March 15, 2025
 Ro

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

အိတ်ဖွင့်ပေးစာ

ဒေါ်အောင်ဆန်းစုကြည်၏ပြောကြားချက်ကိုဘင်္ဂလားဒေ့ရှ်အစိုးမှငြင်းပယ်


RB News
18.11.2012

လွန်ခဲ့သည့်ရက်ပိုင်းအတွင်းအိန္ဒိယနိုင်ငံသို့အလည်အပတ်သွားရောက်ခဲ့သော  မြန်မာ့အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်အိန္ဒိယနိုင်ငံမှသတင်းဌာနတစ်ခုဖြစ်သည့်NDTV  နှင့်အင်တာ ဗျူးတွင်ရိုဟင်ဂျာများသည်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတရားမ၀င်လာရောက်နေထိုင်သူများဖြစ်သည်အသွင်ဖြင့်ပြော ကြားခဲ့သည်။

ထိုကဲ့သို့ပြောကြားချက်နှင့်ပတ်သက်၍ နိုဝင်ဘာ (၁၈) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင် ငံခြားရေး ၀န်ကြီး ဌာန မှ ရိုဟင်ဂျာမွတ်စလင်များသည်မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ရာစုနှစ်ပေါင်း များစွာနေ ထိုင်ကြသောသူများ ဖြစ်ကြောင်း၊၎င်းတို့၏နိုင်ငံသည်၁၉၇၁ခုနှစ်တွင်တည်ထောင်သောနိုင်ငံဖြစ်  ကြောင်းပြော ဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်မှ NDTV နှင့်အင်တာဗျူးတွင်ပြောကြားရာတွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ တရား မ၀င်ခိုးဝင်နေခြင်းကိုရပ်တန့်ရမည်ဖြစ်ကြောင်း၊ထိုသို့မရပ်တန့်ပါကရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသောပြဿ နာများရပ်တန့်လိမ့်မည်မဟုတ်ဟု ပြောခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင် ငံခြားရေး ၀န်ကြီး ဌာန မှ ထုတ်ပြန်သောကြေညာချက်တွင်ထိုကဲ့သို့ပြောဆိုခြင်းအတွက်အလွန်တရာအံ့သြရကြောင်း၊  မြန် မာနိုင် ငံ အစိုးရ၏အနေ အထားနှင့်ကွဲ လွဲမှုရှိကြောင်း ထည့်သွင်းရေးထား သည်ဟု အေ အက်ဖ်ပီ သတင်းတစ်ရပ်တွင်ရေးသားထားသည်။

ထိုသူများကိုဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဟုမှတ်ယူရန်အကြောင်းတစုံတရာမရှိကြောင်း ၊ ၁၉၇၁ခုနှစ်နောက် ပိုင်းတွင်မြန်မာ နိုင်ငံမှ ရိုဟင်ဂျာမွတ် စလင်များသာဒေသ တွင်းရှိအကြောင်း တရားပေါင်းစုံကြောင့် မိမိတို့၏နိုင်ငံတွင်းသို့ အကြိမ်ကြိမ် လာရောက်ခိုလှုံကြကြောင်း ထိုကြေညာချက် တွင်ရေးသားထားသည်။

မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးခင်ရီတို့မှ ၁၉၄၈ ခုနှစ်နောက်ပိုင်း တွင်မြန် မာနိုင်ငံသို့ဝင် ရောက်လာသူမရှိဟုပြောခဲ့ပြီး၊ လွန်ခဲ့သည့်ရက်ပိုင်း ကနေပြည်တော် တွင်ပြု လုပ် သည့်တွေ့ဆုံပွဲတွင်မှု ၁၈၇၂ နောက်ပိုင်း ရောက်ရှိခဲ့သူများဟုပြောဆိုခဲ့သည်။ ရိုဟင်ဂျာ လူမျိုးများကို ၁၉၄၈ ခုနှစ်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ပါလီမန်ဒီမိုကရေစီ လက်ထက် တွင် ပြည်ထောင် စုဌာနေတိုင်းရင်းသားများအဖြစ်အသိအမှတ်ပြုခဲ့ပြီး၊ ၁၉၇၀ နှောင်းပိုင်းတွင် ဦးနေ၀င်းမှ တိုင်းရင်းသား စာရင်းမှ ပယ်ထုတ်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင်နိုင်ငံသား ဥပဒေတရပ်ပြဌာန်း ၍ နိုင်ငံသားဖြစ် ခွင့်ကိုပင် ပိတ် ပင်ခဲ့သည်။ ၁၉၈၈ ခုနှစ်နှောင်းပိုင်းတွင် ဗိုလ်ချုပ်ကြီးစောမောင် ဦးဆောင်သော စစ်အစိုးရမှ တိုင်းရင်း သား ၁၃၅ မျိုး သတ်မှတ်၍ အခြားသော တိုင်းရင်းသား အချို့ကိုလည်းပယ်ထုတ်ခဲ့သည်။

Comment ရေးရန်

Rohingya Exodus