့်ကြပ်တဲ့ ဝါရင့် သတင်း သမားတွေလည်း လွတ်လွတ် လပ်လပ် လုပ်ပိုင်ခွင့်တွေ ရလာတဲ့ အတွက် အစွမ်း ကုန်ကြိုး စားနေကြတာကိုတွေ့ရတာလည်း အားရစရာပါဘဲ။ အချိန်တို အတွင်းမှာ သတင်း မီဒီ ယာတွေ တဟုန် ထိုးကြီးထွား လာတာဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်အမြစ် တည် လာပြီ ဆိုတဲ့ လက္ခ ဏာ လည်းဖြစ်ပါတယ်။ တစ်ချိန် တည်းမှာဘဲ လွတ်လပ်စ စာနယ်ဇင်း နည်း စနစ် သစ် ရဲ့အောက်မှာ သတင်းသမားတွေ လိုက်နာကျင့်သုံး ရမယ့်ကျင့်ဝတ်တွေနဲ့ အညီမပြု ကျင့်နိုင်ကြ တာကြောင့် အချို့ သတင်း သမားတွေဟာ ကလောင်ကိုင်ပြီး ကိုးယိုကားယားနဲ့ ဟိုရှုပ်ရှုပ်ဒီရှုပ်ရှုပ် လုပ်နေ တာတွေ ကိုလည်း ရှိနေပြန် ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာ အတွင်းမှာ ပြည်တွင်းမှာရှိတဲ့ သတင်းမီဒီယာတွေဟာ အစိုးရရဲ့ အစိတ် အပိုင်း တစ်ခု အနေနဲ့သာ ရပ်တည်ခဲ့ရတာ ဖြစ်တဲ့အတွက် ပြည်သူတွေအဖို့ ပြည်ပ သတင်းဌာနတွေကို မနက် တစ်ခေါက် ညတစ်ခေါက် ရေဒီယိုတွေက နေတဆင့် နားဆင်ကြရတယ်။ ထိမ်းချုပ် မှုအောက်မှာ လည် ပတ်နေ ရတဲ့ ပုဂ္ဂလိက ဂျာနယ်တွေရဲ့ စီးပွားရေး သတင်းတွေ၊ အားကစား သတင်းတွေ၊ နိုင်ငံတစ်ကာ သတင်းလောက်နဲ့ဘဲ ကျေနပ် ခဲ့ကြရတယ်။ အခုတော့ လွန်ခဲ့တဲ့ နှစ်ကနဲ့တောင် မတူ။ နေ့စဉ်သတင်းတွေ၊ အပတ် စဉ်ဂျာနယ်တွေအပြင် အင်တာနက်ကနေလည်း သတင်းတွေကို အလွယ်တကူရယူနိုင်ကြပြီ။ တစ်နှစ်ကျော်အတွင်း ထူးခြားပေါ်လွင်တဲ့ အပြောင်းအလဲကြီးတွေကို သတင်းမီဒီယာတွေကနေ မီးမှောင်း ထိုးပေးရုံတင်မက သတင်းမီဒီယာတွေကိုယ်နှိုက်ကလည်း အပြောင်းအလဲရဲ့ သက်သေ လက္ခ ဏာ တွေဖြစ် လာပါတယ်။
သတင်းမီဒီ ယာတွေ ကျယ်ပြန့်လာတဲ့ အလျောက် ဝန်ထမ်းတွေလည်း အစဉ်အမြဲတိုးပွားလာနေတာ ကိုတွေ့ရ ပါတယ်။ မီဒီယာ တစ်ခုစီမှာ ပြည်တွင်း ဝန်ထမ်း လေး-ငါးဆယ်ကနေ ရာကျော်အထိ ရှိလာတယ်။ စာနယ်ဇင်း လောကဟာ စီးပွားရေး ယန္တယား တစ်ခုဖြစ်လာပြီး ပညာတက်လူငယ်တွေအ တွက် အခွင့် အလမ်းကောင်း တဲ့ အသက်မွေးဝမ်းကြောင်း တစ်ခုအဖြစ် မျက်စိကျစရာလည်းဖြစ်လာပါ တယ်။ သတင်း သမားတွေကလည်း အရင်ကလို လွယ်အိတ်တစ်လုံး ပုခုံးဇောင်း ပေါ်တင်ပြီး ဘေး ဘီ လွတ်တဲ့ သတင်းတွေ ကို မနည်းကြုံးရုန်း ရှာဖွေ ရတဲ့ဘဝ မဟုတ်တော့ဘူး။ ပတ်ဝန်းကျင်မှာ ရေးချင်စရာ သ တင်းတွေ နဲ့ပြည့်နေ တယ်။ လူတွေသိသင့်သိထိုက်တဲ့ သတင်းတွေကိုလည်း အလွယ် တကူရ ယူနိုင်ပါတယ်။ မီဒီယာတွေ က လည်း ဝန်ထမ်းတွေကို နောက်ဆုံးပေါ် အသံဖမ်းစက်တွေ၊ လက်ကိုင် ဖုန်းတွေ၊ ကင်မ ရာတွေ ၊ ကွန်ပြူတာတွေနဲ့ ပြည့်ပြည့်စုံစုံ စီစဉ်ထားပေးတယ်။
ဒါကြောင့် စာနယ် ဇင်းလောက ထဲကို အချို့ကဝါသနာ အရဝင်ရောက်လာကြသလို၊ အချို့ဘဝ ရပ် တည် ရေးအတွက် လည်း ရောက်ရှိလာကြပါတယ်။ စာနယ်ဇင်းပညာကို ဘာသာရပ် တစ်ရပ်နေ နဲ့ စတင်လေ့ လာဖို့အခွင့် အရေးတွေရ လာသလို တချို့လူသစ်တွေအနေနဲ့ အတွေ့အကြုံမရှိဘဲ အလုပ်သင် အဖြစ်နဲ့ စတင်လုပ်ကိုင် လာကြပါတယ်။ ဒါကြောင့် ကျင့်ဝတ်ပိုင်းဆိုင်ရာမှာ အထစ် အငေါ့ လေးတွေဖြစ် လာပါတယ်။ အတွေ့အကြုံနုနယ်နေသေးတဲ့ လူသစ်တွေဟာ ကျင့်ဝတ်တွေကို မသိနား မလည်လို့ ချိုးဖောက်ကြ တာမျိုးတွေ ရှိတက်ပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ သတင်းမီဒီယာကို ဝါဒဖြန့်ဖို့ ကိုင် တွယ် လာတာတွေ ကတော့ မြန်မာနိုင်ငံ အနာဂတ် ဒီမိုကရေစီ စနစ် ဆက်လက်ရှင် သန်ရေး နဲ့ နိုင်ငံတော် ဖွဲ့ဖြိုး တိုးတက်ရေး အတွက် အဆိပ် အတောင်တွေဖြစ်လာပါတော့တယ်။
ဒီမိုကရေစီ စနစ်ကို နှစ်ပေါင်းများစွာ ကျယ်ကျယ်ပျံ့ပျံ့ကျင့်သုံးလာခဲ့ကြတဲ့ နိုင်ငံတွေမှာတောင် သတင်း မီဒီယာတွေကို အသုံးချပြီး တစ်ဖက်ဇောင်းနှင်း ဝါဒဖြန့်တာတွေ မကြာခဏတွေ့ရတတ် ပါတယ်။ ဒါတွေ ဟာလည်း သတင်းသမားတွေနဲ့ သတင်း မီဒီယာတွေကို ချုပ်ကိုင် ထားသူတွေရဲ့ ကျင့်ဝတ်ပိုင်းနဲ့ သက် ဆိုင် ပါ တယ်။ ရှေရှည်မှာ မှန်မှန်ကန်ကန် ရပ်တည်တဲ့ သတင်းမီဒီယာ တွေသာလျှင် အောင်အောင်မြင်မြင် နဲ့ ရှေ့ ဆက်နိုင် မှာဖြစ်ပါတယ်။ ဒါပေမယ့် မရိုးမသားကျင့်ကျန်တဲ့ သတင်း မီဒီယာတွေက အချိန်တန် ရင် မှေးမှီ သွား မှာဖြစ်ပေမယ့် လူ့အသိုင်းဝိုင်း အတွင်းမှာ ပြဿနာ မျိုးစုံကို မျိုးစေ့ ချခဲ့ပါလိမ့်မယ်။ ဒါကြောင့် သတင်းသမားတွေ အနေနဲ့ သစ္စာ -သမာဓိ ရှိဖို့လိုအပ် ပါတယ်။ ကမ္ဘာ အရပ်ရပ်မှာ ရှိတဲ့ စာနယ်ဇင်းလောက က အခြေခံအားဖြင့် လိုက်နာကျင့်သုံးကြတဲ့ မှန်ကန်မှု၊ တိကျမှု၊ ဘက်မလိုက် မှု၊ ပြီးပြည့် စုံမှု၊ မျှတမှု၊ တာဝန်ယူမှု ဆိုတဲ့ သတင်း သမားတွေရဲ့ ကျင့်ဝတ်တွေကို အစဉ်တစိုက် လက်စွဲ ကျင့် သုံးနိုင်ဖို့ လိုအပ် တယ်။
သတင်း သမားတွေ အနေနဲ့ အမှားမှား အယွင်းယွင်းတွေ ထုတ်လွင့်တာတွေ၊ ချဲ့ထွင်ပြီး ပိုပိုသာ သာ ရေး သား တာတွေ၊ ထိမ်ချန်ထားတာတွေ၊ တစ်ဘက်ဇောင်းနှင်း ရေးသားတာတွေ၊ စာရေးသူရဲ့ အာဘော် နဲ့ သုံးသပ် ချက်တွေ ပူးတွဲရေးသား တာတွေကို ရှောင်ရှားသင့်ပါတယ်။ အင်တာနက်မှာ သတင်းတွေ တင် လိုက်ပြန်ဖြုတ်လိုက်၊ ပြန်ပြင်လိုက်နဲ့ စည်းမဲ့ကမ်းမဲ့ လုပ်နေကြတာကို တက်သစ်စ သတင်းမီဒီ ယာတွေ အကြား မှာအများဆုံးတွေ ရပါတယ်။ တစ်ချို့ကြပြန်တော့ သတင်းရေး သလို လိုဆောင်းပါရေး သလို နဲ့ သတင်းတွေထဲမှာ စာရေးသူရဲ့ အာဘော်တွေ၊ ထင်မြင် ယူဆ ချက်တွေ ရောထွေးရေး သားကြပါ တယ်။ အဆိုး ဆုံးကတော့ ဘာသာရေးနဲ့ လူမျိုးရေး ကိစ္စတွေနဲ့ ပတ် သက် လာရင် ကိုယ့်လူမျိုး၊ ကိုယ့် ဘာသာ ဘက်ကနေ ရပ်တည်ရေးသား နေကြမယ်ဆိုရင်တော့ အမှန် တရားတွေကို ဖုံးအုပ်မိ မှာဖြစ် ပါတယ်။ စာဖတ် သူတွေရဲ့စိတ်ထဲမှာ ဇဝေဇဝါ သံသယတွေဖြစ်အောင် ဖန်တီးမိမှာဖြစ်ပါတယ်။ သတင်း အမှားတွေကြောင့် မှားယွင်းစွာ သုံးသပ်ကြမှာ ဖြစ်ပါတယ်။
စာဖတ်သူတွေ အနေနဲ့ သတင်းမှန်ရဖို့အတွက် ထုတ်ဝေသမျှ သတင်းစာတွေ၊ ဂျာနယ်တွေ လိုက် ဖတ်နေရရင် တစ်နေ့တစ်နေ့ သတင်းထိုင်ဖတ်ဖို့ အချိန်တောင်လောက်မှာ မဟုတ်ဘူး။ ဒါပေမယ့် သေခြာ တာ ကတော့ သတင်းသမားတွေဟာ မီဒီယာ ကျင့်ဝတ်နဲ့အညီ မပြုကျင့်နေ သမျှကာလ ပတ်လုံး အကြောင်း အရာတစ်ခုကို သတင်း မီဒီယာတစ်ခုတည်းက ရေးသားထုတ်ဖော်တဲ့ သတင်းတွေကို ပုံအော် ယုံမှတ် လို့ မရနိုင်ဘူးဆိုတာပါဘဲ။
RB News
1.3.2013
ယမန်နေ့က အမေရိကန် ကွန်ဂရက် လွှတ်တော်တွင် လူ့အခွင့်အရေး ကော်မီတီ မှ မြန်မာ့အရေးကြားနာ မှု ပြုလုပ်ခဲ့သည်။ အဆိုပါကြားနာပွဲတွင် လူမျိုးတုန်း သတ်ဖြတ်မှု အဆုံးသတ် ရေးအဖွဲ့ ဥက္ကဌ Tom Andrews မှ အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအားပြောင်းလဲရန် တောင်းဆို လိုက်ပါသည်။
လူမျိုးတုန်း သတ်ဖြတ်မှု အဆုံးသတ်ရေး အဖွဲ့ ဥက္ကဌ ကို ဘီဘီစီမြန်မာပိုင်း အစီအစဉ် မှ မေးမြန်း ခဲ့ သည်။ မေးမြန်းချက်အပြည့်အစုံမှာ -
“ဒီလို ပြောဆိုခဲ့တာဟာ ဘယ်လို အထောက်အထား တွေနဲ့ပြောဆိုတာလဲလို့ Tom Andrews ကို ဆက် သွယ် မေးမြန်းရာမှာတော့ If you look at the situation of particularly Rakhine State …… ရခိုင်ပြည်နယ်က အခြေအနေကို လေ့လာရင် ရိုဟင်ဂျာတွေအပေါ်မှာ ပြုမူပုံဟာ Rwanda က လူမျိုးတုန်း သတ် ဖြတ်မှုကို ဦးတည်တဲ့ အခြေအနေနဲ့ အတော်လေး ဆင်တူပါတယ်။
နောက်ပြီး မုန်းတီးမှုနဲ့ ပြောဆို နေကြတာ တွေဟာလဲ လူထုကိုအားပေး နေသလိုဖြစ်နေပါတယ်။ တိုက် ခိုက် မှုတွေရှိခဲ့ရာမှာ လုံခြုံရေး အဖွဲ့တွေက သူတို့ကို အကာအကွယ် မပေးခဲ့တာတွေ၊ ဒါတွေ ဟာ တွေ့ရ တဲ့ အထောက် အထားတွေလို့ ပြောပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် မှာ ဆွေးနွေးမှုတွေ လုပ် နေပါတယ် လို့ပြောပြီး စစ်တပ်ကတိုက်ခိုက်မှု တွေကြောင့် လူတွေသေကြေပျက်စီးမှု တွေရှိနေတယ်။ အစိုး ရရဲ့အခြေခံပြုပြင် ပြောင်းလဲမှုတွေ လုပ်မယ်ဆိုတဲ့ ခံဝန်ချက်တွေဟာ အမေရိကန်တို့ မျှော်မှန်းထားတဲ့ ဒီမို ကရေစီ လုပ်ငန်းစဉ်နဲ့ အလှမ်းဝေး နေသေးတာကြောင့်၊ လက်ရှိ အမေရိကန်ရဲ့ မြန်မာ နိုင်ငံဆိုင် ရာမူ ဝါဒကို ဒီနှစ်နှောင်းပိုင်းအမြန်ဆုံး သုံးသပ်ရာမှာ ဒါတွေကို ထည့်သွင်းစဉ်းစားရမယ်လို့ Tom Andrews ကပြော ခဲ့ပါတယ်။ ဒါပေမဲ့လက်ရှိ Obama ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကြောင့် မြန်မာနိုင်ငံက အပြောင်း အလဲ တွေ ကိုပိုပြီးတော့ တွန်းအားဖြစ်စေခဲ့တယ်လို့ သုံးသပ်မှုတွေ လည်းရှိနေပါတယ်။ ဒီတော့ ဒီလက်ရှိ မူဝါဒကပြောင်း သွားရင် မြန်မာ နိုင်ငံရဲ့ပြောင်းလဲမှု အဟုန်ကို မထိခိုက်စေနိုင် ဘူးလားလို့ မေးရာမှာတော့ Tom Andrews က The International Community with very clear and very consistent in special on that issue, and the result ….. အမေရိကန် အပါအဝင် အနောကိနိုင်ငံတွေရဲ့ စံနစ်တကျဖိအား ပေးမှုတွေကြောင့် အခုလို အပြောင်းအလဲ တွေဖြစ်လာခဲ့ရတာပါ။ ဒီလိုပြောင်းလဲလာဖို့ ပိတ်ဆို့အရေးယူမှု တစ်ချို့လျှော့ပေးတာ၊ ပုံမှန် သံတမန်ဆက်ဆံမှုတို့လုပ်လာတာ လက်ခံပါတယ်၊ ဒါပေမဲ့ ဒီအချိန်မှာ သံတမန်ရေးရော၊ စီးပွားရေးအရ၊ နိုင်ငံရေးအရ အစစ အားလုံးကို ဖွင့်ချလိုက်တာမျိုးကိုတော့ လက်မ ခံနိုင်ပါဘူး၊ အနည်းဆုံး နောက် ကြောင်းပြန်မလှည့်တဲ့ အပြောင်းအလဲ ဖြစ်နေပြီ ဆိုတာ ကို မြန်မာနိုင် ငံအနေနဲ့ပြဖို့ လိုပါတယ်။ အရပ်သား တွေကို သတ်ဖြတ်နေတာ မျိုးတွေကိုရပ်ဆိုင်း ရမယ်။ လူသားချင်းစာနာမှု အထောက်အပံ့တွေ ပိတ်ဆို့ ထားမှုများ ရပ်ဆိုင်းရမယ်၊ ကချင်ပြည်နယ်ထဲ တိုက်ပွဲတွေ ကို ရပ်ရမယ်။ ရခိုင်ပြည်နယ်ကလူ့အခွင့်အရေးချိုးဖောက် မှုတွေကိုလည်းရပ်ဆိုင်းရမယ်၊ လယ် ယာမြေ သိမ်း မှုတွေကို လည်းရပ်ဆိုင်းရမယ်၊ အရပ်သားအာဏာပိုင်တွေ အပေါ်စစ်တပ်က သြဇာ လွှမ်း မိုး နေတာတွေ ကို ရပ်ဆိုင်းရမယ်၊ကျန်နေတဲ့နိုင် ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးရမယ်၊ ဖွဲ့စည်း ပုံ အခြေခံ ဥပဒေက အခြေခံကျတာတွေကိုပြင်ဆင်ရမယ်၊ စတာမျိုး အနည်းဆုံး လုပ်ပြမှ သာ နောက်ပြန် မလှည့် နိုင်တဲ့အပြောင်းအလဲလို့ယူဆနိုင်မှာဖြစ်ပါတယ်၊ ဒါမျိုးရှိမှသာ အမေရိကန် အစိုးရ အနေနဲ့ လက်ရှိမူဝါဒ မျိုးကို ဆက်လက်ကျင့်သုံးသင့်တယ်လို့ United to End Genocide ခေါ်တဲ့ လူမျိုး တုန်း သတ်ဖြတ်မှု တားဆီးမှုဥက္ကဌ Tom Andrews ကပြောခဲ့ပါတယ်။ ဒါကြောင့်မို့ ကွန်ဂရက်အနေနဲ့မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒတွေ ကို ချမှတ်ဖို့ စဉ်းစားရာမှာ ပြတ်ပြတ်သားသား ဒါတွေကို စဉ်းစားဆုံးဖြတ်သင့် ပါတယ်လို့ သူက ပြောကြား ခဲ့ပါတယ်ခင်ဗျား”
အသံဖိုင်နားဆင်ရန် -
ဌေးလွင်ဦး
RB News
1.3.2013
အမှန်ကို အမှန်အတိုင်း လက်မခံနိုင်သူများ- ကိုယ့်ဒုက္ခ ကိုယ်ရှာနေသူများသာ ဖြစ်ပါတယ်။ အမှောင်ခေတ် မှာ အကုသိုလ်ကျူးလွန်မှု၊ မတရားမှု၊ ရာဇ၀တ်မှုများကို ကလိမ်ကကျစ်ကောင်များက တစ်စုံတစ်ရာ လုပ်နိုင်ခွင့် ရှိ ပေမယ့်-၊ ရှင်းလင်းထင်ရှားလာတဲ့ ခေတ်ကာလမှာ-၊ ထိုထိုသော မအပ်မရာသည့် အမှုများ အား ကျူးလွန်သူများ ကို ကမ္ဘာကြီးက ရာဇ၀တ်ကောင်များလို့ သတ်မှတ်ပြီး-၊ အများသူငါက အမှန် တရားကို သိနေပါလျှက် ထပ်ဆင့် ထပ်ဆင့် လိမ်ညာနေသူများကို ကျပ်မပြည့်သူများလို့ သတ်မှတ်ပါတယ်။
မြန်မာနိုင်ငံဟာ ပိတ်ပင်တားဆီးလို့ မရတဲ့ မီဒီယာများအောက်က ခေတ်သစ်ကမ္ဘာထဲကို အရှိန်အဟုန် နဲ့ ရောက် လာနေပါတယ်။ ကမ္ဘာ့ မျက်လုံးများရဲ့ အောက်မှာ ခေတ်နောက်ကျသွားပြီ ဖြစ်တဲ့ မျက်ကန်း အမျိုး သားရေး ၀ါဒ ကို ဖက်တွယ်ထားသူများရဲ့ ဘ၀က- ပိတ်ဆို့ထားလို့ အင့်အိုင်နေတဲ့ ဧရာမရေကန်ကြီး တစ်ခု တာကျိုးသလို- ကျိုးကျပျက်စီးသွားဘို့လည်း စတင်နေပါပြီ။
နိုင်ငံရေး ပြုပြင်ပြောင်းလဲအတွက် အချိန်ကာလ တစ်ခု ယူရတယ် ဆိုတာကိုတော့ ကမ္ဘာက ခွင့်ပြုပါတယ်။ ကမ္ဘာ့နိုင်ငံတိုင်းလည်း ဒီအတိုင်းပဲ ပြောင်းလဲခဲ့ရတာပါ။ လူ့အခွင့်အရေး ချိုးဖေါက်မှုနဲ့ ချိုးဖေါက်ခံရမှုများကို ချုပ် ငြိမ်းစေဘို့လည်း ကာလတစ်ခု စောင့်ရပါတယ်- ဒါကိုလည်း ကမ္ဘာ့အသိုင်းအ၀ိုင်းက ငြင်းပါယ်ခြင်း မရှိပါ။ ဒါပေမယ့် လူသားမျိုးနွယ်အကြား တမင်ရည်ရွယ်ချက်နဲ့ သမိုင်းလိမ်မှု၊ တန်းတူညီမျှ ဥပဒေ မရှိမှု၊ မတော် မတ ရားတဲ့ လိမ်ညာစွပ်စွဲမှုများနဲ့ လူမျိုးနွယ်တစ်စုကို ဖိနှိပ်ပြီး မျက်ကန်းအယူသည်းအုပ်စုတစ်ခုကို မျက်နှာသာပေး မှုတို့ကို ပြုပြင်ပြောင်းလဲဘို့ရာ ဥပဒေ ပြဌာန်းမှုကို ကမ္ဘာ့မည်သည့်နိုင်ငံကမှ အချိန်ပေးမှု မရှိပါ။
မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ ပဋိပက္ခအားလုံးကို ပြန်ကြည့်ရင်-၊ ကမ္ဘာက လုံးဝ ခွင့်လွှတ်ပေးလို့ မရနိုင် တဲ့ အရေးကိစ္စက “ရိုဟင်ဂျာ” အရေးကိစ္စဖြစ်နေပါတယ်။ ကမ္ဘာ့လူ့ကျင့်ဝတ်ရှုဒေါင့်၊ ကမ္ဘာ့ ဘာသာ တရားများ ရှုဒေါင့်၊ ကမ္ဘာ့ဥပဒေများ ရှုဒေါင့်၊ ကမ္ဘာ့လူ့အခွင့်အရေးရှုဒေါင့်၊ ကမ္ဘာ့သမိုင်းရှုဒေါင့်- ဘယ်ရှုဒေါင့် က ကြည့်ကြည့် ဘယ်လိုမှ ခွင့်လွှတ်နားလည်ပေးလို့ မရတဲ့ အရေးကိစ္စဖြစ်နေပါတယ်။ ဒီကိစ္စမှာ “ရိုဟင်ဂျာ”များကို မတရား သဖြင့် ရည်ရွယ်ချက်နဲ့ နှိပ်ကွပ်နေတယ်၊ မောင်းထုတ်နေတယ်၊ မျိုးဖြုတ် သတ်ဖြတ်နေတယ်၊ ဆိုတာ ကမ္ဘာက သိနေပါတယ်။ စောင့်ကြည့်နေပါတယ်။ ဒီကိစ္စကြောင့် မြန်မာ့ ဗုဒ္ဓ ဘာသာ ဆိုတာလည်း ကမ္ဘာမှာ အကြီး အကျယ် နာမည်ပျက်ရသလို-၊ မြန်မာ့ ခေါင်းဆောင်များလည်း ကမ္ဘာမှာ အကြီးအကျယ် အရှက်ကွဲနေရပါတယ်။
ရိုဟင်ဂျာများကို ဟိုနာမည်ပေးမယ်၊ ဒီနာမည်ပေးမယ်၊ နည်းမျိုးစုံနဲ့ စဉ်းစားနေတဲ့ မျက်ကန်းမျိုးချစ်များကို ကမ္ဘာ က ကျပ်မပြည့်သူများလို့ သတ်မှတ်ခံစားနေပါတယ်။ အဲ့ဒီ ကျပ်မပြည့်သူများက ဘယ်လို ကင်ပွန်းတပ်တပ်- ကမ္ဘာ-တစ်ခုလုံးက သူတို့ကို “ရိုဟင်ဂျာ”လို့ပဲ တရားဝင် အသိအမှတ်ပြုထားပါပြီ။ ရိုဟင်ဂျာ လို့ပဲ ခေါ်တွင်နေပါ ပြီ။ ရိုဟင်ဂျာ ဆိုတဲ့ အမည်နာက တစ်ပြားတစ်စေ့မှ ယုတ်လျှော့သွားခြင်း မရှိပါ။ ယုတ်လျှော့သွားစရာလည်း အကြောင်းမရှိပါ။
ကိုယ့်ရွာကို ကမ္ဘာထင်ပြီး- ကိုယ့်ရွာနဲ့ ကိုယ့်ဇတ် ကြိုက်သလို ခင်းမယ် ဆိုတဲ့ အယူဝါဒကို လက်ကိုင် ထားသူများ ရဲ့ တစ်ဦး ချင်းသော အမည်နာမတွေဟာ ကမ္ဘာ့ အလယ်မှာ မျက်ကန်းမျိုးချစ် ကျပ် မပြည့်သူ အဖြစ်သာ နေ့တစ်ဓူဝ ကျော်ဇောနေပါတယ်။ ၀န်ကြီးဘယ်သူက၊ လွှတ်တော်အမတ် ဘယ် သူက၊ သမိုင်း ဆရာဘယ်သူက“ရိုဟင်ဂျာ”တွေကိုလက်မခံကြောင်း၊“ရိုဟင်ဂျာ”နဲ့ပတ်သက်ပြီး ဗြောင်ငြင်းနေကြောင်း- သတင်းတွေ ဟာ ကမ္ဘာ့ ဘာသာစကား ပေါင်းစုံနဲ့ နေ့စဉ် ပျံ့နှံ့နေပြီး- ကမ္ဘာ့ အလည်မှာ အရေးကြီးတဲ့ Issue အဖြစ် သမိုင်းတင်နေ ပါတယ်။ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပ နိုင်ငံများ၊ အာဆီ ယံနိုင်ငံ များ၊ အရှေ့အလယ်ပိုင်း နိုင်ငံ များ-၊ နောက်ဆုံး ပစ္စပိတ်ကျွန်းနိုင်ငံ များ၊ တောင် အမေရိကနိုင်ငံများ၊ အာဖရိကနိုင်ငံများ-၊ အားလုံးမှာ အဲ့ဒီ ရိုဟင်ဂျာ ဆန့်ကျင်သူများကို မျိုးပြုတ် သတ် တရားခံများ အဖြစ် ရာထူး ဌာန နာမည်နဲ့ တကွ နေ့စဉ်မှတ်တမ်း တင်နေပါတယ်။
ဒီလို ပွင့်လင်းတဲ့ စီးကြောင်းကြီးကို မြန်မာနိုင်ငံက ဘယ်လောက်များ တားဆီးကာကွယ်ထား နိုင်မလဲ။ တရားခံ ဖြစ် ရမယ့်သူဟာ ကမ္ဘာမှာ လူလိမ်အဖြစ် သော်လည်းကောင်း၊ လူမျိုးတစ်စုကို မျိုးဖြုတ် သတ် ဘို့ ထောက်ခံ အားပေးသူ အဖြစ်သော်လည်းကောင်း မှတ်တမ်းတင် ခံနေရတာကို ဂုဏ်ယူနေနိုင် မလား ဆိုတာ တော့ ကိုယ့်ကိုယ်ကို ပြန်လည် သုံးသပ်ဘို့ လိုပါမယ်။ ကိုယ့်ရဲ့ သားစဉ်မြေးဆက် ဂုဏ်သိ က္ခာ ကို လည်း ထောက် ထားငဲ့ညှာတတ်ဘို့ လိုပါမယ်။ အပြစ်မဲ့တဲ့ သားသမီး၊ မြေးမြစ်ဟာ-၊ လူလိမ် လူကောက် တစ်ဦး၊ ကမ္ဘာ့တရားခံ တစ်ဦးရဲ့ သားသမီး၊ မြေးမြစ် ဘ၀ကိုလည်း အလိုလို ရောက်နေပါပြီ။
အမှန်တရားဟာ ခိုင်မာပါတယ်၊ တည်တံ့ပါတယ်။ ဘယ်သူတွေက ဘယ်လောက် ရာထူးကြီးကြီး-၊ ဘယ် လောက်သြဇာရှိရှိ အမှန်တရားကို ပါယ်ဖျက်လို့ မပျက်နိုင်ပါ။ “အရက္ခဒေသ- မဟာဝိဟိက” တိုင်းကြီးဟာ ရိုဟင်ဂျာတို့ရဲ့ မူလဘူတ ဇာတိမြေဖြစ်ပြီး-၊ အခု ရခိုင်လို့ ခံယူထား သူတွေ ဟာ မြန်မာ့ အရှေ့မြောက်ဘက်က ရိုဟင်ဂျာများထက် နောက်ကျမှ ၀င်လာတဲ့ ဗမာလူမျိုးစု သာ ဖြစ်ပါ တယ်။ ဒါကို ကမ္ဘာ့သမိုင်း ပညာရှင်တွေ တွေ့ ရှိထားပါပြီ။ လက်ခံထားပါပြီ၊ ကမ္ဘာ့အမွေအနှစ်ထိမ်းသိမ်းစောင့်ရှောက်ရေး (ယူနက်စ်စကို) ကိုယ်တိုင်က- ရိုဟင်ဂျာ တွေဟာ- လက်ရှိရခိုင်ဒေသရဲ့ မူလဘူတ လူမျိုး Aborigines အဖြစ် အသိ အမှတ်ပြုဘို့ အတွက် Research တွေ လုပ်နေပါပြီ။ ရိုဟင်ဂျာ လူမျိုးများရဲ့ ရုပ်ရည် နဲ့ ရှေးဟောင်း ရခိုင်သမိုင်းကျောက်စာများ၊ ရှေးဟောင်း ရခိုင်မင်းဆက် အမည်နာမ များက မြောက်များစွာ အထောက်အကူဖြစ်နေပြန်ပါတယ်။ ဒီအချက် ဟာလည်း မျက်ကန်းမျိုးချစ်များ အတွက် အိပ်မပျော်စေနိုင် မယ့် အချက်တစ်ခု ဖြစ်လာနေပါတယ်။
မျက်ကန်းအမျိုးသားရေးဝါဒီများရဲ့ မတော်မတရား အမုန်းခံရလေ- အဲ့ဒီ အမုန်းခံရသူကို ကမ္ဘာ့ အသိုင်း အ၀ိုင်းက ကရုဏာသက်လေ ဆိုတဲ့ အချက်ကို ကျပ်ပြည့်သူတိုင်းက ခံစားသိမြင်နိုင်ပါတယ်။ အခုအချိန်ဟာ မိမိစိတ်ကို မိမိမပြုပြင်ဘဲ ဆက်လက်မိုက်မဲနေတဲ့ မျက်ကန်းမျိုးချစ်များ အတွက် အရူးမီးဝိုင်း အခြေအနေကိုသာ ရောက် လာနေပါပြီ။ မျက်ကန်းမျိုးချစ်ဝါဒမှာ ဆက်လက်ရပ်တည်သူ၊ မျက်ကန်း မျိုးချစ်ဝါဒကို ထောက်ခံအားပေးသူ- ၀န်းရံပေးသူ အားလုံးဟာ ကိုယ့်ဒုက္ခကိုယ်ရှာနေသူများသာ ဖြစ်ပြီး-၊ တစ်နေ့ တစ်ခြား သူတို့ရဲ့ လုပ်ရပ်နဲ့ အရှိန် အ၀ါသာ ယုတ်လျှော့လာနေပြီး- ရိုဟင်ဂျာတွေကို ကမ္ဘာ့ထောက်ခံ မှုက တစ်နေ့တစ်ခြား တိုးပွားလို့သာ လာနေ ပါတယ်။
အမှားတစ်ခုမှာ ခေါင်းမာနေသူများ၊ ကိုယ့်ဒုက္ခကိုယ်ရှာနေသူများဟာ- ကမ္ဘာ့အလယ်မှာ တစ်နေ့တစ်ခြား အရှက်ကွဲလာရမယ်၊ ကမ္ဘာ့လူထုရဲ့ ချဉ်ဖတ်ဖြစ်လာရမယ်၊ သားသမီးမြေးမြစ်များရဲ့ ဂုဏ်သိက္ခာ ကို စော် ကားသူ များ ဖြစ်လာရမယ်၊ သူတို့ရဲ့ လုပ်ရပ်များက သူတို့ကို ဂွင်ကျင်းလာစေပြီး-၊ လိမ်လေ- ပတ်လေ ဘ၀နဲ့ အိပ်မပျော် စားမ၀င်ဖြစ်လာရမယ်၊
ဒီတော့ ကျုပ်တို့ဘက်က စိန်ခေါ်ခြင်းနဲ့ မေတ္တာရပ်ခံခြင်း နှစ်ရပ်ကို လမ်းဖွင့်ထားပါတယ်။ အမှန် တရားဘက်ကို ဘက်ပြောင်း လိုသူများ အတွက် ကျုပ်တို့ ဘက်က တံခါးပိတ် ထားခြင်း မရှိပါ-၊ ဒီအတွက် အမှန် တရားကို လက်ခံ လိုသူ၊ အမှန်တရားကို ချစ်သူ၊ အမှန်တရားကို မသိခဲ့လို့ မှားခဲ့ရသူ- အားလုံးအား အမှန်တရားကို လေ့လာဘို့ မေတ္တာ ရပ်ခံပါတယ်။ မိမိနှလုံးသားကို မိမိ မပြင်နိုင်သူ၊ အမှန်ကို သိလျှက် ဇွတ်မိုက်နေသူ၊ မနာလိုမစ္ဆရိယစိတ် ရှိသူများ အနေနဲ့--၊ ဆက်လက်မိုက်မဲ မိုက်ကြေးခွဲနေရင်လည်း ကျုပ်တို့ဘက်က အမှန် တရားတော်လှန်ရေးကို ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူးလို့ ထပ်ဆင့် စိန်ခေါ်ပါတယ်။ အောင်မြင်မှုက ကျုပ်တို့လက်ထဲမှာပါ။ အောင်မြင်မှု ရောင်နီဟာလည်း ထွန်းလင်း လာနေပါပြီ။ တနည်းအားဖြင့် သန်းခေါင်ကျော်ခဲ့ပါပြီ။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင်တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
မေယုမျိုးအောင်
RB News
1.3.2013
ရိုဟင်ဂျာလူမျိုးများကို မြန်မာနိုင်ငံ၏ ပထမဦးဆုံး သမ္မတစ၀်ရွှေသိုက်မှ အသိ အမှတ်ပြု ခဲ့ပြီး ဖြစ် ပါ သည်။ နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု၊ ကာကွယ်ရေးဝန်ကြီး ဦးဘဆွေနှင့် ၀န်ကြီးအဖွဲ့ ဆုံးဖြတ်ချက် အ ရ မေယုနယ်ခြား ခရိုင်တွင် နေထိုင်သော လူနည်းစု ရိုဟင်ဂျာ တိုင်းရင်းသားအဖြစ် သတ်မှတ်၍ ရိုဟင်ဂျာ တိုင်းရင်းသား ဘာသာ အစီအစဉ်ကို (၁၉၆၁ ခုနှစ်၊ မေလ၊ ၁၅) ရက်နေ့မှစ၍ မြန်မာ့ အသံတိုင်း ရင်းသား ဘာသာ အစီအစဉ်မှ အသံလွှင့် ခွင့်ပြုခဲ့ပါသည်။ ပြန်ကြားရေး နှင့် အသံလွှင့် ဦးစီး ဌါနထုတ်နှစ် (၃၀)မြန် မာ့ အသံစာအုပ်စာမျက်နှာ(၇၁) တွင် တရားဝင်ဖော်ပြထား ပါသည်။
(၂၅.၉.၁၉၅၉) ရက်နေ့တွင် နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု၏ မြန်မာ့ အသံမှ အသံလွှင့် မိန့်ခွန်းတွင် ဘူး သီးတောင်မောင်တောနယ်တွင် နေထိုင်ကြသောပြည်ထောင်စု သားများမှာ များသောအား ဖြင့် ရိုဟင်ဂျာ မူစလင် များဖြစ်ကြောင်း မိန့်ကြားခဲ့သကဲ့သို့ ကာကွယ်ရေးဝန်ကြီး ဦးဘဆွေကလည်း (၃-၁၁-၁၉၅၉)နှင့် (၄-၁၁-၁၉၅၉)နေ့များတွင် မောင်တော ဘူးသီးတောင် လူထုအစည်း အဝေးတွင် ရိုဟင်ဂျာ တိုင်းရင်းသား များသည် အခြားသော တိုင်းရင်းသား များနှင့် တန်းတူနှစ်ပေါင်း များစွာအ တူ နေထိုင် ခဲ့ကြောင်း ရာဇ၀င် အထောက် အထားများနှင့်တကွ မိန့်ကြားဟောပြောခဲ့ပါသည်။
ကာကွယ်ရေးဝန်ကြီး ဌာနပညာရေးနှင့် စိတ်ဓာတ်ရေးရာ ညွှန်ကြားရေးမှူးရုံးမှ ၁၉၆၁ နှစ် တွင် ထုတ်ဝေခဲ့သည့် တပ်မတော်ခေတ်ရေး စာစောင်များအနက် (၈.၈.၆၁)နေ့ထုတ်အတွဲ ၁၂၊ အမှတ် (၉)စာစောင် တွင် ''ပျောက်ဆုံးနေသော ညီအစ်ကိုတစ်ဦးကို ရှာတွေသည့်ပမာနှယ်'' ခေါင်းစဉ်ဖြင့် ဘူးသီးတောင်မောင်တောတွင် ရိုဟင်ဂျာလူမျိုး (၉၇%)ရှိကြောင်း ဖော်ပြပါရှိပါသည်။
မေယုရှေ့ရေးစာအုပ်တွင် (၁၉၆၁)ခုနှစ်၊ နိုဝင်ဘာလ၊ (၁၅)ရက် မေယုနယ်ခြားခရိုင် မောင် တောမြို့၌ဒု-ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဗိုလ်မှူးချုပ်အောင်ကြီး၊ ဒု-ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်မှူးချုပ် သန်းဖေနှင့် နယ်ခြားဒေသ အုပ်ချုပ်ရေး အရာရှိချုပ် ဗိုလ်မှူးကြီးစောမြင့် မိန့်ကြား ချက်များတွင် မေယု နယ်ခြား ခရိုင်ရှိ ရိုဟင်ဂျာ တိုင်းရင်းသားလူမျိုးများ၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေးနှင့်ဘာသာရေး တို့ကို ဆောင် ရွက်ရန် ဖော်ပြ ထားကြောင်း လေ့လာသိရှိနိုင်ပါသည်။
ဗဟိုအစိုးရ ဆုံးဖြတ်ချက်နှင့် အညီ မေယုနယ်ခြား ခရိုင်အုပ်ချုပ်ရေးရုံးမှ ရိုဟင်ဂျာလူမျိုးများမှာ တိုင်းရင်းသား လူမျိုြး ဖစ်ကြောင်း(၂၀.၁၁.၁၉၆၁)ခုနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။
မြန်မာ့အသံ (၂၅)နှစ်မြောက် ငွေရတု သဘင်စာအုပ် အဖြစ်(၁၉၇၁)၊ ဖေဖော်ဝါရီလတွင် ထုတ်ဝေခဲ့ရာ '' ရိုဟင်ဂျာ ဘာသာ''ဖြင့် အသံလွှင့် ခဲ့ကြောင်း ဖော်ပြပါရှိပါသည်။
မြန်မာသမိုင်းဖြစ် ရပ်မှန်များ (၁၉၅၈-၁၉၆၂) မြန်မာ့နိုင် ငံရေး မြန်မာ့ သမိုင်းဖြစ် မှန်များ စီစစ်ရေးအဖွဲ့က စီစစ်ပြီး(၁၉၉၁ )နှစ်ထုတ်ဝေ ခဲ့ရာတွင်လည်း ရိုဟင်ဂျာ လူများနှင့်ပတ်သက်၍ ရန်ကုန် တက္ကသိုလ် ရိုဟင်ဂျာ အသင်းမှ ကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ်ပေး သင့်မပေး သင့် ဆွေးနွေး ခဲ့ကြောင်း ဖော်ပြ ပါရှိပါသည်။
မြန်မာ့စွယ်စုံကျမ်းအတွဲ(၉) ၁၉၆၄ ခုနှစ် ထုတ်စာမျက်နှာ (၈၉၉၀) တွင် မေယုနယ်ခြားခရိုင်၊ ဘူးသီး တောင်မောင်တော တွင် ရိုဟင်ဂျာလူမျိုး (၇၅%) ရှိကြောင်း ဖော်ပြထားပါသည်။
(၂၀-၂-၂၀၁၃)နေ့တွင် လ၀က ဒုဝန်ကြီး ဦးကျော်ကျော်ဝင်းမှာ ၁၉၇၃ နှင့် ၁၉၈၃ နှစ် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာကို မှတ်တမ်းတ င်ထားခြင်း မရှိကြောင်းပြော ဆိုခဲ့ပါသည်။ ရိုဟင်ဂျာ များ အစဉ်အဆက် ရိုဟင်ဂျာရေး ရန် တောင်းဆိုသော်လည်း လ၀က၀န်ထမ်းအချို့မှ ရိုဟင်ဂျာလို့ ဖော်ပြ ရန် ၀န်လေးနေ ခဲ့ပါသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည်မှာ နှစ်ပေါင်း (၆၀)ကျော်ပြီဖြစ်ပါသည်။ လွတ်လပ်ရေး ရရှိပြီး အစိုးရ အဆက် ဆက်ပြောင်းသော်လည်း ပြောင်းလဲခြင်းနှင့် အတူ အခြား ၀န်ကြီးဌါနများမှ ရိုဟင်ဂျာ အကြောင်းရေး မှတ်ခြင်း များ ရှိကြောင်း လ၀က ဒု-၀န်ကြီးမှ မပြောဘဲ လိုရာဆွဲပြောဆို သွား သည်ဟု ခံစားမိပါသည်။ ယခင် အစိုးရ အဆက်ဆက် ရိုဟင်ဂျာလူမျိုးဟု ဖော်ပြထားသော မှတ်ပုံတင်နှင့် သန်းခေါင် စာရင်းများ၊ ရိုဟင်ဂျြာ ပည်သူ လက်ထဲတွင် အများအပြား ရှိနေကြောင်း တင်ပြအပ်ပါသည်။
မေယု-မျိုးအောင်
၁၂/မဂဒ (နိုင်) ၀၉၈၃၃၈
၂၅၊ (၄)လွှာ(ဒီ)၊ (၁၃၆)လမ်း
မအူကုန်း၊ တာမွေ
ဖုန်း-09 43189687
RB News
28.2.2013
ကျောက်တော် ။ ။ ရခိုင်ပြည်နယ်အ၀န်းတွင် ၂၀၁၂ ခုနှစ်ဇွန်လ တွင်ပထမ အကြိမ်အကြမ်းဖက်မှု များ ဖြစ်ပွားပြီးနောက်၊ အောက်တို ဘာလတွင် ဒုတိယအကြိမ်ဖြစ် ပွားခဲ့သည်။ ယခု တစ်ဖန် တတိယအကြိမ် အကြမ်း ဖက်မှုကြီးဖြစ်ပွား မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိ သည့်အပြင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် မှု များ ကိုဦးဆောင် ခဲ့သည့် ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီ (RNDP) မှလည်း တတိယလှိုင်းဖြစ် ပွား လိမ့်မည်ဟု မီဒီယာများမှ တဆင့်အကြိမ်ကြိမ်ခြိမ်းခြောက် ခဲ့ပြီး ယခုအချိန် ထိခြိမ်းခြောက် လျက်ရှိ သည်။
ကျောက်တော်မြို့နယ်၊ လက်ဆောင် ကောက်ကျေးရွာအုပ်စု၊ လက်ဆောင်ကောက်ရွာ (ဘာရား ဖာရာ) နှင့်ရခိုင်ရွာ တစ်ရွာဖြစ်သော တောင်ပေါက်ကျေးရွာကြားတွင် ရခိုင်လက်နက်ကိုင် တပ်ဖွဲ့မှလက် နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်၍ အလင်းဝင်ထားသော ဗိုလ်ကြီးသန်းစိုးပိုင် ပေ ၂၀ ပတ်လည်ရှိ၊ ၀ါး၊ ဓနိမိုးဖြင့် ဆောက် လုပ်ထားသော အသေးစားသစ်ခွဲ စက်တစ်လုံးရှိသည်။ အဆိုပါ သစ်ခွဲစက်အား ယနေ့ည ၈ နာရီခန့်တွင် ပိုင်ရှင်ဖြစ်သော ဗိုလ်ကြီးသန်းစိုးနှင့် အတူရခိုင် အကြမ်းဖက်သမား များကိုယ်တိုင် မီးရှို့ဖျက် ဆီးလိုက်ကြသည်။
ထိုသစ်စက်ငယ်၏ တန်ဖိုးမှာ မပြောပလောက်အောင်သြာ ဖစ်ပြီး၊ အဆိုပါ တန်ဖိုးအနည်းငယ်ကို ရင်းနှီး၍ အကြမ်း ဖက်မှုများဖြစ် ပွားရန်ရည်ရွယ်၍ မီးရှို့ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီး လိုက်သော သစ်စက်ငယ်အား တောင်ပေါက်ရွာအနီးရှိ လက်ဆောင်ကောက်ရွာမှ ရိုဟင်ဂျာများမှ မီးရှို့ ဖျက်ဆီးလိုက်သည်ဟု သတင်းလွှင့်နေကြောင်း ဒေသခံများ၏ေ ပြာပြချက်အရသိရှိရပါသည်။
ထိုကဲ့သို့ မဟုတ်မမှန် စွပ်စွဲ၍ ၀ါဒဖြန့်ချီနေ မှုများကြောင့် ကျောက်တော်မြို့နယ်တွင်နေ ထိုင်သောရို ဟင် ဂျာနှင့်ကမန် လူမျိုးများ အပါအ၀င် အခြားမြို့များရှိ အစ္စလာမ် ဘာသာဝင်များအားလုံးမှ လွန်စွာစိုးရိမ် လျက် ရှိကြောင်း သတင်း ရရှိပါသည်။
RB News
28.2.2013
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဆေး သမားကြီးကျေးရွာ အုပ်စု၊ အုန်းတောချေကျေး ရွာတွင် ၂၀၁၂ ခုနှစ်ဇွန်လနှင့် အောက်တိုဘာလ များတွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်ပွား သွားသော ဒုက္ခ သည်များ အတွက် ယာယီတဲ များဆောက် လုပ်ရန် ဒေသခံ များ၏ လယ် ယာမြေ များပေါ်တွင် ဆောက် လုပ်ရန် ကြိုးစား ရာမှ ပဋိပက္ခဖြစ်ပွားပြီး နစကမှ ပစ်ခတ် ရာတွင် ရိုဟင်ဂျာ သုံး ဦး ပြင်း ထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
အခင်းဖြစ် ပွားပုံမှာ အဆိုပါယာယီ တဲများဆောက်လုပ်ရန် အာဏာပိုင်များ ထံမှ ဦးကျော်ကျော် (ရွှေမိုးရွှေ ဆိုင်)မှ ကန်ထရိုက်ရယူပြီးနောက် ဦးကျော်လှ(ခ)အဒူရှကူရ်၊ ဦးသန်းဝင်း(ခ) ဆော်ယာ့ဒ်နှင့်မောင် ကျော် တို့ကို ထပ်ဆင့် ကန်ထရိုက် ပေးခဲ့သည်။ ယာယီတဲများကို အုန်းတောချေကျေးရွာ ရှိတောင်သူ လယ်သမားများ၏ လယ်မြေများပေါ်တွင် သဘောတူ ညီမှုမယူဘဲဆောက်လုပ်ရန်ကြိုးစားရာ ယနေ့ နံနက် ၈ နာရီခန့် တွင် လယ်မြေပိုင်ရှင် တစ်ဦးဖြစ် သူဦးရာဟမတ် တုလ္လာမှ ဆောက်လုပ် ရန်ရောက်ရှိ လာ သောထပ်ဆင့်ကန် ထရိုက်ထံ ဦးကျော်လှထံမှ ၎င်းလယ်မြေ၏တန်ဖိုးငွေကျပ်တစ်သိန်းတောင်းခံခဲ့ သည်။
သို့သော်ဦးကျော်လှမှတောင်းခံသည့်ငွေကြေးကိုမပေးဘဲ၊ နစကများရောက်ရှိလာပြီး ဦးရာဟမတ်တုလ္လာ အား ဖမ်း ဆီးရိုက်နှက်ပြီး နေ့လည် ၁၂ နာရီခန့်တွင်ပြန်လည်လွှတ်ပေးခဲ့သည်။
ထပ်ဆင့် ကန်ထရိုက် ရရှိသူ ၃ ဦးနှင့် အတူလိုက် ပါလာသော ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်မည့်သူ ၂၀ ဦးခန့်နှင့် ရွာသူရွာသားများ အကြားထပ်မံ ခိုက်ရန်ဖြစ် ပွားပြီးနောက် နစကတပ်ဖွဲ့ဝင်များ ထပ်မံရောက် ရှိလာခဲ့ သည်။ ထို့နောက် နစက တပ်ဖွဲ့ဝင်များမှ အုန်းတောချေရွာသူရွာသားများအား သေနတ်ဖြင့်ပစ် ခတ်ရာ ရွာသားသုံး ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။ ဒဏ်ရာရရှိ သူသုံးဦးအား ည ၇ နာရီကျော်တွင်သက် ဆိုင်ရာမှ လာရောက်၍ စစ်တွေမြိြု့ ပည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိပါသည်။
ပြင်းထန်စွာဒဏ်ရာရရှိသူသုံးဦးမှာ -
(၁) ဦးဇာဖေါရ် (ဘ) ဦးရှော်ဖီ (အသက် ၃၈ နှစ်) - ၀ဲဘက်ဖခုံးတွင်ထိမှန်
(၂) ဦးနော်ဘီဟူဆောင်း (ဘ) ဦးဖော်ဇော်လောက် (အသက် ၅၃ နှစ်) - ရင်ဘတ်တွင်ထိမှန်
(၃) ဦးမိုဟာမတ်ရှရီးဖ် (ဘ) ဦးယူစွပ် (အသက် ၄၇ နှစ်) - ယာဘက်တင်ပါးနှင့်ဝမ်းဗိုက်တွင်ထိမှန်
အထက်ပါသုံးဦးမှ ဦးမိုဟာမတ်ရှရီးဖ်၏အခြေအနေမှာလွန်စွာဆိုးရွားလျက်ရှိပြီး အသက်အန္တရာယ် စိုးရိမ် ရ ကြောင်း သိရှိရပါသည်။
ဦးမောင်ဖေတင်
တရားလွှတ်တော်ရှေ့နေ
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥဒေ အခန်း ( ၈ ) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့် အရေးနှင့် တာဝန် များခေါင်း စဉ် အောက်တွင် ပုဒ်မ-၃၄၅ နှင့် ပုဒ်မ-၃၄၆ တို့ကို အောက်ပါ အတိုင်း ပြဌာန်း ထားပါသည်။
ပုဒ်မ- ၃၄၅ အောက် ဖော်ပြပါ အရည် အချင်း တစ်ရပ်ရပ်နှင့်ပြည့်စုံ သူများ သည်ပြည်ထောင်စု သမ္မတမြန် မာ နိုင်ငံတော်၏ နိုင်ငံသား များဖြစ်ကြသည်။
(က) “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော်၏ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူ”
(ခ) “ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပြဌာန်း သည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ” ဟူ၍ ဖြစ် ပါသည်။
ပုဒ်မ-၃၄၆ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့် နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းတို့သည် ဥပဒေပြ ဌာန်း သည့် အတိုင်း ဖြစ်စေရမည်။
၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေအခန်း ( ၂ ) တွင် နိုင်ငံသာြး ဖစ်ခြင်းကို ပုဒ်မ-၂ မှ ၂၂ ထိလည်းကောင်း၊ အခန်း ( ၄ ) တွင် နိုင်ငံသားပြုခွင့် ရသူဖြစ်ခြင်းကို ပုဒ်မ-၄၂ မှ ပုဒ်မ-၆၄ ထိ လည်းကောင်း ပြဌာန်း ထားခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၃၄၆ တွင် ရည်ညွှန်းသော ဥပဒေပြဌာန်း ချက်များဟု မှတ် ယူနိုင်သော်လည်း အခန်း ( ၃ ) တွင် ဧည့်နိုင်ငံသားဖြစ်ခြင်းကို ပုဒ်မ၂၃ မှ ပုဒ်မ-၄၁အထိ ပြဌာန်း ထားရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တွင် မပါ ရှိသည့် ဥပဒေ ပြဌာန်း ချက်ဖြစ်ကြောင်း တွေ့ရှိရသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပင်မ ဥပဒေဖြစ်သဖြင့် ထိုဥပဒေတွင် ပြဌာန်း ထားခြင်းမရှိ သော ဧည့်နိုင်ငံ သားဖြစ်ခြင်း ဆိုင်ရာ ဥပဒေ ပြဌာန်းချက်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် စပ်လျဉ်း သမျှ အတည်ဖြစ်ရန် အကြောင်း မရှိပါ။ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ-၂ ( ခ ) တွင် နိုင်ငံသားဆိုသည့်စကားရပ်မှာ မြန်မာနိုင်ငံသား ကို ဆို လိုကြောင်း အဓိပ္ပါယ်ဖွင့် ဆိုထား ပါသည်။ ထို ဥပဒေ ပုဒ်မ-၂( စ )တွင် နိုင်ငံသား လက်မှတ် ဆိုသည်မှာ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ သားအဖြစ်( ရွေးချယ်ရေး) အက် ဥပဒေအရဖြစ်စေ၊ ၁၉၄၈ခုနှစ် ၊ ပြည်ထောင် စု မြန်မာနိုင်ငံသား ပြစ်မှု အက်ဥပဒေ အရဖြစ်စေ၊ ဤ ဥပဒေအရဖြစ်စေ ထုတ်ပေး ထားသော နိုင်ငံသား လက်မှတ်ကို ဆိုသည်ဟုလည်း အဓိပ္ပါယ်ဖွင့် ထားပါ သည်။
မြန်မာနိုင်ငံသား ဥပဒေပုဒ်မ၇၅အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ၀န်ကြီးအဖွဲ့ သည် နိုင်ငံ တော်ကောင် စီ၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာအမှတ်-၁၃/၈၃ ဖြင့် နိုင်ငံ သားဆိုင်ရာလုပ်ထုံး လုပ်နည်းများ ကို(၂၀-၉-၁၉၈၃ ) နေ့တွင် ထုတ်ပြန်ခဲ့ သည်။
(ကြေညာချက် အမှတ်-၁၄/၈၃ နှင့် ၁၅/၈၃ တို့ အရလည်း ဧည့်နိုင်ငံသားနှင့် နိုင်ငံသား ပြုခြင်း ခံရသူ ဆိုင်ရာ လုပ် ထုံး လုပ်နည်း များကို ထုတ်ပြန် ခဲ့သည်။)
၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေမှာ ပြည်သူ့ လွှတ်တော်မှ ပြဌာန်းသည့် ဥပဒေ အမှတ်၎/၁၉၈၂ ဖြစ်သော် လည်း ထို ဥပဒေ အာဏာ တည်သည့် ရက် ကို ထည့်သွင်းပြဌန်း ထား ခြင်းမရှိ သည့် အပြင် နောင်ကျင်း ပခဲ့သည့် ပြည်သူ့ လွှတ်တော် ဆုံးဖြတ် ချက်များ အရလည်း ထိုဥပဒေ အတည်ပြု သည့်နေ့ရက် ကို ပြဌာန်းကြေ ညာ ထုတ်ပြန် ခဲ့ခြင်းမရှိဘဲ နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်း တွင်သာ နိုင်ငံသား ဥပဒေအာဏာ တည် သည့် ရက်ကို (၁၅-၁၀၁၉၈၂) ခုနှစ်ဟု ၀န်ကြီး အဖွဲ့၏ ထည့် သွင်းကြေငြာ ခဲ့ရာ ထိုစဉ်က ပြည်သူ့ လွှတ်တော် က အတည်ပြု ပြဌာန်း ကြေညာသော ဥပဒေဖြစ် သကဲ့သို့ အ တည်ဖြစ်၊ မဖြစ်ဆိုသည် ကိုယခု ကျင်း ပနေ သော ပြည် ထောင်စု လွှတ်တော် က ထည့်သွင်း စဉ်းစားသင့်ပါသည်။
နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် နိုင်ငံသားလက်မှတ်အဖြစ် ပုံစံ ( နိုင်-၆ ) ပန်းရောင်အဖုံးပါ စာအုပ်ကို နမူနာအဖြစ် ထည့်သွင်းဖော်ပြထားပါသည်။
၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေ ပြဌာန်းသည့်နေ့ ကစ၍ ယနေ့ ၂၀၁၃ ခုနှစ်အထိ နှစ် ( ၃၀ ) အတွင်း မြန်မာနိုင်ငံသား ဥပဒေအရ ထုတ်ပေးသည့် ပန်းရောင်စာအုပ် ( နိုင်-၆ ) နိုင်ငံသား လက်မှတ် နမူနာကိုပင် တွေ့မြင်ဖူးသူ အလွန်ရှားပါး ပါသည်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေသည် ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်နှင့် အညီအညွတ်မဖြစ်သဖြင့် ဥပဒေပြဌာန်းသည့်နေ့မှ ၁၉၈၈ ခုနှစ် န၀တ အစိုးရ က နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူသည့်နေ့အထိ ( ၆ ) နှစ်ကျော် Dead Law အဖြစ် ရှိနေရာက ၁၉၉၀ ပြည့်နှစ် ရွေးကောက် ပွဲတွင် ရွေးချယ်ခံရမည့်သူမျာနှင့် မဲဆန္ဒရှင်များ၏ စာရင်းများကို ပြုစုနိုင်ရန်အတွက်သေနေသော ဥပဒေကို ပြန်လည်အသက်သွင်းခဲ့ကြခြင်း ဖြစ်ပါသည်။
ပြည်တွင်းနေသူ တစ်ဦးသည် မြန်မာနိုင်ငံသား ဟုတ်၊မဟုတ် သေချာစွာ စိစစ်ပြီးမှ ပုံစံ( နိုင်-၆)ကို ပေးရမည်ဖြစ်ရာ၊ ယခုအဆင့်တွင် ထို သူနိုင်ငံသားဟုတ်၊ မဟုတ် စိစစ်နိုင်ရန် အတွက် ပုံစံ-နိုင်-၆ ( က ) နိုင်ငံ သားစီစစ်ရေး ကတ်ပြားကိုသာ လ၀က ဦးစီးဌာနမှ ထုတ်ပေးခြင်းဖြစ် ပါသည်။ ထိုပုံစံ နိုင်၆(က)ကို ကိုင်ဆောင် ထားသူသည် နိုင် ငံသားဥပဒေ ပုဒ်မ-၂ ( စ ) တွင် အတိအလင်းပြဌာန်း ထားသော ဤဥပဒေ အရထုတ်ပေးသော နိုင်ငံသား လက်မှတ်ပုံစံ ( နိုင်-၆ ) ကိုကိုင်ဆောင် ခွင့်မရ ရှိသေးမှီပုဒ်မ၂ (ခ) ပါ မြန်မာနိုင်ငံ သားဟု တထစ် ချမှတ် ယူနိုင်မည် မဟုတ်ပါ။
နိုင်ငံသား ဆိုင်ရာ လုပ်ထုံး လုပ်နည်း အပိုဒ်-၃၆ တွင် နိုင်ငံသား လက်မှတ်ကို အတုပြုလုပ် လျှင် ထောင်ဒါဏ် ( ၁၅ ) နှစ် ကျခံစေရမည်ဟု သတ်မှတ်ထားပြီး၊ အပိုဒ်-၃၇ တွင် နိုင်ငံသား စိစစ်ရေး ကတ်ပြား ပုံစံ နိုင်-၆ ( က ) ကို အတုပြု လုပ်လျှင် ပြစ်မှု ဆိုင်ရာ ဥပဒေအရ အရေး ယူခြင်း ခံရမည်ဟု ဖော်ပြ ပါရှိပါသည်။
စီရင်ထုံး များအရ ဆိုပါလျှင် ပုံစံ-နိုင်-၆ ( က ) ကို အတည်ပြု လုပ်လျှင် ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ-၄၆၈ အရ ( ၇ ) နှစ် ထက် မပိုသော ပြစ်ဒဏ်နှင့် ငွေဒဏ်ကို ချမှတ်ပြီး၊ ပုံစံ နိုင်-၆ ကို အတုပြု လုပ်လျှင် နိုင်ငံသား ဥပဒေပုဒ်မ ( ၂၁ ) အရ ထောင်ဒဏ် ( ၁၅ ) နှစ်နှင့် ငွေဒဏ်ကို ကျခံ နေကြရသဖြင့် ပုံစံ-( နိုင်-၆ ) နှင့် ပုံစံ-နိုင်-၆ ( က ) မှာ အနှစ် သာရ မတူပါ။
ပုံစံ ( နိုင်-၆ )တွင် ဥပဒေ များအရ UCC နှင့် ၁၉၈၂ ခု နိုင်ငံသား ဥပဒေ အရ လက်မှတ် ကိုင်ဆောင် ခွင့်ရှိ သူများ သည် မြန်မာနိုင်ငံသား များဖြစ်ကြပါသည် ဟု ၀င့်ကြွား စွာပြော ဆိုနိုင်ကြ မည်ဖြစ် သော် လည်း ပုံစံ နိုင်-၆ ( က ) ကိုင်ဆောင် သူ တစ်ဦး အနေဖြင့် ပုံစံ ( နိုင်-၆ ) ကိုင်ဆောင် ခွင့်ရရှိရန် နှစ်ပေါင်း များစွာ စိစစ် ခံနေရ ဦးမည်သာ ဖြစ်ပါသည်။
ဤကဲ့သို့သော အခြေအနေတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၄၅ ( ခ ) တွင် ဖော်ပြထားသော ဤဥပဒေအာဏာတည်သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူများသည် နိုင်ငံသားဖြစ်သည်ဟု ပြဌာန်းထားသည့် အခွင့်အရေးကို ( ၁၉၄၈ ခုနှစ် ဥပဒေနှစ်ရပ်တို့ဖြင့် UCC ခေါ် နိုင်ငံသားလက်မှတ်ထုတ်ယူရရှိထားသူများမှ အပ ) တရားဝင်ရရှိခံစားနိုင်ကြရမည် မဟုတ်ပါ။
အိန္ဒိယ တိုက်ငယ်နှင့် တရုတ်ပြည်မ ကြီးတို့မှ ၀င်ရောက်လာပြီး ၁၉၄၈ ခုနှစ် ဥပဒေနှစ် ရပ်ပါ UCC ခေါ် နိုင်ငံသား လက်မှတ်ကို လျှောက်ထား ရယူကိုင်ဆောင် ထားကြသူများသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ဖြစ်သည့်နေ့တွင် ဥပဒေနှင့် အညီ နိုင်ငံသားများ ဖြစ်ကြသော်လည်း ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် နိုင်ငံသား များမှ မွေးဖွားလာသူများ သည်လည်း နိုင်ငံသာြး ဖစ်သည် ဟု အတိအလင်း ခွင့်ပြုပြဌန်းချက် မရှိသဖြင့် နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားလာ သူများမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ-၃၄၅ အရ နိုင်ငံသား အဖြစ်ကို မရရှိနိုင်ကြဘဲ ပုဒ်မ-၃၄၆ အရ ပြဌာန်းထားသော ဥပဒေ အရသာ လျှင် နိုင်ငံသားဖြစ် ခွင့်ရထိုက်၊ မရထိုက် စိစစ်မှုကို ခံယူရ မည် ဖြစ်ပါ သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ-၃၄၅ ( က)တွင် တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွား သူများ သည် နိုင်ငံသားများဖြစ် သည် ဆိုခြင်းကို အငြင်း မပွားလိုသော်လည်း တိုင်းရင်းသား ဆိုသည့် စကားရပ် မှာ မြန်မာနိုင်ငံ သား ဥပဒေနှင့် လုပ်ထုံးလုပ်နည်း ပါ ပြဌာန်းချက်များအရ အဂတိတရား မပါရှိဘဲနိုင်ငံသားတစ်ဦး ဟုတ်မဟုတ်ဆိုသည်ကို တိကျစွာ ခွဲခြားဆုံးဖြတ် သတ်မှတ်ရန် အလွန်ခက်ခဲပါသည်။
မြန်မာနိုင်ငံသား ဥပဒေပုဒ်မ-၅ တွင် တိုင်းရင်းသား တိုင်းသည်လည်းကောင်း၊ တိုင်းရင်း သားမိ ဘနှစ် ပါးမှ မွေးဖွားသူတိုင်း သည်လည်းကောင်း မွေးရာပါ နိုင်ငံသားဖြစ်သည်ဟုလည်း ကောင်း ပုဒ်မ ( ၃ ) တွင် နိုင်ငံတော်တွင် ပါဝင်သော နယ်မြေတစ် ခုခု၌ မြန်မာ သက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီ ကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင် ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများ သည် မြန်မာနိုင်ငံ သားဖြစ်သည် ဟု လည်းကောင်း ပြဌာန်းထားပါသည်။
န၀တအစိုးရအဖွဲ့သည် နိုင်ငံတော်ကောင်စီ၏ အာဏာကို ကျင့်သုံးပြီး ထင်ရှားသော တိုင်းရင်းသား ( ၈ ) မျိုး အပါအ၀င် တိုင်းရင်းသားမျိုးနွယ်စု ( ၁၃၅ ) မျိုး၏ စာရင်းကိုထုတ်ပြန် ပြီး မြန်မာနိုင်ငံ၏ တိုင်းရင်းသား များဖြစ်ကြောင်း အသိအမှတ်ပြုခဲ့သည်။ သို့ရာတွင် နိုင်ငံသား ဆိုင်ရာလုပ်ထုံးလုပ်နည်းများ အပိုဒ်-၅ တွင် -
“ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် လူမျိုးများပင် ဖြစ်စေကာမူ နိုင်ငံတော်တွင် ပင်ရင်းနိုင်ငံ အဖြစ် အမြဲနေထိုင်ခြင်း မရှိဘဲ အခြားနိုင်ငံတွင် ပင်ရင်းနိုင်ငံအဖြစ် အမြဲနေ ထိုင်ကြသူများ သည် တိုင်းရင်းသား များမဟုတ်ပါ။ ၁၈၂၃ ခုနှစ်၊ နောက်ပိုင်း နိုင်ငံ အတွင်းသို့ ၀င်ရောက်နေ ထိုင်ကြသော အမည်တူ မျိုးနွယ်စု များသည်လည်း တိုင်းရင်း သားများ မဟုတ်သည့်အပြင် မွေးရာပါနိုင်ငံသားများလည်း မဟုတ်ပါ။ အခြားနိုင်ငံ တစ်ခု၏ နိုင်ငံသား အဖြစ်ကို ခံယူထားသော တိုင်းရင်းသား သည်လည်းကောင်း၊ ထိုသို့ တိုင်းရင်း သားမိဘနှစ်ပါးမှ မွေးဖွား သူများသည်လည်းကောင်း မြန်မာနိုင်ငံသားများ မဟုတ်ပါ” ဟု ချွင်းချက်ပြု ထားသည် ကို တွေ့ရှိရသည်။
ဤသို့ဆိုပါလျှင် ဗမာ လူမျိုးဖြစ်သည် ဆိုယုံမျှနှင့် တိုင်းရင်းသား နိုင်ငံသားဟု တထစ်ချ မပြောနိုင်ပါ။ ဘိုးတော်ဘုရား လက်ထက်မှ စ၍ ထိုင်းနိုင်ငံတွင် အစဉ်တစိုက် နေထိုင်သော ဗမာလူမျိုး၊ ရှမ်းလူမျိုး၊ မွန်လူမျိုး စသည်တို့သည် ထိုနိုင်ငံများ၏ နိုင်ငံသားများ သာဖြစ်ကြပြီး မြန်မာနိုင်ငံ၏ နိုင်ငံသား တိုင်းရင်းသား မဟုတ်နိုင်ပါ။
အလားတူ အိန္ဒိယနိုင်ငံ၏ မီဇိုရမ် ပြည်နယ်ရှိ မီဇိုလူမျိုးများ၊ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်း ဒေသရှိ ရခိုင် မျိုးနွယ်စု မောက်တိုင်းရင်း သားများသည် ၄င်းတို့ အစဉ်တစိုက် နေထိုင်သော အိန္ဒိယ၊ ဘင်္ဂလားဒေ့ခ်ျနိုင် ငံတို့၏ ကျေးဇူး သစ္စာကိုသာ ခံယူနေကြ သူများဖြစ်၍ မြန်မာနိုင်ငံ၏ တိုင်းရင်း သား နိုင်ငံသား ဟု မြန် မာနိုင်ငံ သားဆိုင်ရာ လုပ်ထုံး လုပ်နည်းများအရ သတ်မှတ်၍ မရနိုင်ပါ။
ထို့အပြင် အသက်ဘေး အန္တရာယ်အရ သော်လည်းကောင်း၊ စီးပွားရေး အရသော် လည်းကောင်း၊ နိုင်ငံရေး အရသော် လည်းကောင်း အမိနိုင်ငံကို စွန့်လွှတ် ထွက်ခွာသွားပြီး သူတစ်ပါးနိုင်ငံ၏ နိုင်ငံသား အဖြစ်ကို ခံယူနေကြသော သူများမှာလည်း မြန်မာနိုင်ငံ၏ တိုင်းရင်း သား၊ နိုင်ငံသား ဟူ၍ မြန်မာနိုင်ငံသား ဥပဒေအရ သတ်မှတ်၍ မရနိုင်တော့ပါ။
၁၉၈၂ ခုနှစ်၊ နိုင်ငံသား ဥပဒေနှင့် ထို ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း များအရ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း နေထိုင်သော သူတစ်ဦးကို စစ်ဆေးရာတွင် လူမျိုးကို အကြောင်းပြု၍ တိုင်းရင်းသားဟု သတ်မှတ်ခြင်း မပြုနိုင်ဘဲ လူတစ်ဦး ချင်းစီ၏ ဆွေစဉ် မျိုးဆက်များမှာ ၁၈၂၃ ခုနှစ် မတိုင်မီ က ပြည်ထောင် စုမြန်မာနိုင်ငံအတွင်း တစ်ဆက်တည်းနေ ထိုင်လာခြင်း ဟုတ်၊ မဟုတ် စစ်ဆေးပြီးမှ ဆုံးဖြတ်ရ မည့် ပြဿနာဖြစ်ပါသည်။
မြန်မာနိုင်ငံသား ဥပဒေကို ပြဌာန်းရန်နှင့် မည်သည် ဥပဒေများကို တရားဝင် ပြဌန်းပါဟု ညွှန်ကြားခဲ့သည့် လမ်းစဉ်ပါတီ ဥက္ကဌ ဦးနေ၀င်းနှင့် မြန်မာနိုင်ငံ သားဥပဒေကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ သည့် နိုင်ငံတော် ကောင်စီ ဥက္ကဌ ဦးစန်းယုတို့၏ ကိုယ်ရေးသမိုင်းကိုပင် တိုင်းသူပြည်သား များမ သိရှိနိုင်သော အခြေအနေတွင် ၄င်းတို့၏ ဘိုးဘေး ဘီဘင်တို့ကို သိရှိနိုင်အောင် စုံစမ်းမေးမြန်းရန် ဆိုသည်မှာ မဖြစ်နိုင်သည်ကို လ၀က ၀န်ထမ်းများအား ဆောင်ရွက်စေရန် ဥပေးအရ တာဝန်ပေးထားရာ ကျရောက်နေ ပါသည်။
ဤ ကဲ့သို့သော အခြေအနေတွင် တစ်စုံ တစ်ယောက်ကို လ၀ကပုံစံ (နိုင်-၆ ) နိုင်ငံသား လက်မှတ် ထုတ်ပေးမည် ဆိုပါက ထိုသူ၏ မိဘနှစ်ပါးမှာ ၁၈၂၃ ခုနှစ် မတိုင်မီက ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း အစဉ် တစိုက်နေ ထိုင်ခဲ့ကြသော တိုင်းရင်း သားဖြစ်ကြောင်း ထင်ရှားစေပြီးမှ သာ ပုံစံ ( နိုင်-၆ ) ကို ထုတ်ပေးနိုင် မည် ဖြစ်ပါသည်။
အကယ်၍ တစ်ဦးတစ်ယောက်အား ပုံစံ ( နိုင်-၆ ) ထုတ်ပေးထားပြီးဖြစ်သည်ဟု ဆိုပါ လျှင် ထိုသို့ ပုံစံ ( နိုင်-၆ ) ရရှိခြင်းသည် အဂတိတရားတစ်ပါးပါးအရ ထုတ်ပေးခြင်းဟုသာ မှတ်ယူပါက ရာနှုန်းပြည့်မှန် မည်ဖြစ်ပါသည်။
န၀တအစိုးရမှ အသိအမှတ်ပြုခဲ့ပြီးဖြစ်သော တိုင်းရင်းသား ( ၁၃၅ ) မျိုးမှာ လူမျိုးနွယ်စု အမည်ကိုသာ အသိ အမှတ်ပြုခဲ့ခြင်းဖြစ်ပြီး၊ မည်သူမည်ဝါသည် ၁၈၂၃ ခုနှစ်မှစ၍ နိုင်ငံတော် အတွင်း အစဉ် တစိုက် နေ ထိုင်ခဲ့သော ထိုမျိုးနွယ်စုမှ ပေါက်ဖွားလာသူဖြစ်ကြောင်း သတ်မှတ်ခဲ့ ခြင်းမဟုတ်ပါ။
သို့ရာတွင် ထင်ရှားသော တိုင်းရင်းသားလူမျိုး ( ၈ ) မျိုးတွင် အကြုံးဝင် သက်ဆိုင်သော မျိုးနွယ်စု ငယ်များ အနက် အချို့ မျိုးနွယ်စုများမှာ ပြည်ပတွင် နေထိုင်ခြင်းမရှိဘဲ ပြည်တွင်းတွင် သာ အစဉ်တစိုက်နေ ထိုင်ခြင်း ဖြစ်ကြောင်း၊ ပြည်ပတွင် အလားတူမျိုးနွယ်စု လုံးဝမရှိကြောင်း သက်သေ ထင်ရှားပါက ထိုလူ တစ်ဦး၊ လူတစ် စုတို့က တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွား လာခဲ့သော နိုင်ငံသားအဖြစ် ပုံစံ ( နိုင်-၆ ) ကို ထုတ်ပေး မည် ဆိုပါက ထိုလူနည်းစု အတွက်ပင် တိကျသော လုပ်ထုံးလုပ်နည်း ကိုသေးစိတ် ရေးဆွဲ ပြီးမှ ဆောင် ရွက်ပေးနိုင် မည် ဖြစ်ပါသည်။
မြန်မာ နိုင်ငံသား ဥပဒေ ဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ် (၈) အရဆိုပါ လျှင် နိုင်ငံတော် အတွင်းဖြစ်စေ၊ နိုင် ငံတော် ပြင်ပတွင်ဖြစ်စေ နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ၊ နိုင်ငံသားနှင့် ဧည့်နိုင်ငံသား မိဘနှစ်ပါး မှ မွေးဖွားသူ၊ နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ သည် လည်း နိုင်ငံသား များ ဟုပြဌာန်းပါရှိသည့်အပြင် ဧည့်နိုင်ငံသားနှစ်ဦးမှ မွေးဖွားသူနှင့် နိုင်ငံသား တမျိုးမျိုး တို့မှ မွေးဖွားသူ များသည်လည်းကောင်း၊ နိုင်ငံသားပြုခွင့်ရသူနှစ်ဦးမှ မွေးဖွားသူနှင့် နိုင်ငံသားအမျိုးမျိုးတို့မှ မွေးဖွားသူများသည် လည်းကောင်း၊ ဧည့်နိုင်ငံ သားနှင့် နိုင်ငံသားပြုခွင့် ရသူတို့မှ မွေးဖွား သူနှင့် နိုင်ငံသား တစ်မျိုးမျိုး တို့မှ မွေးဖွားသူတို့သည်လည်းကောင်း နိုင်ငံသားဖြစ်သည်ဟု ပြ ဌာန်းထားသည့် အပြင်ဦးနေ၀င်း ကအိုင်းစတိုင်း ကဲ့သို့သောပုဂ္ဂိုလ်ကို နိုင်ငံသားပေးနိုင် ကြောင်း ပြ ဌာန်းချက်မျိုးကို လည်းထည့် သွင်းရန်ညွှန်ကြား သဖြင့် နိုင် ငံတော် ကောင်စီသည် နိုင်ငံတော်၏ အကျိုးငှာ မည်သူ့ကို မဆို နိုင်ငံသား တမျိုးမျိုး သတ်မှတ်နိုင်ကြောင်း ကိုပါ ပုဒ်မ-၈ (က) တွင် ထည့် သွင်းပြ ဌာန်းထားခြင်း တို့သည်၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၃၄၆ပါ“နိုင်ငံသားဖြစ်ခြင်း သည်ဥပဒေပြ ဌာန်းသည့်အ တိုင်း ဖြစ်စေ ရမည်”ဆိုသည့် ပြဌာန်း ချက် ဘောင် အတွင်း အကြုံးဝင် သည်ဟု မှတ်ယူနိုင်သော်လည်း ၁၉၈၂ ခုနှစ်မြန်မာ နိုင်ငံ သားဥပဒေ ပါ ပြဌာန်း ချက်များသည် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၄၅(က) နှင့်(ခ)တွင်အတိအလင်း ပြဌာန်း ချက်ကို ကျော် လွန်ပြဌာန်းရာ ကျရောက်နေသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ-၃၄၆ ပါ ပြဌာန်းချက်ကို ကျင့်သုံးပြီး ဥပဒေ နည်းဥပဒေများ ကို လွတ်လပ် စွာ ပြဌာန်းနိုင် သည်ဟု ဆိုပါလျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ-၃၄၅ ( က ) နှင့် ( ခ ) တို့ကို ပြည်သူ့ ဆန္ဒခံ ယူပြီး ပြဌာန်း ထားခြင်းမှာ အာနိသင် ရှိတော့ မည် မဟုတ်ပါ။
ပြည်တွင်း ဥပဒေများကို ပြဌာန်းရာတွင် နိုင်ငံတကာ သဘောတူညီချက် များကို အလေး အနက်ထားရ မည်ဖြစ် ပါသည်။ အများပြည် သူနှင့် နိုင်ငံရေး အခွင့် အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ် အပိုဒ်-၂၄(၃)တွင် မွေးဖွား လာသော ခလေး သူငယ်များသည် နိုင်ငံသား အဖြစ်ရ ယူခွင့် ရှိရမည်ဖြစ်ကြောင်း ဖော်ြ ပ ထားပြီး ကလေး အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ်အပိုဒ်-၇ ( ၂ ) တွင် ကလေးသူ ငယ် များ နိုင်ငံသားဖြစ် ခွင့်ရရှိစေရန် နိုင်ငံများက လုပ်ဆောင်ပေး ရန် ပြဌာန်းချက် များ ကို မြန် မာနိုင်ငံ ကလည်း လိုက်နာဆောင်ရွက် ရမည်ဖြစ်ပါလျက် ၁၉၉၃ ခုနှစ်၊ ကလေး သူငယ်ဥပဒေတွင် ခလေး သူငယ် တိုင်း သည် နိုင်ငံသား ဖြစ်မှုဆိုင်ရာ အခွင့်အရေးကို တည်ဆဲဥပဒေ ပါ ပြဌာန်း ချက်နှင့် အညီသာ ရခွင့် ရှိကြောင်း ပြ ဌာန်း ထားပါသည်။ မြန်မာနိုင်ငံ အတွင်းမွေးဖွါးသော ကလေးသူင ယ်များ ၏ နိုင်ငံ သားဖြစ် ခွင့် ကို ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေတို့တွင် သီးခြား ပြ ဌာန်း ထားခြင်းမရှိပါ။
သို့ရာတွင်မြန်မာနိုင်ငံသားဥပဒေပုဒ်မ- ၂(စ) တွင် အတိအလင်းဖေါ်ပြထားသော နိုင်ငံသားလက်မှတ်ကို ကိုင်ဆောင်ခွင့် မရရှိစေကာမူ သုံးခေါက်ချိုးအမျိုးသားမှတ်ပုံတင် ကဒ်ပြားနှင့် နိုင်ငံသားစီစစ်ရေးကဒ်ပြား ကိုင်ဆောင်ထားသူများကို အစိုးရဌာနဆိုင်ရာများက မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုကြပါသည်။
နိုင်ငံသား များသာ ပညာသင်ကြားခွင့် ရရှိသည့် အသက်မွေး ၀မ်းကြောင်းပညာများ၊ နိုင်ငံသားများသာ ထမ်းဆောင် ခွင့်ရှိသည့် စစ်ဘက်၊ နယ်ဘက် အရေးကြီး သည့်ဝန်ထမ်းနေရာ များတွင်နိုင်ငံသား တစ်ဦး အဖြစ် တာဝန်ထမ်း ဆောင်ခွင့်ရရှိကြပါသည်။
၁၉၈၇ ခုနှစ်၊ မရွှေ့ မပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေအရ နိုင်ငံခြား သား များကဲ့သို့ ကန့်သတ်ခြင်း မခံရပဲ မရွှေ့မပြောင်းနိုင် သောပစ္စည်းများကို လွှဲပြောင်း၊ ရောင်းချ၊ ပေါင်နှံ၊ လဲလှယ်၊ ပေးကမ်း၊ အမွေ ဆက်ခံပိုင်ခွင့်၊ အကျိုးခံစားခွင့်များကို ရရှိခံစား လျှက်ရှိကြ ပါသည်။ စာချုပ် စာတမ်း မှတ်ပုံ တင် ဥပဒေ အရ လည်းမရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့် စပ်လျဉ်း ၍ တရားဝင် မှတ်ပုံ တင် စာချုပ်ချုပ် ဆိုခွင့် အခွင့် အရေးကို ရရှိကြပါသည်။
ကိုလိုနီခေတ် (၉၁ဌာနရွေးကောက်ပွဲ) ပါလီမန်ခေတ်၊ လမ်းစဉ်ပါတီခေတ်၊ ပါတီစုံ ဒီမိုကရေစီခေတ်၊ အဆင့်ဆင့် တို့တွင် နိုင်ငံသား များသာရွေးကောက်ခံ ရမည့် အခွင့်အ ရေးများ ကိုလည်း ရရှိခံစား လျှက်ရှိကြ ပါသည်။
ယခုအခါ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသား များကို ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ များတွင် မဲဆန္ဒပေး ပိုင်ခွင့် အခွင့်အရေး သာပေးထားပြီး ရွေးကောက် တင်မြောက်ခံပိုင်ခွင့် အခွင့်အရေးကို ကန့်သတ် ထားပါသည်။
သို့ရာတွင် တရားရုံးချုပ်၊ မန္တလေးရုံးထိုင်၏ တရားမအထူး အယူခံမှုအမှတ် (၈/၂၀၀၀) နှင့် နေပြည်တော် တရား ရုံးချုပ်၏ တရားမအထူး အယူခံမှုအမှတ် (၁၁/၂၀၀၉ ) တို့တွင် ဒုတိယ တရားသူကြီးချုပ်ပါဝင်သော သုံးပါးထိုင် တရားရုံးများက ဧည့်နိုင်ငံသားများသည် နိုင်ငံသား မဟုတ်ကြောင်း စီရင်ဆုံးဖြတ်ခဲ့ဘူး သည် လည်းရှိနေပါသည်။
မြန်မာနိုင်ငံသည် အများပြည်သူနှင့် နိုင်ငံရေးအခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးထားသဖြင့် ထိုစာချုပ် အပိုဒ်-၂၄(၃)အရ မြန်မာနိုင်ငံ အတွင်းမွေးဖွား လာခဲ့သော ကလေး သူ ငယ်များကို နိုင်ငံသား အခွင့်အရေးကို ထိုစာချုပ်နှင့် အညီ ပေးရမည့်အပြင် ကလေး အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် အပိုဒ်-၇ (၂) အရ လည်း ကလေး သူငယ်များကို နိုင်ငံ သား ဖြစ်ခွင့် ရရှိစေရန် ဖွဲ့စည်းပုံ အခြခံဥပဒေနှင့် နိုင်ငံသား ဥပဒေတို့တွင် အတိအလင်း ထည့်သွင်းပြဌာန်း ရမည်ဖြစ် ပါသည်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေတို့မှာ နိုင်ငံတစ်ကာ စံချိန်စံ ညွှန်းနှင့် အညီ မလွဲမသွေပြင်ဆင် ရမည့်ဥပဒေများ ဖြစ်သော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် လွယ်လွယ်ကူကူ ပြင်ဆင်၍ မရနိုင်အောင် ပြဌန်းထားသော ဥပဒေဖြစ်ရာ ထိုဥပဒေအစား ဖွဲ့စည်းပုံ အခြခံ ဥပဒေ အသစ်နှင့် မြန်မာနိုင်ငံသား ဥပဒေ အသစ် တို့ကိုရေး ဆွဲပြဌာန်း သင့်ပါသည်။
နေမင်းခ
RB News
27.2.2013
စစ်တွေ ။ ။ စစ်တွေမြို့သင်္ဂနက် ကျေးရွာအုပ်စု၊ လက်မချေရွာနေ ဦးနူရာအာဟမတ် (ဘ) ဦးအစ္စမိုင်လ် (အသက် ၃၂ နှစ်) သည် ၎င်း၏ အဖော်ဖြစ်သူ ဦးကာစင်အလီနှင့် လာရာတွင် GE တပ်အနီးတွင် တပ်ကြပ် တစ်ဦးမှ လူမဆန်စွာ ရိုက်နှက်၍ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ ကြောင်းသတင်း ရရှိ ပါသည်။
“နူရ်အာဟမတ်နဲ့ ကာစင်မ်အလီတို့နှစ်ယောက် အလုပ်ကပြန်လာ တာပါ။ အဲဒီမှာ GEတပ်နားရောက် တော့ အမှတ် (၄) ဆက် သွယ်ရေး တပ်က တပ်ကြပ်ဇာနည် နဲ့တွေ့တယ်။ တပ်ကြပ် ဇာနည်က ဘယ်သွား မှာလဲ လို့မေးပြီးတာနဲ့ အတူပါ လာတဲ့ တုတ်နဲ့ ကာစင်မ်အလီရဲ့ ပေါင်ကို ရိုက်တယ်။ ပြီးတော့ တစ်ခါ နူရ်အဟမတ် ရဲ့ခေါင်းကို ဆက်ရိုက်တယ်။ နူရ်အဟမတ်ရဲ့ ခေါင်းကွဲ သွားတယ်။
ဖြစ်တာက ည ၇ နာရီလောက်မှာပါ။ နူရ်အဟမတ်ရဲ့ ဦးခေါင်း ဒဏ်ရာကတော့ တော်တော် လေးပြင်း တယ်။ ဆေးရုံလည်း ပို့လို့ မရဘူး။ ကြက်ခြေနီ ကားကလည်း နယ်ကျော်ပြီး မသွားရဘူး ဆိုတဲ့ အမိန့်ထုတ် ထားတော့ အမိန့်ကို လွန်ဆန်ပြီး လာခေါ်လို့မရဘူး။ အဲဒါကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရလာတဲ့ နူရ် အဟမတ်ကို ဆေးကုဖို့တောင် အခက်အခဲဖြစ်နေတယ်” ဟုဒေသခံတစ်ဦးမှ RB News သို့ပြောပါသည်။
ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများကိုစစ်တပ်မှ မတရားသဖြင့် ရိုက်နှက်ခြင်းကို သက်ဆိုင်ရာသို့ တိုင်တန်းရန် ပင်မလွယ်ကူဘဲ၊ အကယ်၍တိုင်တန်းပါကလည်း ပြစ်မှုကျူးလွန်သူကိုအရေးမယူဘဲ၊ ပြစ်မှုကျူးလွန်ခံ ရသူ ကိုသာ မဟုတ်မမှန်စွပ်စွဲပြီး ထပ်မံဒုက္ခပေးခြင်းများကို ရခိုင်ပြည်နယ်အ၀န်းရှိဒေသခံအာဏာပိုင် များ မှပြုလုပ် လျက်ရှိသည်။
“ကျွန်တော်တို့ ဘယ်ကို သွားတိုင်ရမလဲ? သွားလာ လှုပ်ရှားလို့မရဘူး။ သွားတိုင် ရင်လည်း ရိုက်တဲ့သူကို အရေးမယူဘဲ ကျွန်တော်တို့ကို မဆိုင်တဲ့အမှုတစ်ခုနဲ့ စွပ်စွဲပြီး ဒုက္ခပေးမယ်။ တရားဥပဒေ ဆိုတာ ကျွန် တော်တို့ မွတ်စလင်တွေ အတွက် မရှိဘူး။ ကျွန်တော်တို့ကို အာဏာပိုင်တွေ၊ စစ်တပ်၊ ရဲ၊ လုံထိန်းတွေ က သူတို့လုပ် ချင်သလို လုပ်နေတာ။ ဥပဒေအထက်မှာ ဘယ်သူ့မှမရှိဘူး လို့ပြည်ထောင်စု အစိုး ရပြောနေပေ မယ့် ရခိုင်ပြည်နယ်မှာ ရှိတဲ့ အာဏာပိုင် တွေအားလုံးက ဥပဒေ အထက်မှာ ရှိနေတယ်” ဟုအဆိုပါဒေသခံက ဆက်လက်ပြောပါသည်။
ဌေးလွင်ဦး
RB News
27.2.2012
မျက်ကန်း အမျိုးသားရေး ၀ါဒီတွဟာ ခေတ်အဆက် ဆက်ကပဲ မြန်မာနိုင်ငံရဲ့ ရှေ့ဦးမူလ လူမျိုးများကို နည်း မျိုး စုံနဲ့ မျိုးဖြုတ် ၀ါးမြိုဘို့ ကြိုးစား ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ရှေးဦးမူလ လူမျိုးများ အထဲမှာ အရှေ့ အကျဆုံး လူမျိုးများ ဖြစ်တဲ့ ဧရာဝတီမြစ် အနောက် ဘက်ခြမ်းက လူမျိုးတွေက လွန်ခဲ့တဲ့ နှစ် တစ်ထောင်ကျော်ကပဲ ၀ါးမြို ခံခဲ့ရပြီး၊ မြန်မာနိုင်ငံအောက်ပိုင်း သထုံဒေသရှိ ရက္ခများလည်း ၀ါးမြိုခြင်းကို ခံခဲ့ရပါပြီ။ ရခိုင်ဒေ သရဲ့ ရှေ့ဦး မူလ လူမျိုး ဖြစ်တဲ့ ရိုဟင်ဂျာ များလည်း လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော် ကတည်းက တစ်စစ ၀ါးမြိုခြင်း ကို ခံနေရပါတယ်။
လက်ရှိ မြန်မာနိုင်ငံထဲမှာ ရှေးအကျဆုံး လူမျိုးအဖြစ် ရပ်တည်နေတဲ့အထဲမှာ ကရင်လူမျိုးလည်း ပါဝင် ပါတယ်။ ကရင်လူမျိုးစုဟာ မွန်လူမျိုးများ မတိုင်မှီကတည်းက မြန်မာပြည်ထဲကို ရောက်လာခဲ့ပြီး ဧရာဝ တီအောက်ပိုင်း ပြည် (သီရိခေတ္တရာ)ထိ၊ ရခိုင်ဒေသ တောင်ပိုင်း သံတွဲထိ လွှမ်းမိုးတည်ရှိခဲ့တဲ့ သမိုင်း အကျွင်းအကျန်တွေ ရှိ နေဆဲပါ။ သူတို့ကို နောက် ၀င်လာတဲ့ လူမျိုးများ ဖြစ်တဲ့ မွန်နဲ့ ဗမာများက လွန်ခဲ့ တဲ့ နှစ်တစ်ထောင်ကျော် ကတည်းက စတင်ဝါးမြိုခဲ့ပါတယ်။ အဓိက ၀ါးမြိုသူ အင်အားစု ဖြစ်တဲ့ ဗမာ များနဲ့ ဝေးရာ တောင်ပေါ်ဒေသတွေ မှာ အခြေချနေတဲ့ အုပ်စုများသာ တစ်စုံတစ် ရာ ကြွင်း ကျန်နေ ခဲ့ကာ- လက်ရှိ ထိုင်းနိုင်ငံ ဘက်အခြမ်းကိုလည်း တိမ်းရှောင် အခြေချခဲ့ရတဲ့ အုပ်စုတွေ ရှိနေပါ တယ်။ မြောက် ဘက်က ဆင်းလာတဲ့ ဗမာများရဲ့ ဖိအားကြောင့် မြန် မာပြည်အောက်ပိုင်းကို ဆင်းပြေးရင်း ယခုအိန္ဒိယပိုင် အက်ဒ်မန်ကျွန်းစုနဲ့ အင်ဒိုနီးရှားပိုင် ကျွန်းစုတွေထိ ပျံ့နှံ့ သွားခဲ့ရပါတယ်။
အက်ဒ်မန်ကျွန်းနေ ဒေသခံ ကရင်လူမျိုးစုနဲ့ အင်ဒိုနီးရှားအချို့ကျွန်းများနေ ကရင်လူမျိုးစု ကို ပျောက် ဆုံးနေတဲ့ ကရင်လူမျိုးစုလို့ ခေါ်ရင် မှားမယ် မထင်ပါ။ အက်ဒ်မန်ကျွန်းမှာတော့ အိန္ဒိယ လူမျိုးများရဲ့ ထပ်ဆင့်ဝါးမြိုခြင်းကို ခံနေရပြီး- အကြွင်းအကျန်အနည်းငယ်မျှသာ ရှိတော့လျှက်-၊ သက်ကြီးရွယ်အို အဖိုး အို အဖွားအိုများသာ ကရင် စကားကို ပြောနိုင်တဲ့ အဆင့်မှာ ကျန်ပါတော့တယ်။ အင်ဒိုနီးရှားကျွန်းနေ ကရင်များ ကို တော့ ကရင်သုတေသီ တစ်ချို့ကလွဲပြီး သိနိုင်သူများပင် မရှိတော့ပါ။ မလေးရှားမှာ သွားရောက် အလုပ်လုပ်စားတဲ့ ကရင် လူမျိုး တစ်ချို့က အင်ဒိုနီးရှားက လာပြီး လုပ်စားတဲ့ အော့ကရောင် လူမျိုးနဲ့ သူတို့ ရုပ်ရည် ဘာသာ စကား အနီးကပ် တူညီနေတယ် ဆိုတာလောက်ပဲ သတိထားမိတဲ့ အဆင့်ပဲ ရှိပါတော့တယ်။
ကရင်လူမျိုးကို ဗမာများက ၀ါးမြိုစဉ် သူတို့ရဲ့ မူလစာပေ ဖြစ်တဲ့ “ကြက်ယက်စာ”ဟာ ပျောက်ဆုံး ခဲ့ရ ပါတယ်။ အင်္ဂလိပ်များ မြန်မာနိုင်ငံကို သိမ်းပိုက် အုပ်ချုပ်တော့ သူတို့ သာသနာပြုလို့ ရတဲ့ အရပ်တွေမှာ စာပေတစ်ခု အဖြစ် ပြန်လည် တီထွင်ပေးရာက မြန်မာအက္ခရာသုံး ကရင် စာပေ ဆိုတာလေး ဖြစ်တည် လာခဲ့ရပါတယ်။ ဒါတောင် မြန်မာနိုင်ငံ ထဲမှာ ကရင် စာသင်ကျောင်းများ တရားဝင်ဖွင့်ခွင့်မရသေးပါ။
မွန်--၊ မွန်တို့ကိုလည်း ဗမာများက မြိုခဲ့ပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းက မွန်တွေ ဗမာအဖြစ် ပြောင်း လဲသွား ခဲ့ရတာ အများကြီးပါ။ အစဉ်အလာနဲ့ အင်အားတစ်ရပ်ရှိခဲ့တဲ့ မွန်တွေဟာ လူမျိုးနဲ့ စာပျောက် မသွားပေ မယ့်- သေးသိမ်သွားခဲ့ရပါတယ်။ ဒီနေ့ထိ မွန်စာ သင်ကျောင်းများ ဖွင့်လှစ်သင်ကြားခွင့် များ ဆုံးရှုံးနေပြီး- မွန်လူမျိုး အများစု မွန်စာပေ မတတ်ဘဲ ရှိနေရပါတယ်။
ရိုဟင်ဂျာ-၊ ရိုဟင်ဂျာတို့ဟာ ရခိုင်ဒေသရဲ့ မူလဘူတ လူမျိုးစု ဖြစ်တယ်၊ အေဒီ ၇ ရာစုလောက်စ ဗမာတွေ ၀င် ရောက်ထိုး aဖါက်လာခဲ့တယ်။ ရိုဟင်ဂျာတွေမှာ ကိုယ်ပိုင်စာနဲ့ တည်ရှိခဲ့တယ်။ အဲ့ဒီ စာပေတွေကို ဗမာများဝင် ရောက်လာပြီး စတင်ဖျောက်ဖျက် ခဲ့ပါတယ်။ သူတို့ရဲ့ စာပေက ရှေးဟောင်း အိန္ဒိယပါလ မင်းဆက်သုံး သက္က ရိုက် အက္ခရာသုံး စာပေဖြစ်ပြီး- နာဂရီစာ၊ သက္ကရိုက်စာနဲ့ ၉၀ ရာနှုန်းလောက် တူညီပါတယ်။ သူတို့ရဲ့ စာပေ တွေကို ဖျောက်ဖျက်ခဲ့ပေ မယ့်၊ ကံကောင်းတဲ့ အချက်က ဒီနေ့ ရခိုင်ရှေးဟောင်း ကျောက် စာများကို ပြန်လည် ဖေါ်ကျူးတဲ့ အခါ ပြန်လည်ပေါ် ထွက်လာတဲ့ ကိစ္စပါပဲ။ ဒီထက် ကံကောင်းတဲ့ အချက်က ရိုဟင်ဂျာ များကိုယ်တိုင် သတိမထား မိဘ အစဉ်အဆက် ပုံပြင်ကြီးများ ကို ရေးသား ဖတ်ပြနေတဲ့ ပူတီးစာ ဆိုတာနဲ့ တူညီနေတဲ့ အချက် ပါပဲ။ ရိုဟင်ဂျာ ခေါ် ရခိုင်ဒေသ မူလလူမျိုးရဲ့ စာကို တိုက်ဖျက်ခဲ့တဲ့ အထောက်အထားကို ရခိုင်သမိုင်းသုတေ သီ ဒေါက်တာအေးချမ်း ကိုယ်တိုင်က- ၁၉၇၅ -၇၆ ခု ရခိုင်တန်ဆောင် မဂ္ဂဇင်း အတွဲ ၁၄ မှာ “၁၀ ရာစု နောက်ပိုင်း၊ ရခိုင်ပြည် တွင် မြန်မာစာပေ အက္ခရာဖြင့် ရေးသောစာပေလက်ရာများ၊ ကျောက်စာများ တွေ့ရ ကြောင်း။ ၁၀ရာစု မတိုင်မီ သက္ကဋ္ဌ၊ ပါဠိစာပေ၊ နာဂရီအက္ခရာများ ဖြစ်ခဲ့ကြောင်း။ ထို့ကြောင့်ရခိုင်ပြည်တွင်(၁၀) ရာစု ၌ အရှိန်ပြင်းခဲ့သော လူမှုရေး၊ နိုင်ငံရေး အပြောင်းအလဲ တစ်ရပ် ဖြစ်ပေါ်ခဲ့ လိမ့်မည်ဟု ထင်ရကြောင်း.....” ၀န်ခံ ထားပါတယ်။ အခုခေတ်အခါမှာ မျက်ကန်းမျိုးချစ်တွေ ရခိုင်ကျောက်စာကို ပြန်လည်တူးဖေါ်လေ-၊ ရိုဟင်ဂျာ လူမျိုးတို့ရဲ့ စာပေကို ပြန်လည် ဖေါ် ထုတ်လေသာ ဖြစ်လာရပါတော့တယ်။ တဖန်သစ်ဆန်း လာတဲ့ ရိုဟင်ဂျာ သမိုင်းကို ဘယ်လိုနည်းနဲ့မှ မျိုးဖြုတ်လို့ မပြုတ်နိုင်တော့ပါ။
မျက်ကန်း အမျိုးသားရေး ၀ါဒီတွေဟာ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က တည်းက ကရင်၊ မွန်၊ ရိုဟင်ဂျာ တို့ကို သိမ်းပိုက်ပြီး လူမြိုစီမံချက်တွေချခဲ့ပေမယ့်၊ ဒီနေ့ထိမအောင်မြင်ခဲ့ပါ။ နောက်နောင်လည်း အောင်မြင် စရာ မရှိပါ။- ရှေးယခင်ခေတ်ကာလက မျိုးဖြုတ် လူမြိုစီမံချက်များဟာ တစ်စုံတစ်ရာ ခရီးရောက်ပေ မယ့်-၊ အခုခေတ်အခါမှာအဲ့ဒီစီမံချက်ကိုကျင့်သုံးသူတိုင်းရာဇ၀တ်ကောင် ဖြစ်ရတဲ့အခြေအနေကိုသာ ရောက်လာခဲ့ ပါတယ်။ မျိုးဖြုတ်လို့ မပြုတ်နိုင်သူများကို မျိုးဖြုတ်သုတ်သင်ရေး ဆက်လက်ကျင့် သုံးနေမယ့်အစား-၊ ငြိမ်းချမ်းစွာ အတူ နေထိုင်ဘို့ နည်းလမ်း ကိုသာ စဉ်းစားဘို့ လိုပါမယ်။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
RB News
27.2.2013
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း၊ ဆုမာတြာကျွန်းရှိ ကော်တရူအန်ရွာ၏ ၁၅ မိုင် အကွာခန့်တွင် မျောနေ စက်လှေ တစ်စီးမှ ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၁၂၁ ဦးကို ယမန်နေ့က ငါးဖမ်းသမားများက ကယ်တင် လိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ရေးသားဖော်ပြ ထားပါသည်။
သစ်သားဖြင့်ပြု လုပ်ထားသော စက်လှေပေါ်တွင် အမျိုးသမီးခြောက်ဦး၊ ကလေးနှစ်ဦး အပါအ၀င် ၁၂၁ ဦးပါဝင်ပြီး ၎င်းတို့သည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာ၍ ထိုင်း နိုင်ငံသို့ ထွက်ခွာလာခဲ့ သူများဖြစ်သည်။ ခရီးလမ်းတွင် ဓါတ်ဆီကုန် သွား၍ စက်လှေမှာ မျာနေ ခဲ့ခြင်းဖြစ် ကြောင်း ကော်တရူအန်ရွာမှ ရွာအုပ်ချုပ်ရေးမှူးမှအေအက်ဖ်သတင်းဌာနသို့ပြောကြားခဲ့သည်။
အဆိုပါ ရွာ အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ ကယ်တင်လိုက်သော ရိုဟင်ဂျာ ဒုက္ခသည်များ၏ အခြေ အနေမှာ အလွန်မောပန်းနေခဲ့ပြီး၊ အစာရေစာ များကျွေးမွေးပြီး နောက်ကောင်းမွန် လာခဲ့ကြောင်း သိရပါ သည်။
ဒုက္ခသည် များအားလုံးကို လုပ်ဆူမွှေမြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင် လိုက် သည်ဟု ရေးသားဖော်ပြ ထားပါသည်။
M.S. Anwar
RB News
26.2.2013
မောင်တော ။ ။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၅) ညနေ ပိုင်းတွင် ရခိုင် လွတ်မြောက်ရေးပါတီ (ALP) မှ စစ်သွေးကြွအချို့မှ အပြစ်မဲ့ ရိုဟင်ဂျာနှစ်ဦးကို မောင်တောမြို့နယ်၊ ဘဂုံးနား ကျေးရွာအုပ်စု၊ နူရူလာရွာ အ နီးရှိ တောအုပ်တွင် လူမဆန်စွာ ပစ်ခတ် သတ်ဖြတ် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ သတ်ဖြတ် ခံရသူနှစ် ဦး သည် အခြားသော ရိုဟင်ဂျာ လေးဦးဖြင့် တောအု ပ်အနီးရှိ စမ်းချောင်းတွင် ငါးဖမ်းရန် သွားရာတွင် သတ် ဖြတ် ခံ ရခြင်းဖြစ် သည်။
“မနေ့က နေ့လည် ၂ နာရီလောက်မှာ နူရူလာရွာက ရိုဟင်ဂျာ ခြောက်ယောက် ရွာနားမှာရှိ တဲ့တော အုပ် ဘေးက စမ်းချောင်းမှာ ငါးဖမ်းဖို့ သွားခဲ့တယ်။ သူတို့ ငါးဖမ်းနေတဲ့ အချိန်မှာ ALP က အကြမ်းဖက် သမား ၁၂ ယောက်ရောက်လာပြီးတော့ သေနတ်နဲ့ ပစ်တယ်။ အဲဒီမှာနှစ်ယောက် ကတော့ အဲဒီ နေရာ မှာဘဲ သေ ဆုံးသွားခဲ့ပြီးတော့ ကျန်တဲ့ လေးယောက်တော့ သေတွင်းကနေ လွတ်မြောက် ခဲ့တယ်။ သတ်ဖြတ် ခံရတဲ့ သူနှစ် ယောက်ကတော့ ..
(၁) ဦးမိုဟာမတ်ရရှစ် (ဘ) ဦးလာလ်မျာ (အသက် ၃၂ နှစ်)
(၂) ဦးမိုဟာမတ်ဆယာဒ် (ဘ) ဦးအာမီရ်ဟာမ်ဇာ (အသက် ၄၂ နှစ်) - တို့ဖြစ်ပါတယ်။
အသက်ရှင်လွတ်မြောက်လာသူလေးယောက်ကတော့ ..
(၁) ဦးရှမ်ရှူအာန၀ါ (ဘ) ဦးအဘူဘရှာရ် (အသက် ၄၀ နှစ်)
(၂) ဦးလားလား (ဘ) ဦးနူရူလ်ဂျိုဟာရ် (အသက် ၂၇ နှစ်)
(၃) ဦးအာန၀ါရှာ (ဘ) အမည်မသိ (အသက် ၃၀ နှစ်)
(၄) ဦးမိုဟာမတ်ရီဒ်ဝါန် (ဘ) ဦးအလီဂျိုဟာရ် (အသက် ၃၀ နှစ်)
အသက်ရှင် လွတ်မြောက်လာသူ တွေပြောပြတာ ကတော့ အကြမ်းဖက် သမားတွေက ALP ၀တ်စုံတွေ ၀တ်ထားပြီးတော့ ALPက အကြမ်းဖက်သမားေ တွေဆိုတာကို အလွယ်တကူ သိနိုင် ခဲ့တယ်။ ALP ကအ ကြမ်းသမားတွေက သာမာန်အချိန် တွေမှာတော့ ပြည်တွင်းက ရခိုင်တွေလို ဟန်ဆောင် တတ်တယ်။ တခါ တရံမှာတော့ သူတို့ရဲ့ နဂိုပုံပန်း သဏ္ဍန်ကိုပြ လေ့ရှိတယ်။ အခုအချိန်မှာတော့ ရခိုင်တိုင်းရင်းသား များတိုး တက်ရေး ပါတီ (RNDP) ရဲ့ အကူအညီနဲ့ မောင်တောမြို့နယ်အ၀န်းမှာရှိတဲ့ တောအုပ်ထဲမှာ သွားလာလှည့် ပတ်နေပြီးတော့ ရိုဟင်ဂျာတွေကို တနေ့တခြား ပိုပိုပြီး အကြမ်းဖက်မှုတွေ လုပ်လာတယ်။ မြန်မာ အစိုးရ ကတော့ ALP အကြမ်းဖက် သမားတွေရဲ့ အဖျက်အမှောင့် လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး သိပုံတောင်မပေါ် ဘူး ထင် တယ်” ဟုအမည် မဖော်လို သူသည့် ရိုဟင်ဂျာ တစ်ဦးမှပြောပါသည်။
နောက်ဆုံးရသတင်း (ဖေဖော်ဝါရီလ ၂၇ - ၀၀း၁၅ နာရီ မြန်မာစံတော်ချိန်)
"အာဏာပိုင်များမှဖြစ်ပွားခဲ့သည့်ကိစ္စကိုစုံစမ်းစစ်ဆေးရန်ရောက်လာခဲ့သည်။ ရွာသူရွာသားများမှ နစက နယ်မြေ (၅) စခန်းအမှတ် (၁၅) မှအာဏာပိုင်များအားမှန်ကန်သည့်အဖြစ်မှန်ကိုအစီရင်ခံလိမ့်မည်ဟုမျှော် လင့်နေကြသည်။
သို့သော်ရခိုင်လူမျိုးအစွန်းရောက်များအဓိကပါဝင်သည့်မောင်တောမြို့နယ်ရှိရဲတပ်ဖွဲ့ဝင်များသည် တရားမျှ တမှုဦးစားပေးရမည့်အစား အသက်ရှင်လွတ်မြောက်လာသည့်လေးဦးကို ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခံရ သူနှစ်ဦးအားသတ်သည်ဟုစွပ်စွဲ၍တရားစွဲရန်ကြိုးစားနေကြောင်းသိရပါသည်။
နောက်ဆုံးရသတင်း (ဖေဖော်ဝါရီလ ၂၇ - ၀၀း၁၅ နာရီ မြန်မာစံတော်ချိန်)
"အာဏာပိုင်များမှဖြစ်ပွားခဲ့သည့်ကိစ္စကိုစုံစမ်းစစ်ဆေးရန်ရောက်လာခဲ့သည်။ ရွာသူရွာသားများမှ နစက နယ်မြေ (၅) စခန်းအမှတ် (၁၅) မှအာဏာပိုင်များအားမှန်ကန်သည့်အဖြစ်မှန်ကိုအစီရင်ခံလိမ့်မည်ဟုမျှော် လင့်နေကြသည်။
သို့သော်ရခိုင်လူမျိုးအစွန်းရောက်များအဓိကပါဝင်သည့်မောင်တောမြို့နယ်ရှိရဲတပ်ဖွဲ့ဝင်များသည် တရားမျှ တမှုဦးစားပေးရမည့်အစား အသက်ရှင်လွတ်မြောက်လာသည့်လေးဦးကို ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခံရ သူနှစ်ဦးအားသတ်သည်ဟုစွပ်စွဲ၍တရားစွဲရန်ကြိုးစားနေကြောင်းသိရပါသည်။
RB News
26.2.2013
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဇွန်လဆန်း ပိုင်းတွင် အကြမ်းဖက်မှုကြီးဖြစ်ပွားပြီးနောက် စစ်တွေမြို့ပေါ်ရှိ ရိုဟင်ဂျာ များနှင့် ကမန်လူမျိုး အများစုမှာ အိုးမဲ့အိမ်မဲ့ဖြစ် သွားပြီး ဒုက္ခသည် စခန်းများ တွင်နေထိုင်နေကြရသည်။ သို့သော်လည်း စစ်တွေမြို့ပေါ်ရှိ အောင်မင်္ဂလာ ရပ်ကွက်နှင့် ဘုမေရွာတို့ တွင်ကျန်ရှိနေသည့် အစ္စလာမ်ဘာသာဝင်များမှာ သွားလာရေး၊ ကူးသန်းရောင်းဝယ်ရေး အားလုံးကန့် သတ်ပိတ်ပင် ထားခြင်း ခံနေရသည်။
ထို့အပြင် မိမိတို့ပိုင်ဆိုင်သော ဈေးဆိုင်များကိုလည်း အာဏာပိုင်များမှ ပိတ်သိမ်းလိုက်ပြီး၊ စီးပွားရေးလုပ် ငန်းများ လုပ်ကိုင်ခွင့် မရဘဲ၊ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့မှထောက်ပံ့သည် များကိုသာ မှီခိုအားထား နေရပါ သည်။
အောင်မင်္ဂလာရပ်ကွက်နှင့် ဘုမေရွာမှာ အကွာအဝေးအားဖြင့် တစ်မိုင်သာ ရှိသော်လည်း၊ လုံခြုံရေး အ ခြေ အနေအရခြေလျင် သွားရန် အခက်အခဲရှိ လျက်ရှိသည်။ တခါတရံခြေလျင် သွားလာ သူများ ကိုလည်း နယ်မြေခံရဲတပ်ဖွဲ့မှ ဖမ်းဆီး၍ အကျဉ်းချခြင်းများဖြစ် ပွားခဲ့သည်။ ဖမ်းဆီးခံရသူများကို မိသားစုများနှင့် ဆက် သွယ်ခွင့်မပေးသောကြောင့် မိသားစုများမှ မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်း ထားသည်ကို ပင် သိခွင့်မရကြောင်းသိရှိရပါသည်။
နယ်မြေလုံခြုံရေးတာဝန်ယူ ထားသည့် လုံထိန်းရဲတပ်ဖွဲ့ဝင်များမှဖြစ်ပွားနေသော အခြေအနေကို အခွင့် ကောင်းယူ၍ ယခုအခါ အောင်မင်္ဂလာရပ်ကွက်မှ ဘုမေရွာသို့ ကားများပြေးဆွဲ၍ အဆမတန် ကားခ တောင်း ခံပြီး စီးပွားရှာလျက်ရှိသည်။
“အောင်မင်္ဂလာ ရပ်ကွက် ကနေဘုမေရွာကို တစ်မိုင်လောက် ဘဲဝေးတယ်။ လမ်းလျှောက် သွားလို့ရတဲ့ ခရီးပါ။ ဒါပေမယ့် လမ်းလျှောက်သွားရင် အန္တရာယ်လည်း ရှိတဲ့အပြင်၊ လုံထိန်းတွေ မိသွား ရင်ထောင်ချခံ ရ တယ်။ အဲဒါကြောင့် အခုအရေး တကြီးသွား ဖို့ဆိုရင် လုံထိန်းတွေပြေး ဆွဲနေတဲ့ကားကိုဘဲ အားကိုးနေရ တယ်။ အောင်မင်္ဂလာကနေ ဘုမေကို သွားရင် တစ်ယောက်ကို တစ်သောင်းပေး ရတယ်။ ဘုမရွာ ကနေ အောင်မင်္ဂလာ ကိုပြန် တဲ့ခရီးကတော့ ၃ ဆပိုပေးရတယ်။ အပြန်ခရီးက သုံးသောင်းပါ။ ကားပေါ် မှာ တော့ ခရီးသည် ၃၅ ယောက်ဆံ့တယ်။ အရေးတကြီး သွားလာရမယ် ဆိုရင်တော့ အဲဒီလို အဆမ တန် ပေးနေရတယ်” ဟု စစ်တွေမြို့ဒေသခံ မွတ်စလင် တစ်ဦးမှ RB News သို့ပြောပါသည်။
ဓါတ်ပုံသတင်း
- နစကနယ်မြေ (၅) မှမောင်တောမြောက်ပိုင်းတွင်တရားဝင်ဓါးပြတိုက်နေ
- ရိုဟင်ဂျာတွေ ၁၈ ရာစုကတည်းက ရခိုင်ပြည်နယ်မှာ ရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝန်ခံပြောကြား
- ဘူးသီးတောင် သရက်ပြင် အုပ်ချုပ်ရေးမှူးက ဒေသခံများကို ဆဲဆို ရမ်းကား ခြိမ်းခြောက်
- မောင်တော အုပ်ချုပ်ရေးမှူးက ကုရ်ဘာနီကို သတ်မှတ်ထားသည့် နေရာတွင်သာ လုပ်ရမည်ဟု ပြောဆို
- ရမဒွါန် လမ်းညွှန်
- စစ်တွေရှိ အင်န်ဂျီအိုရုံးများ ဖျက်ဆီးခံရ ၀န်ထမ်းများကို ရန်ကုန်သို့ နေ့ချင်းပို့
- တောင်ဘဇာမှ ရဲမှူးထွန်းနိုင်က ဒေသခံများကို မသင်္ကာမှုခေါင်းစဉ်တပ် ဖမ်းဆီးပြီး ငွေကျပ် ၂၅၁၈ သိန်း ညှစ်ယူ
- ရသေ့တောင်၊ ကျောက်တန်း နယ်မြေမှ ဘာသာရေးဆရာ တစ်ဦးကို ဖမ်းဆီးသွား
- ကိုယ့်ထိုက်နဲ့ ကိုယ်ကံ ခံလိုက်တော့
- သက်ဆိုင်ရာ ၀န်ကြီးများ၏ လွှတ်တော် အတွင်း မေးခွန်းများ ရှင်းလင်း ဖြေကြားချက် အပေါ် သုံးသပ်ချက် (အပိုင်း ၃)
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1fKpTG0eYjuqUGODN1Irx81Fe6MUTPnFxBTuwazbcmkC3vyc__AbXnQMSh709C17swoJHxbLuSbpk307jYt4g-tksJoDXq2f8d4dcg5HAm7lBTlSmTlmk0cU6DJbnT-KtWTnPyGtUdug2/s280/RB-Contact.png)