March 17, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဒေါ်စုကို ရိုဟင်ဂျာအရေးကိစ္စ ဆန္ဒပြ


အမေရိကန်နိုင်ငံ နယူးရောက်မြို့ ကွင်းစ်ကောလိပ်မှာ မနေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံသား မိသားစုတွေနဲ့ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြောဆိုပေးဖို့ ရိုဟင်ဂျာအဖွဲ့အစည်းတွေနဲ့ တခြားအဖွဲ့အစည်း တွေ ပူးပေါင်းဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ အဲဒီထဲက Mr. Yusuf Iqbal  နဲ့ ကိုနေဆန်းဦးကို RFA ၀ိုင်းတော်သားက ဆက်သွယ်မေးမြန်းထားပါတယ်။








Please view more picture here 

၂၀၁၂ စက်တင်ဘာ ၂၂ ရက်
နယူးယောက်မြို့ Queens ကောလိပ်မှာ လူထုကို တွေ့ဆုံ စကားပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန် မွတ်ဆလင်များ ဖွဲ့စည်းထားတဲ့ Burma Task Force (new York)နဲ့ Free Rohingya Campaign (FRC) အဖွဲ့က ရိုဟင်ဂျာအရေး နှတ်ဆိတ်နေမှု အတွက် ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြတဲ့ လူအင်အား ၁၅၀ လောက်ရှိပြီး- ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဘယ်ဆုပိုင်ရှင် ဂုဏ်ရည်နဲ့ မပြည့်စုံ ဘူး၊ ရိုဟင်ဂျာတွေဟာလည်း လူသားတွေ ဖြစ်လျှက်နဲ့ လူ့အခွင့်အရေးအတွက် စကားတစ်ခွန်းမှ ပြောပေးတာ မရှိတဲ့အတွက် တာဝန်ပျက်ကွက်သူ ဖြစ်ကြောင်း အမေရိကန်နိုင်ငံသားတွေနဲ့ ကမ္ဘာတစ်လွှားက သိစေအောင် သူတို့ရဲ့ ဆန္ဒကို ထုတ်ဖေါ်ပြသတာလို့ ဆိုပါတယ်။

Please view more picture here








အော်ရီဂန်မြို့ Pioneers Square မှာလည်း မြန်မာမွတ်ဆလင်များ၊ ရိုဟင်ဂျာများ၊ ခရစ်ယာန်ဘာသာဝင်များ လူအင်အား ၇၀၀ နဲ့ ၈၀၀ ကြား တက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်တွင်းလူ့အခွင့် အရေး များမှာ နှတ်ဆိတ်နေ ခြင်းဟာ အမျိုးခေါင်းဆောင် မပီသဘူး ဆိုပြီး ဆန္ဒထုတ်ဖေါ်ပြ သခဲ့ပြပါတယ်။ အခြား တစ်မြို့ဖြစ်တယ် ၀က်ကွန်ဆင်ပြည်နယ် မေးလ်ဝါ့ကီး မြို့မှာ လူအင်အား ၇၀ ကျော် လောက်က ဆန္ဒထုတ်ဖေါ် ပြသခဲ့ပြီး အမေရိကန် တစ်နိုင်ငံလုံး မြို့ပေါင်း ၂၀ တစ်ပြိုင်နက်တည်း ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။
Burma Task Force နဲ့ အတူ Free Rohingya Campaign (FRC), BRANA (မြောက် အမေရိကတိုက် ရိုဟင်ဂျာ အဖွဲ့) MMCRM (မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားမှု အဖွဲ့) အမျိုးသား လူအခွင့်အရေးပါတီ (ပြည်ပ)၊ (အော်ရီဂွန် ပြန်နယ် ရိုဟင်ဂျာ ဆိုစိုက်တီ) အဖွဲ့၊ အီဗင်ဂျလီကယ် ခရစ်ယာန် အဖွဲ့နဲ့ Inter Faith အဖွဲ့တို့ ပူးပေါင်းပြီး အမေရိကန်နိုင်ငံအနှံ့ ဆန္ဒထုတ်ဖေါ် ပြသခဲ့ခြင်း ဖြစ်ပါတယ်။
အော်ရီဂန်ပြည်နယ် အီဗင်ဂျလီကာယ် ခရစ်ယာန်ခေါင်းဆောင်ကြီး ထောက်ကူဘာ က လူလူချင်း တန်းတူ ညီမျှမှု မရှိခြင်းများကို သူတို့အနေဖြင့် လက်မခံနိုင်ကြောင်း- ထိုသို့ ဖြစ်ရပ်များကို မြန်မာအစိုးရနဲ့ မြန်မာခေါင်း ဆောင်များက ဆက်လက်ကျူးလွန်နေသ၍ သူတို့၏ အသင်းတော်မှ မြန်မာပြည်ရှိ မွတ်ဆလင်များ၊ လူနည်းစု များအတွက် အမေရိကန်အစိုးကို ပြောပေးသွားမှာ ဖြစ်ကြောင်း- တက်ရောက် မိန့်ခွန်းပြောခဲ့ပါတယ်။
အီဗင်ဂျလီကယ် ခရစ်ယာန် အသင်းတော်ဟာ အမေရိကန် အစိုးရအပေါ် သြဇာလွှမ်းမိုးမှုရှိတဲ့ အသင်းတော် တစ်ခုလည်း ဖြစ်ကြောင်း သိရပါတယ်။
RB News Desk

Comment ရေးရန်

Pages 22123456 »
Rohingya Exodus