နောက်ဆုံးသတင်း/ဆောင်းပါးများ


M.S. Anwar 
RB News 
20.3.2013 

မောင်တော ။ ။ မောင်တောမြို့ တောင်ပိုင်း ကွန်ခါရာ ဖာရာ (ပဒင်) ကျေးရွာ အုပ်စုရှိ ရွာအချို့တွင် နစက နယ်မြေ (၇) လက်အောက်ခံ စခန်း အမှတ် (၁၄) ၏ လက်ရှိ တာဝန်ခံ ဖြစ်သူ ကိုထွေးမှ လုယက်မှု များပြုလုပ်နေ ကြောင်း သတင်း ရရှိပါသည်။ အဆိုပါ စခန်း၏ စခန်းမှူး ဖြစ်သူ ဗိုလ်ကြီး မျိုး ထိုက်အောင်အား ရခိုင် ပြည်နယ် အမ်းမြို့ရှိ စစ်ရုံးချုပ်တွင် စစ်ဆေးမှုများ ပြုလုပ်ရန် ခေါ်ဆောင် သွား ကြောင်း သိရပါသည်။ စခန်းမှူး မရှိသည့် အချိန်တွင် လက်ထောက် ဖြစ်သည့် ရခိုင် အစွန်းရောက် ကိုထွေးမှ အထက်ပါ ရွာများတွင် လုယက်မှုများ ကျူးလွန်နေ ခြင်းဖြစ်သည်။ 

“ဗိုလ်ကြီး မျိုးထိုက်အောင် ကိုအမ်းမြို့မှာ ရှိတဲ့ စစ်ရုံးချုပ်မှာ စစ်ဆေးဖို့ ခေါ်သွားတယ်လို့ သိရတယ်။ အဲဒီ ဗိုလ်ကြီးကို ဇန်န ၀ါရီလ (၂၈) ရက်နေ့က ဘဂုံးနားမှာ ရိုဟင်ဂျာ တစ်ယောက်ကို သတ်လိုက်တဲ့ စစ်တပ် အရာထမ်း တစ်ယောက်က တိုင်လိုက် တယ်လို့ သိရတယ်။ ဗိုလ်ကြီး မျိုးထိုက်အောင်က အဲဒီတုန်းက အလောင်းကို ဖျောက်ပစ်ဖို့ မပေးဘဲ ဆေးရုံကို ခွဲစိတ်ဖို့ အတွက် ပို့ခဲ့တယ်။ အဲဒါကြောင့် လူသတ်တဲ့ သတင်းက ပေါက်ကြား လာတယ်။ အဲဒါနဲ့ ပတ်သက်ပြီး လူသတ်မှု ကျုးလွန်ခဲ့တဲ့ စစ်တပ် အရာထမ်းက ဗိုလ်ကြီး မျိုးထိုက်အောင်ကို ကုလားတွေကို ထောက်ခံ အားပေး နေတယ်လို့ စွပ်စွဲ ပါတယ်။ 

အခု ဗိုလ်ကြီး မျိုးထိုက်အောင် မရှိတော့ သူ့ရဲ့ လက်ထောက် ရခိုင် အစွန်းရောက် တစ်ယောက် ဖြစ်တဲ့ ကိုထွေးက ပဒင် ကျေးရွာ အုပ်စုမှာ ရှိတဲ့ ရွာတွေမှာ လုယက်မှု တွေကို ကျူးလွန်နေ ပါတယ်။ ရိုဟင် ဂျာ တွေဆီက လုယက်တယ်။ ဘာအကြောင်း ပြချက်မှ မရှိဘဲ ဖမ်းဆီးတယ်၊ ရိုက်နှက် ညှင်းပန်း နှိပ်စက် နေတယ်။ မတ်လ ၁၇ ရက် နေ့မှာ ရိုဟင်ဂျာ တစ်ဦး ဖြစ်တဲ့ ဦးရရှစ် အဟမတ်ကို နေအိမ် ပြင် ဆင်နေတယ် ဆိုပြီး ဖမ်းဆီး ရိုက်နှက် နှိပ်စက်လို့ နံရိုးတွေ ကျိုးသွားခဲ့တယ်။ ဦးရရှစ် အဟမတ်က သူ့ အိမ်ကို နစက ကနေ ခွင့်ပြုချက် ယူပြီး ပြင်နေ ပေမယ့်လည်း နောက်ဆုံးတော့ ငွေ ၆ သိန်း ရအောင် ယူပြီးမှ ပြန်လွှတ် ပေးခဲ့တယ်။ သူကတော့ အရိုင်း အစိုင်း တစ်ယောက်လို ဖြစ်သွား ပြီးတော့ ရွာတွေ မှာရှိတဲ့ ရိုဟင်ဂျာ တိုင်းလိုလိုကို ဖမ်းဆီး ရိုက်နှက် နှိပ်စက်ပြီး လုယက် တာတွေ လုပ်နေတယ်” ဟု ဒေသခံ တစ်ဦးမှ ပြောပါသည်။ 

“ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ ထိခိုက် ကြေကွဲ ဖွယ်ရာ သတင်းကို အဆင့်မြင့် အာဏာ ပိုင်တွေနဲ့ မြန်မာ နိုင်ငံ ဗဟို အစိုးရကို သတင်း ဌာနတွေ ကနေ တဆင့် အသိပေး ချင်ပါတယ်။ ကိုထွေးရဲ့ လုယက်မှု တွေကို ရပ်တန့် စေဖို့ အတွက် အစိုးရက အမြန်ဆုံး အရေယူ ဆောင်ရွက် ပေးပါ လို့ ကျွန်တော်တို့ အသနားခံ ပါတယ်” ဟု အဆိုပါ ဒေသခံမှ ဆက်လက် ပြောပါသည်။
ကင်ဘာရာမြို့တွင် သမ္မတဦးသိန်းစိန်ကို ဆန္ဒပြနေသည့် ရိုဟင်ဂျာများ (ဓါတ်ပုံ - AP)
Radio Australia
19.3.2013

မြန်မာ နိုင်ငံတော် ​သမ္မတ ဦးသိန်းစိန် ​သြစ တြေးလျ နိုင်ငံ မြို့တော် ​ကင်ဘာရာမှာ ​ရောက်ရှိ နေစဉ်မှာပဲ ​မဲလ်ဘဲန်းမြို့၊ ​ကင်ဘာ ရာမြို့နဲ့ ​ဆီဒနီ မြို့မှာ ​နေထိုင် ကြတဲ့ ​မွန်၊ ​ကချင်၊ ​ကရင်နဲ့ ​ချင်း တိုင်းရင်း သားတွေ ​အပါ အဝင် ​ရိုဟင်ဂျာ တွေလည်း ​ကင်ဘာရာမြို့ ကို လာရောက် ​ဆန္ဒပြခဲ့ ကြပါတယ်။

ကင်ဘာ ရာမြို့မှာ ရှိတဲ့  ​သြစ တြေးလျ ​ဘုရင်ခံချုပ်ရဲ့ အိမ်ရှေ့နဲ့  ​သြစ တြေးလျ နိုင်ငံ ပါလီမန် ​အဆောက် ​အဦးရှေ့မှာ ​ဆန့်ကျင် ​ဆန္ဒပြမှု ​တွေပြုလုပ်ခဲ့တာ ​ဖြစ်ပါတယ်။ ​သမ္မတ ဦးသိန်းစိန်နဲ့ ​အဖွဲ့တို့ကို ​သြစတြေးလျ ​ဘုရင်ခံချုပ်က ​နေ့လည်စာ ​တည်ခင်း ဧည့်ခံပြီး ​ပါလီမန် ရှေ့မှာရှိတဲ့ ​ဝန်ကြီး ချုပ်ရုံး မှာ ​တွေ့ဆုံ မှုတွေ ​လုပ်ခဲ့တဲ့ အတွက် ​အဲဒီနေရာ တွေမှာ ​ဆန္ဒပြ ခဲ့ကြတာ ​ဖြစ်ပါတယ်။

ဆန္ဒပြ သူတွေက ​၂၀၀၈ ခုနှစ် ​ဖွဲ့စည်းပုံ ​အခြေခံ ဥပဒေကို ​အလို မရှိတဲ့ ​အကြောင်း၊ ​နိုင်ငံရေး အ ကျဉ်းသား ​တွေကို ​လွတ်ပေးဖို့ ​အကြောင်း၊ ​တိုင်းရင်းသား ​ဒေသတွေမှာ ​ဖြစ်နေတဲ့ ​ထိုးစစ်ဆင်မှုတွေကို ​ရပ်တန့်ပေးရေး၊ ​လူမျိုးတုံး ​သတ်ဖြတ်မှုတွေ ​ရပ်တန့်ရေး၊ ​လူမျိုး ဘာသာ ​ခွဲခြားမှုတွေ ​ရပ်တန့် ရေးတွေကို ​အဓိကထား ​တောင်းဆို ခဲ့ကြတာ ဖြစ်ပါတယ်။

သြစတြေးလျ နိုင်ငံ မြို့တော် ကင်ဘာရာမှာ သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြကြတဲ့ တိုင်းရင်းသားများ (ဓါတ်ပုံ - ABC)
မဲလ်ဘဲန်း မြို့က ​ဦးပဉ္ဇင်း ​ဦးတေဇော ဘာသကလည်း ​လူ့အခွင့် အရေး ​ချိုးဖောက် မှုတွေ ​သံ ဃာ တွေခံစား ​ခဲ့ရတာတွေနဲ့ ​ပတ် သက်ပြီး ​သမ္မတ ကိုတွေ့ဆုံ ​တင်ပြ လိုတာကြောင့် ​ကင်ဘာ ရာမြို့ကို ​လာပြီး ​ဆန္ဒပြ ​တာဖြစ် တဲ့ အကြောင်း၊ ​ကချင် တိုင်းရင်းသား တွေရဲ့ ​အကြီး အကဲဖြစ် သူ ​ဒေါ်ပေါက်နန် ​ကလည်း ​ကချင် ပြည်နယ်မှာ ​ဖြစ်နေတဲ့ ​လူ့အခွင့် အရေး ​ချိုးဖောက် မှုတွေကို ​ရပ်တန့်ဖို့ ​စစ်အင်အား ​တိုးချက် မှုတွေ ​ရပ်တန့် ဖို့နဲ့ ​စစ်ဘေး ​ဒုက္ခ သည်တွေကို ​အကူ အညီပေး ဖို့ ​တောင်းဆို လိုတဲ့ အကြောင်း ​ပြောသွား ခဲ့ပါတယ်။

သြစ တြေးလျ နိုင်ငံ ကရင် အဖွဲ့ အစည်းရဲ့ ​တွဲဖက် ဥက္ကဌ ​ဦးမန်း အောင်လန်းဒို ကလည်း ​မြန်မာ နိုင်ငံ သမ္မတ အနေနဲ့ ​သြစ တြေးလျ နိုင်ငံကို ​လာရောက် တဲ့အခါ ​ကြိုဆို လိုပေမယ့် လည်း ​မြန်မာ နိုင်ငံမှာ ​ဆင်းရဲ မွဲတေမှု တွေ၊ ​ထိုးစစ် ဆင်မှု တွေ၊ ​သံဃာ တော်တွေ အပေါ် ​နှိမ်နှင်း မှုတွေ၊ ​အပစ် အခတ် ရပ်စဲရေး ကို ​အကြောင်း ပြပြီးတော့ ​တိုင်းရင်း သားဒေသ တွေမှာ ​တပ်အင်အား တိုးချဲ့မှုတွေ ​ဆက်လုပ် နေ တာကြောင့် ​ကြိုဆိုမှု တွေမလုပ်ပဲ ​ဆန့်ကျင် ရတာဖြစ်တယ် လို့ဆိုပါတယ်။

အဲဒါ အပြင် ​ဆန္ဒ ပြပွဲမှာ ပါဝင်တဲ့ ​ရိုဟင်ဂျာ အဖွဲ့ရဲ့ဥက္ကဌ ​မိုဟာမတ် ​အဏ္ဏဝါ ​ခေါ် ​ကိုဇော်နိုင် ​က လည်း ​မြန်မာ အစိုးရ အနေနဲ့ ​ရိုဟင်ဂျာ တွေရဲ့ ​နိုင်ငံသား အခွင့်အရေး ​ပြန်လည် ပေးဖို့နဲ့ ​လူမျိုး ဘာသာ ခွဲခြားမှု ​တွေရပ်တန့်ဖို့ ​အဓိက တောင်းဆို သွားခဲ့ပါတယ်။

ဒီကနေ့ မှာတော့ ​သမ္မတ ဦးသိန်းစိန် နဲ့အဖွဲ့ဟာ ​ဆီဒနီမြို့ကိုရောက် ရှိ နေပြီးတော့ သြစ တြေးလျ နိုင်ငံစီးပွား ရှင်တွေနဲ့ ​တွေ့ဆုံမှာ ဖြစ်ပါတယ်။ ​ညနေပိုင်း မှာတော့ ​သြစတြေးလျ နိုင်ငံ တိုင်းရင်းသား ​အတိုက် အ ခံ ခေါင်းဆောင် တွေနဲ့ ​တွေ့ဆုံမယ် လို့လည်း ​သတင်းတွေ ရရှိထား ပါတယ်။

RB News
19.3.2013

သြစတြေး လျနိုင်ငံ၊ ကင်ဘာ ရာမြို့၊ Australian National University တွင် မတ်လ ၁၅-၁၆ ရက်များတွင် ကျင်းပခဲ့ သော ဖိုရမ်၌ မြန်မာ နိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးသည် ရှေးယခင် ကတည်းက ရှိခဲ့ကြောင်းကို ရခိုင်နှင့် ရိုဟင်ဂျာ သမိုင်း သုတေသီ ဦးဌေးလွင်ဦးမှ ပြောကြား ချက်များ


သြစတြေး လျနိုင်ငံ၊ ကင်ဘာ ရာမြို့၊ Australian National University တွင် မတ်လ ၁၅-၁၆ ရက်များတွင် ကျင်းပ ခဲ့သော ဖိုရမ်၌ RNDP အထွေထွေ အတွင်း ရေးမှူး ဦးဦး လှစောအား BRCA မှ ဦးမောင်လှ၊ ဦးတင်မောင်၊ ဒေါက်တာ လှမြင့်တို့မှ မေးမြန်း ချက်များနှင့် ဦးဦး လှစော၏ ဖြေကြား ချက်များ


သြစတြေး လျနိုင်ငံ၊ ကင်ဘာ ရာမြို့၊ Australia National University တွင် မတ်လ ၁၅-၁၆ ရက်များတွင် ကျင်းပ ခဲ့သော ဖိုရမ်၌ RNDP အထွေထွေ အတွင်း ရေးမှူး ဦးဦး လှစောအား BRCA ဥက္ကဌ ဦးမိုဟာမတ် အဏ္ဏ၀ါမှ မေးမြန်း ချက်များနှင့် ဦးဦး လှစော၏ ဖြေကြား ချက်များ


မဇ္ဈိမ
18.3.2013

လက်ပံတောင်း အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း ရက်အနည်းငယ်သည် အတိုက် အ ခံ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် အတွက် ခက်ခဲ၍ အရေးကြီးသော သီတင်းပတ် ဖြစ်သည်ဟု အချို့ က ဆိုကြသည်။

မီဒီယာများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းများ၊ ယခင်က ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံခဲ့သူများ သာမက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ သည်ပင်လျှင် လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သတ်၍ ဒေါ်အောင် ဆန်းစုကြည် ခေါင်းဆောင် ခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ရပ်တည်ချက် အပေါ် ပြင်းထန်စွာ ဝေဖန်စရာများ ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် သူ ငယ်ရွယ်စဉ်က ပညာ ဆည်းပူး ခဲ့ဖူးသည့် အောက်စဖို့ဒ် တက္ကသိုလ်၌ ၂၀၁၂ခုနှစ်၊ ဇွန်လ၂၀ ရက်နေ့က မိန့်ခွန်းပြောကြားခဲ့ရာ တွင်မြန်မာနိုင်ငံ အနေဖြင့် အနာ ဂတ် အောင်မြင်နိုင်ရေး လမ်း ခရီးကို ဖြတ်သန်း ရာတွင် လွယ်ကူ လိမ့်မည် မဟုတ်ဟု ဆို ခဲ့ဖူးသည်။ 

ယခု အခါတွင်မူ ဒေါ်အောင်ဆန်းစုကြည် ပညာ ဆည်းပူးခဲ့သည့် ကျောင်းတော်ဟောင်း အောက်စဖို့ဒ် တက္ကသိုလ်မှ ပညာရှင်များ ကလည်း လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သတ်၍ ဒေါ်အောင် ဆန်း စုကြည် ဦးဆောင်သည့် ကော်မရှင်၏ ရပ်တည်ချက် အပေါ် ဝေဖန်လာကြသည်။ 

မတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့ အထိ အောက်စဖို့ဒ် တက္ကသိုလ်တွင် ကျင်းပခဲ့သည့်ဒုတိယအကြိမ်မြောက် အရှေ့တောင် အာရှ လေ့လာရေး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် ပတ်သတ်သည့် အကြောင်း အရာများက လွှမ်းမိုးခဲ့သည်ဟု Oxford Student အစီရင်ခံစာ တစောင်က ဆိုသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အပေါ် အပြုသဘောဆောင်သည့် မီဒီယာ ဖော်ပြမှုများ ရှိသော် လည်း မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုး တိုးတက်မှုများနှင့် ပတ်သတ်၍ သံသယဖြင့်သာ ရှုမြင်သင့်ကာ စစ် မှန်သော အပြောင်းအလဲ ပေါ်ပေါက်ရေးအတွက် အခွင့်အလမ်း လွဲချော်နေဆဲ ဖြစ်သည်ဟု အရှေ့တောင်အာရှ သမိုင်းဆိုင်ရာ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ် Dr. Peter Carey က ပြောဆိုခဲ့သည်ဟု သတင်းများက ဆိုကြသည်။ 

အစိုးရက ကချင် လက်နက်ကိုင် အဖွဲ့ကို တိုက်ခိုက်နေခဲ့သည့် ကိစ္စတွင် ဒေါ်အောင်ဆန်း စုကြည် က တောက်လျှောက်   နှုတ်ဆိတ် နေခဲ့ခြင်းအပေါ် အထူးဝေဖန် ခဲ့ကြ သည်ဟု Oxford Student အစီရင် ခံစာ က ဆိုသည်။ ထို့ပြင် လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စရပ်များအပေါ် မဝေဖန်ခဲ့သောကြောင့် စိတ်ပိုင်း ဆိုင်ရာ သြဇာညောင်းမှုကို ဆုံးရှုံးနေသည် ဟုလည်း ဆိုခဲ့သည်။ 

“မျှော်လင့်ချက်တွေဟာ နည်းပါးနေပါတယ်။ နောက်ပြီး ဒေါ်စုဟာ လည်း ပြောသင့် တာတွေ ကို ပြောဖို့ လို အပ်ပါတယ်” ဟု Dr. Carey က ဆိုသည်။ 

မြန်မာနိုင်ငံ အတွင်း ပြုပြင်ပြောင်းလဲမှုများသည် အမှန်တကယ် သဘာဝကျကျ တိုးတက်နေခြင်း ရှိမရှိ ကိုလည်း ဆွေးနွေးပွဲ တက်ရောက်သူများကို Oxford Student အဖွဲ့က မေးခွန်း ထုတ်ခဲ့သေးသည်။ Burma Campaign (UK) မှ အလုပ်အမှုဆောင် ဒါရိုက်တာ Anna Robert က “ရည်ရွယ်ချက်တွေဟာ ဒီမိုကရေစီ နည်းကျ ဦးတည် မောင်းနှင်ထားတာ မဟုတ်ပါဘူး” ဟု ဆိုခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တိုင် ဖိတ်ကြားချက် အရ ယခုလနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ သီ တင်း နှစ်ပတ်ကြာ သွားရောက်လည်ပတ်ရန် ရွေးချယ်ခြင်း ခံထားရသည့် အောက်စဖို့ဒ် ကျောင်းသား ကိုယ်စားလှယ် အဖွဲ့က ထိုဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။
(Picture Credit: The Voice of Rohingya)

RB News 
18.3.2013 

အထက်ပါ မှတ်တမ်းအရ ဦးဟာဖီဇူလာ သည် ၁၉၁၃ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် မွေးဖွား ခဲ့ သည်။ မြန်မာ နိုင်ငံတွင် အစိုးရ ဌာန များ၌ နိုင်ငံ ခြားသား များကို အလုပ် ခန့်ထား ခြင်းမရှိ သော ကြောင့် ဦးဟာဖီဇူလာ သည် မြန်မာ နိုင်ငံသား တစ်ဦး ဖြစ်သည်။ ရခိုင်ပြည်နယ် ကျန်းမာ ရေးဦးစီး ဌာန တွင် ကျောက် ထိုး ဆရာ အဖြစ် အလုပ်လုပ် ကိုင်ခဲ့သူ ဦးဟာဖီ ဇူလာအား ၁၉၇၄ ခုနှစ်၊ အာဏာ ရှင်ဟောင်း ဦးနေ၀င်း လက် ထက် တော်လှန် ရေးကောင်စီမှ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီသို့ အသွင် ကူးပြောင်း သည့်နှစ်တွင် အထက်ပါ သက်ပြည့် ပင်စင် လက်မှတ်ကို ထုတ်ပေးခဲ့ ခြင်းဖြစ်သည်။ 

မြန်မာ နိုင်ငံ လွတ်လပ် ရေးရပြီးနောက် ပါလီမန် ဒီမိုကရေစီ အစိုးရ လက်ထက်တွင် ရိုဟင်ဂျာ သည် အခြားသော တိုင်းရင်းသား လူမျိုးနွယ်စု များတန်းတူ တိုင်းရင်းသား မျိုးနွယ်စု တစ်စု ဖြစ်ခဲ့သည်။ သို့သော်လည်း ၁၉၇၃ ခုနှစ်တွင် ၁၄၃ မျိုးဟု ပြင်ဆင်ခဲ့ပြီး ၁၉၈၈ နောက်ပိုင်းတွင် ၁၃၅ မျိုးဟု ပြင်ဆင် ခဲ့သည်။ ယခုတစ်ဖန် ၁၀၁ မျိုးဟု လ၀က ၀န်ကြီး ဦးခင်ရီမှ ပြောဆိုနေ ပါသည်။ 

မည်သို့ပင် ဆိုစေကာ မြန်မာ နိုင်ငံ အစိုးရ ဌာနများမှ ထုတ်ပေးသည့် သက်သေခံ အထောက် အထားများ စွာတွင် ရိုဟင်ဂျာ ဟူသည့် လူမျိုး အမည်ကို ၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရ လက်ထက် အစပိုင်း တွင်ပင် သုံးစွဲခဲ့သည်။ 

အကယ်၍ မြန်မာ နိုင်ငံတွင် ရိုဟင်ဂျာ လူမျိုး မရှိခဲ့ဟု ဆိုလျှင် အထက်ပါ သက်သေခံ လက်မှတ် တွင် ရိုဟင်ဂျာ လူမျိုး ဟု ရေးသား၍ မှတ်တမ်း တင်ရန်လည်း အကြောင်း မရှိပေ။


သီဟ 
RB News 
18.3.2013 

စစ်တွေ ။ ။ ပထမ အကြိမ် ရခိုင် ပြည်နယ် လွှတ်တော်၏ ဆဋ္ဌမ ပုံမှန် အစည်း အဝေးကို ယနေ့ (မတ်လ ၁၈ ရက်) နေ့မှ စတင် ကျင်းပနေရာ အစ္စလာမ် ဘာသာဝင် ပြည်နယ် လွှတ်တော် ကိုယ်စား လှယ်နှစ် ဦး ဖြစ်သည့် မောင်တော မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးအောင်မျိုးမင်းနှင့် ဘူး သီး တောင်မြို့ နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဒေါက်တာ ဘရှီရ် အဟမတ် တို့သည် လုံခြုံရေး အခြေ အနေကြောင့် အစည်း အဝေးသို့ တက်ရောက် နိုင်ခြင်း မရှိကြောင်း သတင်း ရရှိပါသည်။ 

ရခိုင် ပြည်နယ် လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ် (၄၇) ဦးရှိရာ ထိုအထဲတွင် အစ္စလာမ် ဘာသာဝင် (၂) ဦးသာ ပါဝင်သည်။ အဆိုပါ အစ္စလာမ် ဘာသာဝင် ပြည်နယ် လွှတ်တော် ကိုယ်စား လှယ် နှစ်ဦး အစည်း အဝေး မတက်ရောက် နိုင်သည်မှ ယခု အကြိမ်ပါ ဆိုလျှင် (၃) ကြိမ် ရှိသွား ပြီ ဖြစ် သည်။ ရခိုင် ပြည်နယ်တွင် အကြမ်းဖက်မှု များစတင် ဖြစ်ပွားချိန် မှစ၍ ယနေ့တိုင် ရခိုင် ပြည် နယ် လွှတ်တော် အစည်း အဝေး ကျင်းပရာ စစ်တွေမြို့၌ အသက် အိုးအိမ် စည်းစိမ် လုံခြုံမှု မရှိသေး သဖြင့် အဆိုပါ အစ္စလာမ် ဘာသာဝင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များ၏ လုံခြုံရေး အတွက် စိုးရိမ် နေရ နိုင်ခြင်း ဖြစ်ပါသည်။ 

“ဒီနေ့ထိ လွှတ်တော် အစည်း အဝေး ခန်းမနဲ့ ပြည်နယ် အစိုးရရုံး တို့နဲ့ ကိုက် (၂၀၀) ပင် မပြည့်တဲ့ အောင် မင်္ဂလာ ရပ်ကွက်က မွတ်စလင်တွေ လမ်းမပေါ် ထွက်လို့ မရသေးဘူး။ ဈေးသွား ၀ယ်လို့ မရ သေး ဘူး။ ကျောင်းသွား တက်လို့ မရ သေးဘူး။ ပြီးတော့ ပြည်နယ် အစိုးရက ဟိုတစ်နေ့က အထိ ရသေ့တောင် မှာရော၊ စစ်တွေ မှာရော စစ်သွေးကြွ ဗုဒ္ဓ ဘာသာဝင် သင်္ကန်းဝတ်တွေ၊ အစွန်းရောက် ရခိုင်တွေကို မင်းမဲ့ တိုင်းပြည်လို သောင်းကျန်း ခွင့်ပေး ထားတယ်။ ဒီတော့ မွတ်စလင် လွှတ်တော် ကိုယ်စား လှယ်တွေ စစ်တွေမှာ သွားလာ လှုပ်ရှားဖို့ ဆိုတာ အလွန် အန္တရာယ် များပါတယ်။ ရခိုင် အစွန်းရောက် အချို့ကတော့ အခုချိန်ထိ ရူးသွပ် ဆိုးသွမ်း နေကြတုန်းဘဲ။ သူတို့ရဲ့ စိတ်ဓါတ်တွေ ပုံမှန် မဖြစ်သေးဘူး” ဟု ရခိုင် ပြည်နယ် လွှတ်တော် အရေး လေ့လာသူ တစ်ဦးမှ RB News သို့ပြော ပါသည်။ 

အစ္စလာမ် ဘာသာဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည်အစည်းအဝေးသို့တက်ရောက် နိုင်ခြင်း မရှိသော် လည်း ပြည်သူ လူထု၏ အသံကို ထင်ဟပ်သော မေးခွန်း များကို လွှတ် တော်သို့ ပေးပို့ မေးမြန်း ထားကြောင်း သိရှိ ရပါသည်။ ယခု ကျင်းပ နေသည့် ဆဋ္ဌမ ပုံမှန် အစည်း အဝေးတွင် ဒေါက်တာ ဘရှီရ် အဟမတ်မှ မေးခွန်း (၁၀) ခုနှင့် ဦးအောင်မျိုးမင်းမှ မေးခွန်း (၃) ခု အသီးသီး မေးထားကြောင်း သတင်း ရရှိပါသည်။ 

ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးမှာ အာဏာရ ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ကိုယ်စား ပြုပြီး ရွေးကောက် တင်မြှောက် ခံရသူများ ဖြစ်ကြသည်။ 

RB News 
17.3.2013 

မင်းပြား ။ ။ ရခိုင် ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တို ဘာလ များတွင် အကြမ်း ဖက်မှု များ ဖြစ်ပွား ပြီးသည့် နောက်ပိုင်းတွင် ရိုဟင်ဂျာ လူမျိုး များအား သွားလာခွင့် ကန့်သတ် ထားခဲ့ ရာ စား ၀တ် နေရေး အတွက် အခက် အခဲများ နေ့စဉ် ကြုံတွေ့ လျက်ရှိ ကြသည်။ 

မင်းပြား မြို့နယ် ဘားဘူတောင် ကျေးရွာ အုပ်စု၊ ဆင်ကြီးပြင် ကျေးရွာ (ဆာန်းကြီး ဖာရာ) တွင် လပေါင်း များစွာ သွားလာခွင့် ကန့်သတ် ထားမှုကြောင့် စားဝတ် နေရေး အခက် အခဲ ကြုံတွေ့လျက် ရှိသူ များထဲမှ ရိုဟင်ဂျာ (၃) ဦးသည် နာဂါရာ ကျေးရွာ အုပ်စု၊ လက်မ ချေရွာ (လင်ဘော် ရှော်ရ်) သို့ ရွာသားများ အ တွက် စားနပ် ရိက္ခာ ၀ယ်ယူရန် မတ်လ (၁၄) ရက်နေ့၊ ကြာသ ပတေးနေ့ တွင် စက်လှေဖြင့် ထွက်ခွာ ခဲ့ သည်။ 

လမ်းခရီးတွင် အသင့်စောင့်ဆိုင်း နေသော ရခိုင် အစွန်းရောက် အကြမ်းဖက် သမားများ၏ လူမဆန် စွာ သတ်ဖြတ်မှု ကိုခံရပြီး အသတ်ခံ ရသော ရိုဟင်ဂျာ (၃) ဦး၏ အလောင်း များကို မတ်လ (၁၆) ရက်နေ့၊ စနေနေ့ တွင် မြောက်ဦး မြို့နယ်၊ ဘူးတလုံး ကျေးရွာ အနီးရှိ မြောင်းဘွေ ချောင်းတံတား အနီးတွင် ရှာဖွေ တွေ့ရှိ ခဲ့သည်။ 

အလောင်းကို ရှာဖွေ တွေ့ရှိသည့် အချိန်တွင် မြောက်ဦး မြို့နယ် အခြေစိုက် ခမရ (၃၈၀) မှ လုံခြုံရေး တာဝန်ယူ ထားသည့် တပ်သားများ လည်းရှိခဲ့သည်။ အလောင်းကို စစ်ဆေးရာတွင် အသတ်ခံရ သူများ၏ ခန္ဓာကိုယ်တွင် ဓါးဒဏ်ရာ ပေါင်း များစွာဖြင့် ပြည့်နှက်လျက် ရှိပြီး၊ လည်ပင်းကို လှီးထားသည့် ဒဏ်ရာများ၊ အရှက် အင်္ဂါကို လှီးဖြတ် ထားသည့် ဒဏ်ရာများ၊ နှာခေါင်းနှင့် နားရွက် တို့ကို လှီးဖြတ် ထားသည့် ဒဏ် ရာ များ လည်း ပါဝင်ကြောင်း သိရှိ ရပါသည်။ 

ရခိုင် အစွန်းရောက် အကြမ်းဖက် သမားများ၏ လူမဆန်စွာ ရက်စက် ကြမ်းကြုတ်စွာ သတ်ဖြတ် ခံရသူ (၃) ဦးမှာ ဆင်ကြီးပြင် ကျေးရွာမှ ဖြစ်ပြီး၊ ၎င်းတို့၏ အမည်များမှာ - 

(၁) ဦးမာမတ်ဒုလ္လာ (ဘ) ဦးအာမီနုလ္လာ (အသက် ၃၈ နှစ်) 
(၂) ဦးမောန်ဇူရ် အာလောမ် (ဘ) ဦးနူရ် အာလောမ် (အသက် ၃၇ နှစ်) 
(၃) မာမတ်အာယုပ် (ဘ) ဦးရရှစ် (အသက် ၂၀ နှစ်) - တို့ဖြစ်ပါသည်။

ရခိုင် တိုင်းရင်း သားများ တိုးတက် ရေးပါတီ (RNDP) အထွေထွေ အတွင်း ရေးမှူး ဦးဦး လှစော၊ သြစ တြေးလျ နိုင်ငံ အခြေစိုက် ရိုဟင်ဂျာ အဖွဲ့ အစည်း တစ်ခု ဖြစ်သည့် Burmese Rohingya Community in Australia မှ ကိုယ်စား လှယ်အဖွဲ့နှင့် ရခိုင်နှင့် ရိုဟင်ဂျာ သမိုင်း သုတေသီ ဦးဌေးလွင်ဦး တို့ကို သြစ တြေးလျ နိုင်ငံ ကင်ဘာ ရာမြို့တွင် မတ်လ ၁၅-၁၆ ရက်နေ့ များ၌ Australia National University တွင် ကျင်းပ ခဲ့သော ဖိုရမ်၌ တွေ့ရစဉ်။ 

RB News 
16.3.2013 

တောင်အာဖရိက နိုင်ငံ အခြေစိုက် Free Burma Campaign South Africa နှင့် ရိုဟင်ဂျာ များအား အကာ အကွယ် ပေးသည့် အဖွဲ့ တို့ပူးပေါင်း၍ ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ ရိုဟင်ဂျာ အသင်း (BROUK) အား ရိုဟင်ဂျာ လူမျိုးများ အရေးနှင့် ပတ်သက်၍ တောင်အာဖရိက နိုင်ငံသားများ ပိုမိုနိုး ကြားလာ စေရန် Johannesburg နှင့် Cape Town မြို့များသို့ မတ်လ (၃) ရက်နေ့မှ (၉) ရက်နေ့ အထိ ဖိတ်ကြား ခဲ့သည်။ 


တပတ်ကြာ ခရီးစဉ် အတွင်း တောင်အာဖရိက အမျိုးသား ရေဒီယို အသံလွှင့် ဌာနမှ BROUK ဥက္ကဌ ဦးထွန်းခင် အားအင်တာဗျူး ပြုလုပ်ခဲ့ရာ ယခုအခါ အဆိုပါ ရေဒီယို အသံလွှင့် အစီအစဉ်များကို နားထောင် သူ ၅ သန်းကျော်မှ ယနေ့ ရိုဟင်ဂျာများ ခံစားနေသည့် အတိဒုက္ခ များ အကြောင်း နိုး ကြားနေ ပြီ ဖြစ်ကြောင်း အစီအစဉ် ဖြစ်မြောက်ရေး စီစဉ်ခဲ့သူ များ၏ ပြောပြချက် များအရ သိရှိရ ပါသည်။ ထို့အပြင် ဦးထွန်းခင်အား 786 နှင့် Islam ရေဒီယို အသံလွှင့် ဌာနများမှလည်း တွေ့ဆုံမေးမြန်း ခဲ့ပြီး တောင်အာ ဖရိ က တပတ်ကြာ ခရီးစဉ် အတွင်း တောင်အာဖရိက ပြည်သူများအား ရိုဟင်ဂျာ အရေးနှင့် ပတ်သက် ၍ နိုးကြားလာ စေ ရန် အင်တာဗျူးနှင့် သတင်း အစီအစဉ်များဖြင့် ပံ့ပိုးပေးခဲ့သည်။


Cape Town မြို့တွင် လူမျိုးရေး ခွဲခြားမှုဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရ သည့်နယ်မြေရှိ Al Jaamia ဗလီ တွင် သောကြာနေ့ ဂျူမ္မာ ၀တ်ပြုချိန်၌ ဒေသခံများ၏ ဆန္ဒအရ ယနေ့ မြန်မာ နိုင်ငံတွင် ရိုဟင်ဂျာ လူမျိုး များ ကြုံ တွေ့နေရသော လူမျိုးရေး ခွဲခြား ဆက်ဆံမှုများ အကြောင်း ပြောဆိုခွင့် ရခဲ့သည်။ 

BROUK ကိုယ်စားလှယ် အဖွဲ့သည် Cape Town မြို့ရှိ PAGAD Centre တွင် ညှင်းပန်း နှိပ်စက် ခံခဲ့ရ သူများ အတွက် အမှတ်တရ ပြုလုပ်ထားသည့် လူမှု့ အဖွဲ့အစည်း များနှင့်လည်း တွေ့ဆုံခဲ့သည်။ အဆို ပါ အဖွဲ့အစည်း များမှ အမှန်တရားနှင့် လွတ်လပ်မှု အတွက် ဆက်လက်၍ ရုန်းကန် အားပေး သွားမည် ဟု ပြောဆိုကြောင်း သိရပါသည်။ 



Christian Solidarity Worldwide (CSW) မှလည်း မြန်မာ ပြည်သူများ အတွက် ဆုတောင်းပွဲ ပြုလုပ် ရာတွင် BROUK အဖွဲ့အား ဖိတ်ကြားခဲ့ပြီး၊ BROUK အထွေထွေ အတွင်းရေးမှူး ဦး AH Jarmal မှ ရိုဟင်ဂျာ များ၏ လက်ရှိ ကြုံတွေ့ နေရသည့် အခြေအနေ၊ လွန်ခဲ့သည့်နှစ် ဇွန်လမှ စ၍ တစ်ဖက်သတ် သတ်ဖြတ်ခံ ရသည့် အဖြစ်မှန်များနှင့် အကြမ်းဖက် မှုများကို ရှောင်တိမ်းနေ သူများ ပင်လယ်ပြင်တွင် သေဆုံး နေရမှု အခြေ အနေများ အားလုံးကို အသေးစိတ် ရှင်းလင်းခဲ့ ကြောင်း သတင်း ရရှိ ပါသည်။




ကျော်စွာဝင်း 
RB News 
16.3.2013 

ကင်ဘာရာ ။ ။ ၂၀၁၃ ခု မတ်လ ၁၅ - ၁၆ ရက်နေ့တွင် သြစတေးလျနိုင်ငံ ကင်ဘာရာမြို့ Australia National University ၌ ကျင်းပသည့် ဆွေးနွေးပွဲတွင် ရခိုင်တိုင်းရင်းသား များတိုးတက်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောမှ ရိုဟင်ဂျာ မွတ်ဆလင်များ အပါအ၀င် မည်သူ့ကိုမဆို ဖိနှိပ်နေခြင်းအား မိမိအနေဖြင့်မ ကြိုက်ကြောင်း၊ ထိုသို့ဖိနှိပ်မှုတို့အား ဆန့်ကျင်သွား မည် ဖြစ်ကြောင်း ပြော ကြား လိုက်ပါသည်။ 

Debating Democratisation in Myanmar/Burma ခေါင်းစဉ်ဖြင့် မြန်မာပြည် ဒီမိုကရေစီ အကြောင်း၊ စီးပွားရေး ဆိုင်ရာနှင့် လူမျိုးစု များဆိုင်ရာ တင်ပြဆွေးနွေး မှုများတွင် ဒုတိယ မြောက်နေ့ဖြစ်သည့် မတ်လ ၁၆ ရက်နေ့၌ ရခိုင် လူမျိုးရေး အစွန်းရောက် ပါတီ တစ်ခု ဖြစ်သည့် RNDP မှ အထွေထွေ အတွင်းရေးမှုး ဦးဦး လှစော မှ ရခိုင်ပြည် သည် တောတောင်ရေမြေ သယံဇာတ ကြွယ်ဝပြီး မြန်မာနှင့်မဆိုင် သီးခြား သမိုင်းရှိ ခဲ့သော တိုင်းပြည် တစ်ခု ဖြစ်ခဲ့ပြီး ယခုအချိန်တွင် ရခိုင် လူမျိုးများ အနေဖြင့် လုပ်ပိုင်ခွင့် တစ်ခုမျှ မရှိဘဲ ဗဟို အစိုးရ မှသာ အာဏာကို ချုပ် ကိုင်ထားကြောင်း၊ ဗဟို အစိုးရအား ဆန့်ကျင်သည့် စကားများ ကို ပြောကြား ခဲ့ပြီး၊ ရခိုင် ပြည်၌ ရှေးယခင်က သေးငယ်သော မွတ်ဆလင် ကွန်မြူနီတီသာ ရှိခဲ့ကြောင်း၊ ဗြိတိသျှခေတ် အတွင်း ဘင်္ဂလီ များဝင်ရောက် လာပြီး လူဦးရေ များပြား သွားကြောင်း၊ လွတ်လပ်ရေး ရပြီး မှ “ရိုဟင်ဂျာ” ဆို တဲ့ စကားလုံး ပေါ်ပေါက် လာကြောင်း၊ သမ္မတ ဦးသိန်းစိန် ပြောဆိုသည့် ထိုဘင်္ဂလီ တို့ အား တတိ ယနိုင်ငံသို့ ပို့ပစ်မည်ကို ရခိုင် တစ်မျိုးသားလုံး သဘောတူကြောင်း၊ အစ ပိုင်းတွင် ပြော ဆိုခဲ့သည်။ 

ဦးဦးလှစော ပြောဆိုပြီးနောက် အခမ်းအနားမှူးမှ အမေရိကားမှ ရောက်လာသည့် ဧည့်သည်တော် ဦးဌေး လွင်ဦး အား အထူးအစီအစဉ်ဖြင့် သုံးမိနစ်ခန့် စကားပြောခွင့်ပေးခဲ့၍ ဦးဌေးလွင်ဦးမှ ရိုဟင်ဂျာ ဟူသည် ရခိုင်နယ်၏ မူလဇာတိ လူမျိုးဖြစ်ကြောင်း၊ ကျောက်စာ အထောက်အထား၊ အင်္ဂလိပ်ခေတ် မတိုင်မှီ အထောက်အထား၊ အင်္ဂလိပ်ခေတ်ဆန်းပိုင်း ၁၈၂၆ ခု သန်းခေါင် စာရင်း အထောက် အထားများဖြင့် တင်ပြ ခဲ့ပြီး၊ ရခိုင်အား အင်္ဂလိပ် အုပ်ချုပ်စတွင် ရိုဟင်ဂျာမှာ ရခိုင်ပြည် လူဦးရေ၏ သုံးပုံတစ်ပုံ စာရင်းရှိခဲ့ပြီး၊ ခင်ဗျား တို့ကိုယ်တိုင်က မွေးနှုန်း ကောင်းပါတယ် ဆိုတဲ့ ဒီ ရိုဟင်ဂျာတွေ ဒီနေ့ ရခိုင်ပြည်မှာ လူဦးရေတိုးနှုန်း စာရင်းမှပင် ပျောက်နေကြောင်း၊ ရခိုင်ဟူသည်မှာ ဗမာလူမျိုးသာ ဖြစ်ကြောင်း မြန်မာမှ ခွဲထွက်ခွင့်သော် လည်းကောင်း၊ မြန်မာထက် ထူးခြား၍ ပိုမိုသည့် အခွင့်အရေးသော်လည်းကောင်း တောင်း ဆိုခွင့်မရှိသော လူမျိုးဖြစ်၍ မိမိသည်လည်း ရခိုင် လူမျိုးဖြစ်၍ ဗမာနှင့် အတူ တူဖြစ်ကြောင်း၊ရခိုင် အမျိုး သားရေး ခေါင်းဆောင်များ မှာ ဗဟုသုတ မလုံလောက်ဘဲ လူထုအား သတင်းမှား၊ ဗဟုသုတ အမှားများ ကိုသာ ပေးနေကြောင်း၊ မိမိအနေဖြင့် လွန်ခဲ့သော သီတင်းပတ်က ထိုင်းနိုင်ငံ၌ ရခိုင် သမိုင်း ပညာရှင် ဆိုသူနှင့် “ရိုဟင်ဂျာ” ကိစ္စကို ဆွေးနွေးစဉ် ၎င်းမှ ရိုဟင်ဂျာ ဆိုသည့် အမည်နာမအား အတင်း ခံ ငြင်း ပြီး၊ နောက်ဆုံး စာ အုပ်ထောင်ပြသောအခါ၊ ရိုဟင်ဂျာ ဆိုသည့် အမည်အား မငြင်းနိုင်တော့ ဘဲ ရိုဟင်ဂျာ ဆိုသည်မှာ ရခိုင် လူမျိုးကို ခေါ်သည်ဟု ထိုပညာရှင်က စကားလှည့်ခဲ့ ကြောင်း၊ ဒါဆို အဲ့ဒီ ပညာ ရှင်ကို ခင်ဗျားက မွတ်ဆလင် ဖြစ်သလားလို့ မေးခဲ့စဉ် သူ့ဘက်က စကားပိတ်သွား ခဲ့ကြောင်း၊ ယခုလည်း မိမိပြောဆိုသည့် အထောက်အထားတို့အား တက်ရောက်လာသည့် ပရိသတ်မှ တစ်ယောက် ချင်းစီအား မိတ္တူ များ ဝေပေးမည် ဖြစ်ကြောင်း၊ ရသည့် အချိန်တို အတွင်း ဆက်တိုက် တင်ပြခဲ့ပြီး ထိုအထောက် အထား တို့အား ပရိသတ် အတွင်း ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် နိုင်ငံ ခြားမှ စီးပွားရေး စိတ်ဝင်စားသူများ အနေဖြင့် မြန်မာနိုင်ငံအား စီးပွားရေး တိုးတက်စေရန် အကူအညီ ပေးပါရန် မိမိ အနေဖြင့်လည်း မေတ္တာရပ် ခံကြောင်း၊ တစ်ပြိုင် နက်ထဲမှာ မြန်မာခေါင်းဆောင်များကိုလည်း အမှန် တရား ကို လျှောက် လှမ်းဘို့ process ကို လျှောက်လှမ်းနိုင်ဖို့ အချိန်ယူရမှာ ဖြစ်တယ်ဆိုတာကို မိမိက လက် ခံနိုင် ကြောင်း၊ သို့သော် အဲ့ဒီ အမှန်တရားကို မလျှောက်လှမ်းမှီ- အမှန်တရားကို ချက်ချင်း လက်ငင်း လက်ခံရဲတဲ့ သတ္တိလိုကြောင်း ပြောဆိုခဲ့သည်။ 

ဦးဌေးလွင်ဦး စကားပြောပြီးနောက် အမေးအဖြေကဏ္ဍတွင် ဦးဦးလှစောမှာ ဘင်္ဂလီ ဆိုသည့် စကားလုံး တစ် လုံးမှ မပြောတော့ဘဲ ရိုဟင်ဂျာ မွတ်ဆလင် ဆိုသည့် ဝေါဟာရကိုသာ သုံးစွဲပြောဆိုသွားပြီး လက် ရှိ ဖြစ်ခဲ့သမျှကိစ္စများမှာ အလွန် ရှုပ်ထွေး နက်နဲကြောင်း၊ မိမိတို့မှာ အာဏာမရှိ၍ ထိုကိစ္စမှာ အာဏာ ရှိ သူ များနှင့်သာ သက်ဆိုင်ကြောင်း၊ မိမိအနေဖြင့်မူ ရိုဟင်ဂျာ မွတ်ဆလင် အပါအ၀င် မည်သူ့ကိုမဆို ဖိနှိပ်နေသည်ကို မနှစ်သက်ကြောင်း အခမ်းအနားသို့ တက်ရောက် သည့် မြန်မာနိုင်ငံ သား များနှင့် နိုင် ငံခြား သား များ ရှေ့မှောက်၌ ထုတ်ဖေါ် ပြောဆိုသွားပါသည်။ အခမ်းအနားသို့ တက်ရောက် သူ ၁၅၀ ခန့် ရှိကြောင်း သိရှိရပါသည်။

ဌေးလွင်ဦး
RB News
15.3.2013

ရာဇ၀င်မှာ ဘီလူးမ သားလုပွဲ ဆိုတာပဲ ရှိပါတယ်။ လူသားမိခင်အရင်းနဲ့ လူသားကို စားချင်တဲ့ ဘီလူးမက လူဟန်ဆောင်ပြီး- သားကို လုတဲ့ပွဲပါ။ ဒီမှာ ရာဇ၀င်လာ ပညာရှိသုခမိန် မဟော်သဓာက- ဘယ်သူဟာ မိခင် အရင်း ဖြစ်သလဲ- “ကလေးကို ရအောင်လုနိုင်သူက ကလေးကို ယူစေ”လို့ ပြောပြီး သားကို လုခိုင်း လိုက်တယ်။ မိခင်လို့ ဆိုသူနှစ်ဦး သားလေးကို အပြိုင်ဆွဲလုတော့- မိခင်အရင်းက သားလေးနာသွားမှာ စိုးရိမ်စိတ်နဲ့ လက် လွှတ် အလျှော့ပေးလိုက်ခဲ့တယ်။- (သားကို ရမယ်- မရမယ်ဆိုတာ က နောက် ကိစ္စ၊ လောလောဆယ် သားလေး ကို ခြေက တစ်ယောက်ဆွဲ၊ ခေါင်းက တစ်ယောက် ဆွဲ- နှစ်ပိုင်းပြတ်- သေ သွားမှာက လတ်တစ်လောကိစ္စ ဖြစ် နေခိုက်- မိခင်အရင်းက သားလေးကို ကရုဏာတစ်ကယ်ရှိပြီး- လက်လွှတ်ပေးလိုက်ခဲ့တာပါ။)- ဒီမှာ သုခမိန် မဟော်သဓာဟာ မိခင် အရင်းရဲ့ စိတ်ကို သိမြင်ခွင့်ရခဲ့ပါတယ်။- 

တိုင်းပြည်တစ်ခုမှာ ပြည်သူလူထုဆိုတာသားသမီးတွေဖြစ်ပါတယ်။ နိုင်ငံကိုဦးဆောင်တဲ့ ခေါင်း ဆောင်တွေ မိဘ များ သဖွယ် ဖြစ်ပါတယ်။- ပြည်သူလူထုရဲ့ ဘ၀များ အတွက် မိဘတွေမှာ တာဝန် ရှိနေပါတယ်-။ 

ဒီပွဲတွေမှာ- (၁) ရခိုင်နယ်မှာ ဖြစ်နေတဲ့ ဒေသခံ မူလဘူတ လူမျိုး များကို မျိုးတုံး သုတ်သင်တဲ့ ပွဲမှာ-၊ ပါဝင် ပတ် သက်သူတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ အတိုက် အခံတွေ၊ အားလုံးက မျက်ကန်း မျိုးချစ်များ ငြိုငြင် သွားမလား ဆိုပြီး ဖြစ်စေ-၊ သူတို့ကိုယ်တိုင်က သူတို့နဲ့ ဘာသာမတူရင် ရန်သူဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်နဲ့ မလိုမုန်း ထား မှုကြောင့်ဖြစ်စေ-၊ ကြီးနိုင်ငယ်ညှင်း ၀ါဒကိုသာ အားပေး ခဲ့တယ်။ ထောက်ခံခဲ့တယ်။ ဆက်လက်ပြီး လည်း မျိုးတုံး ပပျောက်သွားစေဘို့ ဆက်လက် ကြံစည်နေ ဆဲဖြစ်နေတယ်။ 

(၂) ကချင်နယ်က ကိစ္စ-၊ ဒီကိစ္စမှာလည်း မျက်ကန်း မျိုးချစ်များ၊ နိုင်ငံရေး သမားများ၊ အတိုက် အခံများ ကိုယ်တိုင် ငြိမ်းချမ်းရေး ရလာစေဘို့ ထဲထဲဝင်ဝင်-၊ စေတနာထားပြီး ပါဝင် ပတ်သက်မှု မရှိဘဲ ရူး ချင်ယောင်ဆောင်နေတာ ကို မြင်နေ ရပါတယ်။ မကောင်း တတ်လို့ အသက်မပါတဲ့ မျက်နှာနဲ့ နည်းနည်း ပါး ပါး သံယောင် လိုက်ပြောတာက လွဲ နှလုံးသားထဲမှာ ကချင်တွေ မျိုးပြုတ် သွားပါစေလို့ အမူအယာ များကို ကမ္ဘာ တစ်ဝှမ်းက သိမြင်လောက် အောင် ဖေါ်ပြနေပါတယ်။ 

(၃)နောက်ဆုံး ဗမာ-ဗမာချင်း ဆင်းရဲတောင်သူများနဲ့ အကျိုး စီးပွားဝါဒီများ ဖြစ်တဲ့ လက် ပန်းတောင်းတောင် ကိစ္စ မှာလည်း ပြသနာကြီး ပေါက်ကွဲသွားမှာ စိုးလို့- ကြားက၀င်ပြီး ဖြန်ဖြေ ဟန်ဆောင်ပေးခြင်း က လွဲ-၊ လက်တွေ့ မှာ မိမိ အာဏာ လက်လွတ် သွားမှာကို ကြောက်ပြီး ဆင်း ရဲတောင် သူများကို စွန့်ပစ်ခဲ့ တာ ကိုပဲ တွေ့လိုက်ရပါ တော့တယ်။ ဒီမှာ ၀င်ရောက် ဖြန်ဖြေပေးခြင်း ဆိုတာလည်း- လက်လွန်သွားတာကို ခံရသူများဘက်က သွေးပူ နေခိုက် လက်တုံ့ပြန်မှုတွေ ကြီးသွားမှာ စိုးလို့ သွေးအေး သွားစေအောင် ချော့ သိပ်လိုက်တဲ့ သဘောမျှသာ ဖြစ် ခဲ့ပြီး- သွေးအေး သွားတဲ့အခါ-၊ “နင်က လွန်တာကိုး- ခံရမှာပေါ့” ဆိုတဲ့ သဘောနဲ့- ဆင်းရဲပြည်သူများ နှိပ်ကွပ် ခံလိုက်ရတာကိုက အပြစ် ရှိလို့ ခံရတာလို့ အပြစ်ပင် ဆိုတဲ့ သဘောဖြစ်နေပါတော့တယ်။ 

ဖြစ်ပျက်သမျှကို ပြန်လည် သုံးသပ်ရင်တော့--၊ ပြည်သူလူထုကြီးတစ်ရပ်လုံးကိုအာဏာကိုသာမက်မော နေ တဲ့ ဘီလူးအုပ်ကြီး ၀ိုင်းလုသလို ဖြစ်နေပြီ။ သက်ညှာ ကရုဏာထားမယ့် မိဘ အစစ်ဆိုတာ မရှိတော့ တာ သေချာနေတယ်။ သေချင်တဲ့အကောင်သေ၊ မျိုးပြုတ်ချင်တဲ့ အုပ်စုပြုတ်၊ ငါတို့ကတော့ အသားရရ၊ အရိုးရရ ၀ိုင်းဆွဲမှာပဲ ဆိုတဲ့ အဖြေက ထင်ရှားလာပါတယ်။ 

အတိုက်အခံ နိုင်ငံရေး အုပ်စုက ကောင်းပါတယ်။ မတတ်သာလို့ နိုင်ငံရေးကွက် ၀င်ကစားတာပါဆိုတဲ့ အဖြေက တစ်ကယ်ခံရတဲ့ လူထုကြီး တစ်ရပ်လုံး မြန်မာတစ်ပြည်လုံးအတွက် လုံလောက်တဲ့ အဖြေမဟုတ် ပါ။ အခုခံရတာ အုပ်စု သုံးစု အပေါင်း ဧရာဝတီတိုင်းက လယ်သမားတွေ ဖြစ် ကုန်ပြီ။ နောက်ထပ်ဘယ် သူတွေ ခံရဦးမလဲ- ဘယ်လို စိတ်ချလို့ ရနိုင်မလဲ။ လူအားလုံးက ငါ့အလှည့် ငါတို့ အလှည့် ဘယ်တော့လာမလဲ ဆိုတဲ့ ကြောက်ရွံ့ စိတ်နဲ့သာ အသက်ရှင်နေရတဲ့ ဘ၀မျိုးကို ရောက်နေပါပြီ။ 

ကြံ့ဖွံ့က ကစားတာကို အတိုက်အခံများ ခံနေရတယ် ဆိုတဲ့ အဖြေက အတိုက်အခံများရဲ့ ဂုဏ်သိက္ခာကို ပိုပြီး ထိခိုက်စေပါတယ်။ အဲ့ဒီ စကားက အတိုက်အခံများသည် နိုင်ငံရေးပညာ၊ နိုင်ငံရေး ပရိယာယ်မှာ ကြံ့ဖွံ့ထက် အင်မတန် ညံ့ဖျင်းကြောင်း ၀န်ခံရာရောက်နေပါတယ်။ အင်မတန် ညံ့ဖျင်းတဲ့ အုပ်စုကြီး လက်ထဲကို နိုင်ငံတော် အာဏာ ဘယ်လို အပ်နိုင်မလဲ ဆိုတဲ့ မေးခွန်းက ဆက်လက် ရှိနေပါတယ်။ 

အာဏာငမ်းငမ်းမက်နေတဲ့ နိုင်ငံရေးသမား ဘီလူးအကြီးများရဲ့လက်ထဲမှာ မိမိတို့ ဘ၀များ ဘယ်လို သက်သာ မလဲ ဆိုတာကိုပဲ ပြည်သူတွေ လိမ္မာပါးနပ်စွာ ဆင်ခြင်ဘို့ လိုနေပါပြီ။ မိမိတို့ကို ကာ ကွယ်စောင့်ရှောက်ပေးမယ့် မိဘနှင့်တူသော ခေါင်းဆောင်များ မရှိတဲ့ ဘ၀မှာ ပြည်သူတွေဟာ ကိုယ့် အသိ နဲ့ ကိုယ် ညီညွတ်ချစ်ခင်အောင် နေနိုင်ဘို့သား ကြိုးစားနိုင်မှ အနည်းငယ် သက်သာလာနိုင်ဘွယ် ရှိနေ ပါတယ်။ ပြည်သူတစ်ရပ်လုံး လိမ္မာပါးနပ် ကြဘို့ကိုပဲ အကြံပေးလိုပါတယ်။ 


ဌေးလွင်ဦး 
မြန်မာ မွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ 
အမေရိကန် ပြည်ထောင်စု

နေဆန်းလွင် 
RB News 
15.3.2013 

Francis Buchanan ရဲ့မှတ်တမ်းနဲ့ ပတ်သက်ပြီး လူအတော် များများက ပြောဆို ရေးသားခဲ့တာ တွေ အ များကြီး ရှိပါတယ်။ သို့ပေမဲ့လည်း လိုအပ်တယ် ထင်လို့ Buchanan ရဲ့မှတ်တမ်းနဲ့ ပတ်သက်ပြီး ဆက်နွယ် တာတွေ စာဖတ်သူများ ဗဟုသုတ ရဖို့ရေးသား လိုက်ပါတယ်။ 

Francis Buchanan ဆိုတာ ဘယ်သူလဲ? 

Dr. Francis Buchanan ဟာ စကော်တလန် လူမျိုး ဆရာဝန် တစ်ယောက်ပါ။ ၁၇၆၂ ခုနှစ် မှာ မွေးဖွား ခဲ့ပြီး University of Edinburgh မှာ ဆေးပညာ ဆည်းပူးခဲ့သူ ဖြစ်ပါတယ်။ သူက အိန္ဒိယ နိုင်ငံ Bengal Medical Service မှာ ၁၇၉၄ ကနေ ၁၈၁၅ အထိ တာဝန် ထမ်းဆောင် ရင်းနဲ့ ယခု ရခိုင် ပြည်နယ် လို့ လူအသိ များနေတဲ့ အာရ်ကာန် ဒေသကို ရောက်ရှိခဲ့တယ်။ “A Comparative Vocabulary of some of the languages spoken in the Burma Empire” စာအုပ်ကို မှတ်တမ်း အနေနဲ့ ရေး သားခဲ့ တာ ဖြစ်ပါတယ်။ 

Buchanan မှတ်တမ်းထဲက Rooinga 

The first is that spoken by the Mohammedans, who have been long settled in Arakan, and who call themselves Rooinga, or natives of Arakan

ဘာသာပြန် - ပထမ ဘာသာ စကား ကတော့ အာရ်ကာန်မှာ အချိန် ကြာမြင့်စွာ အခြေချ နေထိုင် လာခဲ့ပြီး မိမိကိုယ် မိမိ ရိုအင်ဂါ (သို့မဟုတ်) အာရ်ကာန် ဇာတိ ချက်မြှပ် လို့ပြောကြတဲ့ မိုဟာမတ်ဒန်တွေ ပြောတဲ့ စကားဘဲ ဖြစ်ပါတယ်။ 

ဒါကတော့ Buchanan ရဲ့ စာအုပ် စာမျက်နှာ ၂၃၇ မှာ ရေးထားတာပါ။ 

မိုဟာမတ်ဒန်ကို မြန်မာလို မဟာ မေဒင်လို့ နောက်ပိုင်းသုံးတာ တွေ့ရပါတယ်။ 

ဒီမှာ အရေး ကြီးဆုံး အချက်က မိုဟာမတ်ဒန် (သို့) မြန်မာလို မဟာမေဒင်ဆိုတာ အစ္စလာမ်ဘာသာ ၀င်တွေ ကို ဆိုလိုတာဘဲ ဖြစ်ပါတယ်။ 

ရခိုင် လူမျိုး သမိုင်း ပညာရှင် ဒေါက်တာ အေးချမ်းက မတ်လ (၁၄) ရက်နေ့ ရန်ကုန် MICT Park မှာ ပြု လုပ် ခဲ့တဲ့ Seminar မှာ “ဒီလူတွေ မွတ်စလင် ဖြစ်တယ် ဆိုတာ ဘယ် စာမျက်နှာမှာ ပါလဲ” ဆိုပြီး စော ဒက တက်ပါတယ်။ ရိုအင်ဂါ လို့ရေးထား တာလည်း ရခိုင် လူမျိုးကို ရည်ညွန်း တာလို့ ပြောဆို သွားပါတယ်။ 

အဲဒီတော့ ဒေါက်တာ အေးချမ်းကို ကျွန်တော် ပြောချင်တာက - 

Dr. Francis Buchanan ရေးထားတဲ့ Mohammedans (မြန်မာလို မဟာမေဒင်) ဆိုတာ ယနေ့ ရခိုင် ပြည်နယ်မှာ အစ္စလာမ် ဘာသာ ကိုးကွယ်တဲ့ ရိုဟင်ဂျာ လူမျိုးကို ရည်ညွန်း ခြင်းသာ ဖြစ်ပါတယ်။ 

ယနေ့ ရခိုင် ပြည်နယ်မှာ ဗုဒ္ဓ ဘာသာ ကိုးကွယ်တဲ့ ရခိုင် လူမျိုး (ယခင်က မော့ဂ် လူမျိုး) အကြောင်း ကို Dr. Francis Buchanan က သူ့ရဲ့ မှတ်တမ်းမှာ စာမျက်နှာ ၂၂၃ ကနေ ၂၂၆ အထိ Yakain (သို့မဟုတ်) Mug ဆိုပြီး သေသေ ချာချာ ရှင်းရှင်း လင်းလင်း ရေးထား ပါတယ်။ 

(ဤဆောင်းပါး အောက်တွင် ပါသော Scribd ၌ တင်ထားသော PDF ဖိုင်တွင် ကြည့်ရှူ နိုင်ပါသည်) 

အဲဒီတော့ ဒေါက်တာ အေးချမ်းအနေနဲ့ Rooinga ဆိုတာ ရခိုင် လူမျိုး ကိုရည်ညွန်းပြီး ရေးထားတာ လို့ နား မလည်တဲ့ သူတွေကို လိမ်ညာ ပြောဆို နေခြင်းကို ပညာရှင် တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိန်း သိမ်းသောအားဖြင့် ရပ်တန့်ဖို့ လိုပါလိမ့်မယ်။ 

Buchanan မှတ်တမ်းထဲက ရိုဟင်ဂျာ စကား 

Buchanan ရဲ့မှတ်တမ်းက အဓိက အားဖြင့် ဘားမား အင်ပါယာ အတွင်းမှာ ပြောဆိုတဲ့ ဘာသာ စ ကား တွေကို မှတ်တမ်း တင်ထားခြင်း ဖြစ်ပါတယ်။ 

အဲဒီ မှတ်တမ်းထဲမှာ ယနေ့ ရိုဟင်ဂျာ လူမျိုး (အစ္စလာမ် ဘာသာဝင်၊ မွတ်စလင်) တွေ ပြောနေတဲ့ စ ကား ကို စာမျက်နှာ ၂၃၈  မှာ မှတ်တမ်းတင် ထားသလို ယနေ့ ရခိုင် လူမျိုး (ဗုဒ္ဓဘာ သာ ၀င်)  တွေ  ပြောနေတဲ့ စကား ကိုလည်း စာမျက်နှာ ၂၂၄ မှာ သီးခြား မှတ်တမ်း တင်ပါတယ်။ 

မှတ်တမ်း တင်ထားတဲ့ ရိုဟင်ဂျာ စကား တွေကတော့ - 

(၁) Bel - နေ 
(၂) Sawn - လ 
(၃) Tara - ကြယ် 
(၄) Kool - ကမ္ဘာ 
(၅) Pannae - ရေ 
(၆) Auin - မီး 
(၇) Sheel - ကျောက်ခဲ 
(၈) Bau - လေ 
(၉) Jorail - မိုး 
(၁၀) Manush - အမျိုးသား (လူ) 
(၁၁) Meealaw - အမျိုးသမီး 
(၁၂) Gourapa - ကလေး 
(၁၃) Mata ­- ဦးခေါင်း 
(၁၄) Gall - ပါးစပ် 

မှတ်တမ်း ထဲမှာ ပါတဲ့ အဲဒီစကားတွေက ယနေ့ ရခိုင် ပြည်နယ်မှာ ပြောတဲ့ ရိုဟင်ဂျာ စကား ဟုတ်/မဟုတ် ရခိုင် ပြည်နယ်ကို သွားပြီး မည်သူ မဆို လေ့လာ နိုင်ပါတယ်။ 

ရိုဟင်ဂျာ စကားက ဘင်္ဂလီ စကားလား 

Buchanan ရဲ့မှတ်တမ်း ကို ၁၇၉၉ ခုနှစ်မှာ ပြုစုခဲ့တဲ့ အတွက် ယနေ့ ရခိုင် ပြည်နယ်မှာ ရှိတဲ့ ရိုဟင်ဂျာ လူမျိုးက ဗြိတိသျှ ကိုလိုနီ မတိုင်မှီ ကတည်းက ရှိနေတယ် ဆိုတာ ဗြောင်လိမ်ပြီး ငြင်းနေမယ် ဆိုရင် တော့ ရပါတယ်။ ဒါပေမဲ့ Buchanan ရဲ့မှတ်တမ်းကို ဘယ်သူ့မှ ဖျောက်ပစ်လို့ ရမှာ မဟုတ်ဘူး။ 

ရိုဟင်ဂျာဆိုတာဘင်္ဂလီတွေပါလို့ ပြောနေသူ တွေကတော့ အများကြီးပါ။ ဘယ်သူတွေဘယ်လိုဘဲ ပြော  ပြော ရိုဟင်ဂျာ ဆိုတာ ဘင်္ဂလီ မဟုတ်ဘူး။ ရခိုင် ပြည်နယ်မှာ ရိုဟင်ဂျာ တွေနဲ့ အချိန် ကြာကြာ နေဖူးသူ တစ်ယောက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ခဏလောက် ရောက်ဖူးရင် ခွဲခြားလို့ ရမှာပါ။ 

ရိုဟင်ဂျာ စကားကို ဘင်္ဂလီတွေ နားမလည် သလို ဘင်္ဂလီ စကားကိုလည်း ရိုဟင်ဂျာ တွေနားမလည် ပါ။ ဘင်္ဂလားဒေ့ရှ် စစ်တကောင်း ဒေသမှာ ပြောတဲ့ စကားက ရိုဟင်ဂျာ စကားနဲ့ တူတယ် -စစ်တကောင်း သားတွေလို့လည်း စွပ်စွဲမှု တွေရှိ ပါတယ်။ ကျွန်တော် သေချာ ပြောပါမယ်။ စာရေး နေတဲ့ ကျွန်တော် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ဖူး ပါတယ်။ ကိုယ်တိုင် ရိုဟင်ဂျာ ဖြစ်လို့ ရိုဟင်ဂျာနဲ့ ဘင်္ဂလီ ဘာတွေ ကွာလဲ ဆိုတာ ကိုယ်တိုင် သုတေသနတွေ အများကြီး လုပ်ခဲ့ပါတယ်။ 

ဗမာ စကားနဲ့ ရခိုင် စကား တူသလား? 

တကယ်တော့ လုံးဝ မတူပါဘူး။ ဥပမာ ပြပါရစေ - 

- ရခိုင်လို “ဇာလား ဖို့လေ” အဲဒါကို ဗမာလို ဘာသာပြန် ရင် “ဘယ်သွား ဖို့လဲ”

- ရခိုင်လို “သူပုန် ပီးလေ” အဲဒါကို ဗမာလို ဘာသာပြန် ရင် “ဆပ်ပြာ ပေးလေ”

အဲဒီလိုပါဘဲ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း ဒေသမှာ သုံးတဲ့စကားနဲ့ ရိုဟင်ဂျာစကား အဲဒီလို ကွဲပြား ပါတယ်။ 

- ရိုဟင်ဂျာလို “ဂေါ်မ် အာစောနဲ” အဲဒါကို စစ်တကောင်း ဒေသမှာ “ဘာလော အာစန်” ဗမာလို ဘာသာပြန် ရင်တော့ “နေကောင်းလား” 

- ရိုဟင်ဂျာလို “ကီရာန် ဒေါ်ရ်” အဲဒါကို စစ်တကောင်း ဒေသမှာ “ကီဖာဂိုက် သိုလိုက်ဂ် ဂေါ” ဗမာလို ဘာသာပြန် ရင်တော့ “ဘာချက်နေလဲ” 

အဲဒီလို ကွာပါတယ်။ ဗမာ စကားနဲ့ ရခိုင် စကားမှာ အချို့ တူညီ တာရှိ သလို ရိုဟင်ဂျာ စကားနဲ့ စစ်တ ကောင်း ဒေသ စကားမှာလည်း တူညီတာ တွေရှိ ပါတယ်။ 

အဲဒီတော့ ပြောချင်တာက ရိုဟင်ဂျာ ဆိုတာ ရိုဟင်ဂျာ ပါဘဲ။ ဒေါက်တာ အေးချမ်းရဲ့ ပုဂ္ဂလိက အခွင့် အရေးအရ ရိုဟင်ဂျာကို လက်မခံဘူးလို့ ပြောပိုင်ခွင့် ရှိပါတယ်။ ဒါက Freedom of Expression ပါ။ ကျွန်တော်လည်း ရခိုင်ကို လက်မခံဘူး - မော့ဂ် ကိုဘဲ လက်ခံတယ်လို့ ပြောချင်ရင် ပြောလို့ ရပါတယ်။ ဒါပေမဲ့ ရခိုင်တွေက မော့ဂ်လို့ ခေါ်တာ မကြိုက်တဲ့ အတွက် ကျွန်တော် မခေါ်ဘူး။ ဒါကတော့ လူမျိုးစု တစ်စုရဲ့ ဆန္ဒကို ကျွန်တော် လေးစားလို့ပါ။ 

သို့သော် ရှိတဲ့မှတ်တမ်းကို လိမ်ညာ ၀ါဒဖြန့်တာ ကတော့ ပါရဂူဘွဲ့ရ ပါမောက္ခ တစ်ယောက် အနေနဲ့ ရှက်သင့် ပါတယ်။



မာတလိ 
RB News 
15.3.2013 

ဘူးသီးတောင် ။ ။ မတ်လ ၁၂ ရက်နေ့ နံနက် (မတ်လ ၁၁ ရက် ညသန်းခေါင်ယံ) အချိန်တွင် ရခိုင် အကြမ်းဖက် သမားများ၏ လူမဆန်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ရိုဟင်ဂျာ တက္ကသိုလ် ကျောင်း သား အီလီယာစ် (ခ) မောင်သန်းလှိုင်၏ အလောင်းကို ယမန်နေ့ (မတ်လ ၁၄ ရက်) ညသန်းခေါင်ယံ အချိန်တွင် စိုင်းတင် ချောင်းထဲမှ ဆယ်ယူ ရရှိခဲ့သည်။ 

အလောင်းကို ဆေးရုံသို့ ပို့ပြီးနောက် ယနေ့ ညနေပိုင်းတွင် သဂြိုဟ်ရန် အာဏာပိုင်များမှ အမိန့်ပေး ခဲ့ ကြောင်း သိရှိရ ပါသည်။ ယခုကဲ့သို့ ရခိုင် အကြမ်းဖက် သမားများမှ လူမဆန်စွာ ကြမ်းကြုတ် ရက်စက် မှု အတွက် ဒေသခံ ပြည်သူ များမှ မခံမရပ်နိုင် ဖြစ်လျက် ရှိသည်။ 

အခင်း ဖြစ်ပွားမှုနှင့် ပတ်သက်၍ မတ်လ ၁၃ ရက်နေ့တွင် စစ်တွေမြို့မှပြည်နယ် ရဲမှူးကြီးသည် ဘူး သီးတောင် မြို့သို့ ရောက်ရှိ လာခဲ့သည်။ ၎င်းနှင့် အတူ ဘူးသီးတောင် မြို့နယ် အခြေစိုက် စစ်ဗျူဟာ အ မှတ် (၁) မှ စစ်ဗျူဟာမှူး၊ မောင်တော ခရိုင် ရဲမှူးကြီးတို့ ရိုဟင်ဂျာ ရပ်မိရပ်ဖ အချို့နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရှိရ ပါသည်။ 

“သူတို့ကတော့ ဒီကိစ္စကို ထိထိ ရောက်ရောက် အရေးယူ သွားမယ့် အကြောင်း၊ မျက်နှာ လိုက်မှာ မဟုတ်တဲ့ အကြောင်း ပြောတော့ပေါ့။ ဒါပေမဲ့ ရိုဟင်ဂျာ တွေကတော့ သံသယ ဖြစ်နေ ပါတယ်။ ဘာ ဖြစ် လို့လဲ ဆိုတော့ အာဏာပိုင် အားလုံး နီးပါးက ရခိုင် လူမျိုး တွေဖြစ်နေပြီး အရင်က ကိစ္စတွေ အားလုံးမှာ လည်း ရခိုင်တွေ ဘက်လိုက်ပြီး ဆောင်ရွက်ခဲ့ ကြလို့ပါဘဲ” ဟု ဘူးသီးတောင် မြို့နယ် ဒေသခံ တစ်ဦးမှ RB News သို့ပြော ပါသည်။ 

ယခု အချိန်ထိ အကြမ်းဖက် ခေါင်းဆောင် အောင်စံသိန်း အပါအ၀င် ရာဇ၀တ်မှု ကျူးလွန်သူ (၂) ဦးကို သာဖမ်းဆီးပြီး ကျန်သည့် သူများကို လွှတ်ထားဆဲ ဖြစ်သည်။ ရာဇ၀တ်မှု ကျူးလွန်သူ ရခိုင် လူမျိုးများ အမှုတွင် စွဲချက်တင် မခံရရန် အတွက် တရားလို များ၏ ထွက်ဆိုချက် များကို ပြောင်းလဲ နိုင်အောင် တရား လို များအား ဖိအားပေး နေကြောင်း သိရှိ ရပါသည်။ 

အာဏာပိုင် များက ကတိပေး ထားသည့်အတိုင်း အဆိုပါ ရာဇ၀တ်မှု ကျူးလွန်သော ဒုစရိုက် သမား များ အား ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်ခြင်း ရှိ/မရှိကို ဒေသခံ ပြည်သူများက အနီး ကပ် စောင့်ကြည့် လျက်ရှိကြောင်း သတင်း ရရှိပါသည်။

RB News 
15.3.2013 

ရန်ကုန် ။ ။ မြန်မာ နိုင်ငံတွင် အာဏာရ ပါတီ ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လွှတ်တော် အမတ် တစ်ဦး ဖြစ်သည့် ဦးရွှေမောင်မှ ရခိုင် ပြည်နယ်တွင် ဗုဒ္ဓ ဘာသာဝင် များနှင့် အစ္စလာမ် ဘာသာဝင် များအကြား တငွေ့ငွေ့ လောင်ကျွမ်း နေသည့် တင်းမာမှု များမှ နောက်ထပ် တစ်ဖန် အုပ်စု နှစ်ခုကြား အကြမ်းဖက် မှုများ ဖြစ်ပွား နိုင်မည်ဟု သတိပေး ပြောကြား လိုက်ပါသည်။ 

“အကယ်၍ အစိုးရ အနေနဲ့ အရေးယူ ဆောင်ရွက်မှု မပြုလုပ်ဘူး ဆိုရင် ကျွန်တော့် အနေနဲ့ မကြာမီ အချိန်မှာ နောက်ထပ် အကြမ်းဖက်မှု ဖြစ်ပွား လာမှာကို စိုးရိမ်မိတယ်” ဟု ဘူးသီးတောင် မြို့နယ် ကိုယ်စားပြု ပြည်သူ့ လွှတ်တော် ဥပဒေပြု အမတ်မှ ပြောပါသည်။ “ကျွန်တော် စိတ်လှုပ်ရှားပြီး ပြောနေ တာ မဟုတ်ဘူး။ သေသေ ချာချာ စီစစ်ပြီးမှ ကျွန်တော် ပြောနေတာ ဖြစ်တယ်။ အဲဒီလို ဖြစ်မလာဖို့ အတွက် ကျွန်တော်တို့ ထိန်းချုပ်ဖို့ လိုတယ်” 

အကယ်၍ သတင်း ဌာနများမှ ပဋိပက္ခများ တစ်ဟုန်ထိုး ဖြစ်ပွား ခဲ့သည့် ဒေသတွင် ကျူး လွန်သော ပြစ် မှုများ အပေါ် များစွာ အာရုံ စူးစိုက်နေပါက “လူမျိုးစု မုန်းတီးမှုတွေ ပိုမို များပြားလာ လိမ့်မယ်” ဟု ဦးရွှေမောင် မှ ပြောပါသည်။ 

“တရား ဥပဒေ စိုးမိုးမှု နည်းပါး နေတာကို ကျွန်တော်တို့ မြင်နေရတယ်။ ဒေသ ဆိုင်ရာ အာဏာပိုင် တွေ အရေးယူ ဆောင်ရွက် တာတွေ ကတော့ လုံးဝ မမျှတဘူး” 

ဦးရွှေမောင်သည် ၂၀၁၀ ခုနှစ် နိုဝင်ဘာ လတွင် ကျင်းပ ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ မတိုင်မှီ တစ် လ အလိုတွင် ပြည်ခိုင်ဖြိုး ပါတီသို့ ၀င်ရောက် ခဲ့သည်။ မြန်မာ နိုင်ငံတွင် ရိုဟင်ဂျာ မွတ်စလင် များ ကို မြန်မာ နိုင်ငံသား ဖြစ်ခွင့် တားဆီး ပိတ်ပင် ထားသည့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အား ပြင်ဆင် ရန် ထောက်ခံ အားပေး နေသူ တစ်ဦး ဖြစ်သည်။ 

“ကျွန်တော့်ရဲ့ ပုဂ္ဂလိက အမြင် ကတော့ အဲဒါပြင်ကို ပြင်ရမယ်” ဟု အာဏာရှင် ဟောင်း ဦးနေ၀င်း လက်ထက်တွင် စတင်ခဲ့သည့် အငြင်းပွား ဖွယ်ရာ ဥပဒေကို ရည်ညွန်း၍ ဆိုသည်။ 

မွတ်စလင် ရိုဟင်ဂျာ များနှင့် ဗုဒ္ဓ ဘာသာ ရခိုင် များကြား တိုက်ခိုက်မှု အချို့ ဖြစ်ပွား ပြီးနောက် ၁၁၅၀၀၀ အိုးမဲ့ အိမ်မဲ့ ဖြစ်ပွား ခဲ့ပြီး၊ လွန်ခဲ့ သည့် နှစ်တွင် တစ်ရာ ကျော် သေဆုံး ခဲ့ရသည်။ ကုလ သမဂ္ဂ၏ အချက် အလက် များအရ ၂၀၁၂ ခုနှစ် တွင် ရိုဟင်ဂျာ ၁၃၀၀၀ နိုင်ငံ တွင်းမှ ထွက်ပြေး ခဲ့ပြီး၊ ရလာဒ် အနေဖြင့် ၅၀၀ ခန့်မှာ ပင်လယ်တွင် သေဆုံး ခဲ့သည် ဟုယုံကြည် ရသည်။ 

ဦးအဒူ ရာဇတ် ဟုလည်း အမည် ရသော ဥပဒေပြု အမတ်မှ ၎င်း၏ ပြည်နယ် အတွင်း လုံခြုံမှု နှင့် ပတ်သက်၍ အစိုးရ၏ ပျက်ကွက် မှုကို ၎င်း အနေဖြင့် စိုးရိမ်မိ ကြောင်းနှင့် ၎င်း၏ ပါတီအား ပြန်လည် အာဏာ ရရှိရန် အတွက် အခွင့် အလမ်း လျော့နည်း သွားစေ နိုင်သည် ဟုဆိုပါသည်။ 

“အဲဒါက အထူး သဖြင့် ကျွန်တော့်ရဲ့ မဲဆန္ဒ နယ်မှာ ဂယက် ရိုက်လိမ့်မယ်။ ကျွန်တော်တို့ အနေနဲ့ အဆိုပါ ပျက်ကွက်မှု တွေက ပါတီရဲ့ မူဝါဒ မဟုတ် ကြောင်း၊ အစိုးရ မှာသာ တာဝန်ရှိတဲ့ အကြောင်း လူတွေကို ရှင်းပြ ဖို့လိုတယ်” ဟု ဦးရွှေမောင်မှ ပြောပါသည်။ 

“အစိုးရက ပြည်ခိုင်ဖြိုး ပါတီက ဟုတ်ပါတယ်။ ဒါပေမယ့် သူတို့ သီးခြားစီ အလုပ်လုပ် နေတာပါ” ဟု ဦးရွှေမောင်မှ ရန်ကုန်မြို့ရှိ ၎င်း၏ ရုံးခန်းတွင် ပြောပါသည်။ 

အကယ်၍ ၎င်း၏ ပြည်နယ် အတွင်း လူမျိုးစုများ အကြား တင်းမာမှုများနှင့် ကချင် ပြည်နယ် တွင် ဖြစ် ပွား နေ သည့် ပြဿနာများ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မှီ မဖြေရှင်း နိုင်ပါက “ဆက်လက် အာဏာ ရှိနေဖို့ ခက်ခဲသွား လိမ့်မယ်” ဟု ဦးရွှေမောင်မှ ပြောပါသည်။ 

“အခြား ပါတီတွေ ကလည်း ဘာတစ်ခုမှ မဖြေရှင်း ပေးဘူး။ အထူး သဖြင့် NLD မှာ ဖြေရှင်း ပေးဖို့ နည်း လမ်း မရှိဘူး” ဟု ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်သော မြန်မာ နိုင်ငံ၏ အဓိက အတိုက် အခံ ပါတီ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ရည်ညွန်း၍ ၎င်းမှ ပြောပါသည်။ 

ဦးရွှေမောင်သည် ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းကို ထောက်ခံ အားပေးသူဟု ၎င်းကို၎င်း ပြောဆိုပြီး၊ ကြည်းတပ် ပူးတွဲ စစ်ဦးစီးချုပ် ဟောင်းအား “ဉာဏ်ရည် ဉာဏ်စွမ်း ထက်မြက်တယ်၊ အေးဆေး တည်ငြိမ် တယ်၊ ပညာရှင် ပီသတယ်” ဟုပြောသည်။ သမ္မတ ဦးသိန်းစိန်မှ ယခု တာဝန်ယူ ထားသည့် အာဏာရ ပါတီ၏ ဥက္ကဌ တာဝန်ကို ဦးရွှေမန်းမှ လွှဲပြောင်း ယူမည်ဟု သတင်းများ ထွက်ပေါ် ခဲ့သည်။ 

“ဦးသိန်းစိန်က ဥက္ကဌ ဖြစ်ပေ မဲ့လည်း ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အရ သူ့အနေနဲ့ ပါတီ တာဝန် ထမ်းဆောင် လို့မရဘူး” ဟု သမ္မတမှ အဘယ့်ကြောင့် ပြည်ခိုင်ဖြိုး ပါတီ၏ ဥက္ကဌ တာဝန်မှ ဖယ်ပေး နေ သည်ကို ဦးရွှေမောင်မှ ရှင်းပြ ပါသည်။ 

ပြည်ခိုင်ဖြိုး ပါတီ၏ လက်ရှိ ဒုတိယ ဥက္ကဌ ဖြစ်သူ ဦးရွှေမန်းသည် ပါတီ၏ ဥက္ကဌ တာဝန်ယူရန် အ သင့် တော်ဆုံး ဖြစ်သည်ဟု ယူဆကြောင်း၊ မြန်မာ နိုင်ငံ၏ သမ္မတ ဖြစ်လာ နိုင်မည့် အခွင့် အ လမ်း ကောင်း များ ရှိနေ သည်ဟု ယုံကြည် ကြောင်း ဦးရွှေမောင်မှ ပြောပါသည်။ 

“၂၀၁၅ မှာ သူ (ဦးရွှေမန်း) သမ္မတ ဖြစ်လာ လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဘာဖြစ် လို့လဲ ဆို တော့ လွှတ်တော် ထဲမှာ ကြည့်မယ် ဆိုရင် သူ့ကို ပါတီ အားလုံးက လက်ခံတယ်” ဟု၎င်းမှ ဆိုပါသည်။ 

ဥပဒေပြုအမတ်မှ ဦးရွှေမန်းတွင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ထက် သမ္မတ ဖြစ်နိုင်ရန် အခွင့် အလမ်း ကောင်းများ ပိုမို ရှိသည်ဟု ဖြည့်စွက် ပြောဆိုသည်။ 

“သူ (ဒေါ်အောင်ဆန်း စုကြည်) သမ္မတ မဖြစ်နိုင် ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ သူက အင်မတန် အရည် အချင်း ရှိသူ တစ်ဦး ဖြစ်ပါတယ်။ သို့သော် သမ္မတ တစ်ယောက် ဖြစ်ဖို့ အတွက် အရည်အချင်း တစ်ခုတည်း အပေါ် မှာတင် မူတည်တာ မဟုတ်ဘူး၊ လွှတ်တော် အမတ်တွေရဲ့ ထောက်ခံ အားပေးမှု့ အပေါ် မှာလည်း မူတည် ပါတယ်” ဟု ဦးရွှေမောင်မှ ပြောပါသည်။ 


ဧရာဝတီ သတင်းဌာနမှ Patrick Boehler ၏ သတင်း ဆောင်းပါးကို RB News မှ ဆီလျော် အောင် ဘာသာ ပြန်သည်။

RB News 
14.3.2013 

ရန်ကုန် ။ ။ ရန်ကုန်မြို့ အမေရိကန် သံရုံးမှ အမေရိကန်ပြည်ထောင်စု မဟာဘွဲ့လွန် သင်ကြားနိုင်ရန် Fulbright ပညာသင်ဆု အတွက် လျှောက်လွှာများ စတင်ခေါ်ယူနေကြောင်း သံရုံး၏ အင်တာနက် စာ မျက်နှာတွင် ရေးသားဖော်ပြထားပါသည်။ 

ပညာသင်ဆု ရရှိသူများအား၊ ကျောင်းစရိတ်၊ နေထိုင် စားသောက် စရိတ်၊ ကျန်းမာရေးနှင့် ခရီးသွား လာစ ရိတ်အပြင် အခြားသော စရိတ်များအားလုံးကို တာဝန်ယူပေးမည်ဟု ရေးသားထားသည်။ ပညာ သင်ဆု ရရှိသူများကို ပညာသင်ကြားပြီးနောက် မိမိတိုင်းပြည်သို့ အနည်းဆုံး နှစ်နှစ်အတွက် ပြန်လာ ပါမည်ဟု တာဝန်ခံ ပေးမည်သူရှိရန် အရေးကြီးသည်ဟု ကြေညာချက်တွင် ပါရှိသည်။ 

လျှောက်လွှာများကို လာမည့် ဇူလိုင်လ (၃) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည် ဖြစ်သည်။ 

Fullbright ပညာသင်ဆု အတွက် ကြေညာထားသည့် ကြေညာချက် အပြည့်အစုံမှာ အောက်ပါ အ တိုင်း ဖြစ်ပြီး http://burma.usembassy.gov/scholarships.html တွင်လည်း ဖတ်ရှူ နိုင်ပါသည်။


The U.S. Embassy Rangoon is pleased to announce the opportunity to compete for the Fulbright Foreign Student Scholarship Program for the academic year 2014-2015. The program gives full scholarship funding to Burmese students seeking a Master’s Degree at a university in the United States of America. 

Participants will be recruited through a merit-based, open competition and chosen based upon their leadership potential, academic excellence, maturity, ability to adjust successfully to life in the U.S., and potential to promote mutual understanding between the United States and the people of other countries. Fulbright Foreign Student scholarships provide tuition and related academic fees, a monthly stipend for room, board and incidental expenses, supplemental health and accident benefits, a book and equipment allowance, travel allowance, and the opportunity to attend Fulbright enrichment activities. 

To be eligible, applicants: 
  • must be Burmese citizens; individuals of other nationalities are not eligible to apply in Burma; 
  • must hold a Bachelor’s degree; 
  • must have a strong academic background and a record of excellence in previous studies; 
  • must be proficient in English, with a minimum TOEFL score of 575 or an IELTS score of 6.5; 
  • should have relevant degrees or professional experience in their proposed field of study; 
  • should have little or no previous experience traveling or living in the United States; 
  • should not have a degree from a U.S. university or be enrolled in a U.S. degree program; 

Important: All grantees are expected to return to their home countries for at least two years at the conclusion of their grant in compliance with the J-visa requirements. 

The deadline for applications is July 3, 2013 

The application and detailed instructions are available at: http://burma.usembassy.gov/scholarships.html or the Cultural Affairs Unit, Public Affairs Section, American Embassy, 110 University Avenue, Kamayut Township, Rangoon, Ph: 536509/ 505113 Ext: 4369, email: RangoonUSECA@state.gov

Fulbright Informational sessions in Rangoon:

Dates: 
Friday, April 5, 2013 
Friday, May 3, 2013 
Friday, June 7, 2013 

Time: 5:00 p.m. 

Place: The American Center, 14 Tawwin Street, Dagon Township 

Other informational sessions will be announced later. 
ဓါတ်ပုံ - Messenger News
RB News
14.3.2013

ရခိုင်ပြည်နယ် လုံးဆိုင်ရာ လူထု အစည်း အဝေး တစ်ရပ်ကို ရသေ့တောင် မြို့နယ်၊ အောင်မြေ ဗောဓိဓမ္မ ရိပ်သာ အလိုတော်ပြည့် ကျောင်းတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့မှ (၂၆) ရက်နေ့ ထိ ကျင်းပခဲ့သည်။ 

အဆိုပါ အစည်းအဝေးသို့ ရခိုင်ပြည်နယ်ရှိ (၁၇) မြို့နယ်မှ တစ်မြို့နယ်မှ ကိုယ်စားလှယ် (၅) ဦးစီ တက်ရောက် ခဲ့သည်။ ထိုအစည်းအဝေး၌ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ဥက္ကဌ ဖြစ် သူ ဒေါက်တာ အေးမောင် ပြောကြားခဲ့သော မိန့်ခွန်း အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ် ပါသည်။

(ဤမိန့်ခွန်း အပြည့်အစုံကို RB News ၏ စာဖတ် ပရိသတ်များ သိစေရန် ရည်ရွယ်ချက်ဖြင့် မူရင်းအသံကို စာရေးသား၍ မျှဝေခြင်း ဖြစ်သည်။)



ဒေါက်တာ အေးချမ်းသို့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီမှ မေးမြန်းသည့် မေးခွန်းများ 

သို့ 

ဒေါက်တာ အေးချမ်း 
သမိုင်း ပညာရှင် 

ရက်စွဲ ။ ။ ၂၀၁၃ မတ်လ (၁၃) ရက် 

လူကြီးမင်းမှ ဦးဆောင် ကမကထပြုပြီး ရခိုင် သမိုင်းဆိုင်ရာဆွေးနွေးပွဲ တစ်ရပ်ကို ထိုင်းနိုင်ငံ၊ ဘန် ကောက် မြို့တွင် မတ်လ (၉) ရက်နေ့က ကျင်းပခဲ့ပြီး၊ ရန်ကုန်မြို့ MICT Park တွင် မတ်လ (၁၄) ရက် နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရှိရပါသည်။ သို့ပါ၍ ရခိုင်သမိုင်းနှင့် စပ်လျဉ်း၍ အောက် ပါ မေးခွန်း များကို သိရှိလို ပါ၍ ဖြေကြားပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ 

မေးခွန်များမှာ - 

(၁) မြောက်ဦးမြို့ကို မင်းစောမွန်(ခ) နရမိတ်လှသည် ဘင်္ဂလား ဆူလ်တန် ဂေါ်ရ်ဘုရင်၏ မွတ်စလင် စစ်တပ် အကူအညီဖြင့် စစ်သူကြီး စန်ဒီခန်းဦးဆောင်သော တပ်ဖွဲ့ကို စေလွှတ်၍ မြောက်ဦးမြို့ကို သိမ်းပိုက် ထီးနန်း စိုးစံခဲ့သည့် သမိုင်း ရခိုင်ရာဇ၀င် ကျမ်းများ တွင်ရှိပါသလား? 

(၂) အထက်ပါ အထောက် အထားများ အရ အေဒီ ၁၄၃၀ ခုနှစ်မှ စ၍ (ရခိုင်ဒေသ) အာရ်ကန်တွင် အစ္စလာမ် ဘာသာဝင် မွတ်စလင်များ နေထိုင်ခဲ့ သည်ကို ငြင်းနိုင် ပါသလား၊ 

(၃) ရခိုင် ရာဇ၀င် ကျမ်း များတွင် ဆူလ်တန် ရာဇာဘုရင် အမည်ဖြင့် မွတ်စလင် ဘုရင်နန်းတက် ခဲ့သည့် သမိုင်း အား ငြင်းနိုင် ပါသလား? 

(၄) ရခိုင် ဒင်္ဂါးများကို အစ္စလာမ်ဘာသာ စာသားများဖြင့် သွန်းလုပ် ထုတ်ဝေခဲ့သည့် အထောက်အထား များအား ငြင်းပယ် လိုပါသလား? 

(၅) ပါလီမန် ဒီမိုကရေစီ ခေတ်တွင် လွတ်လပ်ရေး ဒု - ဗိသုကာ ၀န်ကြီးချုပ်ဟောင်း ဦးနုအစိုးရက Cabinet ၏ ဆုံးဖြတ်ချက်ဖြင့် ရိုဟင်ဂျာလူမျိုးကို သီးသန့် လူမျိုးတစ်မျိုး သတ်မှတ်ပြီး၊ နိုင်ငံပိုင်မြန်မာ့ အသံမှ ရိုဟင်ဂျာ ဘာသာစကားကို တိုင်းရင်းသား ဘာသာစကား အစီအစဉ်အဖြစ် ထုတ်လွှင့်ခဲ့ခြင်းမှာ ဟုတ်ပါ သလား? 

(၆) ဒု - တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်ကြီးက ရိုဟင်ဂျာများကို တိုင်းရင်းသား လူမျိုး စုအဖြစ် လည်းကောင်း၊ ကျောသား ရင်သား မခွဲခြားဘဲ တန်းတူရည်တူ အခွင့်အရေး ပေးမည်ဟု အစိုးရ အဖွဲ့ ကိုယ်စား ကတိက၀တ် ပေးခဲ့သည်ကို ငြင်းလိုပါ သလား။ 


ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ

ဒေါက်တာ အေးချမ်းသို့ အမျိုးသား ဖွံ့ဖြိုးရေးနှင့် ညီညွတ်ရေး ပါတီမှ မေးမြန်းသည့် မေးခွန်းများ 

သို့ 

ဒေါက်တာ အေးချမ်း 
သမိုင်း ပညာရှင် 

ရက်စွဲ ။ ။ ၂၀၁၃ မတ်လ (၁၃) ရက် 

လူကြီးမင်းမှ ဦးဆောင် ကမကထပြုပြီး ရခိုင်သမိုင်း ဆိုင်ရာဆွေးနွေးပွဲ တစ်ရပ်ကို ထိုင်းနိုင်ငံ၊ ဘန် ကောက်မြို့တွင် မတ်လ (၉) ရက်နေ့က ကျင်းပခဲ့ပြီး၊ ရန်ကုန်မြို့ MICT Park တွင် မတ်လ (၁၄) ရက် နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရှိရပါသည်။ သို့ပါ၍ ရခိုင်သမိုင်းနှင့် စပ်လျဉ်း၍ အောက် ပါ မေး ခွန်း များကို သိရှိလို ပါ၍ ဖြေကြားပေး ပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ 

မေးခွန်းများမှာ - 

(၁) ၁၇၉၉ ခုနှစ်တွင် အင်းဝနေ ပြည်တော် ရောက် ဗြိတိသျှသံမှူး Dr. Francis Buchanan ၏ သုတေသန စာတမ်းတွင် ထိုအချိန် ကပင် ရိုဟင်ဂျာ လူမျိုးနွယ်စု ရှိပြီး ၄င်းတို့မှာ အစ္စလာမ် ဘာသာဝင်များဖြစ်၍ Arakan (ရခိုင်) တွင်နှစ်ကာလ ကြာမြင့်စွာ အခြေစိုက် နေထိုင်လာခဲ့သော လူမျိုးနွယ်စု ဖြစ်ကြောင်း မှတ်တမ်းတင် ထားခဲ့တာကို သိပါသလား? 

(၂) Dr. Francis Buchanan သည် ရိုဟင်ဂျာ စကားသီးခြားရှိပြီး၊ ဘင်္ဂလီစကားနှင့် မတူကြောင်း စစ်တမ်း ပြုစုမှတ်တမ်း တင်ထားသည်ကို သိရှိပါသလား? 

(၃) ၁၈၂၆ ခုနှစ်၊ အင်္ဂလိပ်လူမျိုး အာရ်ကန်ဒေသ အုပ်ချုပ်ရေးမှူး Mr. Charles Paton ၏ အစီရင်ခံစာတွင် ဗြိတိသျှ ကိုလိုနီ မတိုင်မှီ ၁၈၂၃ ခုနှစ် မတိုင်ခင်က အာရ်ကန်ဒေသရှိ လူဦးရေ ကိုတစ်သိန်းဟု စာရင်းကောက်ပြီး မော့ဂ်လူမျိုး (၆၀၀၀၀)၊ အာရ်ကန် မွတ်စလင် (၃၀၀၀၀) နှင့် ဗမာလူမျိုး (၁၀၀၀၀) ဟုဖေါ်ပြခဲ့ခြင်းအား သိရှိပါသလား? 

(၄) Mr. Charles Paton ၏အစီရင်ခံစာသည် Primary Source ဖြစ်သည်ကို လက်ခံပါသလား? လက်ခံ လျှင် ၁၈၂၃ ခုနှစ် မတိုင်ခင် ကတည်းက အာရ်ကန်ဒေသရှိ လူဦးရေ၏ သုံးပုံတစ်ပုံမှာ အာရ်ကန် မွတ်စ လင် “ရိုဟင်ဂျာလူမျိုး” များနေထိုင်လာခဲ့သဖြင့် ဒုတိယလူဦးရေ အများဆုံး ဖြစ်ပြီး မွေးရာ ပါ နိုင်ငံ သား များ ဖြစ်ကြ သည်ကို ငြင်းပယ် လိုပါသလား? 

(၅) ထိုအစီရင်ခံစာအရ အာရ်ကန်မွတ်စလင် (ရိုဟင်ဂျာ) များသည်မြန်မာဘုရင် လက်ထက်တွင် အရေးပိုင်များ၊ အုပ်ချုပ်ရေးမှူးများ၊ ရဲအုပ်များ၊ ကျွန်းအုပ်များ၊ လယ်ပိုင်ရှင် ပြုစုခေါင်း များ၊ ကြေး တိုင်ကြီး များ အဖြစ် တာဝန်ပေးခြင်းခံခဲ့ရသည်ကို သိရှိပါသလား? 

(၆) အင်္ဂလိပ်နယ်ချဲ့များ ရခိုင်ပြည်နယ်ကို အုပ်ချုပ်စဉ်က ဘင်္ဂလားဒေ့ရှ်မှ လူများကို သွင်းယူသည်ဟု စွပ် စွဲနေသဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီး ၁၉၄၈ ခုနှစ် စာရင်းအရ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ မြို့နယ်များတွင် အခွန်ထမ်းဆောင်သော နိုင်ငံခြားသား မည်မျှရှိ သည်ကို ဖေါ်ပြနိုင်ပါသလား? 


အမျိုးသား ဖွံ့ ဖြိုးရေးနှင့် ညီညွတ်ရေးပါတီ

ဒေါက်တာ အေးချမ်းသို့ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီမှ မေးမြန်းသည့် မေးခွန်းများ 

သို့ 

ဒေါက်တာ အေးချမ်း 
သမိုင်း ပညာရှင် 

ရက်စွဲ ။ ။ ၂၀၁၃ မတ်လ (၁၃) ရက် 

လူကြီးမင်းမှ ဦးဆောင် ကမကထပြုပြီး ရခိုင် သမိုင်း ဆိုင်ရာ ဆွေးနွေးပွဲ တစ်ရပ်ကို ထိုင်းနိုင်ငံ၊ ဘန် ကောက်မြို့တွင် မတ်လ (၉) ရက်နေ့က ကျင်းပခဲ့ပြီး၊ ရန်ကုန်မြို့ MICT Park တွင် မတ်လ (၁၄) ရက် နေ့ တွင် ကျင်းပမည် ဖြစ်ကြောင်း သိရှိရပါသည်။ သို့ပါ၍ ရခိုင်သမိုင်းနှင့် စပ်လျဉ်း ၍ အောက် ပါ မေး ခွန်း များကိုသိရှိလို ပါ၍ ဖြေကြားပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ 

မေးခွန်းများမှာ - 

(၁) ကျောက်စာဟာ Primary Source လား၊ Secondary Source လား? 
(၂) အာနန္ဒစန္ဒြ ကျောက်စာပါ စကားများသည် ရခိုင်စကားလား၊ ဗမာစကားလား? 
(၃) အာနန္ဒစန္ဒြ ကျောက်စာပါ စကားများသည် ယနေ့ ရိုဟင်ဂျာများ ပြောဆိုနေသော စကား များနှင့် အ များဆုံး တူညီနေသည်ကို သိပါသလား? 
(၄) မြန်မာဘုရင် ဘိုးတော်ဘုရား လက်ထက်တွင် ပြုစုထားသည့် စကားစု ပုရပိုဒ်ရှိ ဝေသာလီခေတ်သုံး စ ကားသည် ယနေ့ ရိုဟင်ဂျာများ ပြောနေသော စကားနှင့် အများဆုံး တူနေတာ သိပါသလား? 
(၅) ဘိုးတော်ဘုရား အမိန့်ပြန်တမ်းတွင် ရခိုင်ဝတီလေးရပ်တွင် ပသီကုလား မွတ်စလင်များ နေထိုင်ပြီး ၄င်း တို့ကို ကာဇီ ရာထူးခန့်အပ်၍ တရားစီရင်ရန်အမိန့်ပြန်တမ်း ထုတ်ထားခဲ့တာ သိပါသလား? 


အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီ

Zoe Daniel
Radio Australia
13.3.2013

ရခိုင်ပြည်နယ်မှာ ​ဖြစ်ခဲ့တဲ့ ​လူမျိုးရေး ​ပဋိပက္ခကြောင့် ​ရိုဟင်ဂျာတွေ ​အများအပြား ​အိမ်နီးချင်းနိုင်ငံကို ​ထွက်ပြေး တိမ်းရှောင် နေကြပြီး ​အဲဒီထဲက ​ထိုင်းနိုင်ငံကို ​ရောက်ရှိသူ တချို့ကို ​ထိုင်းစစ်တပ်တွေက ​လူကုန်ကူး ပွဲစားတွေရဲ့ ​လက်ထဲ ​ရောင်းစား ​အပ်နှံတာတွေ ​လုပ်နေတယ်ဆိုတဲ့ ​ပြောဆိုသံတွေ ​ထွက်ပေါ် နေပါတယ်။

ရောင်းစားခံ ရသူတွေဟာ ​အလုပ်ကြမ်းတွေ လုပ်ရပြီး ​ထွက်ပြေးလို့ ​ဖမ်းမိ ​ရင်လည်း ​နှိပ်စက် ​ခံနေ ရတယ် လို့ ​ပြောပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ထိုင်းစစ်တပ်က ​စုံစမ်း ​စစ်ဆေးရေးတစ်ရပ် ​ပြုလုပ်ခဲ့ပေမယ့် ​ထိုင်းအာဏာ ပိုင်တွေ အနေနဲ့ ​ရိုဟင်ဂျာတွေကို ​လူကုန်ကူးသူတွေဆီ ​ရောင်းစားတာတွေ ​လုပ်ခဲ့တယ်ဆိုတာ ​မတွေ့ခဲ့ ရဘူး လို့ ​ပြောပါတယ်။

တချိန်တည်းမှာပဲ ​လှေနဲ့ ​ရောက်ရှိလာတဲ့ ​ရိုဟင်ဂျာတွေကို ​ထိုင်းအာဏာပိုင်က ​သေနတ်နဲ့ ​ပစ်ခတ် ခဲ့တယ်ဆိုတဲ့ ​ပြောဆိုမှုတွေနဲ့ ​ပတ်သက်ပြီး ​စုံစမ်းစစ်ဆေးသွားမယ်လို့ ​ထိုင်းဝန်ကြီးချုပ် ​ရင်လတ် ရှင်နာဝ က ​ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း ​ဖူးကတ်မြို့မြောက်ပိုင်း ​ပင်လယ်ပြင်မှာ ​ရိုဟင်ဂျာနှစ်ဦး ရဲ့ ​ရုပ်အလောင်းကို ​မကယ် ထုတ် ခင် ​သေနတ်သံတွေ ​ကြားခဲ့ ရတယ်လို့ ​ထိုင်း ရွာသားတွေက ​အေဘီစီကို ​ပြီးခဲ့တဲ့ ​တပတ်က ​ပြောပြ ပါတယ်။

ထိုင်းရွာသားတွေ ​ကယ်တင်ထားတဲ့ ​တခြား ရိုဟင်ဂျာတွေရဲ့ အဆိုအရ ​သူတို့ကို ​ထိုင်းအာဏာပိုင်တွေ က ​လှေပေါ်ကနေ ​ဆွဲချခဲ့တဲ့ အကြောင်း ​ထွက်ပြေးတဲ့အခါ ​သေနတ်နဲ့ ​လှမ်းပစ်ခတ် ခဲ့တယ်လို့ ​ထွက်ဆိုခဲ့ ပါတယ်။ ​ဒါပေမယ့် ​ထိုင်း အာဏာပိုင်တွေ ကတော့ ​သေဆုံးသူတွေဟာ ​ရေနစ်ပြီး ​သေဆုံးတဲ့ အကြောင်း ​ထိုင်း အာဏာပိုင်တွေ အနေနဲ့ ​ထိုင်းနိုင်ငံထဲ ​ဝင်မလာဖို့ ​သတိပေးတဲ့ အနေနဲ့ ​သေနတ်ပစ်တာ မှန်ပေ မယ့် ​လှေပြေးဒုက္ခ သည်တွေကို ​ချိန်ပြီး ​ပစ်ခတ်တာတွေ ​မလုပ်ရ ဘူးလို့ ​ပြောပါတယ်။

ထိုင်းနိုင်ငံ ​ဝန်ကြီးချုပ် ​ရင်လတ်ရှင်နာဝကတော့ ​ထိုင်းအစိုးရအနေနဲ့ ​အကြမ်းဖက်မှုတွေကို ​အားမပေးတဲ့ အတွက် ​ဒီဖြစ်စဉ်ကို ​စုံစမ်းသွားမယ်လို့ ​ပြောခဲ့ပါတယ်။

ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်တွေ ​ခံစားရတဲ့ အကြောင်းတွေကို ​အေဘီစီ ကိုပြောပြတဲ့ ​ ရိုဟင်ဂျာ တစ် ဦး လည်း ​ပျောက်ဆုံးနေ တဲ့အတွက် ​စိုးရိမ်မကင်း ​ဖြစ်နေ ရတယ်လို့ ​ဒီသတင်းကို ​ပေးပို့တဲ့ ​အရှေ့ တောင် အာရှ ဆိုင်ရာ ​အေဘီစီ သတင်းထောက် ​Zoe ​Daniel ​က ​သတင်းပေးပို့ခဲ့ပါတယ်။

မလေးရှားရေပိုင်နက်ထဲ ​ဒုက္ခရောက်နေတဲ့ ​ရိုဟင်ဂျာတွေကို ​မလေးရှားကယ်တင်

ရိုဟင်ဂျာတွေလို့ ​ယူဆရသူလူပေါင်း၁၃၆ ​ယောက်ကိုမလေးရှားအာဏာပိုင်တွေကကယ်တင်ထားကြောင်း ​သိ ရပါတယ်။

အဲဒီလူပေါင်း ​၁၃၆ ​ယောက်က ​သူတို့အနေနဲ့ ​ပင်လယ်ထဲ ​မျောနေတာ ​၂၅ ​ရက် ​ရှိပြီလို့ ​ပြောပြခဲ့ကြပြီး ​မလေးရှား အာဏာပိုင်တွေ ကလည်း ​လှေငယ်လေးမှာ ​လူတွေ ​မတန်တဆ များပြားတာကို ​တွေ့ရတဲ့ အကြောင်း၊ ​လှေက ​ပေါက်နေပြီး ​လှေပေါ်မှာ ​အစားအစာနဲ့ ​သောက်ရေတွေ ​ပါမလာ ကြတာကို လည်း ​တွေ့ ရ တဲ့အကြောင်းတွေ ​ပြောပြခဲ့ပါတယ်။

မလေးရှားနိုင်ငံ ​မြောက်ပိုင်း ​ပီနန် ​ပြည်နယ်နားမှာ ​လှေကို ​တွေ့ခဲ့တာဖြစ်ပြီး ​လှေပေါ်မှာ ​အနည်းဆုံး ​လူ ကြီး ​၉၆ ​ယောက် ​နဲ့ ​ကလေးငယ်အယောက် ​၄၀ ​ပါဝင်တယ်လို့ ​သိရပါတယ်။ ​လှေပေါ် ပါလာသူ အား လုံးကို ​မလေးရှားနိုင်ငံ ​လူဝင်မှု ​ထိန်းသိမ်းရေးစခန်းမှာ ​ထိန်းသိမ်းမှာဖြစ်ပါတယ်။


သို့

ဒေါက်တာ နေဇင်လတ်
နိုင်ငံတော် သမ္မတ အကြံပေး
ချင်းတွင်းလမ်း၊ ဗဟန်း 

ရက်စွဲ။ ၂၀၁၃ ခုနှစ်၊ မတ်လ ၅ ရက် 

လေးစားစွာဖြင့်- 

နိုင်ငံတော် သမ္မတ အကြံပေး ဒေါက်တာ နေဇင်လတ်၏ ယနေ့ Messenger Journal Volume 3, No. 41, Page-19/28 တွင် ရေးသား ဖော်ပြခဲ့သော“ အမျိုးသားရေးလည်း တည်ဆောက်ကြပါ“ ဟူသော ဆောင်း ပါးကို ဖတ်ရှုပြီး ဒေါက်တာအား သမိုင်းကြောင်း အမှန်နှင့် အကြံပြုချက်ကို တင်ပြလိုပါသည်။ 

၁။ ဆောင်းပါးမှာ တရားမ၀င် ခိုးဝင်လာ ခဲ့ကြသူတွေကို နေရာအစုံ၊ မြို့အစုံ၊ ဒေသအနှံ့မှာ ဖမ်းမိတဲ့ သတင်း များဖတ် ရှုနေရပါတယ်။ မိတဲ့နေရာတွေကို ကြည့်ရင် ဘယ်လောက် ဖြန့်ကျက်ပြီး နေရာအနှံ့ စိမ့် ၀င်နေတယ် ဆိုတာ တွက်ထုတ်ယူလို့ ရပါတယ်။ တိုက်ဆိုင်မှုလား၊ ကြိုတင်စီစဉ်မှုလား ဆိုတာတော့ မပြော တတ်ဘူး ဆိုပြီး ဒေါက်တာနေဇင်လတ်က ရေးသားထားပါတယ်။ 

အမှန်အတိုင်းပြောရရင် ဒေါက်တာတို့လည်း လေ့လာရင်သိမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ၀န်ကြီး ချုပ်ဟောင်း ဦးနုတို့က ရခိုင်ပြည်ရှိ မူဆလင်များသည် ရှေးပဝေသဏီကပင် မူလဘူတ လူမျိုး များဖြစ်သော ရိုဟင်ဂျာလူမျိုးများကို တိုင်းရင်းသား(ဌာနေလူမျိုး Indigenous) လူမျိုးများဖြစ်သော ကြောင့် ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး(၃၅)ဦးကော်မတီတွင် အခြားတိုင်းရင်းသား လူမျိုးများနည်းတူ ပါဝင်ခွင့်ပြုခဲ့ပြီး ၀န်ကြီးချုပ်ဟောင်း ဦးနုက ရိုဟင်ဂျာလူမျိုးများကို တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုခဲ့ပြီး တိုင်းရင်းသား အခွင့်အရေး အပြည့်အ၀ ပေးခဲ့သည်။ ဦးနေ၀င်းက ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး ၁၉၆၇ ခုနှစ်အထိ တိုင်းရင်းသား အခွင့်အရေးများဖြစ်သော ပြည်ထောင်စုနေ့ တွင် တစ်ခြား တိုင်းရင်းသား များနှင့် အတူ ရိုဟင်ဂျာလူမျိုးစု ကိုယ်စားလှယ်များကို အခမ်းအနား တက်ရောက်စေခြင်း၊ မြန်မာ့အသံ တိုင်းရင်း သားအစီအစဉ်၌ ရိုဟင်ဂျာဘာသာဖြင့် ၁၅.၅.၆၁ မှ ၁.၁၀.၆၅ ခုနှစ်ထိ အသံလွှင့် ခွင့်ပြုခြင်း၊ မေယု နယ်ခြား ခရိုင်ကို ကက်ဘိနက်ခွင့်ပြုချက်ဖြင့်ပေးခြင်း၊ တစ်ခြားသော တိုင်းရင်း သားအခွင့်အရေး များကို အပြည့်အ၀ မျှမျှတတ ပေးခဲ့သည်။ 

သို့သော် ကြိုတင်စီစဉ်မှုကြောင့်လားဆိုတော့.. ကြိုတင်စီစဉ်မှုကြောင့် ၁၉၉၀ပြည့်နှစ်မှစ၍ ရိုဟင်ဂျာများကို အလုံးစုံ ပိတ်ဆို့ရေး၊ ဥပမာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အိမ်ထောင် ရေးများကို လုံးဝချုပ်ချယ်ပိတ်ဆို့ရေး စီမံကိန်းဖြင့် ပိတ်ဆို့ ခဲ့ရာ ဒေါက်တာနေဇင်လတ်တို့ ကိုင်ဆောင်ခဲ့သော ၃-ခေါက်ချိုး (အမျိုးသားမှတ်ပုံတင်ကပ်ပြား)ကို၊ ပန်းရောင် (စိစစ်ရေး ကပ်ပြား)နှင့် လဲလှယ်ခွင့်ရခဲ့ပြီး ရိုဟင်ဂျာများ၏၃-ခေါက်ချိုး(မှတ်ပုံတင်ကပ်ပြား)ကိုမူ မ.ဆ.လ အစိုးရနှင့် စစ် အစိုးရတို့လက်ထက်တွင် ရုပ်သိမ်းခြင်း ခံရသည်။ အစွန်းရောက် ရခိုင် လ.၀.က၀န်ထမ်းများက ရိုဟင်ဂျာလူမျိုးအချို့ကို အဖြူရောင် (ယာယီ)ကပ်ပြားနှင့် လဲလှယ်ပေးခဲ့သည်။ မ.ဆ.လနှင့် စစ်အစိုးရတို့က လူ့အခွင့်အရေး ချိုးဖောက်ပြီး ဖိနှိပ်မှုမျိုးစုံ လုပ်ခဲ့လို့ သွေးခွဲ၊ လူမျိုးခွဲ၊ ဘာသာခွဲခြား ဆက်ဆံခဲ့မှုကြောင့် ရိုဟင်ဂျာတွေ ရခိုင်ရိုးမ ကိုကျော်ပြီး ပြည်မကိုလာလို့မရပါဘူး။ ဘင်္ဂလားဒေ့ရှ် ကိုဖြတ်၊ အိန္ဒိယကို ဖြတ်ပြီး လာနေ တာဖြစ်ပါတယ်။ အဲဒီလူတွေကို နေရာ အနှံ့တွေ့ရပြီး ဖမ်းဆီး ခံရတယ်.ရခိုင်ပြည်ကလို့ ပြောရင်(၀န်ခံရင်) ရခိုင် ကို ပြန်ပို့မှာ စိုးရိမ်ရ တဲ့အတွက် ဘင်္ဂလားကုလားပဲဆိုပြီး ပြောတာပါ။ အဲဒီတော့ တိုက်ဆိုင်မှုလား၊ ကြိုတင်စီစဉ် မှုကြောင့် လား ဆိုပြီး ဒေါက်တာ့ အနေနဲ့ မေးလို့ပြော ရမယ် ဆိုရင် မ.ဆ.လနှင့် စစ်အစိုးရ တို့၏ ဆင်စွယ်၊ ယခု ဒေါက်တာနေဇင်လတ် တို့၏ ဒီမိုကရေစီ အစိုးရမှ လူမျိုး တုန်းသုတ်သင်ရေး (Genocide) Killing of a whole race or group of Rohingya people ပြုလုပ်ခြင်းသာ ဖြစ်ပါသည်။ န.စ.က တပ်ကို ရုပ်သိမ်း လိုက်ပါ (နိုင်ငံတစ်နိုင်ငံမှာ အုပ်ချုပ်ရေးစနစ် နှစ်မျိုး (Nation within a Nation.) ဖြစ်နေ ပါတယ်) မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် ရှိနေပါပြီ ဆို ပြီးတော့ ဒေါက် တာနေ ဇင်လတ် က ရှင်းထား ပါတယ်။ ဒေါက်တာက မသိဘဲနှင့် အဲဒီ လိုပြောတယ်လို့ မထင်ပါဘူး။ လူတစ်ဦး၊ လူမျိုးတစ်မျိုး လွတ်လပ်စွာ ကိုးကွယ်တယ်ဆိုတာ ဗုဒ္ဓဘာသာဆိုရင် ဘုရားကျောင်းကန်လိုတယ်။ ခရစ်ယာန် ဆိုရင် ခရစ်ယာန်ဘုရားကျောင်း၊ အစ္စလာမ်ဆိုရင် ဗလီ၊ ဟိန္ဒူဆိုရင် ဘုရားကျောင်းလိုတယ်။ အဲဒီတော့ ခရစ် ယာန်ကိုးကွယ်တဲ့ ဒေသမှာ ကျောင်းဆောက်ခွင့်ရှိသလား၊ ပါမစ်ပေးသလား၊ မွတ်စလင်မ် ဆိုရင် ဗ လီဆောက်ခွင့် ပေး သလား၊ ဥပမာ- တောင်ငူမြို့ဗလီတွေ ဖွင့်ခွင့်ရသလား။ ရန်ကုန် ဆင်ခြေဖုံး လှိုင် သာယာ၊ တောင်ဒဂုံ၊ ရွှေပြည်သာ မှာ အိမ်ကို ဗလီလုပ်ပြီး ၀တ်ပြုရတယ်။ ဘာဖြစ်လို့ အိမ်ကို ဗလီလုပ် ရသလဲဆိုရင် ဗလီဆောက်ခွင့် မရလို့ပေါ့ ဒေါက်တာ။ ဟိုတလောက သာကေတ ပါမစ်ရ ဘာ သာရေး အဆောက်အအုံ အဖျက်ခံရတာ ဒေါက်တာတို့ ဘာအကာ အကွယ်ပေးပါသလဲ။ ယခုတလော ရခိုင်ပြည် မြောက်ပိုင်းရှိ မွတ်စလင်မ်များ၏ ဗလီကို ပိတ်ပင်လိုက်တယ်။ မဆလ၊ စစ်အစိုးရလက်ထက် ဗလီဆောက်ခွင့် မပေးဘူး။ ပြုပြင်ခွင့် မပေးဘူး။ ယခု ခွင့်ပြုမိန့်မပါတဲ့ဗလီတွေ ပိတ်လိုက်တယ်ပြောတယ်။ လူရှိတော့ ဘာသာရှိတယ်။ ဘာသာရှိတော့ ဘာသာရေးအဆောက်အအုံရှိရမယ်။ ဘာသာရေး အဆောက် အအုံကို နားလည်မှုနှင့်လည်းကောင်း၊ ယာယီဆောက်ခွင့်နှင့်လည်းကောင်း ဆောက်လုပ်ပြီး ၀တ်ပြုကြ တယ်။ ရခိုင်ပဋိပက္ခကို အခွင့်ကောင်းယူပြီး ဗလီမှာ လူ ၅-ဦး မစုရ၊ အမိန့်ထုတ်ထား တယ်။ ယခု တရားဝင် ပိတ်ပင်လိုက်တာပေါ့။ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရအောင် ဆောက်ခွင့်ပေး ရမှာပေါ့။ ဆောက်ခွင့်ပေး ပါသလား။ ယခု နိုင်ငံခြားမှ လာရောက်သော NGO, INGO နှင့် နိုင်ငံခြား သားတွေ က ပြော တယ်။ မြန်မာနိုင်ငံလောက် လူမျိုးခွဲခြား၊ ဘာသာခွဲခြား နှိမ့်ချဆက်ဆံတာ ကမ္ဘာ့ ဘယ်နိုင်ငံမှ မရှိဘူး တဲ့။ ဒေါက်တာ ယုံပါသလား။ စုံစမ်းကြည့်ပါ။ အမှန်ဆိုရင် စုံစမ်းစရာမလိုပါဘူး။ ကမ္ဘာပေါ် ရှိ နိုင်ငံပေါင်းစုံကို စစ်တမ်းကောက်ရင် နှစ်တိုင်း အစီရင်ခံစာမှာ မြန်မာနိုင်ငံ အဆိုးဆုံး ပါ။ ဒေါက် တာနေ ဇင်လတ်တို့ ကြုံတွေ့ပြီးသားပါ။ အထက်ပါခွဲခြားမှုကြောင့် ရခိုင်ပဋိပက္ခ ဖြစ်ခဲ့ရတာ မဟုတ်ပေ ဘူးလား၊ ရိုဟင်ဂျာတွေကို အလုံးစုံ ချွတ်ချုံကျစေပြီး လူမျိုး ပပျောက်အောင် လုပ်တာ မဟုတ်ဘူးလား၊ ကင်တားနားပြောတဲ့စကား၊ အစီရင်ခံစာ အမှန်ပါ။ ၁၉၇၀ မတိုင်ခင် ရိုဟင်ဂျာ အခွင့်အရေး တန်းတူရရှိခဲ့လို့ ဘာပြဿနာမှ မဖြစ်ခဲ့ပါဘူး။

ဒေါက်တာ နေဇင်လတ်က နိုင်ငံတော် သမ္မတ အကြံပေးဖြစ်လို့ သမ္မတဦးသိန်းစိန်ကို အကြံကောင်း ဉာဏ်ကောင်းတွေပေးနိုင်ရမှာပါ။ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး စုပေါင်းနေ ထိုင်ကြတဲ့ ပြည်ထောင် စု မြန် မာနိုင်ငံမှာ အဲဒီတိုင်းရင်းသားတွေ အားလုံးကို အကာအကွယ် ပေးဖို့ဟာ အမျိုးသားရေးတာဝန် တစ်စိတ် တစ်ပိုင်းဖြစ်ပါတယ်။ ဒေါက်တာပြောတာ အင်မတန်မှ မှန်ပါတယ်။ အဲဒီတိုင်းရင်းသား ၁၃၅ မျိုးဟာ ဘယ်သူက သတ်မှတ်ပေးပါသလဲ။ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ၀န်ကြီးချုပ်ဟောင်း ဦးနု သတ်မှတ်ပေး ခဲ့သော တိုင်းရင်းသား ၁၄၄ မျိုး ဘယ်ရောက်သွားပါသလဲ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးနုတို့က Nation Building ကို အလေးထား ခဲ့တာပဲ မဟုတ်လား။ အာဏာရှင် ဦးနေ၀င်းနှင့် မ.ဆ.လ အစိုးရ၏ ဖွဲ့စည်းပုံလက်ရာ အားလုံးပြောင်းလဲပစ်လိုက်တယ်။ ဒါပေမဲ့ လူမျိုးရေး ခွဲခြားမှု နဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဆိုတာကို ဘာဖြစ်လို့ ချန်ထားခဲ့တာလဲ။ ၀န်ကြီးချုပ်ဟောင်း ဦးနု အစိုးရ လက်ထက် တုန်းက အမျိုးသားရေး မရှိခဲ့ဘူးလား။ ယခုအစိုးရ ခေါင်းဆောင်များသာလျှင် အမိနိုင် ငံတော်ရဲ့ အမျိုး သားရေးသောကရှင် များဖြစ်သည်လား။ အဲဒီတော့ ဒေါက်တာကို အကြံပြု တင်ပြပါရစေ။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည် ၁၉၈၈ ခုနှစ်ထိ Dead Law သာ ဖြစ်ပြီး ကျွန်ုပ်တို့ မြန်မာနိုင်ငံအတွက် တရားမ၀င်ပါ။ 

၂။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရယူချိန်တွင် ကျွန်တော်တို့ နိုင်ငံသည် စစ်ဒဏ်ကြောင့် ပျက်စီးဆုံး ရှုံးသော နိုင်ငံဖြစ်သည့်အချိန် တွင်ပင် အတင်း အကြပ်စေခိုင်း၍ မရသောကြောင့် လူမျိုးရေးပြဿနာများ မပေါ်ပေါက်ခဲ့ပါ။ ဗိုလ်ချုပ် အောင်ဆန်း ရခိုင်ခရီး စဉ်တွင် ၁၉၄၆ ခုနှစ်၌ ဦးအောင်ဇံဝေ (ရခိုင်လူ မျိုး) ရှေ့မှောက်၌ မွတ်စလင်မ် တွေ လိုချင်တာတောင်းပါ။ ကျွန်တော် Blank Cheque ပေးပါမယ်။ လိုချင်တဲ့ အခွင့်အရေးကို ယူပါဆိုပြီး ရိုဟင်ဂျာခေါင်းဆောင်တွေ ကို ပြောခဲ့တယ်။ ဒေါက်တာ တို့လေ့ လာကြည့်ပါ။ (လွတ်လပ်ရေး မရခင် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ ခုနှစ် ရခိုင်ခရီးစဉ်မှ) ဗိုလ်ချုပ်က အမျိုးသားရေးစိတ်ဓာတ်နှင့် မွတ်စလင်မ်တွေကို စည်းရုံးတာ မဟုတ်ပေဘူးလား။ (ဗိုလ်ချုပ်အောင်ဆန်းက Nation Building ကို အလေးထား တာမဟုတ်ဘူးလား။)အဲဒီတုန်းကလည်း တရုတ်၊ အိန္ဒိယ၊ ဘင်္ဂ လားဒေ့ရှ်မှ လူဦးရေ ဟာ သူ့အချိုးအဆနှင့်သူ များပါတယ်။ ဘာပြဿနာမှ မပေါ်ပေါက်ခဲ့ပါဘူး။ ယ ခု ဒေါက် တာတို့ စိုးရိမ်မကြီး ပါနှင့်။ မွတ်စလင်မ်တွေလည်း မြန်မာ စိတ်ဓာတ် အပြည့်ရှိပါတယ်။ ဦးဖေ ခင်၏ ကြိုးပမ်းမှု ကြောင့် ပင်လုံ စာချုပ်ဖြစ် လာရပြီး လွတ်လပ်ရေး ရခဲ့ကြတာ သမိုင်းမှတ်တိုင် အထင် အ ရှားရှိပါတယ် ။ခေါင်းဆောင်ကြီး ဦးဖေခင်သာပြည်ထောင်စု စိတ်ဓာတ် မရှိခဲ့ရင် (ယခုလို အစွန်း ရောက် ပြည်ထောင်စု စိတ်ဓာတ် ရှိခဲ့ရင်) လွတ် လပ်ရေးကြီး ရလာမှာ မဟုတ်ဘူး။ အ မှန် ပါ။ 

၃။ ဒေါက်တာတို့က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုတဲ့ခွဲလို့မရတဲ့ဆောင်ပုဒ်နဲ့ ယခု အစိုးရ ရဲ့အကြံ ပေးတွေ  ဖြစ် ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ တရားမ၀င် ကျူးကျော် ၀င်ရောက်လာ သူတွေ မရှိ ဘူးလို့ သမ္မ တကြီးကို ဒေါက်တာ တို့အကြံပေး လို့ ပြော ခဲ့ပြီးပြီပဲ။ ဒေါက်တာ တို့က နေမထွက်ခင် တစ်မျိုး၊ နေပူ ရင် တစ်မျိုး စကားပြောရင် တိုင်းပြည် အတွက် အရမ်းနစ်နာ ပါ တယ် ဒေါက်တာ။ 

ဒီမို ကရေစီနှင့် လူ့အခွင့် အရေးက လူတိုင်းအတွက် စံနှုန်း တစ်မျိုး တည်းပါ။ ဒါပေမယ့် ၁၉၈၂ ခုနှစ်၊ မြန် မာနိုင်ငံ သား ဥပဒေ မရေး ဆွဲခင်ကတည်းက နိုင်ငံသား၊ တိုင်းရင်းသား ဖြစ်ခဲ့သော ရိုဟင်ဂျာ၊ ပသီ လူမျိုး ကို ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသား ဥပဒေနှင့်ရောပြီး ရောသမမွှေ မလုပ်ပါနှင့်။ သစ်ကုလားအုတ် ပုံပြင်ထဲ က လို ဆိုပြီး ၁၉၈၂ နိုင်ငံသား ဥပဒေကို ဥပဒေပ မသွတ်သွင်းပါနဲ့။ 

နိဂုံးချုပ် အနေဖြင့် တင်ပြရလျှင် ဒေါက်တာနေဇင်လတ်သည် အမြော်အမြင်ကြီးမားသော သမ္မတကြီးရဲ့ အ ကြံပေးနှင့် ထိုက်တန်သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံနှုန်းကို နားလည် သဘောပေါက်သော၊ အသွင်ကူးပြောင်းနေသော နိုင်ငံတစ်နိုင်ငံ၏ ၀န်ထုပ်ဝန်ပိုးတွေ၊ စိန်ခေါ်ချက် တွေ ကျော်လွှားပြီး တိုးတက် ၍ လူမျိုးစုံချစ်ကြည်တည်ဆောက်သော စင်ကာပူနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ အိန္ဒိယနိုင်ငံလို တည်ဆောက်နိုင် ရန် အရည်အချင်းနှင့် ပြည့်ဝပါစေသတည်း။ 

ကျွန်တော်သည် အသက် ၇၈နှစ် အရွယ်ဖြစ်သောကြောင့် ရှေ့မီနောက်မီ သမိုင်းကြောင်း များ နှင့်ပတ် သက်၍ သိရှိ သူဖြစ်ပြီး အမိမြန်မာနိုင်ငံတော်ကြီး အေးချမ်း တည်ငြိမ်ကာ တိုးတက်ကောင်းစား လိုသော ဆန္ဒ ရှိသူဖြစ်ပါသည်။ 

လေးစားလျက် 

ကျော်စောအောင် 
အမှတ်- ၁၂၊ ရေတာရှည်လမ်း၊ ဗဟန်းမြို့နယ် 
E-mail: sawhla1988@gmail.com
Rohingya Exodus