နောက်ဆုံးသတင်း/ဆောင်းပါးများ

အင်းစိန် အကျဉ်းထောင်ရှေ့။

ကျော်ကျော်သိန်း
10.1.2014

၂၀၁၃ နှစ်ကုန်ကျရင် မြန်မာနိုင်ငံ အကျဉ်းထောင် တွေထဲမှာ နိုင်ငံရေး အကျဉ်းသား တစ်ယောက်မှ မ ရှိစေ ရ ပါဘူးလို့ ကတိ ပေးခဲ့တာကို သမ္မတ ဦးသိန်းစိန် မတည် ခဲ့ဘူးလို့ ထိပ်တန်း လူ့အခွင့် အရေး အဖွဲ့တွေ က ဝေဖန်လိုက် ပါတယ်။ အရင် အကျဉ်းကျ နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အတွက် နိုင်ငံရေး ပုဒ်မလို့ သတ်မှတ်ကြတဲ့ပုဒ်မတွေနဲ့ချမှတ်ခဲ့တဲ့ပြစ်ဒဏ်တွေကို ပယ်ဖျက် ပေးခဲ့ပေမဲ့ လည်း တခြားပုဒ် မတွေ ကြောင့် ဆက်ပြီး အကျဉ်း ကျဆဲ ဖြစ်တဲ့ အတွက် နိုင်ငံရေး အကျဉ်းသားတွေ ရှိနေ တုန်းပဲလို့ နိုင် ငံရေးအကျဉ်းသား အရေး လုပ်ဆောင်နေသူ တစ်ဦးက လည်းပြော ပါတယ်။ အပြည့်အစုံ ကိုကိုကျော်ကျော်သိန်းက ဆက်ပြော ပြပါမယ်။

၂၀၁၃ ခုနှစ်၊ဒီဇင်ဘာလ ကုန်ပိုင်းနဲ့ ၂၀၁၄ ခုနှစ်ဆန်းပိုင်းတွေမှာသမ္မတ ဦးသိန်းစိန် က ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်တွေ ထုတ်ပြန်ပြီး လွှတ်ပေး တာတွေ ရှိခဲ့ ပေမဲ့လည်း လွတ်လာသူ တွေထဲမှာ နိုင်ငံရေး အကျဉ်းသားက နည်းနည်းပဲ ပါပြီးတော့ ရာဇ၀တ် ပြစ်မှုတွေနဲ့ အကျဉ်း ကျသူက အများစု ဖြစ်နေတယ် ဆိုပြီးတော့ ပြင်သစ် အခြေစိုက် လူ့အခွင့် အရေး အဖွဲ့ဖြစ်တဲ့ FIDH နဲ့ ဒေသတွင်း အခြေစိုက် မြန်မာ့ အရေး လှုပ်ရှားတဲ့ အဖွဲ့ ALTSEAN Burma တို့က ဝေဖန် ထားတာပါ။

ဒါဟာ လက်ခံ နိုင်ဖွယ် မရှိဘူးလို့ ယူဆတဲ့ အကြောင်း FIDH အဖွဲ့က အရှေ့တောင် အာရှရေးရာ ဆိုင်ရာ အကြီး အကဲ အန်ဒရေရာ ဂျော်ဂျက်တာ (Andrea Giorgetta) က ဗွီအိုအေကို ပြောပါတယ်။

“သုံးနှစ် နီးပါး ကြာတဲ့ အထိ သမ္မတ ဦးသိန်းစိန် အစိုးရဟာ မြန်မာ နိုင်ငံက နိုင်ငံရေး အကျဉ်းသား တွေ အားလုံးကို လွှတ် မပေးသေး ပါဘူး။ အထူး သဖြင့် ကျနော်တို့ စိုးရိမ် တာက နိုင်ငံရေး အကျဉ်းသား တွေကို စွဲချက်တင် ချမှတ် ထားတဲ့ ပုဒ်မတွေ အားလုံး ကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့ ပေမဲ့လည်း မြေယာ သိမ်း ဆည်း မှုတွေ အပေါ် ကန့်ကွက် ဆန္ဒပြတဲ့ တက်ကြွ လှုပ်ရှား သူတွေ အနေနဲ့ ရာဇ၀တ် ပြစ်မှု ဆိုင်ရာ ပုဒ်မ အမျိုးမျိုးနဲ့ စွဲချက်တင် ခံရမယ့် အရေး ရင်ဆိုင် နေရ ပါတယ်။ ဒါကြောင့် နိုင်ငံရေး အကျဉ်း သားတွေ အပေါ် ချမှတ် ခဲ့တဲ့ ပုဒ်မတွေ ကနေ လွတ်ငြိမ်း ခွင့်ပြုခဲ့ ပေမဲ့လည်း တက်ကြွ လှုပ်ရှားသူ တွေကို စွဲချက် တင်ဖို့ တခြား ရာဇ၀တ်ကြောင်း ဆိုင်ရာ ပုဒ်မတွေ အသုံးပြု နေဆဲ ရှိတာကြောင့် ဒီကိစ္စက အတော် အရေးကြီး ပါတယ်။”

ဒါကြောင့်လည်း ဖိနှိပ် ချုပ်ခြယ်တဲ့ ဥပဒေတွေ အားလုံးကို လွှတ်တော်က ဖျက်သိမ်း ပေးရေး အတွက် သမ္မတ ဦးသိန်းစိန် အနေနဲ့ လက်တွေ့ ကျကျ ဦးဆောင် လုပ်ဖို့နဲ့ အကယ်၍ လွှတ်တော်က ဘာမှ မလုပ် ခဲ့ဘူး ဆိုရင်လည်း သမ္မတ ဦးသိန်းစိန်က အမိန့် ထုတ်ပြန်ပြီး ဖိနှိပ်တဲ့ ဥပဒေတွေ အားလုံးကို ဖျက်သိမ်း သင့်တယ်လို့ FIDH က တိုက်တွန်း ပါတယ်။

ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိ စစ်ရေး ကော် မတီ အနေနဲ့ မဟုတ်ပေမဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ ကိုယ်တိုင် ပါဝင် ဖွဲ့စည်း ထားတဲ့ အဖွဲ့ အစည်းတွေ အနေနဲ့ ကတော့ အကျဉ်းထောင် တွေထဲမှာ နိုင်ငံရေး အကျဉ်း သားတွေ ဆက်ပြီး ရှိနေ သေး တယ်လို့ သတ်မှတ် ထားတဲ့ အကြောင်း စိစစ်ရေး ကော်မတီဝင် တစ်ဦး ဖြစ်သူ ကိုရဲအောင်က ဗွီအိုအေ ကို ပြောပါတယ်။

"ကျနော်တို့ စာရင်း အရ ဆိုရင် တင်ပြ ထားတဲ့ စာရင်းအရ ၃၃ဦး ကျန်ပါ သေးတယ်။ ကော်မတီက သတ် မှတ် ထားတာတော့ မဟုတ် ပါဘူး။ ဒါပေမဲ့ ဒီလူတွေ အကုန်လုံးက နိုင်ငံရေး ပုဒ်မတွေ ပါတယ်။ ဒါကြောင့်မို့ ဒီလူတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ နိုင်ငံရေး အကျဉ်းသား အဖြစ် ကော်မတီက နောက်ဆုံး အကြိမ်မှာ ကျနော်တို့ ဆွေးနွေး ကြပါတဲ့ အခါမှာ တချို့ဟာ တွေက ရာဇဝတ် ပုဒ်မတွေနဲ့ ရှိနေတဲ့ အတွက် ဒီနှစ် အ ကုန်မှာ နိုင်ငံရေး ပုဒ်မအရ ရှင်းပေး ပြီးတော့ ကျန်တာတွေ ကိုဆွေးနွေးဖို့ အတွက် တင်ပြပေးမယ် လို့တော့ ကော်မ တီ ဥက္ကဋ္ဌက ပြောသွား ပါတယ်။ ပြောသွားတဲ့ အတွက်ကြောင့် ကျနော် တို့က ဒီဟာ ကို စောင့် ကြည့် နေ တယ်။ စောင့်ကြည့် နေတာမှာ အခု အချိန် အထိ ဒီလူတွေကို လွှတ်ပေးတာ မတွေ့ရ ပါ ဘူး။ "

လက်ကျန် နိုင်ငံရေး အကျဉ်း သား စိစစ်ရေး ကော်မ တီဟာ ဆက် တည် ရှိနေမှာ ဖြစ်တယ်လို့ ၀န်ကြီး ဦးစိုး သိန်းကပြော ထားပြီး အခုနှစ်ဆန်းပိုင်း မှာကော်မတီ အစည်းအဝေး လုပ်ဖို့ အကြောင်း ကြား ထားခဲ့ပေ မဲ့ နှစ် ကြိမ် တိုင် ရွှေ့ဆိုင်း ပြီးတဲ့နောက် အစည်း အဝေး ဘယ်တော့ လုပ်မယ် ဆိုတာကို ဘာမှ မသိ ရ သေး ဘူး လို့ ကိုရဲအောင်က ပြောပါတယ်။

"၁၂ ရက် ပြောင်းလဲ ပြီးတဲ့ အခါ ကျတော့ ကျနော် တို့ကို ၉ ရက်နေ့မှာ အကြောင်းကြား ပါတယ်။ အစည်း အဝေးကို ၁၂ ရက်နေ့ ရွှေ့ဆိုင်း လိုက်ပြီ ဆိုတာ အကြောင်းကြား ပါတယ်။ ဘာကြောင့် ရွှေ့ဆိုင်းတယ်။ ဘယ်တော့ လုပ်မယ် ဆိုတာလည်း မပြောဘူး။ ကျနော်တို့ အနေနဲ့က ဒီအစည်း အဝေး လုပ်မှပဲ လက် ကျန် နိုင်ငံရေး အကျဉ်း သားတွေ ကိစ္စ ပြောဆို ဆွေးနွေး ရမှာ ဖြစ်တယ်။ အခုက ကျနော် တို့က ဘာ မှ ပြောဆို ဆွေးနွေးဖို့ နေရာ မရှိဘူး ဖြစ်နေတယ်။ အစည်း အဝေး လုပ်မယ် ဆိုတာ ကျနော်တို့ ကိုယ်တိုင် ဘာမှ တိတိ ကျကျ မသိရဘူး ဖြစ်နေတယ်။"

သမ္မတ ဦးသိန်းစိန်က အမိန့် ခေါင်းစဉ် အမျိုးမျိုးနဲ့ အကျဉ်းသား တွေကို လွှတ်ပေးလို့ လွတ်တဲ့ထဲ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင် လာတိုင်းမှာ နိုင်ငံ တကာက အများ အားဖြင့် ချီးကျူး ပြောဆို ကြပြီး အခုဆိုရင် ကိုရဲအောင် တို့က ပြောနေတဲ့ ကျန်နေ သေးတယ် ဆိုတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စကို မြန်မာ့ အရေး စိတ်ဝင်စားတဲ့ အစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့ အစည်း ကြီးတွေက မပြော သလောက် ဖြစ်နေ ပါပြီ။ ဒါကြောင့် လည်း နိုင်ငံတကာ အသိုင်း အ၀ိုင်း အနေနဲ့ မြန်မာ အစိုးရနဲ့ ဆွေးနွေး ပြောဆိုတဲ့ အချိန် တိုင်းမှာ နိုင်ငံရေး အကျဉ်း သားတွေ လွှတ်ပေးဖို့ ကိစ္စကို ဆက်ပြီးတော့ ဦးစားပေး ထည့်သွင်း ဆွေးနွေး သင့်တယ် လို့ လူ့အခွင့် အရေးအဖွဲ့ FIDH က တိုက်တွန်း ပါတယ်။

RB News
10.1.2014

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ မြင်းလွှတ် အရှေ့ရွာရှိ ဗလီဟောင်း ကို ပြုပြင် နေ သည် ဟု စွပ်စွဲ၍ ဗလီ ရှေ့ဆောင် ဆရာထံမှ အာဏာပိုင် များက ငွေညှစ် ခဲ့သည့် အပြင် ဗလီ၏ အုတ်နံရံ ကိုလည်း ဖြိုဖျက် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

လွန်ခဲ့သည့် ၁၅ ရက်ခန့်က မောင်တော မြို့နယ်၊ တောင်ပိုင်း မြင်းလွှတ် ကျေးရွာရှိ ရဲစခန်းသို့ စခန်းမှူး အ သစ် ရဲအုပ် မြင့်ဦး ရောက်ရှိ လာပြီးနောက် မတရား သဖြင့် ငွေညှစ်မှုများ ပိုမို များပြား လာကြောင်း သိရှိ ရပါသည်။ ရဲအုပ် မြင့်ဦးသည် ယခင် နစက အဖွဲ့တွင် ၄ နှစ်တိတိ တာဝန် ထမ်းဆောင် ခဲ့ပြီး၊ နစက ဖျက် သိမ်းသည့် အချိန်တွင် အမှတ် (၈) နယ်မြေ အင်းဒင် စခန်းမှ စခန်းမှူး ဖြစ်သည်။ 

လွန်ခဲ့သည့် ၁၀ ရက်ခန့်က မြင်းလွှတ် အရှေ့ ရွာရှိ ဗလီဟောင်း (ရှီကာန်ဒေါရ် ဗလီ) ကို ဒေသခံ ရွာသား များမှ ဆေးသုတ် ပြုပြင် လျက်ရှိသည်ဟု စွပ်စွဲ၍ ရဲအုပ် မြင့်ဦးက ဗလီ ရှေ့ဆောင် ဆရာ ဖြစ်သူ မော်လ၀ီ ဦးအေနာမ် အုလ္လာကို စခန်းသို့ ဆင့်ခေါ် ခဲ့ပြီး အတင်း အဓမ္မ ခြိမ်းခြောက်၍ ၀န်ခံ ခိုင်းခဲ့သည်။ အဆိုပါ ဗလီ ကို လွန်ခဲ့သည့် နှစ်ပေါင်း တစ်ရာကျော်က တည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး၊ နစက အဖွဲ့ မဖွဲ့စည်းမှီ အချိန်က ခွင့်ပြုချက် မလိုဘဲ အဆောက် အဦ များကို ပြုပြင် ဆောက်လုပ် နိုင်ခဲ့ ချိန်တွင် အုတ်နံရံ၊ သွပ်မိုး အဖြစ် ပြုပြင် ဆောက်လုပ် ခဲ့ခြင်း ဖြစ်သည်။ 

ရဲအုပ် မြင့်ဦးအား ရပ်မိ ရပ်ဖ များက ဗလီ ပြုပြင် နေခြင်းမှာ မမှန်ကန်ကြောင်း ပြော ဆို သော် လည်း၊ မော် လ၀ီ ဦးအေနာမ် အုလ္လာ ထံမှ ငွေကျပ် ၅ သိန်းကို ကျေးရွာ အုပ်ချုပ် ရေးမှူးမှ တဆင့် ညှစ်ယူ ခဲ့သည်။ ထို့အပြင် မြို့နယ် အုပ်ချုပ် ရေးမှူး ရုံးသို့ ဗလီကို ပြုပြင် နေကြောင်း အကြောင်းကြား ခဲ့ရာ၊ မြို့နယ် အုပ် ချုပ် ရေးမှူး ဦးကြည်စန်းက ငွေကျပ် ၁၀ သိန်း ညှစ်ယူ ခဲ့သည်။ ထို့နောက် ဗလီ၏ အုတ်နံရံကို ဖြိုဖျက်ရန် အမိန့် ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ဇန်န၀ါရီလ ၆ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် မြင်းလွှတ် အလယ် ရွာနေ မာဘူ ရာမန် (ဘ) ဦးအဒူ ရှ ကူရ် (အသက် ၂၀ နှစ်) သည် မြင်းလွှတ် ဈေးသို့ သွားနေစဉ် ရဲအုပ် မြင့်ဦး၏ တပ်ဖွဲ့ဝင် တစ်ဦး က ပေါ် တာ ဆွဲရန် ခေါ်သောကြောင့် ထွက်ပြေး ခဲ့ရာ၊ လိုက်လံ ဖမ်းဆီးပြီး စခန်းတွင် ချုပ်နှောင် ထား၍ဘင်္ဂလား ဖုန်းကိုင်ဆောင် သည်ဟုဆိုကာ တရားစွဲထောင်ချမည် ဟုခြိမ်းခြောက်သောကြောင့်ငွေကျပ် ၅ သိန်း ၅ သောင်း   ပေး ပြီး ပြန်လည် လွတ်မြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။


RB News
10.1.2014

မောင်တော ။ ။ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ဥဒေါင်း ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးတင်မောင် သည် ဒေသခံ ရိုဟင်ဂျာ များကို အကြောင်းမဲ့ ဖမ်ဆီး၍ ငွေညှစ် လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။ 

ဥဒေါင်း ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးတင်မောင်သည် ဇန်န၀ါရီလ (၈) ရက်နေ့ ည ၈ နာရီ အချိန်တွင် လုံ ထိန်း ၄ ဦးနှင့် အတူ ဥဒေါင်း အနောက်ရွာသို့ ၀င်ရောက်၍ ဦးရှောမ်ရှု (ဘ) ဦးအီမာန် ဟူစိန်းကို ဘင်္ဂ လား ဖုန်းကိုင်ဆောင် နေသည်ဟု စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ဦးရှောမ်ရှု ကို ငွေ ကျပ် ၅ သိန်း မပေးလျှင်တရားစွဲ၍ထောင်ချမည်ဟု ခြိမ်းခြောက်သောကြောင့် ငွေကျပ် ၂ သိန်း ပေးပြီးပြန်လည် လွတ်မြောက် လာကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ယင်းနေ့ည ၁၀ နာရီ အချိန်တွင် ဥဒေါင်း ပါစ်ကိုရီရွာရှိ ယောက္ခမ အိမ်သို့ အလည်အပတ်ရောက် ရှိ နေသော သပြေတောရွာ သားဦးအတာရ်ဟူစိန်း(ဘ) ဦးအဒူဆတာရ် ကိုလည်း ဘင်္ဂလား ဖုန်း ကိုင်ဆောင် သည်ဟု စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေကျပ် ၁ သိန်း ၅ သောင်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေး ခဲ့ကြောင်း သိရှိ ရပါသည်။ 

ထို့အပြင် ဦးတင်မောင်သည် ဥဒေါင်း ကျေးရွာမှ စက်လှေဖြင့် မလေးရှား နိုင်ငံသို့ ထွက်ခွာ သွားသူ ၁၂၀ ဦး၏ မိဘ များထံမှ ငွေကျပ် ၃ သောင်းစီ ညှစ်ယူ ခဲ့ရာ စုစုပေါင်း ငွေကျပ် ၃၆ သိန်း ရရှိ ခဲ့သော်လည်း၊ ယခု တဖန် အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ရန် မကဖ အဖွဲ့သို့ ပေးရန်ဟု ဆိုကာ ၎င်း၏ တပည့် ဖြစ်သူ ဦးဖော် ယာဇူ (ဘ) ဦးဘော်ဆီရ် မှတဆင့် ငွေကျပ် ၇ ထောင်စီ ပေးရန် ဖိအားပေး လျက်ရှိသည်။ အကယ် ၍ ငွေ ၇ ထောင်စီ မပေးပါက စခန်းသို့ ခေါ်ပြီး ဒဏ်ငွေ နှစ်ဆ ရိုက်မည်ဟု ခြိမ်းခြောက် လျက်ရှိကြောင်း သိရှိ ရပါသည်။




RB News
10.1.2014

ရခိုင်တိုင်း၊ မောင်တောမြို့နယ်၊ မြို့မငါးခူရကျေးရွာမှ မူလတန်းကျောင်းအုပ်ဆရာကြီး ဦးမောင်နက်၏ ၀န်ထမ်းကဒ်ပြားတွင် "ရိုဟင်ဂျာ" လူမျိုးဟု တရားဝင်သုံးစွဲထားသည်။

ဒေါ်အောင်ဆန်း စုကြည် ချင်းပြည်နယ် ဟားခါးမြို့ရောက်ရှိ။ (သတင်းဓာတ်ပုံ- NLD Chair Person FB)

မိုးဇော်
ဗွီအိုအေမြန်မာပိုင်း
9.1.2014

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ချင်းပြည်နယ် ဟားခါးမြို့ ခရီးစဉ်မှာ ဌာန ဆိုင်ရာ အကြီးအကဲ တွေက သူတို့ရဲ့ ၀န်ထမ်း တွေကို ဒေါ်အောင်ဆန်း စုကြည်ကို သွားရောက် မကြိုဆို ဖို့နဲ့ လူထု တွေ့ဆုံ ပွဲကို မတက်ရောက်ဖို့ အတွက် ညွှန်ကြား ခဲ့တယ် လို့ ဒေသခံ တွေက ပြောဆို ပါတယ်။ ဒီကနေ့ မနက်က ကျင်းပတဲ့ ဟားခါးမြို့ လူထု တွေ့ဆုံ ပွဲမှာတော့ ဒေါ်အောင်ဆန်း စုကြည်က အခုလို ညွှန်ကြား တာဟာ လူအခွင့် အရေး ချိုးဖောက်တာ ဖြစ်ပြီး လွှတ်တော်မှာ တင်ပြ အရေးယူ သွား မယ် လို့ ပြောဆို ခဲ့ပါတယ်။ သတင်း အပြည့် အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော် က တင်ပြထား ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ ဟောပြော ဖို့နဲ့ လူထု သဘောထား ရယူဖို့ အတွက် ချင်းပြည် နယ်ကို သွားရောက် နေတဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ အဖွဲ့ဟာ မနေ့ ညနေ ၅ နာရီ လောက်က ဟားခါး မြို့ကို ရောက်ရှိ ခဲ့ပြီး ဒီကနေ့ မနက် ၈ နာရီ ကနေ ၁၀ နာရီ အထိ ဟားခါးမြို့ အားကစား ကွင်းမှာ လူ ထု တွေ့ဆုံပွဲ ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။

ဟားခါးမြို့ ခရီးစဉ်မှာ ဌာန ဆိုင်ရာ ၀န်ထမ်း တွေကို ဒေါ်အောင်ဆန်း စုကြည်ကို သွားရောက် မကြိုဆို ဖို့နဲ့ လူထု တွေ့ဆုံ ပွဲကို မတက် ရောက်ဖို့ အတွက် သက်ဆိုင်ရာ အကြီး အကဲ တွေက ညွှန်ကြား ခဲ့ကြောင်း ကို ဒေသခံ တယောက်က အခုလို ပြောပါတယ်။

"မနေ့ကဝန်ထမ်းတယောက်ကကျနော့်ကိုပြောတယ်။သူကကျောင်းဆရာမပေါ့။သူတို့ကျောင်းဆရာ တွေဆီ ကို ဖုန်းဆက်တယ်။ ဖုန်းလာတယ်။ ဝန်ထမ်း တွေပေါ့။ လူထုရဲ့ ကြိုဆိုပွဲနဲ့ စကား ပြော တဲ့ တွေ့ ဆုံ ပွဲမှာ မ သွား ရဘူး။ ဝန်ထမ်း တွေမှာ ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်း ရှိတယ်။ နိုင်ငံရေးနဲ့ မပါတ်သက် ရဘူး။ မသွား ရဘူး။ သွားလို့ ရှိရင် အရေးယူ မှာပေါ့။ အဲ့လို ပြောတယ်။"

ဒီလို တားမြစ်ထားတဲ့ အတွက် သက်ဆိုင်ရာ အာဏာပိုင် တွေကို လွှတ်တော် အထိ တင်ပြပြီး အရေး ယူ ဆောင်ရွက် သွားမယ်လို့ ဒေါ်အောင်ဆန်း စုကြည်က လူထု တွေ့ဆုံ ပွဲမှာ ပြောကြား ခဲ့တယ်လို့ အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ကော်မတီဝင် လည်းဖြစ်၊ ဟားခါး ခရိုင် ဥက္ကဌလည်း ဖြစ်တဲ့ ဦးဝှက်ချွန်း က ပြောပါတယ်။

"ဝန်ထမ်း တချို့က အခမ်း အနား မတက်ဘူး။ ဆွေးနွေးပွဲ မသွားဘူး။ အထက် ကနေ တားတယ် ဆိုတဲ့ ဟာကို သူက ကြားတယ်။ အဲ့တာကို ကြားတဲ့ အတွက် ဒါ အခြေခံ ဥပဒေ ရှင်းလင်း ပွဲပဲ။ ပါတီ နိုင်ငံရေးနဲ့ မ ဆိုင်ဘူး။ NLD ပါတီဝင် ပါလို့ စည်းရုံးတာ မဟုတ်ဘူး။ အခြေခံ ဥပဒေ အတွက်ပဲ။ အစိုးရ တာဝန် လည်း ဖြစ်တယ်။ ဒါ NLD တာဝန်လည်း ဖြစ်တယ်။ အထက် ကနေ တားတယ် ဆိုတဲ့ ဥစ္စာက လူ့အခွင့် အရေး ပိတ်ဆို့ တာပဲ ဖြစ်တယ်။ အဲ့တာကို သူစုံစမ်း ပြီးမှ လွှတ်တော် အထိကို တက်မယ်။ အဲ့တာ အနှောင့် အယှက် ပေးတဲ့ ဌာနကို အတိ အကျ စာရင်း ပေးပါ။ အရေး ယူမယ် ဆိုပြီး သူအဲ့လို ပြောတယ်။"

လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖလမ်းမြို့ကို ရောက်ရှိ စဉ်မှာလည်း သက်ဆိုင်ရာ အာဏာ ပိုင် တွေ က ဒေါ်အောင် ဆန်း စုကြည်ကို မကြိုဆိုဖို့၊ လူထု တွေ့ဆုံပွဲ ကိုလည်း ဌာန ဆိုင်ရာ ဝန်ထမ်း တွေကို မတက်ရောက်ဖို့ တား မြစ် ခဲ့တယ်လို့ ဦးဝှက်ချွန်းက ပြောပါတယ်။

ဟားခါး မြို့မှာ ဒီလို တားမြစ် တာရှိ- မရှိနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေး ရုံးကို ဆက် သွယ် မေးမြန်းရာ မှာတော့ တာဝန်ရှိသူ တဦးက အခုလို ဖြေဆို ပါတယ်။

"မသိဘူးဗျ။ ကျနော်တို့ ဘာမှ မသိရဘူး။"

ဒီကနေ့ဟားခါး မြို့မှာ ကျင်းပတဲ့ လူထု တွေ့ဆုံပွဲ ကိုတော့ လူပရိတ်သတ် ၂ ထောင်လောက် တက်ရောက် ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီ ခေါင်းဆောင် ဦးထွန်းထွန်းဟိန်၊ ဦးဌေးဦး တို့ကလည်း ဆွေးနွေးခဲ့ ပါတယ်။

ဆွေးနွေးပွဲအပြီး လူထု သဘောထားကောက် ယူရာမှာ တက်ရောက် လာသူရဲ့ ၉၀ ရာနှုန်းကျော်ကဖွဲ့စည်းပုံ အသစ်ရေး ဆွဲရေးထက် ပြင်ဆင်ရေးကို ထောက်ခံကြောင်း လက်ထောင်ပြီး သဘောထား ထုတ်ဖော်ခဲ့ပါ တယ်။

ဟားခါး လူထု တွေ့ဆုံပွဲ ပြီးတဲ့ နောက်မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အဖွဲ့ဟာ စစ်ကိုင်းတိုင်း ဒေသကြီး ကလေး မြို့ကို ပြန်လည် ထွက်ခွာ ခဲ့ပြီး မနက်ဖြန် မှာတော့ ကလေး မြို့မှာ လူထု တွေ့ဆုံပွဲ ကျင်းပ မှာ ဖြစ် ပါတယ်။

သီဟ
RB News
9.1.2014

ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ရဲစခန်းမှ ဒုရဲအုပ် မျိုးနိုင်သည် ဒေသခံ ရိုဟင်ဂျာ များထံကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဒုရဲအုပ်မျိုးနိုင်သည်ဇန်န၀ါရီလ (၃)ရက်နေ့တွင်ဘူးသီးတောင် မြို့နယ် အမှတ် (၁) အနောက် ရပ် ကွက်နေ ဦးမာမတ် အာလမ်၏ နေအိမ်သို့ နေ့လည် (၂) နာရီ အချိန်တွင် ရပ်ကွက် အုပ်ချုပ် ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး တို့မပါဘဲ ရဲတပ်ဖွဲ့ဝင် (၁၀) ဦးခန့်ဖြင့် နေအိမ် အပြင် တံခါးကို ရိုက်ချိုး၍ ၀င်ရောက် ခဲ့သည်။ ထို့နောက် ဦးမာမတ် အာလမ်၏ နေအိမ်ထဲသို့ ၀င်ရောက်၍ ဦးမာမတ် အာလမ်၏ သား ၃ ယောက်ကို လက်ထိပ်ခတ်၍ ရိုက်နှက် ခဲ့သည်။ 

ဦးမာမတ် အာလမ်က ၎င်း၏ အပြစ်မဲ့ သား ၃ ယောက်ကို ရိုက်နှက် ရခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ဒုရဲအုပ် မျိုးနိုင်က မရိုက်စေ ချင်လျှင် ငွေကျပ် နှစ်သိန်း ပေးရန် ပြောရာ၊ ဦးမာမတ် အာလမ် မှ ငွေ ကျပ် နှစ် သိန်း ပေးခဲ့ ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ယခင်က ယခု ကဲ့သို့ အလုပ်မျိုးကို ဘူးသီးတောင် ရဲစခန်းမှ ဒုရဲအုပ် မြတ်ထွေးမှ ပြုလုပ်ခဲ့ရာ ယခု အခါ ဒုရဲအုပ် မျိုးနိုင်မှ ပုံစံတူ ပြုလုပ် နေခြင်းဖြစ်သည်။ ပြစ်မှု ကျူးလွန်သူ များကို ဖမ်းဆီး ရာတွင် ရပ်ကွက် အုပ် ချုပ် ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး တို့ဖြင့်သာ ၀င်ရောက် ဖမ်းဆီး ခွင့်ရှိသော်လည်း၊ အပြစ်မဲ့ များကို ခြိမ်းခြောက်၍ ငွေညှစ်ရုံသာ ဖြစ်သောကြောင့် ရဲတပ်ဖွဲ့ဝင် များသာ ၀င်ရောက် ဖမ်းဆီး၍ ငွေညှစ်ခြင်း ဖြစ် သည်ဟု ဒေသခံ များက ပြောပါသည်။ 

ယခု ကဲ့သို့ ရဲအရာရှိ များက ဥပဒေမဲ့ ပြုလုပ် နေခြင်းကို မြို့နယ်၊ ခရိုင်နှင့် ပြည်နယ် ရဲတပ်ဖွဲ့မှူး များက သိရှိ သော်လည်း အရေးယူ တားမြစ်ခြင်း မရှိဟု ဒေသခံ များက ဆိုသည်။




RB News
9.1.2014

တိုကျို ။ ။ ရိုဟင်ဂျာ သမိုင်း ဆိုင်ရာ ရှင်းလင်းပွဲ တစ်ရပ်ကို ဂျပန် နိုင်ငံ၊ တိုကျိုမြို့တွင် မြန်မာ နိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်ပြည်) မှ ကြီးမှူး၍ ဇန်န၀ါရီလ (၄) ရက်နေ့ ကျင်းပ ခဲ့ရာ၊ သမိုင်း သုတေသီ ဦးဌေးလွင်ဦးမှ တက်ရောက်၍ ရိုဟင်ဂျာ သမိုင်းနှင့် ပတ်သက်သည် များကို ရှင်းလင်း ပြောကြား ခဲ့သည်။ 

ရှင်းလင်း ပြောကြားချက် များကို အောက်ပါ ဗီဒီယို ဖိုင်များတွင် အပိုင်း (၃) ပိုင်းခွဲ၍ ရှုစား နိုင်ပါသည်။ 

အပိုင်း (၁)



အပိုင်း (၂)



အပိုင်း (၃)


Sindi Khan
RB News
8.1.2014

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း နွားရုံတောင် ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးစိန်မြအောင်သည် ၂၀၁၃ ဒီဇင်ဘာလ (၃) ရက်နေ့မှ (၁၅) ရက်နေ့ အတွင်း ဒေသခံ ရိုဟင်ဂျာ ၄ ဦးကို လူကုန်ကူးမှု တွင်ပါဝင် ပတ်သက် နေသည်၊ တရားမ၀င် ဖုန်းသုံးစွဲ နေသည်ဟုမဟုတ်မမှန်စွပ်စွဲ ၍ ငွေကျပ် ၃ သိန်း ၉ သောင်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

ငွေညှစ် ခံရသူ ၄ ဦးမှာ - 

(၁) ဦးအဒူကရီးမ် (ဘ) ဦးဆီဒိတ် (ပေးရသည့်ငွေ ၅ သောင်း)
(၂) ဦးနူရ်အာမီးန် (ဘ) ဦးဖာဒ်ဒိရ် (ပေးရသည့်ငွေ ၂ သောင်း)
(၃) ဦးအဒူရှော်ဘီ (ဘ) ဦးနူရ်အာမီးန် (ပေးရသည့်ငွေ ၂ သောင်း) 
(၄) ဦးဖာဟဲဒ် (ဘ) ဦးနူရ်ဇာဖာရ် (ပေးရသည့်ငွေ ၃ သိန်း) -- တို့ဖြစ်သည်။ 

၂၀၁၄ ဇန်န၀ါရီလ (၄) ရက်နေ့က မောင်တော မြို့နယ် မြောက်ပိုင်း၊ ဥရှင်ကျ ကျေးရွာ (ဘူရာ ချိတ္တာ ဖာ ရာ) မှ ဦးရဖိခ် (ဘ) ဦးမာမတ် အာလမ်ကို လုံထိန်း ကင်းစခန်းမှ လုံထိန်း များက တဖက် နိုင်ငံမှ တရား မ ၀င် ဖုန်းကိုင်ဆောင် သုံးစွဲနေသည်ဟု စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားပြီး၊ ငွေကျပ် တစ်သိန်း ညှစ်ယူ ၍ ပြန်လည် လွှတ်ပေး ခဲ့သည်။ 

ထို့အပြင် လုံထိန်း ကင်းစခန်းမှ လုံထိန်းများက ၎င်းတို့အတွက် ရန်ပုံငွေ မဖြစ် မနေ ပေးရမည်ဟု ဆိုကာ ရွာအတွင်းရှိ အိမ်များမှ လစဉ် ၅၀၀ ကျပ်ကို အတင်း အဓမ္မ ကောက်ခံ လျက်ရှိသည်။ ၎င်းရွာတွင် အိမ်ခြေ ၈၀၀ ကျော်ရှိပြီး၊ အများစုမှာ ဆင်းရဲသည့် လက်လုပ် လက်စား များသာ ဖြစ်ကြသည်။




မအေးအေးမာ
8.1.2014

ထိုင်းနိုင်ငံ မှာတော့ ပြည်တွင်း နိုင်ငံရေး မငြိမ်သက်မှု တွေနဲ့ အစိုးရ ဆန့်ကျင် ဆန္ဒပြ ပွဲတွေ ဆက်တိုက် ဖြစ်ပေါ်နေ ခဲ့တာကြောင့် လုံခြုံရေး တပ်ဖွဲ့တွေ အင်အားသုံး နှိမ်နင်း ခဲ့ချိန်မှာ ပြီးခဲ့တဲ့ ရက်ကပဲ မြန်မာ အလုပ်သမား တစ်ဦး မတော် တဆ သေနတ် ထိမှန် ခဲ့ပါတယ်။

ဒီလို သေနတ် ထိမှန်မှု မဖြစ်ခင် တရက်ကပဲ ထိုင်းနိုင်ငံ မြန်မာ သံရုံး တာဝန် ရှိသူ တွေက မြန်မာ နိုင်ငံသား တွေကို ဆန္ဒပြပွဲတွေ ရှိရာနဲ့ ဝေးဝေး နေကြဖို့၊ ဆန္ဒပြပွဲ တွေမှာ မပါဝင် ကြဖို့ သတိ ပေးချက် ထုတ်ပြန် ထားခဲ့ သေးတာပါ။ အခုလို ပစ်ခတ်မှု အတွင်း မြန်မာ တစ်ဦး သေနတ် ဒဏ်ရာ ရခဲ့ တာကြောင့် နှစ်နိုင်ငံ ချစ်ကြည်ရေး ထိန်းသိမ်းဖို့နဲ့ မိမိတို့ လုံခြုံရေး အတွက် ဆန္ဒပြပွဲ တွေမှာ မပါဝင် ကြဖို့ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးက သတိ ပေးချက်ကို ထပ်ပြီးတော့ ထုတ်ပြန် လိုက်ပါတယ်။ အသေးစိတ်ကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်း ပေးပို့ခဲ့ ပါတယ်။

ထိုင်းနိုင်ငံ အတွင်းမှာ ပြည်တွင်းရေး အရ ဆန္ဒပြမှုတွေ အတွင်း မြန်မာ အလုပ် သမား တဦးဟာ ရင်ဘတ်မှာ သေနတ် ထိမှန် သွားခဲ့တာပါ။ ဒီနေ့မှာတော့ သေနတ် ထိမှန် သွားတဲ့ မြန်မာ အလုပ်သမား တဦးဟာ ဆေးရုံမှာ ကုသခံ နေရဆဲ ဖြစ်ပါတယ်။

ဆန္ဒပြ မှုမှာ ပါဝင် ပတ်သက်တာ မဟုတ်ပေမဲ့ အလုပ် သမား တဦး မတော်တဆ ထိမှန်မှု တွေဖြစ် အပြီး မှာတော့ ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာ အလုပ် သမားတွေ အတွက် သတိ ပေးချက်ကို ထပ်ထုတ် ရတာ ဖြစ်ကြောင်း ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာ အလုပ် သမားရေး သံအရာရှိ ဦးကျော်ကျော်လွင် က ဆိုပါတယ်။

“မနေ့ တုန်းက အဲ့ဒီမှာ ကလေး တယောက် သေနတ် ဒဏ်ရာ ရသွားပြီး နောက်ပိုင်းမှာ ကျနော် တို့က ထပ်ဆင့် သတိပေးချက် ထုတ်ပြန်တာ ပေါ့နော်။ မြန်မာ နိုင်ငံသား အားလုံး ပြဿနာ မဖြစ်ရအောင် ပေါ့ဗျာ နော့်။ ကျနော် ခုနကပဲ ပြန်လာ ခဲ့တာ အဲ့ဒီ ဆေးရုံကနေ။ မေးကြည့်တော့ သူ တယောက်ပဲ ထိတာလို့ ပြောတာပဲ။ ဒါပေမဲ့ ထိပြီးတဲ့ နောက်ပိုင်းတော့ ကျနော်လည်း မသိ တော့ဘူးတဲ့ အဲ့လို ပြောတာပဲ။ သူက ပုံမှန် အတိုင်း မုန့်သွား ပို့တာ။ မနက် အစောကြီး ၅ နာရီ မုန့်သွား ပို့တဲ့ အချိန်မှာ အဲ့ဒီ အချိန် ပစ်ကြ ခတ်ကြတော့ သူ့ကို လာမှန် သွားတာပေါ့။ အဲ့ဒါကြောင့်မို့ ကျနော်လည်း အဲ့ဒါ မျိုးတွေ အဲ့ဒီ အနီးနား ၀န်းကျင် မျိုးတွေ မသွား သင့်ဘူး ဆိုတဲ့ အကြောင်း သတိ ပေးချက် ထုတ်ပြန် တာပေါ့။ ကိုယ့်အလုပ် ကိုယ်လုပ် တာတော့ လုပ်တာ ပေါ့ဗျ။ ဒါပေမဲ့ အဲ့ဒီလိုမျိုး ပတ်ဝန်းကျင်ကို သွားတဲ့ အခါ အရမ်း သတိထား ဖို့တော့ လိုအပ် လိမ့်မယ်။ ကိုယ့်အလုပ် ကြီးပဲ အာရုံစိုက် နေလို့တော့ မဖြစ်သေးဘူး။ ပတ်ဝန်းကျင် ကိုလည်း ဂရုစိုက် ဖို့တော့ လိုအပ် လိမ့်မယ်လို့ အဲ့ဒါကို သတိ ပေးချင်တာ။”

ဆန္ဒပြ မှုတွေနဲ့ မတည်ငြိမ် မှုတွေ ဖြစ်နေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာ မြန်မာ အလုပ် သမားပေါင်း သန်းနဲ့ချီ ရှိတယ်လို့ အလုပ် သမား သံအရာရှိ ဦးကျော်ကျော်လွင်က ဆိုပါတယ်။ ဆန္ဒပြ မှုတွေ အတွင်း ဇန်န၀ါရီလ ၆ ရက်နေ့ မနက် ၅ နာရီ ခန့်က အသက် ၂၂ အရွယ် မြန်မာ အလုပ် သမား တဦး သေနတ် ထိမှန် ခဲ့ပါတယ်။ ဘန်ကောက် ဆေးရုံမှာ ဆေးကုသ မှုခံနေ ရတဲ့ မြန်မာ အလုပ် သမား ကိုထွန်းထွန်းဦးရဲ့ အခြေ အနေနဲ့ ပတ်သက်ပြီး မိခင် ဖြစ်သူက အခုလို ပြောပါတယ်။

“သူ့နို့ အပေါ် ကနေ သေနတ် ကျည်ဆံ ကနေ နောက်ကလာပြီး အရှေ့မှာ ပေါက်သွားတယ်။ ဒီမှာ လာတာ အပေါက်ပဲ ရှိတော့တယ်။ သွေးတော့ မသွင်းရဘူး။ နံရိုး ကြားထဲမှာ သူတို့ ပိုက်ထည့် ထားတယ်။ ပြီးတော့ အထဲက သွေးပုတ်တွေ ဘာတွေ ထုတ်ထား တယ်ပေါ့။ မကုန်သေးဘူး။ စကားလည်း သိပ်မပြောနိုင်။ မောနေတယ်။ လာကြည့်တယ် ခုနပဲ ပြန်သွားတယ်။ သူတို့လည်း ပြန်လို့ရပြီ ကလေး မောတယ်။ လာမေးတယ်။ ဓာတ်ပုံ လာရိုက် တယ်ပေါ့။”

သေနတ် ထိမှန် ခဲ့တဲ့ မြန်မာ အလုပ် သမားရဲ့ ဆေးဝါး ကုသမှု စရိတ်နဲ့ ပတ်သက် လို့တော့ ဘာမှ တောင်းခံခြင်း မရှိသေး ဘူးလို့ မိသားစုက ဆိုပါတယ်။ သူတို့ မှာလည်း အလုပ် သမား လက်မှတ် ကိုင်ဆောင် ထားတယ်လို့ ဆိုပါတယ်။ ဆန္ဒပြ မှုတွေဟာ လာမယ့် ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ အရှိန်မြှင့်မှာ ဖြစ်ကြောင်း ထိုင်းအတိုက် အခံ ခေါင်းဆောင် တွေက ကြေညာထား တာဖြစ်တဲ့ အတွက် မြန်မာ အလုပ် သမားတွေ အတွက်တော့ လုံခြုံရေး အပြင် ၀င်ငွေ ထိခိုက်မှုတွေ ဖြစ်လာ နိုင်စရာ ရှိတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ် သမား အခွင့် အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော် က ပြောပါတယ်။

“မြန်မာ နိုင်ငံသား ရွှေ့ပြောင်း အလုပ် သမား အားလုံးကို ကျနော့် အနေနဲ့ အထူး သတိ ပေးချင် တာက ကိုယ့်ရဲ့နိုင်ငံလည်း မဟုတ်ဘူး။ ကိုယ်က ဧည့်သည် နိုင်ငံသား၊ အလုပ် သမားတွေ ဖြစ်တဲ့ အတွက်ကြောင့် ဒီနိုင်ငံရေး အရှုပ် အထွေးတွေ ကြားထဲမှာ ပါဝင် ပတ်သက်ခြင်း မရှိဖို့၊ ၁၃ ရက်နေ့ကို အတိုက် အခံတွေဘက် ကရော တမြို့လုံး နီးပါးကို ရေတွေ၊ မီးတွေ အားလုံး ဖြတ်တောက် ပြီးတော့ကို ပိတ်ပစ် မယ်လို့ သူတို့ ကြေညာထား ပါတယ် ခင်ဗျ။ လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ နေရာက အလုပ် သမားတွေ ဆိုရင် သွားရေး လာရေး အန္တရာယ် ရှိသလို၊ အန္တရာယ် ရှိလို့ မသွားဘဲ နေပြန်ရင်လည်း ၀င်ငွေတွေ အများကြီး ထိခိုက် နိုင်တယ်။ နောက် စိုးရိမ် ထိတ်လန့် စရာ တွေလည်း အများကြီး ရှိလာ နိုင်တယ်။”

ထိုင်းနိုင်ငံ ထဲမှာ ရွှေ့ပြောင်း အလုပ် သမား ဦးရေ ၂ သန်း ကနေ ၃ သန်း နီးပါး ရှိတယ်လို့ နှစ်နိုင်ငံ အစိုးရ တွေက ခန့်မှန်း ထားပြီး ဒီထက်မက ရှိနိုင်တယ် လို့လည်း အလုပ် သမားရေး လုပ်ဆောင် နေတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့တွေက ဆိုပါတယ်။ 

ထိုင်းနိုင်ငံရေး မတည် မငြိမ် ဖြစ်မှုဟာ အနည်းနဲ့ အများ ဆိုသလို ရိုက်ခတ်မှု တွေတော့ ရှိတာပါ။ မြန်မာ အလုပ် သမားတွေရဲ့ နိုင်ငံကူး လက်မှတ် သက်တမ်း တိုးရမယ့် ကိစ္စတွေ အပြင် တခြား လုပ်ငန်းခွင် တွေပါ ထိခိုက် မှုတွေ ရှိနိုင်တယ် လို့တော့ အလုပ် သမားရေး လုပ်ဆောင် နေသူတွေက ပြောဆို ပါတယ်။

RB News
8.1.2014

မောင်တော ။ ။ ၂၀၁၄ ခုနှစ် မတ်လတွင် လူဦးရေ စာရင်း ကောက်ခံမည်ဖြစ်သည့် အတွက် လူဝင်မှု ကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှတာဝန်ရှိပုဂ္ဂိုလ် များသည် ရခိုင် ပြည် နယ်၊ မောင်တော မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ အုပ်စု အလိုက် ကွင်းဆင်း၍ လူဦးရေ စာရင်း ကောက် ခံခြင်းနှင့် ပတ် သက်၍ ရှင်းလင်း ဟောပြောပွဲများ ကျင်းပလျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

လူဦးရေ စာရင်း ကောက်ခံခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ဟောပြောပွဲ များကို မောင်တော မြို့ နယ်၊ မြောက်ပိုင်း မြောတောင် ကျေးရွာ အုပ်စုရှိ အထက်တန်း ကျောင်းတွင် ယနေ့ နံနက် (၈း၃၀) နာရီမှ (၁၀) နာရီထိ လည်းကောင်း၊ ဓားကြီးစား ကျေးရွာ အုပ်စုတွင် (၁၁) နာရီမှ (၁၂) နာရီထိ လည်းကောင်း၊ သူဦးလာ ကျေးရွာ အုပ်စုတွင် နေ့လည် (၁) နာရီမှ (၂း၃၀) နာရီထိ လည်းကောင်း ပြုလုပ် ခဲ့ကြောင်း ဒေ သခံ တစ်ဦးက RB News သို့ ပြောပါသည်။

အဆိုပါ ဟောပြောပွဲ များကို မောင်တော မြို့နယ် ကျီးကန်းပြင် ကျေးရွာ အခြေစိုက် မကဖ အဖွဲ့မှ အဖွဲ့ခွဲမှူး လ၀က ဦးစီး အရာရှိ ဦးမောင်မောင်အေး ဦးဆောင်သော အဖွဲ့က ရှင်းလင်း ဟောပြောခြင်း ဖြစ်သည်။ 

မြောတောင် ကျေးရွာအုပ်စုရှိ အထက်တန်း ကျောင်းတွင် ပြုလုပ်သော သန်းခေါင် စာရင်း အကြောင်း ရှင်း လင်းဟောပြောပွဲသို့ဒေသခံရိုဟင်ဂျာ၅၀၀ကျော်တက်ရောက်ခဲ့ပြီး၊တက်ရောက်ခဲ့သူများကိုယ် စား မော်လ၀ီ ဦးအာဇီဇူ ရာမန်က "ကျွန်တော် တို့သည် မျိုးရိုး စဉ်ဆက် ရိုဟင်ဂျာ လူမျိုး များ ဖြစ် ပါ သော်လည်း၊ အစိုးရ ဘင်္ဂလီလို့ ရေးသွင်း ဖြည့်စွက်လျက် ရှိပါသဖြင့်၊ ကျွန်တော် တို့က ၂၀၁၄ သန်းခေါင် စာရင်းတွင် ရိုဟင်ဂျာ လို့ ရေးသွင်း ဖြည့်စွက် ပါက နိုင်ငံတော် အစိုးရမှ ကျွန်တော် တို့ကို အရေးယူ ပါမည်လား" ဟု လ၀က ဦးစီး အရာရှိ ဦးမောင်မောင်အေး ကိုမေးမြန်းရာ - "ရိုဟင်ဂျာတော့ နည်းနည်းဘဲ တွေ့ရ ပါတယ်။ အစိုးရ ကတော့ ဘင်္ဂလီလို့ အသိအမှတ် ပြုပါတယ်။ ၂၀၁၄ သန်းခေါင် စာရင်းမှာ အားလုံးက တညီတညွတ် တည်း ရိုဟင်ဂျာလို့ ရေးသွင်း ဖြည့်စွက် ပါက ဘင်္ဂလီ ပျောက်ဆုံးမှာ ဖြစ် ပါတယ်" ဟု ဦးမောင်မောင်အေး က ဖြေကြား ခဲ့ကြောင်း သိရှိ ရပါသည်။

 
RB News
7.1.2014

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ တောင်ပြို လက်ဝဲ မြို့နယ်ခွဲ၊ ကျွန်းပေါက် ပြုစု ကျေးရွာတွင် အမှတ် ၂ လုံထိန်း တပ်ရင်း ဒုတပ်ရင်းမှူး ရဲထူးလှိုင်၏ အမိန့်အရ ဒေသခံ များထံ မှ ငွေ ညှစ် လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ် မြောက်ပိုင်း၊ တောင်ပြို လက်ဝဲ မြို့နယ်ခွဲ၊ ကျွန်းပေါက် ပြုစု ကျေးရွာနေ ဦးမာမတ် အာ မီးန် (ဘ) ဦးနာဇိရ် ဟူစိန်းနှင့် ဦးအီဗြာဟိမ်း (ဘ) ဦးဘာသာမျာ တို့သည် အမှတ် ၂ လုံထိန်း (ယခင် နစက အမှတ် ၄ နယ်မြေ) တပ်ရင်း ဒုတပ်ရင်းမှူး ရဲထူးလှိုင်၏ အမိန့်အရ ဇန်န၀ါရီလ (၁) ရက်နေ့မှ စ၍ ငွေ ညှစ် လျက် ရှိကြောင်း ဒေသခံ များက RB News သို့ ပြောပါသည်။ 

ဇန်န၀ါရီလ (၁) ရက်နေ့မှ စ၍ ငွေညှစ် ခံရသူ များမှာ -

(၁) ဦးအီစ္စမိုင် (ဘ) ဦးဒိလ်မာမတ် (ပေးရသည့်ငွေ ကျပ် တစ်သိန်း)
(၂) ဦးရှောမ်ရှုဟူးဒါး (ဘ) ဦးဇာဂိရ်ဟူစိန်း (ပေးရသည့်ငွေ ကျပ် ၅ သောင်း)
(၃) ဦးအာဘူတာလက် (ဘ) ဦးဖော်ကိရ်အာမတ် (ပေးရသည့်ငွေ ကျပ် တစ်သိန်း)
(၄) ဦးဆီရာဇ် (ဘ) ဦးအုမာရ်ဟမ်ဇာ (ပေးရသည့်ငွေ ကျပ် ၅ သောင်း)
(၅) ဦးမာမတ်ကမာလ် (ဘ) ဦးဒိလ်မာမတ် (ပေးရသည့်ငွေ ကျပ် ၂ သိန်း)
(၆) ဦးဘာဆဲရ် (ဘ) ဦးအာမိရ်ဟမ်ဇာ (ပေးရသည့်ငွေ ကျပ် ၄ သောင်း)
(၇) ဦးအာမိရ်ဟူစိန်း (ဘ) ဦးမောက်တူလ် ဟူစိန်း (ပေးရသည့်ငွေ ကျပ် ၅ သောင်း)
(၈) ဦးဂူရာဆန် (ဘ) ဦးမာမတ်ဟူစိန်း (ပေးရသည့်ငွေ ကျပ် ၅သောင်း) -- တို့ဖြစ်သည်။


ဇေယျာသူ
RB News
6.1.2014

ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်မှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို အမည် မသိ ရဲတပ်ဖွဲ့ဝင် ၄ ဦးက စစ်ဆေးရန် ရှိသည်ဟု ပြောဆို ရှာဖွေ၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တရားဝင် ထုတ်ပေး ထားသည့် ဂျီအက်စ်အမ် ဖုန်းတွင် ဘင်္ဂလား ဒေ့ရှ် နိုင်ငံမှာ ဆင်းမ်ကဒ် ထည့်၍ အမှုဆင် ဖမ်း ဆီးပြီး ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

ဇန်န၀ါရီလ (၃) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် ကင်းတောင် ကျေးရွာမှ ဦးအာ ဘူ တာရ် (ဘ) ဦးကာလူ သည် ဆိုင်ကယ်ဖြင့် ဘူးသီးတောင် မြို့မ ဈေးသို့ ဈေးဝယ်ရန် သွားစဉ် လမ်းတွင် အမည်မသိ ရဲတပ်ဖွဲ့ဝင် ၄ ဦးက ဆိုင်ကယ်ကို တား၍ စစ်ဆေးရန် ရှိသည်ဟု ဆိုကာ ဦးအာဘူတာရ် ၏ မြန် မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တရားဝင် ထုတ်ပေး ထားသည့် ဂျီအက်စ်အမ် လက်ကိုင်ဖုန်းတွင် ရဲများက ဘင်္ဂလား ဒေ့ရှ် နိုင်ငံထုတ် ဆင်းမ်ကဒ် ထည့်၍ အမှုဆင် ဖမ်းဆီး၍ ကင်းတောင် ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 

ရဲများက ဦးအာဘူတာရ်အား ငွေမပေးလျှင် တရားမ၀င် ဘင်္ဂလား ဖုန်းကိုင်နေသည်ဟု တရားစွဲ ၍ ထောင် ချမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်း သုံးသောင်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ ဦးအာဘူတာရ်မှ မတရားသဖြင့် ထောင်ချ ခံရမည်ကို စိုးရိမ်၍ ရဲများ တောင်း သည့် ငွေ ကို ပေးပြီး ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း သိရှိ ရပါသည်။ 

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တရားဝင် ထုတ်ပေး ထားသည့် ဂျီအက်စ်အမ် ဖုန်းများကို မြို့နယ် အုပ် ချုပ် ရေးမှူး၊ တပ်မမှူး၊ ရဲတပ်ဖွဲ့မှူး များက ဒေသခံ များကို တစ်လလျှင် ငွေကျပ် နှစ်သိန်းဖြင့် ငှားရမ်း ထားခြင်း ဖြစ်သည်။


သီဟ
RB News
6.1.2014

ဘူးသီးတောင် ။ ။ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်ရှိ စရဖ ဂိတ်ကို ဌာနပေါင်းစုံ ဂိတ်ဟု အမည် ပြောင်းလိုက်ပြီး၊ ပုံစံ ၄ ဖြင့် ခရီးသွားလာ သူများထံမှ ငွေတောင်းခံ လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 

၁၉၉၀ ပြည့်နှစ် မတိုင်မှီက ရခိုင် ပြည်နယ် မြောက်ပိုင်းရှိ ဒေသခံ ရိုဟင်ဂျာ လူမျိုး များသည် အမျိုးသား မှတ်ပုံတင် များကိုင်ဆောင်ပြီး လွတ်လပ်စွာ ခရီးသွားလာ ခွင့်ရှိ ခဲ့သော်လည်း နစက ဖွဲ့စည်းပြီး နောက်တွင် အမျိုးသား မှတ်ပုံတင် ကဒ်ပြားများ သိမ်းဆည်း၍ ယာယီ နိုင်ငံသား စီစစ်ရေး ကဒ်ပြားများ ထုတ်ပေးပြီး၊ ခရီးသွား လာရာတွင် ပုံစံ (၄) ရယူရန် အမိန့် ထုတ်ပြန် ခဲ့သည်။ ပုံစံ (၄) ရယူ ရာတွင်လည်း ဒေသ ဆိုင်ရာ အာဏာပိုင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ် ရေးမှူးများ တောင်းသည့် ငွေကို ပေးနေ ရသည်။ 

ထို့အပြင် ယခု ဘူးသီးတောင်မြို့နယ်ရှိ စရဖ ဂိတ်ကို ဌာနပေါင်းစုံ ဂိတ်ဟုမြို့နယ် အုပ်ချုပ်ရေးမှူး ဦး သန်းရွှေ၏ အမိန့်ဖြင့်ပြောင်း လဲလိုက်ပြီး၊ ပုံစံ(၄)ဖြင့် ခရီးသွားလာ သူများထံ မှငွေကျပ် ၁၀၀၀ စီတောင်း ယူ နေ သည်ဟု ဒေ သ ခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

“ရဲတွေနဲ့ လ၀က တွေက ကားပေါ်က ဘင်္ဂလီ ကုလား တွေဆင်းကြ၊ ရခိုင်တွေ ဆင်းစရာ မလိုဘူး၊ ဒီဂိတ်က ဘင်္ဂလီ ကုလား တွေအတွက်သာ ဖြစ်တယ်။ ဗုဒ္ဓ ဘာသာဝင် တွေအတွက် မဟုတ်ဘူး - လို့ ပြောဆိုပြီး ကျွန်တော်တို့ ရိုဟင်ဂျာ လူမျိုး တွေကို ဆင်းခိုင်းတယ်။ ပုံစံ(၄) ပါရင်လည်း ငွေ ၁၀၀၀ ပေးရတယ်။ ပုံစံ (၄) မပါရင်တော့ ဖမ်းပြီး တရားစွဲတယ်” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။ 

စစ်အစိုးရ လက်ထက်တွင် ပုံစံ (၄) ဖြင့် ခရီးသွားလာခွင့်ကို တစ်လ အထိ ခွင့်ပြု ခဲ့သော်လည်း ယခု ဒီမိုကရေစီ အစိုးရ လက်ထက်တွင် (၇) ရက်သာ ခွင့်ပြုကြောင်း သိရှိ ရပါသည်။ ပုံစံ (၄) သက်တမ်း ကုန်ဆုံးပြီး ခရီးလွန် နေပါက ငွေကျပ် တစ်သိန်းမှ နှစ်သိန်းထိ ပေးရကြောင်း ဒေသခံ များက ပြောပါသည်။




6.1.2013

နေပြည်တော် ။ ။ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ ည ၉ နာရီခွဲ အချိန် ရခိုင် ပြည်နယ်၊ အမှတ် (၄၇) မူးယစ် ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (စစ်တွေ) မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့ သည် မောင်တောမြို့၊ (၃) မိုင် စစ်ဆေးရေး စခန်းတွင် ဘူးသီးတောင်မှ မောင်တောသို့ မောင်းနှင် လာ သည့် 5F-xxxx ဟိုင်းလတ် အဖြူရောင် ခရီးသည် တင်ယာဉ်အား ရပ်တန့် ရှာဖွေ စစ်ဆေး ခဲ့သည်။ ထိုသို့ ရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါ လာသော မောင်တောမြို့၊ မြို့သူကြီး ကျေးရွာအုပ် စု၊ ဝေသာ လီ ကျေး ရွာနေ သန္တာဖြူ (ခ) မအေးညို (၄၆) နှစ် ကိုင်ဆောင် ထားသည့် အနက်ရောင် ခရီးဆောင် လက် ဆွဲအိတ် အတွင်းမှ WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ် ဆေးပြား (၁၉၀၀၀) ပြား၊ တန်ဘိုး ငွေကျပ် သိန်း (၃၈၀) အား တွေ့ရှိ သိမ်းဆည်း ရမိ ခဲ့သည်။ 

စစ်ဆေးချက်အရအဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအားတစ်ရွာတည်းနေညိုသိန်းမောင်(၄၈)နှစ်ကစစ်တွေ မှမောင်တောသို့ငွေကျပ် (၂)သိန်းဖြင့် ပို့ဆောင်ခိုင်း၍ သယ်ဆောင်လာ ခြင်းဖြစ်ကြောင်း သိရှိ ရသဖြင့် သွားရောက် ရှာဖွေ ဖမ်းဆီးရာ ညိုသိန်းမောင်အား ၎င်း၏ နေအိမ်မှ ဖမ်းဆီး ရမိ ခဲ့သည်။ ထို့နောက် နေ အိမ်အား ဆက်လက် ရှာဖွေရာ မူးယစ် ဆေးဝါး တစ်စုံ တစ်ရာ ရှာဖွေ တွေ့ရှိခြင်း မရှိဘဲ နေ အိမ် အပေါ် ထပ် အိပ်ခန်း အတွင်းမှ (၉) လုံးကျည်ဖြင့် ပစ်ခတ်ရသည့် လုပ်သေနတ် (၃) လက်၊ (၉) လုံး ကျည် ၅ တောင့်နှင့် လက်ပစ်ဗုံး ၁ လုံး တို့အား သိမ်းဆည်း ရမိ ခဲ့သောကြောင့် သန္တာဖြူ (ခ) မအေး ညိုနှင့် ညိုသိန်းမောင်တို့ ၂ ဦးအား မောင်တော မြို့မ ရဲစခန်း မယ (ပ) ၁/၂၀၁၄၊ မူးယစ် ဆေးဝါးနှင့် စိတ် ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉ (က) /၂၁ဖြင့်လည်းကောင်း၊ ညို သိန်းမောင်အားမောင်တော မြို့မ ရဲစခန်း (ပ) ၆/၂၀၁၄၊ လက်နက် ဥပဒေ ပုဒ်မ ၁၉(စ) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့် အရေးယူ ထားကြောင်း သတင်း ရရှိသည်။

သမ္မတ ဦးသိန်းစိန်နဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူး ဆေးဖိုးတို့ တွေ့ဆုံ ဆွေးနွေးစဉ်။ (ဇန်နဝါရီ ၅၊ ၂၀၁၄)

အောင်ရဲမောင်မောင်
5.1.2014 

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူး စေးဖိုးနဲ့ ခေါင်းဆောင် ပိုင်းတွေဟာ ဇန်န၀ါရီလ ၅ ရက် နေ့မှာ သမ္မတ ဦးသိန်းစိန် အပါအ၀င် ပြည်ထောင်စု ၀န်ကြီးတွေ အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့နဲ့ တွေ့ဆုံ ခဲ့ ပါတယ်။ သမ္မတနဲ့ ကာကွယ်ရေး ဦးစီချုပ် တို့နဲ့ တွေ့ဆုံမှု တွေမှာ အပြု သဘော ဆောင်တဲ့ ရလဒ်တွေ ရှိတယ် လို့လည်း KNU ဗဟို အလုပ် အမှုဆောင် တွေက ပြောပါတယ်။ အပြည့် အစုံကို ဆက်သွယ် စုံစမ်း ထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲ မောင်မောင်က တင်ပြ ပေးထား ပါတယ်။

ဇန်န၀ါရီလ ၅ ရက်နေ့ မနက် အစောပိုင်းမှာ သမ္မတ ဦးသိန်စိန် နဲ့ ဗိုလ်ချုပ်ကြီး စောမူတူး ဆေးဖိုး ဦးဆောင် တဲ့ KNU ခေါင်းဆောင်ပိုင်း တွေဟာ ၂ နာရီ နီးပါး ကြာအောင် တွေ့ဆုံ ခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်း အတာ အပစ် ရပ်စဲရေး လက်မှတ် ရေးထိုး ပွဲကြီး အမြန်ဆုံး ဖြစ်ပေါ် လာဖို့ ဆန္ဒ ရှိကြောင်း သမ္မတက ပြောကြား ခဲ့တယ်လို့ တိုင်းရင်းသား အဖွဲ့တွေနဲ့ အစိုးရကြား ငြိမ်းချမ်းရေး ညှိနှိုင်း ဆွေးနွေးပွဲ တွေမှာ ပါဝင် ဆောင် ရွက် နေတဲ့ မြန်မာ ငြိမ်းချမ်းရေး စင်တာက အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

“သမ္မတ ကြီးဘက် ကတော့ KNU အနေနဲ့ အပစ် အခတ် ရပ်ပြီးတော့ စားပွဲဝိုင်းမှာ ဆွေးနွေး တာကို သူ့အနေနဲ့ ကျေးဇူး တင်ကြောင်း ပြောပါတယ်။ နောက်ပြီးတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့၊ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ စားပွဲဝိုင်းမှာ ဆွေးနွေးတဲ့ နည်းလမ်းက အကောင်းဆုံးပဲ ဆိုတာကို သမ္မတကြီး အနေနဲ့ မှတ်ယူ ပြီးတော့ ဒီအတိုင်းပဲ ကြိုးစား ဆောင်ရွက်တယ် ဆိုတာ ကိုလည်း ပြောပါ တယ်။ နောက် ပြီးတော့ လေး ဝါး ပွဲနဲ့ မြစ်ကြီးနား ပွဲတွေ ပြီးသွားလို့ ရှိရင် နေပြည်တော်မှာ ပြုလုပ်မယ့် တနိုင်ငံလုံး ဆိုင်ရာ အပစ် အခတ် ရပ် စဲရေး လက်မှတ် ရေးထိုးပွဲ ကိုလည်း သူ့အနေနဲ့ စိတ်အား ထက်သန်စွာ ပါဝင်ဖို့ ဆန္ဒပြင်းပျ နေပါတယ် လို့ လည်း ပြောပါတယ်။ နောက်ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ရှေ့ကို ဆက်ပြီးတော့ ယုံကြည်မှု တည်ဆောက်ပြီး စားပွဲ ဝိုင်းမှာ ဖြေရှင်း ကြဖို့ ကိစ္စရပ် တွေကိုလည်း ပြောပါ တယ်ဗျ။”

နေ့လည် ပိုင်းမှာတော့ KNU ခေါင်းဆောင်ပိုင်း တွေဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူး ကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံ ခဲ့တယ်လို့ လည်း KNU ဗဟို အလုပ် အမှုဆောင် ဖဒို မန်းငြိမ်းမောင် က ပြောပါတယ်။

ဒီလို တွေ့ဆုံမှုမှာ အပြု သဘော ဆောင်တဲ့ ရလဒ်တွေ ထွက်ရှိ ခဲ့တဲ့ တွေ့ဆုံမှုလို့ ပြောနိုင် သလို လက်ရှိ အချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ ရပ်တည် ချက်ကိုလည်း KNU ကို ချပြ ပြောဆို ခဲ့တယ်လို့ သူက ပြောပါတယ်။

“ကျနော် အဲဒါ လုံးဝ ပြောနိုင် ပါတယ်။ ကျနော် တို့က အပြု သဘော ဆောင်တဲ့ စိတ်ဓာတ် ဖြစ်တယ်။ တပ် မတော် ကတော့ အဓိက- ကတော့ နိုင်ငံတော် ကာကွယ်ရေးက သူတို့ အဓိက တာဝန် ရှိတယ်။ ထပ် ပြီး တော့လည်း ပြောပါတယ်။ အရင် အကြိမ် တွေမှာလည်း သူပြောတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ် သက် ပြီးတော့ ပြင်နိုင်တယ်၊ နောက်ပြီးတော့ ဥပဒေကို ကာကွယ် ရမယ့် တာဝန်လည်း သူတို့မှာ ရှိတယ် ဆိုတာ အဲဒါ ထပ်ပြီးတော့ ပြောပါတယ် ခင်ဗျ။”

တပ်မတော် အနေနဲ့ ငြိမ်းချမ်း ရေးကို ရအောင် တည်ဆောက်ဖို့ သဘောထား ရှိပြီးတော့ ရရှိ ထားတဲ့ ငြိမ်းချမ်းးရေး တွေကိုလည်း ထိန်းသိမ်းဖို့ ဆန္ဒ ရှိတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောဆို ခဲ့တဲ့ အကြောင်း ဖဒို မန်းငြိမ်းမောင်က ပြောပါတယ်။

“ကာကွယ်ရေး ဦးစီးချုပ် အဓိက ပြောတာ ကတော့ ငြိမ်းချမ်းရေးဟာ နှစ်ဦး နှစ်ဘက် ပူးပေါင်း ဆောင်ရွက် လို့ ရှိရင် မရနိုင် စရာ အကြောင်း မရှိဘူး၊ တပ်မတော် အနေနဲ့ ငြိမ်းချမ်း ရေးကို ရအောင် တည်ဆောက် မယ် ဆိုတဲ့ ဆုံးဖြတ်ချက် ရှိတယ်ဆိုတာအဓိကပြောပါတယ် ခင်ဗျ။ကာကွယ်ရေး ဦးစီးချုပ်က တွေ့ တိုင်း ပြောတဲ့စကား တစ်ခွန်း ရှိပါတယ်။ ငြိမ်းချမ်းရေးကို ရိုးသားမှုနဲ့ သစ္စာ ရှိမှုကို အခြေခံ ပြီးတော့ ဆောင် ရွက် မယ် ဆိုလို့ ရှိရင် ငြိမ်းချမ်း ရေးဟာ မရနိုင် စရာ အကြောင်း မရှိဘူး ဆိုတာ သူအမြဲတမ်း ပြော ပါ တယ်။”

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ထိပ်သီး ခေါင်းဆောင် တွေရဲ့ ဆွေးနွေးပွဲ တစ်ရပ်ကို က ရင် ပြည် နယ်က KNU ထိန်းချုပ်ရာ လော်ခီးလာ ဒေသမှာ လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့က စပြီး ၃ ရက်တာ ကျင်းပဖို့ စီစဉ်ထား ပါတယ်။

အခုလို KNU ထိန်းချုပ်နယ်မြေထဲမှာညီလာခံကျင်းပခါနီးသမ္မတနဲ့ KNU ထိပ်ပိုင်း ခေါင်းဆောင်တွေ တွေ့ဆုံ မှုဟာ မကြာခင် ကျင်းပမဲ့ ညီလာခံ အတွက် များစွာ အထောက် အကူ ပြုမယ်လို့ ရှုမြင်တဲ့ အကြောင်း ဦးလှမောင်ရွှေက ပြောပါတယ်။

“ဘာကြောင့် လဲလို့ ပြောရင် ဒီတခေါက် ကျင်းပမှာက KNU ဧရိယာ ထဲမှာ ဖြစ်နေတယ်။ MCCT မှာလည်း KNU ရဲ့အထွေထွေ အတွင်းရေးမှူး အနေနဲ့ ကလည်း သူခေါင်းဆောင် အနေနဲ့ ပါနေတယ်။သူတို့ ကိုယ် တိုင် လည်း ဒီနေ့ တက်ရောက် ဆွေးနွေး နိုင်ပြီးတော့ သမ္မတရဲ့ ငြိမ်းချမ်းရေး အပေါ်မှာ ထားတဲ့ သဘော ထား နဲ့ မျှော်လင့် ချက်တွေ၊ ယုံကြည်မှု တွေကို ကြားရတဲ့အတွက် သူတို့ ကိုယ်တိုင်ကလည်း အရမ်းကို အား တက်တယ် ပေါ့လေ၊ အခုကျနော်တို့ ဝန်ကြီး ဦးအောင်မင်းနဲ့ ချင်းမိုင်မှာ ၂၉ ရက်နေ့ ကဆွေးနွေးတဲ့ အထိတော့ နှစ်ဘက် ဆွေးနွေးချက် တွေဟာ တဖြည်းဖြည်းနဲ့ နီးလာ ပြီးတော့ ၈၀ % နီးပါးလောက် တူ တယ် လို့ ပြောတဲ့ အတွက် ကျန်တဲ့ ၂၀ % ကိုဆက်ပြီးတော့ ညှိနှိုင်း နိုင်ဖို့လည်း ဒီနေ့ အ များကြီး အရေး ပါ ပါ တယ်။”

ကရင် အမျိုးသား အစည်း အရုံး KNU ဟာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ လက စပြီးတော့ အစိုးရနဲ့ အပစ် ရပ်စဲရေး သဘောတူ ထားတာပါ။ သမ္မတ ဦးသိန်းစိန် အပါ အ၀င် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့နဲ့ KNU ခေါင်းဆောင် ပိုင်းတွေ တွေ့ဆုံ တာဟာ ၂ နှစ်အတွင်းမှာ ၄ ကြိမ် ရှိခဲ့ပါပြီ။ 

RB News
5.1.2014

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ အမှတ် (၆) နယ်မြေ အပိုင်ရှိ လှဖိုးခေါင် ကျေးရွာ အုပ်စုရှိ မူလတန်း ကျောင်းတွင် ပညာသင်ကြားနေသော  ကျောင်းသား/သူများကို UNICEF မှ ထောက်ပံ့ သည့် ထောက်ပံ့ကြေး များကို ကျောင်းအုပ်ကြီး ဒေါ်ခင်စောနုမှ ဖြတ်စား ခဲ့ကြောင်း သတင်း ရရှိ ပါသည်။

မောင်တော မြို့နယ်၊ လှဖိုးခေါင် ကျေးရွာ အုပ်စု၊ မူလတန်း ကျောင်းတွင် ကျောင်းအုပ်ကြီး ဒေါ်ခင်စောနုနှင့် အစိုးရခန့် ကျောင်းဆရာ (၁) ဦးနှင့် ဆရာမ (၄) ဦး ရှိသည်။ ဒေသခံ ရိုဟင်ဂျာ ဆရာ (၅) ဦး အပါအ၀င် စုစုပေါင်း (၁၁) ဦး ရှိကြောင်း သိရှိ ရပါသည်။ ကျောင်းတွင် ကျောင်းသား/သူ ၄၃၀ ဦးရှိပြီး၊ စာသင်ခန်း မလုံလောက်သဖြင့်မနက်ပိုင်း၊နေ့လည်ပိုင်း နှစ်ချိန်ခွဲ၍ ပညာ သင်ကြား လျက်ရှိ သည်။ ကျောင်းအုပ်ကြီးနှင့် အစိုးရခန့် ဆရာ/မ များမှာ တစ်လ တစ်ကြိမ်သာ ကျောင်းသို့ လာကြောင်း သိရှိ ရသည်။ 

၂၀၁၃ ခုနှစ် ပညာသင်နှစ် အတွက် UNICEF (ကမ္ဘာ့ ကုလ သမဂ္ဂ ကလေးများ ရန်ပုံငွေ) မှ ကျောင်းသုံး ဗလာ စာအုပ်များ၊ ပုံနှိပ် စာအုပ်များ၊ စာရေး ကိရိယာများ၊ လွယ်အိတ်များနှင့် ထောက်ပံ့ကြေး ၁၀၀၀ စီကို မောင်တော မြို့နယ်ရှိ မူလတန်း ကျောင်းသား/သူ များအားလုံး အတွက် ထောက်ပံ့ ခဲ့သည်။ 

လှဖိုးခေါင်မူလတန်း ကျောင်းတွင် ကျောင်းသား/သူ ၄၃၀ ဦး ရှိသော်လည်း ကျောင်းအုပ် ကြီး ဒေါ်ခင်စောနု မှ ကျောင်းသား/သူ ၃၀ ဦးခန့် ကိုသာ ကျောင်းသုံး စာအုပ်၊ ပစ္စည်း အချို့နှင့် ငွေကျပ် ၁၀၀၀ စီ ပေး အပ် ခဲ့ပြီး၊ ကျန်သည့် ကျောင်းသား/သူ ၄၀၀ ခန့်၏ ရပိုင်ခွင့် များအားလုံး ကိုယ်ကျိုး အတွက် အလွဲ သုံး စား ပြု လုပ် ခဲ့ကြောင်း ဒေသခံ များမှ RB News သို့ ပြောပါသည်။ 



RB News
5.1.2014

၁၉၈၄ ခုနှစ်က လုပ်သက်ပြည့် အငြိမ်းစား ယူခဲ့သည့် မူလတန်းပြ ဆရာ ဦးဖော်ဇောလ်ဟောက် ၏ အငြိမ်း စား လက်ခံ စာအုပ်တွင် "ရိုဟင်ဂျာ" လူမျိုးဟု တရားဝင် သုံးနှုန်းထားသည်။ 

4.1.2013

ကြမ်းတမ်းတဲ့ ဆောင်းရာသီ ပင်လယ်ပြင် ထဲမှာ မြေထဲ ပင်လယ်ကို ဖြတ်ပြီး အန္တရာယ် ကြီးလှတဲ့ ခရီး ကို လှေနဲ့ သွားနေ ကြတဲ့ ရွှေ့ပြောင်း အလုပ်သမား ၁ ထောင်ကျော်ကို အီတလီ ရေတပ် ၂၄ နာရီ အ တွင်း ကယ်ဆယ် ခဲ့တဲ့ အကြောင်း အီတလီ ရေတပ်က ပြောပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်း တခုတည်း မှာတင် အလုပ် သမားပေါင်း ၈၃၂ ယောက်ကို ကယ်တင် ခဲ့ရပြီး၊ နောက်တကြိမ် မှာတော့ ၂၃၃ ယောက် ကို ကယ်တင် နိုင်ခဲ့တဲ့ အကြောင်း အီတလီ ရေတပ်က သောကြာနေ့ မှာ ထုတ်ဖော် ပြောဆို ခဲ့တာပါ။

ခုလို ကယ်တင် နိုင်ခဲ့တဲ့ သူတွေ ထဲမှာ အာဖရိက၊ တောင်အာရှ နဲ့ အရှေ့ အလယ်ပိုင်း ဒေသ တွေက အမျိုးသား၊ အမျိုးသမီး တွေနဲ့ ကလေး ငယ်တွေ ပါဝင်တဲ့ အကြောင်းလည်း အီတလီ နိုင်ငံက ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်း ကလည်း အီတလီ နိုင်ငံဟာ ဒေသတွင်း ကင်းလှည့် စောင့်ကြည့်မှု တွေကို တိုးမြင့် လုပ်ဆောင် ခဲ့တာပါ။

Lampedusa မြို့အနီး ရွှေ့ပြောင်း အလုပ် သမားတွေ အပြည့်ပါ လာတဲ့ လှေနစ်မြှုပ် ခဲ့လို့ လူပေါင်း ၃၅၉ ယောက် သေဆုံး ခဲ့ရတဲ့ ဖြစ်ရပ် နောက်ပိုင်း ကစလို့ ခုလို တိုးမြင့် လုပ်ဆောင်လာ နေတာပါ။ ပို မို ကောင်းမွန်တဲ့ ဘ၀သစ် တခု ရှာဖွေဖို့ မျှော်လင့်ချက်နဲ့ ဥရောပ ဒေသကို ထွက်ခွာ လာသူတွေ အတွက် အီတလီ နိုင်ငံဟာ အဓိက လမ်းဆုံမှာ ရှိနေတာပါ။

အာဖရိက ဦးချိုဒေသ နဲ့ ဆီးရီးယား နိုင်ငံတွေမှာ လူ့အခွင့် အရေး အခြေ အနေတွေ ပိုမို ဆိုးရွား လာနေ တာကြောင့် ဥရောပ နိုင်ငံ တွေမှာ ခိုလှုံဖို့ ထွက်ပြေး သူတွေ များပြား လာနေတယ် လို့လည်း အီတလီ အာ ဏာပိုင်တွေက ပြောပါတယ်။

RB News
4.1.2014

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပြို လက်ဝဲ မြို့နယ်ခွဲတွင် ၂၀၁၃ ဒီဇင်ဘာလ ၂၈ ရက်နေ့ နေ့လည်ပိုင်းက မောင်တော မြို့နယ်၊ ကျောက်တော် မြို့နယ် တို့မှ တဆင့် တရားမ၀င် ၀င်ရောက် လာသော ဘင်္ဂလီ- ရခိုင် အိမ်ထောင်စု ၁၆ စု (လူဦးရေ ၆၆ ဦး) ကို မြန်မာ အစိုးရ၏ နတလ အထူး စီမံကိန်းဖြင့် တောင်ပြို လက်ဝဲ မြို့နယ်ခွဲတွင် စားဝတ် နေရေး အထူး အစီအစဉ် အနေဖြင့် နေရာချ ထား ပေးခဲ့ကြောင်း သိရှိ ရသည်။ ၂၀၁၂ ခုနှစ် သြဂုတ်လ တွင်လည်း ဘင်္ဂလား ဒေ့ရှ် နိုင်ငံ၊ ဘာဒေါရ် ဘောန် (ဘင်ဒရိုဘင်) ခရိုင်၊ အာလီ ကောဒမ် မြို့နယ်မှ ဘင်္ဂလီ- ရခိုင်နှင့် ဘင်္ဂလီ- မြို အိမ်ထောင်စု ၄၄ စု ၀င်ရောက် လာခဲ့ရာ နယ်စပ် ဒေသ ရေးရာ ၀န်ကြီး ဌာနမှ အထူး အစီအစဉ် ဖြင့် တောင်ပြို လက်ဝဲ မြို့နယ်ခွဲတွင် နေရာချ ထားပေး ခဲ့သည်။ နယ်စပ် ဒေသ ရေးရာ ၀န်ကြီး လက်အောက် ခံ နတလ ဦးစီးဌာန (နယ်စပ် ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာန) မှ နိုင်ငံတော်၏ အထူး ပေါ်လစီ တစ်ရပ် အနေဖြင့် ထိုသို့ ၀င်ရောက် လာသည့် ဘင်္ဂလီ ဗုဒ္ဓဘာသာ ၀င်များကို နှစ်ထပ် လုံးချင်းအိမ်များ၊ ရေ တွင်း၊ ရေတုံ ကင်များ၊ လယ်ယာမြေ များနှင့် အခြား လူမှု စီးပွားရေး ဆိုင်ရာများ ထောက်ပံ့ ပေးနေသည့် အပြင် စားရေး သောက်ရေး အတွက် ၃ နှစ် အာမခံ ပေးထားကြောင်း သိရှိ ရပါသည်။ 

၂၀၀၇ ခုနှစ်တွင် တောင်ပြို လက်ဝဲ မြို့နယ်ခွဲ၍ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု (၁၀) ခု၌ ဘိုးဘွား စဉ်ဆက်က ပိုင်ဆိုင် လုပ်ကိုင် လာသော ဒေသခံ ရိုဟင်ဂျာ တိုင်းရင်းသား များ၏ အိမ် ယာမြေ၊ တောင် ယာမြေ၊ တောင်ကုန်းမြေ၊ ပုဇွန်ကန်နှင့် အခြား ပိုင်ဆိုင်မှု များကို ဒေသ ဆိုင်ရာ အာဏာပိုင် များက အစိုးရ၏ နတလ အထူး စီမံကိန်း အတွက် ဆိုကာ အတင်း အဓမ္မ သိမ်းပိုက် ခဲ့သည့် အပြင် အမှတ် (၂)၊ (၃) နှင့် (၄) ရပ်ကွက် များရှိ ရိုဟင်ဂျာ များ၏ နေအိမ် များကို အတင်း အဓ မ္မ ပြောင်းရွှေ့ ခိုင်းပြီး၊ ပြည်မမှ ဗမာ လူမျိုး များနှင့် အခြား လူမျိုး များကို ခေါ်ဆောင် လာပြီး၊ ရိုဟင်ဂျာ များ၏ မြေပေါ်တွင် လုံးချင်းအိမ် အလုံး ၁၂၀ ဆောက်၍ ပေးခဲ့သည့် အပြင်၊ ထော်လာဂျီ၊ ဆိုက္ကား၊ အပ်ချုပ်စက်၊ ရိက္ခာ၊ ထောက်ပံ့ကြေးငွေ၊ တစ်အိမ်ထောင်လျှင် လယ် ၂ ဧကနှင့် အခြား ပစ္စည်းများကို အာဏာပိုင် များက ရိုဟင်ဂျာ များထံမှ လုယက်ပြီး ပြည်မမှ ခေါ်ဆောင် လာသူ များကို ပေးခဲ့သည်။ 

တောင်ပြို လက်ဝဲ မြို့နယ်ခွဲရှိ ရပ်ကွက် များမှ သိမ်းဆည်း ခံရသည့် အပြင် ကျေးရွာ အုပ်စု ၁၀ စုရှိ တစ် အုပ်စုမှ လယ်ယာမြေ ၂၄ ဧကစီ - စုစုပေါင်း ၂၄၀ ဧက သိမ်းဆည်း၍ ပြည်မမှ ခေါ်ဆောင်လာသူ များ ကို ခွဲဝေ ပေးခဲ့သည်။ 

ထိုကဲ့သို့ နတလ အိမ်ခြေ များအတွက် ရိုဟင်ဂျာ များပိုင်ဆိုင်သည့် ပစ္စည်းများ သိမ်းဆည်း ခဲ့သည့် အပြင်၊ ယခင် ကလည်း နစက၊ စစ်တပ်၊ ရဲ၊ မယက၊ ထောက်လှမ်းရေး၊ မြေစာရင်း၊ စည်ပင်နှင့် အခြား ဌာန များက ဒေသခံ ရိုဟင်ဂျာ များဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာသည့် လယ်ယာမြေ၊ အိမ် ယာမြေ၊ တောင် ယာမြေ၊ တောင်ကုန်းမြေ၊ ပုဇွန်ကန်နှင့် အခြား ပိုင်ဆိုင်မှု များကို အတင်း အဓမ္မ မတရား သဖြင့် သိမ်း ဆည်း ခဲ့ပြီး၊ ယခု အချိန်ထိ အာဏာပိုင် များ၏ ကိုယ်ကျိုး အတွက် အသုံးပြု လျက်ရှိသည်။ 

နစက ဖျက်သိမ်း ပြီးနောက်၊ နစက၏ နယ်မြေ စခန်း အသီးသီးသို့ ရောက်ရှိ လာသော လုံထိန်း တပ်ရင်း များမှ တပ်ဖွဲ့ဝင် များသည် နစကမှ သိမ်းဆည်း ခဲ့သည်တွင် ပါဝင်သည်ဟု ပြောဆို၍ ဒေသခံ ရိုဟင်ဂျာ များလက်ဝယ်ရှိ လယ်ယာမြေ များကို ကျူးကျော်လျက် ရှိသည်။ ရဲတပ်ရင်း အမှတ် (၃၇) မှ ရဲတပ်ရင်းမှူး ဒုရဲမှူး မိုးညိုနှင့် တပည့်များ၊ စခန်း (၆)၊ (၇)၊ (၈) နှင့် နယ်မြေ (၄) အပိုင်ရှိ စခန်း (၉)၊ (၁၀) စခန်းမှူး များသည် ဒေသခံ များ၏ လယ်ယာမြေ၊ ပိုင်ဆိုင်မှု ပစ္စည်း များကို ပစ်မှတ် ထား၍၊ ပိုင်ဆိုင်သူ များကို ၎င်းတို့၏ စခန်း အသီးသီးသို့ ခေါ်ယူ၍ “မင်းတို့ လုပ်နေတဲ့ လယ်ယာမြေ တွေက ငါတို့ ရဲတပ်ရင်းက ပိုင်ဆိုင်တဲ့ လယ်ယာမြေ တွေဖြစ်တယ်။ အဲဒါကြောင့် မင်းတို့ အနေနဲ့ လယ်တစ်ဧကကို စပါး တင်း ၁၀၀ စီပေးရမယ်။ မပေးရင် သေနတ်နဲ့ ပစ်မယ်” ဟု ခြိမ်းခြောက်မှု များပြုလုပ် ကြောင်း ဒေသခံ များက RB News သို့ ပြောပါသည်။ 

“ကျွန်တော်တို့ရဲ့ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ မြေယာတွေကို အာဏာပိုင် တွေက မကြာခဏ မ တရား သဖြင့် သိမ်းဆည်း နေတဲ့ အတွက် ကျွန်တော်တို့ ဒေသခံ တွေရဲ့ စားဝတ် နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ ဘာသာရေး ကိစ္စတွေ ဆောင်ရွက် ရမှာ အခက် အခဲ မျိုးစုံ၊ အကျပ်အတည်း မျိုးစုံ ကြုံတွေ့ နေရတဲ့ အပြင် ဒေသခံ တွေရဲ့ လူမှု ဘ၀က အဖက်ဖက်မှာ တစ်ရက်ထက် တစ်ရက် နိမ့်ကျ လာတယ်၊ မနေ့ တနေ့က ရောက်လာတဲ့ လုံထိန်းတွေက ကျွန်တော်တို့ရဲ့ လယ် ယာမြေ တွေရဲ့ ပိုင်ရှင်တွေ ဖြစ်သွားသလား?” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။ 

ယခု အခါ ဘင်္ဂလား ဒေ့ရှ်မှ ၀င်ရောက် လာသော ဘင်္ဂလီ- ရခိုင် များကို နိုင်ငံတော်မှ အထူး စီမံကိန်း ဖြင့် ဒေသခံ များ၏ လယ်ယာမြေ၊ အိမ်မြေ များကို လုယက်၍ စားဝတ် နေရေးပါ အစစ အရာရာ တာဝန် ယူ ဆောင်ရွက် ပေးနေသည့် အပြင် ဒေသခံ များ၏ ကျန်ရှိနေသည့် ပိုင်ဆိုင်မှု များကိုပါ သိမ်းဆည်း လျက် ရှိ သည်။ တောင်ပြို လက်ဝဲ မြို့နယ်ခွဲ ဆက်သွယ်ရေး တာဝန်ခံ ဦးထွန်းထွန်းဝင်းက “မင်းတို့ ကု လားတွေ ဘင်္ဂလားကို ထွက်သွား” ဟု ခြိမ်းခြောက် ပြောဆိုမှု များလည်း ပြုလုပ် လျက်ရှိသည်။ ထို့အပြင် ဦးထွန်း ထွန်း ၀င်းနှင့် မီးတိုက် ကျေးရွာမှ ဦးထေန်နော်န် ဒေါရ် တို့သည် ဘင်္ဂလား ဒေ့ရှ်ရှိ ဘင်္ဂလီ- ရခိုင် များ ကို မြန်မာ နိုင်ငံဘက်ကို လာပါက ရိုဟင်ဂျာ များကို မောင်းထုတ်ပြီး ပိုင်ဆိုင်သည့် ပစ္စည်းများ ရအောင် ယူပေးမည်ဟု ပြောဆိုပြီး စည်းရုံးလျက် ရှိကြောင်း သိရှိ ရသည်။ 

ဦးထွန်းထွန်းဝင်း၏ လမ်းညွန်ချက် အရ ဦးထေန်နော်န် ဒေါရ် (မာရ်မာကြီး) သည် စစ်တကောင်း တောင် တန်းသို့ သွားရောက်၍ ဘင်္ဂလီ- ရခိုင် များကို စည်းရုံး ခေါ်ဆောင်ခြင်း များပြုလုပ် နေသည့် အပြင် လျှို့ ၀ှက် လက်နက် ကိုင်အဖွဲ့ကို လည်းတည်ထောင် ထားသည်ဟု သိရှိ ရပါသည်။ 





Jack Marson
RB News
3.1.2014

စစ်တွေ မြို့တွင် အကျဉ်းကျ ခံနေ ရသော ရှေ့နေ ဦးကျော်လှအောင်အား ယနေ့ ၂၀၁၄ ခုနှစ် ဇန်န ၀ါရီ လ (၃) ရက်နေ့တွင် ရုံးတင် စစ်ဆေး

နိုင်ငံတော် သမ္မတ၏ လွှတ်ငြိမ်း ချမ်းသာ ခွင့်ဖြင့် နိုင်ငံရေး အကျဉ်းသား များနှင့် အကျဉ်းသား အများစု လွတ်မြောက် လာခဲ့သည်။ ယမန်နှစ်က ရခိုင် ပြည်နယ်တွင် ဖမ်းဆီး ခံရသည့် ရှေ့နေ ဦးကျော် လှအောင် ၊ ဒေါက်တာ ထွန်းအောင် တို့ကို လွှတ်ပေးရန် နိုင်ငံ တကာမှ တောင်းဆို နေသော်လည်း ယနေ့ အချိန်ထိ လွတ်မြောက် လာခြင်း မရှိသည်ကို တွေ့ရှိ ရသည်။ ဦးကျော်လှအောင်သည် ရခိုင် အရေး အခင်း နောက် ပိုင်းတွင် ဒုတိယ အကြိမ် အဖြစ် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့တွင် အာဏာပိုင် များ၏ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရပြီး၊ ၎င်းကို စစ်တွေ အကျဉ်းထောင်တွင် ထိန်းသိမ်း ထားသည်။ 

ဦးကျော်လှအောင်ကို အမှု (၇) မှုဖြင့် တရားစွဲဆို ထားပြီး၊ ယနေ့ အချိန်ထိ တရား စီရင်ခြင်း မရှိကြောင်း သိရှိ ရသည်။ ဦးကျော်လှအောင်၏ အမှုတွဲသည် စစ်တွေ ခရိုင် တရားရုံးတွင် မရှိဘဲ၊ နေပြည်တော် စီစစ်ရေး ကောင်စီသို့ ရောက်ရှိ နေသည်မှာ ကြာနေပြီ ဖြစ်သော်လည်း ရခိုင် ပြည်နယ်၊ ခရိုင် တရားရုံးတွင် ၎င်း၏အမှုတွဲမရှိဘဲယနေ့ရုံးတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဦးကျော်လှအောင်အား တရားရုံး တွင် ခေါ်ဆောင် လာကာ ရက်ချိန်းများသာ ပေးလျက် ရှိပြီး၊ နောက်ထပ် တဖန် ၂၀၁၄- ခုနှစ်၊ ဇန်န၀ါရီလ (၁၀) ရက်နေ့တွင် ရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း သတင်း ရရှိ ပါသည်။

ရှေ့နေ ဦးကျော်လှအောင် သည် အသက် (၇၄) နှစ် အရွယ်တွင် ထပ်မံ ဖမ်းဆီး ခံရခြင်း ဖြစ်ပြီး၊ ရခိုင် အရေး အခင်း နောက်ပိုင်း ၂၀၁၂ ခုနှစ် ဇွန်လ (၁၁) ရက်နေ့တွင် အကြမ်းဖက် သမား များနှင့် အဆက် အသွယ် လုပ်ခဲ့သည်ဟု မဟုတ် မမှန်သော စာရွက်များ ပြကာ၊ ၎င်း၏ နေအိမ်မှ လက်နက် သေတ္တာ နှစ် လုံး ရခဲ့သည်ဟု စွပ်စွဲ ခဲ့ပြီး၊ ရခိုင် ပြည်နယ် အစိုးမှ ၎င်းအား စာရွက် စာတမ်း အတု အချို့နှင့် ခြိမ်းခြောက် ခဲ့သည်။ 

ထို့နောက် ၂၀၁၃ ခုနှစ် သြဂုတ်လ (၁၆) ရက်နေ့တွင် သမ္မတ၏ လွှတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်မြောက် လာပြီး၊ ထပ်မံ၍ တစ်ခါ ဖမ်းဆီး ခံရခြင်း ဖြစ်ပါသည်။ ဦးကျော်လှအောင်သည် ၁၉၈၆- ခုနှစ်တွင် လယ်သ မား တစ်စု၏ မြေယာ သိမ်းပိုက်ခံ ရမှု အပေါ် အမှု လိုက်ပါ ဆောင်ရွက် ခဲ့မှုကြောင့် ဖမ်းဆီး ခံရပြီး၊ ၁၉၉၀- ခုနှစ်တွင် တစ်ကြိမ် ဖမ်းဆီး ခံခဲ့ ရသူလည်း ဖြစ်ပါသည်။

ဦးကျော်လှအောင်သည် နယ်စည်း မခြား ဆရာဝန်များ အဖွဲ့ (ဟော်လန်) တွင် အုပ်ချုပ် ရေးမှူး အဖြစ် တာဝန် ထမ်းဆောင် နေစဉ် ၎င်း၏ အိမ်အား ရခိုင် အစွန်းရောက် များက လာရောက် ဖျက်ဆီးကာ၊ ၎င်း အား အယ်လ် ကိုင်ဒါး အဖွဲ့နှင့် အဆက် အသွယ် ရှိခဲ့သည်ဟု မဟုတ် မတရား စွပ်စွဲပြီး ရခိုင် ပြည်နယ် အစိုးရမှ ဖမ်းဆီး ခဲ့သော်လည်း၊ အပြစ် တစ်စုံ တရာ မရှိသောကြောင့် သမ္မတ၏ လွှတ်ငြိမ်း ချမ်းသာခွင့် နှင့် လွှတ်မြောက် လာခဲ့ခြင်း ဖြစ်ပြီး၊ ယခု ထပ်မံ ဖမ်းဆီး ခံရပြီးနောက် အမှု (၇) မှုနှင့် တရား ရင်ဆိုင် နေ ရကြောင်း သိရှိ ရပါသည်။ နိုင်ငံ တကာမှ ၎င်းအား လွှတ်ပေးရန် ဖိအားပေး တောင်း ဆို နေသော် လည်း နိုင်ငံတော် သမ္မတ၏ လွှတ်ငြိမ်း ချမ်းသာခွင့်တွင် ပါမလာ ခဲ့ကြောင်း သတင်း ရရှိပါသည်။

သို့

နိုင်ငံတော် သမ္မတကြီး
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
နေပြည်တော်

နေ့စွဲ ။ ။ ၂၀၁၄ ခုနှစ် ဇန္န၀ါရီ (၃) ရက်

အကြောင်း အရာ။ ။ ဘူးသီးတောင် အကျဉ်းထောင်မှ အကျဉ်းသား မော်နီခါန် (ခ) မူနိဖ်ခါန် လွှတ်မြောက် လာရေး အတွက် အသနား ခံခြင်း အကြောင်း ကိစ္စ။

ရိုသေ လေးစားစွာဖြင့် --

အထက် ဖော်ပြပါ ကိစ္စနှင့် ပတ်သက်၍ ကျွန်တော် ဦးမူဟာမတ် ခါန် (ခ) မျိုးသန့် (ဘ) ဦးမဲအောင်သည် အမှတ် (၁၁) ၊ ၅၄ လမ်း၊ ပုဇွန်တောင် မြို့နယ်တွင် နေထိုင်သူ တစ်ဦး ဖြစ်ပါသည်။ 

(၁) ကျွန်တော်သည် ရခိုင်ပြည်နယ်၊ ဘူးသီးထောင် အကျဉ်းထောင်တွင် ၂၀၁၂ ခုနှစ်၌ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ (၁၄၈) နှင့် ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ (၅၀၆) တို့ အသီးသီးဖြင့် ထောင်ဒဏ် (၁၀) နှစ်ချ ခံနေရသော အကျဉ်းသား မော်နီခါန် (ဘ) ဦးမဲအောင်၏ အစ်ကို အကြီးဆုံး ဖြစ်ပါသည်။ 

(၂) ကျွန်တော် အသနားခံ သူသည် ၃၀၊ ၁၂၊ ၂၀၁၃ ရက်နေ့တွင် နိုင်ငံတော် သမ္မတကြီး၏ အမိန့် အမှတ် ၅၁/၂၀၁၃ ဖြင့် ပြစ်ဒဏ် လွှတ်ငြိမ်းခွင့် အမိန့် ထုတ်ပြန် ခဲ့သည်ကို အတိုင်း မသိ ၀မ်းပန်း တစ်သာ ကြိုဆို ခဲ့သည့် အပြင် သမ္မတကြီး၏ မွန်မြတ်သော စိတ်ရင်း စေတနာ ကိုလည်း အလွန် ကြည်ညို လေးစား မိပါသည်။ 

(၃) မော်နီခါန် (ခ) မူနိဖ်ခါန် (ဘ) ဦးမဲအောင်သည် လူမမယ် ကလေး (၂) ယောက်၏ ဖခင် ဖြစ်ပြီး အိုမင်း မစွမ်း ဖြစ်နေသော မိဘ နှစ်ပါးနှင့် ညီအစ်ကို မောင်နှမ များအား ကောင်းရောင်း ကောင်းဝယ် လုပ်ကျွေး သမှု ပြုနေသော လိမ္မာ ရေးခြား ရှိသည့် လူငယ် လူလတ် တစ်ဦး ဖြစ်ပါသည်။

(၄) အပြစ်မဲ့ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခြင်း ခံနေရသော ကျွန်တော်၏ ညီ မော်နီခါန် (ခ) မူနိဖ်ခါန် သည် ထောင်တွင်း၌ စိတ်ထောင်း ကိုယ်ကြေ ဖြစ်ကာ အလွန်အမင်း မမာမကျန်း ဖြစ်နေကြောင်း ကြားသိ ရပါသည်။ 

(၅) ယခုအခါ ၎င်း၏ မိသားစုနှင့် မိဘ ညီအစ်ကို မောင်နှမ တို့သည် တစ်နေ့ တစ်ခြား အစား ဆင်းရဲ၊ အနေ ဆင်းရဲ ဖြစ်ကာ အလွန် ကြပ်တည်းသော အခြေ အနေဖြင့် လူမှု ဘ၀အဖြာဖြာ ချွတ်ခြုံကျကိန်း ဆိုက်ရောက် နေကြောင်း ကြားသိ ရပါသည်။ 

သို့ဖြစ်ပါ၍ အများ မိဘ ပြည်သူ မျှော်လင့် စောင့်စား နေသည့် အတိုင်း နောက်များ မကြာမီ နိုင်ငံတော် သမ္မတကြီးရုံးမှထပ်မံထုတ်ပြန်ကြေညာမည့်ပြစ်ဒဏ်လွှတ်ငြိမ်းချမ်းသာခွင့်အမိန့်တွင်ကျွန်တော် ၏ညီ မော်နီ ခါန် (ခ) မူနိဖ်ခါန်အား သက်ဆိုင်ရာ ထောင်အာဏာပိုင်မှ အချိန်မီ လွှတ်ပေး နိုင်ပါ ရန် ရိုသေ လေးစားစွာ အသနားခံ လျှောက်ထား အပ်ပါသည်။


(လျှောက်ထားသူ)
မျိုးသန့် (ခ) မူဟာမတ်ခါန်
အမှတ် (၁၁)၊ ၅လွှာ၊ ၅၄ လမ်း၊
ပုဇွန်တောင်မြို့နယ်။
ဖုန်း- ၀၉-၅၁၀၄၉၅၇။ ၀၉- ၄၄၈၀၁၈၇၂၀။




မော်နီခါန် (ခ) မူနိဖ်ခါန်၏ ကိုယ်ရေး အကျဉ်း

အမည် -- မော်နီခါန်(ခ) မူနိဖ်ခါန်
အဘအမည် -- ဦးအဘူတော်ယုပ် (ခ) ဦးမဲအောင်
မွေးသက္ကရာဇ် -- ၁၉၇၂ ခုနှစ်
အမျိုးသား မှတ်ပုံတင် အမှတ် -- ဘီတီဂျီ ၂၁၈၇၉၃
ယာယီ သက်သေခံ လက်မှတ် အမှတ် -- ၁၁/ ဘသတ (ယ) ၀၉၉၉၈၃
ထောင်ကျသည့် နေ့ရက်  -- ၆၊ ၈၊ ၂၀၁၂
ထောင်အမည် -- ဘူးသီးတောင် ထောင်
အဆောင် နံပါတ် -- (၁)
အခန်း နံပါတ် -- (၄)
အလုပ်ဘုတ် -- ဥယျာဉ်ပျိုး
ထောင်မကျမီ လုပ်ခဲ့သော အလုပ်အကိုင် -- AZG အမြန်ရေယာဉ်မောင်း

RB News
3.1.2014

ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ဖရုံချောင်း ကျေးရွာ အုပ်စုမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို ရဲတပ်ဖွဲ့ဝင် များက ဖမ်းဆီး၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

၂၀၁၃ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ်၊ ညောင်ချောင်း ကျေး ရွာ အခြစိုက် ရဲကင်းစခန်းမှ တာဝန်ခံ ဦးသန်းကျော်နှင့် ရဲတပ်ဖွဲ့ဝင် များသည် ညောင်ချောင်း ကျေးရွာ အနီးရှိ ဖရုံချောင်း ကျေးရွာ အုပ်စု၊ ဒူးတန်းရွာသို့ သွားရောက်ပြီး ဦးနူရ်အာမတ် (ဘ) ဦးဒေါလိလ် ရာမန် (အသက် ၃၈ နှစ်) နှင့် ဦးအဘူလ် ဟာရှိမ်း (ဘ) ဦးအဘူလ် အာမတ် (အသက် ၃၂ နှစ်) တို့ကို ဖမ်းဆီး၍ ရဲကင်း စခန်းသို့ ခေါ်ယူ သွားခဲ့သည်။ 

အပြစ်မဲ့ ဖမ်းဆီး ခံရသူ နှစ်ဦးကို ရဲကင်း စခန်းတွင် ရိုက်နှက် နှိပ်စက်ပြီး၊ တရားမ၀င် ဖုန်းသုံးစွဲ နေကြောင်း၊ မလေးရှားသို့ လူကုန်ကူး နေကြောင်းနှင့် မတရားမ၀င် တောင်ယာ လုပ်နေသည်ဟု စွပ်စွဲ ခဲ့သည်။ ထို့နောက် အဆိုပါ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ နှစ်ဦးထံမှ ငွေကျပ် တစ်သိန်းစီ ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ဒူးတန်း ကျေးရွာသည် မြို့နှင့် အလွန် ဝေးကွာသည့် နေရာတွင် ရှိပြီး၊ ဌာန ဆိုင်ရာ များနှင့်လည်း အလွန် အလှမ်းဝေး သောကြောင့် ရဲကင်း စခန်းမှ ရဲများက ၎င်းတို့ စိတ်တိုင်းကျ ပြုလုပ် လျက်ရှိသည်ဟု ဒေသခံ များမှ ပြောပါသည်။


ဇေယျာသူ
RB News
3.1.2014

ဘူးသီးတောင် ။ ။ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ မြို့နယ် ရဲစခန်းမှ ဒု-စခန်းမှူး ဒုရဲအုပ် မြတ်ထွေး သည် ဒေသခံ ရိုဟင်ဂျာ များကို မဟုတ်မမှန် စွပ်စွဲ ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိသည်ကို အထက် အာဏာ ပိုင် များထံ တိုင်ကြား သော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိသည့် အပြင် လွန်ခဲ့သည့် ရက်ပိုင်း ကလည်း ဒေသခံ ၁၀ ဦး ထံမှ ငွေကျပ် ၉ သိန်းခန့် ညှစ်ယူ ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

၂၀၁၃ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဒုရဲအုပ် မြတ်ထွေးသည် ဘူးသီးတောင် မြို့နယ်၊ ဖိုးညိုလိပ်၊ ဆေးအိုးကျ၊ ကျောက်ရံ ကျေးရွာ အုပ်စု များသို့ တရားခံများ ဖမ်းဆီးရန် အတွက် ဆိုကာ ၀င်ရောက် ခဲ့ပြီး၊ ဒေသခံ ၁၀ ဦးကို မဟုတ်မမှန် စွပ်စွဲ ခြိမ်းခြောက်၍ ငွေညှစ် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြော ပါသည်။

ထိုကဲ့သို့ ဒုရဲအုပ် မြတ်ထွေးမှ ငွေညှစ်ခြင်းနှင့် ပတ်သက်၍ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး များကို အကြိမ်ကြိမ် တိုင်တန်း ခဲ့သော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိသည့် အပြင်၊ တိုင်တန်းသူ များကို ဒုရဲအုပ် မြတ်ထွေးက အမှုဆင်၍ ဖမ်းဆီးပြီး မြို့နယ် တရားသူကြီးနှင့် ပူးပေါင်း၍ ထောင်ချ သည့် ပြု လုပ် ခြင်း များ ရှိကြောင်း ဒေသခံ များမှ ပြောပါသည်။ 

ငွေညှစ်ခံရသည့် ဒေသခံ ၁၀ ဦးမှာ -

(၁) ဦးဂျလိလ် (ဘ) ဦးအီဆုပ်၊ ဆေးအိုးကျ (ပေးရသည့်ငွေ ၃ သိန်း)
(၂) ဦးနူရ်အာမတ် (ဘ) ဦးဟာရှိမ်း၊ ဖိုးညိုလိပ် (ပေးရသည့်ငွေ ၃ သောင်း)
(၃) ဦးမာနူရ် (ဘ) ဦးအီနူစ်၊ ဖိုးညိုလိပ် (ပေးရသည့်ငွေ ၃ သောင်း)
(၄) ဦးကာမာလ်ဒိန် (ဘ) ဦးရှဘိရ်၊ ဖိုးညိုလိပ် (ပေးရသည့်ငွေ ၃ သောင်း)
(၅) ဦးအာရ်ဖတ် အာမတ် (ဘ) ဦးဆုလ်တာန်၊ ဖိုးညိုလိပ် (ပေးရသည့်ငွေ ၃ သောင်း)
(၆) ဦးလှစိန် (ဘ) ဦးမဂူလ်အလီ၊ ဖိုးညိုလိပ် (ပေးရသည့်ငွေ ၃ သောင်း)
(၇) ဦးနူရ်အာမတ် (ဘ) ဦးအမီးရ်ဟူစိန်း၊ ကျောက်ရံ (ပေးရသည့်ငွေ ၁ သိန်း ၂ သောင်း)
(၈) ဦးမာမတ် ဆီဒီးခ် (ဘ) ဦးအဒူဟာကီမ်း၊ ကျောက်ရံ (ပေးရသည့်ငွေ ၂ သိန်း)
(၉) ဦးရှမ်ရှူ (ဘ) ဦးအီနာမိန်၊ ကျောက်ရံ (ပေးရသည့်ငွေ ၅ သောင်း)
(၁၀) ဦးနဘီဟူစိန်း (ဘ) ဦးအလီဟူစိန်း၊ ကျောက်ရံ (ပေးရသည့်ငွေ ၇ သောင်း) -- တို့ဖြစ်ပါသည်။


ဇေယျာသူ
RB News
3.1.2014

ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ မောင်တော ခရိုင် အတွင်း နေထိုင် ကြသော ဒေသခံ ရိုဟင်ဂျာ လူမျိုး များ လက်ထပ်ခွင့် ရရှိရန် အတွက် အလွန် ခက်ခဲလျက် ရှိပြီး ငွေကျပ် ၂ သိန်း နီးပါး ကုန်ကျလျက် ရှိကြောင်း သတင်း ရရှိ ပါသည်။ 

ယခင်က တရားဝင် ဓါးပြ လိုင်စင်ရ ကဲ့သို့ ငွေညှစ် ခဲ့သော နစကကို ၂၀၁၃ ဇူလိုင်လ ၁၂ ရက်နေ့က ဖျက် သိမ်း ခဲ့ပြီး၊ လက်ထပ်ခွင့် ကိစ္စ များကို မြို့နယ် အုပ်ချုပ် ရေးမှူး များအား တာဝန် ပေးခဲ့သည်။ မြို့နယ် အုပ်ချုပ် ရေးမှူး များက လက်ထပ်ခွင့် ရရှိရေး အတွက် ငွေပေး ရန်မလိုဟု ပြောဆို ခဲ့သော်လည်း၊ ရပ် ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး များက ခေါင်းစဉ် အမျိုးမျိုး တပ်၍ ငွေညှစ် လျက်ရှိပြီး၊ မြို့နယ် အုပ်ချုပ် ရေးမှူး များကလည်း အရေးယူ တားမြစ်ခြင်း မရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြော ပါသည်။ 

မြန်မာ နိုင်ငံတွင် လက်ထပ်ခွင့် ရရန် လျှောက်လွှာ တင်ရခြင်းမှာ ရိုဟင်ဂျာ လူမျိုး တစ်မျိုး တည်း သာ ဖြစ် သည်။ 

ယခု အခါ လက်ထပ်ခွင့် ရရန် အတွက် -

(၁) မြို့နယ် အုပ်ချုပ် ရေးမှူး ထံမှ အမှုတွဲ ယူခ - ၅ သောင်း
(၂) ကိုယ်ဝန် ရှိ/မရှိ ဆရာဝန် ထောက်ခံချက် ယူခ - ၂ သောင်း
(၃) ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး တံဆိပ်တုံး ထုခ - ၄ သောင်း
(၄) မကဖ (ကြားစခန်းနှင့် နယ်မြေ စခန်းများ၏ အသက်ပြည့် ထောက်ခံချက်) - ၅ သောင်း
(၅) အမှုတွဲ မိတ္တူခ - ၁ သောင်း 
(၆) သတို့သား၊ သတို့သမီး စုံတွဲ ဓါတ်ပုံ ရိုက်ခ - ၅ ထောင် -- ကုန်ကျလျက် ရှိသည်။

ယခု ကဲ့သို့ ပေးဆောင် ရခြင်းမှာ ငွေညှစ် ခံရခြင်းသာ ဖြစ်ပြီး၊ နိုင်ငံတော် အစိုးရမှ ထိုကဲ့သို့ ပေးရန် သတ်မှတ် ထားခြင်း မရှိကြောင်း ဒေသခံ များမှ ပြောပါသည်။


RB News
3.1.2014

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော ခရိုင်၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ် များရှိ၊ ရပ် ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး များကို အုပ်စု တာဝန်ခံ များအဖြစ် ရာထူး ပြောင်း လဲ ပေး လိုက် ပြီး၊ ထိုသို့ ရာထူး ပြောင်းလဲခြင်းကို ရိုဟင်ဂျာ အုပ်ချုပ် ရေးမှူး များကိုသာ ပြုလုပ်ပြီး၊ ရခိုင် အုပ်ချုပ် ရေး မှူး များကို ယခင် အတိုင်း အုပ်ချုပ် ရေးမှူး များအဖြစ် ဆက်လက် ထားရှိကြောင်း သတင်း ရရှိ ပါသည်။

ဇန်န၀ါရီလ (၁) ရက်နေ့တွင် မောင်တော ခရိုင်၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ် များရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး များကို ခရိုင် အုပ်ချုပ် ရေးမှူး ဦးအောင်မြင့်စိုးနှင့် မြို့နယ် အုပ်ချုပ် ရေးမှူး ဦးကြည်စန်း တို့မှ အစည်း အဝေး ခေါ်ယူ၍ ရိုဟင်ဂျာ လူမျိုး ကျေးရွာ အုပ်စုနှင့် ရပ်ကွက် အုပ်ချုပ် ရေးမှူး များ၏ရုံး တံဆိပ်တုံး များကို သိမ်းဆည်းပြီး ရပ်ကွက်၊ ကျေးရွာ အုပ်စု တာဝန်ခံ များဟု ရာထူး ပြောင်းလဲ ခေါ်ဝေါ်ရန် သတ်မှတ် ခဲ့ကြောင်း သိရှိ ရပါသည်။

ရခိုင် လူမျိုး ကျေးရွာ အုပ်စု၊ ရပ်ကွက် အုပ်ချုပ် ရေးမှူး များကို ယခင် ရာထူး အတိုင်း ထားရှိပြီး၊ ရိုဟင်ဂျာ လူမျိုး ကျေးရွာ အုပ်စု၊ ရပ်ကွက် အုပ်ချုပ် ရေးမှူး များကိုသာ ကျေးရွာ အုပ်စု၊ ရပ်ကွက် တာဝန်ခံ များ ဟု ပြောင်းလဲ သတ်မှတ် လိုက်ခြင်း ဖြစ်သည်။ ထို့အပြင် ကျေးရွာ အုပ်စု၊ ရပ်ကွက် အုပ်ချုပ် ရေးမှူး များကို တံဆိပ်တုံး အသစ် ပေးရာတွင်လည်း ငွေကျပ် ၁၅၀၀၀ စီ ကောက်ခံ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ မောင်တော ခရိုင် အတွင်း ရပ်ကွက်၊ ကျေးရွာ အုပ်စု ၁၀၉ ခု ရှိပြီး တံဆိပ်တုံး အ တွက်ဟု ဆိုကာ ငွေကျပ် ၁၆၃၅၀၀၀ ကို ခရိုင် အုပ်ချုပ် ရေးမှူး ရုံးမှ ရယူ ခဲ့သည်။

ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး တစ်ဦးက ခရိုင် အုပ်ချုပ် ရေးမှူး ဦးအောင်မြင့်စိုးအား ရာထူး အ မည် ပြောင်းလဲ ရခြင်းနှင့် မေးမြန်းရာ “အထက် အမိန့် အရ ငါတို့ လုပ်တာ” ဟု ဖြေကြား ခဲ့သည်။ ခရိုင် အုပ်ချုပ် ရေးမှူး ဦးအောင်မြင့်စိုးနှင့် မြို့နယ် အုပ်ချုပ် ရေးမှူး ဦးကြည်စန်း တို့သည် ရိုဟင်ဂျာ လူမျိုး အုပ် ချုပ် ရေးမှူး များကို အမြဲ တစေ ဆူပူ ကြိမ်းမောင်း ဆဲဆိုကြောင်း အမည် မဖော်လိုသည့် အုပ်ချုပ် ရေးမှူး တစ်ဦးက ပြောပါသည်။ ၂၀၁၃ ခုနှစ်တွင် ကျေးရွာ အုပ်စု၊ ရပ်ကွက် အသီးသီး၌ အုပ်ချုပ် ရေးမှူး များခန့် အပ် တာဝန် ပေးရာတွင်လည်း ဖွဲ့စည်းပုံ စည်းမျဉ်းကို ဆန့်ကျင်၍ ပ-အုပ်ချုပ် ရေးမှူးနှင့် ဒု-အုပ်ချုပ် ရေးမှူး များအဖြစ် ခန့်အပ် ခဲ့သည်။ 

ရပ်မိရပ်ဖများ ကပေးခဲ့ ရသည့် တံဆိပ်ဖိုး ၁၅၀၀၀ ကျပ် အစား ကျေးရွာ၊ ရပ်ကွက် များမှ ငွေကျပ် တစ်သိန်း ငါးသောင်း မကပြန်လည် ကောက်ခံဖွယ် ရှိသည်ဟု သုံးသပ် နေကြသည်။ ယခုကဲ့သို့ရိုဟင်ဂျာ လူမျိုး အုပ်ချုပ်ရေးမှူးများကို သီးသန့် ရာထူးအမည်ပြောင်းလဲပေး လိုက်ခြင်းသည် ရိုဟင်ဂျာ လူမျိုး များကို ရပ်ကွက်အဆင့် တွင် ပင်ရာထူး မပေး ချင် တော့သောကြောင့် ဖြစ်သည် ဟုဒေသ ခံများ ကဝေ ဖန် ပြော ဆိုလျက်ရှိသည်။


ကျော်ကျော်သိန်း
ဗွီအိုအေ မြန်မာပိုင်း 
2.1.2014

နှစ်သစ်မှာ ပထမဆုံး ပြစ်ဒဏ် လွတ်ငြိမ်းခွင့် အမိန့်ကို ဒီကနေ့ ရက်စွဲနဲ့ သမ္မတက ထုတ်ပြန် လိုက်ပေမဲ့ လည်း လက်ရှိ ကျန်နေသေးတဲ့ နှစ်ရှည်နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာဖို့ မမြင်ဘူးလို့ လက်ကျန် နိုင်ကျဉ်း စိစစ်ရေးကော် မတီဝင် တစ်ဦး ကပြောပါတယ်။ အမိန့်အတိုင်း သက်ဆိုင် ရာဌာနတွေက စိစစ်ပြီးတော့ လွှတ်ပေး မှာဖြစ်တဲ့အတွက် ဘယ်သူတွေ ပါလာမယ် ဆိုတာကို အတိအကျ မပြောနိုင်ဘူးလို့ သမ္မတ ရဲ့ပြောရေး ဆို ခွင့် ရှိ သူကလည်း ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော် သိန်း က ပြောပြပါ မယ်။

၂၀၁၃ နှစ်ကုန်ပိုင်းမှာ ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်အမိန့်နဲ့ တချို့ကို ပြန်လွှတ်ပေး ခဲ့ပြီးတဲ့နောက် အခုတစ် ခါ၂၀၁၄ နှစ်သစ် အတွက် ပထမဆုံး ပြစ်ဒဏ် လွတ်ငြိမ်းခွင့် အမိန့်ကို သမ္မတက ထုတ်ပြန် လိုက်တာပါ။ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ ကို ဂုဏ်ပြုသော အားဖြင့် ပြစ်ဒဏ် လွတ်ငြိမ်း ခွင့် ပေးလိုက် တယ်ဆိုတဲ့ အမိန့်အရ သေဒဏ် ချ မျတ်ခံ ထားရသူတွေဟာ ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသတ်မရှိ) ပြောင်းလဲ ကျခံဖို့၊ နှစ်အကန့် အသတ်မရှိ နဲ့ ထောင်ဒဏ်တစ် သက်ကျ ခံနေရသူတွေ၊ ထောင် ဒဏ် နှစ် ၄၀ အထက် ကျခံနေရသူတွေ၊ ထောင် ဒဏ် နှစ် ၄၀ ထိ လျော့ပေါ့ ကျခံစေဖို့နဲ့ ထောင်ဒဏ် နှစ် ၄၀ အောက် ကျ ခံနေရ သူတွေ အနေနဲ့တော့ သူတို့ ကျခံနေရတဲ့ ထောင်ဒဏ်ရဲ့ လေးပုံတစ်ပုံ ကို လျော့ပေါ့ ကျခံစေ ကြရမှာဖြစ် ပါတယ်။

ဒီ အမိန့် အရ ဇန်န၀ါရီလ ၃ ရက်နေ့မှာ စ လွှတ်ပေးမှာဖြစ်ပေမဲ့ လွတ်မယ့် အထဲ ဘယ်လိုအကျဉ်းသားတွေ ပါမယ် ဆိုတာ ကိုတော့ မပြောနိုင်ဘူးလို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးရဲထွဋ်က ဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့က နှစ်ကြီး သမားတွေ ကို လျှော့ပေးတယ်။ နောက် အရင်နှစ်ကြီးတွေ ထဲက ကျနော်တို့ အခု လိုလေး ပုံတစ်ပုံလျော့ လိုက်လို့ရှိရင် လွှတ်ရက်နှုတ် လိုက်လို့ လွတ်လာမှာပေါ့ဗျာ။ ဘယ်သူ ဘယ်ဝါ ဆို တာ ကတော့အတိ အကျပြောလို့မရဘူး။ သူတို့တိုက်ဆိုင်စစ်ဆေးပြီးမှ ဖြစ်လာမှာပါ။ စိစစ်တော့လွှတ် မှာပါ သူတို့။"

အခု အမိန့်အရဆို ရင်တော့သူတို့ တင်ပြထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲ ကနေလွတ် လာမယ့် လူသိပ်ကို နည်းလိမ့်မယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီဝင် တစ်ဦးဖြစ် သူကို ရဲအောင်က ပြောပါ တယ်။

" ကျနော်တို့ ကြားသိရတဲ့ အမိန့် အတိုင်းဆိုရင် ကျနော်တို့ တင်ပြ ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေတော့ တစ်ယောက်မှ ပါလာဖို့ မမြင်ပါဘူးခင်ဗျ။ အဲ့အထဲမှာ ABSDF က ဒုအရာခံ ဗိုလ်ဆန်း ကိုဦး ကတော့ ပါလာနိုင် ကောင်း ပါလာနိုင်တယ်ခင်ဗျ။ ကျနော်တို့ အနေနဲ့ သူတို့ရဲ့နှစ်တွေ ကိုတော့ ပြန် တွက် ချက်နေပါတယ်။ဘာလို့မပါလာနိုင် ဘူးလဲဆိုတော့ ပြန်ကြည့်တဲ့ စာရင်းအရ ၃၅ ယောက် ကသူတို့ကို ချ ထား တဲ့ ပြစ်ဒဏ်တွေကကျွန်းတွေ၊ နှစ်၂၀ တွေ၊ တခြား ၁၀နှစ်တွေ၊ ၁၅နှစ်တွေ၊ နှစ်တွေ အများ ကြီးချ ထားတာ ဖြစ်ပါတယ်ခင်ဗျ။အခုပေးတာက လေးပုံတစ်ပုံပဲ ပေးတာဖြစ်ပါတယ်။ လေးပုံတစ်ပုံပဲ ဆိုတော့ ဥပ မာ ကျွန်းနှစ်ကျွန်း ကျထားတဲ့ သူတစ်ယာက်က နှစ်၄၀ ၂ခါစီလောက်ပဲ ဖြစ်သွားပါ့မယ်ခင်ဗျ အဲ့တော့ သူ တို့နေသားတွေနဲ့ဆိုရင် ဘယ်လိုမှမဖြစ်နိုင်ပါဘူး။"

ဒီဇင်ဘာလ ၃၀ရက်နေ့က အမိန့်အမှတ် ၅၁/၂၀၁၃ နဲ့သမ္မတက ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလို့လွတ်လာသူ ကထောင်ကျ အကျဉ်းသား ၅၀ နဲ့အချုပ် ကျနေသူက ၁၂ ဦးရှိတယ်လို့ ကိုရဲအောင် ကပြောပါတယ်။ဒါပေ မဲ့ လည်း အဲဒီ လူတွေအကုန်လုံးဟာ နိုင်ငံရေး အကျဉ်းသားတွေဖြစ် တယ်လို့ သူတို့ အနေနဲ့ မပြောနိုင် ဘဲစိစစ်ရေးကော် မတီက တင်ပြထားတဲ့ နိုင်ကျဉ်းက ခြောက်ဦးပဲပါပြီးတော့ ကျန်တဲ့လူတွေကပုဒ်မ ၅၀၅ (ခ) နဲ့ ဘာသာရေးဆိုင်ရာ လှုံ့ဆော်မှုနဲ့ စွပ်စွဲပြီးပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေဖြစ်တယ်လို့ ကိုရဲအောင် ကပြောပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အရလက်ကျန်နိုင်ငံရေးအကျဉ်းသားတွေပါလာနိုင်ဖို့အလားအလာ နည်း လှပေမဲ့လည်း ကိုရဲအောင်ကတော့ မျှော်လင့်ချက်ထားဆဲပါ။

"တကယ်လို့ သမ္မတ အနေနဲ့ ကျနော်တို့နဲ့ စိစစ်ရေးကော်မတီရဲ့ တင်ပြမှု၊နောက် စိစစ်ရေးက်ာမတီ ပါတဲ့ သူတွေ ရဲ့ တင်ပြမှုတွေ၊ နောက်တခါ တကယ် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို လိုချင် တယ်။ တိုင်းရင်းသား လူမျိုးတွရဲ့ တင်ပြမှုတွေကိုသာ တကယ်ကို လေးလေးနက်နက် စဉ်းစား မယ် ဆိုရင် သူ့အနေနဲ့ ကျနော်တို့ ကြား ထဲတုန်းက လွှတ်ပေး ခဲ့သလိုပဲ သူ့ရဲ့ လုပ်ပိုင်ခွင့် ၄၀၁/ ၁ နဲ့ လွှတ်ပေး လို့ရပါ တယ်။ ကျနော်တို့ ကတော့ မျှော်လင့်ချက် မလျော့သေး ပါဘူးခင်ဗျ။ ကျနော်တို့ကတော့ အကောင်း ဆုံးဖြစ် လာဖို့ပဲ မျှော်လင့်ပါတယ်။ ကြိုးစားနေပါတယ်ခင်ဗျ။"

ကိုရဲအောင်ကိုယ်တိုင်ပါဝင်နေတဲ့လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီဟာလည်းဆက်ရှိနေဦး မယ်ဆိုတာကော်မတီဥက္ကဋ္ဌ၀န်ကြီးဦးစိုးသိန်းကပြီးခဲ့တဲ့နောက်ဆုံးအစည်းအဝေးမှာပြောခဲ့တယ်လို့ကိုရဲအောင် က ပြောပါတယ်။

" ဇန်နဝါရီလမှာဆိုရင် ကော်မတီ အစည်းအဝေးကို ၂၀၁၄အတွက် ပထမဆုံးအကြိမ်ပြန် စ ကျင်းပတော့ မှာပါ။ ဆိုလိုတဲ့ သဘောကတော့ဗျာ။ ကျနော်တို့ စိစစ်ရေးကော်မတီ အနေနဲ့ပေါ်လာ တဲ့အလုပ်တွေ ကိုပေါ့ ဗျာ။  နိုင်ငံရေး အကျဉ်းသားနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ပေါ်လာတဲ့အလုပ်တွေကို ဆက် လုပ်နိုင်ဖို့ အ တွက် တစ်လတစ်ခါ တွေ့ဆုံညှိနှိုင်းမှုတွေ ထားရှိသွားဖို့အတွက် ဆက်လက် ထားရှိသွား မယ်ဆို တဲ့ဟာ ကိုတော့ အစည်းအဝေးမှာ ကျနော်တို့ ဥက္ကဋ္ဌကပြောသွားပါတယ်။ ဒါက ဆက်ရှိသွားဦးမှာပါ။ အဓိပ္ပါယ် ကတော့ ဗျာ ကျနော်တို့ကော်မတီ ဆက်ရှိနေဦးမယ်ဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရောက် လာဦးမယ်ဆိုတဲ့ သဘောလည်း သက်ရောက်ပါတယ်။"

အခုအမိန့်အရ ဆိုရင် ၂၀၀၄ ခုနှစ်မှာ ဖမ်းဆီး အကျဉ်းချခံခဲ့ရတဲ့ အရင် တပ်မတော်ထောက်လှမ်းရေးက အရာ ရှိတွေ ပြန်လွတ်လာ နိုင်တယ်လို့ ခန့်မှန်းတာမျိုးလည်းရှိပါတယ်။



စုမြတ်မွန်
မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြတဲ့ နိုင်ငံရေးအကျဉ်းသား တချို့ကို ပြန်လွှတ်ပေး တဲ့အပေါ် ကုလသမဂ္ဂနဲ့ UK အစိုးရတို့က ကြိုဆိုခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါ တဲ့ ခြေ လှမ်း တခု အဖြစ် ကုလသမဂ္ဂက ပြောခဲ့သလို၊ အပြု သဘောဆောင်တဲ့ အပြောင်း အလဲတွေနှစ်သစ် မှာ အ ရှိန်မြှင့် ဆက် လုပ်သွား မယ် လို့ မျှော် လင့်ကြောင်း UK နိုင်ငံခြားရေး ရုံးက ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံရေး အကျဉ်း သားလို့ ခေါင်းစဉ်တပ် မခံရပေမဲ့ ယုံကြည် ချက်ကြောင့် အကျဉ်း ကျနေ သူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြ ထား ပါ တယ်။

၂၀၁၃ ခုနှစ် မကုန်ခင်မှာ ယုံကြည် ချက်ကြောင့် အကျဉ်း ကျနေတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ကို ပြန် လွှတ်ပေး ပါ မယ်လို့ သမ္မတ ဦးသိန်း စိန်က ကတိပေး ထား တာနဲ့အတူ ၂၀၁၃ ခုနှစ်ရဲ့ နောက် ဆုံးရက် မှာပဲ သမ္မတ ဦး သိန်းစိန်က လွတ်ငြိမ်း ခွင့် ထုတ်ပြန် ခဲ့ပါတယ်။

အဲဒီ ထုတ်ပြန်ချက် အရ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ အကြည်ညို ပျက်အောင် ပြုလုပ် မှု၊ နိုင် ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပါ ပြစ်မှု များ၊ ငြိမ်း ချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်း ချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြစ်မှုများ၊ အ များ ပြည်သူ၏ အကျိုး ပျက်စီးစေမှုနဲ့ ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေပါ ပြစ်မှုများ စတဲ့ ပုဒ် မတွေနဲ့ ဒီဇင်ဘာ ၃၁ ရက်မတိုင်ခင် ပြစ်ဒဏ်ခံနေရသူတွေ၊ ကြားနာ စစ်ဆေးဆဲ ခံနေရသူတွေအပြင် စုံ စမ်း အရေး ယူဆဲ ခံနေရ သူတွေအားလုံးကို လွတ်ငြိမ်း ခွင့်ပေး ခဲ့ပါတယ်။

ဒီလွတ်ငြိမ်းခွင့်နဲ့ ၃၁ ရက်နေ့က ရန်ကုန်နဲ့ မန္တလေး အကျဉ်းထောင်တွေကနေ ၁၂ ယောက် ထက်မ နည်း ပြန်လွတ်လာခဲ့ပါတယ်။ အင်းစိန်ထောင် ကနေ ပြန်လွတ် လာတဲ့ နိုင်ငံရေး အကျဉ်း သား ကိုရန်နိုင် ထွန်းက ပြန်လွတ်လာတဲ့အပေါ် အခုလို တုံ့ပြန်ခဲ့ပါတယ်။

“လွတ်ငြိမ်း ချမ်းသာခွင့်လို့ ပြောပေမဲ့လို့ ကျနော်တို့ အတွက်က လွတ်ငြိမ်း ချမ်းသာခွင့် မဟုတ်ဘူး။ ဒါ တရား စီရင်ရေးရဲ့ အားနည်းချက်ကို ဖာထေးတဲ့ လုပ်ရပ်တစ်ခု၊ ကျနော်တို့အကိုတွေ၊ နောက် ခင်ဗျားတို့ မီ ဒီယာတွေ အပါအ၀င် ကြိုးစားအားထုတ်မှုရဲ့ ရလာတဲ့ရလဒ်တစ်ခုလို့ပဲ မြင်တယ်။ ပြီးတော့ သမ္မတကို တစ်ခုတော့ ကျနော်တို့ လေးစားတယ်။ သမ္မတက ဒီတခါမှာတော့ အခါတိုင်းထက် မြန်မာပြည်မှာ သူ့ရဲ့ သက် တမ်းကာလမှာ ကတိမတည်ခဲ့ဖူးဘူးဗျ။ ဒီတကြိမ်မှာ ကတိတည်ခဲ့တာကိုတော့ ကျနော် တို့ လေးစား တယ်လို့ ပြောချင်ပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံ အနှံ့မှာရှိတဲ့ အကျဉ်းထောင်တွေ ကနေ လာမယ့် ရက်တွေမှာ ထပ်ပြီး လွတ်မြောက်လာကြဖို့ ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသား အရေး ဆောင်ရွက်နေ သူတွေ က မျှော်လင့်ရပါ တယ်။ နိုင်ငံရေး အကျဉ်း သား များ စိစစ်ရေးကော်မတီ ရဲ့စာရင်းအရ နိုင်ငံရေးနဲ့ နွယ်နေတဲ့ အမှုတွေကြောင့် လက် ရှိထောင်ဒဏ် ကျနေသူတွေ ရော အ ချုပ်ကျနေသူတွေပါ စုစုပေါင်း ၂၀၀ ကျော် ရှိတယ် လို့ ပြောပါ တယ်။

အခုလို နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကုလသမဂ္ဂကတော့ ကြိုဆိုလိုက် ပါ တယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Martin Nesirky က အင်္ဂါနေ့ သတင်းစာရှင်းပွဲမှာ အခုလို ပြောကြားသွားပါတယ်။

“သမ္မတ ဦးသိန်းစိန်က နိုင်ငံရေး အကျဉ်း သားတွေကို လွတ်ငြိမ်းခွင့် ပေးခဲ့တဲ့ အပေါ် ကုလသမဂ္ဂ လူ့အခွင့် အရေး ဆိုင်ရာ မဟာမင်း ကြီးရုံးက ကြိုဆိုခဲ့ပါတယ်။ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းတွေ အတွက် အရေး ကြီး တဲ့ ခြေလှမ်းဖြစ် သလို၊ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေရဲ့ ပြဿနာ ကို ဖြေရှင်း တဲ့နေရာမှာ သိ သာ တဲ့ တိုးတက်မှုတွေ ရှိတယ် ဆိုတာကို ပြသ တဲ့ခြေလှမ်းအဖြစ် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်း ကြီးရုံး က ချီးကျူး ခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတရဲ့ လွတ်ငြိမ်း ခွင့်ထဲမှာ ရခိုင်ပြည်နယ် ဘူးသီးထောင် အ ကျဉ်းထောင် ထဲမှာ အကျဉ်းကျနေတဲ့ လူ့အခွင့်အရေးဆောင်ရွက်သူ NGO အမှုထမ်း ၃ ယောက် မပါတဲ့ အပေါ် စိတ် မကောင်းကြောင်းလည်း ပြောပါတယ်။ သူတို့ကိုလဲ ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသား စိ စစ်ရေးကော် မတီအနေနဲ့ ကျန်ရှိနေတဲ့ အမှုကိစ္စတွေကို ဆက်ပြီး ရှင်းနိုင်ဖို့အတွက် အစိုးရဘက်က အာမခံချက်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တောင်းဆိုလိုက်ပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Martin Nesirky ဖြစ်ပါတယ်။ အလားတူ UK နိုင်ငံခြားရေး ရုံးဝန်ကြီး Hugo Swire ကလည်း ကြေညာချက် ထုတ်ပြန်ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်း ခွင့်အရ လာမယ့် ရက်ပိုင်းတွေမှာ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်လာမယ့်အပေါ် ကြိုဆိုနေမယ့် တချိန် တည်း မှာ ပဲ နိုင်ငံရေး ကိစ္စတွေနဲ့ ဆက်နွယ်ပြီး အဖမ်းခံ ထားရပေမဲ့ နိုင်ငံရေးပုဒ်မ တပ် မခံရ သူတွေ ရှိနေသေး တယ်လို့ Mr. Swire က ပြောပါတယ်။

ဒီ ကိစ္စကို အစိုးရနဲ့ လူထု အခြေပြု အဖွဲ့တွေက ဆက်ပြီး ဖြေရှင်းပေးကြဖို့ သူက တိုက်တွန်းပါ တယ်။ မြန် မာနိုင်ငံမှာ နိုင်ငံရေး လှုပ်ရှား သူတွေကို ဆက်လက် ဖမ်းဆီး ထောင်ချနေတဲ့အပေါ်မှာ စိုးရိမ်ကြောင်းလည်း သူက ပြောပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေ သူတွေအဖြစ် အသိအမှတ်ပြု ခံထားရတဲ့ Dr. ထွန်းအောင်နဲ့ ဦးကျော်လှအောင်တို့ ၂ ယောက်ကို လွှတ်ပေး ဖို့လည်း သူက အထူးတောင်းဆိုပါတယ်။

ကျန်ရှိနေ တဲ့ နိုင်ငံရေးမှုတွေကို သုံးသပ်နိုင်ဖို့ အား လုံးပါ ဝင်ပြီး မြင်သာ ထင်သာရှိတဲ့ လုပ်ငန်းတွေနဲ့ ဆက် လုပ် သွားနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ကြေညာချက်မှာ ပြောကြားထားပါတယ်။ ငြိမ်းချမ်း လွတ် လပ်စွာ ဆန္ဒ ထုတ်ဖော်ပြောဆိုတာ အသင်းအပင်း ဖွဲ့စည်း တာဟာ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ လူ့ဘောင် အတွက် အခြေခံ ကိစ္စတွေ ဖြစ်တယ် ဆိုတာကိုလည်း UK နိုင်ငံခြားရေး ရုံးဝန်ကြီး Hugo Swire ရဲ့ ကြေညာ ချက် ထဲမှာ ထောက်ပြ ထားပါတယ်။

နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက စိစစ်ပြီး ပြန်လွှတ်ပေးဖို့ သမ္မတဆီ တင်ပြထားသူ ၅၀ ကျော်ရှိ ပါတယ်။ ၃၁ ရက်နေ့က လွတ်လာသူတွေထဲမှာ အားလုံး မပါသေးပေမဲ့ သမ္မတအမိန့် အရ ပြန်လွှတ်ပေး ရ မယ့် သူတွေကို စိစစ်နေပြီး နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွတ်လာမှာပါလို့ သမ္မတရုံး ညွှန် ကြားရေး မှူး တယောက်ဖြစ်တဲ့ ဦးဇော်ဌေးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

RB News
31.12.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ အမှတ် (၆) နယ်မြေ အပိုင်ရှိ ဇင်ပိုင်ညှာ ကျေးရွာ အုပ်စု အခြေခံ ပညာ မူလတန်း လွန်ကျောင်းမှ ကျောင်းအုပ်ကြီး ဦးစောလွင်က UNICEF မှ ကျောင်းသား/သူ များအတွက် ပေးသည့် ထောက်ပံ့ကြေး များကို ဖြတ်စား ခဲ့ကြောင်း သတင်း ရရှိ ပါသည်။

မောင်တော မြို့နယ်၊ ဇင်ပိုင်ညှာ ကျေးရွာ မူလတန်း လွန်ကျောင်းတွင် ကျောင်းအုပ်ကြီး ဦးစောလွင် အပါအ၀င် အစိုးရခန့် ဆရာ (၄) ဦးနှင့် ဆရာမ (၇) ဦး ရှိသည်။ ဒေသခံ ရိုဟင်ဂျာ ဆရာ (၂) ဦး အပါအ၀င် စုစုပေါင်း ၁၃ ဦး ဖြစ်သည်။ ကျောင်းသား/သူ ပေါင်း ၅၇၀ ဦးရှိပြီး စာသင်ခန်း မလုံလောက် မှုကြောင့် နှစ်ချိန် ခွဲ၍ မနက်ပိုင်းနှင့် ညနေပိုင်း သင်ကြား လျက်ရှိသည်။ 

၂၀၁၃ ခုနှစ် ပညာ သင်နှစ် အတွက် UNICEF (ကမ္ဘာ့ ကုလ သမဂ္ဂ ကလေးများ ရန်ပုံငွေ) မှ မောင်တော မြို့နယ် တစ်ခုလုံးရှိ မူလတန်း ကျောင်းသား/သူ များအတွက် ကျောင်းဝင်ကြေး၊ လွယ်အိတ်၊ ဖတ်စာအုပ်၊ ဗလာ စာအုပ်၊ ကျောင်းသုံး ကိရိယာနှင့် အခြား ကျောင်းသုံး ပစ္စည်းများ ထောက်ပံ့ ပေးသည့် အပြင်၊ ကျောင်းသား/သူ တစ်ဦးချင်းစီ အတွက် ငွေကျပ် ၁၀၀၀ စီပါ ထောက်ပံ့ ခဲ့သည်။ 

ဇင်ပိုင်ညှာ မူလတန်း လွန်ကျောင်းရှိ ကျောင်းသား/သူ ၅၇၀ အတွက် ထောက်ပံ့ ပေးသည့် ကျောင်းသုံး ပစ္စည်း များနှင့် ငွေကျပ် ၁၀၀၀ စီမှ ကျောင်းသုံး ပစ္စည်း အချို့နှင့် ငွေကျပ် ၅၀၀ စီကို ကျောင်းအုပ်ကြီးမှ ကျောင်းသား/သူ များကို ပေးအပ် ခဲ့ပြီး၊ ကျန်သည့် ကျောင်းသုံး ပစ္စည်း များနှင့် ငွေကျပ် ၅၀၀ စီကို ကျောင်းအုပ်ကြီး ဦးစောလွင် အလွဲသုံးစား ပြုလုပ် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

မောင်တော မြို့နယ်ရှိ ကျောင်းများသို့ ပေးအပ်သည့် ထောက်ပံ့ကြေး အများစုမှာ ကျောင်းအုပ်ကြီးများ အလွဲသုံးစား ပြုလုပ် လိုက်ပြီး ကျောင်းသား အနည်းငယ်သာ လက်ခံ ရရှိကြောင်း သိရှိ ရသည်။


ဇေယျာသူ
RB News
31.12.2013

ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အခြေစိုက် အမှတ် ၅၆၄ တပ်ရင်းမှ ဒေသခံ ရိုဟင်ဂျာ များကို အတင်း အဓမ္မ လုပ်အား ခိုင်းစေမှု များပြုလုပ် လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။ 

ဘူးသီးတောင် မြို့နယ် အခြေစိုက် အမှတ် ၅၆၄ တပ်ရင်းမှ ဗိုလ်ကြီး အောင်ထွေးသည် ဖောင်တော်ပြင်၊ ခြင်းသမား၊ ဒါးပိုင်ဆရာ၊ မီး/ဈေး၊ ပုလဲတောင်၊ မော်နူရွာ၊ မီး/ဈေး ရွာသစ် တို့တွင် အုပ်ချုပ် ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူး များနှင့် ပူးပေါင်း၍ ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့ တို့တွင် အသက် ၁၀ နှစ်မှ ၆၀ နှစ်ကြားရှိ ဒေသခံ ရိုဟင်ဂျာ များကို အတင်း အဓမ္မ ခေါ်ယူ၍ လုပ်အားပေး ခိုင်းခြင်းများ ပြုလုပ် လျက်ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့ များတွင် အနည်းဆုံး လူ ၁၀ ဦးမှ ၅၀ ဦးအထိ သွားရပြီး၊ စပါး ရိတ်ခိုင်းခြင်း၊ မြေတူးလမ်း များဖောက်လုပ် ခိုင်းခြင်း၊ အ၀တ်လျှော် ခိုင်းခြင်းများ ပြုလုပ် ခိုင်းကြောင်း သိရှိ ရပါသည်။ 

အကယ်၍ တောင်းခံသည့် လူဦးရေ အရေ အတွက် အတိုင်း မသွားနိုင်ပါက ရွာသား များမှ လူတစ်ဦးစာ အတွက် ငွေကျပ် ၃၀၀၀ မှ ၆၀၀၀ အထိ ဒဏ်ငွေ အဖြစ် ပေးဆောင် ရကြောင်း သိရှိ ရသည်။ 

ထိုကဲ့သို့ အတင်း အဓမ္မ ခိုင်းစေမှု များကို တပ်မမှူး၊ ဗျူဟာမှူးနှင့် မြို့နယ် အုပ်ချုပ် ရေးမှူး များကို အကြိမ်ကြိမ် တိုင်တန်း ခဲ့သော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိကြောင်း ဒေသခံ များက ပြောပါသည်။


Rohingya Exodus