နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ဒေသပြဿနာ လူမျိုးရေးကို အခြေခံဟု OIC ပြော




၁၄ စက်တင်ဘာ ၂၀၁၂

ရခိုင်ဒေသတွင် ဖြစ်ပေါ်ခဲ့သော ပြဿနာမှာ ဘာသာရေးကို အခြေခံ သည့် ပြဿနာ မဟုတ်ဘဲ လူမျိုးရေးကို အခြေခံသော ပြဿနာမျိုး ဖြစ်၍ သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်များ က ပူးပေါင်းဖြေရှင်းရန် လိုကြောင်း Organization of the Islamic Cooperation (OIC) မှ Permanent Observer Ambassador H.E.Mr.Ufuk Gokcen က ပြော သည်။ စက်တင်ဘာ(၁၃)ရက် က Chatrium Hotel တွင် ကျင်းပသည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ (မြန်မာ) မိတ်ဆက်ဆွေးနွေးပွဲ အခမ်း အနားတွင် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဖြေရှင်းရာတွင် OIC မှလည်း ပံ့ပိုးထောက်ပံ့ ပေးသွား မည် ဖြစ်ကြောင်း၊ ရပ်ရွာ အောက်ခြေ ပြည်သူများ အကြားတွင် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အဆင်ပြေနိုင်မည်ဟု ယူဆပါကြောင်း ၄င်းမှ ထပ်မံပြောကြားခဲ့သည်။ ယင်းနောက် အပြည်ပြည်ဆိုင်ရာ ဘာသာပေါင်း စုံ ငြိမ်းချမ်းရေး အဖွဲ့ ချုပ်နှင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့  (မြန်မာ) တို့ မှ ဘာသာရေး ခေါင်းဆောင် များက ငြိမ်းချမ်းရေးကိစ္စများ နှင့် စပ်လျဉ်း ၍ ဆွေနွေး ခဲ့ကြကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲချုပ်တွင် အဖွဲ့  ၀င်ပေါင်း နိုင်ငံ ၉၀ ရှိသည်။ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ (မြန်မာ) ကို ယခုနှစ် ဇွန်တွင် စတင်ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး ဘာသာကြီးလေးရပ်မှ ဦးဆောင် နာယက လေးဦး ပါဝင်သည်။ မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ဘာသာ ပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ ချုပ်၏ (၉၁) နိုင်ငံမြောက် အဖွဲ့ ဝင် ဖြစ်သည်။

Source: Popular Myanmar News

Comment ရေးရန်

Rohingya Exodus