နောက်ဆုံးသတင်း/ဆောင်းပါးများ

ထိုင်းပြည်သူများမှ ရိုဟင်ဂျာဒုက္ခသည်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်နေစဉ် (ဓါတ်ပုံ - The Nation)
ကျော်စွာဝင်း 
RB News 
23.1.2013 

ဆောင်ခလာ ။ ။ ထိုင်းနိုင်ငံသို့ရောက်ရှိ သွားသောလှေစီးဒုက္ခသည် များကို ထိုင်း စစ်တပ်မှ လူကုန်ကူးမှု ဂိုဏ်းများသို့ရောင်းချခဲ့ ပြီးနောက် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံနယ်စပ်ရှိ စခန်းများတွင် ထပ်မံရောင်းချ ရန်ထားခဲ့ရာ ထိုနေရာမှ ထိုင်းစစ်တပ်မှ ၀င်ရောက်စီးနင်းပြီး ကယ်တင်လာခဲ့သည်။ ထိုင်းစစ်တပ်အကြီး အကဲမှ လူကုန်ကူးမှုတွင် ပါဝင်သော ၎င်း၏ တပ်သားများကိုပြင်းထန်စွာ အရေးယူမည့်အကြောင်းကို မီဒီ ယာများသို့ပြောကြားခဲ့သည်။ 

အဆိုပါဒုက္ခသည်များကိုထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနတွင်ထိန်းသိမ်းထားပြီး၊ ဒေသခံပြည်သူများလာ ရောက် ကြည့် ရှူပြီး အစားအသောက်၊ အ၀တ်အထည်နှင့် အခြား လိုအပ်သော ပစ္စည်းများပေး အပ်လျက် ရှိသည်။ ထိုင်းနိုင်ငံတောင်ပိုင်းရှိ ထိုလူဝင်မှုကြီးကြပ်ရေးဌာန ရုံးများတွင် ဒုက္ခသည် များအတွက် အ လှူ ငွေ များကောက် ခံလျက်ရှိကြသည်။ 

ထို့အပြင် ထိုင်းနိုင်ငံ အစ္စလာမစ်ဘဏ်တွင် စာရင်းဖွင့်လှစ်ပေးထားရာ ယမန်နေ့ထိ ထိုင်းဘတ်ငွေ ၂ သန်းကျော် လက်ခံရရှိပြီဖြစ်ကြောင်း ယနေ့ထုတ် Pattaya Mail တွင်ရေးသားဖော်ပြထားသည်။ 

ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ အာမရာပေါင်စာပစ်မှ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ဒုက္ခသည်များကို တတိယနိုင်ငံသို့ ပို့ပေးရေး အတွက်ဆွေးနွေးနေ သည်ဟု အဆိုပါ သတင်း တွင်ရေးသားဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာမှ ပူးပေါင်းဖြေရှင်းပေးမည့်အပေါ် သဘောထားထုတ်ပြန်ချက် 

ရက်စွဲ ၂၀၁၃ ခု၊ ဇန်န၀ါရီ ၂၀ ရက် 

(က) ကျွန်ုပ်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရိုဟင်ဂျာလူငယ်များကွန်ရက်သည် ဒီမိုကရေ စီခေတ်ပြောင်းတော် လှန် ရေး ကနဦးကတည်းက အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ပူးပေါင်းပါဝင်လျက်ရှိပြီး အမိမြန်မာနိုင်ငံ တိုး တက် ပြောင်းလဲလာမှုကို အစဉ်လိုလားခဲ့ပြီး တစ်ပါတီ အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ရခိုင် လူမျိုးဦးတည် သော ပြည်ထောင်စုမှ ခွဲထွက်ခြင်းကို ပြတ်ပြတ် သားသား ဆန့်ကျင်သွားခဲ့ပါသည်။ 

(ခ) ရိုဟင်ဂျာလူမျိုးများသည် အာရ်ကန်မြေ ပထဝီဖြစ်ပေါ်လာကတည်းက ၎င်းဒေသ၏ မူရင်း လူမျိုးဖြစ် ကြောင်း၊ ၎င်းဒေသ၏မြေပထဝီကပင် သက်သေထူလျက် ရှိနေပါသည်။ ရခိုင်လူမျိုး (မောဂ်လူမျိုး )နှင့်  ရိုဟင်ဂျာ လူမျိုးတို့၏ ရှေးပဝေသဏီကပင် တည်ရှိခဲ့သော ညီအစ်ကို ပင်ရင်းစိတ်နှင့် ဂုဏ်သိက္ခာ ပျက်စီးခဲ့ ရမှုအတွက် ကြေကွဲဝမ်းနည်းမိပါသည်။ အဖ နရမိတ်လှ၏ စိတ်ကို တမ်းတမိပါသည်။ လွတ်လပ်ရေး တိုက်ပွဲ အဆက်ဆက် ရိုဟင်ဂျာ လူမျိုးများ၏ သမိုင်းပြောင်မြောက်ခဲ့သော အမျိုး သားရေးနိုးကြား မှု ကို ရခိုင်အစွန်းရောက်လူတစ်စုနှင့် စစ်အာဏာရှင် ဘာသာရေး အယူသီး မျက်ကန်း တချို့တို့၏ စီမံကိန်းချ ရိုဟင်ဂျာလူမျိုးပြုတ် သုတ်သင်ရေးက မြန်မာ့သမိုင်းသွေးစွန်းခဲ့ရသည်။ ဒီမို ကရေစီ ပြုပြင်ပြောင်းလဲမှုနှင့် မြန်မာနိုင်ငံရေး တိုးတက်ရေးအတွက် သံသယ ဖြစ်ခဲ့ရပြီး ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသည်။ 

(ဂ) ဤအချိန်တွင် မြန်မာနိုင်ငံတိုးတက်ရေးနှင့် ဂုဏ်သိက္ခာရှိရေး၊ ဒီမိုကရေစီအတွက် အခက်အခဲမှန်သမျှ ပယ်ချရေးကို ဦးစီးဦးဆောင် ဆောင်ရွက်ပေးနေမည့် မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း ၊ ခေါင်းဆောင် များ၏ ဆောင်ရွက် ချက်ကို ကြိုဆို ထောက်ခံပြီး လက်ကမ်းတောင်း ဆိုပါသည်။ သို့သော် မြန်မာ့ သမိုင်းအမှန်တွင် ရိုဟင်ဂျာတို့၏ဖြစ်တည်မှုအမှန်ကို မည်သည့် ပယောဂမရှိစေ ဘဲ ဆောင် ရွက်စေ လိုပါသည်။ ရခိုင်ဘုရင် မင်းမြတ်များ၏ အမြော်အမြင်ကြီးမားမှု၊ ဗိုလ်ချုပ်အောင်ဆန်း ၏ ပြည်ထောင် စုစိတ်ဓာတ်ရှိမှုက သက်သေထူ လျက် ရှိနေပေသည်။ 

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာမွတ်စလင်များ၏အခွင့်အရေးကိုအသိအမှတ်ပြုခဲ့ပြီး တိုင်းရင်းသား တန်း တူ အခွင့်အရေးပေးခဲ့ဖူးကြောင်း ပင်လုံစာချုပ်က သက်သေပြုလျက်ရှိပြီး လွတ်လပ်ရေး၏ အနှစ်သာရ ပင်ဖြစ်ပါသည်။ 

(ဃ) ကမ္ဘာ့နိုင်ငံအားလုံးတွင် နာဇီဝါဒ၊ ဆာဘ်ဝါဒနှင့် လူမျိုးကြီးဝါဒကျဆုံးခဲ့ပြီး တိုးတက်နေသော ဒီမိုကရေစီ ဝါဒကိုစံနမူနာယူသင့်သည်။ တန်းတူရည်တူအခွင့်အရေးပေးပြီး ဝိုင်းဝန်း၍ အမိမြန်မာနိုင်ငံတော် တိုးတက်ရေး အတွက် ချီတက်သင့်ပြီ။ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာန လက်ထောက်နိုင် ငံခြားရေးဝန်ကြီး Kurt Campbell ၏ ၂၀၁၃ ခု ဇန်နဝါရီလ ၁၈ ရက်နေ့ မြန်မာ့နိုင်ငံရေး အခက်အခဲတို့အား ကူညီဖြေရှင်းသွားမည်ဟု ကမ်းလှမ်းမှုအား ကျွန်ုပ်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရိုဟင်ဂျာလူငယ်များ ကွန် ရက်မှ လှိုက်လှဲစွာကြိုဆိုလိုက် ပါသည်။ အဆိုပါ အခက်အခဲသည် ရခိုင်ဒေသရှိ ရိုဟင်ဂျာ တိုင်းရင်း သားပြဿနာ၊ကချင်ဒေသ စစ်ပွဲပြဿနာ၊တစ်ခြား တိုင်းရင်းသားဒေသများ အရေးနှင့် မြန်မာ့နိုင်ငံရေး အခက် အခဲ များဖြစ်ပါသည်။ အဆိုပါ ကိစ္စ အရပ်ရပ်ကို အရှိတရား၊ အမှန်တရား အတိုင်းလေ့ လာပြီး ဖြေ ရှင်း သင့်ကြောင်း တိုက်တွန်း လိုက်ပါသည်။ 


သစ္စာအောင် 
မြန်မာနိုင်ငံလုံးဆိုင်ရာ ရိုဟင်ဂျာလူငယ်များကွန်ရက် 
နေပြည်တော်

Qutub Shah 
RB News 
23.1.2013 

မောင်းတောမြို့နယ်၊ အင်းဒင်ရွာနှင့်ကျောက်ပန်းဒိုရွာများတွင် ဇန်န၀ါရီလ (၂၁) ရက်နေ့က ရခိုင်လူမျိုး များက လျှို့ဝှက် အစည်းအဝေးများ ကျင်းပခဲ့ကြောင်း သတင်းရ ရှိပါသည်။ ရခိုင်များမှ ရရှိသည့်သတင်း အရ ထိုအစည်းအဝေးများတွင် မွတ်စလင်များနှင့်အတူတကွ မနေထိုင်ရန်ဆုံးဖြတ်ခဲ့ပြီး၊ မွတ်စလင်များ ကိုသီးခြား ထားရန် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။ 

အစည်းအဝေး ဆုံးဖြတ်ချက်များကို ရခိုင်ခေါင်းဆောင်များရှိရာ ရသေ့တောင်မြို့နယ်သို့ပေးပို့၍ ရှေ့ ဆက်၍ တုန့်ပြန်မှုရရှိ သွားအောင်ကြိုးစား သွားမည်ဖြစ်သည်။ ထိုကဲ့သို့ အစည်းအဝေးများကို အခြားသော ရွာများတွင်လည်း ကျင်းပခဲ့သည်ဟု သိရသည်။ ထို့ကြောင့် ရိုဟင်ဂျာ မွတ်စလင်များသည် ရခိုင်များ၏ ကြိုတင်ပြင်ဆင် ထားသည့် စီမံကိန်းဖြစ်သည့် လူမျိုးသန့်စင်ရေးစီမံကိန်းကို ဆက်လက်အကောင်အ ထည်ဖော်မည်ကို စိုးရိမ်ပူပန်လျက် ရှိကြသည်။ 

ဇန်န၀ါရီလ (၂၁) ရက်နေ့တွင်ပင် မင်းပြားမြို့နယ်နှင့်မြောက်ဦးမြို့နယ်ရှိ လုံခြုံရေး တာဝန်ယူထားသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် လုံခြုံရေးတာဝန် ယူထားသည့်နေရာမှ ည ၇ နာရီခန့် တွင်မြို့ပေါ် သို့ပြောင်း ရွှေ့သွားကြသည်။ ရခိုင်အကြမ်းဖက်  သမားများသည် လက်နက်များကို ဘတ်စ်ကား များဖြင့် သယ်ဆောင် လျက်ရှိပြီး၊ လုံခြုံရေးတပ်ဖွဲ့ များမှလက်နက်နှင့် လိုအပ်သောကိရိယာ များထောက် ပံ့လျက် ရှိသည်ဟု မျက်မြင် သက်သေတစ်ဦးပြောကြား ချက်အရသိရပါသည်။ ရခိုင်များသည် ရိုဟင်ဂျာများအား ဇန်န၀ါရီ လ (၂၅) ရက်နေ့အတွင်း အကြမ်းဖက်တိုက်ခိုက် မည်ဟုသတင်းများ လည်း ပျံ့နှံ့ လျက် ရှိကြောင်းသိရ သည်။ ထိုသတင်းများကြောင့် ရိုဟင်ဂျာများသည် အလွန်စိုးရိမ်ပူ ပန် လျက် ရှိပြီး၊ ၎င်း တို့အတွက် လုံခြုံ ရေးနှင့် အကာအကွယ်ရရေး သည်သေရေးရှင်ရေး တမျှအရေး တကြီး လို အပ်လျက်ရှိသည်။ မြန်မာအစိုးရ အနေဖြင့်လူမျိုး သန့်စင်ရေးပြီးမြောက် သည့်အထိယခု ကဲ့သို့ လှုံ့ဆော်မှုများအား လျစ်လျူရှုနေမည်ဖြစ်သည် ဟုဒေသခံများကသုံးသပ်ကြလျက်ရှိပါသည်။

MS Anwar & RYM 
RB News 
23.1.2013 

မောင်တော ။  ။ ဇန်န၀ါရီလ (၂၀) ရက်နေ့၊ နံနက် ၁း၁၅ နာရီတွင် ဦးအောင်နိုင်ဦး ဆောင်သည့် နယ်စပ်ဒေသ ကွပ်ကဲရေး တပ်ဖွဲ့ဝင် များသည် မောင်တောမြို့နယ်၊ ရွှေဇား ကျေးရွာ အုပ်စု၊ ဂုံးနားရွာ ရှိအိမ်နှစ် အိမ် အား ၀င်ရောက် စီးနင်းပြီး မိသား စုနှစ်စု၏ အိမ်ထောင် ဦးစီးနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ - 

(၁) ဦးအမီးရ်အဟမတ် (ဘ) ဦးအရှုအလီ 
(၂) ဦးနူးရ်အစ္စလာမ် (ဘ) ဦးအဟမတ် - တို့ဖြစ်သည်။ 

အထက်ပါနှစ်ဦးကို နစကများမှငွေညှစ်၍ ရသည့်အခါ ပြန်လည်လွှတ်ပေးခဲ့သည်။ တစ်ဦးအား ထိုနေ့တွင် ပင်ပြန် လည် လွှတ်ပေးခဲ့ပြီး၊ ကျန်တစ်ဦးကို နောက်တစ်ရက် တွင်ပြန်လည် လွှတ်ပေးခဲ့သည်။ တစ်ဦး ထံ မှ ငွေကျပ် ၃ သိန်း ယူခဲ့ပြီး ကျန်တစ်ဦးထံမှ ငွေကျပ် ၅ သိန်းယူခဲ့ကြောင်း သိရပါသည်။ 

မြန်မာ အစိုးရမှ ရခိုင်ပြည်နယ်၏ အခြေအနေသည် တည်ငြိမ်အေးချမ်းနေပြီဟု အခြေအနေ ကိုစောင့် ကြည့် နေသော နိုင်ငံတကာ အသိုင်းအ၀ိုင်းများ ကိုပြောကြား  နေသော်လည်း အစုလိုက် အပြုံလိုက် ဖမ်း ဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် ဖမ်းဆီးထားသော အပြစ်မဲ့ ရိုဟင်ဂျာများကို သတ်ဖြတ်ခြင်းများ ဆက် လက်ဖြစ်ပွား နေသည့်အပြင်၊ မိန်းကလေး ငယ်များနှင့် အမျိုးသမီးများကို မုဒိန်းကျင့်ခြင်းများ လည်းမကြာ ခဏဖြစ်ပေါ် လျက်ရှိသည်။ နေ့စဉ်နေ့တိုင်းအကြောင်း အမျိုးမျိုးပြ ၍ငွေညှစ်ခြင်း များ လည်းဖြစ် ပွား လျက် ရှိသည်။ 

ထိုကဲ့သို့ ဖြစ်ပွားနေခြင်းများကို ကြည့်ခြင်းအားဖြင့် ရိုဟင်ဂျာများနှင့် ကမန်များ အပေါ်ညှင်း ပန်းနှိပ် စက် နေခြင်းမှာ အဆုံးသတ်ရန်အခြေအနေမရှိဟုယူဆရသည်။

Qutub Shah 
RB News 
23.1.2013 

ဘူးသီးတောင် ။ ။ ယမန်နေ့ည ၇ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်မှရိုဟင်ဂျာ အိမ်နှစ်အိမ်အား ရခိုင်အစွန်းရောက်များ ၀င်ရောက်၍ အကြမ်းဖက်မှု တစ်ခုဖြစ်ပွား ခဲ့သည်။ 

အမှတ် (၁) ရပ်ကွက်ရှိ မော်လ၀ီ ဦးနူရ်မိုဟာမတ်၏    နေအိမ်နှင့် အမှတ် (၁) ရပ်ကွက်နှင့် ကပ်လျက် ရှိ သော ဦးရှုနာအလီ(ဘ) ဦးယူစွတ်၏ အိမ်တို့အား ရခိုင်အစွန်းရောက် ၀င်ရောက်၍ အကြမ်း ဖက် တိုက် ခိုက်ခြင်းဖြစ်သည်။ ထိုသို့ဝင်ရောက် တိုက်ခိုက်စဉ် လျှပ်စစ်မီး ပျက်နေပြီး၊ မိသားစု ၀င်များအား ရိုက်နှက် ၍ နေအိမ်များ ရှိတန်ဖိုးရှိသော ပစ္စည်းများကို သယ်ဆောင်သွား သည်ဟု သတင်းရရှိပါသည်။ 

“မီးပျက်တာသွားကလည်း ဒီလို အကြမ်းဖက်ဖို့အတွက် မီးဖျက်လိုက်တယ်လို့ ထင်တယ်။ အခုလိုကိစ္စမျိုး ကိုအာဏာပိုင်တွေကို သွားတိုင်ရင်လည်း အရေးယူတာမျိုး လုပ်မှာ မဟုတ်တဲ့အပြင် အကြမ်းဖက်ခံရတဲ့ သူတွေကို ဖမ်းပြီးငွေညှစ်လိမ့်မယ်” ဟုဘူးသီးတောင်မြို့မှဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ဇန်န၀ါရီလ (၂၁) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် ဖူမိုင်လီရွာရှိ နစကစခန်းအမှတ် (၂၁) မှ ရွာသား နှစ်ဦးကို မလေးရှားသို့ လူပို့နေ သည်ဟု မဟုတ်မမှန်စွပ်စွဲ၍ ဖမ်းဆီးသွားသည်။ ဖမ်းဆီးခံ ရ သူနှစ် ဦးမှာ - 

(၁) ဦးလာလူး (ဘ) ဦးမူဘာရက်ဟူစိန်း 
(၂) ဦးနဇီးရ်အဟမတ် (ဘ) ဦးအဟမတ် - တို့ဖြစ်သည်။ 

ဖမ်းဆီးသွားပြီးနောက် နစကများ၏ ထုံးတမ်းအစဉ်အလာ အရ ငွေကျပ် သိန်း ၂၀ ယူ၍ပြန် လည် လွှတ် ပေးခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ်မှ မလေးရှားသို့ သွားရောက်နိုင်ရန် လူကုန်ကူးမှုများတွင် နစက နှင့်အခြားသော အာဏာပိုင်များ တိုက်ရိုက် ပါဝင်ပတ်သက်နေပြီး၊ ရခိုင်လူမျိုး လူကုန်ကူးသူများထံမှ လာဘ်ငွေယူလျက် ရှိကြောင်း သိရပါသည်။
ဦးဦးမှော်ဆရာ 
22.1.2013

၁၉၃၀ ၀န်းကျင်လောက်မှာ ဂျာမနီမှာ ဂျူးလူမျိုးဦးရေ ၆ သိန်းကျော်ရှိပြီး၊ ဒါဟာ တနိုင်ငံလုံးလူဦးရေရဲ့ ၁% သာရှိပါတယ်။ ဂျာမန် ဂျူးတွေဟာ သူတို့ကိုယ်သူတို့ ဂျာမနီနိုင်ငံသားဖြစ်ရတာကို ဂုဏ်ယူလေ့ ရှိပြီး၊ သူတို့ လူမျိုးတွေထဲက အလွန်ကျော်ကြားတဲ့ ကဗျာဆရာတွေ၊ စာရေးဆရာတွေ၊ အနုပညာရှင် တွေမြောက်မြား စွာပေါ်ထွန်းခဲ့တာပါ။ ဒါတင်မကသေးဘူး။ ပထမကမ္ဘာစစ်ကြီးမှာ ဂျာမန်ဂျူး ၁ သိန်း ကျော်ဟာ ဂျာမနီစစ် တပ်ထဲဝင်ရောက် အမှုထမ်း ခဲ့ပြီး အဲဒီထဲက မြောက်မြားစွာသော ဂျူး စစ်သားတွေ ဟာ သူရဲကောင်း ဘွဲ့တံ ဆိပ်တွေ ချီးမြှင့် ခံရတဲ့ အထိ တိုင်းပြည် တာဝန် စွမ်းစွမ်း တမံ ထမ်းဆောင် ခဲ့ကြပါ တယ်။ 

ဒါ့အပြင် ဂျာမန် ဂျူးလူမျိုးတွေဟာ အစိုးရ ဌာနတွေမှာလည်း ၀င်ရောက် အမှုထမ်းနေသလို၊ တက္က သိုလ် တွေမှာ လည်း ဆရာများ အဖြစ်အမှုထမ်းနေခဲ့ ပါတယ်။ ၁၉၀၅ ခုနှစ်ကနေ ၁၉၃၆ ခုနှစ် အတွင်း နိုဘဲလ် ဆုရခဲ့တဲ့ ဂျာမနီနိုင်ငံသား သိပ္ပံ ပညာရှင်နဲ့ အနုပညာရှင် ၃၈ ဦး ရှိတဲ့ထဲမှာ ဂျာမန်ဂျူး ၁၄ ဦး ပါဝင်တဲ့အ ထိ ဂျူးတွေဟာ ဂျာမနီနိုင်ငံအတွက် ဂုဏ်ဆောင် ခဲ့တာပါ။ လူမှုဘ၀နဲ့ စီးပွားရေးနယ် ပယ်တွေ မှာ ဂျာမန် ဂျူးတွေ အပေါ်ခွဲခြားဆက်ဆံမှု တချို့တလေ ရှိပေမဲ့လည်း သူတို့ ကိုယ်တိုင်ရဲ့ အနာဂတ်ကို ဂျာမနီနိုင် ငံ မှာ ပဲ မြှပ်နှံထားဖို့ ဆုံးဖြတ်ထားကြပါတယ်။ (ဒါကပဲကိုယ့်သေတွင်း ကိုယ်တူး မိသလား မပြော တတ် ဘူး) သူတို့ဟာ ဂျာမန်စကားကို သာပြောပြီး ဂျာမနီကို ကိုယ့်အိမ်လို ပဲသဘော ထားခဲ့ကြ ပါတယ်။ 

၁၉၃၃ ဇန်န၀ါရီလ ၃၀ ရက်နေ့ နာဇီပါတီ အာဏာရ လာပြီးနောက်ပိုင်းမှာ နာဇီ ပါတီခေါင်းဆောင်တွေ ဟာ ဂျာမန်ဂျူးတွေကို အလုံးစုံဆန့် ကျင်တိုက်ခိုက်ဖို့ ကျိတ်ပြီးဆုံးဖြတ်ခဲ့ပါတယ်။ ဒီအစီစဉ်အရ လူထု တွေပါ လက်ခံ ပါဝင်လာအောင် လုပ်ရမဲ့ လုပ်ငန်းစဉ်တွေထဲမှာ အရေးအကြီး ဆုံးအဖြစ် မီဒီယာကိုသုံးပြီး ၀ါဒမှိုင်း တိုက်ခဲ့ပါတယ်။ ထိလွယ်ရှလွယ်ဖြစ်စေတဲ့အကြောင်းအရာတွေကို စီကာပတ်ကုံးရေးသား လှုံ့ဆော်ထားတဲ့ ဂျူးမုန်းတီးရေးစာတွေ လှိုင်လှိုင်ထုတ်ဝေခဲ့ပြီး၊ 

လူကြီးရော ကလေးတွေပါ အံ့သြစရာ  ကောင်းလောက်အောင် နာဇီဝါဒမှိုင်း တိုက်မှုအောက် ကျရောက် ခဲ့ပါတယ်။ နိုင်ငံ့သမိုင်း တလျောက် ဂျာမန်များနဲ့ ဂျူးများ တသား တည်းနေ ခဲ့ကြပေမဲ့လည်း ဖက်ဆစ်နာဇီ ပါတီရဲ့ ဂျူး မုန်းတီးရေးဝါဒ မှိုင်းတိုက်ခဲ့မှုကြောင့် သူစိမ်းပြင်ပြင်ဖြစ် သွားခဲ့ကြတယ်။ (ဒီအကြောင်းကို ကျနော့်ဆောင်းပါး အပိုင်း-၁ မှာ ဖေါ်ပြခဲ့ပြီးပါပြီ။)

(ခုလို ဘုရားဟောခဲ့သယောင်ယောင် ခပ်တည်တည်နဲ့ ရွှီးခဲ့တာကိုလည်း အဲဒီအချိန်က ဂျာမန်ပညာတတ်များမျောပါခဲ့ကြပါတယ်။)



(ဂျူးတွေကို ခုလိုလူမျိုးရေးအရသာမက ဘာသာရေးအရပါ စက်ဆုပ်မုန်းတီးစိတ်ဝင်သွားအောင် လုပ်ကြံရေးသားခဲ့ပါတယ်။)
၁၉၃၃ ခုနှစ် ဧပြီလ ၁ ရက်နေ့ မှာတော့ နာဇီပါတီဝင်တွေဟာ ဂျူး စီးပွားရေး လုပ်ငန်းတွေ အသက်မွေး ၀မ်းကျောင်းမှု လုပ်ငန်းတွေကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆန့်ကျင်သပိတ်မှောက်ဖို့ စတင်ဆော်သြ ခဲ့ပါတော့ တယ်။ ဒီ သပိတ်မှောက်မှုဟာ ဂျာမန်-ဂျူးအဓိကရုန်းတြွေ ဖစ်ပွားစေပြီးဖို့ ရည်ရွယ်လုပ်ဆောင် တာဖြစ်ပြီး၊ ဂျူး မုန်းတီးရေး လှုံ့ဆော် စာတွေကိုလည်း ပြောင်ပြောင်တင်းတင်း ဖြန့်ဝေခဲ့ပါတယ်။ ဂျာ မန်-ဂျူး အဖွဲ့အစည်းကြီးက တရား ဥပဒေအရ အကာကွယ်ယူနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့၊ ဂျူး လူ မျိုး နှိပ် ကွပ်ရေးဟာ အစိုးရ ကိုယ်တိုင်ရဲ့ မူဝါဒဖြစ်နေတဲ့ အတွက်လျစ်လျူရှုခံခဲ့ရပါတယ်။ (ကျနော်တို့ဆီမှာ `သမ္မတကြီးဆီသို့ အိတ် ဖွင့်ပေးစာ´ မျိုးထင်ပါ့)။


နောက်ပြီး ၁၉၃၃ မေလမှာ `ဂျာမနီ အစိုးရ၀န်ထမ်းများ ပြင်ဆင် ခန့်အပ်တဲ့ ဥပဒေတစ်ရပ်ထုတ်ပြန် လိုက်ပြီး ဂျူး လူမျိုး ၀န်ထမ်းတွေကို အကြောင်ြး ပချက် မရှိ အလုပ်တွေက ထုတ်ပယ် လိုက်ပါတယ်။ ဒီ ဥပဒေ အရမိမိရဲ့ အဘိုးအဘွားထဲမှာ ဂျူး တစ်ယောက် ပါခဲ့ရင်တောင် ဂျူးလူမျိုး အဖြစ်သတ်မှတ် တာပါ။ အဲဒီ နောက်ပိုင်း ဂျူးလူမျိုးတွေရဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေအားလုံး တစတစ ရပ်တန့် သွား ပါပြီ။ ဂျူး လူမျိုး ၀န်ထမ်းများ အသိပညာရှင် အတတ်ပညာရှင်များ၊ ဆရာ ဆရာမများကို အလုပ်မှ အကြောင်း မဲ့ထုတ် ပယ်ကြပါပြီ။ ဒါဟာ “သွေးဖြင့်နိုင်ငံသားသတ်မှတ်မှု” ဆိုတဲ့ ခေါင်း စဉ်အောက် ကရ လဒ် တခု ပေါ့ဗျာ။


(ဒါကတော့ မြင့်မြတ်သော ဂျာမန်သွေးကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဂျူးသွေးပါသူတွေကို ၀န်ထမ်းအဖြစ်ကနေ ရပ်စဲဖို့အတွက် ထုတ်ပြန်ချက်တစ်ခုပေါ့.. )

ဂျာမန် မျိုးချစ်များဆိုသူတွေနဲ့ နာဇီပါတီဝင်တွေဟာ ဂျူးလူမျိုးပိုင်ဆိုင်ခန်းတွေ၊ စတိုးဆိုင်တွေ၊ ဆေး ခန်းတွေ၊ ရှေ့နေရုံး ခန်းတွေရှေ့မှာရပ်ပြီး `ဂျူးတွေဆီကဘာမှမ၀ယ်ရ´၊ `ဂျူးလူမျိုးတွေ ဟာ ဂျာမနီ ကိုကြမ္မာ ဆိုးတွေ သယ်ဆောင်လာတဲ့သူတွေ'ဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး စောင့်ကြပ်နေခဲ့ပါ တယ်။ ဒါ့ပြင် ဂျူးလူမျိုး ဆိုင်တွေ၊ ရုံးခန်းတွေ၊ အိမ်တွေအားလုံးကို`ဒေးဗစ်ရဲ့ကြယ်´လို့ခေါ်တဲ့ ဂျူး အမှတ် တံဆိပ်ကို လိုက် လံရေးဆွဲပြီး ကွဲကွဲပြားပြား သိသာထင်ရှားအောင် ပြုလုပ်ခဲ့ ပါတယ်။ ဒီလိုနဲ့ တဖြေး ဖြေး နိုင် ငံတ ၀ှမ်းလုံး အမျိုးသားရေးခေါင်းစဉ် တပ်ပြီး ဂျူးလူမျိုးများကို ကိုယ်ထိလက်ရောက် တိုက် ခိုက်ခြင်း၊ ဂျူး ပိုင်အိမ်တွေ၊ ဆိုင်ခန်းတွေကို တိုက်ခိုက်ဖျက်ဆီးခြင်း၊ ဂျူးလူမျိုးများနဲ့ဆက် ဆံနေဆဲ ဂျာမန် များကိုသစ္စာဖေါက်များအဖြစ် သတ်မှတ်ပြီး အပြစ်ပေးခြင်းတွေလု ပ်လာပေမဲ့ တရား ဥပဒေရဲ့ အကာကွယ်ပေးမှုကို ဂျူးတွေမရခဲ့ပါဘူး။



ဒီကြားထဲ နာဇီပါတီအာဘော် သတင်းစာတွေက `ပြည်သူ့တိုက်ပွဲ´ ဆိုတဲ့ ခေါင်း စဉ်ကြီး တပ်ပြီး ဗြောင် ကျကျမီးလောင်ရာဓါတ်ဆီလောင်းပေးပါတော့တယ်။ “ပြည်ပမှ ဂျူးအဖျက် သမားများရဲ့လုပ်ရပ် ဆိုးများ ကို ကာကွယ်ခြင်း” လို့နားထောင်ကောင်းအောင် သုံးထားပါသေး တယ်။ “လူထုအစည်းဝေး ကြီးမှ ဂျူးလူမျိုးများကို ဆန့်ကျင်ကြောင်းကြေငြာချက်” ၊ “ဂျူးလူမျိုးများကို ဆန့်ကျင်ကြ” ၊ “တိုက်ပွဲ ကို ရှောင် လွဲလို့ မရနိုင်တော့ပါ” .. စသဖြင့် လူမျိုးရေး လှုံ့ဆော်စေ တဲ့ ခေါင်းစည်းတွေ နဲ့ ပြောင်ပြောင် တင်းတင်း ထုတ်ဝေ လာပါတယ်။ ဒါ့ပြင် နိုင်ငံတကာက စာနယ်ဇင်းတွေမှာဂျာမန်ဂျူးတွေ ဖိနှပ်ခံနေရ တဲ့ အကြောင်း ဖေါ်ပြနေကြလို့ ဂျာမနီနိုင်ငံတော် ကြီးကို သိက္ခာကျအောင် ရေးသားမှုများအ တွက် လက် တုန့်ပြန် ကလှည့်စားချေ ရမယ် လို့လည်း ၀ါဒဖြန့်ပါသေးတယ်။ ဒီလိုလုပ်ဆောင်ရာမှာ လူမျိုးရေးမုန်း တီးမှု အပြင် ဘာသာရေးအရ မုန်းတီးဆန့်ကျင်စေရန်လည်းဝါဒဖြန့်ခဲ့တာပါ။



ဧပြီ ၁ ရက်နေ့ ဂျူးဆန့် ကျင်ရေးစတင်စဉ်က သူတို့ရဲ့ ရည်ရွယ်ချက်က ဂျာမနီမှာရှိတဲ့ ဂျူး လူမျိုးစီးပွား ရေးလုပ်ငန်းတွေပြိုလဲသွားဖို့ဆိုတဲ့ရည်ရွယ်ချက်သာရှိသေးတာပါ။ အစပိုင်းမှာတော့ တပြည် လုံး အတိုင်းအတာနဲ့ ဂျူးဆန့်ကျင်ရေးလုပ်ဆောင်ဖို့ ဒေသဆိုင်ရာနာဇီပါတီတစ်ခုက ဦးဆောင် လှုံ့ဆော်မှု သက်သက်နဲ့လုပ်ခဲ့တာဖြစ်ပြီး၊ ဂျာမန်ပြည်သူအများစုက ပုံမှန်အတိုင်းပဲ ဂျူးဆိုင်တွေမှာဝယ်မြဲ၊ ဂျူးတွေနဲ့ ဆက်ဆံဆဲ ဖြစ်နေပါသေးတယ်။ နောက်ပိုင်း အစိုးရကိုယ်တိုင် အတိအလင်းပါဝင်လာတော့ ရည်ရွယ် ချက်တွေ ပိုမိုကြောက်စရာကောင်းလာပြီး၊ ဂျူးလူမျိုးတွေ အားကိုးရာမဲ့ဘ၀ရောက်အောင်၊ အဘက်ဘက်က အသက်ရှင်ရပ်တည်ရန် ခက်ခဲလာပြီး နေရပ်စွန့်ခွာသွားအောင်၊ အဆုံးစွန်ထိ ဖေါ်ပြရရင်တော့ ဂျာမနီနိုင်ငံ မှာရော ကမ္ဘာပေါ်ကပါ ဂျူးလူမျိုးများ လုံးဝပပျောက်သွားစေရန်ထိ ရည်ရွယ်ချက်တွေထားလာ ပါတော့ တယ်။ ပုံမှန်ဦးနှောက်ရှိသူအတွက်ဆိုရင် ဒီလိုတွေဖတ်ရတော့ `ဂျာမန်တွေ ရူးနေလား´လို့တွေးပြီး ရယ်စရာကောင်းနေပါလိမ့်မယ်။ ဒါပေမဲ့ သေချာတွေးကြည့်တဲ့ အခါနာဇီဝါဒဖြန့်ချိမှုရဲ့ထိရောက်ပြီး ကြောက် စရာကောင်း ပုံကို သတိပြုမိပါလိမ့်မယ်။ နှစ်ပေါင်းများစွာ တမြေတည်းနေ တရေ တည်းသောက်၊ ဒိုးတူဘောင် ဖက်နေလာသူတွေ အချင်းချင်းကြားမှာ လူမျိုးမတူ လို့ ၊ ဘာသာမတူလို့ဆိုတဲ့ အကြောင်းပြ ချက်နဲ့ ကမ္ဘာပေါ်က ပျောက်ကွယ်သွားတဲ့အထိလုပ်ချင်တဲ့ ဆန္ဒတွေဖြစ်လာအောင် အမှန်တကယ် လုပ်ဆောင် နိုင်ခဲ့ပါတယ်။ 

နိဂုံးချုပ်အနေနဲ့ ကျနော်ပြောချင်တာက ဒီလုပ်ရပ်တွေဟာ ရူးသွပ်နေသူတွေရဲ့ လုပ်ရပ်တွေသာ ဖြစ်သလို၊ ဒီနေ့ခေတ်ကြီးမှာ ဘယ်လိုနည်းနဲ့မှ အောင်မြင်မဲ့လုပ်ရပ်တွေလည်း မဟုတ်ပါဘူး။ မကြာခင် အရှက်တကွဲ ကျရှုံးသွားရမှာပါ။ သို့ပေမဲ့လည်း `ခွေးလှေးခုန်လို့ ဖုန်မထပါဘူးကွာ´ဆိုပြီး ဂရုမစိုက် ဘဲနေနေ လို့မရပါဘူး။ သမိုင်းကြောင်းမှာငါတို့ဘယ်လို သွေးစည်းစွာရပ်တည်ခဲ့တယ်ဆိုတဲ့ ရှင်ပြုတုန်း က ရွှေ ထီးဆောင်း ခဲ့တဲ့ အဖြစ်အပျက်တွေကို စားမြှုံ့ပြန်ရင်း ငါတို့ကိုတော့ မလုပ်လောက်ပါဘူး လို့ စိတ် ချနေ လို့မရပါ။ အရူး တသိုက်ရဲ့လုပ်ရပ်ဆိုးကကျန်တဲ့ပြည်သူတွေအပေါ်အနည်းနဲ့အများ သက် ရောက် မှု ရှိ မှာပါ။ ကျန် တဲ့ပြည်သူတွေက ကိုယ့်အပေါ်အမြင်မစောင်းစေရန်တတ်နိုင်သမျှ ရှင်းပြနိုင် ရပါ မယ်။ အရေး ယူသည်ဖြစ်စေ၊ အရေးမယူသည်ဖြစ်စေ အစိုးရဆီကို အကြောင်းကြားပါ။ နောက်ပြီးတကမ္ဘာ လုံးကြားအောင် တတ်နိုင်သမျှ အသံကျယ်ကျယ်အော်ပါ။ ပြည်တွင်းက ဘာသာပေါင်းစုံချစ်ကြည်ရေး ကြိုးပမ်း လုပ်ဆောင်နေတဲ့ ဘာသာရေးခေါင်းဆောင်တွေကို ပံ့ပိုးကြရပါမယ်။ တစ်ခုသတိထားရမှာက ဒီနေရာမှာဒေါသ အလျောက်မတုန့်ပြန်သင့်ပါ။ သူတို့ဒီလိုလုပ်လို့ ကိုယ့်ဘက်ကဘယ်လိုတုန့်ပြန်မယ် ဆိုတဲ့အတွေးမျိုးတတ်နိုင်သမျှဖျောက်ရပါမယ်။ ဆိုးသွမ်းတဲ့လုပ်ရပ်တွေဟာ လုပ်ဆောင်နေသူတစ်စုနဲ့ သာ သက်ဆိုင်ပြီး လူအားလုံးကို ကိုယ်စားမပြုဘူးဆိုတာ အမြဲသတိချပ်သင့်ပါကြောင်း ... 

(ကျနော့်ရဲ့ ပထမဆောင်းပါးမှာ အလွန်ရှည်သွားတဲ့အတွက် ဖြုတ်လိုက်ရတဲ့ အပိုင်းကိုပြန်တင်လိုက် တာပါ။ ပုံတွေစုံစုံလင်လင်ကြည့်လိုပါက ကျနော့် FB WALL ပေါ်မှာ Album တစ်ခုလုပ်ထားပါတယ်။ မြန်မာပြည်က လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုတွေကိုပါ တခါတည်း တင်ပေးထားပါတယ်။ ဒီလင့်မှာ သွားကြည့်နိုင်ပါတယ်။ 



အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ခြင်းလော … နာဇီဖက်ဆစ်စနစ် ထူထောင်ခြင်းလော..။ (အပိုင်း - ၁)

AS 
RB News 
22.1.2013 

စစ်တွေ ။ ။ ဇန်န၀ါရီလ (၂၀) ရက်နေ့တွင် စစ်တွေမြို့၊ သဲချောင်း ဆိပ်ကမ်း သို့ ပြန် လည် ၀င်ရောက် လာ သော ရိုဟင်ဂျာ မွတ်စလင်များ၏ ငါးဖမ်းစက်လှေမှ ငါးနှင့် ပုဇွန်များအား ရဲများနှင့် ရခိုင် အစွန်းရောက် များ ကသိမ်းယူ လိုက်ကြောင်း သတင်း ရရှိပါသည်။ 

စစ်တွေမြို့၊ သက္ကေပြင်ကျေးရွာနေ ဦးဟူဆောင်းအာမတ် (ဘ) ဦးဘော်ရှီးရ်အာမတ်ပိုင်ဆိုင်သော ငါး ဖမ်းစက်လှေသည် ဇန်န၀ါရီလ (၁၅) ရက်နေ့မှ စ၍ စစ်တွေမြို့အရှေ့ဖက်မြေငူကျွန်း အဆုံးမှတောင် ဖက်နှင့် ထိုနေရာမှ အနောက်ဖက်သို့ ဦးတည်၍ ၅ ရက်ခန့် ငါးရှာဖွေပြီးနောက် (၆) ရက်မြောက်နေ့တွင် သဲချောင်း ဆိပ်ကမ်းသို့ ပြန်လည်ဝင်ရောက် လာခဲ့သည်။ ထိုသို့ ၀င်ရောက် လာစဉ်တွင် သဲချောင်း အ၀င်ဝ၊ ဗေဒါကမ်းနား၏ ကိုက် (၁၀၀) ခန့်အကွာမှ စစ်တွေမြို့မဈေးကြီးရှိ ရဲစခန်းမှ ရဲများနှင့် ရခိုင် အ စွန်း ရောက်များသည် စက်လှေ (၃) စီးဖြင့် ငါးဖမ်းလာသော စက်လှေအား တားဆီးရာ မရပ် သဖြင့်သေ နတ် ဖြင့် ပစ်ဖောက်၍ အတင်းရပ်ခိုင်းပြီး ကျပ် ၄ သိန်းခန့် တန်ဖိုးရှိသော ငါးများ၊ ကျပ် ၃ သိန်းခန့် တန် ဖိုး ရှိ သောကျောက်ပုဇွန် များနှင့် အရောင် (၇) မျိုးရှိသော ပုဇွန်များကို အတင်း  အဓမ္မသိမ်း ယူသွား ပါသည်။ 

ထို့အပြင် သဲချောင်း အ၀င်ဝအနီးတ၀ှက်ရှိ အခြားသော ရိုဟင်ဂျာများ၏ ငါးဖမ်း စက်လှေများမှ ငါး၊ ပုဇွန် များနှင့် ငါးဖမ်းပိုက်  အပါအ၀င်အခြားသော ငါးဖမ်း ပစ္စည်းများ အားလုံးကိုလည်း သိမ်းယူသွားခဲ့သည်။ 

မျက်မြင် သက်သေများ ၏ပြောကြားချက်အရ အဆိုပါရဲတပ်ဖွဲ့ဝင်များတွင် ပြည်နယ်ရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ် ဖွဲ့မှူးနှင့်အတူ အခြားသော ရဲအရာရှိများလည်း ပါဝင်သည်ဟု သိရပါသည်။ ထိုသို့ ရိုဟင်ဂျာမွတ်စလင်များ ၏ ငါးဖမ်းစက်လှေများကို ဓါးပြတိုက်သကဲ့သို့ အတင်းအဓမ္မသိမ်း ယူနေသည်ကို အနီးရှိတပ်မတော် (ရေ) မှဒုံးသင်္ဘောနှင့် သဲချောင်းကမ်းခြေရှိ နစကစခန်းများမှ နစကများမှ လည်းတွေ့မြင်လိုက်ကြောင်းသိရ သည်။ အခင်းဖြစ်စဉ်များကို အာဏာပိုင်အဖွဲ့အစည်းများ မှတွေ့ရှိသော်လည်း အရေးယူဆောင်ရွက်မှု တစ်စုံ တစ်ရာမရှိပေ။ 

ငါး၊ ပုဇွန်နှင့် ငါးဖမ်းပစ္စည်းများ သိမ်းယူခံရသော စက်လှေများပေါ်မှငါးဖမ်းသမားများမှာ - 

(၁) ဦးနူရ်စလာမ် (ဘ) ဦးမာမတ်ဆွေယော့ဒ် | ပဲ့နင်း | သက္ကေပြင် 
(၂) ဦးအစ္စလာမ် (ဘ) ဦးအူမော်ရ်မျာ | စက်ဆရာ | ဘောဒူဖ 
(၃) ဦးအဒူမာလိခ် (ဘ) ဦးအဒူဟာကိမ်း | လှေလုပ်သား | သက္ကေပြင် 
(၄) ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးမာမတ်ဂျလာလ် | လှေလုပ်သား | သက္ကေပြင် 
(၅) ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးဒိလ်မာမတ် | လှေလုပ်သား | သက္ကေပြင် 
(၆) ဦးဇီကိရ်အာမတ် | လှေလုပ်သား | သက္ကေပြင် 
(၇) ဦးအဒူရှကူရ် (ဘ) ဦးအဘူဟူဆောင်း | လှေလုပ်သား | ဘုမေဘာဆာရာ 
(၈) ဦးဟာမိတ် | လှေလုပ်သား | သဲချောင်း 
(၉) ဦးမူဘာရက် (ဘ) ဦးအဘူရှားမား | လှေလုပ်သား | သဲချောင်း 
(၁၀) ဦးဟူဆောင်းအာမတ် (ဘ) ဦးဘော်ရှီးရ်အာမတ် | စက်လှေပိုင်ရှင် 
(၁၁) ဦးအဒူရော်ဟိမ်း (ဘ) ဦးဇော်လာမတ် | လှေလုပ်သား | သက္ကေပြင် 
(၁၂) ဦးနူရ်အာမတ် (ဘ) ဦးဒူစ်မာမတ် | လှေလုပ်သား | သက္ကေပြင် - တို့ဖြစ်ပါသည်။ 

လူသား အချင်းချင်း- အလုပ်ကြမ်း လုပ် ဘို့၊ ကျေး ကျွန် အဖြစ် ခိုင်းစေဘို့၊ မတန်တဆ အခကြေးငွေ နဲ့ခိုင်း စား ဘို့ ရာ ရောင်းစား သူများကို လူကုန်ကူးသူ အဖြစ် ကမ္ဘာ့ဥပဒေကသတ်မှတ်ပြီး၊လူကုန်ကူးသူသို့မဟုတ် လူ ရောင်း စား သူများကို သက် ဆိုင်သလို ဥပဒေအရ အရေးယူခြင်းများ ရှိပါတယ်။

မြန်မာနိုင်ငံက ပင်လယ် သမုဒ္ဒရာကြီး ကို ဖြတ် သန်းပြီး အသက်လု ထွက်ပြေး လာရတဲ့ ရိုဟင်ဂျာ များ- ထိုင်း ကမ်းရိုး တန်းမှာ ဆိုက်ကပ် မိတော့- ကပ် ဆိုက် သလို ထပ်မံကြုံ ရတဲ့ အဖြစ်က ထပ်ဆင့်ရောင်းစား ခံရခြင်း များပါ။ ဒီ လူသား ချင်း ရောင်းစားတဲ့ အထဲမှာ ထိုင်းအာဏာပိုင်များပါ ပါဝင်ပတ်သက်နေ ပါတယ် ဆိုပြီး- ထိုင်းနိုင်ငံ စစ် ဦးချုပ်ကိုယ်တိုင် သတ္တိရှိရှိ ၀န်ခံလိုက် ပါတယ်။ အတိဒုက္ခရောက်နေသူများကို လူသား ချင်း မစာနာ ထပ်ဆင့် ရောင်းစားတဲ့ အတွက် စိတ်ကွက်မိပေမယ့်--၊ ဒီ အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာ ဒုက္ခသည်တွေ ကို လူသားချင်း စာနာပြီး ကူညီ ကျွေးမွေးတဲ့ အထဲမှာ ထိုင်းနိုင်ငံသား ဗုဒ္ဓဘာသာ များ ပါဝင်တဲ့ အပြင် ထိုင်းအစိုးရ ပိုင်းကိုယ်တိုင် က လူကုန်ကူးသူတွေကို မျက်နှာမထောက် အရေးယူမယ် ဆိုတော့-၊ ထိုင်းနိုင်ငံနဲ့ ထိုင်းနိုင်ငံသား ဗုဒ္ဓဘာသာ ၀င်များကို ကျေးဇူး တင် လေးစား မိပါတယ်။ မညှာတမ်းပြောရရင်- ထိုင်းနိုင်ငံသားတွေ ဟာ မြန်မာနိုင်ငံ သားတွေ ထက် စိတ် ဓါတ် ပိုမိုမြင့်မြတ်မှု ရှိလှပါတယ်။
ထိုင်းလူကုန်ကူးမှုဂိုဏ်း၏ညှင်းပန်းနှိပ်စက်ခြင်းကိုခံရသော ရိုဟင်ဂျာတစ်ဦး (ဓါတ်ပုံ - Phuket Wan)
ဒီကိစ္စမှာ ထိုင်းနိုင်ငံက ၀ိသမ လောဘသား တစ်စုမျှသာ ဥပဒေကို ချိုးဖေါက်တယ် လို့ ပြောနိုင်ပါမယ်။ တစ်ကယ် တမ်းတော့ ဒီကိစ္စရဲ့ ရာဇ၀တ်မှု ဇစ်မြစ်က မြန်မာနိုင်ငံက စတင်တာပါ။ လူသား အချင်း ချင်း ရောင်း စားတဲ့ ဈေးကွက်ကို မြန်မာနိုင်ငံက ဖန်တီးလိုက် တယ်လို့ ဆိုရမှာ ဖြစ်တယ်။ ရခိုင်ဒေသရဲ့ မူလဘူတ လူမျိုး ရိုဟင်ဂျာ များကို (၁) သူတို့ရဲ့ အိုးအိမ်များကို မီးရှို့ပြီး သူတို့ကို စခန်းသွင်း စုဆောင်း (recruit) ခဲ့တယ်။ (၂) သူတို့ကို အကြောက် တရားနဲ့ ထိမ်းချုပ်နိုင်အောင် နိုင်ငံခြားက ခိုးဝင်လာသူတွေလို့ အာဏာကို အလွဲစားလုပ်ပြီး စွပ်စွဲတယ်၊ ခြိမ်းခြောက်တယ်၊ အဓမ္မ၀န်ခံ ခိုင်းတယ်၊ သတ်မယ်-ဖမ်းမယ် ထောင် ချမယ် လို့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုများကို အဆက်မပြတ်ြ ပုလုပ်တယ်။ အကာ အကွယ် မဲ့တဲ့ ဘ၀နဲ့ ပစ်ပယ် ထားတယ်၊ အစာရေစာ ငတ် ပြတ်ဘေးများ၊ ရောဂါဘယ ထူပြောမှု ဖြစ်ပွားလာအောင် ဖန်တီးထား ခဲ့တယ်။ (၃) ကြောက်လန့်ပြီး ထွက်ပြေး ရသည့်ထိ ဖန်တီးပြီး- သူတို့ပိုင်ဆိုင်သမျှ ပစ္စည်းများကို ယူကာ- မြန်မာရေတပ် ကိုယ်တိုင်က နိုင်ငံတစ်ကာ ရေ ပိုင်နက်ထိ မောင်းထုတ် လိုက် ပါ တယ်။ ဒါတွေဟာ လူရောင်းစားခြင်း ဥပဒေနဲ့ ညိနေတဲ့ ကိစ္စရပ်များ ဖြစ်ပါတယ်။

ဒါတွေကို ဘယ်သူ လုပ်နေပါသလဲ။ ပြောနေစရာ မလိုလောက်အောင် စာဖတ်သူများ သိနေမှာပါ။ ကျွန်တော့  အနေနဲ့တော့ ဒါတွေကို မြန်မာအစိုးရ ကိုယ်တိုင် လုပ်နေတာပါလို့ ပြောလိုပါတယ်။ “ရိုဟင်ဂျာ” များ ဒုက္ခရောက် ရခြင်းက အစိုးရနဲ့ မသက်ဆိုင်ပါ- ရခိုင်လူမျိုးနဲ့ ရိုဟင်ဂျာ လူမျိုးတို့ လူမျိုးရေး ပဋိပက္ခဖြစ်ရခြင်းကြောင့်သာ ဖြစ် ရတာပါလို့ သမ္မတကိုယ်တိုင်က ဘယ်လိုပြောပြော-၊ လက်တွေ့ ဖြစ်နေ တဲ့ ကိစ္စများကိုယ်တိုင်က အစိုးရကိုယ် တိုင် တိုက်ရိုက်ပတ်သက်နေကြောင်း ကမ္ဘာ့အသိုင်းအ၀ိုင်းက သိနေပါတယ်။ ကမ္ဘာ့အသိုင်းအ၀ိုင်းဟာ ပညာမဲ့ သူများ မဟုတ်ပါ။

အကယ်၍ ရိုဟင်ဂျာ တွေ ဒုက္ခရောက်ရခြင်း အကြောင်းရင်းက ရခိုင်လူမျိုးကြောင့်သာ ဆိုရင်-၊ (၁) ပြ သနာ ဖြစ် ပေါ်ပြီး နောက်ပိုင်းမှာ မတရားသဖြင့် တရားခံများ အဖြစ် စွပ်စွဲပြီး လိုက်လံ ဖမ်း ဆီးနေတာက ဘယ်သူများပါလဲ။ (၂) နိုင်ငံတစ်ကာက ဒုက္ခသည်တွေကို ကူညီပေးလိုတာကို အကြီး အကျယ်ဟန့် တားနေတာက ဘယ်သူများ ပါလဲ။ (၃) ရိုဟင်ဂျာ တွေရဲ့ သမိုင်းအစစ်အမှန်ကို ဖျောက်ပြီး မနေ့တစ်နေ့ကမှ ၀င်လာတဲ့ ကျူးကျော်သူ ဘင်္ဂလီ များ ဖြစ်တယ်လို့ ကမ္ဘာအရပ်ရပ် လိုက်ပြောနေတာ ဘယ်သူများပါလဲ။ (၄) ရိုဟင်ဂျာတွေကို ရိုဟင်ဂျာ အဖြစ် မှတ်တမ်းမတင်ဘဲ- အတင်းအဓမ္မ ဘင်္ဂလီအဖြစ် မှတ်တမ်း တင်နေတာ ဘယ်သူများပါလဲ။ ဒါတွေအားလုံးကို ရခိုင်များကသာ လုပ်ဆောင်နေတပါလို့ အကြောင်းပြ ရင်တော့- မြန်မာနိုင်ငံရဲ့ နိုင်ငံတော် လုပ်ပိုင်ခွင့်နဲ့ ဥပဒေ ဆိုင်ရာ ဆုံးဖြတ်ခွင့်များကို ရခိုင်ဗုဒ္ဓဘာသာတွေ လက်ထဲ ၀ ကွက်အပ်လိုက်ပြီလို့ ၀န်ခံရာသာ ရောက်ပါတော့ မယ်။

ဒီလိုဆိုရင် သမ္မတဦးသိန်းစိန် ကိုယ်တိုင်က ရခိုင်ဖြစ်နေပါသလား၊ ၀န်ကြီး ဦးခင်ရီကိုယ်တိုင်က ရခိုင်ဖြစ်နေ ပါ သလား၊ ရခိုင်ပြည် နယ်မှာ လက်ရှိထမ်းဆောင်နေတဲ့ ကြည်းတပ်၊ ရေတပ်များက အရာရှိကြီးများမှ တပ်သားထိ ရခိုင်များချည်း ဖြစ်နေပါသလား။ ဆိုတာတွေ လည်း မေးစ ရာတွေ ဖြစ် လာပါလိမ့်မယ်။

ရခိုင်ဖြစ်ဖြစ်- ဗမာဖြစ်ဖြစ် လူရောင်း စားမှုရဲ့ ဇစ်မြစ်ကတော့၊ အာဏာကို အလွဲသုံးစားလုပ်ပြီး လူသား များကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်း၊ ထိုသို့နှိပ်စက်ပြီးနောက် ဓားစာခံ လူသား များကို လက် လီရောင်း မယ့် သူများထံ နည်းမျိုးစုံနဲ့ အရောက်ပို့ပေးခြင်းကို ကျူးလွန်သူ များ သာ ဖြစ် ပါတယ်။

ဒီကိစ္စ အတွက် လက်ရှိ အာဏာရ အစိုးရတွင်းက လုပ်ပိုင်ခွင့်ရှိသူများမှာ တာဝန်မကင်းသလို အတိုက် အခံ ပါတီ များမှာလည်း တာဝန်မကင်းပါ။ နိုင်ငံတစ်နိုင်ငံကို ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်များက မိမိနိုင်ငံ အတွင်း ရှိ လူမျိုးတစ်မျိုး ရဲ့ သမိုင်းအမှန်ကို မသိခြင်း ဆိုတာ မသိဟန်ဆောင်ခြင်းသာ ဖြစ်ပါတယ်။ တစ်ကယ် ရိုးရိုးသားသား မသိခဲ့ရင် လည်း ရိုးသားတဲ့ ကမ္ဘာ့သမိုင်းပညာ ရှင်များ၊ မြန်မာ့ သမိုင်း ပညာရှင် များ ကို ခေါ်ယူ တိုင်ပင်ရမှာပါ။ ကိုယ်ပြောချင် ရာ ပြောခိုင်းမယ့် သမိုင်းပညာရှင်ခံ လူသား များ ကိုသာ လက် သပ်မွေး ပြီး ဖြစ်ချင်ရာကို လျှောက်ပြောနေခြင်းက ၂၁ ရာစုမှာ အသုံးမ၀င်တော့ သလို-၊ အမှု ပတ်ခြင်း ကလည်း မလွတ်နိုင်တော့ပါ။

အခုအချိန်မှာ ထိုင်းနိုင်ငံအနေနဲ့ လူသားပီသစွာ လူရောင်းစားတဲ့ လက်လီ ရောင်းသူများကို သတ္တိရှိ ရှိ ဖေါ်နေ ပါပြီ။ မကြာမှီ လူရောင်းကုန်ထုတ်လုပ်နေတဲ့ အရင်းအမြစ်ဆီသို့ ဆိုက်ရောက် လာတော့ မှာ မလွဲတော့ပါ။

ဌေးလွင်ဦး

Qutub Shah 
RB News 
21.1.2013 

မောင်တော ။ ။ ဇန်န၀ါရီလ (၁၇) ရက်နေ့တွင် မောင်တောမြို့နယ်မှ ရွာနှစ်ရွာကို ညသန်းခေါင်ယံ ၁၂ နာရီမှ ၁း၃၀ နာရီအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှဟု ယုံကြည်ရသော ဓါးပြများ ၀င်ရောက်တိုက် ခိုက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ထို ရွာနှစ်ရွာသည် ညောင်ချောင်းရွာ အခြေစိုက် နယ်စပ်ဒေသ ကွပ်ကဲရေးရုံး နယ်မြေ (၅) နှင့် ခမောင်း ဆိတ်ရွာ အခြေစိုက် နစကနယ်မြေ (၂) တို့နှင့်ကပ် လျက်ရှိသော ရွာများဖြစ်သည်။ ရွာသူရွာ သားများ မှ အော်ဟစ်၍ အကူ အညီတောင်းခံ သည်ကို နစကစခန်းနှစ်ခုမှ ကြားသော်လည်း လာရောက်၍ ကူ ညီပေး ခြင်းမရှိခဲ့ပါ။ ထိုသို့ ကူညီပေးခြင်း မရှိသည့်အပြင် ဇန်န၀ါရီလ(၁၈) ရက်နေ့ တွင် ရွှေငွေရတ နာနှင့် ငွေ ကြေးများ ဆုံးရှူံးခဲ့ရသော ရိုဟင်ဂျာ (၃) ဦးကို ဆင့်ခေါ်၍ နစက နယ်မြေမှူးမှ အတင်း အဓမ္မငွေ ညှစ်ခဲ့ ကြောင်း သိရပါသည်။

ဆင့်ခေါ်ခံရပြီး ငွေညှစ်ခံရသူ ရိုဟင်ဂျာ (၃) ဦးမှာ - 

(၁) ဦးမိုဟာမတ် (ဘ) ဦးနဇီရ်ဟူစိန်း (ရီယာဇ်အုဒီးန်ဖာရာ၊ သစ်တုန်းနားခွဆုံ) 
(၂) ဦးဇီယာဘုရ်ရာမန် (မန်ဇီရီ၊ ညောင်ချောင်း) 
(၃) ဦးအေလီယာစ် (ရယကဥက္ကဌဟောင်း) (မန်ဇီရီ၊ ညောင်ချောင်း) - တို့ဖြစ်ပါသည်။ 

LA 
RB News 
21.1.2013 

စစ်တွေ ။ ။ စစ်တွေမြို့ရှိ ခလရ (၃၇၃) မှတပ်ရင်းမှူး ဒုတိယဗိုလ်မှူး ကြီးရွှေဇံသည် ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည် များအတွက် သယ်ယူပို့ဆောင်သည့် ကားများကို လမ်းတွင် တား၍ ဓါးပြကဲ့သို့ အတင်းအဓမ္မခွဲ တမ်းကဲ့သို့ ရယူလျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ဇန်န၀ါရီလ (၁၉) ရက်နေ့ နေ့လည် ၃း၄၅ နာရီတွင် ကားနံပါတ် ဘ/၈၇၄၃ ဖြင့် သက္ကေပြင်ကျေးရွာရှိ ရိုဟင်ဂျာ ဒုက္ခသည် များအတွက် ဓနိသယ် ယူလာသော ကားကို ခလရ (၃၇၃) တပ်ရင်းမှူး ဒုတိယဗိုလ် မှူးကြီးရွှေဇံမှ သက္ကေပြင်နွားဈေးကွင်းဂေါက် ကစားနေစဉ်တွေ့ ရှိပြီး တား၍ ကားပေါ်မှ ဓနိအားလုံးချခိုင်း ၍ ကားကိုပြန်ခိုင်း လိုက်သည်။ ယာဉ်မောင်းဖြစ်သူက ငိုယို၍တောင်းပန်သောအခါ ဓနိ ၁၀၀၀ ကိုတပ် ရင်းမှူးအတွက် ထားခိုင်းပြီး ကျန်သည့် ဓနိများကိုပြန်ပေး ခဲ့ကြောင်းသိရပါသည်။ 

ဤကဲ့သို့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူး ကြီးရွှေဇံမှ မတရားဒုက္ခပေးခြင်းမှာ ပထမ အကြိမ် မဟုတ်ဘဲ၊ ယခုကဲ့ သို့ အကြိမ်ကြိမ် ဒုက္ခပေးခဲ့ကြောင်း သိရသည်။ ဇန်န၀ါရီလ (၁၇) ရက်နေ့ တွင်ဈေးမှပစ္စည်းများ သယ်ယူ လာသည့်ကားကိုလည်း ယခုကဲ့သို့ ပြုလုပ်ခဲ့သည်ဟု ဒေသခံများကပြောပါသည်။ 

ယနေ့တွင်လည်း သံတော်လီရွာကို ရိက္ခာသွားပို့သည့် ကားနှစ်စီးကို တား၍ ငွေကျပ် ၃၀၀၀ စီတောင်းယူ ခဲ့ကြောင်းသတင်းရရှိပါသည်။ 

ဒုတိယ ဗိုလ်မှူးကြီးရွှေဇံ၏ မတရားဒုက္ခပေး သည့်ဒဏ်ကို မခံနိုင်တော့သောကြောင့် ဒုက္ခသည်များက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးထံသို့ လိပ်မူ၍ တိုင်ကြား ထားကြောင်း သတင်းရရှိပါသည်။
စစ်တွေမြို့၊ ဆေးသမားကြီးရွာရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း (ဓါတ်ပုံ - နေမင်းခ)
ကျော်စွာဝင်း
RB News 
21.1.2013 

ရီယာဒ် ။ ။ ယမန်နေ့ ကဆော်ဒီ အာရေဗျာနိုင်ငံမှ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်များ အတွက် ဒေါ်လာ ၁.၈၈ သန်းတန်ဖိုးရှိ အထောက်အပံ့ပေး ရန်ကြေညာ ခဲ့သည်။ အဆိုပါ အထောက်အပံ့ သည် နေထိုင်ရေး အတွက် တဲများပေး ရန်ဖြစ်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ တ ဆင့်ပေးအပ် သွားမည်ဟု ယနေ့ထုတ် Arab News သတင်းတစ်ရပ် တွင်ရေးသားဖော်ပြ ထားသည်။ 

ဆော်ဒီဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးတို့မှာ တာဝန်ရှိ ပုဂ္ဂိုလ်များသည် ယမန်နေ့က အထောက်အပံ့များပေး အပ်ရန် နားလည်မှု စာချွန်လွှာ တစ်ရပ်ကိုဆော်ဒီ အာရေ ဗျာနိုင်ငံ၊ ရီယာဒ်မြို့တွင် လက်မှတ်ရေး ထိုးခဲ့ကြ သည်။ ဤ အထောက်အပံ့ သည် ဒုက္ခ သည်ပေါင်း ၇၅၀၀၀ ခန့်ကို ယာယီတဲများနှင့် အမြဲတမ်းနေထိုင်နိုင် မည့်အဆောက်အဦ များဆောက် လုပ်ရာတွင် ကူညီ ပံ့ပိုးနိုင်လိမ့်မည်ဟု အဆိုပါ သတင်းတွင်ရေး သားဖော်ပြ ထားသည်။ 

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ ကုလသမဂ္ဂမှ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် Ms. Valarie Amos, အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီးနှင့် အီရတ် ပါလီမန်ကိုယ်စားလှယ်များ သွားရောက် ကြည့်ရှူပြီးနောက် ဒုက္ခသည်များ၏ လက်ရှိအခြေအနေမှာ လွန်စွာ ဆိုးရွားနေသည်ကို မီးမောင်း ထိုးပြခဲ့ သည်။ သို့သော် လည်းမြန်မာအစိုးရ ကမူ လိမ်မြဲလိမ်သည့် အတိုင်း ဒုက္ခသည်များ ကိုနိုင်ငံတကာ စံချိန်စံ ညွန်းနှင့် ထားရှိကြောင်း သာပြောဆိုလျက် ရှိသည်။
The Strand Hotel ၌ကျင်းပခဲ့သော ဆရာကြီးဦးရာဇတ် (၁၁၅) နှစ်မြောက်အခမ်းအနား

ကျော်စွာဝင်း
RB News 
21.1.2013 

ရန်ကုန် ။ ။ မြန်မာနိုင်ငံ၏ အာဇာနည်ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဆရာကြီးဦးရာဇတ်(၁၁၅) နှစ် မြောက် အခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ကမ်းနားလမ်းရှိ The Strand Hotel တွင်နေ့ လည် ၃ နာရီ မှ ညနေ ၆ နာရီထိကျင်းပခဲ့ကြောင်းသတင်းရရှိပါသည်။ 


အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ နာယက များဖြစ်သူ ဦးတင်ဦးနှင့် ဦးဝင်းတင်၊ မြန်မာ့အာ ဇာနည် (၉) ဦးတို့၏ မိသားစုဝင် များ၊ နိုင်ငံတကာသံရုံးများမှ သံတမန်များ၊ ဘာသာရေး၊ လှုမှုရေးအသင်း အဖွဲ့များ မှခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသား သမဂ္ဂမှ အဖွဲ့ဝင်များ၊ အနု ပညာ အသိုင်းအ၀ိုင်းမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း ၁၀၀၀ ကျော် တက်ရောက်ခဲ့သည်။ အဆိုပါအခမ်း အနားသို့ ဘူးသီးတောင်မြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်လည်း တက်ရောက် ခဲ့သည်။   
ဘူးသီးတောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်နှင့်အခမ်းအနားသို့တက်ရောက်လာသူများကိုတွေ့ရစဉ်
ဆရာကြီး ဦးရာဇတ် (၁၁၅) နှစ်မြောက် အခမ်းအနား ကျင်းပရေးကော်မီတီကို ဦးဇာဂနာ (ခ) ဦးသူရမှ ဥက္ကဌ အဖြစ်တာဝန် ယူခဲ့ပြီး ဦးဆောင် ကျင်းပခဲ့ခြင်ြး ဖစ်သည်။ အခမ်းအနားတွင် ဦးဇာဂနာမှ အခမ်းအနား မှူးအဖြစ် တာဝန်ယူဆောင်ရွက်ပြီး၊ သီတဂူဆရာတော်၏ ကိုယ်စား ဆရာတော် ဦးတိက္ခသာရ (ကထိက၊ သာသနာ့ဓဇ ဓမ္မာစာရိယ၊ B.A, M.A, သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်) သြ၀ါဒ မိန့်ကြားခဲ့ပြီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးတင်ဦးနှင့်ဦးဝင်းတင်၊ ပါမောက္ခ ဦးခင်မောင်ညွန့်၊ သိပ္ပံမှူးတင်၊ ၈၈ မျိုးဆက် မှခေါင်းဆောင်တစ်ဦး၊ AAPP မှ ကိုတိတ်နိုင် တို့က မိန့်ခွန်းပြောကြားပြီး၊ ဆရာကြီး ဒဂုန်တာရာ ၏သ၀ဏ်လွှာ ကို ဗကသမှ ကိုဒီငြိမ်းလင်းမှ ဖတ်ကြားခဲ့သည်။ 

ထို့နောက် အခမ်းအနား တက်ရောက်လာ သူများကို ဆရာကြီး ဦးရာဇတ် (၁၁၅) နှစ်မြောက်အမှတ်တရ စာစဉ်စာအုပ်နှင့် ရင်ထိုးများဝေငှပေး ခဲ့ကြောင်းသိရပါသည်။ 

ယမန်နေ့က ကျင်းပသော အခမ်းအနားသည် ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး၊ ယမန်နှစ်က ပထမ အကြိမ် မြောက် အခမ်း အနားကို မန္တလေးမြို့တွင် ကျင်းပခဲ့သည်။ ပထမ အကြိမ်မြောက် အခမ်းအနားတွင် အခမ်း အနား တက်ရောက်ခဲ့ သူများကို ဗီဒီယို မှတ်တမ်းခွေ များဝေငှခဲ့ သည်ဟုသိရသည်။

Qutub Shah 
RB News 
20.1.2013 

ပေါက်တော ။ ။ ယမန်နေ့က ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်သည် ပေါက်တောမြို့နယ်၊ ဒွမ်းဖာရာကျေးရွာသို့ လာရောက်ခဲ့သည်။ ထိုကျေးရွာတွင် ရိုဟင်ဂျာ ဒုက္ခသည် ၈၀၀၀ ခန့်ရှိသည်ဟုသိရ သည်။ ပြည်နယ် ၀န်ကြီးချုပ်မှ ဒုက္ခသည်များအား မိမိတို့ ၏နေအိမ်များသို့ပြန်ရ မည်ဖြစ်ကြောင်းပြောရာ ဒုက္ခသည်များက လုံလောက်သော လုံခြုံရေးအပြင် မိမိတို့ ၏နေအိမ်များ ကိုပြန်လည်ဆောက်ပေးရ မှသာ ပြန်နိုင်မည်ဖြစ်ကြောင်းတောင်း ဆိုခဲ့သည်။ သို့သော် ဦးလှမောင်တင်မှ  နေအိမ်များ ကိုပြန် လည်ဆောက် ပေးရန် အစီအစဉ်မရှိဟု ပြန်လည်ဖြေကြား ခဲ့ကြောင်း သိရသည်။ ထိုသို့ပြန်လည်ပြော ဆိုခြင်းသည် အစောပိုင်းတွင် ဦးသိန်းစိန်ပြော ဆိုခဲ့သည့် “ရိုဟင်ဂျာများကို ဒုက္ခသည် စခန်းများ ထားရှိရမည်” ဟုသည့် ပုံစံမျိုးနဲ့ဆင်တူနေသည်။ 

မင်းပြား ။ ။ ဆေးဝါး လုံလောက်စွာ ကုသခွင့်မရခြင်း၊ အစာအဟာရ ချို့တဲ့ခြင်းနှင့်ကောင်း မွန်သောနေရာ တွင်နေခွင့် မရခြင်းတို့ကြောင့် လွန်ခဲ့သည့် အကြမ်းဖက်မှုကြီးတွင် တိုက်ခိုက်ခံခဲ့ရသည့် မင်းပြားမြို့နယ်၊ ပိုက်မြောင်ကျေးရွာ အုပ်စုမှ ဦးအလီဟူစိန်း (ဘ) ဦးဘရှီရ်အဟမတ် (အသက် ၄၈ နှစ်) သည်ယမန်နေ့ ကကွယ်လွန် သွားကြောင်း သတင်း ရရှိပါသည်။ 

လူမဆန်သည့် တပ်ရင်း (၃၇၈) မှတပ်သားများသည် မင်းပြားနှင့်မြောက်ဦးမြို့နယ်တွင် ကျန်ရှိသည့်ရို ဟင်ဂျာများ၏ ဆင်းရဲနွမ်းပါးနေသည့် အခြေအနေတွင် ပင်နည်းလမ်းမျိုးဖြင့် ညှင်းပန်းနှိပ်စက်လျက် ရှိ သည်။ လွန်ခဲ့သည့်ဇွန်လမှစ၍ ရိုဟင်ဂျာများကိုတစ်ရွာမှတစ်ရွာသို့သွားလာခွင့်ကိုပိတ်ပင်ထားခဲ့ပြီး၊ ယခု အခါ ယမန်နေ့မှ စ၍ အနီးအနားရှိ ရွာများသို့သွား လာလိုသူများ အားနှုတ်ဖြင့်သွားလာ ခွင့်ပြုနေပြီး တစ်ဦး ထံမှ ငွေကျပ် ၁၀၀၀ စီတောင်း ခံလျက်ရှိသည်။ ရခိုင်ပြည်နယ် အ၀န်းရှိမြို့နယ်များ အားလုံးတွင် တစ်နေ ရာမှ တစ်နေရာသို့ သွားလာခွင့်ပိတ် ပင်ထားသည်။ ထို့အပြင် စိုက်ပျိုးရေး လုပ်ငန်းများ၊ ကူး သန်း ရောင်းဝယ်ရေးကို လည်းပိတ်ပင် ထားသည်။ ရခိုင်ပြည်နယ်အတွင်း မွတ်စလင်များမှာ အခက်အခဲ မျိုးစုံ ကြုံတွေ့လျက်ရှိသည်။ မိမိတို့၏နေ့စဉ် လိုအပ်သည့် ပစ္စည်းများကို ရခိုင်များထံမှ လျှို့ဝှက် စွာဝယ်သူသုံး စွဲနေရသည်။ ယခုရက်ပိုင်းများတွင် စစ်တွေနှင့်ကျောက်ဖြူမြို့ များတွင် ရခိုင် အစွန်းရောက်ခေါင်းဆောင် များနှင့် သံဃာအမည်ခံ အစွန်းရောက်များမှ ရိုဟင်ဂျာ များအား မည်သည့် ပစ္စည်း မှရောင်းချခြင်း မပြုရန် တားမြစ်ထားကြောင်း သိရသည်။ 

ဇန်န၀ါရီလ (၁၈) ရက်နေ့နံနက် ၉ နာရီတွင် မင်းပြားမြို့နယ်၊ စင်ကြီးပြင်ကျေးရွာမှ ဦးရုစ်သူမ် (ဘ) ဦး မိုဟာမတ်ကာစင်ထံမှ ကျွဲတစ်ကောင်နှင့် ဦးဟာမိဒ်ဟူဆောင် (ဘ) ဦးအာမီရ်အုဒီန်းထံ မှနွားနှစ်ကောင် ကိုရခိုင်အချို့မှ လုယူသွားကြောင်း သိရသည်။ ထိုကဲ့သို့ပင် ပေါင်းဆည်ရွာမှ ဦးဂျမာလ် (ဘ) ဦးမိုဟာ မတ်ရှဖီးထံ မှလည်း နွားလေးကောင်ကို ရခိုင်များမှ လုယူခဲ့ကြောင်း သိရသည်။ ထိုသို့ လုယက်ခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ၏ရှေ့မှောက်တွင် ကျူးလွန်ခြင်းဖြစ်သော်လည်း အရေးယူခြင်း တစ်စုံတစ်ရာ မရှိ ခြင်း မှာ လုံခြုံရေးတပ်ဖွဲ့ဝင် များမှ ရာခိုင်နှုန်းဖြင့်ဝေ စုရရှိသောကြောင့်ဖြစ်သည်။ 

မောင်တော ။ ။ ယမန်နေ့နေ့လည် ၁ နာရီ ၄၅ မိနစ်တွင် နစကနယ်မြေ (၇) မှနစကတပ်ဖွဲ့ဝင်များ သည် ဇော်မတက်ကျေး ရွာအုပ်စု၊ သန္တာကျေးရွာသို့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးများ ကဲ့သို့ (ဘုရ်ခါ) နှင့်ဘာ သာရေးခေါင်းဆောင် များကဲ့သို့ (ကုရ်သာ) ၀တ်ဆင်၍ ၀င်ရောက်လာပြီး၊ လဘက်ရည် ဆိုင်တွင် ထိုင်နေသော ဦးအမီးရ်ဟမ်ဇာ (ဘ) ဦးဇော်လအုဒီးန် (အသက် ၅၀ နှစ်) နှင့် ဦးရိုဟီမုလ္လာ (ဘ) ဦးအ စ္စလာမ် (အသက် ၃၄ နှစ်) တို့အား အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ဖမ်းဆီးသွားသည်။ လဘက် ရည်ဆိုင်တွင် ထိုင်နေသော သူအများအပြားသည် ထိုသို့မမျှော်လင့်သော အခြေအနေကြောင့် ထိုနေရာမှ ထွက်ခွာရာ၌ ထိခိုက်မိပြီး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးသွား သူနှစ်ဦးကို နစက စခန်းတွင် ချုပ်နှောင် ထားပြီး ငွေကြေးပေးနိုင်ပါ က ပြန်လည် လွတ်မြောက်လာမည်ဟုမျှော်လင့်ရကြောင်း  သိရ သည်။ 

ဘူးသီးတောင် ။ ။ ဇန်န၀ါရီလ (၁၇) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်နစကနယ်မြေ (၉) မှ သိမ် တောင်ပြင်ကျေးရွာ၊ ကေသုဖာရာမှ ဦးရှဖီအုလ္လာ (ဘ) ဦးဟူဆောင်အား ရွာအတွင်းရှိရွာသားများကြား ၌ပြဿနာဖြစ်အောင်ပြုလုပ်ခဲ့သူဟု စွပ်စွဲပြီး ဖမ်းဆီးရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ငွေကျပ် ၅ သိန်း ၅ သောင်းယူု ၍ပြန် လည်ထွက်ခွာ သွားကြောင်း သတင်းရရှိပါသည်။
ထိုင်းနိုင်ငံရောက်ရိုဟင်ဂျာဒုက္ခသည်များ (ဓါတ်ပုံ - Phuket Wan)
ကျော်စွာဝင်း 
RB News 
20.1.2013 

ထိုင်းနိုင်ငံတွင် လူကုန်ကူးမှု ဂိုဏ်းများထံမှ ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀၀ နီးပါးကို ယခုတပတ်အတွင်း ထိုင်းစစ် တပ်မှဝင် ရောက်စီးနင်း၍ ကယ်တင်နိုင်ခဲ့သည်။ ထိုဒုက္ခသည် များအား ထိုင်းနိုင်ငံနှင့် မလေး ရှားနိုင်ငံနယ် စပ်ရှိတောအုပ်တွင် စခန်းများ အတွင်း၌ ထားရှိ ထားပြီး၊ တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၆၀၀၀၀  ဖြင့်ရောင်း ချရန် စီစဉ် ထားခြင်းဖြစ်သည်။ 

ထို လူကုန်ကူးမှုနှင့် ပတ်သက်၍ ဆောင်ခလာပြည်နယ်မှ ရဲများက စုံစမ်းစစ်ဆေးပြီးနောက် ထိုင်းစစ်တပ်မှ အရာရှိများနှင့် နိုင်ငံရေးသမား အချို့ ပါဝင်ပတ်သက်နေသည်ဟု သတင်း ထုတ်ပြန် ခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုင်းစစ်တပ်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုသ်ချန်အိုချာ က တောင်ပိုင်းမှ ၎င်း၏ စစ်သားများ ပါဝင်သည်မှာ မှန်ကန်ကြောင်းဝန်ခံ သည်ကို ယမန်နေ့က ဘန်ကောက်ပို့စ် သတင်း တစ်ရပ်တွင်ရေးသားဖော်ပြခဲ့သည်။ 

ဗိုလ်ချုပ်ကြီး ပရာယုသ်က ပြည်တွင်း လုံခြုံရေးအဖွဲ့မှ အဖွဲ့ဝင်များသည် လူကုန်ကူးမှုဂိုဏ်းနှင့်  ထိုပတ် သက်သူများအား စစ်ဆေး၍ ပြစ်ဒဏ်ပေးမည်ဟု စနေနေ့ ကပြောကြား လိုက်သည်။ 

ရိုဟင်ဂျာဒုက္ခ သည်များကို လူကုန်ကူးမှုနှင့် ပတ်သက်၍ စစ်ဆေးနေသော ရဲတပ်ဖွဲ့ အဆင့်မြင့်အရာရှိကြီး တစ်ဦးက ရခိုင် ပြည်နယ်မှ လာသောရိုဟင်ဂျာ ဒုက္ခသည်များကို လူကုန်ကူးမှုသည် စစ်တပ်အရာရှိများမှ တာဝန်ယူ ထားသောတောင်ပိုင်း တွင် အများဆုံးဖြစ်လျက် ရှိပြီး ဗိုလ်မှူးအဆင့်မှ ဗိုလ်မှူးကြီး အဆင့် ရှိသူများပါဝင်ပတ်သက်လျက်ရှိကြောင်းဘန်ကောက် ပို့စ်သို့ပြောကြားကြောင်းရေးသား ဖော်ပြထားသည်။ 

လူကုန်ကူးမှုတွင်မြန်မာနိုင်ငံ သားအချို့လည်း ပါဝင်ပတ်သက်နေပြီး၊ စစ်တပ်အရာရှိများနှင့် ချိတ်ဆက်၍ လုပ် ကိုင်လျက် ရှိသည်။ ဒုက္ခသည်များ ထိုင်းနိုင်ငံ သို့ရောက်လျှင် ကုန်တင်ကား များဖြင့်ဆောင် ခလာပြည်နယ် သို့ခေါ်ဆောင် လာပြီး တောအုပ်များထဲရှိ စခန်းများတွင် မလေးရှားနိုင်ငံ သို့ မပို့မှီ အထိ ထား ရှိသည်။ တခါတရံတွင် စစ်တပ်မှ ကုန်တင်ကားများကို သုံးစွဲကြောင်း အဆိုပါ သတင်း တွင်ရေး သားထားသည်။


မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ 

နှစ်ချုပ် အစီရင်ခံစာ (၂၀၁၂) 

ရက်စွဲ- ၂၀၁၃ ဇန်န၀ါရီ ၁၄ ရက် 

ကျွန်ုပ်တို့ မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ (Myanmar Muslim Civil Rights Movement) သည်- မြန်မာနိုင်ငံဖွား အစ္စလာမ် သာသနာဝင်များ၏ မတရားသဖြင့် အခွင့်အရေး ဆုံးရှုံးနေ ရမှုများ အတွက် ထိုဆုံးရှုံး နစ်နာနေ ရသည့် အခွင့်အရေး များအား ပြန်လည် ရရှိနိုင်ရန် တတ်အား သမျှ အ ဘက်ဘက်မှ ကြိုးပမ်း ဆောင်ရွက် ခဲ့ပါသည်။ ၂၀၁၂ ခုနှစ် အတွင်း ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များ ထဲမှ ကိစ္စလူထု တစ်ရပ်လုံးအား သိရှိစေ ရန် တရားဝင် ထုတ်ပြန်နိုင်သည့် ကိစ္စရပ်တို့အား အကျဉ်းချုပ် အားဖြင့် လူထု တစ်ရပ် လုံးအား ထုတ်ပြန်ပေးပါမည်။ 

(၁) ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ အစ္စလာမ် သာသနာဝင်တို့အား အကြီးအကျယ် ဦးတည် တိုက်ခိုက် ခဲ့ခြင်း၊ အမည်နာမဖျက်ခဲ့ခြင်း၊ ခွဲခြား ဆက်ဆံရန် လှုံ့ဆော်ခဲ့ခြင်း ကိစ္စရပ်တို့အား ကမ္ဘာ့နိုင်ငံကြီးများ၊ ကမ္ဘာ့ အဖွဲ့အစည်းကြီးများ အား ချည်းကပ်တင်ပြနိုင်ခဲ့သည်။ ထိုကိစ္စရပ်တို့ ဆန့်ကျင့်ရှုံချသည့် အသံများ ထွက်ပေါ် လာစေရန် ကမ္ဘာ အရပ်ရပ်သို့ ထိုးဖေါက် တင်ပြနိုင်ခဲ့ပါသည်။ 

(၂) အထူးသဖြင့် ရခိုင်ဒေသ၌ ဖြစ်ပွားခဲ့သော စနစ်တကျ စီမံကွပ်ကဲ မျိုးပြုတ်သုတ်သင်မှုကြီးများ အတွက် ကမ္ဘာ့ခုံရုံး ICC သို့ တင်နိုင်ရန် ကြိုးစား ခဲ့ပါသည်။ ယခုအခါ အမှုဖိုင် ၃ ခုအား ICC မှ လက်ခံပြီး လည်း ဖြစ် ပါသည်။ အမှုဖိုင် တွင် ပါဝင်သည့် တရားခံတို့အနေဖြင့် ICC ပဋိဉာဉ် ရှိသည့် မြန်မာနိုင် ငံသို့ ခြေချ သည် ဖြစ်စေ- ဖမ်းဆီးစစ်ဆေးနိုင် ရန်လည်း ပြင်ဆင်နိုင်ခဲ့ပါသည်။ သို့သော် မြန်မာနိုင်ငံသည် ရာဇ ၀တ်ကောင် တို့အား ဖမ်းဆီး၍ ပို့ပေးပါမည်ဟု ICC တွင် ပဋိဉာဉ် ချုပ်ဆိုထားခြင်း မရှိသည့် အတွက် ထိုရာဇ ၀တ်ကောင် တို့အား မြန်မာနိုင်ငံအတွင်းမှ တရားခံတို့အား ဖမ်း ဆီးနိုင်ရန်၊ သို့မဟုတ် စစ်ဆေးနိုင်ရန် အဆင့်အတွက် UN လုံခြုံရေးကောင်စီထိ အမှုရောက်ရန် ဆက်လက် ဆောင်ရွက် ခဲ့သည်မှာ ယခု အခါ ၇၅% ခန့် ပြီးမြောက်အောင်မြင် ခဲ့ပြီ ဖြစ်ပါသည်။ 

(၃) မြန်မာနိုင်ငံအတွင်း မတရားသဖြင့် ဖမ်းဆီးခံရသော မွတ်ဆလင်နိုင်ငံရေး အကျဉ်းသားတို့အား ချွင်းချက်မရှိ လွှတ် ပေးရန်-၊ သို့မဟုတ် တရားခံ အခွင့်အရေး အပြည့် အ၀ပေးရန် မြန်မာနိုင်ငံတော် အစိုးရ အား အိပ်ဖွင့်ပေးစာ ပေးခြင်း နှင့်အတူ နိုင်ငံတကာ အသိုင်းအ၀ိုင်း အတွင်း၌လည်း ဤအရေး ကိစ္စ အား ထိထိရောက်ရောက် ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ ခဲ့ပါသည်။ ချည်းကပ်အကူ အညီတောင်း ခဲ့ပါသည်။ 

(၄) လတ်တလော ရင်ဆိုင်နေရသည့် ဒုက္ခသည်များထံ အချိန်မကြန့်ကြာဘဲ အကူအညီ များ ရောက် ရှိနိုင်ရန် UN အပါ အ၀င် နိုင်ငံတကာ အဖွဲ့အစည်းတို့အား အချိန်မလပ် မေတ္တာ ရပ်ခံခြင်း၊ တွန်း အားပေးခြင်း များ ပြုလုပ်နေပါသည်။ 

(၅) မြန်မာနိုင်ငံဘွား အစ္စလာမ်သာသနာဝင်တို့၏ ဖျောက်ဖျက်ခံ သမိုင်းတို့အား ပြန်လည်ဖေါ်ထုတ်ခြင်း၊ ထိုသမိုင်း များနှင့် စပ်လျှဉ်း၍ ကမ္ဘာ့ပညာရှင်များထံ တင်ပြခြင်း၊ UN သို့ တင်ပြခြင်း၊ US အစိုးရသို့ တင်ပြခြင်းနှင့် လူထု ပညာပေး လုပ်ငန်းများကိုလည်း အချိန်မလပ်ဆောင်ရွက်နေခဲ့ပါသည်။ 

(၆) မြန်မာ တစ်နိုင်ငံလုံးရှိ အစ္စလာမ်သာသနာဝင်တို့ အပေါ် စီမံချက်ချ လုပ်ဆောင်နေမှု တို့အားလည်း မျက်ခြေမပြတ် စောင့်ကြည့်နိုင်ရန် ဆောင်ရွက်ခြင်း၊ ရွာတစ် ရွာချင်းစီ၌ ခံစားနေ ရသည့် အတိဒုက္ခတို့အား စစ်တမ်းကောက်ယူခြင်း၊ လေ့လာ သုတေသနလုပ်၍ စရင်းဇယားပြုစုခြင်း၊ ရခိုင်ပြည်နယ် အတွင်း အမှန်တစ်ကယ် သတ်ဖြတ်ခံလိုက်ရသည့် စာရင်းတို့အား စနစ်တကျပြုစုခြင်း၊ မှတ်တမ်းတင်ခြင်း ကမ္ဘာ  အရပ်ရပ်သို့ တင်ပြခြင်း၊ သတင်းဌာနများသို့ တင်ပြခြင်း များ ပြုလုပ်နိုင်ခဲ့သည်။ 

(၇) ထို့ပြင် ရိုဟင်ဂျာ အမျိုးသားများမှ နိုင်ငံရေး ဆောင်ရွက်သူများနှင့် ပူးပေါင်းဆောင် ရွက် လျှက်- နိုင် ငံခြား မှ မြန်မာ အသံလွှင့်ဌာနတို့တွင် “ကုလား” ဟူသည့် အသုံးအနှုန်း “ကျူးကျော်သူ ဘင်္ဂလီ” ဟူသည့် အသုံးအနှုန်းတို့အား လုံးဝ မသုံးရန် တားမြစ်နိုင်ခဲ့သည်။ အကယ်၍ ဆက်လက် သုံးစွဲပါ က အရေးယူ မည်လည်း ဖြစ်ပါသည်။ 

(၈) အခွင့်အရေး ချိုးဖေါက်ခံ တိုင်းရင်းသား တစ်ချို့တို့နှင့် မဟာမိတ်အဖြစ် ဆက်ဆံနိုင်ခဲ့ပြီး-၊ သူတို့၏ ဆုံးရှုံးနစ်နာ နေသည့် တန်းတူညီမျှ အခွင့်အရေးတို့ အတွက်လည်း ကျွန်ုပ်တို့နှင့် ရင်းနှီးဆက် ဆံပြီး ဖြစ် သည့် ကမ္ဘာ့အဖွဲ့အစည်း ကြီးများထံ၌ တင်ပြနိုင်ခဲ့ပါသည်။ ၎င်းတို့၏ မတရားဖိနှိပ်ခံ၊ ဥပဒေချိုးဖေါက် ခံရမှုများ အတွက် ICC ၌ တရားစွဲဆိုနိုင် ရန်လည်း တတ်အားသမျှ ကူညီဆောင်ရွက် သွား မည် ဖြစ် ပါသည်။ 

(၇) ဆက်လက်၍ ၂၀၁၃ ခုနှစ်တွင်- ယခင်ခုနှစ် (၂၀၁၂)မှ မပြီးပြတ်သေးသည့် UN လုံခြုံရေးကောင် စီ၌ ဆောင်ရွက် မည့် ကိစ္စရပ်တို့အား ဆက်လက်ဆောင် ရွက်မည် ဖြစ်ပြီး-၊ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ လူမျိုးဘာသာမရွေး ဒုက္ခသည်တို့ ၏ ရင်ဆိုင်နေရသည့် ပကတိ အခက်အခဲများ၊ စားဝတ်နေရေး၊ ကျမ္မာရေး တို့ အတွက် မည်သို့ ကူညီဖြေရှင်းနိုင်မည် ဟူသည်တို့အတွက် မည်သည့် အဖွဲ့အစည်းနှင့် မဆို ပူးပေါင်းဆောင် ရွက်သွားမည် ဖြစ်ပါသည်။ 


မိုးကျော် (LA) 
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ 
အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 


အမေရိကန်ပြည်ထောင်စုမှ ပူပေါင်းဖြေရှင်းပေးမည့်အပေါ် သဘောထား ထုတ်ပြန်ချက် 

ရက်စွဲ- ၂၀၁၃ ခု၊ ဇန်န၀ါရီ ၁၉ ရက် 

(၁) ကျွန်ုပ်တို့ မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ သည်-၊ မြန်မာနိုင်ငံ ၏ နိုင် ငံရေး ပြုပြင် ပြောင်းလဲမှု တို့အား အစဉ်တစ်စိုက် ကြိုဆိုထောက်ခံခဲ့ပြီး၊ ဒီမိုကရေစီ ဟူသည့် အမည် နာမအား အသုံးပြုလျှက်- နာဇီ ၀ါဒဘက်သို့ ဦးတည်သွားခြင်း၊ ဘာသာရေးအကြမ်းဖက်မှုဆီသို့ ဦးတည် သွားခြင်းနှင့် ဖက်ဒရယ်စနစ်ကို အကြောင်းပြ လျှက် ခွဲထွက်ရေးဘက်သို့ ဦးတည်သွားခြင်း၊ မဟာ လူမျိုးကြီးဝါဒ ဘက်သို့  ဦးတည် သွားခြင်းများကို ပြတ်ပြတ်သားသား ဆန့်ကျင် ခဲ့ပါသည်။ 

(၂) မြန်မာ့ သမိုင်းစဉ်တစ်လျှောက် ပုဂံ ခေတ်မတိုင် မှီကပင် လူမျိုးစုံ၊ ဘာသာစုံ (ထိုခေတ်က ခရစ်ယာန်၊ အစ္စလာမ် မရောက် ခဲ့သေးသော်လည်း၊ ဘာသာရေး ကိုးကွယ်မှု၌ ဗုဒ္ဓဘာသာ တစ်မျိုးတည်း မဟုတ် ခဲ့) အေး တူ ပူမျှ၊ လွတ်လပ်စွာ အတူနေထိုင်ခဲ့သော မြန်မာနိုင်ငံတော်ကြီးအား- အယူသည်း မျက်ကန်း စစ်အာဏာရှင် လူတစ်စုနှင့် ဘာသာရေးအား နိုင်ငံရေး လက်နှက်အဖြစ် အသုံးပြုသည့် နာဇီဝါဒီ လူတစ် စု၏ ဖျက်ဆီးမှုကြောင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ ပျက်စီးခဲ့ရ သည်ကို လည်း ကြေကွဲ ၀မ်းနည်း မိပါသည်။ 

(၃) ဤသို့ ၀မ်းသာစရာ၊ ၀မ်းနည်းစရာများ ရောပြွန်းနေသည့် အချိန်အခါ၌ အမေရိကန်ပြည်ထောင်စု အနေဖြင့် တိုင်း ရင်းသားဒေသ များအရေးနှင့် မြန်မာ့နိုင်ငံရေးအခက်အခဲတို့အား ကူညီဖြေရှင်း သွားမည် ဟု- အမေရိ ကန်ပြည်ထောင်စု နိုင်ငံခြားရေး ဌာန အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင် ငံခြားရေး ဝန်ကြီး Kurt Campbell ၏ ၂၀၁၃ ခု ဇန်န၀ါရီလ ၁၈ ရက်နေ့မှ ကမ်းလှမ်းမှုအား ကျွန်ုပ်တို့ မြန်မာ မွတ်ဆ လင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့မှ အပြုသဘော ဆောင် ကြိုဆို လိုက်ပါသည်။ အလားတူ အဆိုပါနေ့ရက်၌ ကျင်းပသည့် ၆၅ နှစ်မြောက် လွတ်လပ်ရေး မိတ်ဆုံစားပွဲ၌ အမေရိကန်နိုင် ငံဆိုင် ရာ မြန်မာ သံအမတ်ကြီး ဦးသန်းဆွေမှ ပြောကြားသည့် “ကျွန်တော်ဘဝမှာ အဖြစ်စေချင်ဆုံး ဆန္ဒ ကတော့ မြန်မာကို နိုင်ငံတကာက လေးစားစေချင်တာပဲ၊ ကျွန်တော်တို့ လေးစားအောင် နေမှ လုပ်မှရမယ်” ဟူသည့် စကားကိုလည်း ကြိုဆိုထောက်ခံလိုက်ပါသည်။ 

(၄) ထို့ပြင် အမှန်တစ်ကယ် ၂၁ ရာစု ဒီမိုကရေစီ စနစ်ကြီးအား လိုလားတောင့် တနေ သည့် မြန် မာပြည် သူပြည်သား အားလုံးအနေဖြင့်လည်းကောင်း၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်များ အနေဖြင့် လည်းကောင်း ၊ နိုင်ငံတော်အား အမှန် တစ်ကယ်ပြုပြင်လိုသည့် ခေါင်းဆောင်များ အနေဖြင့်လည်းကောင်း ကမ္ဘာ့ တိုးတက်သည့် ဒီမိုကရေစီနိုင်ငံကြီးများ၏ စံနမူအား အတုယူကျင့်သုံးနိုင်ရန်၊ နာဇီဝါဒ နှင့် ဒီမိုကရေစီဝါဒ၏ ကွဲပြားခြားနားမှုများအား နားလည် သဘောပေါက် စေရန် မျက်လုံး၊ နား၊ နှလုံးသားများ ဖွင့်လျှက် စဉ်ဆက်မပြတ်လေ့လာသင့်ကြောင်းကိုလည်း တိုက်တွန်း လိုက်ပါ သည်။ 


မိုးကျော် (LA) 
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ 
အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ

Qutub Shah 
RB News 
19.1.2013 

မောင်တော ။ ။ ယမန်နေ့က မောင်တောမြို့နယ် ငါးခူရကျေးရွာ အခြေစိုက် နယ်စပ်ဒေသကွပ်ကဲရေး (နစက) နယ်မြေ (၅) နယ်မြေမှူး ဗိုလ်မှူးဝင်းလှိုင်ဦးဆောင်၍ အဖွဲ့ဝင် ၁၀ ဦးပါဝင်သောအဖွဲ့သည် ငါးခူ ရကျေး ရွာရှိ ဦးမိုဟာမတ်ဟူစိန်း (ဘ) ဦးအက်သာကမာလ် (အသက် ၅၃ နှစ်) ၏နေအိမ်သို့ ၀င်ရောက် စီးနင်း ရှာဖွေခဲ့သည်။ ရာဘာဆေးပြားများ ရှာဖွေရန်ရှိသည်ဟု အကြောင်းပြ၍ ၎င်းတို့ကိုယ် တိုင်ယူဆောင် လာသော မူးယစ်ဆေးဝါးအချို့ကို ရှာဖွေနေသည့် အချိန်တွင် ဘီဒိုထဲ၍ လုပ်ကြံခဲ့သည်ဟု သိရသည်။ ထို့နောက် ဦးမိုဟာမတ်ဟူစိန်းအား ငွေကျပ်သိန်း ၆၀ ရသည့်အထိ ဖမ်းဆီးထိန်းသိမ်း ထားခဲ့ ပြီး၊ ငွေကျပ် သိန်း ၆၀ ရသည့်အခြါ ပန်လည်၍ လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

ယမန်နေ့ကပင် မောင်တောမြို့ခမောင်းဆိတ်ရွာ (ဖကီရာဘာဇား) အခြေစိုက်နစကနယ်မြေ (၂) မှ စုံစမ်းရေး မှူးချုပ်ထွန်းစိန်မှ ရေနံဆီရောင်း ချသူ ဦးဂျမာလ် (ဘ) ဦးအဒူမာဘုသ် (အသက် ၃၅ နှစ်) အား ဖမ်းဆီး ခဲ့ကြောင်းသိရသည်။ နစကမှ၎င်းအား ဖမ်းဆီးရခြင်းမှာ နေအိမ်၌ ရေနံဆီကီလို ၄၀ ခန့် တွေ့သော ကြောင့်ဖြစ်သည်။ ဦးဂျာမာလ်သည် မိသားစု ၆ ဦးကို အရောင်းအ၀ယ်ပြုလုပ်၍ ၀င်ငွေအ နည်း ငယ်ဖြင့်စောင့်ရှောက်နေ သူဖြစ်ပြီး ငွေကြေးအားဖြင့် ဆင်းရဲသူ တစ်ဦးဖြစ်သည်။ သို့သော်လည်း နစက များ ကို ငွေကျပ် ၃ သိန်းပေးမှ ပြန်လည် လွတ်မြောက် မည်ဖြစ်သဖြင့် ငွေကျပ် ၃ သိန်းရအောင် ရှာဖွေပေး ခဲ့ပြီး လွတ်မြောက် လာခဲ့ကြောင်း သိရှိရပါသည်။ 

“နေ့တိုင်း  အဲဒီထွန်းစိန်က ရိုဟင်ဂျာတွေ ရဲ့အိမ် ၂ လုံးကနေ ၃ လုံးထိ ပစ်မှတ်ထားပြီး၊ အိမ်တွေကို ပါမစ် မယူ ဘဲဆောက်တယ် ဆိုပြီးအကြောင်းမရှိ အကြောင်း ရှာပြီး ငွေညှစ်နေတယ်။ ကျွန်တော်တို့ အိမ်တွေ ဆောက် ထားတာ နှစ်ပေါင်း ၂၀ မကတော့ဘူး။ အဲဒီ နစကဆိုတဲ့ ဌာနမပေါ်လာခင် ကတည်း ကပါ။ ကျွန် တော် တို့နိုင်ငံမှာ ကျွန်တော်တို့လို ဘယ်သူ့မှ ခံစားရမှာမဟုတ်ဘူး လို့ယုံကြည်တယ်။ ဗဟိုအစိုးရ အနေနဲ့ ကျွန်တော်တို့ရဲ့ ဒုက္ခတွေ အပေါ်အာရုံစိုက် သင့်တယ်” ဟုအမည် မဖော်လို သူရွာသားတစ်ဦးမှ RB News သို့ပြောပါသည်။ 

မောင်တောမြို့နယ်၊ ဗန္ဓုလကျေးရွာ အုပ်စုသည် နစကနယ်မြေ (၁) အောင်သပြေလက်အောက် ခံဖြစ် ပြီး၊ ထိုရွာတွင် ရိုဟင်ဂျာမိသားစု ၁၀၀ ခန့်နေထိုင် လျက်ရှိသည်။ ထိုထဲမှ မိသားစု ၃၀ ခန့်မှာ နစက၏ အတင်း အဓမ္မ ဘင်္ဂလီဇတ်သွင်းသည့် အစီအစဉ်တွင် ပါဝင်ခဲ့ရသည်ဟု သိရသည်။ ထိုသို့ ဘင်္ဂလီဇတ်သွင်း ခံရ မည်စိုး၍ ထိုရွာမှ ရိုဟင်ဂျာ မိသားစုအချို့တိမ်းရှောင်သွားကြောင်း သတင်းရရှိပါသည်။

ဌေးဇော် 
RB News 
19.1.2013

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ် အ၀န်းရှိဒေသခံ ရိုဟင်ဂျာ မွတ်စလင်များ၏ ပိုင်ဆိုင်သော လယ်ယာမြေ ကို ၁၉၉၀ နောက်ပိုင်းမှ စ၍ သိမ်းဆည်းခြင်းများပြု လုပ်ခဲ့ရာ ယခုထိ သိမ်းဆည်းခြင်း၊ အတင်းအဓမ္မတပ် ရန်ပုံငွေ အဖြစ်စပါးစိုက်ပျိုး ခိုင်းခြင်းများ ဆက်လက်ပြု လုပ်လျက်ရှိသည်။ 

ဘူးသီးတောင်မြို့နယ်ရှိ တပ်ရင်း ၃၅၂ မှ စည်းရုံးရေးနယ်မြေဟု ဆို၍ တပ်သက်သာချောင်ချိရေး ရန် ပုံ ငွေလို သည်ကိုအကြောင်းပြ၍ ငါးရန့်ချောင်းကျေးရွာအုပ်စုရှိ အမှတ် (၁၀) ရပ်ကွက်မှ ဧက ၄၀၊ အမှတ် (၁၁) ရပ်ကွက်မှ ဧက ၇၀၊ အမှတ် (၁၂) ရပ်ကွက်မှ ဧက ၂၀၀၊ အမှတ် (၁၃) ရပ်ကွက်မှ ဧက ၆၀ - စုစုပေါင်း ဧက (၃၇၀) ကို တပ်ရင်းမှူးနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိသော ဦးအဘာစ်မျာနှင့် ဦးကေဖါတုလ္လာတို့ အားကြီးကြပ်စေပြီး နွေစပါးစိုက် ပျိုးရန် အမိန့်ထုတ်ပြန် ခဲ့ကြောင်း သိရသည်။ ထိုသို့နွေစပါးစိုက်ပျိုးရာ တွင် လယ်ပိုင်ရှင်များကို ထွန်ယက်ခွင့်မပေးဘဲ၊ တစ်ဧကလျှင် ငွေကျပ် ၃ သောင်းစီပေးသွင်းနိုင်သူများ သာ လယ်ယာ ထွန်ယက် ခွင့်ပေးနေသည်။ 

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လယ်ပိုင်ရှင်များက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ တင်ပြ သော် လည်း တပ်ရင်းမှ  ကြီးကြပ်၍ပြု လုပ်နေသည့် အတွက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ လုပ်ပိုင်ခွင့် တစ်စုံတစ်ရာ မရှိဟြု ပန်ကြားကြောင်းဒေသ ခံတစ်ဦးမှ RB News သို့ပြောပါသည်။ 

“ကျွန်တော်တို့ လယ်ပိုင်ရှင်တွေ အတွက်တော်တော်လေး နစ်နာဆုံးရှူံး ရပါတယ်။ လယ်တွေကိုသိမ်းချင် သလိုသိမ်းတယ်။ မသိမ်းပြန်ရင်လည်း သူတို့စိတ်တိုင်း ကျလုပ်ပေးရတဲ့ အပြင် ကျွန်တော်တို့ရဲ့ လယ်မြေ တွေပေါ်မှာ ကျွန်တော်တို့ လယ်စိုက်ဖို့ တစ်ဧကကို ငွေကျပ် ၃ သောင်းစီပေးရမယ်ဆိုတာ မတရား အ နိုင်ကျင့်တာပါ။ ကျွန်တော်တို့ ဘူးသီးတောင်မြို့နယ်မှတော့ တပ်ရင်း ၃၅၂ နဲ့ ၅၅၁ တို့ကတော့ အင်မ တန်ရက်စက်ယုတ်မာနေတဲ့ တပ်ရင်းတွေဖြစ်ပါတယ်။” ဟုငါးရန့်ချောင်းရွာ မှဒေသခံတစ်ဦးမှ RB News သို့ ပြောပါသည်။

ဌေးဇော် 
RB News 
19.1.2013

ဘူးသီးတောင် ။ ။ ဇန်န၀ါရီလ (၁၅) ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်ညောင် ချောင်း စရဖ တပ်ဖွဲ့မှ ထွန်းထွန်းလှိုင်သည် ကာဒီရွာမှ ဦးအဒူဆလာမ် (ဘ) ဦးအလီအဘာရ် (အသက် ၅၅ နှစ်) အား ညောင်ချောင်းဈေးမှ ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ်မှ ဖုန်းလိုင်းသုံးစွဲနေသည်ဟု စွပ်စွဲပြီး ငွေ ကျပ် ၂ သိန်း ယူ သည့်အပြင် ပြင်းထန်စွာ ရိုက်နှက်ခဲ့သည်။ ထိုသို့ လူမဆန်စွာ ရိုက်နှက်သည်ကို မခံနိုင်၍ အနီးရှိချောင်း ထဲသို့ ခုန်ဆင်းပြေးသွားခဲ့ရာ လိုက်လံဖမ်းဆီးပြီး ထပ်မံရိုက်နှက်ရာ တွင်ခြေလက်ကျိုး ၍ သေလုမျော ပါးဖြစ်ခဲ့သောကြောင့် ဘူးသီးတောင်မြို့ နယ်ဆေးရုံတွင် အတွင်းလူနာအဖြစ်ဆေးကုသ လျက်ရှိကြောင်း သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ တိုင်ကြားသော်လည်း အရေး ယူခြင်း တစ်စုံ တစ်ရာပြုလုပ်ခြင်း မရှိကြောင်း ဒေသခံတစ်ဦးမှ RB News သို့ပြောပါသည်။ 

ဇန်န၀ါရီလ (၁၃) ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဘူးသီးတောင်မြို့ နယ်အော်လံပြင်ရွာ၌ လုံခြုံရေးတာ ၀န်ယူနေသော တပ်ရင်း ၃၄၅ မှ ဒုအရာခံ ဗိုလ်လှဇံ၏ တပည့် ဒုတပ်ကြပ် တစ်ဦးက ထိုရွာ တွင်နေ ထိုင် သော ဦးရီယာဇုဒီးန်နှင့် အသက် (၁၂) နှစ်အရွယ် သားဖြစ် သူတို့အား ဘင်္ဂလားဒေ့ရှ်မှ ဖုန်း လိုင်းသုံးစွဲနေ သည်ဟုစွပ်စွဲ၍ သားအဖနှစ်ဦးအား ကြိုးဖြင့် ချည်နှောင်၍ ချောင်းသို့ ခေါ်သွားခဲ့သည်။ ထိုသားအဖနှစ်ဦး အား ချောင်းထဲသို့ နစ်၍ စစ်ဖိနပ်ဖြင့် ကန်၍ ပြင်းပြင်းထန်ထန် ရိုက်နှက် ညှင်း ပန်းနှိပ် စက်၍ တပ်ရင်းသို့ ခေါ်ဆောင်သွား ခဲ့သည်။ တပ်ရင်းတွင် တစ်ည ချုပ်နှောင် ထားခဲ့ပြီးနောက် တွင် ငွေကျပ်တစ်သိန်းယူ၍ ပြန်လည်လွှတ်ပေး လိုက်ကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ်ရဲစခန်းမှ တာဝန်ခံနယ်ထိန်း ဒုရဲအုပ်မြတ်ထွေးသည် ဘူးသီးတောင်မြို့နယ်မှ ဒေသခံ ရိုဟင်ဂျာများအား မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေညှစ်နေသည်ကို ၎င်း၏ စီးပွားရေးလုပ်ငန်း တစ်ခု အနေဖြင့် လုပ်ကိုင်လျက်ရှိသည်။ ဇန်န၀ါရီလ (၁၂) ရက်နေ့တွင် အလယ်ချောင်း လသာ ရွာနေ မော်လ၀ီ ဦးဖုရ်ကာန် (ဘ) ဦးမာမတ်ကာဆိမ်းအား တစ်ဖက်နိုင်ငံနှင့် တရားမ၀င် ဆက် သွယ်နေ သည်ဟု မဟုတ်မမှန် စွပ်စွဲပြီး ဖမ်းဆီးခဲ့သည်။ ထို့နောက်ငွေကျပ် ၆ သိန်း မပေးပါက တရားစွဲ၍ထောင် ချမည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။ မော်လ၀ီဦးဖုရ်ကာန်မှ ၎င်း၏ ဘ၀တစ်ခုလုံး ကိုထောင် ထဲတွင် မနစ်မြှပ် နိုင်သောကြောင့် ငွေကျပ် ၆ သိန်းကိုနီးစပ်ရာဆွေမျိုးများ မှချေးငှား၍ပေး ခဲ့ကြောင်း ဒေသ ခံတစ်ဦးမှ RB News သို့ပြောပါသည်။ 

ဇန်န၀ါရီလ (၁၂ ) ရက်နေ့တွင်ပင် ဘူးသီးတောင်မြို့နယ်၊ စိမ့်ညှင်းပြားရွာ အခြေစိုက် နစကစခန်းမှ ထိုရွာမှ ရွာသားတစ်ဦးဖြစ်သည့် ဦးမိုဟာမတ်အာမီးန် (ဘ) ဦးအဒူဇလိလ်အား ဘင်္ဂလားဒေ့ရှ်မှဖုန်း လိုင်း သုံးစွဲနေသည့်ဟု လုပ်ကြံစွပ်စွဲ၍ ငွေကျပ် ၅ သိန်းယူ သွားခဲ့သည်။ ဦးမိုဟာမတ်အာမီးန်အား အဆို ပါနစကများမှ အကယ်၍ သက်ဆိုင်ရာသို့ တိုင်ကြားပါက ၎င်း၏နေအိမ်ကို မီးရှို့ပစ်မည်ဟု ခြိမ်းခြောက် သွားကြောင်း သိရပါသည်။

M.S. Anwar 
RB News 
18.1.2013 

မောင်တော ။ ။ ယနေ့ နံနက် ၁၀ နာရီခွဲခန့် တွင် မောင်တောမြို့ပေါ်မှ ရခိုင်အစွန်းရောက် ၁၅ ဦးခန့်တို့ သည် ရဲအရာရှိ အချို့တို့နှင့် အတူဘဂုံးနားရွာသို့ လာရောက်ပြီး ရခိုင်လူမျိုးအလောင်း ၂ လောင်းကို ဘဂုံးနားဈေး တွင်ထားခဲ့သည်။ ထိုအလောင်း ၂ လောင်းကို ၎င်းတို့သယ်ယူလာခြင်းဖြစ်သည်။ ထိုသို့ ပြု လုပ် ရခြင်း မှာ အသိဥာဏ်မဲ့သူများ အထင်အမြင်လွှဲပြီး အကြမ်းဖက်မှုတစ် ခုဖြစ်ပေါ် လာစေ ရန်ကြိုတင် ကြံရွယ်၍ပြုလုပ်ရခြင်းဖြစ်သည်။ 

“ရွာသားတွေက နယ်မြေနစက လုံခြုံရေးတာဝန် ယူထားတဲ့ နယ်မြေ (၇) မကြီးစခန်းက ဗိုလ်ကြီးမျိုး ထိုက်အောင် ကိုအကြောင်းကြား တယ်လို့ကြားတယ်။ ရွာသားတွေပြောတဲ့ အတိုင်းဆိုရင် ဗိုလ်ကြီးမျိုး ထိုက်အောင်က အခင်းဖြစ်တဲ့နေ ရာကိုလိုက်လာတယ်။ ပြီးတော့ အခြေအနေ အားလုံး ကြိုးစားပြီးတည် ငြိမ်အောင် လုပ်သွားမယ်လို့ ပြောတယ်။ အဲဒီအလောင်းတွေကိုလည်း ရခိုင်အစွန်းရောက်တွေယူလာ တယ်ဆိုတာ သူသိတယ်လို့ ပြောတယ်။ ဒါပေမယ့်လည်း ရွာသားတွေ ကတော့အမှန် တ ကယ်ကြောက် နေကြ တယ်။ 

ရခိုင် အစွန်းရောက် ကတော့ပြဿနာ ရှာဖို့ကြိုးစားတဲ့နေရာမှာ အခုထိ ရှိနေတုန်းဘဲ။ ရခိုင် အ စွန်း ရောက် တွေနဲ့ ရဲတွေ က (မှတ်ချက်။ မောင်တော တွင် ရှိသည့် ရဲတပ်ဖွဲ့ဝင် အများစုမှာ ရခိုင်လူမျိုး များဖြစ် သည်) ရွာ တစ်ခု လုံးအေး ချမ်းနေ တာကိုမလိုလားတဲ့ အပြင် ရခိုင်ပြည်နယ် တစ်ခု လုံး တည်ငြိမ်အေး ချမ်းနေတာ ကိုမလိုလားဘူး။ အဲဒါကြောင့်ပြဿ နာဖြစ်အောင်ကြိုးစား လုပ်ယူနေတယ်။ ရိုဟင်ဂျာတွေကို ဒုက္ခပေးဖို့ ကိုယ့်လူမျိုးရဲ့ အလောင်းကိုတောင် တိရိစ္ဆာန်လိုအသုံးချတယ်။ သူတို့ အားလုံး က အခု အသစ်ခန့်ထားတဲ့ ရွာအုပ်ချုပ်ရေးမှူး ဦးဘထွန်းအောင်နဲ့ ပူးပေါင်းပြီးလုပ်တာပါ။ ဦးဘထွန်းအောင် ကတော့ ဘင်္ဂလားဒေ့ရှ် က ရခိုင်ဖြစ်ပြီး ၁၉၇၀ ခုနှစ်နောက်ပိုင်းမှာ ကန်သာယာရွာမှာ လာပြီး အခြေ ချတာပါ” ဟုဘဂုံးနားရွာအနီး မှဒေသခံတစ်ဦးကပြောပါသည်။ 

 တည်ငြိမ်အေး ချမ်းနေသောနေ ရာများတွင် ရခိုင်အစွန်းရောက်များက အကြမ်း ဖက်မှုများဖြစ်ပေါ် လာရန် ယခုကဲ့သို့ အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ ထိုသို့ပြုလုပ်ရခြင်းမှာလည်း ရည်ရွယ် ချက်နဲ့ လုပ်ဆောင်ခြင်း သာဖြစ်သည်။ မြန်မာနိုင်ငံ အတွင်းမှ ခွဲထွက်ရန်ကြိုးစားနေ သည့်အတွက် ရခိုင် ပြည် နယ်မငြိမ်မ သက်များ များဖြစ်မှသာ ၎င်းတို့ရည်ရွယ် ထားသည့် လုပ်ငန်းများ အကောင် အထည် ဖော် ရန် လွယ် ကူမည်ဖြစ်သောကြောင့်ဖြစ်သည်။

****************

အမှားပြင်ဆင်ချက် ။ ။ အလောင်းမှာ တစ်လောင်း သာဖြစ်ပြီး၊ နှစ်လောင်းမဟုတ်ပါ။ သတင်းပေးပို့သူ၏ အမှားဖြစ်ပြီး၊ ထိုအမှား အတွက် ကျွန်ုပ်တို့မှ အနူးအညွတ်တောင်း ပန် အပ်ပါသည်။

ထပ်မံဖြည့်စွက် ။ ။ အကြမ်းဖက်မှု အစပျိုးရန် လက်နက်အဖြစ် ရခိုင်အစွန်းရောက်များ အသုံးပြုခဲ့သော ရခိုင်လူမျိုး အလောင်း မှာဆေးရုံ တွင်ရောဂါဖြင့်သေ ဆုံးခဲ့ခြင်းဖြစ်သည်။ ရခိုင်အစွန်းရောက်များမှ ပြစ်မှု ကျူး လွန်ရန်အတွက် ထိုအလောင်း ကိုစော်ကားခဲ့ခြင်ြး ဖစ်သည်။

နစကမှ ဗိုလ်ကြီးမျိုးထိုက်အောင်၏ အချိန်မှီ အရေးယူနိုင်မှုကြောင့် ရခိုင်အစွန်းရောက်များ ရည်ရွယ်ထား သည့် အတိုင်းဖြစ်မလာနိုင် ခဲ့ကြောင်းသိရပါသည်။
စစ်တွေမြို့၊ ဒုံးပြင်ကျေးရွာရှိမူလတန်းကျောင်း (ဓါတ်ပုံ - နေမင်းခ)
နေမင်းခ
RB News 
18.1.2013 

စစ်တွေ။ ။ ရခိုင်ပြည်နယ် အ၀န်းတွင် အကြမ်းဖက်မှု များဖြစ်ပွား ပြီးနောက်တွင် ရိုဟင်ဂျာ လူမျိုးများ၏ စီးပွားရေး ၊ ကျန်းမာရေး၊ ပညာရေး အစရှိသော အရေးကိစ္စ များအားလုံးတွင် ယိုယွင်းပျက်စီး သွားခဲ့ရ သည်။ အပြည်ပြည် ဆိုင်ရာ အထောက် အပံ့များ၊ ပြည်တွင်း  ထောက်ပံ့မှုများ ရှိသော်လည်း လုံလောက်မှုမ ရှိဘဲ လိုအပ်ချက် များစွာရှိနေသည်။ 

ရိုဟင်ဂျာ လူမျိုးများသည် မိမိတို့၏ နိစ္စဓူဝကိစ္စရပ်များ ကိုကြုံရာကျ ပန်းမလုပ်နိုင်လောက်အောင်အလုပ် အကိုင်အခွင့်အရေး များလည်း ကျဆင်းလျက်ရှိသည်။ စားဝတ်နေရေး ကိစ္စရပ်များကို  ကိုယ်တိုင် ဖြေ ရှင်း နိုင်သော အင်အား ရှိသော်လည်း တံခါးပိတ်ဝါဒ ကျင့်သုံးခြင်းခံနေရ သည့် အတွက်ကြိုး စား သလောက် အရာ မထင်ဖြစ်နေပါသည်။ လက်ရှိအဆိုးရွားဆုံးအချက်မှာ အနာဂတ် ၏ခေါင်းဆောင်လောင်း များဟု တင်စားထားသော ကလေးသူငယ်များ၏ ပညာရေးအခြေအနေမှာ အဘက်ဘက်မှ ယိုယွင်း ဆုတ်ယုတ် နေပါသည်။ 

ယခုအခါ မူကြိုပညာရေးမှအစ တက္ကသိုလ်ပညာရေးအထိ တက်ရောက် မည့်ကျောင်းသားများ၊ တက် ရောက် ပညာသင်ကြားနေ ဆဲကျောင်းသားများမှာ အခက်အခဲများ ကြုံကြိုက် လျက်ရှိသည်။ လွတ်လပ် စွာပညာ သင်ကြားခွင့်မရှိခြင်း၊ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ပညာရပ်များ သင်ကြား ခွင့် မရှိခြင်း၊ ပြည်တွင်းပြည်ပရှိ အခြားသော တက္ကသိုလ်များ သို့ လွတ်လပ်စွာပညာ သင်ကြားခွင့် မရ ရှိခြင်းတို့ကြောင့် လူငယ်များ၏အခွင့်အလမ်း၊ ဘ၀တက်လမ်းများပိတ်ဆို့လျက်ရှိနေပါသည်။ 

လတ်တလော  ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု များကြောင့် ပညာသင်ကြားနေသော   ကျောင်းသားများမှာ ဆက် လက်သင်ကြားရန် အခွင့်အလမ်း မရှိတော့သည် ကိုတွေ့မြင်နေရသည်။ သက်ဆိုင်ရာအာဏာပိုင် များ က မည် ကဲ့သို့ပြုလုပ်ဆောင်ရွက်ပေး မည်ကိုသာ  စောင့်ကြည့်နေ လျက်ရှိကြသည်။ မိမိတို့၏ သားသ မီးများ ပညာရေးအတွက်  သောကဖြစ်နေကြသော သောကရှင်ရပ်ရွာ လူကြီးများမှ ပညာရေးကော်မီတီ အဖွဲ့ ဖွဲ့ စည်းကာ   ကျောင်းသား များကိုပညာသင်ကြားပေးနိုင် ရန်အတွက် အစီအစဉ်များကို ကိုယ်စွမ်း ဥာဏ် စွမ်း ရှိ သရွေ့ကြိုးစားလျက်ရှိသည်။ 

သို့သော်လည်း လက်ရှိအနေ အထားတွင် မူလတန်းမှ တက္ကသိုလ်ဝင်တန်း ထိကျောင်းသားများမှာ တစ် သောင်းခွဲကျော် ရှိသည့်အတွက် ဆရာအင်အားနှင့်ကျောင်းသား အင်အားမမျှတခြင်း၊ စာရေးကိရိယာ သင်ထောက်ကူပစ္စည်းများ လုံလောက်မှုမရှိခြင်း၊ အခြေခံ အဆောက်အဦများ လုံလောက်မှု မရှိခြင်း တို့ ကြောင့်အခက်အခဲများ စွာရှိနေပါသည်။ ၀န်ထမ်းများ အတွက်ထောက်ပံ့ကြေးများ လည်း အခက် အခဲရှိ ခြင်း၊ ဆရာအင်အား လုံလောက်မှု မရှိခြင်းတို့ကြောင့် ပညာသင်ကြားရေး ကိစ္စရပ်များ မှာနောက်ကောက်ကျ လျက်ရှိနေကြောင်း၊ မည်ကဲ့သို့ဆက် လျက်ဆောင်ရွက်ရမည်ကို အကြံဥာဏ် များပေးစေ လိုကြောင်း၊ ပြည်တွင်းပြည်ပမှ အသိပညာရှင်၊ အတတ်ပညာရှင် များစေတနာရှင်များ၏ အကူအညီများ၊ အကြံဥာဏ် များကို ကြိုဆိုကြောင်း ပညာရေးကော်မီတီနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းများ မှပြောပါသည်။ 

ပညာရေးဖြင့်ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီး တည်ဆောက်အံ့ဟု စကားနှင့် အညီနိုင်ငံတော် အကြီးအကဲများနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများမှလည်း လက်ရှိ အခြေအနေများကို စဉ်းစားသုံး သပ်ပေး စေ  လိုကြောင်း အနာဂတ် ၏ခေါင်းဆောင်များဖြစ်မည့်ကလေးသူ ငယ်ကျောင်း သားများ၏ အရေး ကို ဦးစားပေးပြီးဆောင်ရွက်ပေးစေ လိုကြောင်း ပညာသင်ကြားလျက်ရှိသော၊ ပညာကို လိုလား လျက်ရှိ သောကျောင်းသား မိဘများ၏ ရင်ဖွင့်သံကိုလည်း ကိုယ်ချင်းစာနာ မိစေချင်ပါသည်ဟု စစ်တွေမြို့ ဒေသခံ ကျောင်းသားမိဘတစ်ဦးမှ RB News သို့ပြောပါသည်။

M.S. Anwar
RB News
18.1.2013

မောင်တော ။ ။ ယမန်နေ့ည ၉ နာရီခွဲခန့်တွင် မောင်တောမြို့၊ ဂေါ်ဒူဆာရာကျေးရွာတံတားတွင်အခြေ စိုက်သော နယ်စပ်ဒေသ ကွပ်ကွဲရေး (နစက) စခန်းမှ အသက် ၂၀ ၀န်းကျင်ရှိ ရိုဟင်ဂျာလူငယ်နှစ်ဦး အား အကြောင်းပြ ချက်တစုံတရာ မရှိဘဲ ဖမ်းဆီး သွားကြောင်း သတင်းရရှိပါသည်။ 

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာလူငယ်နှစ်ဦးမှာ ဂေါ်ဒူဆာရာကျေးရွာအုပ်စု၊ ဆွလ္လာရွာမှဖြစ်ပြီး၊ အမည်များမှာ - 

(၁) ရဟမတ်အုလ္လာ (ဘ) ဦးဟူစိန်းအဟမတ် 
(၂) တာဟဲရ် (ဘ) ဦးကမာလ် - တို့ဖြစ်သည်။ 

ရွာသားများ ၏ပြောဆိုချက်အရ ထိုလူငယ်နှစ်ဦး ကိုငွေညှစ်ရန် ရည်ရွယ်ချက်ဖြင့်သာ ဖမ်းဆီးသွားခြင်းဖြစ် သည်။ လူငယ်နှစ်ဦးအား ၀တ်ပြုပြီးအနားယူနေစဉ်ဖမ်းဆီးသွားခြင်းဖြစ်သည်။ ရွာသားများမှ ကယ်တင် ရန်ကြိုး စားသောအခါ နစကများမှ အနည်းဆုံးအချက် ၅၀ ပစ်ဖောက်ခဲ့သည် ဟုသိရသည်။ ထိုသို့ ပစ် ဖောက်ခဲ့သော်လည်း တစ်ဦးမှဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ၊ လူငယ်နှစ်ဦးကိုသာ လူမဆန်စွာ တရွတ် တိုက်ဆွဲ ၍နစကစခန်းသို့ခေါ်ယူသွားသည်။ 

ထို နစကစခန်း သည် နစကနယ်မြေ (၇) မကြီးချောင်းရွာရှိ စခန်းမှ ဗိုလ်ကြီးမျိုးထိုက်အောင် ၏ လက် အောက်ခံ စခန်းဖြစ်သည်။ ယခုကဲ့သို့ ဖမ်းဆီးခြင်းသည် ဗိုလ်ကြီးမျိုးထိုက်အောင်၏ အမိန့်မပါဘဲ၊ လက် အောက်ငယ်သားများက ၎င်းတို့၏ ဆန္ဒဖြင့်သာပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ယခုအချိန် ထိ ဖမ်း ဆီး ခံရသူ လူငယ်နှစ်ဦးမှာ လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဂေါ်ဒူဆာရာရွာ အနီးမှ အမည် မဖော်လိုသူ တစ်ဦးက RB News သို့ပြောပါသည်။ 

နေ့စဉ်နေ့တိုင်း အပြစ်မဲ့ ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်းများ၊ ညှင်းပန်းနှိပ်စက်ခြင်း များ ပြု လုပ်၍ငွေ ညှစ်လျက်ရှိပြီး၊ လက်ခံနိုင်ဖွယ်ရာ မရှိသောအကြောင်းပြ ချက်များပြ၍ ဖမ်းဆီးထောင်ချ လျက် ရှိသည်။ ထိုသို့ ပြုလုပ်နေခြင်းမှာ အစိုးရ၏ ခွင့်ပြုချက်ဖြင့်ြ ပုလုပ်နေခြင်း ဟုတ်/မဟုတ်ကို သေချာ မှတ်ချက် မပြုနိုင်သော်ငြားလည်း ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများ မှာနေ့စဉ်နှင့်အမျှ အာဏာပိုင် များ ပေးသော ဒုက္ခကို ခံစားလျက်ရှိသည်။

Qutub Shah 
RB News 
18.1.2013 

မောင်တော ။ ။ နယ်စပ်ဒေသ ကွပ်ကဲရေးမှ နယ်မြေမှူး သည် လွန်ခဲ့သည့် အပတ်တွင် ဖမ်းဆီးခဲ့သော ရိုဟင်ဂျာလူငယ် ၄ ဦးထံမှ ငွေကျပ် ၃၈ သိန်းခြိမ်းခြောက်၍ ယူခဲ့ကြောင်း သိရသည်။ ထိုငွေ ၃၈ သိန်းယူခဲ့ သူမှာ ငါးခူရကျေးရွာ အခြေစိုက် နစကနယ်မြေ ၅ မှ နယ်မြေမှူး ဗိုလ်မှူးဝင်းလှိုင်ဖြစ်သည်။ ငွေကျပ် ၃၈ သိန်းပေး၍ လွတ်မြောက် လာခဲ့သော လူငယ် ၄ ဦးမှာ - 

(၁) မိုဟာမတ်ဟာရှင် (ဘ) ဦးဖာဒန် (အသက် ၁၆ နှစ်) 
(၂) မိုဟာမတ်အလီ (ဘ) ဦးအဒူဟာမိတ် (အသက် ၂၃ နှစ်) 
(၃) မိုဟာမတ်ဟာရှင် (ဘ) ဦးလာလူး (အသက် ၁၇ နှစ်) 
(၄) မိုဟာမတ်အာယာစ် (ဘ) ဦးကာလာမျာ (အသက် ၁၈ နှစ်) 

အထက်ပါလူငယ် ၄ ဦးကို လွန်ခဲ့သည့်ဇန်န၀ါရီလ (၁၂) ရက်နေ့ည ၈ နာရီခွဲခန့်တွင် ဖမ်းဆီးသွား ခဲ့ခြင်း ဖြစ်သည်။ ထိုနေ့တွင် နစကများမှ ကြက်ရိုးပြင်ရွာ ရှိဈေးကိုဝင်ရောက်စီး နင်းပြီး ဈေးဆိုင်များမှ သန်း ပေါင်းများစွာတန်ဖိုးရှိ ပစ္စည်းများကို ယူဆောင်သွားသည့်အချိန်တွင် ထိုလူငယ်များမှာ မိမိတို့၏ ဆိုင်အ ခြေအနေကိုစောင့်ကြည့်နေစဉ် ဖမ်းဆီးခံခဲ့ ရခြင်းဖြစ်သည်။ ထိုလူငယ်များနှင့် အတူအခြားသော သူများ ကိုလည်းဖမ်းဆီးသွားခဲ့သည်။ ထိုသူများမှာ ဗိုလ်မှူးဝင်း လှိုင်တောင်းသောငွေကြေး ပမာဏကို မတတ်နိုင် သောကြောင့် ယခုအချိန်ထိလွတ်မြောက် လာနိုင်ခြင်း မရှိဘဲ မတရားသဖြင့် ချုပ်နှောင်ခြင်း ခံထားရသည်။ 

ဓါးပြများကဲ့သို့ ၀င်ရောက်စီးနင်း၍ ယူဆောင်သွားသော ပစ္စည်းများကိုလည်း ပိုင်ရှင်များသို့ ယခုအချိန် ထိ ပြန်လည် အပ်နှံခြင်းမရှိသေးကြောင်း သိရသည်။ 

ဇန်န၀ါရီလ(၁၆)ရက်နေ့နံနက် ၁၀နာရီတွင် နစကနယ်မြေ(၇) လက်အောက်ခံ ဇော်မတက်(လမ်ဘာဂူနာ)   ကျေး ရွာ အုပ်စု၊ ဟင်္သာရ (ဟွန်ဆာရာ) ရွာရှိ ဗလီနှင့်မဒရာစာ (ဘာသာရေးကျောင်း) အားနစကများနှင့် ရခိုင်အစွန်းရောက်များ ပူးတွဲ၍ ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။ ၂၀၁၂ ဇွန်လ အကြမ်းဖက်မှု ကြီးစတင်ချိန်မှ စ၍ နေအိမ်များ၊ ဆိုင်ခန်းများနှင့် ဘာသာရေးအဆောက်အဦများကိုယခု ကဲ့သို့ ဖျက်ဆီး လျက်ရှိသည်။ လွန်ခဲ့သည့်ရက်ပိုင်းမှ စ၍ သစ်ပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ မြေညှိခြင်း များပြု လုပ် လျက် ပြီး ထိုနေရာများတွင် ရခိုင်များကိုနေရာချရန် စီစဉ်လျက်ရှိကြောင်းသိရသည်။ 

“ရခိုင်တွေက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ၊ နိုင်ငံနှစ်နိုင်ငံ လုံးမှာနေတယ်။ သူတို့မှာ နယ်စပ်ဖြတ်ရတာ ဘာပြဿနာမှ မရှိဘူး။ အုပ်ချုပ်ရေးပိုင်းမှာလည်း ရခိုင် ဗုဒ္ဓဘာသာတွေဘဲ။ အခု သူတို့ရဲ့ဆွေမျိုး သားချင်း တွေကို ဘင်္ဂလားဒေ့ရှ် ကခေါ်လာပြီး ကျွန်တော်တို့ ရဲ့မြေနေရာတွေပေါ် မှာနေရာချထားပေး ဖို့စီစဉ်နေ တယ်။ အခု ရက်ပိုင်းမှာတောင် အများကြီးခေါ်လာပြီးပြီ။ အရင်တုန်းက ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် လည်း အထက်မြန်မာပြည်မှာ အလုပ်အကိုင်မရှိတဲ့ သူတွေကို ဒီလိုခေါ် လာတယ်။ ပြီးတော့ နစကက ကျွန် တော်တို့ ရဲ့မြေနေ ရာတွေသိမ်းပြီး သူတို့ကိုပေးတယ်။ အစိုးရက ကျွန်တော်တို့ကို ရခိုင်ပြည်ကနေထွက် သွားစေချင်တော့ သူတို့ကစီမံကိန်းတွေနဲ့လုပ်နေတယ်။ ဒီမှာကတော့ ကျွန်တော်တို့ အတွက်ဥပဒေဆို တာမရှိဘူး” ဟုမောင်တောမြို့ဒေသခံတစ်ဦးမှ RB News သို့ပြောပါသည်။ 

မြောက်ဦး။ ။ဇန်န၀ါရီလ ၁၆ရက်နေ့တွင် ဆင်းရဲသည့် ရိုဟင်ဂျာနှစ် ဦးဖြစ် သည့် မြောက်ဦးမြို့ နယ်၊  ဟောင်တောက်ကျေးရွာ မှ ဦးမူက်သာရ် (ဘ) ဦး အဒူရှကူရ်နှင့် ဦးကာလာမျာ (ဘ) ဦးမိုဟာ မတ်အလီ တို့သည် ဖီဖရန်ကျေးရွာအုပ်စုသို့သွား၍ ဘာသာရေးစာအုပ်များ၊ ရေမွှေးများရောင်း၍ ၀င်ငွေရ ရန် သွား ရောက်ခဲ့ သည်။ ထိုသူနှစ်ဦးရောင်း ချနေသည်ကို တပ်ရင်း ၃၇၈ မှ ထွန်းနိုင်ဆို သည့်လူမ ဆန်သော စစ် သားမှတွေ့သော အခါ ဘာသာရေး စာအုပ်များကို ဆုတ်ဖြဲ၍ လွှင့် ပစ်ခြင်း၊ ခြေထောက်ဖြင့် နင်းခြေခြင်း များပြုလုပ်ပြီး၊ ရောင်းချသည့် ဆင်းရဲနွမ်းပါး သူနှစ်ဦးကို လူမဆန်စွာ ရိုက်နှက်ရာ၊  ပြင်းထန်စွာ ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။ ရရှိသည့်ဒဏ် ရာကြောင့်နှစ် ဦးစလုံးမှာ မိမိတို့၏ ရွာသို့မပြန်နို င်တော့ ဘဲ၊ လူယုတ် မာထွန်းနိုင်ထွက်ခွာသွားသည့်အခါ အဆိုပါ ရွာမှရွာသားများက ရွာသား တစ်ဦး၏ အိမ်ကိုေ ခ်ါဆောင် သွားပြီးဆေး ကုသပေးလျက် ရှိကြောင်း သတင်းရရှိပါသည်။
Rohingya Exodus