နောက်ဆုံးသတင်း/ဆောင်းပါးများ

Rohingya Eye
RB News
3.3.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် လာမည့် မတ်လ (၇) ရက်နေ့တွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို လူမျိုးအလိုက် ကျောင်းများခွဲ၍ ကျင်းပရန် စီစဉ်ထားသည်ကို လေ့လာ တွေ့ရှိရသည်။ 

၂၀၁၈ ခုနှစ် မတ်လ (၇) ရက်နေ့တွင် တစ်နိုင်ငံလုံး၌ ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဖြေဆိုခွင့်ရရှိသည့် ကျောင်းသား/သူများ၏ ခုံနံပါတ်များကို လွန်ခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။ ထိုသို့ ကြေညာရာတွင် ရိုဟင်ဂျာကျောင်းသား/သူ များ၏ ခုံနံပါတ်များနှင့် အခြား ရခိုင်၊ ဗမာ၊ မြို၊ ဒိုင်းနက်၊ ခမွီးနှင့် ဟိန္ဒူကျောင်းသား/သူများ၏ ခုံနံပါတ်များကို ခွဲခြားထားကြောင်း တွေ့ရှိရသည်။ 

မောင်တောမြို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ရိုဟင်ဂျာကျောင်းသား/သူ ၂၀၀ ကျော်ရှိပြီး၊ ၎င်းတို့၏ ခုံနံပါတ်များကို အ.ထ.က (၂) တွင် ကြေညာထားသည်။ အခြား ရခိုင်၊ ဗမာ၊ မြို၊ ဒိုင်းနက်၊ ခမွီးနှင့် ဟိန္ဒူများ၏ ခုံနံပါတ်များကို အ.ထ.က (၁) တွင် ကြေညာထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

“စာမေးပွဲကိုလည်း ကျောင်းခွဲပြီး စစ်မယ်လို့ ကြားရတော့ စာမေးပွဲခန်းမထဲမှာ ဖိနှိပ်ပြီး ဆက်ဆံမှာကို စိုးရိမ်နေရတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောပါသည်။ 

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ စာမေးပွဲခန်းများကို လူမျိုးအလိုက် ခွဲခြား၍ ကျင်းပစစ်ဆေးခြင်းကို ယခင်က ပြုလုပ်ခဲ့ခြင်း မရှိခဲ့သော်လည်း ယခု ဒီမိုကရေစီ အစိုးရ လက်ထက်တွင် စတင်၍ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ယခုကဲ့သို့ ပြုလုပ်နေခြင်းမှာ မတူကွဲပြားသည့် အသိုင်းအ၀ိုင်းများကြား သဟဇာတ မရှိတော့အောင် တမင် ဖန်တီးလုပ်ယူနေခြင်း ဖြစ်သည်ဟု ဒေသခံများက ဝေဖန်ပြောဆိုသည်။ 

ခုံနံပါတ်ကြေညာထားသည့် စာရင်းများ --







အဖျက်မခံဘူး သင့်သမိုင်း

ကျော်သူရ (ရှင်ပက္ခိ)
RB ကဗျာ
3.3.2018

ရှင်မွေးသန်မွေး ရိုကလေးရယ်...
ချော​မောလှပ သင့်​ခန္ဓာ
သပ်​ရပ်​​ပြေပြစ်​ သင့်​အသွင်
စကားမတတ် သင့်ပါးစပ်
လျှောက်ဖို့မစွမ်း သင့်ခြေနု
ရေးဖတ်မမှီ သင့်အရွယ်
ကောင်းဆိုးမခွဲ သင့်ပညာ
သို့ပေမယ့်...
လူစိတ်ကင်းစွာ ယုတ်မာခံရ
သနားမဲ့စွာ သတ်ဖြတ်ခံရ
ခံလိုက်ရတဲ့ သင့်ဘဝ
အို... ရိုကလေး​ရေ...
သင့်​သမိုင်း ငါတို့ အဖျက်​မခံဘူး။

အဆွေမသိ သင်အငုံ
မောင်နှမ မကျွမ်း သင်အဖူး
မြေမှာမထား ပုရွက်ဆိတ်စိုး
ခေါင်းပေါ်မတင် သန်း​သေးကိုစိုး
ခြင်ထောင်ခြုံထား ခြင်အကိုက်စိုး
သို့ပေမယ့် ...
လူ့စိတ်လစ်စွာ ပက်စက်ခံရ
ကရုဏာမဲ့စွာ နင်းသတ်ခံရ
ခံလိုက်ရတဲ့ သင့်ဘဝ
အို...ရိုကလေး​ရေ ...
သင့်​သမိုင်း ငါတို့ အဖျက်​မခံဘူး။


အငိုပြေနိဗ္ဗာန် အမိရင်ခွင်
အဆာပြေစိန်စာ အမိနို့ရည်
ပုခက်အအိပ် သားချော့တေး
ချဉ်းကပ်မခွာ သင့်အနား
ထိုသို့ပြုစု စောင့်ရှောက်မှု
မြတ်နိုးမှုလျှံ အမိနှင့်သား
သို့ပေမယ့် ...
အမိရင်ခွင်မှ ဆတ်​ခနဲလု
ညှာတာလျှင်းစွာ စွန့်လွှတ်ခံရ
မီးငရဲထဲ သင့်ကိုယ်လေးကို
ပစ်​ချလိုက်​တဲ့ အ​ကြောင်း​တွေ
အို...ရိုကလေး​ရေ ...
သင့်​သမိုင်း ငါတို့ အဖျက်​မခံဘူး။


မွေးဌာနေစုပ် သင့်သွေးပူပူ
သင့်အသားတွေ မြေစာဖြစ်​သို့
သင့်အရိုးတွေ သက်သေထူ
သင့်အတွက် အ​ဆွေးမဆုံး
သင်​ခံရတဲ့ ဒီဖြစ်​ရပ်​ဆိုး
ကမ္ဘာတည်သရွေ့ တည်​တံ့​စေဖို့
အို့ ... ရိုက​လေး​ရေ ...
သင့်​သမိုင်း ငါတို့ အဖျက်​မခံဘူး။


အသွားအပြန်​ ​အ​မှောင်​အလင်း
အသာအနာ အမြင့်​အနိမ့်
လောကဓမ္မတာ ဝဋ်​အရစ်​ကျ
သူတို့ခံလတ္တံ့ ...
သင်နေနေတော့ နိဗ္ဗာန်ရိပ်အောက်
အို...ရိုကလေး​ရေ...
ဒီမှာ ...
သင့်​သမိုင်း ငါတို့ အဖျက်​မခံဘူး။




RB News
2.3.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် နှစ်နှစ်အောက် ကလေးများကို လူမှုဝန်ထမ်းဖူလုံရေး ဦးစီးဌာနမှ ထောက်ပံ့သည့် ငွေကြေးများကို ကျေးရွာအုပ်ချုပ်ရေး စာရေးက ဖြတ်စားနေသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

ဘူးသီးတောင်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် နှစ်နှစ်အောက် ကလေးများကို လူမှုဝန်ထမ်းဖူလုံရေး ဦးစီးဌာနမှ တစ်ဦးကို တစ်လလျှင် ငွေကျပ် တစ်သောင်းခွဲစီ ထောက်ပံ့ကြေး အဖြစ် ပေးအပ်လျက် ရှိသည်။

တစ်ဦးချင်းစီအတွက် (၃) လစာ ငွေကျပ် လေးသောင်းခွဲစီကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက ဖြန့်ဖြူးပေးလျက် ရှိကြောင်း သိရှိရသည်။

အချို့သော ကျေးရွာအုပ်စုများတွင် တိတိကျကျ ပေးလျက်ရှိသော်လည်း မိကျောင်းဈေးကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ စာရေးဖြစ်သူ ဦးအောင်နိုင်ဦး က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အောက်ခြေ၀န်ထမ်းများနှင့် ပူးပေါင်းကာ အကျိုးခံစားခွင့်ရသူများကို တစ်လစာ ငွေကျပ် တစ်သောင်းခွဲသာ ထုတ်ပေးပြီး ကျန်သည့် နှစ်လစာ ငွေကျပ် သုံးသောင်းစီကို ခေါင်းပုံဖြတ်၍ ဖြတ်စားနေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

မိကျောင်းဈေး ကျေးရွာအုပ်စု အတွင်းမှ နေရပ်စွန့်ခွာသွားပြီး တစ်ဖက်နိုင်ငံတွင် ယာယီခိုလှုံနေသူများ၏ အိမ်ခြံဝင်းများ အတွင်းမှ အပင်များ၊ ရွာ၏ သက်တမ်းကို သက်သေပြနေသည့် အပင်ဟောင်းများ၊ ရွာ၏ သက်တမ်းကို သက်သေပြနေသည့် အမှတ်အသားများကို ဖျက်ဆီးနေသည့် အပြင်၊ နေအိမ်များမှ အုတ်၊ သစ်၊ ထင်းပါမကျန် ဖြုတ်ယူ၍ ရောင်းချနေကြောင်း ဒေသခံများက ဖြည့်စွက် ပြောပါသည်။






"ကာကွယ်စောင့်ရှောက်မှုရှိသော ဇာတိမြေသို့ ရိုဟင်ဂျာများ အကာအကွယ်စောင့်အရှောက်နှင့်ပြန်ခွင့်ရရေးအတွက် ဘာလင်တောင်းဆို" 

၂၀၁၈ ဖေဖော်ဝါရီလ (၂၆) ရက်

ဂျူးပြတိုက်တွင် ပြုလုပ်ခဲ့သော မြန်မာဂျီနိုဆိုက်ဆိုင်ရာ ဘာလင်ကွန်ဖရင့် က အောက်ပါတောင်းဆိုချက်ကို ထုတ်ပြန်သည်။

မြန်မာအစိုးရ၏ လက်ရှိဆက်လက်ဖြစ်ပွားနေဆဲဖြစ်သော ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု (ဂျီနိုဆိုက်) နှင့် ပတ်သက်၍ ကျွန်ုပ်တို့ အလေးအနက် စိုးရိမ်ပူပန်မိသည်။

ထိုအထဲတွင် မီးလောင်ကျွမ်းထားသော ကျေးရွာ ဒါဇင်များစွာကို ဘူဒိုဇာများနှင့် ထိုးဖျက်နေမှု၊ ရိုဟင်ဂျာနေအိမ်များကို မီးရှို့နေမှု၊ တိုင်းပြည်အတွင်းတွင် ကျန်ရစ်နေခဲ့သော ရိုဟင်ဂျာများပေါ်တွင် မျက်နှာဖုံးကျွတ်သွားသည့် ခြိမ်းခြောက်မှုများ၊ တိုင်းပြည်နှစ်ခုကြား ပိုင်ဆိုင်မှုကင်းမဲ့ဇုန်သို့ရောက်ရှိနေသည့် ရိုဟင်ဂျာ ၆၀၀၀ ကျော်အတွက် မရှိမဖြစ်လိုအပ်သော စားနပ်ရိက္ခာအထောက်အပံ့ စီးဆင်းမှုကို ဖြတ်တောက်ရန် ဘင်္ဂလားဒေရှ့်အာဏာပိုင်များအား တိုက်တွန်းမှုတို့ ပါဝင်သည်။

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ လူသတ်ကွင်းများမှ ကြောက်လန့်တကြားထွက်ပြေးလာသော ရိုဟင်ဂျာများကို နယ်စပ်ဖွင့်ပေးသည့် ဘင်္ဂလားဒေ့ရှ်ပြည်သူများနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရကို စံနမူနာပြ မေတ္တာပြည့်ဝသည့်၊ လူသားဆန်သည့် လုပ်ရပ်များအတွက် ကျွန်ုပ်တို့ ကျေးဇူးတင်ရှိပါသည်။

လတ်တလောသတ်မှတ်ချက်အနေဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရအပေါ်တွင် ကျရောက်နေသော ဝန်ထုတ်ဝန်ပိုးကို လျှော့ချနိုင်ရန်နှင့် ကုလသမဂ္ဂအေဂျင်စီများမှ လူသားဆန်သော တာဝန်ဝတ္တရားများကို ဆောင်ရွက်နိုင်ရန်အတွက် ကော့ဇ်ဘဇားရှိ ဒုက္ခသည်စခန်းမျာရှိ ရိုဟင်ဂျာများအတွက် လူသားဆန်သောအကူအညီများပမာဏကို သိသိသာသာမြှင့်တင်ရန် အစိုးရများ နှင်း အစိုးရမဟုတ်သော ကူညီသူများကို ကျွန်ုပ်တို့က ဖိတ်ခေါ်တောင်းဆိုလိုက်သည်။

ခန့်မှန်းခြေ တသန်းခန့်ရှိသော ရိုဟင်ဂျာဒုက္ခသည်များကို အကာအကွယ်အစောင့်အရှောက်ရှိသည့် ဇာတိမြေသို့ အကာအကွယ်အစောင့်အရှောက်ဖြင့် နေရပ်ပြန်ပို့နိုင်ရေးသည် တခုတည်းသော ရေရှည်အတွက်
ဖြေရှင်းချက်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။

ဤသည်မှာ မြန်မာပြည်တွင် စစ်တပ်၊ သံဃာ့အဖွဲ့အစည်း၊ သာမန်ပြည်သူများနှင့် ဒီချုပ်အပါအဝင် အရပ်သားပါတီများက ရိုဟင်ဂျာများ၏ မြန်မာပြည်တွင် တည်ရှိမှု၊ ကိုယ်ပိုင်အမှတ်အသားနှင့် သမိုင်ကြောင်းတို့ကို အသိအမှတ်ပြုရန် နှစ်ရှည်လများ ငြင်းဆန်နေချိန်၊ ရိုဟင်ဂျာများ၏ မိမိဘာသာ အုပ်စုအမှတ်အသားပြုလုပ်မှတ်သားခွင့်တို့ကို အလေးမထားချိန်တွင်လည်း ဖြစ်သည်။

လူသိရှင်ကြား ဆွေးနွေးပွဲ နှစ်ခုပြီးသည့်တိုင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ဘုံရပ်တည်ချက်တခုမျှ မရနိုင်ခဲ့သည်ကို ကျွန်ုပ်တို့ အထူးပင် စိတိပျက်မိသည်။ ဂျီနိုဆိုက်အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုဟု တနေ့တခြား ပိုမို၍ အသိအမှတ်ပြုခံနေရသည့် အရေးကိစ္စကြီးတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် အကျိုးဆက်ရှိသည်၊ ထိရောက်မှုရှိသည့် ဆုံးဖြတ်ချက်တစုံတရာမျှ မချမှတ်နိုင်ခဲ့သေး။ ဤသည်မှာ အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် ရိုဟင်ဂျာ ၆၆၈၀၀၀ ခန့် တိုင်းပြည်မှ ထွက်ပြေးခဲ့ကြပြီးနောက် ခြောက်လကြာသည်အထိ မြန်မာပြည်၏ တနေ့တခြားဆိုးရွားလာနေသော လူသားဆိုင်ရာ ကပ်ဘေးကြီးအပေါ် ထိရောက်သော အရေးယူမှု တစုံတရာ မချမှတ်နိုင်သေးခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ရိုဟင်ဂျာလူမျိုးများအတွက် သူတို့တွင် အိမ်ဟုခေါ်စရာ ကမ္ဘာမြေအစိတ်အပိုင်းတခု ရရှိနိုင်ရေးအတွက် လက်တွေ့ကျသော ရေရှည် ပြဿနာဖြေရှင်းချက်နည်းလမ်းများကို ရှာဖွေမည့် အထူးကွန်ဖရင့်တခုကျင်းပရန် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ ကနေဒါအစိုးရများနှင့် အခြားအမျိုးသားအစိုးရများ (for instance, Turkey)၊ ဒေသတွင်းအဖွဲ့အစည်းများကို ကျွန်ုပ်တို့က တိုက်တွန်းဖိတ်ခေါ်လိုက်ပါသည်။

ဆက်သွယ်ရန် ။ 

ပါမောက္ခ Maria do Mar Castro castrovarela@posteo.de
ထွန်းခင် tunkhin80@gmail.com; +44 788 871 4866
ဒေါက်တာဇာနည် fanon2005@gmail.com; +44 771 047 3322



RB News
24.2.2018

ရိုဟင်​ဂျာ​တွေအ​ပေါ် ဖြစ်​​ပျက်​နေတာ​တွေဟာ သိသာထင်​ရှားတဲ့ လူမျိုးသုဉ်း သုတ်​သင်​​ရေးသာ ဖြစ်​ပြီး၊ ရိုဟင်​ဂျာ​တွေရဲ့​သွေးဟာ ဥ​ရောပသား​တွေရဲ့​သွေး​​ထက်​ တန်​ဖိုးမ​လျော့ကြောင်း ဗြိတိန်​နိုင်​ငံဆိုင်​ရာ ဥ​ရောပပါလီမန်​ လွှတ်​​တော်​အမတ်​ ဝါဂျိဒ်​ခါန်​က ​ပြောကြားလိုက်​ပါတယ်​။

မြန်​မာနိုင်​ငံက​နေ ထွက်​​ပြေးလာပြီး ဘင်္ဂလား​ဒေရှ့်​နိုင်​ငံမှာ ခိုလှုံ​နေတဲ့ ရိုဟင်​ဂျာ ဒုက္ခသည်​​ဦး​ရေဟာ တစ်​သန်း​ကျော်​သွားပြီဖြစ်​​ကြောင်း ​ဘင်္ဂလား​ဒေရှ့်​နိုင်​ငံ၊ ​ကော့ဇ်​ဘာဇားခရိုင်​ရှိ ရိုဟင်​ဂျာ​ဒုက္ခသည်​စခန်း​တွေဆီ သွား​ရောက်​​လေ့လာခဲ့အပြီး Anadolu Agency သတင်းဌာနနဲ့ ​တွေ့ဆုံ​မေးမြန်းခန်းမှာ ဝါဂျိဒ်​ခါန်​က အခုလို ​ပြောကြားလိုက်​ခြင်း ဖြစ်​ပါတယ်​။

"မိခင်​​နဲ့ဖခင်​ နှစ်​ဦးစလုံး ဆုံးရှုံးခဲ့ရတဲ့ မိဘမဲ့ ရိုဟင်​ဂျာ က​လေးငယ်​​ ၂၇၀၀၀ ရှိတယ်​။ ကိုယ်​ဝန်​​ဆောင်​ အမျိုးသမီးဆိုရင်​လည်း ၆ ​သောင်းရှိတယ်​။ သူတို့ဟာ အဲ့ဒီ​နေရာမှာ ​အ​ခြေတကျ ​နေ​ထိုင်​ဖို့​ရောက်​လာကြတာ မဟုတ်​ဘူး။ အသက်​ရှင်​သန်​ခွင့်​ ရရုံမျှအတွက်​ ​ရောက်​ရှိလာကြ​တာဖြစ်​တယ်​။ ရိုဟင်​ဂျာ​တွေဟာ ညှဉ်းပန်းနှိပ်​စက်​မှု​တွေရဲ့ သား​ကောင်​ဖြစ်​​နေရတာကို မြင်​ရတဲ့အခါ ကမ္ဘာ့နိုင်​ငံသားတစ်​ဦးအ​နေနဲ့​ရော လူသားတစ်​ဦးအ​နေနဲ့​ရော ကျ​နော့်​ နှလုံးသားကို အက်​ကွဲ နာကျင်​​စေတယ်​​ဗျာ" လို့ ခါန်​က ဝမ်းနည်းစွာ ​ရင်​ဖွင့်​ပါတယ်​။

တူရကီနိုင်​ငံရဲ့ အကူအညီ​ပေး​ရေး အဖွဲ့​တွေဟာ ဒုက္ခသည်​​တွေရှိရာကို ​ရောက်​လာပြီး ပထမဆုံးအကူအညီ​ပေးတဲ့ အဖွဲ့​တွေဖြစ်​ပြီး အင်​မတန်​ တက်တက်ကြွကြွ ရှိတယ်လို့ ခါန်​က အသိအမှတ်​ပြု​ ​ပြောသွားပါတယ်​။

မြန်​မာအစိုးရရဲ့ကျူးလွန်​မှု​တွေဟာ သိသာထင်​ရှားတဲ့ လူမျိုးတုံးသတ်​ဖြတ်​မှုဖြစ်​​ကြောင်း ခါန်က ပြောကြားပါတယ်​။

"ကမ္ဘာ့ကုလသမဂ္ဂကလည်း ဒါဟာ ပြဌာန်း​စာအုပ်​မှာ ဥပမာ​ပေးနိုင်​တဲ့ လူမျိုးသုဉ်း သုတ်​သင်​မှုပါလို့ ​ပြောခဲ့တာပဲ။ နိုင်​ငံတစ်​ခုက သူ့နိုင်​ငံသား​တွေကို ဒီလိုမျိုး ဖိနှိပ်​​နေတာ​တွေမြင်​ရတာ တကယ်​​ တုန်​လှုပ်​စရာ​ကောင်းပါတယ်​" လို့ သူက​ပြောပါတယ်​။

ရိုဟင်​ဂျာမွတ်​စလင်​မ်​​တွေဟာ မြန်​မာနိုင်​ငံကနေ ထွက်ခွာနေတာ အချိန်​ကာလအားဖြင့်​ အလွန်​ကြာမြင့်​​နေပြီ ဖြစ်​​ကြောင်း၊ သူတို့ရဲ့ လူ့ဂုဏ်​သိက္ခာ​တွေ ဖျက်​ဆီးခံ​နေရတာကလည်း သူတို့ဟာ ​ဗုဒ္ဓဘာသာဝင်​​တွေ မဟုတ်​လို့သာ ဖြစ်​​ကြောင်း သူက စိတ်​ပျက်​စွာ​ပြောပြပါတယ်​။

"မြန်​မာ့နိုင်​ငံ​ရေးကို ဦး​ဆောင်​​နေတဲ့ ခေါင်း​ဆောင်​အဖြစ်​ ထင်​ရှားတဲ့ ​ဒေါ်​အောင်​ဆန်းစုကြည်​ကို လူ့အခွင့်​အ​ရေးလှုပ်​ရှားသူနဲ့ လူ့အခွင့်​အ​ရေးကို ​ထောက်​ခံသူလို့ ဆိုခဲ့ကြ​ပေမယ့်​ ​"၁၉၉၅ ရဝမ်​ဒါ ဖြစ်​ရပ်​​ဆိုး" နောက်​ပိုင်းမှာ ဖြစ်​လာတဲ့ ကမ္ဘာ့အကြီးမားဆုံး လူသားကပ်​​ဘေးကို ဒေါ်​အောင်​ဆန်းစုကြည်​က မသိ​ယောင်​​ဆောင်​ လျစ်​လျူရှုထားပါတယ်​" လို့ ခါန်​က ပြစ်​တင်​လိုက်​ပါတယ်​။

တစ်​ဆက်​တည်းမှာ သူက "ရိုဟင်​ဂျာ​တွေရဲ့​သွေးဟာလည်း ဥ​ရောပသား​တွေရဲ့ ​သွေး​အောက်​ တန်​ဖိုးကျဆင်းမ​နေဘူး။ သူတို့တ​စ်​တွေမှာလည်း လူ့အခွင့်​အ​ရေး ခံစားပိုင်​ခွင့်​ရှိ​တယ်​။ သူတို့က အလှူ​ဒါန​တွေကို ​တောင်းဆို​နေတာမဟုတ်ဘဲ သူတို့ရဲ့ အခွင့်​အ​ရေးကိုသာ ​တောင်းဆို​နေတာဖြစ်​​တယ်​။ ကျ​နော်​တို့ နိုင်​ငံတကာ အသိုင်းအဝိုင်းကလည်း တစ်​သီးပုဂ္ဂလအ​နေနဲ့​ရော အဖွဲ့အစည်းအလိုက်​​အ​နေနဲ့ရော အားလုံးအတူတကွ ရပ်​တည်​ပြီး သူတို့အ​ပေါ် ဖိနှိပ်​​နေတာ​တွေကို ဆန့်​ကျင်​ရင်း သူတို့ကို​ထောက်​ခံသင့်​​ပါတယ်​" လို့ ခါန်​က ဖြည့်​စွက်​​ပြောကြားပါတယ်​။

၂၀၁၇ ဩဂုတ်​လ ၂၅ ရက်​​နေ့​ကစပြီး မြန်​မာအစိုးရလက်​နက်​ကိုင်​တပ်​​ဖွဲ့​တွေက လူနည်းစုမွတ်​စလင်​မ်​​တွေအ​ပေါ် နှိမ်​နှင်းမှုတစ်​ခုကို ပြုလုပ်​လာခဲ့တာ​ကြောင့်​ လူဦး​ရေ ၆၈၈၀၀၀ ထက်​များတဲ့ ဒုက္ခသည်​​တွေဟာ မြန်​မာနိုင်​ငံက​နေ ထွက်​​ပြေးထိန်း​ရှောင်​ခဲ့ရပြီး ဖြစ်​ပါတယ်​။ အဲ့ဒီထဲက အများစုဟာ က​လေးငယ်​နဲ့ အမျိုးသမီး​တွေပဲ ဖြစ်​​တယ်​လို့ ကုလသမဂ္ဂရဲ့ စာရင်းထုတ်​ပြန်​ချက်​အရ သိရပါတယ်​။

ရခိုင်​ပြည်​နယ်​မှာ၂၀၁၇ ဩဂုတ်​လ ၂၅ ရက်​​နေ့မှ စက်​တင်​ဘာလ ၂၄ ရက်​​နေ့အထိ ရိုဟင်​ဂျာ​ အနည်းဆုံး ၉၀၀၀ ဦး အသတ်​ခံခဲ့ရတယ်​လို့ နယ်​စည်းမခြား ဆရာဝန်​များအဖွဲ့ရဲ့ ထုတ်​ပြန်​ချက်မှာပါရှိပါတယ်​။

ကမ္ဘာလုံးဆိုင်​ရာ လူသားချင်း စာနာ​ထောက်​ထား​ရေးအဖွဲ့ရဲ့  ၂၀၁၇ ခုနှစ်​၊ ဒီဇင်​ဘာလ ၁၂ ရက်​​နေ့ ထုတ်​ပြန်​တဲ့ အစီရင်​ခံစာအရ အသတ်​ခံရသူများရဲ့ ၇၁.၇ ရာခိုင်​နှုန်း (လူ​ပေါင်း ၆၇၀၀ ဦး) ဟာ (မြန်​မာလက်​နက်​ကိုင်​တပ်​ဖွဲ့​တွေရဲ့) အကြမ်းဖက်​မှု​ကြောင့်​ အသတ်​ခံရတာ ဖြစ်​​ကြောင်း၊ အဲ့ဒီထဲမှာ ၅ နှစ်​​အောက်​ က​လေးသူငယ်​​ပေါင်း ၇၃၀ ဦး ပါဝင်​ကြောင်း ​ဖော်​ပြထားပါတယ်​။

ကမ္ဘာ့အဖိနှိပ်​ခံရဆုံး မျိုးနွယ်​စုလို့ ကုလသမဂ္ဂရဲ့ အသိအမှတ်​ပြုခြင်းခံရတဲ့ ရိုဟင်​ဂျာ​တွေဟာ ၂၀၁၂ ခုနှစ်​က လူဒါဇင်​​ပေါင်း အသတ်​ခံခဲ့ရတဲ့ လူမျိုး​ရေးဘာသာ​ရေးနွယ်​တဲ့ ပဋိပက္ခဖြစ်​ပွားပြီး​နောက်​ပိုင်း တိုက်​ခိုက်​မှုရဲ့ အမြင့်​ဆုံး​ကြောက်​ရွံ့မှုနဲ့ ရင်​ဆိုင်​လာ​နေရတာဖြစ်​ပါတယ်​။

မြန်​မာလက်​နက်​ကိုင်​အုပ်​စုက ကျူးလွန်​ခဲ့တဲ့ အုပ်​စုလိုက်​မုဒိမ်းကျင့်​မှု၊ နို့စို့က​လေးအပါအဝင်​ က​လေးသူငယ်​များစွာကို သတ်​ဖြတ်​မှု၊ လူမဆန်​စွာရိုက်​နှက်မှု၊ လူ​တွေ ပျောက်​ဆုံး​​သွားမှု ​တွေကို ကုလသမဂ္ဂအဖွဲ့အစည်းက စုံစမ်း​လေ့လာပြီး မှတ်​တမ်းတင်​ထားပါတယ်​။ စုံစမ်း​လေ့လာသူ​တွေက ရိုဟင်​ဂျာအ​ပေါ် ကျူးလွန်​ခဲ့တဲ့ အကြမ်းဖက်​မှု​တွေဟာ လူမျိုးသုဉ်း သုတ်​သင်​​ရေး​မြောက်​နိုင်​ပါတယ်​လို့ မှတ်​ချပြုခဲ့ပါတယ်​။

Anadolu Agency ရဲ့ "Rohingya blood not cheaper than European blood" ကို ယျာတင်​ (ရိုဟင်းသား) ဘာသာပြန်​ထားသည်​။

Rohingya Eye
RB News
23.2.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့ပေါ်တွင် ဆိုင်ဖောက်ထွင်းခံနေရသည့် အချိန်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အော်ဟစ် အကူအညီတောင်းသော်လည်း မည်သည့် အကူအညီမရသောကြောင့် ဆုံးရှုံးမှုကြီးစွာ ဖြစ်ပေါ်နေရသည်။ 

ဖေဖော်ဝါရီလ (၂၀) ရက်နေ့ နံနက် ၃ နာရီခန့် အချိန်တွင် မောင်တောမြို့နယ် မြို့မနာရီစင် အနောက်ဘက် လိုင်းခန်းရှိ ဦးဇီယာဘူ (ဘ) ဦးအီနုစ် (မြို့မတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း) (အသက် ၂၈ နှစ်) ၏ လျှပ်စစ်ပစ္စည်းဆိုင်ကို အမည်မသိသူများက သော့များ ရိုက်ချိုး၍ ၀င်ရောက်ပြီး ၀ါယာကြိုးများ၊ ဆင်းမ်ကဒ်များ၊ မိုဘိုင်းဖုန်းများ အပါအ၀င် ငွေကျပ် သိန်း ၂၀ ကျော် တန်ဖိုးရှိ ပစ္စည်းများ ခိုးယူသွားခဲ့သည်။ 

ယင်းဆိုင်ကို ယခု ဖေဖော်ဝါရီလအတွင်း နှစ်ကြိမ်မြောက် ဖောက်ထွင်းခဲ့ခြင်း ဖြစ်သည်။ 

ဆိုင်ရှင်ဖြစ်သူသည် ဆိုင်လိုင်းခန်းများ၏ အပေါ်တွင် အိမ်ခန်းငှားရမ်း၍ နေထိုင်လျက် ရှိသည်။ နာရီစင်အနီးတွင် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးရှိပြီး၊ ၎င်းရုံးဂိတ်ဝတွင် လုံခြုံရေးရဲကင်းစခန်းတစ်ခုရှိသည်။ ညအချိန်တွင် အဆိုပါ ရဲကင်းစခန်းမှ အချက်ပြဓါတ်မီးများကို အချိန်တိုင်းထိုး၍ စစ်ဆေးလေ့ရှိပြီး ဦးဇီယာဘူ၏ ဆိုင်ကို ဖောက်ထွင်းနေစဉ် ဦးဇီယာဘူက ၎င်း၏ အိမ်ခန်းမှ သူခိုး သူခိုးဟု အော်ဟစ် အကူအညီ တောင်းခံသော်လည်း ကင်းစခန်းမှ ရဲများ ထွက်လာခြင်း မရှိခဲ့သလို၊ ဓါတ်မီးထိုးခြင်းပင် မပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ပုဒ်မ ၁၄၄ အချိန်အတွင်းတွင် အဆိုပါ နာရီစင် ခွဆုံ အနီးတစ်ဝိုက်၌ မြို့နယ် ရဲစခန်းမှ ရဲများက အမြဲကင်းလှည့်လျက် ရှိသော်လည်း ယခုကဲ့သို့ ဆိုင်သော့ကို ရိုက်ချိုး၍ ပစ္စည်းများ ခိုးယူသွားခြင်းသည် မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 




Rohingya Eye
23.2.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ အဆမတန် ငွေညှစ်မှုကြောင့် ဒေသခံတစ်ဦးက ပိုင်ဆိုင်မှုများကိုပင် ပစ်ထား၍ တစ်ဖက်နိုင်ငံတွင် ခိုလှုံရန် ထွက်ခွာသွားသည်။ 

၂၀၁၇ သြဂုတ်လတွင် မောင်တောမြို့နယ် မြို့ဦးကျေးရွာ (ဧတာလျာ) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟဲဖ်ဇူးရာမာန် ကို သတ်ဖြတ်မှုနှင့် ဆက်နွယ်၍ ဧတာလျာရွာမှ ရွာသား (၄) ဦးကို သြဂုတ်လ (၂၂) ရက်နေ့တွင် မသင်္ကာမှုဖြင့် ရွှေဇားကျေးရွာမှ ဖမ်းဆီး၍ ထောင်ဒဏ် (၆) လစီချမှတ်ခဲ့သည်။ ထောင်ချခံရသူ (၄) ဦးထဲမှ ဦးအနိုဝါရ် (ဘ) ဦးအဒူရာမာန် (အသက် ၃၀ နှစ်) သည် ၂၀၁၈ ဇန်န၀ါရီလ (၂၂) ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ 

ပြန်လည် လွတ်မြောက်လာသူ ဦးအနိုဝါရ်ထံတွင် မြို့မစည်ပင်သာယာဈေး၌ ကိုယ်ပိုင် အထည်ဆိုင်တစ်ဆိုင်ရှိပြီး၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် ဆိုင်ရောင်းပြီး အိမ်ပြန်လာနေစဉ် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က သြဂုတ်လ (၂၅) ရက်နေ့ တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သူ ဖြစ်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ၎င်းသည် ထောင်မှ လွတ်လာသူ ဖြစ်ကြောင်း ပြောဆို၍ ထောင်ထွက် ပြသပြီး၊ ၎င်းသည် တိုက်ခိုက်မှုနှင့် မည်သို့မှ ပတ်သက်ဆက်နွယ်နေခြင်း မရှိကြောင်း ရှင်းပြသော်လည်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရဲများက လက်မခံဘဲ ငွေကျပ် ၂၃ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ဦးအနိုဝါရ်သည် နောက်တစ်ကြိမ် ထပ်မံဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် ၎င်း၏ ဆိုင်ကို ဆွေမျိုးတစ်ဦးကို အပ်နှံရန် တစ်ဖက်နိုင်ငံတွင် ခိုလှုံရန် ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် ထွက်ခွာသွားခဲ့ကြောင်း အဆိုပါ ဒေသခံကပြောပါသည်။ 

ဦးအနိုဝါရ်၏ မိတ်ဆွေတစ်ဦးက “လူသတ်မှုမှာ ပါဝင်ပတ်သက်နေမယ်ဆိုရင် ထောင် ၆ လ နဲ့ ပြီးသွားမှာ မဟုတ်ဘူး။ သြဂုတ်လ ၂၅ ရက်နေ့ တိုက်ခိုက်မှုနဲ့ ဆက်နွယ်နေရင်လည်း ၆ လနဲ့ လွှတ်ပေးမှာ မဟုတ်ဘူး။ နှစ်ရှည်ထောင်ဒဏ် ချခံရမှာပဲ။ အခုက ဒေသဆိုင်ရာ အာဏာပိုင်တွေအတွက် စားကွက် တစ်ခု ဖန်တီးထားသလို ဖြစ်နေတယ်။ တဖက်ကနေ ထွက်ပြေးသွားအောင် ဖန်တီးနေတာလည်း ဖြစ်တယ်” ဟု ပြောသည်။ 




RB News
22.2.2018

ဘူးသီးတောင် ။  ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကကျက်ဘက်ကံပြင် ကျေးရွာအုပ်စုတွင် ကင်းစောင့်နေသည့် ကင်းသမားနှစ်ဦးကို ရခိုင်လူမျိုး (၄) ဦးက ညမထွက်ရ အချိန်တွင် လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် အမှတ် (၅) ရပ်ကွက်၊ မြို့မအားကစားကွင်း အနီးမှ စာရေးကိရိယာအမျိုးမျိုးနှင့် To me (တိုမီ ကွန်ပျူတာ မိတ္တူ) ဆိုင်ပိုင်ရှင်၏ သားဖြစ်သူနှင့် အခြား (၃) ဦးတို့သည် ညမထွက်ရ အမိန့်ကို ကျူးလွန် ဖောက်ဖျက်၍ အငူမော်လမ်းမအတိုင်း အိုးသည်ရွာသို့ ကားဖြင့် သွားရောက် လည်ပတ်ခဲ့သည်။ အပြန်လမ်းတွင် ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စု၊ တပ်ရာရွာကြားရှိ အငူမော်လမ်းမမှ ဇော်ဘော်ဖာရာဈေးတွင် ကင်းစောင့်နေသော တပ်ရာရွာသား (၈) ဦးထံမှ ဆေးလိပ်တောင်းခဲ့သည်။ ကင်းသမားများက ၎င်းတို့ထံတွင် ဆေးလိပ်မရှိဟု ကောင်းမွန်စွာ ပြန်လည် ဖြေကြားသည်ကို မကျေနပ်ဟု ဆိုကာ ကင်းစောင့်နေသူများထဲမှ မောင်အောင်မြင့် (ခ) ရှော်ဘီအုလ္လာ (ဘ) ဦးမာမတ်ဟူးဆောင်း (အသက် ၂၅ နှစ်) နှင့် ကင်းမှူး ဦးမာမတ်ဇာဘေရ် (အသက် ၃၅ နှစ်) ကို ရိုက်နှက်ခဲ့သည်။ ၎င်းတို့နှစ်ဦးအား ရိုက်နှက်နေစဉ် ကျန်သည့် ကင်းသမား (၆) ဦး ကြောက်ရွံ၍ ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဆေးလိပ်တောင်းသည့် ရခိုင်လူမျိုး (၄) ဦးတို့က ကင်းသမား နှစ်ဦးကို လဲကျသွားသည့်အထိ လူမဆန်စွာ ရိုက်နှက်ပြီး ထွက်သွားခဲ့သည်။

ထို့နောက် ကြောက်ရွံ၍ ထွက်ပြေးသွားသည့် ကင်းသမား (၆) ဦး ပြန်လည်ရောက်ရှိလာပြီး၊ လဲကျနေသူနှစ်ဦးကို ကင်းစခန်းထဲသို့ သွင်းကာ ကျေးရွာအုပ်ချုပ်ရေးမှူး မောင်ကျော်သာ ထံ ဖုန်းဆက် အကြောင်းကြားခဲ့သည်။

အုပ်ချုပ်ရေးမှူးက ရဲကိုအကြောင်းကြားမည်ကို ပြောဆိုပြီး ခဏအကြာတွင် ရဲများ ရောက်ရှိလာပြီး အကြောင်းစုံ မေးမြန်းသွားသော်လည်း နောက်ဆက်တွဲ အရေးယူဆောင်ရွက်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မသိရှိရဟု ဒေသခံများက ဆိုသည်။

ဘူးသီးတောင်မြို့နယ် ညမထွက်ရ အမိန့် ထုတ်ပြန်ထားသော်လည်း အဆိုပါ အမိန့်ကို ရိုဟင်ဂျာများသာ လိုက်နာရန် လိုအပ်ပြီး ရခိုင်လူမျိုးက လိုက်နာရန် လိုအပ်မှု မရှိသည်ကို တွေ့ရသည်။ လွန်ခဲ့သည့်ရက်ပိုင်းကလည်း ရခိုင်အစွန်းရောက် အချို့က အမှတ် (၄) ရပ်ကွက်မှ ရိုဟင်ဂျာနေအိမ် အချို့ကို ည ၉ နာရီကျော် အချိန်တွင် မီးရှို့ဖျက်ဆီးခဲ့သည်။

ရိုက်နှက်ခံရသည့် ကင်းသမားနှစ်ဦးမှာ လမ်းပင် မလျှောက်နိုင်သည့် အခြေအနေ ဖြစ်နေသည်ဟု သိရှိရသည်။




RB News
21.2.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ခြင်းသမားကျေးရွာအုပ်စု၊ မောင်နုရွာမှ ရိုဟင်ဂျာနေအိမ်များကို နယ်ခြားစောင့်ရဲများက မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ယနေ့ ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ည ၈ နာရီခန့်အချိန်တွင် ဘူးသီးတောင်မြို့နယ်၊ ခြင်းသမားကျေးရွာအုပ်စု၊ မောင်နုရွာရှိ ရိုဟင်ဂျာနေအိမ်နှစ်လုံးကို နယ်ခြားစောင့်ရဲများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ယနေ့ မီးရှို့ခံရသည့် နေအိမ်များသည် လူနေထိုင်ခြင်း မရှိတော့သည့် အိမ်လွတ်များ ဖြစ်သည်။ ပိုင်ရှင်များမှာ ဦးအဒူရှကူရ်နှင့် ဦးအဒူဇော်ဘော်ရ် တို့ဖြစ်ကြပြီး၊ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြကြောင်း သိရှိရသည်။

ဖောင်တော်ပြင်ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ မောင်နုရွာတွင် ပြောင်းရွှေ့၍ ဆောက်လုပ်လျက်ရှိရာ လွန်ခဲ့သည့် ဇန်န၀ါရီလ လဆန်းပိုင်းတွင် နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာများ၏ နေအိမ်တစ်လုံးကို မီးရှို့ခဲ့ပြီး၊ နောက်ထပ် နေအိမ် (၁၀) လုံးကို မြေညှိစက်များဖြင့် ထိုး၍ ဖျက်ဆီးပြီး မြေညှိခဲ့ကြောင်း မျက်မြင်သက်သေများက ပြောပါသည်။

မီးရှို့ခံခဲ့ရသည့် အိမ်မှာ ဦးမိုဟာမတ်ရှော်ဖီ (ဘ) ဦးအိုမာရ်မျာ (အသက် ၅၅ နှစ်) ၏ နေအိမ် ဖြစ်ပြီး၊ ဖျက်ဆီးခံရသည့် နေအိမ် (၁၀) လုံး၏ ပိုင်ရှင်များမှာ ---

(၁) ဦးဘော်ရှော် (ဘ) ဦးဖေတင်ရှော်ရိဖ်
(၂) ဦးမုစ်တာခ်
(၃) ဦးနူရူလ်ဟာကိမ်း (ဘ) ဦးမုစ်တာခ်
(၄) ဦးမုစ်တာခ် ၏ သား
(၅) ဦးအဒူလ္လာ (ဘ) ဦးရှောမ်ရှု
(၆) ဦးလာလ်ဘော်ဒီယာ (ဘ) ဦးအလီအာမတ်
(၇) ဦးဟန်ဖူရူ (ဘ) ဦးအလီအာမတ်
(၈) ဦးလုခ်မာန်
(၉) ဦးရှော်ဘီရာမာန် (ဘ) ဦးဘော်ရှော်ရ်
(၁၀) ဦးဆော်လိမ် (ဘ) ဦးအာယုပ်ခါန်း -- တို့ဖြစ်ကြသည်။




RB News
19.2.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ပေါက်တောကျေးရွာအုပ်စုရှိ ရခိုင်များက ရိုဟင်ဂျာများ၏ လယ်မြေဧက ၄၀ ကျော်ကို ဖျက်ဆီး၍ ကားလမ်းဖောက်နေကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ပေါက်တောကျေးရွာအုပ်စု ရခိုင်ရွာမှ လက်ရှိ အုပ်ချုပ်ရေးမှူး ဦးဇော်လှနှင့် ဦးကျော်ဌေး (ဘ) ဦးအောင်စိုးထွန်း တို့သည် ရခိုင်ရွာသားများနှင့် ပူးပေါင်း၍ အင်အားပြကာ ရွှေထားကျေးရွာနှင့် ဒုအိုးသည်မကျေးရွာတို့ရှိ ရိုဟင်ဂျာများပိုင် လယ်မြေများကို မြေညှိစက်များဖြင့် ထိုး၍ လမ်းဖောက်နေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

မြေညှိစက်များဖြင့် ရိုဟင်ဂျာများပိုင် လယ်ယာမြေများကို ဖျက်ဆီး၍ လမ်းဖောက်နေခြင်းများကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှစ၍ လုပ်ဆောင်နေခြင်း ဖြစ်ပြီး၊ ဖောက်လုပ်နေသည့် လမ်းမှာ ပေါက်တော ရခိုင်ရွာ အောင်ဇေယျ န.တ.လ ရွာထိ ဖြစ်သည်။ ယင်းလမ်းသည် အငူမော်လမ်းနှင့် ထိစပ်လျက်ရှိပြီး အကျယ်ပေ ၁၀၀ ရှိ ၄ မိုင်ကွာဝေးသည့် လမ်းဖြစ်ကြောင်း သိရှိရသည်။ 

လမ်းဖောက်လုပ်နေမှုကြောင့် ရိုဟင်ဂျာ (၂၅) ဦး၏ လယ်ယာမြေဧက ၄၀ ကျော် ပျက်စီးသွားကြောင်း၊ ပျက်စီးသွားသည့် လယ်ယာမြေများအတွက် လျော်ကြေး ပေးမည့်သူလည်း မရှိသည့် အပြင်၊ သက်ဆိုင်ရာကိုလည်း မတိုင်ကြားရဲကြောင်း ဒေသခံများက ပြောပါသည်။ 

အဆိုပါလမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့က ထောက်ပံ့၍ ဖောက်လုပ်နေခြင်း ဖြစ်သည်ဟု သိရှိရသည်။ 

လမ်းဖောက်လုပ်မှုကြောင့် လယ်ယာမြေ (၄၀) ဧကကျော် ပျက်စီး ဆုံးရှုံးသွားသူများထဲမှ အချို့မှာ (ဒုအိုးသည်မကျေးရွာမှ) --

(၁) ဦးအီနုစ် (ဘ) ဦးရှော်ဘီကုလ်
(၂) ဦးရော်ရှီဒူလ္လာ (ဘ) ဦးအဒူဇော်လိလ်
(၃) ဦးဝါရဲစ် (ဘ) ဦးမာမတ်
(၄) ဦးအုစ်မာန် (ဘ) ဦးဖိရ်မာမတ်
(၅) ဦးရာမ်ဇာန်အလီ
(၆) ဦးအဒူရော်ကိမ်း (ကျေးရွာတာဝန်ခံ)
(၇) ဦးအာယုပ်
(၈) ဦး​ရော်ရှိတ် -- တို့ဖြစ်ကြသည်။ 






RB News
19.2.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ ရိုဟင်ဂျာနေအိမ် (၄) လုံး မီးလောင် ဖျက်ဆီးသွားကြောင်း သတင်းရရှိပါသည်။

ယနေ့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ ည ၉း၅၀ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် အမှတ် (၄) ရပ်ကွက် (သပြေကုန်း) ရှိ ရိုဟင်ဂျာနေအိမ် (၃) လုံးကို ရခိုင်အစွန်းရောက် (၄) ဦးက မီးရှို့ခဲ့ကြောင်း မျက်မြင်သက်သေ ဒေသခံတစ်ဦးက RB News သို့ပြောသည်။

အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “မီးစလောင်တဲ့အချိန်မှာ တုတ်တွေ၊ ဓါးတွေ ကိုင်ထားတဲ့ ရခိုင် (၄) ယောက် ထွက်ပြေးသွားတာ မြင်လိုက်တယ်။ ကျွန်တော်ကတော့ အဲဒီအိမ်တွေကို သူတို့ မီးရှို့တယ်လို့ ယုံကြည်တယ်” ဟု ပြောပါသည်။

အဆိုပါ မျက်မြင်သက်သေ၏ ပြောကြားချက်ကို RB News မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

ရပ်ကွက်အတွင်းရှိ ဒေသခံများက ၀ိုင်းဝန်း မီးငြိမ်းသတ်ပြီး နာရီဝက်ခန့် အကြာတွင် မီးသတ်ကားများ ရောက်ရှိလာခဲ့သည်။

မီးလောင်ဖျက်ဆီးသွားသည့် အိမ်များ၏ ပိုင်ရှင်များမှာ (၁) ဦးနုလ်မာလ်ဟာကီးမ် (၂) ဦးဖာရုခ် နှင့် (၃) ဦးလေးလေ တို့ဖြစ်ကြသည်။

မီးလောင်ရာနေရာသို့ မြို့မရဲစခန်းမှ စခန်းမှူး ရောက်ရှိလာပြီး မီးလောင်ခံရသည့် ဦးဖာရုခ်၏ ဖခင်ဖြစ်သူ ဦးဖူတူနား ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။ ဦးဖူတူနား သည် အဆိုပါ အိမ်တွင် နေထိုင်သူ မဟုတ်သော်လည်း စခန်းမှူးက ၎င်း၏ ပေါ့ဆမှုကြောင့် မီးလောင်သည်ဟု စွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင် သွားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။ 

RB News
19.2.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် စတုတ္တတန်းနှင့် အဌမတန်း စာမေးပွဲများကို ကျင်းပ စစ်ဆေးလျက်ရှိရာ ကျောင်းသား/သူများကို လူမျိုးခွဲခြား၍ သီးခြား စာမေးပွဲခန်းများ ပြုလုပ်၍ ဖြေဆိုခိုင်းလျက် ရှိကြောင်း သတင်းရရှိပါသည်။

တစ်နိုင်ငံလုံးတွင် ယနေ့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှစ၍ စတုတ္တတန်းနှင့် အဌမတန်း စစ်မေးပွဲများကို ကျင်းပ စစ်ဆေးလျက်ရှိရာ ဘူးသီးတောင်မြို့တွင် ကျောင်းသား/သူများကို လူမျိုးအလိုက် စာမေးပွဲခန်း သီးခြားသတ်မှတ်ပြီး ဖြေဆိုခိုင်းကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဘူးသီးတောင်မြို့ရှိ စာစစ်ဌာနတွင် လူမျိုးအလိုက် စာမေးပွဲခန်းများ သီးခြား ပြုလုပ်ထားပြီး အစ္စလာမ်ဘာသာဝင် ကျောင်းသား/သူများ စာမေးပွဲဖြေဆိုရသည့် အခန်းများတွင် “ဘ” ဟု သင်္ကေတ ရေးသားထားကြောင်း၊ ရခိုင်၊ မြို၊ ဒိုင်းနက်၊ ခမီးနှင့် ဗမာ ဗုဒ္ဓဘာသာဝင် ကျောင်းသား/သူများ စာမေးပွဲ ဖြေဆိုရသည့် အခန်းများတွင် “တ” ဟု သင်္ကေတ ရေးသားထားကြောင်း သိရှိရသည်။

ယခုကဲ့သို့ လူမျိုး၊ ကိုးကွယ်သည့် ဘာသာကို ခွဲခြား၍ စာမေးပွဲ စစ်ဆေးခြင်းကို မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပခြင်း ဖြစ်ပြီး၊ အခြား မည်သည့် အရပ်ဒေသတွင်မှ ပြုလုပ်ခဲ့ခြင်း မရှိဘဲ ဘူးသီးတောင်မြို့နယ်တွင်သာ ပြုလုပ်နေခြင်း ဖြစ်သည်။

ယခုကဲ့သို့ ပြုလုပ်နေခြင်းမှာ ရခိုင်အစွန်းရောက် တစ်ဦးဖြစ်သည့် ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်း၏ ညွန်ကြားချက်ကြောင့် ဖြစ်သည်ဟု ဒေသခံများက ယူဆနေကြသည်။ ဦးအောင်ကျော်ထွန်းသည် နာမည်ဆိုးဖြင့် ကျော်ကြားသူ တစ်ဦးဖြစ်ပြီး၊ ယခင်က နယ်ပြောင်းခံရသူလည်း ဖြစ်သည်။ ယခုလုပ်ရပ်သည် ရိုဟင်ဂျာမွတ်စလင် ကျောင်းသား/သူ များ၏ ပညာရေးကို ခြိမ်းခြောက်နေခြင်း ဖြစ်သလို၊ ပညာရေးကို ချိုးနှိမ်နေခြင်းလည်း ဖြစ်သည်။

ဒေသခံများက ယခုကဲ့သို့ ခွဲခြားနေခြင်းမှာ နိုင်ငံတော်၏ ဥပဒေများကို ပေါ်ပေါ်တင်တင် ကျူးလွန် ဖောက်ဖျက်နေခြင်း ဖြစ်ပြီး၊ မည်သို့မှ လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ယခုကဲ့သို့ ဥပဒေမဲ့ ပြုလုပ်နေခြင်းကို အချိန်မီ တားမြစ်၍ လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုသည်ဟု ပြောပါသည်။




RB News
10.2.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ကျေးလက်ဒေသများမှ နယ်ခြားစောင့်ရဲများသည် စက်လှေ၊ ဆိုင်ကယ်များဖြင့် သွားလာသူများထံမှ ဆက်ကြေး ကောက်ခံသကဲ့သို့ ငွေကောက်ခံလျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဂူတာပြင်ကျေးရွာရှိ ကျောင်းတွင် စခန်းချထားသည့် တပ်ရင်း ၃၅၂ မှ စစ်သားများသည် ဘူးသီးတောင် - စိမ့်ညှင်းပြား - ညောင်ချောင်းသို့ သွားလာသည့် ဆိုင်ကယ်များနှင့် ကားများကို စစ်ဆေး၍ ကားတစ်စီး၊ ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် တစ်သောင်းစီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

သွားလာနေသူများသည် စားဝတ်နေရေးအတွက် မဖြစ်မနေ လိုအပ်၍ သွားလာနေသူများသာ ဖြစ်ပြီး၊ ၀င်ငွေလုံးဝ မရှိဘဲ အသက်ရှင်နေထိုင်ရန်သာ ရုန်းကန်နေကြသူများ ဖြစ်သောကြောင့် ငွေကျပ် တစ်သောင်း မယူဘဲ ၅ ထောင်သာ ယူရန် စစ်သားများကို တောင်းတောင်းပန်ပန်ဖြင့် ပြောသော်လည်း မတတ်နိုင်ရင် မသွားနဲ့ဟု ဆိုကာ ရိုက်နှက်ခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်သည်ဟု ဒေသခံများက ဆိုသည်။ ဂူတာပြင်ကျေးရွာမှ ရွာသားများ စားသောက်နိုင်ရန်အတွက် တစ်နေ့လျှင် အနည်းဆုံး ဆိုင်ကယ် နှစ်စီး ရွာပြင် ထွက်ရသောကြောင့် အနည်းဆုံး နှစ်သောင်း နေ့စဉ် ပေးနေရကြောင်း သိရှိရသည်။ 

အလားတူ လွန်ခဲ့သည့် ဇန်န၀ါရီလမှစ၍ ဖောင်တော်ပြင်ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများသည် စက်လှေဖြင့် ဘူးသီးတောင်မြို့ပေါ်သို့ သွားလာသူများထံမှ စက်လှေငယ် တစ်စီးလျှင် ၅ ထောင်ကျပ်နှင့် စက်လှေကြီး တစ်စီးလျှင် ငွေကျပ် တစ်သောင်းနှင့် အထက် ဆက်ကြေး ကောက်ခံသကဲ့သို့ ကောက်ခံလျက်ရှိကြောင်း ဖောင်တော်ပြင်မှ ဒေသခံတစ်ဦးက ပြောပါသည်။ 

ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များရှိ ကျေးလက်ဒေသများမှ ရိုဟင်ဂျာများကို ကျေးရွာများတွင် ပိတ်လှောင်ထားပြီး၊ အလုပ်လုပ်ကိုင်ခွင့် မပေးခြင်း၊ သွားလာလှုပ်ရှားခွင့် မပေးသောကြောင့် တဖက်နိုင်ငံသို့ သွားရောက်၍ ခိုလှုံနေခြင်းများ နေ့စဉ်နှင့်အမျှ များပြားလာနေသည်။ 




ဝေးလံခေါင်ဖျားသည့် ကျေးရွာတစ်ခုတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဗုဒ္ဓဘာသာဝင် ရွာသားများတို့မှ ရိုဟင်ဂျာနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး၊ သတ်ဖြတ်ခဲ့ကြသည်


By ဝလုံး၊ ကျော်စိုးဦး၊ SIMON LEWIS နှင့် ANTONI SLODKOWSKI
8.2.2018

အင်းဒင်၊ မြန်မာ - ပူးတွဲ ချည်နှောင်၍ ဖမ်းဆီးခံထားရသော ရိုဟင်ဂျာ ၁၀ ဦးသည် ၎င်းတို့၏ ဗုဒ္ဓဘာသာ အိမ်နီးချင်းများ မြေကျင်းတူးနေသည်ကို ကြည့်ရှုနေခဲ့သည်။ ထို့နောက်များမကြာမီကာလဖြစ်သော စက်တင်ဘာလ ၂ ရက်နေ့ နံနက်ခင်း၌ ၁၀ ဦးစလုံး သေဆုံးခဲ့သည်။ အနည်းဆုံး နှစ်ဦးအား ဗုဒ္ဓဘာသာ ရွာသားများမှ သေသည် အထိ ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။ ကျန်ရှိသူများကိုမူ စစ်သားများမှ ပစ်သတ်ခဲ့ကြောင်း မြေတူးခဲ့သူများထဲမှ နှစ်ဦးက ဆိုသည်။

ဤသတ်ဖြတ်မှုများသည် ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုများ၏ အခန်းဆက်ထဲမှ နောက်ထပ် အခန်းတွဲ အပိုင်း တစ်ခုဟု သတ်မှတ်ရပေမည်။ ရိုဟင်ဂျာများမှ စစ်တပ်အား မီးရှို့ ဖျက်ဆီးမှု၊ အဓ္ဓမပြုကျင့်မှုများနှင့် သတ်ဖြတ်မှုများအတွက် စွပ်စွဲ ထားသည်။ မြန်မာ တာဝန်ရှိသူများမှ ၎င်း၏ “နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှု” သည် ဆူပူသောင်းကျန်းသူများ၏ တိုက်ခိုက်မှုများအား တရားဝင် တုံ့ပြန်ဆောင်ရွက်မှုတစ်ခုဖြစ်ကြောင်း ဆိုသည်။

Reuters သတင်းဌာနသည် အင်းဒင်ရွာတွင် ဖြစ်ပေါ်ခဲ့သည့် သတ်ဖြတ်မှုများ မတိုင်ခင်နေ့ရက်များမှ အခြေအနေများ ကို စပ်ဆက်ပုံဖော်နိုင်ရန် ကြိုးပမ်းခဲ့ပြီး၊ ဗုဒ္ဓဘာသာဝင် ရွာသားများ၏ အင်တာဗျူးမေးမြန်းမှုများ မှ တဆင့် ၎င်းတို့မှ ရိုဟင်ဂျာနေအိမ်များအား မီးရှို့ဖျက်ဆီးကာ မူစလင်များအား သတ်ဖြတ်၍ ရုပ်အလောင်းများအား မြှုပ်နှံခဲ့ကြောင်း ဖွင့်ဟဝန်ခံချက်ကို ပထမဆုံးအနေဖြင့် ရရှိခဲ့သည်။

ဤမှတ်တမ်းသည် စစ်သားများနှင့် လက်နက်ကိုင်ရဲတပ်ဖွဲ့များ ပါဝင်ပတ်သက်နေကြောင်း ဓာတ်ပုံ သက်သေ အထောက် အထားများနှင့် လုံခြုံရေး ဝန်ထမ်းများထံမှ သက်သေထွက်ဆိုချက်များ ပထမဆုံးအကြိမ် ရယူနိုင်ခဲ့သည့် အမှတ်အသား တစ်ခုလည်း ဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင် ကျေးရွာလူကြီးတစ်ဦးမှ Reuters သတင်းဌာနသို့ ထောက်ပံ့ခဲ့သော ဓာတ်ပုံသုံးပုံသည် လုံခြုံရေး တပ်သားများမှ ရိုဟင်ဂျာ အမျိုးသားများအား ထိန်းသိမ်းထားသည့် စက်တင်ဘာလ ၁ ရက်နေ့ ညနေခင်း အစောပိုင်း အချိန်မှ ရိုဟင်ဂျာ အမျိုးသားများ သတ်ဖြတ်ခြင်းခံရသည့် စက်တင်ဘာလ ၂ရက်နေ့ မနက် ၁၀နာရီ ကျော်ခန့် အထိ အဓိက သော့ချက်ကျသော အခိုက်အတန့်များအား ဖမ်းယူ ရိုက်ကူးထားသည့် ဓာတ်ပုံများ ဖြစ်သည်။

Reuters ၏ စုံစမ်းစစ်ဆေးခြင်းများကြောင့် ရဲအရာရှိများ မှ သတင်းဌာန၏ သတင်းထောက်နှစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ရခိုင်နှင့်ဆက်နွယ်သော လျှို့ဝှက် စာရွက်စာတမ်းများအား ရယူထားသည် ဟူသော စွပ်စွဲချက်နှင့်အတူ ဒီဇင်ဘာလ ၁၂ ရက် နေ့က ဖမ်းဆီးခဲ့သည်။ ထို့နောက် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် Reuters သတင်းဌာနမှ ပြင်ဆင်နေခဲ့သည့် သတင်း၏ အစိတ်အပိုင်းဖြစ်သော အင်းဒင်အရပ်တွင် ရိုဟင်ဂျာ အမျိုးသား ၁၀ ဦး သတ်ဖြတ်ခံရသည်ကို အတည်ပြုသည့် ထွက်ဆိုချက်တစ်ခုကို စစ်တပ်မှ ထုတ်ပြန်ခဲ့သည်။

သို့သော် စစ်တပ်မှ ထုတ်ပြန်ထားသည့် ဖြစ်စဉ်ပုံစံသည် Reuters သတင်းဌာနသို့ ရခိုင်ဗုဒ္ဓဘာသာဝင်နှင့် ရိုဟင်ဂျာ မူစလင် သက်သေများတို့မှ ပေးထားသော မှတ်တမ်းများ နှင့် အရေးပါသည့် အချက်အလက်များတွင် ကွဲလွဲနေသည်ကို တွေ့ ရှိရသည်။

စစ်တပ်အဆိုရမူ အဆိုပါအမျိုးသား ၁၀ ဦးသည် လုံခြုံရေးတပ်များအား တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမား ၂၀ဝ ထဲမှ ဖြစ်သည်ဟု ဆိုသည်။ သို့သော် ဗုဒ္ဓဘာသာဝင် ရွာသားများအား ဤဆောင်းပါးအတွက် အင်တာဗျူးမေးမြန်းချက်များ တွင်မူ ၎င်းတို့မှ အင်းဒင်ရှိ လုံခြုံရေးတပ်များအပေါ် ပမာဏများပြားသော သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်မှုမျိုး မရှိခဲ့ကြောင်း အစီရင်ခံခဲ့သည်။ ထို့ပြင် ရိုဟင်ဂျာသက်သေများမှ Reuters သတင်းဌာနသို့ ပြောကြားချက်အရမူ စစ်သားများသည် အနီးနားကမ်းခြေတစ်ခု၌ ခိုလှုံနေခဲ့သော ရိုဟင်ဂျာများထဲမှ ၁၀ ဦးအား ဆွဲထုတ်သွားခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ရခိုင် ဗုဒ္ဓဘာသာဝင် ရွာသားများ၊ စစ်သားများ၊ လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များ၊ ရိုဟင်ဂျာများနှင့် ဒေသခံ အုပ်ချုပ်ရေးမှူးများ နှင့် အင်တာဗျူးမေးမြန်းမှုများအရ ဆက်လက်တွေ့ ရှိရသည်မှာ -

- စစ်တပ်နှင့် လက်နက်ကိုင် ရဲတပ်သားများ သည် ရိုဟင်ဂျာနေအိမ်များအား မီးရှို့ ဖျက်ဆီးရန် အင်းဒင်နှင့် အခြားကျေးရွာ အနည်းဆုံး နှစ်ရွာလောက်မှ ဗုဒ္ဓဘာသာဝင် အရပ်သားများအား စုစည်းခဲ့သည်ဟု ဗုဒ္ဓဘာသာဝင် ရွာသားများမှ ပြောဆို ခဲ့သည်။

- အင်းဒင်ရှိ ရိုဟင်ဂျာ ရွာငယ်များအား “ရှင်းလင်းရန်” အမိန့်သည် စစ်တပ်မှ စတင်ခြင်းဖြစ်ပြီး အဆင့်ဆင့် ရရှိလာသော အမိန့်ဖြစ်ကြောင်း လက်နက်ကိုင် ရဲအရာရှိ သုံးဦးနှင့် ပြည်နယ်မြို့တော်စစ်တွေရှိ ထောက်လှမ်းရေးယူနစ်မှ လေးယောက်မြောက် ရဲအရာရှိတို့က ဖြေကြားခဲ့သည်။

- လက်နက်ကိုင်ရဲတပ်သားများအချို့သည် နွားများ၊ မော်တော်ဆိုင်ကယ်များ အပါအဝင် ရိုဟင်ဂျာများ၏ ပိုင်ဆိုင်မှုများအား ပြန်လည်ရောင်းချရန်အတွက် လုယူသိမ်းပိုက်ခဲ့ကြောင်း အင်းဒင်ရှိ ဗုဒ္ဓဘာသာဝင်အုပ်ချုပ်ရေးမှူးနှင့် လက်နက်ကိုင် ရဲအရာရှိ များထဲမှ တစ်ဦး၏အဆိုအရ သိရှိရသည်။

အစိုးရ၏ ပေါ်လစီမှာ အလွန်ရှင်းလင်းသည်ဟု ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောသည်။ “လူအခွင့်အရေး ချိုးဖောက်မှုတွေ မရှိဘူး လို့ ငြင်းဆန်နေမှာ မဟုတ်ဘူး။ ပြီးတော့ အသလွတ် ငြင်းဆန်မှုတွေ လုပ်နေတာ မဟုတ်ပါဘူး။” အကယ်၍ အလွဲသုံးစားမှုတွေနဲ့ ပတ်သက်တဲ့ “ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ မူရင်း သက်သေတွေ” ရှိရင် အစိုးရက စုံစမ်းစစ်ဆေး သွားမည် ဖြစ်သည် ဟု သူက ဆိုသည်။

“ဆိုတော့ ကျွန်တော်တို့ အနေနဲ့ ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ မူရင်း သက်သေတွေရရင် မြေပြင်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လို့ရတယ်။ ပြီးတော့ ချိုးဖောက်မှုတွေ ရှိကြောင်း သက်သေအထောက်အထားတွေ မှန်မှန်ကန်ကန် တွေ့ရှိရင် ကျွန်တော်တို့ အနေနဲ့ တည်ဆဲဥပဒေတွေ အတိုင်း လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်။”

သူက စစ်တပ်၏ ရခိုင်ပြည်နယ်ရှိ စစ်ဆင်ရေးနှင့် ပတ်သက်၍ ကာကွယ်ပြောဆိုခဲ့သည်။ “ဘယ်သူက စပြီး အကြမ်းဖက် တိုက်ခိုက်ခဲ့တာလည်း ဆိုတာကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ နားလည်ဖို့ လိုအပ်တယ်။ အဲ့ဒီလို အကြမ်းဖက်တိုက်ခိုက်မှုတွေ ဥပရောနိုင်ငံမှာ ဖြစ်ပေါ်ခဲ့မယ်ဆိုရင် ယူအက်စ် မှာ လန်ဒန် မှာ နယူးရော့ခ်မှာ ဝါရှင်တန်မှာ ဖြစ်ပေါ်ခဲ့မယ်ဆိုရင် မီဒီယာတွေက ဘာပြောမလဲ။”

စစ်တပ်ထံမှ မှတ်ချက် တောင်းဆိုမှု အပေါ် ပြန်လည်တုန့်ပြန်ခြင်း မရှိခဲ့ပါ။

စင်စစ် ဤဖြစ်ရပ်များသည် ရိုဟင်ဂျာပုန်ကန်သူများမှ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရဲကင်းစခန်းများနှင့် စစ်တပ်ရင်း ဌာနချုပ် တစ်ခုအား ဝင်ရောက်တိုက်ခိုက်ခဲ့သည် သြဂုတ်လ ၂၅ ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ အင်းဒင်ရှိ ရာချီသော ဗုဒ္ဓဘာသာဝင် ရွာသားများသည် ဘုန်းကြီးကျောင်းတစ်ကျောင်း၌ ခိုလှုံအကာကွယ်ယူခဲ့ရသည်။ သြဂုတ်လ ၂၇ ရက်နေ့တွင်မူ ကျေးရွာသို့ မြန်မာ့ ခြေလျှင်တပ်ရင်း ၃၃ မှ တပ်သား ၈၀ ခန့် ရောက်ရှိလာခဲ့သည်။

ဗုဒ္ဓဘာသာဝင် ရွာသားငါးဦး၏ ပြောကြားချက်အရ စစ်တပ်တာဝန်ရှိ အရာရှိဖြစ်သူမှ ၎င်းတို့အား လုံခြုံရေးဆောင်ရွက်မှုများ အတွက် လုပ်အားပေးပါဝင် နိုင်ကြောင်း ပြောဆိုခဲ့သည် ဟု သိရှိရသည်။ အင်းဒင်ရှိ ဗုဒ္ဓဘာသာဝင် ရွာသားများပါဝင်သော “လုံခြုံရေးအဖွဲ့” မှ ပါဝင်လိုသူများကို အဆိုပါ စစ်တပ်အရာရှိက တွေ့ ရှိစုစည်းခဲ့သည် ဟု အဖွဲ့ဝင်များ နှင့် ရွာသားများ က ဆိုသည်။

နောက်ပိုင်းနေ့များတွင်မူ စစ်သားများ၊ ရဲနှင့် ဗုဒ္ဓဘာသာဝင် ရွာသားများသည် အင်းဒင်ရှိ ရိုဟင်ဂျာမူစလင်များ၏ နေအိမ်အများစုအား မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ဗုဒ္ဓဘာသာဝင် ရွာသား တစ်ဒါဇင်မှ ဆိုသည်။

ရဲတစ်ဦးက ၎င်း၏ အုပ်ချုပ်သူအရာရှိသည် ၎င်းအား ရိုဟင်ဂျာများနေထိုင်သည့် ဧရိယာများကို “သွားရောက် ရှင်းလင်းရန်” နှုတ်မိန့်ပေးခဲ့ပြီး၊ ၎င်းမှမူ ဤသည်မှာ မီးရှို့ဖျက်ဆီးပစ်ရန်ဖြစ်ကြောင်း အနက်ကောက်ယူခဲ့သည် ဟု ဆိုသည်။ ဒုတိယ ရဲတစ်ဦး မှ ၎င်းပါဝင်ခဲ့သည့် အင်းဒင်ရွာ၏ မြောက်ဘက်ရှိ ကျေးရွာများအပေါ် ကျူးလွန်သည့် ဝင်ရောက် စည်းနင်းမှုများ အကြောင်း ဖော်ပြ ပြောဆိုခဲ့သည်။ လုံခြုံရေးတပ်သားများသည် အရပ်သားအင်္ကျီများနှင့် ဘောင်းဘီများအား ဝတ်ဆင်၍ ရွာသားများကြားတွင် ရောနှောနေစေရန် ဆောင်ရွက်ခဲ့ကြောင်း ၎င်းဒုတိယမြောက် ရဲနှင့် အင်းဒင်ရှိ ဗုဒ္ဓဘာသာဝင် အုပ်ချုပ်ရေးမှူး မောင်သိန်းချေတို့ထံမှ ကြားသိရသည်။

ရိုဟင်ဂျာများ အင်းဒင်မှ ထွက်ပြေးသွားပြီးသည့်နောက် ဗုဒ္ဓဘာသာဝင် ရွာသားများသည် ၎င်းရိုဟင်ဂျာများ၏ ကြက်များ၊ ဆိတ်များအပါအဝင် ပိုင်ဆိုင်မှုများအား သိမ်းယူခဲ့ကြောင်း ဗုဒ္ဓဘာသာဝင်ဒေသခံများမှ Reuters သတင်းဌာနသို့ ပြောကြား ခဲ့သည်။ သို့သော် တန်ဖိုးကြီးမားသည့် မော်တော်ဆိုင်ကယ်များနှင့် နွားများကဲ့သို့သော ပစ္စည်းအများစုကိုမူ အမှတ် (၈) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ တပ်မှူးဖြစ်သူ သန့်ဇင်ဦးက သိမ်းယူသွားခဲ့ပြီး ရောင်းချခဲ့ကြောင်း ပထမရဲအရာရှိနှင့် ကျေးရွာအုပ်ချုပ်သူတို့မှ ထွက်ဆိုခဲ့ကြသည်။

တပ်မှူးဖြစ်သူ သန့်ဇင်ဦးထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမရှိခဲ့ပါ။

ပြောရေးဆိုခွင့် ရှိသူ ရဲမှူးကြီး မျိုးသူစိုး က ရဲတပ်ဖွဲ့ ဝင်များမှ ကျေးရွာများကို မီးရှို့ခြင်း သို့မဟုတ် အရပ်ဝတ်များ ဝတ်စားခြင်း တို့နှင့် သက်ဆိုင်သည့် သာဓကဖြစ်ရပ်မျိုးကို သူ မသိကြောင်း ပြောသည်။ “သွားရှင်းပစ်” (သို့မဟုတ်)ကျေးရွာတွေကို “မီးရှို့ပစ်” ဆိုတဲ့ အမိန့် မျိုး မရှိဘူး ဟု သူက ဆိုသည်။

“ဒါက လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပါ ခင်ဗျ။” ဟု သူက ရိုက်တာကို ပြောပြသည်။ “တကယ်လို့ အဲ့လို ဟာမျိုး ရှိတယ်ဆိုရင် တရားဝင် တင်ပြပေါ့ ဒါ ကျွန်တော်တို့ တရားဝင် စုံစမ်းရမယ့် အခြေအနေတွေပါ။”

“ဒါပေမယ့် အခု ခင်ဗျားတို့ ပြောတဲ့ ဟာအရ ဆိုရင်တော့ ကျွန်တော်တို့က စုံစမ်းပြီး ပြန်တော့ လေ့လာကြည့်ပါမယ် ခင်ဗျ။ ဒါပေမယ့် လောလောဆယ်တော့ ကျွန်တော် ပြောချင်တာကတော့ လုံခြုံ ရေး တပ်ဖွဲ့ ဝင်များ အနေနဲ့ ကတော့ သတ်မှတ်ထားတဲ့ အမိန့်တွေ ညွှန်ကြားချက်တွေ ရှိတယ်။ အဆင့်ဆင့် ကွပ်ကဲမှုတွေ ရှိတယ်။ အဲ့ဒီ အပေါ် မှာ လိုက်နာ ဆောင်ရွက်ရတဲ့ ကြောင့်မို့ ဒီဖြစ်စဉ်တွေတော့  ကျွန်တော်တို့ သိပ်တော့  မထင်ဘူးပေါ့နော်။”

စက်တင်ဘာလ ၁ ရက်နေ့တွင် အင်းဒင်ရှိ ရိုဟင်ဂျာ ရာချီသည် အနီးနား ကမ်းခြေတစ်ခုသို့ သွားရောက်ခိုလှုံခဲ့ကြောင်း သက်သေများမှ ထွက်ဆိုခဲ့သည်။ အသတ်ခံရမည့် ၁၀ ဦးမှာ ၎င်းတို့ထဲမှ ဖြစ်သည်။ ငါးဦးသည် ငါးဖမ်းသမားများ သို့မဟုတ် ငါးရောင်းချသူများဖြစ်ကြပြီး၊ နှစ်ဦးမှာမူ စတိုးဆိုင်များ ဖွင့်ထားကြသည်၊ ကျန်နှစ်ဦးသည် ကျောင်းသားများ ဖြစ်ကြပြီး၊ နောက်ဆုံးတစ်ဦးမှာမူ အစ္စလာမ်ဘာသာရေး ဆရာတစ်ဦးဖြစ်သည်။

ရိုဟင်ဂျာသက်သေများမှ ပြောကြားချက်အရ အစ္စလာမ်ဘာသာရေး ဆရာဖြစ်သူ Abdul Malik သည် စားသောက်ရန် အစား အသောက်များနှင့် ခိုလှုံဖို့အတွက် ဝါးများရှာဖွေရန် ၎င်း၏ ကျေးရွာသို့ ပြန်သွားခဲ့ခြင်းဖြစ်သည်။ ကမ်းခြေသို့ ၎င်းပြန်ရောက်လာချိန်တွင် စစ်သားများ နှင့် လက်နက်ကိုင် ဗုဒ္ဓဘာသာဝင် ရွာသားများ (အနည်းဆုံး ခုနှစ်ဦးခန့်) သည် ၎င်းနောက်မှ လိုက်ပါ လာခဲ့ခြင်းဖြစ်သည်။ စစ်တပ်သည် ရိုဟင်ဂျာများအား ခေါ်ယူပြီး နောက် အမျိုးသား ၁၀ ဦးအား ရွေးချယ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း ဤသက်သေများမှ ထွက်ဆိုခဲ့သည်။

အဆိုပါညနေခင်း၌ ရိုက်ကူးထားသော ဓာတ်ပုံတွင် ၎င်းပုဂ္ဂိုလ် ၁၀ ဦး ရွာလမ်းကြားတစ်ခုပေါ်၌ ဒူးထောက်နေသည်ကို တွေ့ ရှိရပေမည်။ စက်တင်ဘာလ ၂ ရက်နေ့တွင် ၎င်းတို့အား သင်္ချိုင်းတစ်ခုအနီးသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင် ရွာသားများမှ ဖွင့်ဟထွက်ဆိုခဲ့ပြီး၊ အဆိုပါနေရာတွင် ၄င်းတို့ကို ဓာတ်ပုံရိုက်ကူးထားသည် ကို တွေ့ ရှိရသည်။ လုံခြုံရေးဝန်ထမ်းများသည် ဒေသခံ ဗုဒ္ဓဘာသာဝင် လယ်သမားတစ်ဦးဖြစ်သည့် ဦးမောင်နီ ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ၎င်းတို့အား မေးမြန်းခဲ့ကြောင်း ရခိုင်လူကြီးတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာများတို့မှ ၎င်းတို့အနေနှင့် အဆိုပါလယ်သမားပျောက်ဆုံးမှုသည် ၎င်းရိုဟင်ဂျာ ၁၀ ဦးနှင့် ချိတ်ဆက်နေကြောင်း သက်သေအထောက်အထား တစ်စုံတစ်ရာမရှိကြောင်း Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

စစ်သားများမှ ဖမ်းဆီးခံရသူများအား ၄င်းတို့ကို သတ်မည့်နေရာသို့ ခေါ်ဆောင်သွား သည်ကို ၎င်းတို့မှာ ကြည့်ရှုနေခဲ့ရကြောင်း ဗုဒ္ဓဘာသာဝင် သုံးဦးမှ သက်သေထွက်ဆိုခဲ့သည်။ ကျင်းတူးသူတစ်ဦးဖြစ်သည့် အငြိမ်းစားစစ်သား စိုးချေအဆိုအရ ဦးမောင်နီ၏သားများ အား တာဝန်ရစစ်တပ်အရာရှိမှ ဖိတ်ကြားခဲ့ပြီး၊ ပထမဆုံး သတ်ဖြတ်မှုကို ဆောင်ရွက်စေခဲ့ကြောင်း သိရှိရသည်။ ပထမဆုံးသားဖြစ်သူသည် အစ္စလာမ်ဘာသာရေးဆရာ Abdul Malik ၏ ဦးခေါင်းအား ခုတ်ဖြတ်ခဲ့ကြောင်း စိုးချေမှ ထွက်ဆိုသည်။ ဒုတိယသားဖြစ်သူသည် နောက်ထပ်အမျိုးသားတစ်ဦး၏ လည်ပင်းအား ခုတ်ဖြတ်ခဲ့သည်။

ရခိုင်လူကြီးတစ်ဦးမှ Reuters သတင်းထောက်များထံသို့ သတ်ဖြတ်ပြီးနောက် ရိုက်ကူးထားသည့် ဓာတ်ပုံအား ပေးအပ်ခဲ့သည်။ ၎င်းအနေနှင့် မည်သည့်အတွက်ကြောင့် Reuters သတင်းဌာနထံသို့ ဤအချက်အလက်များ မျှဝေဖို့ရွေးချယ်ခဲ့ကြောင်း မေးမြန်းရာ ၎င်းမှ - “ဒီကိစ္စမှာ ရှင်းရှင်းလင်းလင်းဖြစ်စေချင်တယ်။ ဒီလိုမျိုး အနာဂါတ်မှာ ထပ်ဖြစ်မှာကို မလိုလားဘူး" ဟု ၎င်းမှ ဆိုခဲ့သည်။



ဤဓာတ်ပုံသည် ရိုဟင်ဂျာအမျိုးသား ၁၀ ဦး အသတ်ခံရသော နေ့၌ ရိုက်ကူးထားခြင်းဖြစ်သည်။ လက်နက်ကိုင်ရဲအရာရှိ ဦးအောင်မင်း (ဘယ်) သည် ၎င်းတို့၏နောက်၌ မတ်တပ်ရပ်၍ စောင့်ကြပ်နေသည်။ ဤဓာတ်ပုံအား ဗုဒ္ဓဘာသာဝင် ကျေးရွာလူကြီးတစ်ဦးထံမှ ရရှိခဲ့ခြင်းဖြစ်ပြီး၊ မျက်မြင်သက်သေများမှ မှန်ကန်ကြောင်း ထောက်ခံပေးခဲ့သည်။



မည်သူမဆို လက်မှတ်ရေးထိုးရန် လင့်ခ် -- http://chn.ge/2EfJ7NV

--

ဒေါက်တာဂျက်လိုက်ဒါနှင့် အောက်စဖို့ဒ်တက္ကသိုလ် စာပုံနှိပ်ထုတ်ဝေရေး (OUP) ၏ အာရှသမိုင်းစာ အတွဲစဉ် အပေါ် စိုးရိမ်မကင်း ဖြစ်မိကြောင်း အောက်စဖို့ဒ်တက္ကသိုလ်စာပုံနှိပ်ထုတ်ဝေရေးသို့ ပေးစာ။

ဖေဖော်ဝါရီလ (၅) ရက်၊ ၂၀၁၈

OUP စွယ်စုံကျမ်း သုတေသန၏ အာရှသမိုင်းစာ အတွဲစဉ်မှ လာမည့်အတွဲဖြစ်သော The ORE of Asia History တွင် ရိုဟင်ဂျာလူမျိုးစုများအကြောင်း အညွှန်းဆောင်းပါးကို ပြုစုရန် ဒေါက်တာ ဂျက်လိုက်ဒါအား တာဝန်ပေးအပ်ကြောင်း ကြားသိရသည့်အတွက် အောက်ပါလက်မှတ်ထိုးထားသော တတ်သိပညာရှင်များ၊ လူ့အခွင့်အရေးအတွက် စည်းရုံးလှုံ့ဆော်သူများပါဝင်သည့် ကျွန်ုပ်တို့ ပညာရှင်များအုပ်စုမှ အထူးပင် စိတ်အနှောက်အယှက်ဖြစ်ရပါသည်။ ဒေါက်တာ ဂျက်လိုက်ဒါသည် ဘန်ကောက်အခြေစိုက် Ecole Francaise de l' Extreme-Orient (EFEO) အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး နေပြည်တော်ရှိ မြန်မာ့တပ်မတော် စစ်သမိုင်းပြတိုက်၏ ထင်ရှားသော အကြံပေးတဦးဖြစ်သည်။ (လင့်ခ်ကို ရှု - http://asianhistory.oxfordre.com/page/forthcoming/).



လူကြီးမင်းတို့ သိပြီးဖြစ်သည့်အတိုင်းပင် တပ်မတော်ဟု သိကြသည့် မြန်မာစစ်တပ်သည် အပြည်ပြည်ဆိုင်ရာ ဥပဒေများအောက်ရှိ ရာဇဝတ်မှုများကို ကျူးလွန်နေကြောင်း ယုံကြည်လောက်ဖွယ် စွပ်စွဲခံနေရခြင်း ဖြစ်သည်။ ထိုရာဇဝတ်မှုများတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုများအပြင် ရာဇဝတ်မှုအပေါင်းတို့၏ သနင်းဟုပင်ဆိုအပ်သော ရိုဟင်ဂျာလူမျိုးစုများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု (ဂျီနိုဆိုက်) ပင် ပါဝင်သည်။

လူကြီးမင်းတို့ သိပြီးဖြစ်သည့်အတိုင်း အောက်စဖို့ဒ်တက္ကသိုလ်စာပုံနှိပ်ထုတ်ဝေရေးသည် ၎င်းတို့ ထုတ်ဝေသမျှ အညွှန်းစာတမ်းများနှင့် ပတ်သက်သောနယ်ပယ်များတွင် မျှတမှုနှင့် ယုံကြည်ထိုက်သည့် သြဇာတက္ကိရှိကြောင်း ဂုဏ်သတင်းအရှိန်အစော်ရှိသည်။ OUP online မှထုတ်ဝေလိုက်သော ရိုဟင်ဂျာနှင့်ပတ်သက်သမျှကို ပညာရှင်အသိုင်းအဝိုင်းကရော၊ သာမန်ပြည်သူလူထုကပါ အထူးအလည် ယုံကြည်ကိုးစားစရာအဖြစ် မှတ်ယူကြပေလိမ့်မည်။ ထို့ပြင် ကမ္ဘာပေါ်တွင် အကြီးများဆုံး နိုင်ငံမဲ့ဦးရေဖြစ်နေသည့် လူမျိုးစုကြီးတခုအပေါ် ကျူးလွန်နေသော ရာဇဝတ်မှုအမျိုးအမည်ကို နာမည်သတ်မှတ်ရန် လက်ရှိဖြစ်ပွားနေသော အငြင်းပွားမှုတွင် ကြီးမားသော အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေလိမ့်မည်။ ထိုလူမျိုးစု၏ လူမျိုးစုကိုယ်ပိုင်ဝိသေသလက္ခဏာနှင့် သမိုင်းကြောင်းဆိုင်ရာတည်ရှိမှုကို မြန်မာပြည်တွင် တရားဝင်အရလည်းကောင်း၊ လူကြိုက်များသည့်နည်းလမ်းဖြင့်လည်းကောင်း ဖျောက်ဖျက်နေခြင်းကို ခံနေရသည်။

သို့ဖြစ်၍ အောက်စဖို့ဒ် စွယ်စုံကျမ်းသုတေသန၏ အာရှသမိုင်းအတွက် အညွှန်းဆောင်းပါးအတွက် ဒေါက်တာ ဂျက်လိုက်ဒါကို ရွေးချယ်မှုအပေါ် အချက်အလက်မြောက်များစွာအပေါ်အခြေခံလျက် ကျွန်ုပ်တို့၏ စိုးရိမ်ပူပန်မှုကို လူကြီးမင်းတို့ အာရုံစိုက်မိစေရန် တင်ပြအပ်ပါသည်။

(၁) ရိုဟင်ဂျာများနှင့်ဖြစ်စေ၊ သူတို့၏သမိုင်းကြောင်းနှင့်ဖြစ်စေ ပတ်သက်၍ စာနယ်ဇင်းနှင့် အင်တာဗျူးများ၊ ဟောပြောပွဲများ၊ ရေးသားထုတ်ဝေသော ဆောင်းပါးများတွင် ဒေါက်တာလိုက်ဒါ ဆွဲကိုင်ထားသည့် ရပ်တည်ချက်များသည် သူ၏ ဦးတည်ချက်အပေါ် အလေးအနက် မေးခွန်းထုတ်စရာများ ရှိနေကြောင်း ကျွန်ုပ်တို့ တွေ့ရှိရသည်။ မြန်မာစစ်တပ်မှ ညွှန်ကြားသည့် ရိုဟင်ဂျာလူ့အဖွဲ့အစည်းအပေါ် အကြမ်းဖက်မှုများ နှင့် မြေလှန်မီးရှို့စစ်ဆင်ရေးများကို ဒေါက်တာလိုက်ဒါ၏ စနစ်တကျမှတ်တမ်းတင်ထားသော ငြင်းဆန်မှုပုံစံများမှာ ကြီးထွားလာနေသော တရားဥပဒေကြောင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများနှင့် လူ့အခွင့်အရေးဆိုင်ရာ သုတေသနအစီရင်ခံများ၏ စိန်ခေါ်ခြင်းကို ခံနေရသည်။ မြန်မာအစိုးရမှ ရိုဟင်ဂျာများကို အုပ်စုတခုအဖြစ်သတ်မှတ်ကာ ခွဲခြားစီရင် ဖိနှိပ်နေမှုသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုတည်းဟူသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုအဆင့်အထိပင် ရောက်ရှိနေကြောင်း အဆိုပါ အစီရင်ခံစာများက ညွှန်းပြနေသည်။
(၂) ရိုဟင်ဂျာများအပေါ် ချမှတ်ထားသော မူဝါဒများကို ခွင့်လွှတ်လက်ခံထားသည့် စစ်တပ်နှင့် အစိုးရအရာရှိများအတူ ဒေါက်တာလိုက်ဒါကို ရုပ်မြင်သံကြားပေါ်တွင် အတူယှဉ်တွဲ၍ မြင်ရခြင်းများသည် ကြည့်ရှုနေသော ပရိတ်သတ်အား ရိုဟင်ဂျာ ခြောက်သိန်းခွဲကို မောင်းထုတ်ခဲ့ရသည့် အကြောင်းတရားများသည် ခိုင်လုံပါသည်ဟူ၍လည်းကောင်း၊ စစ်တပ်က ဝန်ခံထားသော ရိုဟင်ဂျာအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ဖြစ်ပေါ်စေသည့် အကြောင်းတရားများသည် ခိုင်လုံပါသည်ဟူ၍လည်းကောင်း ထပ်လောင်းအတည်ပြုပေးနေသည့်အသွင် ဆောင်နေပါသည်။ ရိုဟင်ဂျာများအပေါ်ကျူးလွန်မှုကို ကုလသမဂ္ဂက လူမျိုးတုန်းအပျောက်ရှင်းလင်းသတ်ဖြတ်မှု (ethnic cleansing) ဟု ဖော်ပြသည်။ ထိုကျူးလွန်မှုစတင်ပြီး တလအကြာတွင် မြန်မာကာကွယ်ရေးဝန်ကြီးဌာန၏ ဝါဒဖြန့်လက်တံတခုဖြစ်သော မြဝတီသတင်းအုပ်စုက "ရခိုင်အရေး ဆွေးနွေးအဖြေရှာ" ဆိုသည့် စကားဝိုင်းတခု ကြီးမှူးပြုလုပ်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ဒေါက်တာလိုက်ဒါ တဦးတည်းသာ နိုင်ငံခြားသားပညာရှင်ဖြစ်နေခြင်း ဓါတ်ပုံများ၊ စာအထောက်အထားသက်သေသည် အထက်တွင်ဆိုခဲ့သော မေးခွန်းထုတ်ဖွယ်ရာများကို မီးမောင်းထိုးပြနေပါသည်။ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့များတွင် နေပြည်တော်၌ ကျင်းပသည့် ဖိတ်ကြားခံရသူများသာစာတန်းပါ အထက်တွင်ဆိုခဲ့သော ရခိုင်အရေးဆွေးနွေးပွဲတွင် ဒေါက်တာ ဂျက်လိုက်ဒါကို သန်းအေး နှင့် ကိုကိုလှိုင်အမည်ရှိ အငြိမ်းစား ဒု-ဗိုလ်မှူးကြီးနှစ်ဦးနှင့်အတူ စင်မြင့်ပေါ်တွင် ထိုင်လျက်သား တွေ့မြင်ခဲ့ကြရသည်။ (သန်းအေးမှာ စစ်ဗျူဟာဆိုင်ရာတပ်ဖွဲ့အကြီးအကဲဟောင်းဖြစ်ပြီး ကိုကိုလှိုင်မှာ ဗိုလ်ချုပ်ကြီးဟောင်းနှင့်သမ္မတဟောင်းသိန်းစိန် (၂၀၁၀ - ၂၀၁၅)၏ အကြံပေး ဖြစ်သည်။)

ရိုဟင်ဂျာများအပေါ်တွင် အရေးယူပြုမူခဲ့ခြင်းအပေါ် ၁၉၉၄ ခုနှစ်မှ စ၍ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ၆ ဆက်တိုင်တိုင်ကလည်းကောင်း၊ AI ကဲ့သို့သော လူ့အခွင့်အရေးဆိုင်ရာ ကမ္ဘာ့ဦးဆောင်စောင့်ကြည့်လေ့လာရေးအဖွဲ့များကလည်းကောင်း ပြင်းထန်သောလူ့အခွင့်အရေးချိုးဖောက်မှုများအဖြစ် သတ်မှတ်ထားခဲ့ကြသည်။ အထက်တွင် ဆိုခဲ့သော စာအုပ်ကို မိတ်ဆက်ရာတွင် မြန်မာအစိုးရ၏ ရပ်တည်ချက်မှာ ရိုဟင်ဂျာများအပေါ် ပြုမူဆောင်ရွက်မှုများကို တရားဝင်သောဆောင်ရွက်မှုများအဖြစ် ဖော်ပြထားသည်။ ဤသည်မှာ အစ္စလာမ်ဘာသာ၏ နယ်မြေအင်အားချဲ့ထွင်လိုမှု၊ ကမ္ဘာကို ကြီးစိုးရန်ကြိုးပမ်းမှုမှ မြန်မာစစ်တပ်က တိုင်းပြည်ကို ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြစ်သည်။ ( စာမျက်နှာ ၄ - "ရခိုင်အရေးစကားဝိုင်း" ကာကွယ်ရေးဝန်ကြီးဌာန၊ မြဝတီသတင်းအုပ်စု)

အဆိုပါ ဗျူဟာမြောက်ဆွေးနွေးပွဲများတွင် ဒု-ဗိုလ်မှူးကြီး (ငြိမ်း) ကိုကိုလှိုင်က အောက်စဖို့ဒ် တက္ကသိုလ်ကို အထူးသြဇာတိက္ကမရှိသောဌာနကြီးအဖြစ် ရွေးချယ်ထုတ်နှုတ်တင်ပြသွားသည်။ အောက်စဖို့ဒ်တက္ကသိုလ်သည် ရိုဟင်ဂျာသမိုင်းကြောင်း၊ ကိုယ်ပိုင်အမှတ်အသားနှင့် ကိုယ်စားပြုမှု စသည့် ဗဟုသုတများကို ဆွေးနွေးရန်၊ ဖြန့်ကျက်ရန် ရိုဟင်ဂျာများနှင့်ပတ်သက်သော အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်တခုကို လက်ခံကျင်းပဖူးသည်။ ဤနည်းဖြင့် သူသည် အောက်စဖို့ဒ်တက္ကသိုလ်နှင့်အခြားသြဇာရှိသည်ဌာနများကို မြန်မာစစ်တပ်၏ ရိုဟင်ဂျာအမှတ်အသားနှင့်သမိုင်းကို သမိုင်းကြောင်း တရားဝင်ငြင်းဆိုရာ၊ နိုင်ငံတော်က ညွှန်ကြားသည့်အကြမ်းဖက်မှုနှင့်မောင်းထုတ်မှုများကို ငြင်းဆိုရာတို့အတွက် အသုံးချစရာ မဟာဗျူဟာကျသည့် နေရာဌာနများသဖွယ် အဓိပ္ပါယ်ဖော်ဆောင် ပြောကြားသွားသည်။

တက်ရောက်သူအများစုမှာ ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိများသာဖြစ်သည်။ မြန်မာပြည်မှ မွတ်ဆလင်ဘာသာဝင်အများစုမှာလည်း ခေတ်ဟောင်းဥရောပမှ ဂျူးများကဲ့သို့ပင် လက်ညိုးထိုးအပြစ်ပုံချ ခံနေကြရသည်။ မြန်မာအစိုးရသဘောထားနှင့် လူအများအကြားရေပန်းစားသော "မွတ်စလင်ရွံရှာကြောက်ရွံ့မုန်းတီးခြင်း" ကို ပညာရပ်ဆိုင်ရာနှင့် လူ့အခွင့်အရေးစာတမ်းများတွင် ကောင်းစွာ မှတ်တမ်းတင်ထားပြီး ဖြစ်သည်။ ဤဆွေးနွေးပွဲများကို ဒေါက်တာလိုက်ဒါ၏ အိမ်ရှင်အဖွဲ့အစည်းဖြစ်သော မြန်မာစစ်တပ်မှ ရခိုင်မြောက်ပိုင်းတွင် ရိုဟင်ဂျာလူမျိုးအမြောက်အမြားအတွက် တာဝန်မကင်းဖြစ်နေချိန်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ လျှော့လျှော့ပေါ့ပေါ့ ခန့်မှန်းမှုများအရ ငါးနှစ်အောက် ကလေးသူငယ် ၇၃၀ အပါအဝင် ရိုဟင်ဂျာအနည်းဆုံး ၆၇၀၀ ခန့် စစ်ဆင်ရေးစတင်သော ပထမလအတွင်း (၂၀၁၇ သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၂၄ ရက်အထိ) သတ်ဖြတ်ခံခဲ့ရသည်။ ဤသည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းရှိ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသော အသက်ရှင်ကျန်ရစ်သူများကို MSF အဖွဲ့မှ အကန့်အသတ်နှင့်သာ ပြုလုပ်နိုင်ခဲ့သော လေ့လာတွေ့ရှိချက်များအရဖြစ်သည်။ (Source: “Myanmar/Bangladesh: MSF surveys estimate that at least 6,700 Rohingya were killed during the attacks in Myanmar” http://www.msf.org/en/article/myanmarbangladesh-msf-surveys-estimate-least-6700-rohingya-were-killed-during-attacks )

(၃) ရိုဟင်ဂျာများ၏ ကိုယ်ပိုင်အမှတ်အသားကို ဝေဖန်စိစစ်ရာတွင် နိုင်ငံရေးနှင့်လူမျိုးစုပဋိပက္ခကြောင့်ပေါ်ပေါက်လာသော နိုင်ငံရေးကိုယ်ပိုင်အမှတ်အသားအဖြစ် သဘောထားရန် ဒေါက်တာလိုက်ဒါမှ အခိုင်အမာပြောဆိုနေခဲ့သည်။ (ဤလင့်ခ်များတွင် ရှု။ “History Behind Rakhine State Conflict” https://www.irrawaddy.com/from-the-archive/history-behind-rakhine-state-conflict.html, “The Frictions in the Rakhine State Are Less About Islamophobia Than Rohingya-Phobia” https://thewire.in/182611/frictions-rakhine-state-less-islamophobia-rohingya-phobia/ , and “The Truth About Myanmar’s Rohingya Issue” https://thediplomat.com/2016/03/the-truth-about-myanmars-rohingya-issue/ ) ဤသည်မှာ ရိုဟင်ဂျာတို့၏ ပြောကြားချက်ဖြစ်သော ရခိုင်ပြည်တွင်နှစ်ရှည်လများ မှတ်တမ်းမှတ်ရာသမိုင်းကြောင်းနှင့်တကွ အခြေချနေထိုင်လာခဲ့သည်ဆိုသည့် အချက်ကို ဆန့်ကျင်ကာ တဖက်သတ်ဘက်လိုက်သော သူ၏ ရပ်တည်ချက်ကို ဖော်ပြသည်။ မြန်မာစစ်တပ်နှင့်သူ့အကြား သိသာထင်ရှားသော ပတ်သက်မှုများအပြင် ဤသို့ သိသာထင်ရှားသည့် ဘက်လိုက်မှုများကြောင့် ရိုဟင်ဂျာများအကြောင်း အညွှန်းဆောင်းပါး ရေးသားရန် ဒေါက်တာလိုက်ဒါ၏ သင့်လျော်မှုအပေါ် သံသယများဖြစ်ပေါ်စေသည်။ ဒေါက်တာလိုက်ဒါ၏ ရေးသားချက်များနှင့် လူသိရှင်ကြားထုတ်ပြန်ချက်များသည် ရိုဟင်ဂျာများကို ဆန့်ကျင်သည့် ဖုံးကွယ်မထားသော တဖက်သတ်ဘက်လိုက်မှုအဖြစ် ကျွန်ုပ်တို့ ရှုမြင်သည်။ ထိုတဖက်သတ်ဘက်လိုက်မှုကြောင့်ပင် ငြင်းဆိုရန်ဘယ်နည်းနှင့်မျှ မဖြစ်နိုင်သော၊ အလွယ်တကူ လက်လှမ်းမီနိုင်သော သက်သေအထောက်အထားများကို ငြင်းပယ်ခြင်း၊ တမင်ဥပေက္ခာပြုခြင်းများ သူ့တွင် ဖြစ်ပေါ်လာရသည်။ အမှန်တွင် ထိုသက်သေအထောက်အထားများသည် သူကျမ်းပြုစုခဲ့သည့် "ရိုဟင်ဂျာများသည် အခြား တိုင်းရင်းသားအစစ်အမှန်များ၏ ကိုယ်ပိုင်အမှတ်အသားများနှင့်မတူဘဲ ၁၉၅၀ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း မွတ်စလင်တိုက်ခိုက်ရေးသမားများ (သို့မဟုတ်) မူဂျာဟစ်ဒင်များက ဖန်တီးထုတ်လုပ်လိုက်သော အခေါ်အဝေါ်တခုမျှသာဖြစ်သည်" ဟူသည့်အဆိုကို ချေဖျက်နိုင်သော သက်သက်များသာ ဖြစ်သည်။ ဥပမာအားဖြင့်… "၁၉၆၁ ခုနှစ် ဇူလိုင်လတွင် မူဂျာဟစ်ဒင် ခွဲထွက်ရေးသမားများ လက်နက်ချပြီးနောက် ပြည်ထောင်စုအစိုးရက ရိုဟင်ဂျာများကို ဖွဲ့စည်းပုံပါ ပြည်ထောင်စုတိုင်းရင်းသားအုပ်စုတခုအဖြစ် အသိအမှတ်ပြုခဲ့သည်" ဆိုသည်ကို ဒေါက်တာလိုက်ဒါက ထင်ယောင်ထင်မှားဖြစ်မှုအဖြစ် တံဆိပ်ကပ်ခဲ့သည်။ အမှန်တကယ် ငြင်းဆို၍ မရသောအချက်တခုမှာ… ၁၉၆၄ ခုနှစ်အထိ မြန်မာအစိုးရ၏ မြန်မာဘာသာဖြင့် တရားဝင်ထုတ်ဝေသော မြန်မာ့စွယ်စုံကျမ်း အတွဲ -၉ တွင် ရိုဟင်ဂျာကို တိုင်းရင်းသား လူမျိုးစုတခုအဖြစ် ထည့်သွင်းထားခဲ့ခြင်းပင် ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ တခုတည်းသော အသံလွှင့်ဌာနဖြစ်သည့် မြန်မာ့အသံမှ ရိုဟင်ဂျာဘာသာစကားကို တိုင်းရင်းသားဘာသာစကားတခုအဖြစ် အခြားတိုင်းရင်းသားအစီအစဉ်များဖြစ်သော ရှမ်း၊ လားဟူ စသည်တို့နှင့်အတူ တပတ်လျှင် သုံးကြိမ်ထုတ်လွှင့်ခဲ့သည်။ ဤသည်မှာ ဗိုလ်ချုပ်ကြီးနေဝင်း၏ စစ်အုပ်ချုပ်ရေး သုံးနှစ်မြောက်သည့် ၁၉၆၄ ခုနှစ်အထိဖြစ်သည်။

အလွယ်တကူ လက်လှမ်းမီနိုင်သော တရားဝင်မှတ်တမ်းမှတ်ရာများက ရိုဟင်ဂျာလူမျိုးများသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားအုပ်စုတခုအဖြစ် တရားဝင်အသိအမှတ်ပြုခံခဲ့ရသည် ဆိုသည့် ရိုဟင်ဂျာများ၏ စုပေါင်းအဆိုကို ထောက်ခံလျက်ရှိသည်။ ဤအချက်များအပေါ်ထောက်ရှုလျက် အောက်ပါအတိုင်း ကောက်ချက်ဆွဲနိုင်သည်။ ရိုဟင်ဂျာတို့၏ တိုင်းရင်းသားကိုယ်ပိုင်အမှတ်အသား၊ သမိုင်းကြောင်းနှင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးမတိုင်မီကပင် ရှိခဲ့သော ယင်းတို့၏ တည်ရှိမှုကို မြန်မာအစိုးရက စီမံကိန်းချပြီး ဖျောက်ဖျက်ရန်ကြိုးပမ်းခဲ့သည်ဟူသော ကောက်ချက်ပင်ဖြစ်သည်။ ရိုဟင်ဂျာများ၏ ကိုယ်ပိုင်အမှတ်အသား နှင့် နိုင်ငံသားဖြစ်မှု အထောက်အထားများ၊ အထောက်အထားရင်းမြစ်များကို ဥပေက္ခာပြုရန် ဒေါက်တာလိုက်ဒါ၏ ရွေးချယ်မှုသည် "ရိုဟင်ဂျာများသည် တိုင်းရင်းသားလည်းမဟုတ်၊ နိုင်ငံသားလည်းမဟုတ်" ဟူသည့် မြန်မာတို့၏ ဝါဒမှိုင်းကို ကူညီပံ့ပိုးပေးနေသလို ဖြစ်နေသည်။ တချိန်တည်းတွင် ပညာရပ်ဆိုင်ရာ လုပ်ပိုင်ခွင့်အောက်တွင် အမှန်တရားကို ဖုံးကွယ်ရန် အထောက်အကူပေးသလို ဖြစ်နေသည်။

နာဇီအုပ်ချုပ်မှုအောက်တွင် ဂျုးများကို ဂျာမန်များက နိုင်ငံသားအဖြစ်မှ ပယ်ဖျက်မှုများနှင့် မြန်မာပြည်မှ ရိုဟင်ဂျာများအပေါ် နိုင်ငံသားအဖြစ်မှ ပယ်ဖျက်မှု၊ ကိုယ်ပိုင်အမှတ်အသား ဖျက်ဆီးမှုများအကြား ထိတ်လန့်စဖွယ် တူညီမှုများ ရှိနေသည်ကို ကျွန်ုပ်တို့ လေ့လာတွေ့ရှိရသည်။
(၄) ဂျာမဏီကဲ့သို့သော နိုင်ငံများတွင် လူမျိုးတုန်းသတ်ဖြတ်မှုမရှိကြောင်း ငြင်းဆန်မှုသည် ရာဇဝတ်မှုမြောက်သည်။ ရိုဟင်ဂျာများအား လူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် နိုင်ငံတော်မှ ဦးဆောင်ပြုလုပ်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုမရှိဟု ငြင်းဆန်ခြင်းသည်လည်း ရာဇဝတ်မှု မြောက်မမြောက် စီရင် ဆုံးဖြတ်နိုင်သော ဥပဒေမျိုးကို ယူကေတွင်လည်းကောင်း နိုင်ငံတကာတွင်လည်းကောင်း မရှိသေးသော်ငြား လည်း ယခုအခါ ကမ္ဘာ့ဦးဆောင်အဖွဲ့အစည်းကြီးများအကြားတွင်လည်းကောင်း၊ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ နယ်ပယ်မှ ပညာရှင်များအကြား ဘုံသဘောတူညီမှု ပေါ်ထွက်လာနေပြီ ဖြစ်သည်။ ဤဘုံသဘောတူညီချက်မှာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် မြန်မာအစိုးရတွင် တာဝန်ရှိသည်ဟူသော သဘောတူညီချက်ပင်ဖြစ်သည်။ ထိုအထင်ကရ ကမ္ဘာ့ဦးဆောင်အဖွဲ့အစည်းကြီးများမှာ The US Holocaust Memorial Museum and Yale University Human Rights Law Clinic, the University of Washington Law School, the Queen Mary University of London International State Crimes Initiative, the Russell-Sartre tribunal, the Permanent People’s Tribunal on Myanmar တို့ ဖြစ်ကြသည်။ ရိုဟင်ဂျာများအပေါ်တွင် လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဆိုသောအချက်ကို ယတိပြတ်ပယ်ချရန် မဖြစ်နိုင်သေးကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကပင် ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။

ဤသို့သော ကမ္ဘာကျော်သုတေသနအဖွဲ့ကြီးများနှင့် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ လူသိရှင်ကြား ထုတ်ပြန်ထားခဲ့သော တွေ့ရှိချက်များကို ဒေါက်တာလိုက်ဒါမှ ပယ်ချခဲ့သည်။ မြန်မာပြည်တွင်းရှိ လူများစုဗုဒ္ဓဘာသာဝင်များ၏ လူမျိုးရေးခွဲခြားမှုသည် အကြမ်းဖက်သည့်အဆင့်သို့ ရောက်ရှိနေကြောင်း ဒေါက်တာလိုက်ဒါက အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့သည်။ မြန်မာတို့၏ လူမျိုးရေးခွဲခြားမှုကို "ပြင်းပြသော စိတ်ခံစားမှု" အဖြစ်မျှသာ သူက ကင်ပွန်းတပ်ခဲ့သည်။

ရိုဟင်ဂျာအကြောင်းနှင့်ပတ်သက်၍ဖြစ်စေ၊ မည်သည့်အကြောင်းအရာပေါ်တွင်ဖြစ်စေ မှတ်ချက်ပေးနိုင်သောအခွင့်အရေးသည် အခြားသူများမှာကဲ့သို့ပင် ဒေါက်တာလိုက်ဒါတွင်လည်း အခွင့်အရေးရှိသည်ကို ကျွန်ုပ်တို့ မငြင်းလိုပါ။ သို့ရာတွင် လူမျိုးစုတခု၏ တိုင်းရင်းသားရေးရာ၊ ကိုယ်ပိုင်အမှတ်အသားနှင့်ဆိုင်သော အဆိုပြုချက်များအပေါ်တွင် တစုံတယောက်က ပြင်းပြင်းထန်ထန် ဆန့်ကျင်နေပြီဆိုပါက ထိုလူမျိုးစုအကြောင်းကို တရားမျှတစွာနှင့်ဘက်မလိုက်ဘဲ အညွှန်းဆောင်းပါးရေးရန် ထိုသူအားတာဝန်ပေးမှုသည် မမျှတသည့် အသွင်ဆောင်နေပါသည်။ ထိုသို့ ဘက်လိုက်သောအမြင်များကို ထုတ်ဝေရန် ORE သည် သင့်လျော်သော လမ်းကြောင်းမဟုတ်ပါ။ OUP အနေနှင့်လည်း မပတ်သက်သင့်ပါ။

OUP သည် ရိုဟင်ဂျာများအကြောင်းကိုသာ ဆောင်းပါးရေးသားရန် ကော်မရှင်ပေးသည့်ဟန် ရှိနေသည်ကိုလည်း ကျွန်ုပ်တို့ သတိပြုမိပါသည်။ ရခိုင်ဗုဒ္ဓဘာသာအဖွဲ့အစည်းအကြောင်းကိုမူကား ရေးသားရန်ကော်မရှင်ပေးဟန်မတူ။ စင်စစ်တွင်ကား ရခိုင်တို့၏ တိုင်းရင်းသားဖြစ်မှုအဆိုများသည် ရိုဟင်ဂျာများ၏ အဆိုထက် ပိုမိုခိုင်မာမှုရှိသည်ဟု ကျွန်ုပ်တို့ မထင်ပါ။ ထို့ကြောင့် OUP သည် မမှန်းဆနိုင်သော အကြောင်းရင်းခံများကြောင့် မြန်မာစစ်တပ်ဘက်တွင် ရပ်တည်နေသည်ဟု ကောက်ချက်မချမိစေရန်မှာ အလွန်တရာ ခဲယဉ်းလှပါသည်။ ထို့ပြင် ဒေါက်တာလိုက်ဒါ၏ ရေးသားချက်များ၊ မီဒီယာပေါ်တွင် လူလုံးပြမှုများဖြင့် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ငြင်းဆန်နေမှုကို OUP ကလည်း အနည်းဆုံး သွယ်ဝိုက်သောနည်းဖြင့် ထောက်ခံနေသည့်နှယ် ဖြစ်နေပါသည်။

မြန်မာစစ်တပ်၏ ဖိနှိပ်မှုပစ်မှတ်ဖြစ်သော ရိုဟင်ဂျာများအကြောင်း အညွှန်းဆောင်းပါး ရေးသားရန် ဒေါက်တာလီဒါအား OUP က တာဝန်ပေးခြင်းအပေါ် ကျွန်ုပ်တို့ ကန့်ကွက်နေခြင်းထက် ပိုမို၍ ပြင်းထန်သော နောက်ဆက်တွဲရလဒ်များကို ဖြစ်ပေါ်စေသည့် တစုံတရာ ရှိသေးသည်ကို ထပ်လောင်းပြောပြလိုပါသည်။ မြန်မာအစိုးရကဲ့သို့သောအစိုးရမျိုးများက ၎င်းတို့နှင့် အမြင်တူသော ပညာရှင်များမှတဆင့် ကမ္ဘာတလွှား သြဇာတိက္ကမရှိသော အနောက်တိုင်းပညာရေးအဖွဲ့အစည်းများကို ၎င်းတို့၏ ဝါဒဖြန့်ကျက်ရာ စင်မြင့်များအဖြစ် အသုံးချခြင်းအား ခံကြမည်လောဟူသော မေးခွန်းပင်ဖြစ်သည်။ ကိန်းဘရစ်တက္ကသိုလ်ပုံနှိပ်ထုတ်ဝေရေး နှင့်တရုတ်ပြည် (သို့မဟုတ်) LSE နှင့် ကဒါဖီအစိုးရ စသည့် ဟိုးလေးတကြော် အဖြစ်များကို သတိရစရာ ဖြစ်စေပါသည်။

ဤနေရာတွင် "ဂျူးကလေးသူငယ် ကယ်ဆယ်ရေး" မှ အသက်ရှင်ကျန်ရစ်သော ဗြိတိန်နိုင်ငံမှ ရုသ်ဘားနတ် ၏ စကားများကို ကိုးကားရန် သင့်လျော်လှသည်။

"ကျွန်ုပ်တို့သက်တမ်းအတွင်းမှာ 'Never again" (နောင်ဘယ်တော့မှ ထပ်မဖြစ်စေရ) ဆိုသည်ကို အောင်မြင်ရရှိစေမည့်ပုံ မပေါ်ပါ။ သို့ရာတွင် တချိန်ချိန်မှာ ဖြစ်မြောက်လာစေရန်အတွက် အားထုတ်ကြိုးပမ်းမှုများ ပြုလုပ်ရန်သည် ကျွန်ုပ်တို့၏ တာဝန်ဖြစ်သည်။ ကျွန်ုပ်တို့အားလုံး ကိုယ်စီကိုယ်ငှ တစုံတရာကို ပြုလုပ်နိုင်သည်။ ကျွန်ုပ်တို့ ကိုယ်တိုင်၏ အကြမ်းဖက်လိုသော တဒင်္ဂမထိန်းချုပ်နိုင်မှုများကို ချွန်းအုပ်နိုင်ရေးအတွက် သင်ယူရန် အထူးလိုအပ်သည်။ သို့မှသာ အခြားသူများ၏ အကြမ်းဖက်မှုကို ပိုဆိုးလာအောင် မီးလောင်ရာ လေပင့်ပေးမည့်အစား စကားဝိုင်းတွင် ပြောဆိုညှိနှိုင်းဆွေးနွေးနိုင်ပေမည်။

"ငြင်းဆိုမှုကို သည်းခံခြင်းနှင့် ငြင်းဆိုမှုကို ဖုံးကွယ်ပေးခြင်းသည် အဆိပ်အတောက် အပြင်းဆုံးသော အချက်တချက်ပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ 'ငြင်းဆိုမှု'သည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများကို ကျူးလွန်ရန် အခြားသူများအား တံခါးများကို ဖွင့်ပေးသည်။ အဘယ်ကြောင့်ဆိုသော် အခြားကျူးလွန်သူများ အပြစ်ပေးမခံရဘဲ လွတ်မြောက်သွားသည်ကို ကျွန်ုပ်တို့ မျက်ဝါးထင်ထင် မြင်ရသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့တွင် စိတ်အားထက်သန်မှု၊ စူးစမ်းလိုစိတ်ကို လှုံ့ဆော်မှုနှင့် အမှန်တရားကို ဖော်ထုတ်ရန် ရည်သန်မှုတို့ကို လိုအပ်သည်။"

"ကျွန်ုပ်တို့သည် ငြင်းဆိုမှုများစွာ ကြုံတွေ့ခဲ့ရသဖြင့် လူအများစုမှာ သတင်းအမှားများ၊ ဝါဒမှိုင်းများနှင့် အမှန်တရားအကြား ခွဲခြားနိုင်ခြင်း လုံးဝ မရှိတော့ချေ။" (Ruth Barnett, 27 Jan 2018, "I Survived The Holocaust. Merely

Remembering It Is No Longer Good Enough", RightsInfo.org,


ရိုဟင်ဂျာများအကြောင်း အညွှန်းဆောင်းပါးရေးသားခြင်းအတွက် ဒေါက်တာလိုက်ဒါအား တာဝန်ပေးရန် ဆုံးဖြတ်ခဲ့သော ပြန်လည်စဉ်းစားရန် OUP အား ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ အကယ်၍ ဤဆောင်းပါးများကို ထုတ်ဝေပါကလည်း ရှင်းလင်းပြတ်သားသော ဖြေရှင်းကြေညာချက်တခုကို ထည့်သွင်းဖော်ပြပေးရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်။ ထိုဖြေရှင်းကြေညာချက်မှာ ဒေါက်တာလိုက်ဒါသည် လွတ်လပ်သော လေ့လာသုံးသပ်သူတဦး မဟုတ်ကြောင်း၊ ယင်းဆောင်းပါးကိုလည်း ဘက်လိုက်မှု မရှိသော အညွှန်းဆောင်းပါးအဖြစ် မသတ်မှတ်ကြောင်း၊ ဤသည်မှာ ဒေါက်တာလိုက်ဒါ၏ ထင်မြင်ယူဆချက်သက်သက်မျှသာ ဖြစ်ကြောင်း ဖြေရှင်းကြေညာချက်ဖြစ်သည်။ ဤသည်မှာ MSF က မှတ်တမ်းထင်ထားသည့် ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်၏ စစ်ဆင်ရေးစတင်သည့် ပထမ လအတွင်းတွင် ရိုဟင်ဂျာ ၆၇၀၀ ကျော်သေဆုံးမှုနှင့် လပေါင်းများစွာအတွင်း ဒုက္ခသည် ၆၈၀၀၀၀ ထွက်ပြေးခဲ့ကြရသည့် အငြင်းပွားဖွယ် လူမျိုးစုအကြောင်း ဆောင်းပါးဖြစ်နေသောကြောင့်ပင် ဖြစ်သည်၊

လက်မှတ်ထိုးသူများ -

1. Gayatri Chakravorty Spivak, University Professor and a founding member of the Institute for Comparative Literature and Society, Columbia University, USA 

2. Nursyahbani Katjasungkana, National Coordinator of Indonesia Legal Aid Association for Women,            Indonesia 

3. Rainer Schulze, Professor Emeritus of Modern European History, University of Essex, and Founding Editor of the journal “The Holocaust in History and Memory,” UK 

4. Noam Chomsky, American linguist, philosopher and activist (Institute Professor, MIT), USA 

5. Mofidul Hoque, author and activist, Director, Center for the Study of Genocide and Justice, Liberation War Museum, Bangladesh 

6. Tapan Bose, filmmaker, human rights defender, India 

7. Richard Falk, Professor of International Law, Emeritus, Princeton University, USA 

8. Barbara Harrell-Bond, OBE Emerita Professor and Founding Director of The Refugee Studies Centre, University of Oxford 1982–1996, UK 

9. Barbara Harriss-White, Emeritus Professor of Development Studies, Oxford University, Emeritus Fellow of Wolfson College, Oxford, UK 

10. Ritu Dewan, Vice President, Indian Society of Labour Economics; Director Centre for Development Research and Action; Executive Director, Centre for Study of Society and Secularism; President, Indian Association for Women's Studies (2014-17) 

11. Prof. Gregory Stanton, Founding Chairman, Genocide Watch & George Mason University. Arlington, Virginia, USA 

12. Johan Galtung, Founder, Peace Studies 

13. Youk Chhang, Chairman, Genocide Documentation Center of Camboda/The Sleuk Rith Institute, Cambodia 

14. Abdul Malik Mujahid, Chair Emeritus Parliament of the World's Religions 

15. Karen Jungblut, Director of Global Initiatives, USC Shoah Foundation, USA 

16. María do Mar Castro Varela, Professor of Pedagogy and Social Work and activist, Alice Salomon University, Berlin, Germany 

17. C Abrar, Professor of International Relations, University of Dhaka, Bangladesh 

18. John H. Weiss, Associate Professor of History, Cornell University, USA 

19. Khin Mai Aung, Burmese American civil rights lawyer and writer, New York, USA 

20. Maung Zarni, Burmese human rights activist and scholar, Genocide Documentation Center of Cambodia/The Sleuk Rith Institute 

21. Harn Yawnghwe, Executive Director, Associates to Develop Democratic Burma Inc./Euro-Burma Office, Canada 

22. Bilal Raschid, Past President of Burmese Muslim Association 

23. Swagato Sarkar, DPhil (Oxford), Associate Professor, O.P. Jindal Global University, India 

24. Sumeet Mhaskar, DPhil (Oxford), O.P. Jindal Global University, India 

25. Prof. Donesh Mohan, Academic, India 

26. Dr. Peggy Mohan, Author, India 

27. Prof. Ranabir Samaddar, Academic, India 

28. Rita Manchanda, Feminist writer, India 

29. Samsul Islam, Author, India 

30. Neelima Sharma, Theatre activist, India 

31. Jawed Naqvi, journalist, India 

32. Seema Mustafa, journalist, India 

33. Ashok Agrwaal, lawyer, India 

34. Dr. Walid Salem, Al Quds University & the Director of The Centre for Democracy and Community Development, East Jerusalem, Palestine 

35. Jun Nishikawa, PhD, professor emeritus, Waseda University, Japan 

36. Dr Ravi P Bhatia, an educationist and peace researcher & Retired professor, Delhi University, India 

37. Gill H. boehringer, Honorary Senior Research Fellow, Macquarie University School of Law, Sydney , Australia 

38. Paul Copeland, C M, (Recipient, Order of Canada), Lawyer, Toronto, Canada 

39. U Kyaw Win, Professor Emeritus, Orange Coast College, California, USA 

40. Professor Michael W. Charney, Academic, UK 

41. Dr Amit Upadhyay, Assistant professor, TISS Hyderabad, India 

42. Dr. Nicola Suyin Pocock, United Nations University International Institute of Global Health, Malaysia 

43. Rezaur Rahman Lenin,Academic Activist, Adjuct Faculty, Eastern University Bangladesh & Executive Director, Law Life Culture, Bangladesh 

44. Natalie Brinham, ESRC PhD scholar, Queen Mary University of London School of Law, UK 

45. Niranjan Sahoo, PhD, Senior Fellow, Observer Research Foundation, India 

46. Prof. Dr. Célestin Tagou, Prof. of PS, IR P&D Studies, Dean of the Faculty of Social Sciences and International Relations, Protestant University of Central Africa, Executive Secretariat of the Network of Protestant Universities of Africa

47. Dr. Tilman Evers, Germany 

48. Jørgen Johansen, Deputy Editor of Journal of Resistance Studies, Sweden 

49. Sarah Tobias, philanthropist & activist, Canada 

50. Miki Lanza, Movimento Nonviolento c/o Centro Studi Sereno Regis, Torino, Italy 

51. Oskar Butcher, human rights activist and scholar, Germany 

52. Professor Emeritus George Kent, University of Hawai'i and Deputy Editor, World Nutrition, USA 

53. Sebastian Eck, Galtung-Institut, Switzerland 

54. Robert J. Burrowes Ph.D., co-founder 'The People's Charter to Create a Nonviolent World', Australia 

55. Shadi Sadr, Executive Director of Justice for Iran, UK 

56. Tasnim Nazeer, Award-winning journalist and Universal Peace Federation Ambassador for Peace, UK 

57. Emir Ramic, Academic, Ph.D., Chairman of the Institute for Research of Genocide, Canada 

58. Nadeem Haque, P.Eng. - Director of the Institute of Higher Reasoning (IHR), Canada 

59. Diana de la Rúa Eugenio, President of Asociación Respuesta para la Paz -ARP-, member NGO of          OAS, President of International Peace Research Association Foundation -IPRA Foundation, Argentina 

60. Dr. Syeda Hamid, Academic and Author, India 

61. Dr. Siddiq Wahid, Historian and Educationist, India 

62. Dr. Syed Ahmed Haroon, Psychiatrist, Pakistan 

63. Anis Haroon, Poet, Pakistan 

64. Sushil Pyakurel, Adviser to President of Nepal 

65. Porf. Noor Ahmad Baba, Academic, India 

66. Anand Patwardhan, Filmmaker, India 

67. Rodolphe Prom, President, Destination Justice, Cambodia 

68. Doreen Chen, Co-Director, Destination Justice, Cambodia 

69. Syed Zainul Abedin, Painter, Poet, Journalist, Bangladesh 

70. Dr. Navsharan Singh, Researcher and author, India 

71. Leo fernandez, IT Specialist, India 

72. Feroz Medhi, Filmmaker social activist, Canada 

73. John Packer, Associate Professor of Law and Director, Human Rights Research and Education Centre, University of Ottawa, Canada 

74. Fathima, MA Women's Studies Student, Tata Institute of Social Sciences, Mumbai, India 

75. Rana Jawad, University of Bath, UK 

76. Prof. Dr. Sami A. Al-Arian Director and Public Affairs Professor, Center for Islam and Global Affairs İslam ve Küresel İlişkiler Merkezi, Turkey 

77. Penny Green, Professor of Law and Globalisation and Director of the International State Crime Initiative, Queen Mary University of London, UK 

78. Karen Busby, Professor of Law & Director, Centre for Human Rights Research, University of Manitoba 

79. Lyal S. Sunga, Visiting Professor in International Relations and Global Politics, The American University of Rome, Italy 

80. Dr. Christina Szurlej, Assistant Professor, St. Thomas University (Canada) 

81. Matthew Smith, Chief Executive Officer, Fortify Rights

RB News
5.2.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဦးလှဖေရွာကို ဇန်န၀ါရီလ တတိယပတ်မှစ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၀င်ရောက် စီးနင်းပြီးနောက် မိသားစုပေါင်းများစွာ တဖက်နိုင်ငံသို့ ထွက်ပြေး ခိုလှုံလျက် ရှိပြီး၊ ရွာသားများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးက ခြိမ်းခြောက်နေသောကြောင့် ကျန်သည့် ရွာသားများ ထွက်ပြေးမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

ဇန်န၀ါရီလ (၂၀) ရက်နေ့ နေ့လည်ပိုင်းတွင် မော်လ၀ီအလီဟူစိန်း၏ အလောင်းကို ဦးလှဖေကျေးရွာနှင့် ဝေးကွာသော တောင်အနီးတွင် စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက တစ်စုံတစ်ရာ သက်သေခိုင်ခိုင်မာမာ မရှိဘဲ ဦးလှဖေကျေးရွာသားများကို ပစ်မှတ်ထားပြီး ရွာထဲသို့ ၀င်ရောက်စီးနင်း၍ တွေ့သမျှကို ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းနှင့် နေအိမ်များ အတွင်းမှ လုယက်ခြင်း တို့ကြောင့် ရွာအတွင်း အထိတ်တလန့်ဖြစ်ကာ ရွာသူရွာသားများ ကြောက်ရွံလာခဲ့ကြပြီးနောက် အများအပြား နေအိမ်များ စွန့်ခွာ၍ တဖက်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေကြသည်။

ယနေ့ ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ဒေသခံများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (၂၁) သို့ ဆင့်ခေါ်ခဲ့ရာ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များနှင့် ပညာတတ်များ သွားရောက်၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးနှင့် တွေ့ဆုံခဲ့သည်။ ရဲမှူးက ၎င်းတို့အား မော်လ၀ီအလီဟူစိန်း ကို သတ်ဖြတ်သူများအား ရှာဖွေ ဖော်ထုတ်ပေးရန်၊ အကယ်၍ ဖော်ထုတ်မပေးနိုင်ပါက ဂူဒမ်ဖာရာ (ဂူတာပြင်) ကဲ့သို့ ပြုလုပ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ရဲမှူး၏ ခြိမ်းခြောက်မှုကြောင့် ရွာအတွင်း အထိတ်တလန့် ဖြစ်နေပြီး၊ ရွာသားအများအပြား နေအိမ်များ စွန့်ခွာ၍ ထွက်ပြေးရန် စဉ်းစားနေကြကြောင်း သိရှိရသည်။ 

ဘူးသီးတောင်မြို့နယ်ရှိ ရွာအများအပြားမှ ဒေသခံရိုဟင်ဂျာများသည် စားဝတ်နေရေး ခက်ခဲခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ ပိတ်ဆို့ထားခံရခြင်း တို့ကြောင့် နေအိမ်များ စွန့်ခွာ၍ တဖက်နိုင်ငံတွင် ခိုလှုံရန် ထွက်ခွာလျက်ရှိရာ အချို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားသော်လည်း အချို့မှာ မောင်တောမြို့နယ် တောင်ပိုင်း ဒေါင်ခါလီ ကမ်းခြေတွင် ပိတ်မိလျက် ရှိသည်။



MYARF
RB News
5.2.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စု၊ တပ်ရာရွာ (ဇောဘောရ်ဖာရာ) တွင် ဆွဲ၊ တင်၊ စစ် စစ်ဆေးလျက်ရှိရာ အဆမတန် ငွေညှစ်နေကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီ (၄) ရက်နေ့မှစ၍ ကကျက်ဘက်ကံပြင် ကျေးရွာအုပ်စု၊ တပ်ရာရွာ (ဇောဘောရ်ဖာရာ) တွင် ဆွဲ၊ တင်၊ စစ် စတင် စစ်ဆေးလျက်ရှိပြီး၊ အဆမတန် ငွေညှစ်လျက် ရှိသည်။ ငွေညှစ်ရာတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သာကျော် (စေတီပြင်ဇာတိ၊ ရ.၀.တ ဥက္ကဌဟောင်း ဦးမောင်ချေ၏ သားမက်) နှင့် အိုးသည်ရွာမှ ဦးအဒူရော်ဟိမ်း၊ တပ်ရာရွာမှ ဒု-အုပ်ချုပ်ရေးမှူး ဦးကာမာလ်နှင့် ဦးဟာရှိမ်း တို့ပါဝင်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အပြောင်းအရွှေ့ ၊ ပယ်ဖျက်ခြင်းနဲ့ အသစ်တင်သွင်းခြင်း လုပ်ရသည့် မိသားစုဆိုလျှင် အနည်းဆုံး ငွေကျပ် တစ်သိန်း ကုန်ကျနေသည်ဟု ဒေသခံများက ဆိုသည်။

အသက် ၂ နှစ်အထက် ၄ နှစ်အောက် ကလေးများကို အိမ်ထောင်စု လူဦးရေစာရင်းတွင် ထည့်သွင်း မပေးခြင်းကြောင့် မိသားစုပေါင်းများစွာ ဆွဲ၊ တင်၊ စစ် စစ်ဆေးခံနိုင်ခြင်း မရှိသဖြင့် အဆိုပါ မိသားစုများကို

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်သာကျော် ကလည်း ညပိုင်းတွင် အရက်မူး၍ သောင်းကျန်းခြင်းကြောင်း ဒေသခံရွာသားများ စိတ်အနှောက်အယှက် ဖြစ်နေရသည်ဟု သိရှိရသည်။

“ဦးမောင်သာကျော်က ညမထွက်ရ အမိန့်ကြောင့် ဘယ်သူ့မှ အိမ်ပြင် ထွက်မလာရဲဘူးဆိုတာ သိတော့ အရက်သောက် မူးရူးပြီး တပ်ရာရွာမှာ လုပ်ချင်တိုင်း လုပ်နေတယ်။ ငါသာ လူအုပ်ချုပ်ရေးမှူး၊ အရင်က ဥက္ကဌ အုပ်ချုပ်ရေမှူးတွေက နွားအုပ်ချုပ်ရေးမှူး နွားဥက္ကဌ၊ ငါသာ လူပီသတဲ့လူ အခြားလူတွေ အားလုံး နွားတွေ ဆိုပြီး မူးမူးရူးရူးနဲ့ ပြောနေတော့ မလိုလားတာတွေ ဖြစ်လာမှာ စိုးရိမ်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

“ရွာသူရွာသားတွေကိုလည်း အကြောင်းမဲ့ ရက်ရက်စက်စက် ရိုက်နှက်တယ်။ မူးနေတဲ့အချိန်မှာ အိုးသည်ရွာက အဒူရော်ဟိမ်းက သူ့ရဲ့ ဆရာ သူ့ရဲ့ အကြံပေး ဆိုပြီး ၀န်ခံတာတွေလည်း လုပ်တယ်။ မောင်သာကျော်ရဲ့ ရက်စက်ကြမ်းကြုတ်မှု ဒဏ်ကြောင့် လူတွေ ထွက်ပြေးသွားမှာ စိုးရိမ်ရတယ်” ဟု အဆိုပါ ဒေသခံက ဆက်လက်ပြောသည်။

ယခင်က အဆိုးဆုံး အုပ်ချုပ်ရေးမှူး ဆိုလျှင် အမှတ် (၅) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုး ကို ပြောရမည် ဖြစ်သော်လည်း ယခုအခါ ကကျက်ဘက်ကံပြင် အုပ်ချုပ်ရေးမှူးသည် ဦးမောင်လှိုင်စိုး ထက် အစပေါင်းများစွာ ဆိုးရွားနေသည်ဟု ၎င်းက ဆိုသည်။




RB News
4.2.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တော်ပိုင်းမှာ မီးရှို့ခြင်းမခံဘဲ ကျန်ရှိနေသည့် နေအိမ်များကို ဒေသဆိုင်ရာ အာဏာပိုင်များက ဖျက်၍ အစိတ်အပိုင်းများ သယ်ဆောင် သွားနေကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း ဟာရှုရာသာ (အလယ်သံကျော်) ကျေးရွာအုပ်အုပ်စု၊ ဂေါ်ဇော်မ်ဒီယာ (အလယ်သံကျော် ကညင်တန်း) ကျေးရွာအုပ်စု၊ ဟောဂျဘိလ် (ကံပူး) ကျေးရွာအုပ်စု၊ ချိန်ခါလီ (အုန်းတော) ကျေးရွာအုပ်စု၊ ၀ါးချ ကျေးရွာအုပ်စုနှင့် သံဒါ ကျေးရွာအုပ်စု စသည့် ကျေးရွာများတွင် မီးရှို့မခံရဘဲ ကျန်ရှိနေသည့် ရိုဟင်ဂျာများ၏ နေအိမ်များကို ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ရခိုင်ရွာသားများက ဖျက်ယူ၍ အစိတ်အပိုင်းများ အားလုံးကို ယူဆောင်သွားနေကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

"အခုလို ဖျက်ပြီး ယူသွားနေတာကို အထက်အမိန့်နဲ့ လုပ်နေတာလား ဒါမှမဟုတ်ဘူး အားလုံးပေါင်းပြီး ရောင်းစားနေတာလား ဆိုတာတော့ သေချာ သဲသဲကွဲကွဲ မသိဘူး။ လွန်ခဲ့တဲ့ လတွေတုန်းကလည်း အာဏာပိုင်တွေက ရိုဟင်ဂျာတွေရဲ့ ကျွဲ၊ နွား အပါအ၀င် အခြားပစ္စည်းတွေ အားလုံးကို ခိုးယူပြီး ရောင်းစားခဲ့တယ်” ဟု အဆိုပါ ဒေသခံကပြောသည်။ 

အိမ်များ ဖျက်ဆီး ယူဆောင်သွားနေခြင်းတွင် အဓိက ပါဝင်နေသူများမှာ --

(၁) အောင်ကျော်ဇင် (အထူးသတင်းတပ်ဖွဲ့ SB ရဲတပ်ကြပ်ကြီး)
(၂) ဆန်းဝင်း (အလယ်သံကျော် စ.ရ.ဖ)
(၃) ဇော်ထူး (အလယ်သံကျော် အုပ်ချုပ်ရေးမှူး)
(၄) မောင်မြင့် (အလယ်သံကျော် ကညင်တန်း အုပ်ချုပ်ရေးမှူး)  -- တို့ဖြစ်ကြသည်။ 

ဟာရှုရာသာ (အလယ်သံကျော်) ကျေးရွာအုပ်စု တစ်အုပ်စုမှ အိမ်ခြေ ၁၀၀ နီးပါး ဖျက်ဆီး၍ အစိတ်အပိုင်းများ သယ်ဆောင် သွားပြီး ဖြစ်သည်။ အခြားကျေးရွာအုပ်စုများတွင်လည်း အလားတူ လုပ်ဆောင်လျက် ရှိသည်။



Rohingya Eye
RB News
2.2.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် နည်းမျိုးစုံဖြင့် ပိတ်ဆို့ခံရသူများသည် မေယုတောင်သို့ ရောက်ရှိနေစဉ် မောင်တောမြို့နယ် ကျီးကန်းပြင်မှ သွားရောက်ကူညီသူများ ငွေညှစ်ခံခဲ့ရကြောင်း သတင်းရရှိပါသည်။

ဇန်န၀ါရီလ (၃၀) ရက်နေ့ နံနက်အစောပိုင်း အချိန်တွင် ကျီးကန်းပြင်ကျေးရွာတွင် အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး ဒုက္ခသည်ဘ၀သို့ ရောက်နေသူနှစ်ဦးသည် ဘူးသီးတောင်မြို့နယ်တွင် နည်းမျိုးစုံဖြင့် ပိတ်ဆို့ခံထားရသောကြောင့် မေယုတောင်တန်းသို့ ရောက်ရှိလာသူများကို ကူညီရန်သွားရောက်ခဲ့သည်။ မေယုတောင်တန်းသို့ ရောက်ရှိနေသူများမှာ ၎င်းတို့၏ ဆွေမျိုးများ ဖြစ်ပြီး ဖုန်းဆက်၍ အကူအညီတောင်းခံသောကြောင့် ကူညီရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် မေယုတောင်တန်းမှ ပြန်ဆင်းလာစဉ် ကျီးကန်းပြင်ကျေးရွာအုပ်စု၊ န.၀.တ အောင်ဇေယျရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တွေ့သည့်အခါ ကူညီရန် သွားသူ နှစ်ဦးမှ တစ်ဦးသည် ချုံပုတ်ထဲတွင် ပုန်းနေခဲ့သောကြောင့် လွတ်မြောက်သွားသော်လည်း ၎င်းတို့နှင့် လိုက်ပါလာသည့် မိသားစုနှစ်စုနှင့် ကူညီသွားသူတစ်ဦးတို့ကို ဖမ်းဆီး၍ ယာယီစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

မိသားစုနှစ်စုကို ကူညီသူနှစ်ဦးမှ ဖမ်းဆီးခံရသူတစ်ဦးမှာ အဗ်ဒူရာမာန် (ဘ) ဦးရှော်ဖီရောန် (အသက် ၂၄ နှစ်) ဖြစ်ပြီး၊ ၎င်းကို လူကုန်ကူးနေသည်ဟု စွပ်စွဲ၍ လူမဆန်စွာ ရိုက်နှက်မှုကြောင့် လမ်းပင်လျှောက်၍ မရတော့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။  နေ့လည် ၁၂ နာရီခန့် အချိန်တွင် ၎င်းတို့အား ဖမ်းဆီးထားသည့် ယာယီစခန်းသို့ ကျေးရွာအုပ်ချုပ်ရေးမှူး လိုက်သွားပြီး လူကုန်ကူးနေခြင်း မဟုတ်ဘဲ နေအိမ်စွန့်ခွာ၍ ထွက်ခွာလာသူများကို ကူညီရန် သွားခဲ့ခြင်း ဖြစ်သည်ဟု ရှင်းပြခဲ့သည်။

ကျေးရွာအုပ်ချုပ်ရေးမှူး က တောင်းပန်ပြီး ရှင်းပြသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အဗ်ဒူရာမာန် ထံမှ ငွေကျပ် ၄ သိန်းခွဲနှင့် မိသားစုနှစ်စု ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။




Rohingya Exodus