March 15, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရခိုင်ပြည်နယ် အကြမ်းဖက်မှု ဒေသဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ချို့ ပတ်သက်မှုရှိ

2012-11-18 ရခိုင်ပြည်နယ်က အကြမ်းဖက် ပဋိပက္ခတွေအတွင်း တစ်ချို့ဖြစ်ရပ်တွေမှာ ဒေသဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့တစ်ချို့က မူဆလင်တွေကို သတ်ဖြတ်မှုတွေ ရှိခဲ့ကြောင်း၊ မီးလောင်ရာ ကျေးရွာတွေက ထွက်ပြေး သူတွေကိုလည်း တိုက်ခိုက်မှုတွေရှိခဲ့ကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် HRW အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ဖေါ်ပြလိုက်ပါတယ်။

ကျောက်ဖြူမြို့က အကြမ်းဖက်မှုတွေမှာဆိုရင် ကမန် မူဆလင်တွေကို ဒေသခံတွေက တိုက်ခိုက်မှုမှာ အစိုးရ လုံခြုံရေးတပ်တွေက ကာကွယ်တားဆီးမှု ပျက်ကွက်ခဲ့တယ်လို့ HRW အဖွဲ့က ထုတ်ပြန်ချက် ကို အေအက်ဖ်ပီ သတင်းဌာနက ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်က အကြမ်းဖက်မှုမှာ မီးလောင်ပျက်စီးသွားတဲ့ မူဆလင် ရိုဟင်ဂျာတွေ အများ စု နေထိုင် တဲ့ ကျေးရွာအတော်များများရဲ့ ဓါတ်ပုံတွေကို ဂြိုလ်တုကနေတဆင့် ရိုက်ကူးယူထား တာကို လည်း HRW အဖွဲ့က ဖေါ်ပြထားကြောင်း HRW အဖွဲ့ရဲ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။

တစ်ချိန်တည်းမှာလည်း သမ္မတ အိုဘားမား သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ ရခိုင်ပြည်နယ် အရေးကိစ္စကို ထည့်သွင်းဆွေးနွေးပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

HRW အဖွဲ့ရဲ့ ကြေငြာချက်နဲ့ ပတ်သက်ပြီး အာရှဒေသဆိုင်ရာ အကြီးအကဲတစ်ဦးဖြစ်တဲ့ Phil Robertson ကို ဆက်သွယ်မေးမြန်းထားတာကို RFA ၀ိုင်းတော်သား ဦးဝင်းနိုင် တင်ပြထားပါတယ်။

RFA မြန်မာပိုင်း။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX


ရခိုင် ကိစ္စ လုံခြုံရေးတွေ ပါသလား
ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ကျေးရွာတွေ တိုက်ခိုက် ခံရတဲ့ ဂြိုဟ်တုသတင်း ဓါတ်ပုံ တွေ တွေ့ရတယ်လို့ တနင်္ဂနွေနေ့ က Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က ကြေညာချက် ထုတ် ပါတယ်။
မြေပုံ၊ ပေါက်တောနဲ့ မြောက်ဦး မြို့တွေ နားက ရွာတွေရဲ့ ပုံတွေဖြစ်ပြီး အောက်တိုဘာလ ၂၃ရက်နဲ့ ၂၄ရက်နေ့က ဖြစ်တဲ့ ပုံတွေလို့ ဆိုပါတယ်။
မြန်မာအစိုးရက ရခိုင်ဒေသ ပဋိပကခတွေ ချုပ်ငြိမ်းသွားအောင် ဖြေရှင်း ဆောင်ရွက်မှုမျိုး မရှိဘူးလို့ အဲဒီ ကြေညာချက်က ဝေဖန် ပါတယ်။
အမေရိကန် အစိုးရထံက နောက်ထပ် စီးပွားရေး ပိတ်ဆို့တာ မခံချင်ရင် ရခိုင်မှာ တိုက်ခိုက်မှုတွေ ရပ်ဆိုင်း သွားအောင် မြန်မာအစိုးရ ဖြေရှင်းဖို့ သမ္မတ အိုဘားမား ခရီးစဉ်မှာ ပြတ်ပြတ်သားသား ဖိအားပေး သင့်ကြောင်းလည်း အဲဒီ ကြေညာချက်မှာ ပါပါတယ်။
မကြာခင် ရက်ပိုင်းက မြန်မာအစိုးရက ရခိုင်အရေး ကုလသမဂ္ဂကို စာရေး ရှင်းပြတာ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတာတွေ ရှိပေမယ့် အမေရိကန် သမ္မတ ခရီးစဉ် မတိုင်ခင်လေးမှ ကပ်လုပ်တာ တွေ့ရကြောင်း၊ အိုဘားမား ပြန်သွားရင် ဒီကိစ္စ ရှေ့ဆက် လုပ်မလား ဆိုတာ အရင် အတွေ့အကြုံတွေ အရ မေးစရာ ရှိကြောင်း HRW အဖွဲ့ အာရှဒေသ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson က ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြောသွားပါတယ်။
ရခိုင်ဒေသ ပဋိပက္ခတွေကို မြန်မာအစိုးရ နိုင်နိုင်နင်းနင်း မတားဆီးနိုင်ခဲ့သလို ပဋိပက္ခတွေမှာ ဒေသခံ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ လုံခြုံရေး အဖွဲ့ဝင်တွေ ပါဝင်နေတယ်ဆိုတာ ဒေသခံ တွေကို မေးမြန်း စုံစမ်းမှုတွေ အရ သိရတယ် လို့လည်း ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ သမ္မတ အိုဘားမား ဆွေးနွေးတဲ့အခါ ဒီပြဿနာ ဘယ်လိုပြေလည်အောင် လုပ်မလဲ၊ အဓိက ပြဿနာ အရင်းခံက ဘာလဲ ဆိုတာ အသေအချာ ဆွေးနွေး နိုင်ဖို့နဲ့ ရိုဟင်ဂျာတွေ အပေါ် ခွဲခြားဆက်ဆံမှုတွေ မလုပ်နိုင်အောင် ရည်ရွယ် ထုတ်ပြန်တာလို့ Phil Robertson က ဘီဘီစီကို ပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus