![]() |
မတ်လ ၂၅ ရက်နေ့က ပဲခူးတိုင်း ကြို့ပင် ကောက်တွင် အကြမ်းဖက် ဖျက်ဆီးမှု ဖြစ်ပြီး နောက် တွေ့ရသည့် မြင်ကွင်း (ဓာတ်ပုံ – ကောင်းမြတ်မင်း/ဧရာဝတီ) |
ဧရာဝတီ
27.3.2013
လူမျိုးရေး၊ ဘာသာရေး ဆူပူ အကြမ်းဖက် ဖျက်ဆီးမှုများ ပဲခူးတိုင်း အနောက်ခြမ်း ဒေသများသို့ ပျံ့နှံ့ လာရာ ဇီးကုန်း၊ နတ္တလင်း မြို့တွင် ဗလီနှင့် မွတ်စလင် များ၏ နေအိမ်၊ ဈေးဆိုင်များ ယမန်နေ့ ညက ဆက် လက် ဖျက်ဆီးခံ ခဲ့ရကြောင်း သတင်း ရရှိသည်။
ယမန်နေ့ ည ၁၁ နာရီ ခန့်က နတ္တလင်းမြို့ မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ ဘုန်းတော်ကြီး များ၊ ဘာ သာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် နိုင်ငံရေး ပါတီများ မှ စောင့် ကြပ် နေ သည့် ကြားမှပင် လူ ၁၅၀ ခန့် စတင် စုဝေး လာရာမှ လူအုပ်စုမှာ ပိုမို များပြား လာပြီး လုံခြုံရေး တပ် ဖွဲ့များက လူစုခွဲ သော်လည်း မရတော့ဘဲ အဆောက် အအုံများကို ဖျက်ဆီး ကြခြင်း ဖြစ်ကြောင်း သိရှိ ရသည်။
နတ္တလင်း မြို့ခံ ဦးအုန်းသန်းက “ဖျက်ဆီးရေး ခေါင်းဆောင် တွေက မီးရှို့ဘူး၊ လူမသတ်ဘူး၊ ပစ္စည်း မယူ ဘူး ဖျက်ပဲ ဖျက်မယ်၊ တားဆီး တာတွေ မလုပ် ပါနဲ့ ဆိုတဲ့ ခြိမ်းခြောက် စကားတွေ ပြောလာတဲ့ အ တွက် အကြမ်း မဖက်အောင် အာဏာ ပိုင်တွေ နောက်ဆုတ် ပေးလိုက် ရတယ်။ အဲဒါမှာ အန္တရာယ် မရှိတော့ဘူး ဆိုပြီး လူတွေ ပိုရဲတင်း လာတယ်” ဟု ဆိုသည်။
ထို့နောက် မွတ်စလင်များ ပိုင်ဆိုင်သော ပစ္စည်းများကို လမ်းပေါ်သို့ သယ်ယူပြီး မီးရှို့ ကြကြောင်း၊ တချို့သော မွတ်စလင် များမှာ ၎င်းတို့ပိုင် ပစ္စည်း ဥစ္စာများနှင့် အတူ ညနေပိုင်း ကတည်း မြို့ခံ ဗုဒ္ဓဘာသာ ဘုန်းကြီး ကျောင်းများနှင့် အိမ်တချို့သို့ ပြောင်းရွေ့ ထားသည့် အတွက် ဖျက်ဆီးခြင်းမှ လွတ်မြောက် သွားကြောင်း ၎င်းက ဆက် ပြောသည်။
အိမ်နှင့် ဆိုင် ဖျက်ဆီးခံ ရသည့် မွတ်စလင် တဦးဖြစ်သူ ဦးတင်အေးက မိမိတို့ နတ္တလင်း မြို့၌ နေထိုင် လာသည်မှာ နှစ်ပေါင်း ၄၀ ခန့် ရှိပြီ ဖြစ်ကြောင်း၊ ဒေသခံ ဘာသာခြား များဖြင့်လည်း ညီရင်းအစ်ကို တ မျှ နေထိုင် ခဲ့ကြောင်း၊ ယခုကဲ့သို့ ဖျက်ဆီး မှုမျိုး မကြုံဖူးကြောင်း၊ အုပ်ချုပ်ရေး ကင်းမဲ့ သွားပြီဟု ခံစားရ ကြောင်း၊ မည်သည့် အာဏာပိုင် အဖွဲ့အစည်း များကမျှ လာရောက် အားပေး ပြောဆိုမှု မ ရှိကြောင်း ပြောသည်။
“ကျနော်တို့ ပုန်းနေ ရတယ်။ တအိမ်လုံး ရစရာ မရှိဘူး၊ ဖျက်ဆီး သွားတာ။ ချွေးနဲစာနဲ့ ရှာထား ရတာတွေ ကုန်ပြီ။ ဘယ်သူ့ကို အားကိုး ရမှန်း မသိတော့ဘူး” ဟု ၎င်းက ဆိုသည်။
အလားတူ ဇီးကုန်းမြို့တွင်လည်း ဗလီနှင့် မွတ်စလင် များ၏ နေအိမ်၊ ဆိုင်များကို ဖျက်ဆီး ခံရကြောင်း၊ ဒေ သခံ လုံခြုံရေး ရဲတပ်ဖွဲ့များ ကလည်း ၀င်ရောက် ထိန်းသိမ်း ပေးခြင်း မရှိကြောင်း ဒေသခံ များထံမှ သိရသည်။
ဇီးကုန်းမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဒေါ်ခင်ဝိုင်းက “တမြို့ထဲ နေတဲ့ မွတ်စလင် တွေကို လူသားချင်း စာနာ ဖို့တော့ ကောင်းပါတယ်။ အခု ဖျက်ဆီးတဲ့ လူတွေ လက်ထဲမှာ ပုဆိန်၊ ဓား၊ သံတူရွင်း အစုံ ပါတယ်။ မင်းမဲ့ စရိုက်တွေ ဖြစ်နေပြီ” ဟု ဆိုသည်။
ဇီးကုန်း ဗလီမှာ အနည်းငယ်သာ ပျက်စီးသွား သည့်အတွက် ယနေ့တွင် ထပ်မံ ဖျက်စီးမည်ဟု သတင်းများ ထွက်ပေါ် လာသည့် အတွက် ယခုအခါ မွတ်စလင် များမှာ ထိတ်လန့် တုန်လှုပ် နေကြောင်း သိရသည်။
အဆိုပါ ဆူပူမှုနှင့် ပတ်သက်ပြီး ဇီးကုန်း NLD မှ ကိုအောင်မြတ်သူ အပါအ၀င် တခြားသော ၁၀ ဦးကိုလည်း ထိန်းသိမ်း ထားကြောင်း သိရသည်။
မိတ္ထီလာမြို့မှ စတင်ခဲ့သည့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း များသည် ယခုအခါ ပဲခူးတိုင်း အနောက် ခြမ်း မြို့များ ဖြစ်သည့် ကြို့ပင်ကောက်၊ အုတ်ဖို၊မင်းလှ၊ နတ္တလင်းမြို့ များသို့ ပြန့် နှံ့လာခြင်း ဖြစ် သည်။
ယမန် နေ့ညက ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှမြို့ များ၌ ပုဒ်မ ၁၄၄ ထုတ်ပြန် ခဲ့ပြီး ည ၆ နာရီမှ နံနက် ၆ နာရီ အတွင်း လမ်းပေါ် မထွက်ရန်၊ လူစုခြင်း၊ ဟောပြောခြင်း၊ စီတန်း လမ်းလျှောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ တိုက်တွန်းခြင်း မပြုလုပ်ရန် ကြေညာ ထားသည်။
အုတ်ဖိုမြို့နယ် အိုးသည်ကုန်း အုပ်စု၌ ဖြစ်ပွားသည့် ဆူပူ အကြမ်းဖက်မှုတွင် ပါဝင်သည်ဟု ယူဆရသူ ၅ ဦးကို မင်းလှ ရဲစခန်းက ဖမ်းဆီး ထိန်းသိမ်း ထားသည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာ များတွင် ဖော်ပြ ထားသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းမှ ရန်ကုန်သို့ လမ်းတလျှောက်ရှိ မြို့များတွင် ဆူပူ ဖျက်ဆီး မှုများ ကူး စက် ဖြစ်ပေါ် နေခြင်း အပေါ် သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင် များ၏ တရား ဥပဒေ စိုးမိုးရေး ကိုင် တွယ်ကို ဝေဖန် မှုများ ရှိနေသည်။
ပြည်မြို့ တွင်လည်း ဆူပူ အုံကြွအောင် လှုံ့ဆော် စာများ ဝေငှသည်ဟု သိရကြောင်း၊ ထိုမှတဆင့် ရန် ကုန် -ပြည် အဝေးပြေး ကားလမ်း အတိုင်း ရန်ကုန် ဘက်သို့ ဆင်း လာကာ အုတ်ဖို၊ နတ္တလင်း၊ ဇီးကုန်း၊ ကြို့ ပင်ကောက်မြို့တို့တွင် ထပ်မံ ဖြစ်ပေါ်ခဲ့ရာ အဝေးပြေး ကားလမ်းမ ပေါ်ရှိ မြို့များ တလျောက် ဖြစ်ပျက် ခဲ့သည်ကို မတားဆီး နိုင်သေးသည်က သံသယ ရှိစရာ ကောင်းကြောင်း ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင် တဦးဖြစ်သူ ဦးမင်းကိုနိုင်က ပြောသည်။
“ဒါက သိပ်ကို သံသယ ရှိဖို့ကောင်းတယ်။ လုပ်ချင်ရင် အလွယ်လေး ပါဗျာ။ အခုက မတား ဆီး ဘူး။ ဖြစ်တော့ မှ ဖြစ်တဲ့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန် လိုက်တယ်။ အစိုးရဘက်က အာရုံပဲ မစိုက်တာ လား၊ အကဲမခတ် မိတာလား။ ဘာ့ကြောင့် ဒီလို လူအုပ်စုလိုက် တမြို့ဝင် တမြို့ထွက်ကို ခွင့်ပြု နေရတာ လဲ” ဟု ၎င်းက ပြောသည်။
ကြို့ပင်ကောက် မြို့နယ် ရဲစခန်းမှ တာဝန်ကျ ဒု ရဲအုပ် တဦးကမူ ယခုဖြစ်စဉ် များကို ပြန်လည် သုံးသပ် ရလျှင် လူအုပ်စု ဖြင့်သော် လည်းကောင်း၊ လူတစုက အကြမ်းဖက်မှု ဖြစ်ပျက် ခဲ့သော ဒေသ များရှိ ၎င်းတို့ ၏ အမာခံများနှင့် ချိတ်ဆက်၍ သော်လည်းကောင်း လုပ်ဆောင် နေနိုင်ကြောင်း၊ လူအုပ်စု လိုက် ကား များဖြင့် လာရောက် ဖျက်ဆီး နေခြင်းမျိုး မဟုတ် သောကြောင့် ခန့်မှန်းရန် ခက်ခဲ နေကြောင်း ဆိုသည်။
ထို့အတွက် မြို့အ၀င် များတွင် ပိတ်ဆို့ ရှာဖွေ တားဆီး ရန်မှာလည်း ရိုးရိုးသားသား ခရီးသွား များအတွက် အဟန့်အတား ဖြစ်မည်ကို စိုးရိမ် သောကြောင့် ထိုသို့ လုပ်ရန် မလွယ် ကူကြောင်း ၎င်းက ဆက်ပြော သည်။
“ဒီကွင်း ဆက်ကို လိုက်ဖို့ကလည်း အခုခေတ်က ဖုန်းတွေ တအားပေါ နေတော့ ဖြစ်ပျက်မှု တွေက တ အား မြန်တယ်။ လုံခြုံရေးတွေ ဘက်ကလည်း ဒီလို ဖျက်ဆီးမှု တွေထဲမှာ သံဃာတွေ ပါလာတော့ ကိုင် တွယ်ရ ခက်တယ်။ အထက်ကို ပြန်တင်ပြရ၊ ညွှန်ကြားချက် ပြန်စောင့်ရမျိုး လုပ်ရတယ်” အဆိုပါ ဒု ရဲအုပ် က ပြောသည်။
ဧရာဝတီ သတင်းထောက် ရန်ပိုင်နှင့် စနေလင်းတို့ ပူးပေါင်း ရေးသားသည်။
ဘီဘီစီ မြန်မာပိုင်း
26.3.2013
မြန်မာ နိုင်ငံမှာ လတ်တလော ဖြစ်ပွား နေတဲ့ လူ မျိုးရေး ဘာ သာရေး နွယ်တဲ့ အကြမ်းဖက် တိုက်ခိုက် မှုတွေ အားလုံးကို ရပ်တန်းက ရပ်ကြဖို့နဲ့ ဒီ အကြမ်း ဖက်မှုတွေ၊ ဘာသာရေး အစွန်း ရောက်မှု တွေဟာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ ရေးနဲ့ ဖွံ့ဖြိုး တိုးတက် ရေးကို ထိခိုက် စေနိုင်ကြောင်း အစိုးရ ထုတ်ပြန်တဲ့ သ တင်းထုတ် ပြန်ချက် ထဲမှာ ဖော်ပြထား ပါတယ်။
လူမျိုးရေး ဘာသာရေး အကြမ်း ဖက်ဖို့ လှုံ့ဆော် မှုတွေ အပါအဝင် အကြမ်းဖက် မှုတွေ အားလုံး ရပ်ဆိုင်း သွားအောင် အစိုးရ အဖွဲ့ အနေနဲ့ အစွမ်းကုန် ကြိုးစား သွားမယ် လို့လည်း ဖေါ်ပြ ထားပါတယ်။
တခါ ရန်ကုန်တိုင်းက မြို့နယ် တချို့မှာ ည ၉ နာရီ နောက်ပိုင်း ဆိုင်တွေ ပိတ်ကြဖို့ ကိုလည်း ရန်ကုန်တိုင်း အာဏာ ပိုင်တွေက မနေ့က သီးခြား အမိန့် ထုတ်ပြန် လိုက်ပါတယ်။
ရန်ကုန်မြို့က အရက်ဆိုင် တချို့မှာ ပြီးခဲ့တဲ့ ညပိုင်းက ရုတ်ရုတ် ရုတ်ရုတ် ဖြစ်ခဲ့တဲ့ အတွက် ကြိုတင် ကာကွယ် တဲ့အနေနဲ့ အခုလို လုပ်ခဲ့ တာလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဘီဘီစီ ကို ပြော ပါတယ်။
မြို့နယ် တချို့မှာ ဆူပူ တိုက်ခိုက် မှုတွေ လုပ်ဖို့ လှုံ့ဆော်မှုတွေ ရှိတယ်ဆိုတဲ့သတင်း တွေကြောင့် ဈေးဆိုင် တချို့ မဖွင့်ပဲ ပိတ်ထားခဲ့ ကြတယ် လို့လည်း သိရ ပါတယ်။
ပြီးခဲ့တဲ့ သီတင်း ပတ်က မိထ္တီလာမြို့ ရွှေဆိုင် တခုမှာ အချင်းများ ရာကနေ စတင် ခဲ့တဲ့ အကြမ်းဖက် ဆူ ပူ မှု တွေအတွင်း လူပေါင်း ၃၀ ကျော် သေဆုံးခဲ့ ရပြီး ခုချိန်ထိ နေရာ ဒေသတချို့မှာ ကြိုကြား ကြိုကြား ဆူပူ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
![]() |
(ဓါတ်ပုံ - Reuters) |
ခိုင်ခိုင်
မဇ္ဈိမ
25.3.2013
ရန်ကုန် ။ ။ မိတ္ထီလာ မြို့မှ အဓိကရုဏ်း ဒဏ်ခံ ဒုက္ခသည် များ အတွက် အိုးအိမ် အစား ထိုး ဆောက် လုပ်ပေးရန် ၈၈ မျိုး ဆက် ကျောင်း သား များ က စီစဉ် နေကြောင်း မြို့ခံ ကျောင်းသား ခေါင်းဆောင် တဦး က ပြော သည်။
ရန်ကုန် ။ ။ မိတ္ထီလာ မြို့မှ အဓိကရုဏ်း ဒဏ်ခံ ဒုက္ခသည် များ အတွက် အိုးအိမ် အစား ထိုး ဆောက် လုပ်ပေးရန် ၈၈ မျိုး ဆက် ကျောင်း သား များ က စီစဉ် နေကြောင်း မြို့ခံ ကျောင်းသား ခေါင်းဆောင် တဦး က ပြော သည်။
“ဆင်ခြေဖုံး ရပ်ကွက် တွေမှာ ရှိနေတဲ့ ဒုက္ခသည် တွေအတွက် လေးပင်-သုံးခန်း အိမ် ဆောက်ပေးဖို့ စီ စဉ်နေ ပါတယ်။ ဒေသ ပေါက်ဈေး တွက်ချက် နေပါတယ်။ အိမ်ထောင်စု အလိုက် မီးလောင် ပျက်စီး သွား တဲ့ အိမ်တွေကို မှတ်တမ်း တွေနဲ့ စာရင်း ပြုစုနေ ပါတယ်။ အိမ်တလုံး စာကို သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ၊ အဲ လို ပုံစံမျိုးတွေ ဆောက်ဖို့ ကျနော်တို့ အစီအစဉ် ချထားပါတယ်” ဟုမိတ္ထီလာမြို့မှ၈၈မျိုးဆက် ကျောင်းသား ကိုထိန် မင်းခိုင် က မဇ္ဈိမကို ပြောသည်။
မီးလောင် သွားသည့် မြေနေရာ များတွင်သာ အိမ် ပြန်လည် ဆောက်ပေး နိုင်မည်ဟု ဆိုသည်။
မတ်လ ၂၀ ရက်နေ့မှ စတင် ဖြစ်ပွား ခဲ့သည့် မိထ္ထီလာ အဓိကရုဏ်းကြောင့် လူ ၁၀ ဦးထက် မနည်း သေ ဆုံး ခဲ့ရပြီး အိုးအိမ် အများအပြား မီးရှို့ ဖျက်ဆီးခံ ခဲ့ရသည်။
လက်ရှိ အခြေ အနေမှာ တည်ငြိမ် လျက်ရှိသော် လည်း ခရိုင် အားကစား ကွင်း၊ အထက ၁၊ အထက ၃၊ အထက ၅ နှင့် ပညာရေး ကောလိပ် တို့တွင် ဖွင့်လှစ် ထားသော ဒုက္ခသည် စခန်းတွင် လူဦးရေ ၉,၆၄၄ ခန့်ရှိပြီး ဘုန်းကြီး ကျောင်း ၁၆ ကျောင်းတွင် ခိုလှုံ နေသော ဒုက္ခသည် ၃,၀၀၀ ကျော် ရှိနေသည်။
၎င်းတို့ ပြန်လည် နေရာ ချထားရေး အတွက် ၈၈ မျိုးဆက် ကျောင်းသား များနှင့် ဆက်သွယ်ပြီး လှူ ဒါန်း နိုင် ရန် ရန်ကုန်ရှိ ကိုမင်းကိုနိုင် (ဖုန်း ၀၉၄၂၅၂၉၇၇၃) နှင့် မိထ္ထီလာ မြို့မှ ဒေါက်တာ စန်းလှိုင် (ဖုန်း ၀၉၄၃၀၉၂၃၄၈) တို့ ထံသို့ ဆက်သွယ် နိုင်ကြောင်းနှင့် အလှူရှင် အချို့ လာရောက် လှူဒါန်းလျက် ရှိကြောင်း လည်း ကိုထိန် မင်းခိုင်က မဇ္ဈိမသတင်း ဌာနသို့ ပြောကြား သွားသည်။
အစိုးရ အနေနှင့်လည်း ဒုက္ခသည် များ၏ အရေးပေါ် စားဝတ် နေရေး လုံခြုံရေးကို အပြည့် အဝ ကူညီ ဆောင်ရွက် သွားကာ အခြေ အနေ တည်ငြိမ် လာသည့် နှင့်အမျှ ပြန်လည် နေရာ ချထား ရေးကို အမြန်ဆုံး ဆောင်ရွက် သွားမည်ဟု ထုတ်ပြန် ကြေညာ လိုက်သည်။
ထို့အတွက် အစိုးရ အနေနှင့် လူထု အခြေပြု အဖွဲ့ အစည်းများ၊ ပုဂ္ဂလိကများ နိုင်ငံတကာ အဖွဲ့ အစည်း များနှင့် လက်တွဲ ဆောင်ရွက် သွား မည်ဖြစ်ကာ ပဋိပက္ခကြောင့် ခံစား ထိခိုက် နေရသည့် လူ့အဖွဲ့ အစည်း များကြား ယုံကြည်မှု ပြန်လည် တည်ဆောက် နိုင်မည့် ဆွေးနွေးမှု များနှင့် စိတ်ခံစားမှု များကို ကု စား နိုင် မည့် အလုပ်ရုံ ဆွေးနွေး ပွဲများကို အကောင် အထည်ဖော် ဆောင်ရွက် သွားမည်ဟု အစိုးရ သတင်း ထုတ်ပြန်ရေး အဖွဲ့က မတ်လ ၂၅ ရက် နေ့စွဲဖြင့် ကြေညာသည်။
နီလာမြင့် (ဒိန်းမတ်)
RB News
26.3.2013
၈၈ ကျောင်သား ခေါင်းဆောင် ဦးကိုကိုကြီး ပြောသော မြန်မာဆိုတာ သဘောထား ကြီးတယ် ဆိုသည့် မြန်မာ လူမျိုးများ
ဦးကိုကိုကြီး ကဲ့သို့ လူအများက လေးစား ရသော ခေါင်းဆောင် များ၏ သွန်သင် ဆုံးမမှု့များ ကြောင့် မြန်မာ လူမျိုးများ၊ ရခိုင် လူမျိုး များသည် ယခုထက် ပို၍ သဘောထား ကြီးလာစရာ ယဉ်ကျေး လာစရာ ရှိသည်။ ကမ္ဘာ ပေါ်တွင် မြန်မာ ဖြစ်ရတာ၊ ရခိုင် ဖြစ်ရတာ၊ ဗုဒ္ဓ ဘာသာ ဖြစ်ရတာ ဂုဏ်ယူ စရာ ဖြစ်လာ လိမ့်မည်။
၈၈ ကျောင်းသား ခေါင်းဆောင် ဦးမြအေး
မိထ္တီလာ၌ ဖြစ်ခဲ့သော အကြမ်းဖက် မှုသည်လည်း ဘင်္ဂလား ဒေ့ရှ်ဖက်မှ ပြိုဆင်း လာမည့် အန္တရာယ်ကို ကြောက်၍ ဖြစ်တာလား? ဒါဆို ဒီကိစ္စ ကိုလည်း ဗုဒ္ဓ ဘာသာဝင် များဖက်မှ ရခိုင် ကိစ္စ ကဲ့သို့ နားလည် လက်ခံ ပေးလိုက်ပါ။
ဦးမြအေး သိအောင် ပြောလိုက်မည် (တကယ်တော့ ဦးမြအေး သိပြီးသားပါ။ မသိချင် ယောင် ဆောင်နေတာပါ)
ဘယ်ဘင်္ဂလီ များမှ မြန်မာ နိုင်ငံသို့ ၀င်မလာပါ။ ဘင်္ဂလီ များသည် အမေရိကား၊ ဥရောပ၊ မလေးရှား၊ ဂျပန် ကဲ့သို့သော နိုင်ငံ များသို့သာ သွားပါသည်။ ဘင်္ဂလား ဒေ့ရှ် နိုင်ငံသည် မြန်မာ နိုင်ငံထက် ချမ်းသာသည်။ လူ့အခွင့် အရေးရှိသည်။ ဘင်္ဂလား ဒေ့ရှ် တစ်တာကာသည် မြန်မာငွေ ၂၀ ကျပ် ကျော်ရသည်။ သူတို့ထက် ဆင်းရဲသော၊ လူ့အခွင့် အရေးမရှိသော မြန်မာ များပင် ငတ်နေသော မြန်မာ နိုင်ငံသို့ ဘယ်ဘင်္ဂလီ များမှ သူတို့၏ ဥစ္စာ ပစ္စည်းများ မတရား အသိမ်း အပိုက် ခံရရန် သူတို့၏ အမေ၊ နှမများ အစော်ကား ခံရရန် ဘယ်ဘင်္ဂလီ များမှ မလာပါ။ မြန်မာ ပြည်မှ ရိုဟင်ဂျာ များပင် ၁၉၆၀ နောက်ပိုင်း မြန်မာ ပြည်မှ ထွက်ခွာ လာခဲ့ရာ ကမ္ဘာ့ နိုင်ငံ အသီးသီးတွင် ယခုမြန်မာ ပြည်၌ ရှိသော ရိုဟင်ဂျာများ ထက်ပင် ပိုများ ပါသည်။ ထို့ကြောင့် ရိုဟင်ဂျာ လူမျိုးများ၏ တိုးပွား နှုန်းမှာ အခြား လူမျိုး များထက် ဆုတ်ယုတ် နေပါသည်။ ရိုဟင်ဂျာများ၏ သန်းခေါင် စာရင်းတွင် လူအယောက် ၅၀ ကျော်ရှိသည် ဆိုခြင်းမှာ ၁၉၇၀ နောက်ပိုင်း ရိုဟင်ဂျာ များအား သန်းခေါင် စာရင်း အသစ်ထုတ် မပေးတော့ပါ။
သို့ပါ သောကြောင့် အသစ် မွေးဖွား လာသော ရိုဟင်ဂျာ များသည် အဖိုး အဖွား သန်းခေါင် စာရင်း၌ သာ ဆွေစဉ် မျိုးဆက် ထည့်နေရ သောကြောင့် လူဦးရေများ နေရခြင်း ဖြစ်ပါသည်။ တကယ်တမ်း ပြန်စစ်မည် ဆိုလျှင် ယင်းသန်းခေါင် စာရင်း၏ ငါးပုံတပုံပင် မြန်မာပြည်၌ မရှိတော့ပါ။ အများစုမှာ မြန်မာ အစိုးရနှင့် ရခိုင်များ၏ နှိပ်စက်မှုများ၊ ချုပ်ချယ် မှုများ၊ ပညာ သင်ကြားခွင့် မရှိမှု များကြောင့် နိုင်ငံခြား တိုင်းပြည် များသို့ ထွက်ခွာ သွားကြပြီး ဖြစ်ပါသည်။ ယခု ရခိုင် ပြည်၌ ကျန်ရှိ နေသော ရိုဟင်ဂျာ အများစုမှာ သက်ကြီး ရွယ်အိုများ၊ မိန်းမများ၊ နိုင်ငံခြား တိုင်းပြည်များသို့ သွားခွင့် မသာသေးသော လူငယ် လူရွယ်များ နှင့်ခလေး များသာ ဖြစ်ပါသည်။
ဤသည်ကို မြန်မာ အစိုးရက သိလျက်နှင့် ၀ါဒ ဖြန့်နေ ခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ အစိုးရအား၊ ရခိုင်များအား ပြောချင် သည်မှာ ဟစ်တလာသည် ဂျူးများအား မျိုးဖြုတ် သတ်ဖြတ် ခဲ့သော်လည်း မျိုးပြုတ် မသွားပါ။ ပို၍ပင် တိုးတက် လာပါသည်။ ကမ္ဘာ ကြီးအား ချုပ်ကိုင် ထားနိုင် ပါသည်။ ရိုဟင်ဂျာ လူမျိုးများအား မျိုးဖြုတ် သတ်ဖြတ် သော်လည်း မျိုးပြုတ်မည် မဟုတ်ပါ။ ပို၍ပင် တိုးတက် လာပါ လိမ့်မည်။ သင်တို့ ပြောသော လူမြို၍ လူမျိုး မပျောက်ပါ။ သင်တို့သာ ကမ္ဘာ့ အလယ်တွင် ရှက်ဖွယ် ဖြစ်လာ ပါလိမ့်မည်။
RFA မြန်မာပိုင်း
25.3.2013
မန္တလေး တိုင်းဒေသ ကြီးနဲ့ ပဲခူးတိုင်း ဒေသကြီး တွေမှာ မတ်လ ၂၄ ရက်နေ့ ညပိုင်းက နေအိမ် မီးရှို့ ဖျက်ဆီးမှု တချို့ ဖြစ်ပွား ခဲ့တယ်လို့ RFA က စုံစမ်း သိရပါတယ်။
မန္တလေး တိုင်းဒေသ ကြီးနဲ့ ပဲခူးတိုင်း ဒေသကြီး တွေမှာ မတ်လ ၂၄ ရက်နေ့ ညပိုင်းက နေအိမ် မီးရှို့ ဖျက်ဆီးမှု တချို့ ဖြစ်ပွား ခဲ့တယ်လို့ RFA က စုံစမ်း သိရပါတယ်။
မန္တလေး တိုင်း တပ်ကုန်း မြို့နယ် ရွာသစ် ကြီးကျေးရွာ အနော်ရထာ ရပ်ကွက်မှာ ပလီ တစ်ခု အပါအဝင် အိမ်ငါးလုံး ဖျက်ဆီးခံ ရတဲ့အတွက် နေပြည်တော်က ရဲတပ်ဖွဲ့ တွေကိုပါ ခေါ်ယူပြီး အခြေ အနေကို ထိန်းသိမ်း နေရတယ်လို့ အဲဒီ နေရာကို ရောက်ရှိ နေတဲ့ ရဲအရာရှိ တစ်ဦးက RFA ကို ပြောကြား ပါတယ်။
"ဒီနေ့ည သူတို့ လာဖျက်စီး လို့ ပလီတစ်လုံး အပါအဝင်အိမ် လေးငါး ခြောက်လုံး ပါသွားတယ်။ အခုတော့ သက်ဆိုင်ရာ လူကြီးတွေ ဝိုင်းဝန်း ထိန်းသိမ်းလို့ ငြိမ်သွားပါပြီ၊ ရဲတပ် ရင်းတော့ မဟုတ် ဘူးပေါ့၊ နေပြည်တော် ဘက်က ရဲတပ်ဖွဲ့ ဝင်တွေ တော်တော် များများ လာကြ ပါတယ်"
မနေ့ည ကပဲ အမည် မသိ လူအုပ်စု တွေက ရွာသစ် ကြီးကျေးရွာ အနော် ရထာ ရပ်ကွက်၊ မြဝတီ ရပ်ကွက် နဲ့ ဗိုလ်မင်း ရောင် ရပ်ကွက် တွေမှာ ဆူပူမှုတွေ ဖြစ်ပွားအောင် လှုံဆော် သွားခဲ့တယ် လို့ တပ်ကုန်း မြို့နယ် မီးသတ် တပ်ဖွဲ့ဝင် အရာရှိ တစ်ဦးက ပြောပါတယ်။
"လုံခြုံရေး ရောက်သွားတဲ့ နေရာဆို သူတို့က ထွက်ပြေးတယ်၊ ဟိုဘက် ဝိုင်းလိုက်၊ ဒီဘက် ဝိုင်းလိုက် အဲ့လို ဖြစ်နေတာ၊ အနော် ရထာရယ်၊ မြဝတီရယ်၊ ဗိုလ်မင်း ရောင်ရယ် ဒါလောက်ပဲ"
ပဲခူးတိုင်း အုတ်ဖို မြို့နယ် အိုးသဲကုန်း ကျေးရွာ မှာလည်း အမည်မသိ လူအုပ်စုတွေ ဝင်ရောက် လာပြီး ရုန်းရင်း ဆန်ခတ် ဖြစ်အောင် လုပ်ဆောင် နေတာ ရှိတဲ့ အတွက် နယ်မြေခံ စစ်တပ် အကူ အညီနဲ့ သွားရောက် ထိန်းသိမ်း နေတယ်လို့ သာယာ ဝတီ ခရိုင် ရဲတပ်ဖွဲ့ အရာရှိ တဦးက RFA ကိုပြော ပါတယ်။
"ကျွန်တော် သိသလောက် ကတော့ ပြောရင် သူတို့ဆီမှာ သွားတာ အရပ် သားတွေက နည်းနည်း စုနေလို့ ကျွန်တော် တို့ဆီ ကနေ ရဲတပ်ဖွဲ့ ဝင်တွေ၊ စစ်တပ်တွေ အင်အားနဲ့ သွားဖြေရှင်း လိုက်တော့ ပြီးသွား ပါပြီ ခင်ဗျ၊ ဘာမှ မဖြစ်တော့ ပါဘူး"
မန္တလေး တိုင်းနဲ့ ပဲခူး တိုင်းတွေမှာ စနေ့နေ့ ညက ဖြစ်ပွါးခဲ့တဲ့ ဆူပူမငြိမ်မသက်မှု သတင်းတွေ ဖြစ်ပါတယ်။
မောင်သမာဓိ
RB News
25.3.2013
၂၀၁၃ ခုနှစ် မတ်လ (၃၁) ရက်က နီးကပ် လာပေပြီ။ သမ္မတ ဦးသိန်းစိန် ဖွဲ့စည်း ပေးခဲ့သည့် “ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင်” က နောက်ဆုံး အစီရင် ခံစာကို တင်သွင်း တော့မည် ဖြစ်သည်။ သို့ရာ တွင် သမ္မတ ဦးသိန်းစိန်က နွားကု ဆရာ အေးမောင် တို့ကို ကော်မရှင် ထဲထည့် ထားသည့် အပြင် “တိုင်း ရင်းသား ဖြစ်နေ လို့ပါ”၊ “ဒီမိုက ရေစီ အပြောင်း အလဲ လုပ်ခါစ မို့လို့ပါ” ဆိုပြီး ၎င်းနွားကု ဆရာ အေးမောင် တို့ကို ကြမ်းချင် တိုင်းကြမ်း ရမ်းချင်တိုင်း ရမ်းခွင့် ပေးပြီး အလိုလိုက် အကြိုက်ဆောင် နေသဖြင့် အစီရင် ခံစာသည် ဘက်လိုက်မှု ကင်းဖွယ် မရှိပါ။ လူသတ် သမားကို ဂျူရီ လူကြီး လုပ်ခွင့် ပေးသဖြင့် အမှု မှန် ပေါ်ပေါက်ရန် ခဲယဉ်းမည် ဖြစ်သည်။
အာရ်ကန် (ခ) ရခိုင် ပြည်နယ် တွင်လူများစု ရခိုင်များတွင် အစွန်းရောက်သူ အချို့သည် လူစိတ် ပျောက်၍ အဟိတ် တိရစ္ဆာန် စိတ်ပေါက် နေသည်။ လူသာမက ဘုန်းကြီး အချို့ ပင်လျှင် သင်္ဃန်း ခါးတောင်း ကျိုက်ပြီး ရမ်းကား နေကြပြီ။ ယာခင်း ထဲသို့ နွားအုပ် ၀င်၍ ဖျက်သည့် ပမာ ရခိုင် အကြမ်းဖက် များက ရခိုင် ပြည်ကြီး၏ အလှကို နင်းချေ ဖျက်ဆီး လျက်ရှိသည်။ ယခုအခါ ရခိုင်အကြမ်းဖက်များကရခိုင်ပြည်နယ် ကိုကျော်၍ မြန်မာ ပြည်မ နှင့်အခြား ပြည်နယ်များ သို့ပင် လူမျိုးရေး ဘာသာရေး မုန်းတီးမှု များကို တင် ပို့ ဖြန့်ချီလျက် ရှိသည်။
ရခိုင် နွားကု ဆရာ အေးမောင် ဆိုသူက ၂၀၁၀ ခုနှစ်တွင် ရခိုင် တိုင်းရင်း သားများ တိုးတက်ရေး ပါတီ (ရတပ ၊ RNDP) ကိုထည်ထောင် သည့်အချိန် မှစ၍ ရခိုင် ဒေသကို မင်းမဲ့ဒေသ တစ်ခု အဖြစ်သို့ ပြောင်းလဲ ပစ်ခဲ့သည်။ “ရခိုင် ပြည်နယ် သည် ရခိုင် လူမျိုး အတွက်သာ ဖြစ်ရမည်”၊ “ရတပကို မဲမထည့် သူသည် ရခိုင် လူမျိုးနှင့် ရခိုင် ပြည်နယ်ကို သစ္စာ ဖေါက်သူ ဖြစ်သည်”၊ “ရခိုင် ပြည်နယ်တွင် ကုလား ကင်း ရှင်း စေရမည်” စသော အစွန်းရောက် လှုံ့ဆော် ကြွေးကြော်သံ များဖြင့် “၂၀၁၀ ရွေးကောက်ပွဲ သို့ ၀င်ရောက် ခဲ့သည်။ ရွေးကောက်ပွဲ ဥပဒေတွင် “လူမျိုး၊ ဘာသာ” ကိုအသုံးချ၍ မဲမဆွယ်ရဟု အတိ အ လင်း ပြဌာန်း ထားသော်လည်း “ရတပ” အစွန်းရောက် အကြမ်းဖက် များက ရှိသမျှ ဥပဒေ များ ကို ပြောင်ပြောင် တင်းတင်း တက်နင်း ချိုးဖောက် ခဲ့သည်။ ဗိုလ်သိန်းစိန်၏ ရွေးကောက်ပွဲ ကော်မရှင် က လည်း မည်သို့မျှ အရေးမယူ၊ ဤအတိုင်း လွှတ်ထား ခဲ့သည်။ သို့နှင့် “အဖ ရခိုင် နိုင်ငံတော် ကြီး” လွတ်မြောက်ရေး၊ ကုလား ကင်းရှင်းရေးကို လှမ်းမျှော်ပြီး ရခိုင် အစွန်းရောက် များက ရတပ နလပိန်းတုံး များကို မဲထည့် လိုက်ကြ တော့သည်။ ရတပ ကဥပဒေ ချိုးဖောက်ပြီး အနိုင် ရသည်ကို အောင်မြင်စွာ ကန့်ကွက် နိုင်ခဲ့သော ပေါက်တော မြို့နယ်မှ ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားလှယ် လောင်းသုံးဦး ကိုကော်မ ရှင်က ပထမ အနိုင် ပေးခဲ့သည်။ သို့ရာတွင် နွားကု ဆရာ အေးမောင်တို့ အုပ်စုက ကော်မရှင် ကိုရော သမ္မတ ဦးသိန်းစိန်ကိုပါ ရှူးရှူးရှဲရှဲနှင့် ရမ်းဝှေ့ သဖြင့် နွားကု ဆရာ အေးမောင်တို့ အုပ်စုမှ လူရမ်းကား များကို အလိုလိုက်ကာ ပြန်ပြီး အနိုင် ပေးခဲ့သည်။
ရတပ ဦးဆောင်၍ “ပစ္ဆိမ ရပ်ဝန်း” ကဲ့သို့ အစွန်းရောက် မဂ္ဂဇင်းဖြင့် လှုံ့ဆော်၊ ကျောက်နီမော် ကိစ္စ ကိုဖန်တီး၊ တောင်ကုတ်မှာ (၁၀) လောင်းပြိုင် သတ်၊ ထို့နောက် ရခိုင် ပြည်အနှံ့ မွတ်စလင် များကို မီးလောင် တိုက်သွင်း ခဲ့သည်။ ရတပ ရခိုင်များ တောရိုင်း တိရစ္ဆာန် များအလား ရိုင်းစိုင်း ဖျက်ဆီး သည်ကို ဦးသိန်းစိန် အစိုးရက လွှတ်ထား ခဲ့သည်။ ပြည်တွင်း မီဒီယာများ၊ ပြည်ပ RFA, DVB, VOA, BBC မြန်မာ ပိုင်း အစီအစဉ် များမှ မျက်ကန်း မျိုးချစ်များက ရခိုင်များ၏ ထိုသို့ ရိုင်းစိုင်းမှုကို ၀ိုင်းပြီး အားပေး အားမြှောက် ပြုခဲ့သည်။
“ရခိုင် ပဋိပက္ခ” သည် ရတပ နွားကု ဆရာ အေးမောင်တို့၏ လက်ချက် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က လွှတ်တော်သို့ သုံးသပ်ချက် စာတမ်းနှင့် တကွ လက်မှတ် ရေးထိုး သ၀ဏ်လွှာ ပို့သောအခါ နွားကု ဆရာ အေးမောင် တို့အုပ်စုက လွှတ်တော် ခန်းမထဲမှာ နွားရိုင်းအုပ် ၀င်သည့်နှယ် ရုန်းရင်း ဆန်ခတ် ဖြစ်အောင် လုပ်ပြီး သမ္မတနှင့် သမ္မတရုံး ၀န်ထမ်းများကို တက်နင်း မတတ် ၀ိုင်းအုံ ဆဲရေး တိုင်း ထွာ ရမ်းပြ ခဲ့သည်။ ထိုအခါ သမ္မတရုံးက သိက္ခာမဲ့ စွာပင် “သုံးသပ်ချက် စာတမ်းသည် သမ္မတ လက် မှတ် ရေးထိုး ပို့ပေးသည့် စာမဟုတ်ကြောင်း၊ မှားယွင်း သွားခြင်း ဖြစ်ကြောင်း” ပြောပြီး သုံးသပ်ချက် စာ တမ်းကို ပြန်ရုပ်သိမ်း ခဲ့သည်။ ရခိုင် အရိုင်းများကို ထိုမျှအထိ သရမ်းခွင့် ပေးခဲ့သည်။
နွားကု ဆရာအေးမောင်တို့ မာန်ဖီတိုင်း တွန့်ဆုတ်၍ သွားတတ်သော သမ္မတက အဆိုပါ နွားကု ဆရာ အေးမောင်နှင့် ပုလင်းတူ ဗူး စို့ဖက် ဦးအေးသာအောင် တို့ကို “ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင်” ထဲဝင် သရမ်း ခွင့်ပေးထား ပြန်သည်။ ကော်မရှင်ထဲ ရောက် လျှင်ရောက် ချင်း ထိုအရိုင်း တစ် ရှဉ်းသည် စပိန် နွားရိုင်း ကဲ့သို့ နီနီမြင်တိုင်း ရမ်းဝှေ့ လေသည်။ နောက်ဆုံးတွင် အမှန်တ ရား ထောက်ပြ သူ နှစ် ဦးကို ကော်မရှင် ပြင်ပသို့ တွန်းဝှေ့ ပစ်ခဲ့ လေသည်။ စုံစမ်းရေး ကော်မရှင် ဆိုသော်လည်း အသေ အချာ ဘာမှ မစုံစမ်း၊ (၈) လကျော် အချိန်ဆွဲ ခဲ့သော်လည်း အမှန် တကယ် အခင်း ဖြစ်ပွား ရာ နေရာများ သို့မသွား၊ အမှန် တကယ် ထိခိုက် နစ်နာသူ များနှင့် မတွေ့၊ မုသား ၀ါဒီ အာဏာပိုင် များနှင့်သာ သွားတွေ့သည်။ သူတို့ စေရာသာ သွားခဲ့သည်။ ရွာလုံးကျွတ် နီးပါး အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရသော မြောက်ဦး မြို့နယ်မှ ယိုင်သည်ရွာ သို့ဆိုလျှင် ရောက်ပင် မရောက်။ မည်သူ မည်မျှ နစ်နာသည်ကို အသေ အချာ မလေ့လာ၊ ခုတစ်မျိုး၊ တော်ကြာ တစ်မျိုး သွေးရူး သွေးတန်း ပြောသော သမ္မတ ဦးသိန်းစိန်နှင့် အစိုးရ အဖွဲ့ကို အကာ အကွယ် ပေးရန်၊ ဘာသာတူ ဗုဒ္ဓ ဘာသာဝင် များ၏ ရာဇ၀တ်မှု များကို ဖုံးဖိရန်၊ ရိုဟင်ဂျာနှင့် ကမန် များ၏ နစ်နာချက်များ မပေါ်လွင် စေရန် အားထုတ် နေသည့် အဖွဲ့တစ်ဖွဲ့သာ ဖြစ်နေသည်။ ၎င်း၏ လက်အောက်ခံ သုတေသန အဖွဲ့ ဆိုသည် တို့မှာလည်း အများ အားဖြင့် ရိုဟင်ဂျာ များအား ချောက်တွန်းသော မေးခွန်း များကိုသာ မေးမြန်း သွားခဲ့ သည်။ ခြုံ၍ ပြောရ လျှင် အဆိုပါ ကော်မရှင်သည် ဘာမှ ဟုတ်တိ ပတ်တိ မစုံစမ်းသော စုံစမ်းရေး ကော်မ ရှင် ဖြစ်ပြီး ရခိုင် တစ်ရှဉ်း ကြိုးဆွဲရာ ကသော ရုပ်သေး အဖွဲ့တစ်ခု သာဖြစ်သည်။
လွှတ်တော် အသီးသီး မှာလည်း လွှတ်တော် ဥက္ကဌ အသီးသီးက နွားကု အေးမောင်တို့ အုပ်စုကို စိတ်ကြိုက် ရမ်းကားခွင့် ပေးထားသည်။ ရခိုင် ပဋိ ပက္ခ အကြောင်း ဆွေးနွေးရာ ရတပ ကိုယ်စားလှယ် တစ်ဦးက ရိုင်းရိုင်း စိုင်းစိုင်းပင် “ကုလား တွေကို သုတ်သင်ရာမှာ ဗမာတွေ ၀င်ကူတာ အားမရလို့ ရခိုင် တွေက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အပြတ် ချတာ” ဟုဦးရွှေမန်း ကိုတိုင်တည်ပြီး ရမ်းခဲ့သည်။ တဖန် အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ကလည်း နွားကု အေးမောင်အား ကုလား ကုလား ဟူသော အသံ ပဲ့တင် ခတ်နေသော “ရိုဟင်ဂျာ မျိုးဖြုတ် စီမံကိန်း” တစ်ခုကို တင်ပြ စေ၍ ရိုင်းစိုင်း ခွင့်ပေး ခဲ့သည်။ ဦးရွှေမန်းက နွားကု အေးမောင်၏ ရမ်းကား အုပ်စုဝင် ဦးမောင်ညိုအား “မြန်မာ နိုင်ငံမှာ သမိုင်းဝင် ကုလား ရှိသလား”၊ ဒေါ်ခင်စောဝေအား “မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာ ရှိသလား” ဆိုသော မေးခွန်း များကို မေး ခွင့် ပြုပြီး အကျိုး အကြောင်း ဖော်ပြချက်တွင် အခြား လူမျိုး တစ်မျိုးအား စော်ကားသော၊ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အနေဖြင့် မပြော အပ်သော ရိုင်းစိုင်း ကြမ်းတမ်းသည့် စကား များကို ပြောဆို ခွင့် ပေးခဲ့ လေသည်။
တောင်ကုတ်တွင် ရတပ နွားကု အေးမောင်တို့ အုပ်စု၏ (၁၀) လောင်းပြိုင် လူသတ်မှုကို ဖော်ထုတ်ရန် ပထမ ရခိုင် စုံစမ်းရေး ကော်မရှင် တစ်ခု ဖွဲ့ခဲ့သော်လည်း မည်သည့် အစီရင်ခံစာ မျှမထုတ်ပြန်ခဲ့၊ ဘာ မှ ဖော်ထုတ် အရေးယူ ခြင်းမရှိခဲ့။ ကော်မရှင် ခေါင်းဆောင် ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဆိုသူက ရခိုင် နွား ကု အေးမောင် တို့ကို ဖြုံနေပုံ ရသည် (သို့မဟုတ်) သူတို့နှင့် ပုလင်းတူ ဗူးစို့ဘက် ဖြစ်နေ ပုံ ပေါ် သည်။ ယနေ့တိုင် ထိုရခိုင် လူရမ်းကား များကို ဆန့်ကျင်၍ တစ်လုံး တစ်ပါဒ မျှမဟသေး။ ယခု ပုဒ်မ ၁၄၄ ထုတ်ပြန် ထားဆဲ အချိန်၌ပင် ရခိုင် အစွန်းရောက် များအား ထောင်သောင်း ချီစုရုံး၍ သောင်းကျန်း ရမ်းကား ခွင့်ပြု နေဆဲ ဖြစ်သည်။ နေ့စဉ်နှင့် အမျှ မွတ်စလင်များ အပေါ် တိုက်ခိုက် ရမ်းကား ခွင့်ပြုနေ ဆဲရှိ သည်။ နွားကု ဆရာ အေးမောင်၊ သမိုင်းလိမ် ပညာရှင် ဒေါက်တာ အေးချမ်း၊ ဦးအေးသာအောင်၊ ဦးဇော်အေးမောင်၊ ဦးအောင်မြကျော်၊ ဦးဝိရသူ တို့ရွက်ကုန် ဖွင့်၍ မွတ်စလင်များ အပေါ် ရမ်းကားခွင့် ရနေဆဲ ရှိသည်။ ယခု ထွက်မည် ဆိုသည့် ဒုတိယ “ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင်” ၏နောက်ဆုံး အစီရင် ခံစာသည် အထက်ပါ နွားကု အေးမောင်တို့ ရမ်းကားမှု၏ အကျိုး သက်ရောက်မှုမှ လွတ်ကင်း ဖွယ်မရှိ။ မြန်မာ နိုင်ငံတွင် နွားကု အေးမောင်တို့ အုပ်စုအား မွတ်စလင် များအား ရမ်းကားရန် လွှတ်ထား လေပြီ။ မြန်မာ နိုင်ငံမှာ “နွား” သရမ်းကြီး လွတ်နေပြီ ဖြစ်သည်။
(ဆောင်းပါး ရှင်၏ အာဘော်သာ ဖြစ်ပါသည်)
မင်းအောင်လှိုင်
ဒုတိယ ဗိုလ်ချူပ်မှူးကြီး
တပ်မတော် ကာကွယ်ရေး ဦးစီးချူပ်
နေပြည်တော်
ရက်စွဲ။ ။ ၂၀၁၃ မတ်လ (၂၄) ရက်
ရခိုင် ပြည်နယ် (နစက) အဖွဲ့၏ နိုင်ငံသား အပေါ် မတရား နှိပ်စက်မူကို ရပ်တန့်ရေးနှင့် နိုင်ငံ တစ်ဝှမ်း ထပ်မံ ပြဿနာ ဖန်တီးလာမူကို ကာကွယ် တားဆီး အရေးယူရေး တင်ပြခြင်း
နိုင်ငံတော် တပ်မတော်သည် တိုင်းရင်းသား၊ နိုင်ငံသား များမှပေါက်ဖွား လာသော သားကောင်း ရတနာ များ ဖြစ်သည်နှင့် အညီ နိုင်ငံတော် ကာကွယ်ရေးနှင့် ပြည်သူ လုံခြုံရေး အတွက် တပ်မတော်သည် အဖ၊ တပ်မတော်သည် အမိ ဟူ၍ လည်းကောင်း၊ ဘယ်သူ ခွဲခွဲ တို့မကွဲ ဟူ၍ လည်းကောင်း၊ နိုင် ငံနှင့် နိုင်ငံသား များပေါ် သစ္စာစောင့် ထိန်းလာသော နိုင်ငံ့ ဂုဏ်ဆောင် တပ်မတော် ကြီးဖြစ် ပါသည်။
ယနေ့ ဒီမိုကရေစီ ကူးပြောင်းရေး စတင်ချိန်တွင် ၂၀၁၂ ရခိုင် ပြည်တောင်ပိုင်း အား ဘင်္ဂလား ရခိုင် သူပုန် များမှ အကြမ်းဖက် မီးလောင် စေပြီး မပြေလည်မှီ ၂၀၁၃ ရခိုင် ပြည်မြောက်ပိုင်း ဖြစ်သော မောင်းတော၊ ဘူးသီးတောင် နှင့် ကျောက်တော စသည့် မြို့နယ် များတွင် နစကမှ ဦးဆောင်၍ စီမံချက် ချသလို တိုင်းရင်းသား၊ နိုင်ငံသား များ၏ နေအိမ် များသို့ ၀င်ရောက် နှိပ်စက်ခြင်း၊ ဥစ္စာဓန များကို ဓါးပြတိုက် လု ယူခြင်း များကို နေ့စဉ်နှင့် အမျှတွေ့ မြင် နေရ ပါသည်။
ဤသည်ကို ဖြေရှင်း ရာတွင် နိုင်ငံတော်ရဲ့ စေတနာ တစ်မျိုးဖြင့် လျှောက်လှမ်း သော်လည်း တဖက် လူ မျိုးကြီး ၀ါဒအားသန်မှု ကြောင့် လဲကျစေပြီး လူမူရေး ပြဿနာများကို နိုင်ငံရေး စင်မြင့်ပေါ်သို့ ဆွဲခေါ် လာပြီး ဘာသာရေး စစ်ပွဲသို့ အတင်း အသုံးချနေကာ ပြစ်မှု ဥပဒေနှင့် လွှဲမှား စီရင်နေ ခြင်းသည် ဘုန်းကြီး အမှု ရွာပတ်ပမာ လည်ပတ်လျက် ဖြစ်နေသည်ကို တွေ့ရပါသည်။
သမိုင်း ကြောင်းကို ပြန်ကြည့်လျှင် ၁၉၄၂ ခုနှစ် ရခိုင် အကြမ်းဖက် ခေါင်းဆောင် ဖြစ်သော ဘုန်းကြီး စိန္ဒာ (ဗုဒ္ဓ) တို့က ရိုဟင်ဂျာ ပေါ်တွင် ပထမအကြိမ် အကြမ်းဖက် တိုက်ခိုက် ခဲ့ပြီး ပထမ အကြိမ် ပါလီမာန် ဒီမိုကရေစီ ခေတ် (၁၉၄၈ - ၁၉၅၈) အစိုးရအား ဆန့်ကျင်၍ မြေအောက် သူပုန် ဖြစ်သော ရတည ဖွဲ့ပြီး လှုပ်ရှား လာခဲ့သည်။ ယခု တဖန် အဆိုပါ ရတညမှ ALP သို့အဖွဲ့ ခွဲပြီး မြေပေါ် ဘုန်းကြီး ဦးဝီရသူ မှ ဦးဆောင်၍ ၂၀၁၂ ခုနှစ် ဒုတိယ အကြိမ် ပါလီမာန် ဒီမိုကရေစီ အစိုးရအား ဆန့်ကျင်၍ ရိုဟင်ဂျာ အပေါ်တွင် အကြမ်းဖက် တိုက်ခိုက်ခဲ့ ပြန်သည်မှာ ထင်ရှားလှ ပါသည်။ ဤတွင် သာမက ရခိုင်ပြည် မှ တစ်ဆင့် တစ်နိုင်ငံလုံး ကိုပါ ဆက်လက် စိန်ခေါ်မှု၊ မုန်းတီးမှု၊ မီးရှို့ ဖျက်ဆီးမှု ဆင်နွှဲ နေပါသည်။
ထို့အပြင် တတိယ အကြိမ် အကြမ်းဖက်မှု ကိုလည်း တက္ကသိုလ်ဝင် စာမေးပွဲပြီး လျှင်သော် လည်းကောင်း၊ တပ်မတော်နေ့ ပြီးလျှင်သော် လည်းကောင်း၊ သင်္ကြန်ပြီးလျှင်သော်လည်းကောင်း၊ ရာဇသံ ပေး ၍ မောင်း ခက် နေခြင်းကို နိုင်ငံတော်မှ သိလျက်နှင့် မျက်ကန်း၊ နားပင်း နေသလို လက်ပိုက် ကြည့်နေခြင်း ပမာ ဟူ ၍ လည်းကောင်း၊ နိုင်ငံတော် သည်လည်း ရခိုင် လူမျိုးစု တို့၏ တင်ပြချက် များကိုသာ မူသေ လက် ခံပြီး နိုင်ငံ ဥပဒေ များကို တဖက်သတ် ပုံ၍ မတရား စစ်ဆေးခြင်း၊ အမျိုး ဘာသာ၊ သာသနာကို ဖျက် ဆီးခြင်း၊ လူသား တို့၏ မွေးရာပါ အခွင့် အရေးကို အလေး မထားခြင်း၊ အမျိုးတူ ဟူ၍ နိုင်ငံခြား သား များ ကို ကျူးကျော် နေထိုင် စေခြင်း၊ အမိမြေဖွား များအား သွေးခွဲ စီမံခြင်း သည်ပင် ဥပဒေ၊ နည်း ဥပဒေနှင့် ဆန့်ကျင်ပြီး ဘေးဆိုး လက္ခဏာနှင့် တနေ့ မုချ ရင်ဆိုင် ရမည် ဖြစ်သည်။
ရခိုင်ပြည်ဖွား တိုင်းရင်းသား လူမျိုးစု တစ်စုကို မုန်းတီးပြီး တစ်နိုင်ငံ လုံးစော်ကား နေခြင်း၊ နိုင်ငံ အ၀ှမ်း အကြမ်းဖက် နိုင်ခြင်း၊ လွှတ်တော် ဆုံးဖြတ်ချက်၊ ဥပဒေပါ ဆုံးဖြတ်ချက် အရပ်ရပ်ကို နာခံမှု မပြုခြင်း၊ တစ်နိုင်ငံလုံး မဆလ ကဲ့သို့ အမှောင်ထုသို့ ပြန်လည် စိမ့်ဝင် လာခြင်း အစုံစုံကို အချိန်မှီ မျက်စိဖွင့်၊ ဥ ပဒေ ကြောင်းနှင့် ပြင်းထန်စွာ ကာကွယ် ရမည့် အချိန် ကျရောက် နေပြီ ဖြစ်ပါသည်။ မဟုတ်ပါက ၈၈ အရေးတော် ပုံကြီး ပြန်ထလာ ရေးကို နှိုးဆော် နေခြင်းနှင့် ရခိုင် အကြမ်း ဖက်များ ကို တော် လှန် ရေး ကို နိုင်ငံသား အရ အားလုံး ပါဝင် ဆင်နွှဲ ရမည် ဖြစ်ပါသည်။
ယနေ့ တဖန် လူမျိုးစု ပြဿနာ၊ နိုင်ငံသား ပြဿနာ အမည်တပ်၍ ဘာသာကွဲပြားပြီး နားလည်မှု လွဲမှား စီရင်ခြင်း၊ နိုင်ငံတော် ဥပဒေ၊ နည်းဥပဒေ များကို ဆန့်ကျင်၍ လမ်းပေါ် ထွက်ဆန္ဒ ပြခြင်း၊ ဒေသခံ များ၏ ဆန္ဒမပါဘဲ အစိုးရမှ ဘာမှဆုံးဖြတ် ချက်မပြုစေ ရဟူ၍ အကျပ် ကိုင်ခြင်း၏ အဓိက ပင်ရင်းမှာ အကြမ်း ဖက်မူကို ပြစ်မှု ကျူးလွန်မှု အတိုင်း အရေးယူမှု ကြန့်ကြာမှု ကြောင့် အခွင့်ကောင်း ယူပြီး မြန်မာ အခက် ရခိုင် အချက် ဆိုသကဲ့သို့ တစ်ပြည်လုံး ထိခိုက် လာအောင် ဖန်တီး လာခြင်းကို သတိပြု စေလိုပါသည်။
သမ္မတကြီး ၏မိန့်မှာကြား ချက်ဖြစ်သော ရခိုင်အရေး ပြေလည်မှ တိုင်းပြည် ရှေ့ဆက် နိုင်မည် ဟူသည်ကို အလေးထား၍ သည်းခံမှု အတိုင်းအတာ လွန်လာပြီဖြစ်ကာ တပ်မတော်သည် တို့တာဝန် အရေးသုံးပါး ကိုဦးထိပ် ထားလျက် နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် တည်ငြိမ်ရေးကို ပျက်ပြား လာမှုအား လက်ပိုက် ကြည့်မနေဘဲ ငါးတစ်ကောင် ပုတ်လျက် တစ်လံလုံး အဖေါက် မခံနိုင်ကြောင်း ဆိုသကဲ့သို့ လက်မ မကောင်းလျက် လက်မ ပိုင်းပြီး ပြတ်သားသော ဖြေရှင်းမှု ကို အခြေခံ၍ ဆက်လက် အချိန်မဆွဲဘဲ လူမျိုးကြီးဝါဒအား ပပျောက်ရေး၊ လူမျိုး(၂)စုလုံး တန်းတူညီမျှ အတူနေ ထိုင် နိုင်ရေးနှင့် မီးလောင်ပြာ ဖြစ် နေသော နေ ရာတွင် မူလ ပိုင်ရှင်အား သူ့နေရာနှင့်သူ၊ သူ့အိမ်၊ ဆိုင်အား အချိန် ကြန့်ကြာမှု မပြုဘဲ နေရာ ချထားရေးကို ဥပဒေ ကဲ့သို့ အာဏာ တည်ခြင်းဖြင့် ဖြေရှင်း စေလို ပါသည်။
သို့ဖြစ်ပါ၍ ဤသို့ ဖြစ်ရပ် များကို အခြေခံ၍ ရခိုင် ပြည်နယ် လုံခြုံရေးနှင့် ရခိုင်နှင့် ရိုဟင်ဂျာ အတူ နေ ထိုင်ရေး အလို့ငှာ တပ်မတော်သည် မိဘသဖွယ် နားလည်ပြီး တပ်မတော်နှင့် နိုင်ငံရေးပါတီများ အတူတကွ လက်တွဲပြီး ရခိုင် ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့ကို အရေးပေါ် စီမံချက် တစ်ရပ် ချ မှတ်ပြီး နစက၏ မတရား နှိပ်စက်မှု များကို ချက်ချင်း ရပ်တန့်ရန်နှင့် တပ်မတော်မှ ရရှိသော သတင်း အရ တရားခံများ၊ လှုံ့ဆော် နေသူများ၊ ခွဲထွက်ရေး အင်အားစု များအား ရှာဖွေ ချေမှုန်းပြီး တရား ဥပဒေ စိုးမိုးရေးနှင့် လူမျိုး ဘာသာ မခွဲခြားဘဲ နိုင်ငံသား တို့၏ ဒီမိုကရေစီ လူနေမှု ဘ၀ ရောက်အောင် ကူ ညီ ဆောင်ရွက် ပေးပါရန် အလေး အနက် မေတ္တာ ရပ်ခံ တောင်းဆို အပ်ပါသည်။
၆၈ နှစ် မြောက် တပ်မတော်နေ့ အားဂုဏ်ပြု အပ်ပါသည်။
ရခိုင် - ရိုဟင်ဂျာ နားလည်မှု နှင့် အတူ နေထိုင်ရေး
နိုင်ငံသား အားလုံး ၀ိုင်းဝန်း ကူညီ ဆောင်ရွက်ပေး
ဒို့ အရေး ဒို့ အရေး ဒို့ အရေး
ဇာနည်မောင်
National Foundation BKK
National Foundation BKK
![]() |
မိတ္တီလာ မြို့တွင် အကြမ်းဖက် သမားများ ဖျက်ဆီး လိုက်သည့် အဆောက်အအုံ များကို လိုက်လံ ကြည့်ရှူ နေစဉ် (ဓါတ်ပုံ - RFA) |
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ အထူး ကိုယ်စားလှယ် မစ္စတာဗီဂျေး နမ်ဘီယားနှင့် တွေ့ ဆုံ ဆွေးနွေးပွဲ
ယနေ့ မတ်လ ၂၄ ရက်နေ့ နေ့လည် ၁နာရီ အချိန် ကျင်းပ ပြုလုပ် ခဲ့သည့် တွေ့ဆုံ ဆွေးနွေး ပွဲတွင် ကုလ သမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ်၏ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယားနှင့် အဖွဲ့၊ လူ ၀င်မှု ကြီးကြပ် ရေးနှင့် ပြန်လည် နေရာချ ထားရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ၊ မန္တလေး တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၊ မိထ္ထီလာ ခရိုင်မှ ပြည်သူ့ လွှတ်တော် နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ်များ၊ ဗုဒ္ဓ္ဓ သာသနာ ပြုဆရာတော် အရှင် ဦးဆေကိန္ဒ၊ မစိုးရိမ် တိုက်သစ် ဆရာတော် ဦးဝီရသူ၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်း များမှ ဦးဝဏ္ဏရွှေ (အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ်) ၊ ဦးကျော်ငြိမ်း (အိုလမာ အဖွဲ့ချုပ်) ၊ ဦးလှဝင်း (မ.အ.ဖ အဖွဲ့ချုပ်)၊ ဦးအေးလွင် (အစ္စလာမ့် ဓမ္မ ဗိမာန်)နှင့် တာဝန်ရှိ ပုဂ္ဂိုလ် များ၊့ ဒေသ ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်းများ၊ မြို့မိ မြို့ဖများနှင့် ဒုက္ခသည် ကိုယ်စား လှယ်များ တွေ့ဆုံ ခဲ့စဉ် နှစ်ဖက် အပြန် အလှန် ဆွေးနွေး မှုများ ပြီး သည့် နောက် ပြည်ထောင်စု သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းမှ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များ တင်ပြချက် များနှင့် ကိုက်ညီသည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနှင့် တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် တို့ ၃ဦး ညှိနှိုင်း သဘော တူညီ ထားသည့် အောက်ပါ အချက် အလက် များကို တင်ပြ ခဲ့ပါသည်။ ၎င်းသဘော တူညှိနှိုင်း ချက်များမှာ -
(၁) လက်ရှိ ဖြစ်ပေါ် နေသော အကြမ်း ဖက်မှု များကို ထိရောက်စွာ တားဆီးပြီး ဥပဒေ ချိုးဖောက် သူများ ကို အရေးယူ ဆောင်ရွက် သွားမည်။
(၂) နောက်ထပ် သွေးထွက် သံယိုမှုများ မဖြစ်အောင် တားဆီး ကာကွယ် သွားမည်။
(၃) ဒုက္ခ သည်များကို ယာယီ နေထိုင် စားသောက် နိုင်ရန် အမြန်ဆုံး စီစဉ် ဆောင်ရွက် ပေးသွားမည်။
(၄) အခြေ အနေ တည်ငြိမ် သည်နှင့် နေစရာ ရှိသူများ လုံခြုံ စိတ်ချစွာ အိမ်ပြန် နိုင်ရန် စီစဉ် ပေးသွားမည်။
(၅) အိမ်ယာမဲ့ဖြစ်သူများကို ၎င်းတို့နေထိုင် ခဲ့သော နေရာများတွင် အိမ်ယာများ ပြန်လည်ဖြစ်ပေါ် လာအောင် ကူညီ ဆောင်ရွက် ပေးသွားမည်။
(၆) နိုင်ငံတကာ အလှူရှင်များ အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက် သွားမည်။
(၇) Community နှစ်ခုလုံး နားလည်မှု ပြန်လည် တည်ဆောက် နိုင်စေရန် Community Dialog and Workshop များ လုပ်ဆောင် သွားမည် -- ဟုသိရ ပါသည်။
via Myanmar Muslim Net
ဌေးလွင်ဦး
RB News
24.3.2013
ရေတစ် စက်ချင်းမြေကို ကျတယ်၊ ရေစက်ပေါင်း များလာတော့ မြေကြီးဟာ ရေ၀လာတယ်၊ ပြီးတော့ ရေအိုင် လာ တယ်၊ နောက်ဆုံးမှာ ရေအိုင် လာမှုဟာ ရေချောင်း စီးမှုကို ဖြစ်စေတော့တယ်။
မြန်မာနိုင်ငံမှာ အပြစ်မဲ့ ပြည်သူတွေ ရဲ့သွေးတွေ- မြေကို ကျရတယ်၊ တစ်ခါ၊ နှစ်ခါ၊ သုံးခါ- အကြိမ် ကြိမ် အခါခါ- ဖြစ်လာတော့ အခုအဆင့်က ရေအိုင်လာတဲ့ အဆင့်ကို ရောက်လာခဲ့ပြီ။ ဒီအဆင့်မှာ မြန်မာ တစ်ပြည်လုံး လိမ္မာဖို့ ဆင်ခြင်တုံ တရားထားဘို့၊ မေတ္တာ ထားဘို့၊ အနိုင်ကျင့် လိုတဲ့ စိတ်တွေ၊ စိတ်ရိုင်း တွေကို ဖျောက်ဖျက် ပစ်ဘို့ ချက်ချင်း လက်ငင်း လိုအပ် လာပါတယ်။
အာဏာ ပိုင်တွေ အနေနဲ့လည်း တိုင်းပြည်ရဲ့ အနာဂါတ်ကို ကြည့်ပြီး-တိုင်းပြည် တစ်ခုလုံးကို ချက်ချင်း တည်ငြိမ် အောင် လုပ်ပေးရမယ်။ ဘယ်လို ဖုံးဖုံး- ဘယ်လို ဖိဖိ အခု ဖြစ်သွား တဲ့ ပြဿ နာ တွေ ရဲ့ နောက် ကွယ်မှာ ဘယ်သူ တွေပါဝင် နေတယ် ဆိုတာက ကမ္ဘာက သိနေပါတယ်။ မတော်တဆ ၀ုန်းဒိုင်း ဖြစ်သွား တာ မျိုးတစ်ခုမှ မဟုတ်ဘူး။ ကြိုတင် ပြင်ဆင် ထားပြီး စနစ်တကျ လုပ်သွား တာချည်း ဖြစ်တဲ့ အပြင်-၊ ဖြစ်တော့ မယ်လို့ ကြိုတင် သတိပေးနေ တာတွေကိုပါ အစိုးရပိုင်း မသိ ဟန်ဆောင် နေခဲ့ တယ်။ ဖြစ်နေ ဆဲ မှာလည်း တစ်ဘက်သတ် လွှတ်ပေး ထားတယ်။ ဒါကို ချက်ချင်း ရပ်တန့်က ရပ်ဘို့ လိုပါတယ်။
မြန်မာနိုင်ငံမှာ မွတ်ဆလင်ဟာ သန်းပေါင်း များစွာ ရှိနေတယ်။ ဘယ်သူတွေ စာရင်းဖုံးဖုံး ကျုပ်တို့မှာ ကိုယ့်ဘာ သာဝင်တွေ အတွက် စာရင်းရှိ နေတယ်။ မျိုးပြုတ် သတ်လို့ မရဘူး ဆိုတာ ကိုလည်း သိနေ တယ်။ အများဆုံး သတ် နိုင်ရင် သုံးသိန်းက ငါး သိန်းထိပဲ သတ်နိုင်မယ် ဆိုတာ ကိုလည်း ကြိုတွက် ထားပြီး သားပါ။ ဒါပေမယ့် ဒီကိန်း ဂဏန်းထိ မရောက် စေရဘူး-၊ မြန်မာ တစ်ပြည်လုံး အလုံးစုံ ပျက်စီး သွားရမယ့် ကိန်းကို ဆိုက်ရောက် သွား ပါမယ်။ တစ်သက်လုံး ချစ်ချစ် ခင်ခင် နေထိုင် ခဲ့တဲ့ တိုင်းပြည်-၊ အခု မှ လူဆိုး လူမိုက် လူလိမ် လူကောက် တစ်စု ကြောင့် ပျက်စီး ရမယ့် ကိန်းကိုတော့ မဆိုက် စေချင်ဘူး။ ဒီအတွက်လည်း ကျုပ်တို့ဘက်က အဆုံးစွန်ထိ သည်းခံ ပေးနေတာပါ။မြန်မာ ပြည်သူ များလည်း နားလည် သဘောပေါက် သင့်ပါတယ်။ အချင်းချင်း ရန်ဖြစ် နေမယ့်အစား ချစ်ချစ် ခင်ခင် နေသင့် ပါတယ်။ ယဉ်ကျေး တဲ့ ကမ္ဘာ့ လူသားတွေ ဘယ်လို နေထိုင် ကြသလဲ-၊ နမူနာ ယူသင့် ပါတယ်။
အစ္စလာမ်၊ ခရစ်ယာန်နဲ့ ဟိန္ဒူ ဘာသာဝင်များကို ဧည့်သည် များဖြစ်တယ် လို့မြှောက်ပင့်သွေး ထိုးနေတဲ့ သ င်္ကန်း ၀တ်တွေ ကိုယ်တိုင်လည်း မှန်မှန် ကန်ကန် ပြန်လည် သုံးသပ် သင့်ပြီ။ မျက်နှာမှာ ကုလားရုပ် မပျောက်သေးတဲ့ သင်္ကန်းဝတ်က ဗုဒ္ဓဘာသာဖြစ်လို့ အိမ်ရှင်လိုလို အမွေလုနေတာလည်း အတော့ကို အကျည်း တန်လှပါတယ်။ ပညာမဲ့ လွန်းနေပါတယ်။ ဟိန္ဒူ ဘာသာဟာ ဗုဒ္ဓဘာသာ မတိုင်မှီ ကတည်း က မြန် မာပြည် မှာ ရှိပြီး ဘာသာဖြစ် သလို အစ္စလာမ် ဘာသာဟာ လည်း ဗုဒ္ဓသာသနာပြု ရှင်အရဟံနဲ့ စင်ပြိုင် ပုဂံကို ရောက်လာ ခဲ့တာ တောင်မသိဘဲ ထင်ရာ လျှောက်ပြော ရန်တိုက် ပေးနေတဲ့ အကျင့်ကို လူရှက် စရာလို့ မိမိကိုယ်မိမိ မြင်ယောင် တတ်ဘို့ လိုပါမယ်။
မြန်မာ ပြည်သူတွေ ဆင်ခြင်ပါ။ ငါတို့တော့ ချမ်းသာလှပြီ- သယံဇာတ ပေါများကြွယ်ဝ လှပြီ ဆိုတဲ့ ပညာမဲ့ ခံစား ချက်များကို ပြန်လည် သုံးသပ်ပါ။ ဘယ်သူတွေက ဘယ်လောက်များ ခံစားနေ ရပါသလဲ-၊ ပြန်လည် သုံး သပ် ပါ။ ချမ်းသာ လှပါရဲ့ ဆိုပြီး ကြွေးကြော် နေတဲ့ နိုင်ငံက သမ္မတ ကိုယ်တိုင် ကမ္ဘာကိုပတ် အကူ အညီ တောင်းနေ ရတာကို တည့်တည့် မတ်မတ် ပြန်ကြည့်ပါ။ ဒီအချိန်မှာ ကမ္ဘာက စီးပွားရေး တစ် ချက် ပြန်ပိတ် လိုက်ရင် ဘာဖြစ် သွားမလဲ ဆိုတာ ကိုလည်း စဉ်းစားပါ။
ငါတို့တော့ ငတ်ပြီး သေချင် သေပါစေ- မွတ်ဆလင် တွေကို အပြီးတိုင် မောင်းထုတ်မှာပဲ-၊ ဆိုရင်လည်း၊ ဒီကမ္ဘာမှာ တစ်ဘက်သတ် ပါးရိုက်ခံဘို့ မွေးလာတဲ့ လူမျိုးဆိုတာ မရှိဘူး ဆိုတဲ့ အချက် လောက် ကို ပြန်လည် သုံးသပ်စေချင် တယ်။ မိမိ၊ မိမိရဲ့ အမျိုးများကို တစ်ဘက်သတ် ပါးရိုက်နေ မယ် ဆိုရင် ဘယ်လို ဖြစ်လာမလဲ ဆိုတဲ့ အချက်များ ကိုလည်း ပြန်လည် သုံးသပ်ပါ။ ဒီခေတ် ဒီကမ္ဘာမှာ တစ်ဘက်နဲ့ တစ် ဘက် သတ်ရ ဖြတ်ရတာ အလွန်လွယ် ကူ သလို ဆက်သွယ်ရေး ကောင်းမွန် နေတဲ့ ခေတ်ဖြစ် နေလို့ တစ်ဘက်နဲ့ တစ်ဘက် နားလည်မှု တည်ဆောက် ရတာ လည်း အလွန် လွယ်ကူတဲ့ ခေတ်ဖြစ်ပါတယ်။ ဒီ အချိန် မှာ နားလည်မှု တည်ဆောက် ယူမယ် ဆိုတဲ့ “စိတ်” တစ်ခု ကိုပဲ ဦးစားပေး စေလိုပါတယ်။ စိတ်ကောင်း စေတနာ ကောင်းနဲ့ နားလည်မှု တည်ဆောက် မယ်ဆိုရင်လည်း အချိန် မှီသေးတဲ့ အချိန် အခါ ဖြစ်နေ ပါတယ်။ အချိန် တစ်ခုကို ရောက်လာလို့ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် သတ်ကြ ဖြတ် ကြပြီ ဆိုရင်တော့ နားလည်မှု တည်ဆောက် ရမှာ အဟန့်အတား ဖြစ်သွား နိုင်ပါတယ်။ အဲ့ဒီအခြေ အနေ မှာဘယ်လို စစ်အင်အားကမှ သတ်ဖြတ် နေခြင်းကို တားမြစ် နိုင်တော့မှာ မဟုတ်ပါ။ အလ ကား နေရင်း တိုင်းပြည် ဟာ သွေးချောင်းစီး တဲ့မြေ ဖြစ်သွား ရပါ တော့မယ်။ ရိုးရိုး အေးအေး နေ ထိုင်တဲ့သူ များလည်း အပြစ် မဲ့ ကြောက် လန့် စိုးရိမ်မှု တွေရဲ့ အောက်ကို ရောက်သွား ရပါလိမ့်မယ်။
လူတစ်စုရဲ့ အရူးထမှုကို ဗုံတီးမြှောက်ပင့် ဆွမ်းကြီး လောင်းတတ်တဲ့ ပညာမဲ့ အကျင့်တွေကို မဖျောက် ဖျက်ရင် တော့--၊ တိုင်းပြည်ဟာ သွေးချောင်း စီးသွားရမှာကို စိုးရိမ်ပါတယ်။ နှလုံးသားရှိတဲ့၊ မျက်စိ ရှိတဲ့၊ ပြည်သူတိုင်းမှာ ဒီအဖြစ်ဆိုးကြီးက ကာကွယ်ဘို့ တာဝန်ရှိပါတယ်။ တတ်နိုင်သမျှ ကာကွယ် ဘို့ လည်း မေတ္တာရပ်ခံပါတယ်။
ဌေးလွင်ဦး
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု
![]() |
မိတ္ထီလာ အကြမ်းဖက် မှုကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေး ခဲ့ရတဲ့ ဒုက္ခသည် တချို့ (မတ်လ ၂၃ ရက်၊ ၂၀၁၃) |
အောင်ရဲ မောင်မောင်
ဗွီအိုအေ မြန်မာပိုင်း
23.3.2013
အဓိကရုန်းနဲ့ အကြမ်းဖက် တာတွေ ဖြစ်ခဲ့တဲ့ မိတ္ထီလာမှာ ဒီကနေ့ အခြေ အနေတွေ ပြန် ပြီးတော့ တည်ငြိမ် လာနေပြီ လို့ ဒေသခံ တွေက ပြောပါတယ်။ နှစ်ရက်ကြာ ဖြစ်ခဲ့တဲ့ ရုန်းရင်း ဆန်ခတ် မတည် မငြိမ် အခြေ အနေ တွေကြောင့် လူပေါင်း ၂၀,၀၀၀ လောက် အိုးအိမ် ပစ်ပြီး ဒုက္ခသည် ဖြစ်ခဲ့ ရတယ်လို့ မိတ္ထီလာ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်က ပြောပါတယ်။ မတ်လ ၂၃ ရက်နေ့ ကစပြီး အရေးပေါ် အခြေ အနေ ထုတ်ပြန် ကြေညာ ထားတဲ့ မိတ္တီလာ မြို့က နောက် ဆုံး အခြေ အနေကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲ မောင်မောင်က သတင်းပေး ပို့ထား ပါတယ်။
အရေးပေါ် အခြေအနေ ကြေညာ လိုက်ပြီးတဲ့ နောက်ပိုင်း လမ်းပေါ်မှာ အကြမ်း ဖက် ဆူပူမှု တွေကို မတွေ့ ရတော့ဘူးလို့ ဒေသခံ ပြည်သူ တွေက ပြောလာ တာပါ။ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွား ခဲ့တာကြောင့် မိတ္တီလာ မြို့မှာနေထိုင် ကြတဲ့ လူပေါင်း ၂၀,၀၀၀ လောက် အိုးမဲ့ အိမ်မဲ့တွေ ဖြစ်ခဲ့ရပြီး ဒုက္ခ သည် တွေ အဖြစ် နေထိုင် နေရတယ်လို့ မိတ္ထီလာ မြို့က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်း ထိန် က ပြော ပါတယ်။
“ဗုဒ္ဓဘာသာ ဒုက္ခသည် တွေက ဘုန်းကြီးကျောင်း တွေမှာနေတာ အားလုံး ၇,၀၀၀ ကျော် လောက်ရှိ တယ်။ နောက်ပြီးတော့ မူစလင် ဒုက္ခသည်တွေက ဘောလုံး ကွင်းမှာ ၉,၀၀၀ လောက် ရှိ တယ်။ အမှတ် (၂) ရဲစခန်းမှာ ၅,၀၀၀ လောက် ရှိတယ်။ အဲဒီ ကျောင်းတွေကို ဘုန်းကြီး ကျောင်းလည်း ဘုန်းကြီး ကျောင်း အလျောက်၊ မူစလင် စခန်း တွေလည်း မူစလင် စခန်းတွေ အလျောက် ကယ်ဆယ်ရေး ပစ္စည်းတွေ ပေး တာ၊ အလားတူပဲ အခြား အဖွဲ့တွေလာ ပြီးတော့ ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးနေတာ ကျနော် တွေ့ ပါတယ်။”
မိတ္ထီလာ မြို့မှာ သွေးထွက် သံယို တိုက်ခိုက် မှုတွေ စတင် ဖြစ်ပွား ချိန်ကစလို့ ပုဒ်မ ၁၄၄ ည မထွက်ရ အမိန့် ထုတ်ပြန် ထားခဲ့တာ ၃ ရက် ကြာလာတဲ့ အချိန်အထိ အခြေ အနေတွေ တည်ငြိမ်မှု မရှိသေး တဲ့ အတွက် အရေးပေါ် အခြေအနေ အဖြစ် နိုင်ငံတော် သမ္မတက မနေ့က လက်မှတ် ရေးထိုး ကြေညာ လိုက်တာ ဖြစ်ပါတယ်။ အခု ထုတ်ပြန် လိုက်တဲ့ အမိန့် ကိုတော့ နောက်ဆက်တွဲ အမိန့် တစုံတရာ မထုတ် ပြန်မခြင်း ကျင့်သုံး သွားမှာ ဖြစ်သလို စစ်တပ် အကူအညီ နဲ့ပါ လုံခြုံရေးကို တာဝန်ယူ ကိုင်တွယ် သွားမှာ ဖြစ်တယ်လို့ သမ္မတရဲ့ ကြေညာ ချက်မှာ ဖော်ပြ ထားတာပါ။
အခုလို အရေးပေါ် အခြေ အနေနဲ့ စစ်တပ်ရဲ့ အကူအညီ ရယူပြီးတဲ့ နောက်မှာ လမ်းပေါ်မှာ ရဲနဲ့စစ် သား တွေက လုံခြုံရေး အပြည့်အ၀ ရယူ ထားတယ်လို့ မိတ္ထီလာ မြို့ခံ ကိုဖုန်းက ပြောပါတယ်။
စစ်တပ်နဲ့ ရဲတွေ လုံခြုံရေး ရယူထား တာကြောင့် အချို့ ဈေးဆိုင်တွေ ပြန်ဖွင့် လာနိုင်ပြီးတော့ ဒေသတွင်း လည်း အတော်လေး တည်ငြိမ် လာပြီလို့လည်း ဦးဝင်းထိန် ကပြောပါတယ်။
“မနေ့က ထက်စာ လို့ရှိရင် လုံခြုံရေး အခြေအနေ တော်တော် ကောင်းသွားပြီ။ ကားတွေ အသွား အလာရော၊ လူတွေ အသွား အလာရော ပုံမှန် ဖြစ်သွား ပြီးတော့ ဈေးဆိုင် တွေလည်း နည်းနည်း ပြန်ဖွင့် လာတယ်။ မနေ့က ထက်စာရင်တော့ နည်းနည်း ပိုကောင်းတာပေါ့။ သို့သော် လည်းပဲ အခုဟာက မူစလင် ဒုက္ခသည် တွေကို အာဏာပိုင် တွေက သင့်လျော်တဲ့ နေရာကို ပြောင်းကြ ရွှေ့ကြတဲ့ နေရာမှာတော့ တချို့ ရပ်ကွက်တွေက လက်မခံဘူး ဆိုပြီး တင်းခံနေတဲ့ အပိုင်းတွေတော့ ရှိတယ်။ ဒါပေမဲ့ ပဋိပက္ခ သဘောမျိုး တော့မဖြစ် ပါဘူး။”
မိတ္ထီလာ မြို့က အကြမ်းဖက် လုပ်ရပ် တွေကြောင့် အိုးအိမ် စွန့်ခွာ ခဲ့ရတဲ့ ဒုက္ခသည် တွေဟာ အကူ အညီ အတော် အတန် လိုအပ် နေတယ်လို့လည်း မန္တလေး မြို့က လာရောက်ပြီး ဒုက္ခသည် တွေကို ကူညီနေ တဲ့ ကျောင်းသား ရဲဘော်ဟောင်း များအဖွဲ့က ကိုဝင်းမြင့်ထွန်းက ဗွီအိုအေကို ပြောပါတယ်။ အရေးပေါ် အခြေအနေ ထုတ်ထားပေမဲ့ မိတ္တီလာမြို့ကို လာရောက်ကူညီတဲ့ အခြား အရပ် ဒေသက လူတွေ အနေနဲ့ ဒုက္ခသည် တွေကို လွတ်လွတ် လပ်လပ် ကူညီ ပေးနိုင်တယ် လို့ ကိုဝင်းမြင့်ထွန်းက ပြောပါတယ်။
“ရပါတယ် ခင်ဗျ။ အခု ကတော့ ကျနော် တို့က မန္တလေး ကနေ သံဃာ အပါး ၅၂ ပါးလည်း ပါတာ ကိုးဗျ။ ကျနော် တို့ချည်းပဲ မဟုတ်ဘူး။ သံဃာ အပါး ၅၂ပါး ဂဠုန်နီ ဆရာတော် အပါအ၀င်ပေါ့။ ဒီ ဆရာတော် တွေ ရဲ့ ဦးဆောင် မှုနဲ့ ကျနော်တို့ သွားလာ နေတာပါပဲ။ ကျနော်တို့ အခုဟာ ကတော့ ကျနော်တို့ သွားချင် တဲ့ နေရာကို သွားလို့ ရပါတယ်။ ယူချင်တဲ့ နေရာယူ လို့ရပါတယ်။”
မတ်လ ၂၃ ရက်နေ့ထုတ် အစိုးရ သတင်းစာမှာ ဖော်ပြချက် အရ လူ ၁၁ ဦး သေဆုံး တယ်လို့ ဆိုထားပေမဲ့ အကြမ်းဖက် မှုတွေကြောင့် အမှန်တကယ် လူ ၂၀ လောက်ထိ ဒီကာလတွင်း သေဆုံး သွားတယ်လို့ ဦးဝင်း ထိန်က ပြောပါတယ်။ အစိုးရရဲ့ သတင်းထုတ် ပြန်ချက် တွေအရ ဒဏ်ရာရတဲ့ လူပေါင်း ၃၉ ဦးနဲ့ ဘာ သာရေး အဆောက် အအုံ ၁၃ လုံး၊ နေအိမ် ၁၂၅ လုံးလောက် ပျက်စီး ခဲ့တယ် လို့လည်း ဆိုထား ပါတယ်။
(ဓါတ်ပုံ - စိုးဝင်းသန်း AFP) |
O'Laie Manzu
23.3.2013
မြန်မာ နိုင်ငံ၌ နိုင်ငံရေး အခြေ အနေ အပြောင်း အလဲ သို့မဟုတ် အကြပ် အတည်း များနှင့် ရင်ဆိုင် ရသည့် အချိန် ကာလ တိုင်းတွင် ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်လေ့ ရှိတတ်သည်။ ဘာသာရေး ပဋိပက္ခ ဆိုသော်လည်း ဘာသာတရား များအကြား အယူအဆ ပိုင်းဆိုင်ရာ ကွဲပြားမှုကြောင့် ဖြစ်ပေါ်သော ပြဿ နာ မျိုး မဟုတ်။ နှစ်ဖက်သော ဘာသာဝင်များမှ အပြန်အလှန် တိုက်ခိုက် ကြခြင်းမျိုး လည်းမဟုတ်။ လူများစု ဖြစ်သောဗုဒ္ဓဘာသာဝင်များအနက်မှ အချို့သောဘာသာရေး လူမျိုးရေးအစွန်းရောက် သောင်း ကြမ်း သူ များမှာ အာဏာရှုး များ၏ သွေးထိုး လှုံ့ဆော်မှုဖြင့် အစ္စလာမ် သာသနာ ဝင်များအား နိုင်ထက် စီးနင်း ကျူးကျော် စော်ကားခြင်း မျိုးသာ ဖြစ်လေ့ရှိသည်။ ဘာသာရေး အသုံးချသည့် နိုင်ငံရေး ကစားကွက် များသာဖြစ်သည်။
အစဉ် အလာ ပစ်ကွင်း
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တော်လှန်ရေး အသိုင်းအဝိုင်းမှ ခေါင်းဆောင်များ ဝင်ရောက်လာ ကြလိမ့်မည် ဖြစ်သည်။ အတိုက်အခံ ခေါင်းဆောင်များ၏ အရှိန်အဝါမှာ လက်ရှိ အာဏာရ ကြံဖွံ့ပါတီ အတွက် စိုးရိမ် စရာ ဖြစ်နေ သည်။ ၂၀၁၅ ရွေးကောက်ပွဲအား မျှတသည့် ရွေးကောက်ပွဲအဖြစ် စနစ်တကျ ပြုလုပ်ရန် ကမ္ဘာ့နိုင်ငံ ကြီးများမှ တွန်းအားပေး နေသည်။ တရားမျှတသည့် ရွေးကောက်ပွဲ မှန်လျှင် လက်ရှိ လွှတ်တော် အမတ် များနှင့် အစိုးရအဖွဲ့ဝင် ကြံ့ဖွံ့ပါတီဝင်များ နိုင်ငံရေး စင်မြင့်မှ ဖယ်ပေးရမည့် အလား အ လာ ပေါ်ပေါက် နေပါသည်။ ထို့အပြင် ကြံ့ဖွံ့ပါတီ၏ အပေါင်းအပါ ဖြစ်သော စစ်တပ်မှလည်း ၎င်းတို့၏ လွတ်တော်နေရာ ၂၅% အားထိပါး လာနေသည်ကို စိုးရိမ်ကြသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အား ပြင်ဆင်ကာ စစ်တပ်၏ အခန်း ကဏ္ဍအား ပြုပြင်မည့် အချိန်ကာလသို့ ၎င်းတို့ တွက်ချက် ထားသည် ထက် မြန်ဆန်စွာ ရောက်ရှိ လာမည် ဖြစ်သည်။ စစ်တပ်နှင့် ကြံဖွံ့ပါတီ တို့မှာ အုပ်စု တစ်စုတည်းမှ ကဏ္ဍနှစ်ခုခွဲကာ နိုင်ငံရေး အာဏာအား ချုပ်ကိုင်ထား နေခြင်းသာဖြစ်သည်။ နိုင်ငံရေးတွင် ချယ် လှယ် နေသော ၎င်းတို့၏ အခန်းကဏ္ဍ နှစ်ရပ်လုံးအား တိုက်ရိုက် ထိပါး လာသည်ကို ကာကွယ်လိုသော အကြံဖြင့် အစဉ်အလာ အတိုင်း ဘာသာရေး အဓိကရုဏ်း ဖန်တီးကြသည်။ တိုင်းပြည် မငြိမ်မ သက် ဖြစ်နေသည်ကို အကြောင်းပြုကာ စစ်တပ်၏ အခန်းကဏ္ဍ အရေးကြီးကြောင်း ပြသလိုသည်။ အခွင့် သာပါ ကလည်း စစ်တပ် အုပ်ချုပ်ရေး လမ်းကြောင်းပေါ် သို့ပြန်လည် လျှောက်လှမ်း လိုသည်။ မြန် မာ နိုင် ငံ တွင် ဖန်တီးရ အလွယ်ဆုံးနှင့် အထိရောက် ဆုံးသော ပြည်တွင်း ဆူပူသောင်းကြမ်း မှုမှာ ဘာ သာရေး အဓိက ရုဏ်း ပင်ဖြစ်သည်။ ယခင် ဖြစ်ပွား ခဲ့သော ပဋိပက္ခ များ၏ သာဓက များအရ အစပိုင်း များတွင် အစ္စလာမ် ဘာသာအား မုန်းတီး စေရန် လှုံ့ဆော်ကြပြီး မုန်းတီး စိတ်ဓါတ် ပြင်းထန် လာသောအခါ အစ္စ လာမ် ဘာသာဝင်များနှင့် ပြဿနာ တစ်ရပ် ဖန်တီးကာ ဘာသာရေး အဓိကရုဏ်းအား အစ ပျိုးပေး လေ့ ရှိ တတ်သည်။ ထိုနောက် ဒေါသမာန် တက်နေသော လူထုကြီးထံသို့ ဆက်လက် ကူးစက် သွားစေသည်။ အစ္စလာမ် ဘာသာဝင် များအား ဥပဒေမဲ့ ညှင်းပန်း နှိပ်စက် သတ်ဖြတ်မှု များအား ရပ်တန့်ရန် အတိုက်အခံ များမှ ဝင်ရောက် တားမြစ်ပါကလည်း ပြည်သူ့ အငြိုအငြင် ခံရကာ အတိုက်အခံ ခေါင်းဆောင် များ၏ အရှိန်အဝါ ကျဆင်း လာမည်ကို တွက်ချက် ထားကြသည်။ စစ်တပ်နှင့် ကြံဖွံ့ပါတီဝင် တို့အဖို့ ရှူံးကွက် မရှိသော လှည့်ဖျားမှု ကြီးဖြစ်သည်။
အသုံးချခံ ဗုဒ္ဓစိတ်ဓါတ်
ရိုဟင်ဂျာ လူမျိုးတို့အား ဖိနှိပ်မှုများ ပြုလုပ် နေသည်ကို ပြည်မရှိ မြန်မာ မွတ်စလင်များ အဖို့ မကျေလည်မှု များ ရှိသော်လည်း ငြိမ်းချမ်းမှု ပျက်ပြားမည်ကို စိုးရိမ်သောကြောင့် အံတြိက်၍သာ မျိုသိပ် နေကြရသည်။ ရန်ကုန် မြို့တွင် ဆန္ဒပြမှု အနည်းငယ် မျှဖြင့် ငြိမ်သက် သွားခဲ့လေသည်။ နိုင်ငံတဝှမ်းရှိ မြန်မာ မွတ်စ လင် များမှ ဆူပူသောင်းကြမ်းမှု များမပြုလုပ် သဖြင့် နည်းလမ်း အမျိုးမျိုးဖြင့် မြန်မာ မွတ်စလင်တို့၏ တုန့်ပြန် မှုကို လှုံ့ဆော် ကြသည်။ မြန်မာ မွတ်စလင်တို့မှာ ဗုဒ္ဓဘာသာအား ကျူးကျော် စော်ကားနေခြင်း မရှိ သောကြောင့် ဗုဒ္ဓ ဘာသာ အား မြန်မာ မွတ်စလင်များ၏ အန္တရာယ်မှ ကာကွယ်ရန် လည်းမရှိသော် လည်း ပြည် သူများ အကြားသွေးထိုး ကြသည်။ ဘာသာခြား လူမျိုးခြားများအား ကျူးကျော် စော်ကားခြင်း မှာ ဗုဒ္ဓမြတ်စွာဘုရား ကိုယ်နှိုက်ကလည်း မပြုကျင့်ခဲ့၊ တရား ဒေသနာတော်တွင် လည်းမရှိ၊ သံဃာ ကျင့်ဝတ်တွင်လည်းမပါ။ သို့သော် သံဃာတော်များ ဟောပြောတိုင်း ခေါင်းညိတ် လက်ခံ တတ်သည့် ဓလေ့အား ဘာသာရေး အစွန်းရောက် ဘုန်းကြီးများ အသုံးချ ကြသည်။ ဘုရားတရား အကြောင်း ဟောပြောခြင်း မပြုဘဲ အခွင့်ကောင်း ယူကာအစ္စလာမ်ဆန့်ကျင်ရေးတရားများ ဟော ပြောလေ သည်။ သူတပါး အသက် သတ်ဖြတ် ကြစေရန် ရည်ရွယ်၍ ဟောပြော ချက်များသည် ဗုဒ္ဓ ဘာသာ၏ သွန်သင် ဆုံးမမှုများနှင့် ဆန့်ကျင် နေသည်ကို အလေးမထား။ ဘာသာရေး မုန်းတီမှု စိတ်အား ထက်သန် လာကြသည်။ ဘာသာရေး အစွန်းရောက် အသွင် ကူးပြောင်း လာကြသည်။ စစ်သွေးကြွ အ သွင် ဆောင်လာကြသည်။ ဘာသာရေး ခုတုံး လုပ်နေသည်ကို မမြင်ကြတော့ပေ။ ဘာသာရေး အ စွန်းရောက် ဘုန်းကြီးများ၏ ဟောပြောချက် များဖြင့် နားယောင်ကာ ဗုဒ္ဓဘာသာအား ကာကွယ် လိုဇောဖြင့် အစ္စလာမ် ဆန့်ကျင်ရေးအား ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် လာသည်။ ဗုဒ္ဓဘာ သာ ၏ ဂုဏ်တော်အား ထိခိုက်မည်ကို မစဉ်းစားမိကြ။ အမျိုး ဘာသာ သာသနာအား ကာကွယ် လိုစိတ်ဖြင့် သင်္ကန်းခြုံကာ လူသတ်ကွင်း ဆင်းနေသည် မှာလည်း ဘာသာရေး ရှူဒေါင့် အရ သော်လည်းကောင်း၊ လူ့အခွင့်အရေး ရှူဒေါင့်အရ သော်လည်းကောင်း သင့်လျော် သည့် မြင်ကွင်းမဟုတ်။ သင်္ကန်းသုံး ၍ နိုင် ငံရေး စင်မြင့်ပေါ်သို့ ရောက်ရှိရန် ကြိုးပမ်းနေခြင်း သက်သက်သာ ဖြစ်သည်။ နိုင်ငံရေး လှည့်ကွက် များ အတွင်း သံဃာတော်၏ အခန်းကဏ္ဍနှင့် သံဃာတော် များအပေါ် ယုံကြည် ကိုးကားစိတ် များအား အသုံး ချနေခြင်း သာဖြစ်သည်။
မီးလောင်ရာ လေပင့်
သတင်း မီဒီယာများ တဟုန်ထိုး ပေါများ လာသောကြောင့် ၎င်းတို့ အနေဖြင့် စာဖတ် ပရိသတ် များအား အပြိုင်အဆိုင် မြူဆွယ် ကြသည်။ လူအများ စိတ်ဝင်စားသည့် သတင်းများ ဖော်ပြပေးမှ သာ လျှင် ပြိုင် ဖက်များ အကြား အသာစီး ရပေလိမ့်မည်။ စာဖတ် ပရိသတ် များအား အပြိုင် အဆိုင် မြူဆွယ် ကြရာတွင် မီဒီယာ ကျင့်ဝတ်များ ချိုးဖောက်လာ ကြသည်။ သတင်း မီဒီယာ များတွင် မိတ္ထီလာ အရေးအခင်းကြောင့် သံဃာတစ်ပါး ပျံလွန်တော် မူကြောင်း ခေါင်းစဉ် တပ်၍ ရေးသား ဖော်ပြ ထားသည့် သတင်းများ ဦးစွာ ပေါ်ထွက် လာသည်ကို သတိပြု မိကြပါ လိမ့်မည်။ သံဃာ တစ်ပါး ပျံလွန်တော် မူသည်ကို သတင်းခေါင်းစဉ်တွင် ထည့်သွင်း ဖော်ပြခြင်းသည် ဗုဒ္ဓဘာသာဝင် များ၏ စိတ်အာရုံကို ဖမ်းစားနိုင်စေပြီး အစ္စလာမ် ဘာသာဝင်များ ဘက်မှ ကိုယ်ထိ လက်ရောက် ပြုလုပ်မှု ရှိနေသည်ဟု ယုံမှား စေရန် ရည် ရွယ်ခြင်းသာ ဖြစ်ပေ လိမ့်မည်။ အစ္စလာမ် သာသနာဝင် များ၏ ဗလီကျောင်းများ၊ နေအိမ်များ၊ စီး ပွားရေး ဈေး ဆိုင်များအား မီးရှို့ဖျက်ဆီးရာမှာ သံဃာတစ်ပါး မီးလောင် ကျွမ်းမှုကြောင့် ပျံလွန်တော် မူ သည့် ကိစ္စရပ်အား ရှင်းလင်းစွာ ဖော်ထုတ် ရေးသားသင့် ပေသည်။ ထို့သို့ ရှင်းလင်းစွာ ရေးသားခြင်း မပြုဘဲ လိုရာဆွဲ ခေါင်းစဉ် တပ်ဖော်ပြ ခြင်းဖြင့် ထင်ယောင် ထင်မှား ဖြစ်စေပါသည်။ ထို့အပြင် သတင်း အရေးအသား များမှာလည်း တစ်ဖက် စောင်းနင်း နေသောကြောင့် ဗုဒ္ဓဘာသာဝင် များအကြား အ မျက် ဒေါသ ပိုမိုကြီးထွား လာစေသည်။ ဗလီဝတ် ကျောင်းတော် အဖျက်ဆီးခံ ရမှုများနှင့် ဗလီရှေ့ ဆောင် ဆရာ မော်လဝီနှင့် ကျမ်းမြတ် ကုရ်အာန် အာဂုံဆောင် ကျမ်းဆရာ သမား များ သေ ဆုံးခြင်းအား ခေါင်း စဉ် ပိုင်း တွင် မဆိုထားနှင့် သတင်း ရေးသားရာ၌ပင်လျှင် အထူးတလည် ထည့်သွင်း ဖော်ပြထား ခြင်းမရှိ။ အချို့ သတင်း မီဒီယာများမှာ ယခုထက်တိုင် ဗလီများ ဖျက်ဆီး ခံရမှုကို ဖုံးကွယ် နေဆဲဖြစ်သည်။ ဤသည် ကို ထောက်ရှူ ခြင်းဖြင့် သတင်း မီဒီယာများမှ စာဖတ် ပရိသတ်များ၏ အာရုံ ဖမ်းစား နိုင်ရေး အတွက် ဘက်လိုက်မှု ရှိနေကြောင်းနှင့် ပြဿနာအား ပိုမိုကြီးထွားစေရန် ရည်ရွယ် လုပ်ဆောင် နေကြောင်း ပေါ် လွင် နေလေသည်။
လောလော လတ်လတ် ဖြစ်ပွား လျက်ရှိသော ရခိုင်ပြည် မြောက်ပိုင်းနှင့် မိတ္ထီလာ အရေး အ ခင်း ဖြစ် ရပ်များမှာ လူသား မဆန်သော လုပ်ရပ်များ ဖြစ်ကြောင်း သိသာ ထင်ရှား လှပါသည်။ ဘာသာရေးအား ခုတုံး လုပ် နေသည့် ဘာသာရေး-လူမျိုးရေး ဖိနှိပ်နေမှု များကြောင့် အစ္စလာမ် ဘာသာနှင့် မြန်မာ မွတ်စ လင်များ မြန်မာ့မြေမှ ပျောက်ကွယ် သွားမည် မဟုတ်ပေ။ ကမ္ဘာ့ အလယ်တွင် ဗုဒ္ဓဘာသာ၏ ဂုဏ်သိက္ခာ ညိုးနွမ်း လာမည်သာ ဖြစ်ကြောင်း သတိပြု မိစေလို ပါသည်။
![]() |
(ဓါတ်ပုံ - စိုးဇေယျာထွန်း) |
မဇ္ဈိမ
22.3.2012
မိတ္ထီလာမြို့နယ်တွင် စိတ်မကောင်းဖွယ်ရာ လူသေဆုံးရမှုနှင့် ဖျက်ဆီးမှုများအတွက် လွန်စွာ ဝမ်းနည်း ရပါကြောင်း ရန်ကုန်မြို့သို့ ကြာသပတေးနေ့ ညနေက ရောက်ရှိလာသည့် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ ဗီဂျေ နမ်ဘီးယား က ပြောဆိုလိုက်သည်။
“အသက်ဆုံးရှုံးမှုများနှင့် အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပေါ်စေရန် အာဏာပိုင်များက တင်းကျပ် စွာ ဆောင် ရွက်ပြီး လူမှုအစုအဖွဲ့များကြား ညီညွတ်အဆင်ပြေကြစေရန် တိုးမြှင့်ဆောင်ရွက်မှုနှင့် လူထုအ တွင်း ငြိမ်း ချမ်းရေးနှင့် တည်ငြိမ် မှုရှိရေးကို ဆက်လက် လုပ်ဆောင်ရန်မှာ အရေးအကြီးဆုံး ဦးစားပေးအ လုပ် ဖြစ် သည်” ဟု ၎င်း၏ ကြေညာချက်တွင် ပါရှိသည်။
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တခုတွင် အငြင်းပွားရာမှ စတင်ခဲ့သည့် ပဋိပက္ခမှာ အဓိကရုဏ်း အသွင် ကျယ်ပြန့် လာခဲ့ပြီး အုပ်စုလိုက် အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် လူ ၁၀ ဦးထက် မ နည်း သေ ဆုံးခဲ့ရသည်။
“ယင်း ကိစ္စမှာ လူမှု အဖွဲ့အစည်း အတွင်းမှ အဖွဲ့အစည်း အသီးသီး တွင်တာဝန်ရှိ ပါသည်။ဘာ သာရေး ခေါင်းဆောင်များနှင့် အခြား လူမှု အစု အဖွဲ့ ခေါင်းဆောင် များက မိမိတို့ အဖွဲ့ဝင် များအား အကြမ်းမ ဖက် ကြ ရန်၊ တရား ဥပဒေကို လေးစားပြီး ငြိမ်းချမ်းရေး အတွက် ဝိုင်းဝန်း ဆောင်ရွက်ကြ ရန်လည်း တိုက် တွန်း ရမည်” ဟုဆိုသည်။
အာဏာပိုင်များအနေဖြင့် စဉ်ဆက်မပြတ် သတိဝီရိယ ရှိရန် လိုအပ်သော်လည်း အခြေအနေ တည်ငြိမ်သွား မည်ဟု မျှော်လင့်ကြောင်း မစ္စတာ နမ်ဘီးယား က ထုတ်ပြန်ကြေညာသည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်း သာဖွင့်အဖွဲ့ (AI)ကလည်း အာဏာပိုင်များအနေနှင့် အကြမ်း ဖက် မှု အန္တရာယ်နှင့် ရင်ဆိုင်နေရသော လူ့အဖွဲ့အစည်းကို ထိထိရောက်ရောက် ကာကွယ်သင့်ကြောင်း မတ်လ ၂၁ ရက်နေ့က တိုက်တွန်းလိုက်သည်။
“နောက်ဆုံး ရရှိတဲ့ သတင်း တွေကတော့ စိတ်ပူ စရာပါပဲ။ အခုဆိုရင် မွတ်ဆလင် ဘာသာဝင်များနဲ့ ဗုဒ္ဗဘာသာဝင် များကြား ဘာသာရေး အရ တင်းမာမှုတွေဟာ နိုင်ငံရဲ့ ဒေသ အတော်များများကိုပါ ကူးစက် လို့ နေပါပြီ။ အာဏာပိုင် များကနေပြီး ဒီအခြေအနေကို တွေ့ကြုံ ခံစားနေရတဲ့ သူတွေကို အမြန်ဆုံး ကာ ကွယ်မှု မပေးနိုင်ရင် နောက်ဆက်တွဲ ပိုပြီး ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်ပါတယ်” ဟု အာရှ ပစိဖိတ်ဆိုင်ရာ AI ဒုညွှန်ကြားရေးမှူး Issabelle Arradon က သတိပေး ပြောဆိုသည်။
ဆက်လက်၍ “အခု ဖြစ်နေတဲ့ ကိစ္စတွေကို မှန်မှန် ကန်ကန်နဲ့ အမြန်ဆုံး စုံစမ်း စစ်ဆေးနိုင်မှသာ အခြေ အနေ ကို ထိန်းသိမ်းနိုင်မှာ ဖြစ်တယ်” ဟုလည်း ဆိုသည်။
အစ္စလာမ် ဘာသာဝင်တို့၏ ဗလီများ၊ အစိုးရ အဆောက်အဦများနှင့် လူနေအိမ် အများအပြား မီးရှို့ဖျက် ဆီးခံရသော မိထ္ထီလာ အဓိကရုဏ်းမှာ ၂၀၁၂ ခုနှစ်၊ ဇွန်လမှ စတင်ခဲ့သည့်ရခိုင် ပြည်နယ်တွင်းပဋိပက္ခများမှ ဆက်လက်ဖြစ်ပေါ် လာသည့် တင်းမာမှုများကြောင့် ဖြစ်သည်ဟု AI က ဆိုသည်။
“မြန်မာ အာဏာပိုင်တွေမှာ ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ် လုံခြုံမှုကို ကာကွယ်ပေးရမယ့် တာဝန် ရှိပါတယ်။ တဆက်တည်းမှာပဲ လူမျိုးစုတိုင်းကို ခွဲခြားခြင်း မရှိဘဲ သူတို့ရဲ့ လုံခြုံရေးကို အာမခံပေး နိုင်ရ မယ်။ ဒီအကြမ်းဖက်မှု သံသရာကြီး ဆက်မလည်ပတ်နေစေဖို့ရာ သိပ်ကို အရေးကြီး ပါတယ်” ဟု Arradon က ဆက်လက် ပြောကြားသည်။
ပြဿနာ များစတင်ဖြစ် ပွားသည့် မတ်လ၂၀ရက်နေ့ မှစတင်ကာပုဒ်မ ၁၄၄ထုတ်ပြန်ထားပြီးရဲများ ကစောင့် ကြပ် လျက်ရှိကာ အာဏာပိုင်များ၊ ကျောင်းသား ခေါင်းဆောင်များ၊ သံဃာတော်များ၊ ရပ်မိ ရပ်ဖ များနှင့် နိုင်ငံရေး ပါတီ များကလည်း ဝင်ရောက် ထိန်းသိမ်းပေးလျက် ရှိသည်။
ရခိုင် ပြည်နယ်တွင်း ဖြစ်ပွားခဲ့သော လူမှုပဋိပက္ခ များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ကော်မရှင် တရပ် အား ၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင် ဖွဲ့စည်းခဲ့ပြီး ၎င်းစစ်ဆေးမှု ရလဒ်များကို ယခု မတ်လကုန်တွင် သမ္မတထံ တင်ပြကာ တရားဝင် ထုတ်ပြန်မည် ဟု AI က ခန့်မှန်းထားသည်။
ဘီဘီစီ မြန်မာပိုင်း
21.3.2013
မြန်မာ နိုင်ငံမှာ လူ့အခွင့် အရေး ချိုးဖောက် နေမှု တွေကို အပြည့်အဝ စုံစမ်းဖို့ ကုလသမဂ္ဂက ဆုံးဖြတ်
မြန်မာ နိုင်ငံမှာ လူ့အခွင့် အရေး ချိုးဖောက်မှု၊ လူသားချင်း စာနာမှု ဆိုင်ရာ ဥပဒေ ချိုးဖောက်မှု တွေနဲ့ ပတ် သက်လို့ ပွင့်လင်း မြင်သာပြီး လွတ်လပ်မှု အပြည့်အဝရှိတဲ့ စုံစမ်းစစ်ဆေးမှုတခု စတင်ဖို့ ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီက တညီ တညွတ်တည်း ဆုံးဖြတ် ချက်ချ လိုက်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီရဲ့ အဲဒီ ဆုံးဖြတ်ချက်မှာ မြန်မာနိင်ငံမှာ လူမျိုး ဘာသာအချင်း ချင်း ပြင်းပြင်း ထန်ထန် ပဋိပက္ခဖြစ်ပွားမှု တွေဟာ အလွန် ဝမ်းနည်းဖွယ် ရာကောင်းကြောင်း၊ ဒီလို ကိစ္စ ရပ်တွေ ကို အဆုံးသတ် နိုင်အောင် ဆောင်ရွက်ဖို့လိုကြောင်းနဲ့ ဖမ်းဆီး ထိန်းသိမ်း မှုတွေ၊ အကျဉ်း ထောင် အခြေ အနေတွေ၊ နှိပ်စက် ညှင်းပန်းမှုတွေနဲ့ ပတ်သက်ပြီး သင့်တော်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ လို အပ်ကြောင်း လည်း ပါဝင် ပါတယ်။
ဒီဆုံးဖြတ်ချက် မူကြမ်းကို ဥရောပ သမဂ္ဂက ရေးသားခဲ့တာ ဖြစ်ပြီး လူ့အခွင့် အရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံ အားလုံးက အပြည့် အဝထောက်ခံ အတည်ပြုခဲ့ ပါတယ်။
ဂျနီဗာမှာရှိတဲ့ ကုလ သမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမောင်ဝေ ကတော့ ဒီ ဆုံးဖြတ်ချက် မှာပါတဲ့ အ ချက်တွေဟာ မြန်မာ နိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေ နဲ့ ကိုက်ညီမှု မရှိဘူးလို့ ငြင်းဆို ခဲ့ပြီး သုံးနှုန်း ထား တဲ့ စကားလုံးတွေ ဟာလည်း အထင် လွဲစရာတွေ ဖြစ်နေ တယ်လို့ ဆိုပါတယ်။
လူ့ အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ HRW ရဲ့ ဂျနီဗာ ဒါရိုက်တာ Julie de Rivero ကတော့ မြန် မာနိုင်ငံမှာ လူ့အခွင့် အရေးနဲ့ ပတ်သက်ပြီး ပြုပြင် ပြောင်းလဲမှု တချို့ လုပ်တာတွေ၊ နယ်ပယ်တချို့မှာ တိုးတက်မှု ရှိတာတွေကို လူ့အခွင့်အရေး ကောင်စီ က အသိအမှတ် ပြုကြောင်း၊ ဒါပေမဲ့ ကချင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု ရှိတာတွေ၊ ရိုဟင်ဂျာတွေအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ ဒါ့အပြင် လွတ်လပ်စွာ ပြောဆို ရေးသားခွင့်၊ လွတ်လပ်စွာ အသင်းအဖွဲ့ စည်းရုံးဖွဲ့ စည်းခွင့်၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး စတဲ့အချက် တွေအပေါ် လက်တွေ့ ဆောင်ရွက် မှုတွေနဲ့ ဥပဒေ ပြုမှုတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ကောင်စီက စိုးရိမ် ပူပန်မှုတွေ ရှိနေ တယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဌေးလွင်ဦး
RB News
22.3.2013
မြန်မာ နိုင်ငံ အတွင်း ဘာသာရေး နှိပ်ကွပ်မှု တွေဟာ- အစ္စလာမ် သာသနာဝင် များကို ဦးတည် တိုက်ခိုက် နေပေ မယ့်၊ မွတ်ဆလင်တွေ မျိုးမတုံးဘဲ-၊ နိုင်ငံတော်ကြီး တစ်ခုလုံးသာ အစိတ် အမွှာမွှာ ကွဲသွားစေဘို့ ဦးတည်နေ ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ အရေးဟာ ၁၉၉၀ နှစ်များဆီက ယူဂို ဆလား ဗီးယား ပုံစံနဲ့ တစ်ထပ်တည်း တူညီနေ ပြီး-၊ သုံးပင်လိမ် ပတ်ရှုပ်နေတဲ့ ပုံစံကလည်း ယူဂိုးဆလား ဗီးယား မှာ ဖြစ်နေတဲ့ ကိစ္စရပ်နဲ့ ကွက်တိတူညီနေပါ တယ်။
ယူဂိုဆလားဗီးယားမှာ ဆာ့ဗ်လူမျိုးစုကြီးထဲက မဟာလူမျိုးကြီးဝါဒီတွေ အာဏာရလာတယ်၊ တစ်ပြိုင် နက်ထဲမှာ အာဏာ လက်ကိုင်မရှိတဲ့ အခြားသော ဆာ့ဗ် လူမျိုးကြီး ၀ါဒီတွေက- လူများစုကိုးကွယ် ယုံကြည် တဲ့ ခရစ်ယာန် အယူသည်းမှုနဲ့ မွတ်ဆလင် မုန်းတီးမှုကို ဘုရားကျောင်းတွေ ကိုယ်တိုင်က သွန် သင်သွေးဆွ တိုက်တွန်းနှိုးဆော် မှုတွေကို အရှိန်အဟုန်နဲ့ ပြုလုပ် လာခဲ့တယ်။ ဒီကြားထဲမှာ ခွဲထွက် လိုတဲ့ အုပ်စုတွေက လည်း လူနည်းစု မွတ်ဆလင်နဲ့ ခရစ်ယာန်များအကြား ပဋိပက္ခတွေကို ထပ်ဆင့် ဖန် တီးပေးခဲ့တယ်။
အာဏာပိုင်များနဲ့ အတိုက်အခံများက လူများစုကို အသုံးချပြီး မိမိအာဏာတည်မှု၊ အာဏာရမှုအတွက် လူများစု ရဲ့ ထောက်ခံမှုတွေကို ရရှိအောင် ဖန်တီးနေခိုက်၊ သူတို့ကိုယ်တိုင် မွေးလိုက်တဲ့ ဘုရားကျောင်း များရဲ့ လှုံ့ဆော်မှု များက- မွတ်ဆလင်ကို မုန်းတီးရမယ် ဆိုတာ သူတို့ရဲ့ ဘာသာရေးတာ ၀န်တစ် ရပ်လို ဖြစ် လာကြောင်း သူတို့ ကိုယ်တိုင် ပြန်လည်ခံစားမှုတွေ ကိန်းဝပ်လာခဲ့ တယ်။ နောက် ဆုံး မှာ နိုင်ငံရေးအာဏာနဲ့ ဘာသာရေးတာဝန် နှစ် ခုပေါင်းပြီး ခေါင်းဆောင်များရဲ့ နှလုံးသားကို ပြန်လည် အ ဆိပ် သင့်စေခဲ့တယ်။ ဒီအခါမှာ သူတို့ဟာ ယူဂိုဆလား ဗီးယား ဆိုတဲ့ အစဉ်အလာနဲ့ လူမျိုးစုံနေ ထိုင်ခဲ့တဲ့ ပြည်ထောင်စုကို မေ့သွားပြီး-၊ ငါတို့လူမျိုးကြီးကပဲ အနိုင်ရရ မယ်ဆိုတဲ့ မဟာလူမျိုးကြီးစိတ် ၀င်သွားခဲ့တယ်။- ဒီလိုနဲ့ ခေါင်းဆောင်များကိုယ်တိုင် အမှားတွေကို ဆက်တိုက် ကျူးလွန်လိုက်ပါတော့ တယ်။
ဆာ့ဘ်လူမျိုးများရဲ့ မဟာလူမျိုးကြီးဝါဒကို လက်မခံလိုတဲ့ ခရိုအေးရှား၊ မွန်တီနီဂရိုး- စတဲ့ ပြည်နယ်တွေက ၀ရုန်းသုဉ်းကား ဖြစ်လာတဲ့ အခြေအနေမှာ ဗဟိုအစိုးရရဲ့ လစ်ဟင်းမှု၊ မထိန်းသိမ်းလိုမှု၊ မထိန်းသိမ်းနိုင် မှုများကို အကြောင်းပြပြီး ခွဲထွက်ဘို့ ခြေလှမ်းများကို စတင်ခဲ့ပါတော့တယ်။ ဒီအချိန်ထိ- လူမျိုးကြီး ဆာ့ဗ်ဘက်ကပဲ တစ် စိုက်မတ်မတ် ရပ်တည်ခဲ့တဲ့ မွတ်ဆလင်တွေဟာ-၊ လူမျိုးကြီး ဆာ့ဗ်များကိုယ်တိုင်ရဲ့ ဖိနှိပ်မှုနဲ့ ခွဲထွက်ရေးသမား များရဲ့ အမျက်ဒေါသများကို စုပြုံခံလိုက်ရပြီး- မွတ်ဆလင်လူနည်း စု ဒေသတွေ မှာ မျိုးတုံးသတ်ဖြတ်မှုထိ ခံလိုက် ရပါတော့တယ်။ မွတ်ဆလင်ကမ္ဘာရဲ့ သည်းခံပေးမှုဟာလည်း ဂိတ်ဆုံး သွား ခဲ့ပြီး-၊ UN မ၀င်ရင် ငါတို့ ၀င်မယ် ဆိုတဲ့ ရာဇသံတွေနဲ့- တူရကီနဲ့ အီရန်တို့က တိုက်ရိုက်စွက် ဖက်ခဲ့ ရပါတော့တယ်။ အီရန်ဝင်လာရင် ငါတို့ သိက္ခာ ကျသွားတော့မယ်- ဆိုပြီး US ကလည်း ဖင်ပူ လာခဲ့ ပါတော့တယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ US နဲ့ UN တို့ ၀င်လိုက် ရပါတော့တယ်။ UN အစီအမံနဲ့ မွတ်ဆလ င်များရာဒေသ ဘော့စ်နီးယား ဟာဗီဂိုဇီးနားကို ဆာ့ဗ်တို့ရဲ့ အန္တရာယ် က ကာကွယ်ပေးဘို့ သီးခြား အုပ်ချုပ် ခွင့်ပေးလိုက်ရတယ်။ UN တပ်ရှိနေပြီ ဆိုတော့- အခြားနေရာတွေမှာလည်း ဆာ့ဗ်တို့က ၀င်ရောက် စွပ်ဖက်နိုင်မှု ယုတ်လျှော့သွားပြီး-၊ အခြားသော အုပ်စုများရဲ့ ခွဲထွက်ရေးများ အလို အလျှောက် အောင်မြင် သွားပါတော့တယ်။ ဆာ့ဗ်တို့ရဲ့ လူမျိုးရေး ဘာသာရေး အလွဲသုံးစားပြုမှုများဟာ “မည်သူ မပြု မိမိမှု”ဘ၀နဲ့ အစဉ်အလာနဲ့ ဂုဏ်သိက္ခာရှိခဲ့တဲ့ ပြည်ထောင်စုကြီး ပြိုကွဲသွားရပါတော့တယ်။
အခုမြန်မာပြည်ဟာလည်း ဗမာလူမျိုးကြီးဝါဒနဲ့ ဘာသာရေးအလွဲသုံးစား လုပ်မှုတွေကို အာဏာပိုင်တွေ၊ အတိုက်အခံတွေနဲ့ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ တိုင်းရင်းသားတွေဟာ အကြီးအကျယ် ကျူးလွန် လာတာ ကို ငြင်းမရအောင် တွေ့နေရပါတယ်။ မွတ်ဆလင်မုန်းတီးရေးကို ဦးဆောင်လှုပ်ရှားလာတဲ့ ဗုဒ္ဓဘာ သာ ဂိုဏ်းကြီးတွေ ကို အာဏာပိုင်များက တားဆီးခြင်း မရှိတဲ့အပြင် လွတ်လပ်စွာ လှုပ်ရှားနိုင်ဘို့ ခွင့်ပြုပေး ထားပါတယ်။ အတိုက် အခံများကလည်း ဒီကိစ္စမျိုးကို ၀င်ရောက်တားမြစ်မရှိတဲ့ အပြင် နည်းပေါင်းစုံနဲ့ ပံ့ပိုးလာတာကို တွေ့နေရပါ တယ်။ အခြေခံလူထုကြားထဲမှာ မွတ်ဆလင်ကို မုန်းတီးရခြင်းဟာ သူတို့ရဲ့ အမျိုးသားရေး ဘာသာရေး အဖြစ် ခံစားလာသည်ထိ ပြန့်နှံ့လာပြီး ထိန်းမနိုင်အောင် ဖြစ်လာခဲ့တယ်။ ပိုဆိုး တာက အထူးလေ့ကျင့်ပြီး အုပ်စုကြီး တစ်ခုက လူမျိုးရေး၊ ဘာသာရေး ပြဿနာ တက်အောင် နေ ရာ တိုင်းမှာ တမင်ဖန်တီးလာနေခဲ့တယ်။ ဒါကိုလည်း အစိုးရပိုင်းက မသိဟန်ဆောင်နေခဲ့ တယ်။
ပြဿနာ တစ်ခါ ရှာတယ်။ မွတ်ဆလင်နှိပ် ကွပ်မှုကြီး တစ်ခုဖြစ်တယ်။ ပြီးရင် သမ္မတ ဆိုသူက နိုင်ငံ တစ်ကာမှာ မျက်နှာချိုသွေး အသနား ခံတယ်။ အသနားခံပြီး တာနဲ့ နောက် တစ်ကြိမ် ထပ်မံ ပြုလုပ် တယ်။ နောက် တစ်ကြိမ် အသနားခံတယ်။-- အခု သုံးကြိမ်မြောက် ဖြစ်သွားခဲ့ပြီ။ မွတ်ဆ လင်နိုင်ငံများရဲ့ သည်း ခံပေးမှုက လည်း ဂိတ် ဆုံး သွားခဲ့ပြီ။ မွတ်ဆလင်နိုင် ငံတွေမှာ ကိုယ့်အရေး နဲ့ ကိုယ်ရှုပ်နေတယ်-၊ ငါတို့ဘက်ကို မ လှည့်နိုင် ဘူး ဆိုတဲ့ အသိ ဉာဏ်မဲ့ သုံးသပ်မှုတွေ မှား ယွင်းကြောင်း အဖြေပေါ်လာ ပါလိမ့် မယ်။
မွတ်ဆလင်နိုင် ငံတွေဟာ မိမိဘက်က မလွန်ရလေအောင် UN ကို အလုပ်လုပ်ဘို့ မေတ္တာရပ်ခံခဲ့ တယ်။ မြန်မာ့ပြု ပြင်ပြောင်းလဲရေးကို ထိခိုက်စေတဲ့ တရားခံတွေ မဖြစ်ရလေအောင် မွတ်ဆလင် ကိစ္စမှာ နိုင် ငံ ကြီးတွေ ကို တာဝန်ယူဘို့ မေတ္တာရပ်ခံ ခဲ့တယ်။ ဒီမှာလည်း အချိန်ကာလက သတ်မှတ်ချက် မဲ့ မဟုတ် သ လို-၊ အခြေအနေ မှာလည်း ချွင်းချက်မဲ့ မဟုတ်ခဲ့ဘူး။
ဒီ အခြေ အနေကို မြန်မာ အစိုးရက မထိန်းသိမ်းဘဲ- ဆက်လက် လွှတ်ပေး ထားမယ် ဆို ရင်တော့-၊ မြန် မာနိုင်ငံမှာ မွတ်ဆလင် မျိုး မပြုတ်ဘဲ-၊ ပြည်ထောင်စု ကြီးပဲ အစိတ်စိတ် အမွှာအမွှာ ပြိုကွဲ သွား ဘို့ ဖြစ်လာ ပါတယ်။ လုံးဝ ချောင်လွှဲလို့ မရတဲ့ အခြေအနေနဲ့ UN က ၀င်ရောက် စွပ်ဖက် ရပါတော့မယ်။ သို့မဟုတ် မွတ်ဆလင် ကမ္ဘာက သည်းခံတော့မှာ မဟုတ်ဘူး ဆိုတာကိုလည်း UN ကိုယ်တိုင်က သိနေပါပြီ။ UN မ၀င်ဘဲ မွတ်ဆလင် ကမ္ဘာက ပတ်သက် ရရင် အခြေအနေ က ပိုဆိုး သွားနိုင်ပါတယ်။
ဒီမိုကရေစီ ထွန်းကားပြီး သာယာအေး ချမ်းနေတဲ့ အခြားနိုင်ငံများလို မြန်မာပြည်ကြီး ဖြစ်လာမလား ဆိုတဲ့ စိတ် ကူးတွေ ပျောက်ဆုံးကုန်ပြီး- လက်စားချေမှု၊ မုန်းတီးမှု၊ ထိတ်လန့် တုန်လှုပ်မှု၊ သတ်ဖြတ် ရိုက်ထောင်း မှုတွေနဲ့ ဆူ ပွက်ကုန်မယ့် အရေးကို အာဏာပိုင်များ၊ နိုင်ငံရေး ဦးဆောင်များ ကိုယ်တိုင် ချက်ချင်းတားမြစ် ရပ်တန့်ပေး ဘို့နဲ့ ကျူးလွန်သူ တရားခံတွေ၊ ကျူလွန်စေဘို့ သွေးထိုး လှုံ့ဆော်သူတွေ၊ အသင်းအဖွဲ့တွေ အားလုံးကို ချက်ချင်း အရေး ယူပေးဘို့ လိုပါတယ်။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု
![]() |
အရှင် လတ်လတ် မီးရှို့ ခံရပြီး သေဆုံး ရသူ တစ်ဦး (ဓါတ်ပုံ - AFP) |
မိတ္တီလာ မြို့တွင် ယမန်နေ့ ညက ပုဒ်မ ၁၄၄ ထုတ်ပြန် လိုက်သော် လည်း မွတ်စလင် များ၏ နေအိမ်များ မီးရှို့ ခံရခြင်း၊ မွတ်စလင် များသတ် ဖြတ်ခံ ရခြင်း များအဆက် မပြတ် ဖြစ်ပွားလျက် ရှိသည်။
မိတ္တီလာ မြို့ဒေသခံ မွတ်စလင် များကို ဘီဘီစီ မြန်မာပိုင်း နှင့် မြန်မာ မွတ်စလင် မီဒီယာ များမှာ မေးမြန်း ထားသည် များကို အောက်ပါ Soundcloud ဖိုင်များမှ တဆင့် နားဆင် နိုင်ပါပြီ။
![]() |
(ဓါတ်ပုံ - စတီဗင် စီခါ Facebook) |
M.S. Anwar
RB News
21.3.2013
RB News
21.3.2013
မတ်လ နောက်ဆုံး ပတ်နဲ့ ဧပြီလ ဒုတိယ ပတ်တို့မှာရခိုင်အစွန်းရောက် တွေနဲ့သူတို့ရဲ့ ခေါင်းဆောင် တွေက ရိုဟင်ဂျာ တွေကို သတ်ဖြတ်ဖို့ အတွက် စီမံကိန်း တွေရေးဆွဲပြီး ဘယ်လို ချဉ်း ကပ် နေတယ် ဆိုတာကို နှိုးဆော် အသိပေးပြီးဖြစ်ပါတယ်။ အစိုးရ အာဏာပိုင်တွေ ကလည်း ရခိုင် အစွန်းရောက် တွေ ကို သေနတ် ပစ်နည်း၊ ဓါးရှည် ခုတ်နည်း တွေကို သင်တန်း ပေးနေတာ မျက်မြင် သက်သေတွေ ရဲ့ ပြောကြားချက် တွေအရ သိရပါတယ်။ ရခိုင် ပြည်နယ် အ၀န်းမှာ ရခိုင် အစွန်းရောက် တွေက မွတ်စလင် ဆန့်ကျင်ရေး စာရွက် တွေဖြန့်ဝေ နေပါတယ်။ မနေ့က အထိ ရခိုင် အပါအ၀င် ဗမာ အစွန်း ရောက်တွေက မွတ်စလင် ဆန့်ကျင် ရေးအကြမ်း ဖက်မှုကို ဘယ်လို ပုံစံမျိုးနဲ့ စတင်မယ် ဆိုတာ ကျွန်တော်တို့ မသိခဲ့ပါဘူး။
မနေ့က မနက်ပိုင်းမှာ ဗမာ ဇနီး မောင်နှံ နှစ်ယောက်က မိတ္တီလာ မြို့မှာ ရှိတဲ့ မွတ်စလင် ပိုင်ရွှေဆိုင် မှာ ရွှေအတု လာရောင်း ပါတယ်။ ဆိုင်ရှင်က ရွှေအတုကို ၀ယ်ဖို့ ငြင်းဆိုခဲ့ တာကို အကြောင်း ပြပြီး ရန်ဖြစ် တဲ့အခါ ရွှေအတု လာရောင်းတဲ့ အမျိုးသား ဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။ အဲဒီအခါမှာ အဲဒီ ဇနီး မောင်နှံ ရွာပြန်ပြီး မြို့ထဲမှာ ရှိတဲ့ မွတ်စလင်တွေကို တိုက်ခိုက်ဖို့ အတွက် ရွာ သား တွေ ကို ခေါ် လာခဲ့ တယ်။ လူတွေ တချို့ပြောနေတဲ့ အဆိုအရ ရွှေအတု လာရောင်း တဲ့သူက စစ်တပ်ရဲ့ သူ လျှို ဖြစ် ပြီးတော့ ဒီလို အကြမ်းဖက် မှုတွေ ဖြစ်လာအောင် ကြိုးစား နေတာ ကြာပြီလို့ သိရတယ်။
အခု အကြမ်းဖက် မှုမှာ မနေ့က ဗလီ ၀တ်ကျောင်းတော် (၈) လုံးကို မီးရှို့ ဖျက်ဆီး ခဲ့တယ်။ မွတ်စလင် (၃) ဦး သေဆုံး ခဲ့ရပြီးတော့ (၁၅) ဦး ဒဏ်ရာ ရခဲ့တယ်။ မွတ်စလင် အိမ်အချို့လည်း မီးရှို့ ခံခဲ့ရတယ်။ မီး ရှို့ ဖျက် ဆီးခံ ရတဲ့ ဗလီ ၀တ်ကျောင်းတော် တွေကတော့ -
(၁) မင်္ဂလာ ဇေယျုံ့ ဗလီနှင့် ကျောင်း
(၂) မြို့ဦး ဗလီ
(၃) ပါကစ္စတန် ဗလီ
(၄) မှန်လုံ ဗလီ
(၅) ဈေး အနောက်ဘက် ဂျာမေ ဗလီ
(၆) ငြိမ်းချမ်းရေး ဗလီ
(၇) ပြည် သာယာ မြောက် ဗလီ
(၈) သီရိ မင်္ဂလာ ဗလီ -- တို့ဖြစ် ပါသည်။
မြို့ဦး ဗလီရဲ့ ရှေ့ဆောင် ဆရာကြီး လည်း အသတ်ခံ ရတဲ့ မွတ်စလင် တွေထဲမှာ တစ်ဦး အပါ အ၀င် ဖြစ်ပါတယ်။ ဗလီ ၀တ်ကျောင်း တော်ကို မီးရှို့ရင်းနဲ့ ပိတ်မိတဲ့ သံဃာတော် တစ်ပါးလည်း ပျံ လွန် တော်မူ တယ်လို့ သိရတယ်။
ဒီနေ့ မနက် ၁၁ နာရီမှာ နောက်ဆုံး ရတဲ့ သတင်းကတော့ ဟာဖီးဇ် (ကုရ်အာန် အလွတ် ကျက်ခြင်း) ပညာကို သင်ကြားနေတဲ့ ဟာဖီးဇ် မိုဟမ္မဒ် အိဟ်သိရှာမ်း (ဘ) ဟဇရသ် မောင်ဝ်လာနာ ဟာ ဖီးဇ် နူး ရွလ်ဟာက် အပါအ၀င် ကျောင်းသား ၂၈ ယောက်နဲ့ ကျောင်းဆရာ ၄ ယောက် တို့အသတ်ခံ ရတယ် ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ မွတ်စလင် အိမ်တွေကို အခုထိ မီးရှို့ ဖျက်ဆီး နေပြီးတော့ မွတ်စလင်များ ကတော့ အသက်လုပြီး ပြေးနေရတယ်လို့ သိရတယ်။ ဗမာ အစွန်းရောက် တွေရဲ့ ရက်စက်စွာ သတ်ဖြတ်ခြင်း ကိုခံရတဲ့ ဆရာတွေ ကတော့ -
(၁) မောင်ဝ်လာနာ မိုဟမ္မဒ် ရှဖီး (၄၅) နှစ် ၀န်းကျင်
(၂) မောင်ဝ်လာနာ ဇက္ကရီယာ (၄၀) နှစ် ၀န်းကျင်
(၃) မွတ်ဖ်သီ ၀ါဂျစ်ဗ် (၃၀) နှစ်
(၄) အမည် မသိရသေး - တို့ ဖြစ်ပါတယ်။
ပုဒ်မ ၁၄၄ ထုတ်ပြန် ထားပေမယ့် လည်း ဗမာ အစွန်းရောက်တွေ အတွက် ကတော့ လွတ်လွတ် လပ်လပ် မွတ်စလင် အိမ်တွေကို မီးရှို့လို့ ရနေပါတယ်။ လုံခြုံရေး တာဝန်ယူ ထားတဲ့သူတွေ ကလည်း အကြမ်း ဖက် နေတဲ့ အစွန်းရောက် တွေနဲ့ ရင်းနှီး ကျွမ်းဝင် နေတာကို တွေ့ရတယ်။ အဲဒါ ကြောင့် လုံခြုံရေး တပ်ဖွဲ့ ဝင် တွေက အခုကိစ္စတွေမှာ အလိုတူ အလိုပါ တွေဆိုတာ သံသယ ဖြစ်စရာ မလိုအောင် ကိုသိ သာလွန်း ပါတယ်။ ဖြစ်ပျက် နေတဲ့ ပုံစံတွေ အားလုံးကလည်း ရခိုင် ပြည်နယ်မှာ ဖြစ် ပျက်သွားတာနဲ့ တပုံစံတည်း ပါဘဲ။ အခုဖြစ်နေ တာကို ဗဟို အစိုးရက ကိုင်တွယ်ပြီး မြန်မာ တနိုင်ငံ လုံး မွတ်စလင် ဆန့် ကျင်ရေး အကြမ်းဖက်မှု အစရဲ့ ခေတ်လို့ ပြောရမှာပါ။
ထုံးစံအတိုင်း ပြည်တွင်း သတင်းဌာနတွေနဲ့ အထူးသဖြင့် ရခိုင် အစွန်းရောက် တွေနဲ့ ဖွဲ့စည်းထားတဲ့ Eleven Media ကတော့ ၀ါဒဖြန့်ချီမှု တွေဆက်လက် လုပ်နေပြီးတော့ မြန်မာတွေကို အကြမ်းဖက်မှု ထဲမှာ ပါဝင်လာအောင် စည်းရုံး လှုံ့ဆော်နေပါတယ်။
လက်ပံတောင်းမှာ လယ်ယာ မြေတွေ သိမ်းခံလိုက် ရတဲ့ လယ်သမား တွေအတွက် သနားကြင် နာ နေ တဲ့ ပြည်သူ လူထုကြီးရဲ့ အာရုံကို မွတ်စလင် ဆန့်ကျင်ရေး အကြမ်းဖက် မှုကြီး အာရုံလွှဲလိုက်တာ ကတော့ ကြေးနီ စီမံကိန်း ကြီးဆက်လက် ရှင်သန် ရေးအတွက် အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ အဲဒါတွေ အပြင် ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်ဝတ် အယောင်ဆောင် အစိုးရ အတွက်လည်း ပြည် သူလူထုရဲ့ ထောက်ခံမှု ရဖို့အတွက် အကောင်းဆုံး အခွင့် အလမ်း ဖြစ်နေတယ်။ NLD အတွက် ကတော့ အရင်တုန်းက ရှိခဲ့တဲ့ အနေအထား ပြန်ရဖို့ အတွက် အခွင့် အလမ်း တစ်ခုပါ။ စစ်တပ် အတွက် ကတော့ အာဏာသိမ်း ပြီး အာဏာရှင် စနစ်ကို နောက်ကြောင်း ပြန်လှည့်ဖို့ အခွင့် အရေး တစ်ခု ဖြစ်ပါတယ်။ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) အတွက် ကတော့ မြန်မာ တွေရဲ့ ထောက်ခံ စည်းလုံးမှု အပြည့်နဲ့ ရိုဟင်ဂျာ တွေကို ထပ်မံ သတ်ဖြတ်ဖို့နဲ့ လူမျိုး သန့်စင်ဖို့ အခွင့် အလမ်း ကောင်း တစ် ခု ဖြစ်နေပါတယ်။
![]() |
ဓါတ်ပုံ - Eleven Media Group |
RB News
21.3.2013
မိတ္တီလာ ။ ။ မိတ္တီလာ မြို့တွင် ယမန်နေ့ နံနက် ပိုင်းတွင် စတင် ခဲ့သည့် ပဋိ ပက္ခသည် ည ၁၀ နာရီ ခန့်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန် လိုက်သော်လည်း အခြေ အနေမှာ တည်ငြိမ် အေးချမ်း မသွားဘဲ အစ္စလာမ် ဘာသာ ၀င်များ အထွဋ် အထိပ် ထားရာ ဗလီ ၀တ်ကျောင်းတော် (၈) လုံး မီးရှို့ ဖျက်ဆီး ခံရကြောင်း သိရှိ ရ ပါသည်။ ထို့အပြင် အစ္စလာမ် ဘာသာဝင် များ၏ နေအိမ် များလည်း မီးရှို့ ဖျက်ဆီး ခံရကြောင်း သတင်း ရရှိပါသည်။
မီးရှို့ ဖျက်ဆီး ခံရသော ဗလီများမှာ --
(၁) မင်္ဂလာ ဇေယျုံ့ ဗလီနှင့် ကျောင်း
(၂) မြို့ဦး ဗလီ
(၃) ပါကစ္စတန် ဗလီ
(၄) မှန်လုံ ဗလီ
(၅) ဈေး အနောက်ဘက် ဂျာမေ ဗလီ
(၆) ငြိမ်းချမ်းရေး ဗလီ
(၇) ပြည် သာယာ မြောက် ဗလီ
(၈) သီရိ မင်္ဂလာ ဗလီ -- တို့ဖြစ် ပါသည်။
ယခု အချိန်ထိ မွတ်စလင် (၁၅) ဦးခန့် ဆေးရုံသို့ ဒဏ်ရာ များဖြင့် ရောက်ရှိ နေကြောင်း သိရှိရပြီး (၃) ဦး သေဆုံး ခဲ့ကြောင်း သိရှိ ရပါသည်။ ဗလီ ၀တ်ကျောင်း တော်အတွင်း မီးရှို့နေရာမှ ပိတ်မိပြီး သံ ဃာတော် တစ်ပါး ဆေးရုံသို့ ရောက်ပြီး နောက် ပျံလွန် တော်မူသည် ဟုသတင်း ရရှိပါသည်။
သေဆုံးသူ (၃) ဦးထဲတွင် မြို့ဦးဗလီ ၀တ်ကျောင်းတော်၏ ရှေ့ဆောင်ဆရာ လည်းတစ်ဦး အပါအ ၀င် ဖြစ် သည်။
အကြမ်းဖက် မှုများ အားလုံးသည် လုံခြုံရေး တပ်ဖွဲ့ဝင်များ ရှိနေသည့် ကြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး နောက်ပိုင်း တွင်လည်း သုံးဘီးကားများ၊ ထော်လာဂျီ များဖြင့် မြို့အနှံ့အပြား တွင် ဆူညံအော်ဟစ်၍ နေအိမ်များ ဖျက်ဆီးခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့တစ်မြို့လုံးအား လျှပ်စစ်မီးများဖြတ်တောက် ထားသော်လည်း မီးလောင်နေသည့် မီးများကြောင့် တစ်မြို့လုံး ထိန်လင်း နေသည်ဟု ဒေသခံများ ပြောကြား ချက်အရ သိရပါသည်။ တယ်လီဖုန်း အများစု မှာလည်း ဆက်သွယ်၍ မရနိုင်အောင် ဖြတ်တောက် ထားသောကြောင့်ဆက်သွယ်ရန်မလွယ်ကူ တော့ပေ။
ဖြစ်ပွား နေသော အကြမ်း ဖက်မှု များကို ထိန်းသိမ်းရန် အတွက် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးမင်းကိုနိုင် ခေါင်းဆောင်၍ ယမန်နေ့ ည ၁၁ နာရီ ကျော်တွင် ရန်ကုန်မြို့မှထွက်ခွာသွားပြီး၊ နေပြည်တော် မှ မိတ္တီလာ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန် (အမျိုးသား ဒီမို က ရေစီ အဖွဲ့ချုပ်) နှင့် မန္တလေးတိုင်း ၀န်ကြီးချုပ် တို့လည်း မိတ္တီလာမြို့သို့ ထွက်ခွာ သွားကြောင်း သိရှိရ ပါသည်။
ဖြစ်စဉ် များသည် လွန်ခဲ့သည့်နှစ် ရခိုင် ပြည်နယ်တွင် ဖြစ်ပွား ခဲ့သော ဖြစ်စဉ် များနှင့် ဆင်တူ နေသည် ကိုတွေ့ ရ ပါသည်။ လုံခြုံရေး တပ်ဖွဲ့ဝင် များရှိလျက် အကြမ်းဖက် နိုင်ခြင်းသည် လုံခြုံရေး တပ်ဖွဲ့ဝင် များ အလိုတူ သောကြောင့် သာဖြစ်သည်။ ဒေသခံ များ၏ ပြောကြားချက် အရ လုံခြုံရေး တာဝန်ယူ ထားသူ များနှင့် အကြမ်းဖက် သူများ ရင်းနှီးစွာ ပြောဆို ဖေးမ နေသည်ကို သိရှိ ရပါသည်။ ဒေသခံ မွတ်စလင် အများစုမှာ တိမ်းရှောင် ထွက်ပြေး နေရပြီ ၎င်းတို့၏ လုံခြုံရေးမှာ လွန်စွာ စိုးရိမ် ဖွယ်ရာ အနေ အထားတွင် ရှိပါသည်။
ကိုးကား - Kay Te Zat O
O'Laie Manzu
20.3.2013
ယနေ့ ရိုဟင်ဂျာ လူမျိုးများ မေယု ဒေသတွင် နေထိုင်လျက် ရှိသည်မှာ ကမ္ဘာအသိ ဖြစ်သည်။ ငြင်းခုံ စရာ မဟုတ်။ သို့သော် မျက်မှောက် ခေတ်တွင် ရိုဟင်ဂျာ လူမျိုးများ အရှင် လတ်လတ် ရှိနေမည်ကို လျစ်လျူ ရှူကာ အရှိကို အရှိ အတိုင်း လက်မခံ နိုင်ဖြစ်နေသော သမိုင်း ပညာရှင် ဒေါက်တာ အေးချမ်းသည် အ တိတ် ကာလတွင် ရိုဟင်ဂျာ မရှိခဲ့ ကြောင်း ခံငြင်း နေသည့် သတင်းများ အစဉ်တစိုက် ထွက်ပေါ်လျက် ရှိနေပေသည်။ ရိုဟင်ဂျာ အမည် ခေါ်တွင်သည့် လူမျိုးစု ဝင်များ လက်ရှိတွင် သက်ရှိ ထင်ရှား ရှိနေသည် မှာ ဖုံးဖိထား၍ ရသော ကိစ္စရပ် မဟုတ်ပေ။
ရိုဟင်ဂျာ ဆိုသည့် အမည်အား လက်မခံ ကြရန် ဝါဒဖြန့် နေသည်မှာ ဒေါက်တာ အေးချမ်း၏ အချိန်ပြည့် အလုပ်တစ်ခု ကဲ့သို့ ဖြစ်နေသည်။ ဒေါက်တာ အေးချမ်း၏ သမိုင်းကြောင်း အပေါ် သုံးသပ် တင်ပြမှု များမှာ တဖက်သတ် ဆန်လွန်းလှသည်။ သမိုင်း ပညာရှင် ဆိုသော်လည်း အတိတ် ကာလမှ ဖြစ်ရပ်မှန် များအား ရှာဖွေ မှတ်တမ်း တင်ခြင်းမဟုတ်။ မြန်မာ့ မြေပေါ်တွင် ရိုဟင်ဂျာ လူမျိုး မရှိကြောင်း သက်သေ များအား ရှာဖွေ စုဆောင်းကာ ရာသက်ပန် လူမျိုးရေး ဖိနှိပ်မှုများ ပြုလုပ်ရန် ကြံစည်နေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဒေါက်တာ အေးချမ်း ရှာဖွေ တင်ပြသမျှ အထောက်အထား များမှာ ရိုဟင်ဂျာ ဆန့်ကျင်ရေး သက်သက် သာဖြစ်သည်။ အသစ်အဆန်း မရှိခဲ့။ ရှာဖွေတွေ့ရှိသမျှ အချက်အလက် များမှာလည်း ရိုဟင်ဂျာ မရှိကြောင်း ထောက်ပံ့ ပေးသည့် အထောက် အထားများ သာဖြစ်သည်။ သမိုင်း အထောက် အထား များနှင့် အလှမ်း ဝေးနေသော မြန်မာ ပြည်သူ များအား လှည့်ဖြားရန် ကြိုးစား နေခြင်း ဖြစ်သည်။
ဒေါက်တာ အေးချမ်းအဖို့ သမိုင်းမှန်အား ဖော်ထုတ်ရန် အတွက် ၎င်းအား လူသိရှင်ကြား ကမ်းလှမ်း စိန်ခေါ် ခဲ့သည့် ကိုဌေးလွင်ဦး နှင့်မျက်နှာ ချင်းဆိုင် တွေ့ဆုံ ပြီးနောက် အထောက် အထားသစ် များရှာဖွေ တွေ့ရှိ သွားဟန် တူသည်။ ရိုဟင်ဂျာ လူမျိုးများ မြန်မာ နိုင်ငံတွင် အင်္ဂလိပ် ခေတ်မ တိုင်မှီ နှစ်ပေါင်း များစွာ မှ နေ ထိုင် လာခဲ့ကြသည် ဟူသော ခိုင်လုံသည့် သက်သေ အထောက် အထား များအား ဖုံးဖိ၍ မရနိုင်တော့ သည့်အခါ ဒေါက်တာ အေးချမ်း တစ်ယောက် တင်းနိုင် သမျှတင်း၊ ငြင်းနိုင် သမျှငြင်း ရန်ကြိုးစား ပြန်သည်။ ရိုဟင်ဂျာ ဆိုသည်မှာ ရခိုင် လူမျိုးအား ရည်ညွန်း ခေါ်ဝေါ်ကြောင်း ကိုဌေးလွင်ဦး၏ ထောက်ပြ ချက်အား ဘန်ကောက်မြို့တွင် ကျင်းပသော အစည်း အဝေးတွင် ချေပ ပြောဆို ခဲ့သည်။
ယင်းသို့ ဒေါက်တာ အေးချမ်း၏ တုန့်ပြန်မှုအား ရုပ်သံ ဖိုင်များနှင့်တကွ နာရီပိုင်း အတွင်း အင်တာနက် စာမျက်နှာ ပေါ်တွင်ပြန့်လွှင့် လာခဲ့သည်။ ၎င်း၏ ပင်ကိုယ် ဗီဇအတိုင်း ငြင်းခုံသံဖြင့် ”ရိုဟင်ဂျာ ဆိုတာ ရခိုင် လူမျိုးတွေ ကိုခေါ်တာပါ။” ဟု ပြောဆို ခဲ့သည်ကို တွေ့မြင် လိုက်ရသည်။ ယခုအခါ ရိုဟင်ဂျာ ဆို သည့် အမည်အား သမိုင်းတွင် သုံးစွဲခဲ့သည့် အထောက် အထားကို ၎င်း ကိုယ်နှိုက် ကပင် လက်ခံထားခဲ့ ပုံပေါ် သည်။ ကိုဌေးလွင်ဦး၏ လူရှေ့ သူရှေ့တွင် ရဲဝံ့စွာ ထောက်ပြ ခဲ့မှုကြောင့် ဖုံးဖိ၍ မရနိုင် တော့ပေ။ ထို့နောက် မတ်လ ၁၄ ရက်နေ့ ရန်ကုန်မြို့၌ ကျင်းပပြု လုပ်သည့် တွေ့ဆုံပွဲတွင် ၁၇၉၉ ခုနှစ်၌ အင်း ၀နေပြည်တော်ရောက် ဗြိတိသျှ သံမှူး ဖရန်စစ်ဘူချနန်၏ စာတမ်းတွင် ရခိုင်ဒေသအား ဘင်္ဂါလီ လူမျိုးများမှ ရိုရှန်၊ ရိုဟန် လို့ခေါ်ခဲ့ သောကြောင့် ယင်းဒေသမှ ထွက်ပြေး လာခဲ့သူ များအား ရိုရှန်ဂျာ၊ ရိုဟန်ဂျာ ဟု ခေါ်ဝေါ်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။ ရိုဟင်ဂျာ ဆိုသည်မှာ ရခိုင် လူမျိုး များအား ခေါ်ဝေါ် သောကြောင့် ရခိုင် လူမျိုး များသာဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။ ယင်းဆွေးနွေး ဝိုင်းမှာပင် ရိုဟင်ဂျာ လူမျိုး မရှိကြောင်း ဦးစားပေး ထောက်ပြ ခဲ့ပြန်သည်။
သမိုင်းဖြစ်ရပ်များအား လေ့လာ ရာတွင် ပင်မ မူရင်း အထောက် အထားများ နှင့် တဆင့်ခံ အထောက် အ ထားများ ဟူ၍ရှိရာ ဒေါက်တာ အေးချမ်း ထောက်ပြ သကဲ့သို့ အချို့သော တဆင့်ခံ အထောက် အထား များမှာ လုပ်ကြံ ဝါဒဖြန့်မှု များဖြစ်ပြီး ယုံကြည် ကိုးကား၍ မရနိုင်ပေ။ ထိုနည်း တူစွာ ပင် ဒေါက် တာ အေးချမ်း ရေးသား ဖြန့်ဝေသော စာရွက် စာတမ်း များနှင့် သုံးသပ် တင်ပြမှု များသည်လည်း တဆင့်ခံ အထောက် အထားများ သာဖြစ်ပြီး လိုရာဆွဲ လူမျိုးစွဲ ဝါဒဖြန့်မှု များနှင့် ဒေါက်တာ အေးချမ်း၏ အာဘော် များ ပါဝင် နေသောကြောင့် ယုံကြည် ကိုးကား၍လည်း ရနိုင်မည် မဟုတ်ပေ။
စစ်မှန်သော ပညာရှင်တို့၏ ကဏ္ဍတွင် အများစုအကြိုက် လိုက်ခြင်းမပါကြောင်း သမိုင်း ပညာရှင်ဟု ခံယူ ထားသော ဒေါက်တာ အေးချမ်း သိထားနှင့် ပြီးဖြစ်ပေ လိမ့်မည်။ သမိုင်း ပညာရှင် ဆိုသည်မှာ အတိတ် ကာလမှအဖြစ် အပျက်များအား အမှန်အတိုင်း သိရှိနိုင်ရန်ဖော်ထုတ် ကြသူများဖြစ်သည်။ထို့ကြောင့် ဒေါက် တာ အေးချမ်း အနေဖြင့် နှစ်ပေါင်း များစွာ လေ့လာ ဆည်းပူး ခဲ့သော သမိုင်း ကြောင်း အား ရိုဟင်ဂျာ ဆန့်ကျင်ရေး ဝါဒဖြန့် ရန်သာ သုံးစွဲခြင်း မပြုဘဲ အမှန်အတိုင်း ရဲဝံ့စွာဖော်ပြပါက ရခိုင်ပြည် ကြီး အေးချမ်း သာယာ လာပေ လိမ့်မည်။
![]() |
ဓါတ်ပုံ - လူထု မောင်ကာဠု |
20.3.2012
ဓါတ်ပုံ များကို ဤနေရာ တွင် ကြည့်ရှူ နိုင်ပါသည်။ နောက်ဆုံးရ သတင်း များကို ဤနေရာ တွင် သွားရောက် ဖတ်ရှူ နိုင်ပါသည်။
မိတ္တီလာ ။ ။ ယနေ့ ၂၀-၃-၂၀၁၃ မနက် ခင်းပိုင်းတွင် မိတ္ထီလာမြို့ ဈေးအရှေ့ တောင်ထိပ်ရှိ ရွှေဆိုင် တစ် ဆိုင် သို့ မိတ္ထီလာမြို့ အပြင် ရွာတစ်ရွာမှ လင်မယား နှစ်ဦး ရောက်ရှိ လာပြီး အလှူ လုပ် ရန် ရွှေလာ ရောင်းသည်ဟု သိရှိရသည်။ ရွှေဆိုင်မှ အဆိုပါ လာရောင်းသော ရွှေအား စစ်/ မစစ် စစ်ဆေး သော အခါ အတွင်းမှ ကြေးပေါ် လာသည်ဟု သိရှိရပြီး မ၀ယ်ယူဟု ပြောဆိုသော အခါမှ ပြဿ နာ စတင် ဖြစ်ပွား ခဲ့သည်ဟု သိရှိရသည်။
၎င်းနောက် တင်းမာ မှုများ ဖြစ်ပွား ခဲ့ပြီး ဆိုင်အတွင်း ရုန်းရင်း ဆန်ခတ် သဖွယ် ဖြစ်ပွားခဲ့ကာ ကိုယ်ထိ လက်ရောက် ကျူးလွန်မှုများ ဖြစ်ခဲ့သည်ဟု သတင်းရရှိသည်။ ပြဿနာ ဖြစ်ပြီး ခဏ အကြာ တွင် ရွှေလာ ၀ယ်သော အဆိုပါ လင်မယားမှ ရွာပြန်ပြီး လူအချို့ကို သွားခေါ် လာကာ အဆိုပါ ရွှေဆိုင်သို့ ၀င်ရောက် ကာ ပြဿနာ ထပ်မံ ဖြစ်ပွား ခဲ့သည်ဟု သိရှိရသည်။ ထို့နောက် လူအုပ်များ ပိုမိုများပြား လာ ခဲ့ ရာ ရွှေဆိုင် တွင်းရှိ မွတ်စ်လင်မ် များအား ထုတ်ပေးရန် တောင်းဆိုခဲ့ရာ ထွက်မလာ သဖြင့် ရွှေဆိုင်အိမ်အား ခဲများဖြင့် ပစ်ပေါက် နေသည်ဟု သတင်းရရှိသည်။
အဆိုပါ သတင်းနှင့် ပတ်သက်၍ မိတ္ထီလာ မြို့ခံ တစ်ဦးအား ဆက်သွယ်ကြည့်ရာ ---
“လောလော ဆယ်တော့ ရဲတွေက လုံခြုံရေး ယူပေး ထားတယ်၊ အဲဒီ ဖြစ်တဲ့ နားမှာပဲ လူအုပ်စု ရှိနေပြီး ကျန်တဲ့ ရပ်ကွက်တွေ မှာတော့ အခြေအနေ မထူးခြား သေးဘူး၊ ဈေးကြီး ကတော့ ပိတ်လိုက်ပြီ။ ငါးခြောက် တန်းလည်း ပိတ်လိုက် ပြီလို့ သိရတယ်၊ ဘာပြဿနာမှ မဖြစ်တာ အကောင်းဆုံးပါ၊ လွန်ခဲ့တဲ့ ရက်ပိုင်း ကတည်းက ဒီ မိတ္ထီလာမှာပြဿနာရှာချင်နေတာ၊ အားလုံး သတိနဲ့ နေနေတာ ဘယ် လိုတွေ ဖြစ်နေ မှန်းကို မသိပါ ဘူးဗျာ။ အားလုံး အေးအေး ဆေးဆေးပဲ ဖြစ်ချင်ပါတယ်” ဟု ပြန် လည် ဖြေကြား ခဲ့ပြီး
ဘုန်းကြီး ပါဝင်သလား မပါဝင်ဘူးလားဆိုတာနဲ့ ပတ်သက်ပြီး ဆက်လက် မေးမြန်းရာ မှာတော့ -----
“ဒီက ကျောင်းတိုက် တွေက တော့ ပြဿနာ ဖြစ်ရင် ထွက်တာပြုတာတော့ ရှားပါတယ်၊ အခုလည်း မြို့ထဲ က ဘုန်းကြီးတွေ ထွက်တယ်လို့ အသံ မကြားသေးဘူး၊ အခု ဖြစ်တာက ရွာပြန်ပြီး ဘုန်းကြီးတွေ သွားခေါ် လာတယ်လို့ ကြားတာပဲ၊ သေချာတော့ မသိသေးဘူး။ ကျနော် လှမ်းကြည့် သလောက် ရဲတွေက ၀ိုင်းကာ ထားတယ် ဘုန်းကြီးကိုတော့ မမြင်ရသေးဘူး၊ ခုနက အိမ်က တစ်ယောက် ပြောတာတော့ ဘုန်းကြီး ၂ ပါး ၃ ပါး ပါတယ်လို့ တော့ပြောတယ် ” ဟု ပြန်လည် ဖြေကြား ခဲ့ပါသည်။
ဓါတ်ပုံသတင်း
- နစကနယ်မြေ (၅) မှမောင်တောမြောက်ပိုင်းတွင်တရားဝင်ဓါးပြတိုက်နေ
- ရိုဟင်ဂျာတွေ ၁၈ ရာစုကတည်းက ရခိုင်ပြည်နယ်မှာ ရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝန်ခံပြောကြား
- ဘူးသီးတောင် သရက်ပြင် အုပ်ချုပ်ရေးမှူးက ဒေသခံများကို ဆဲဆို ရမ်းကား ခြိမ်းခြောက်
- မောင်တော အုပ်ချုပ်ရေးမှူးက ကုရ်ဘာနီကို သတ်မှတ်ထားသည့် နေရာတွင်သာ လုပ်ရမည်ဟု ပြောဆို
- ရမဒွါန် လမ်းညွှန်
- စစ်တွေရှိ အင်န်ဂျီအိုရုံးများ ဖျက်ဆီးခံရ ၀န်ထမ်းများကို ရန်ကုန်သို့ နေ့ချင်းပို့
- တောင်ဘဇာမှ ရဲမှူးထွန်းနိုင်က ဒေသခံများကို မသင်္ကာမှုခေါင်းစဉ်တပ် ဖမ်းဆီးပြီး ငွေကျပ် ၂၅၁၈ သိန်း ညှစ်ယူ
- ရသေ့တောင်၊ ကျောက်တန်း နယ်မြေမှ ဘာသာရေးဆရာ တစ်ဦးကို ဖမ်းဆီးသွား
- သက်ဆိုင်ရာဝန်ကြီးများ၏ လွှတ်တော်အတွင်း မေးခွန်းများရှင်းလင်းဖြေကြားချက်အပေါ် သုံးသပ်ချက် (အပိုင်း ၆)
- ကိုယ့်ထိုက်နဲ့ ကိုယ်ကံ ခံလိုက်တော့
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1fKpTG0eYjuqUGODN1Irx81Fe6MUTPnFxBTuwazbcmkC3vyc__AbXnQMSh709C17swoJHxbLuSbpk307jYt4g-tksJoDXq2f8d4dcg5HAm7lBTlSmTlmk0cU6DJbnT-KtWTnPyGtUdug2/s280/RB-Contact.png)