နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်းတောမှ တက္ကသိုလ်ကျောင်းသား ၂၆၅ ဦး မောင်းတောတွင်စာမေးပွဲဖြေရမည်


ဒီဇင်ဘာ(၂)၊ မောင်းတော။ ။ ရခိုင်ပြည်နယ်တွင်ဇွန်လမှစ၍စစ်တွေတက္ကသိုလ်တွင်ပညာ သင်ကြားနေသောကျောင်းသား/သူများကျောင်း တက်ရောက်၍ပညာသင်ကြားခွင့်မရခဲ့ကြပါ။ ယခုအခါစာမေး ပွဲများနီးကပ်လာ ပြီဖြစ်၍မောင်းတော မြို့ရှိစစ်တွေတက္ကသိုလ် ကျောင်းသား/သူ ၂၆၅ ဦးကိုဒီဇင်ဘာလ(၃) ရက်နေ့တွင်မောင်းတော မြို့အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် စာမေးပွဲဖြေဆိုရန် ရပ်ကွက်များနှင့်ကျေးရွာများ တွင်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။

မောင်းတောမြို့ရှိကျောင်းသား/သူများအား စာမေးပွဲဖြေဆိုရန်ညွန်ကြားထားသော်လည်း ဘူးသီးတောင်မြို့ ရှိကျောင်းသားများနှင့် ပတ်သက်၍ တစ်စုံတစ်ရာမသိရှိရသေးပါ။

ကျောင်းသားများပညာသင်ကြားခွင့်မရဘဲစာမေးပွဲစစ်နေခြင်းဖြစ်သည်။အဓိကဘာသာရပ်ကိုလည်း ကျောင်း သား များလျှောက် ထားသည့်ဘာသာရပ်များသင်ကြားခွင့်မရဘဲ၊ မလျှောက်ထားခဲ့ သည့် ဘာသာ ရပ် ကိုအတင်းအဓမ္မပေးကြောင်းသိရသည်။ ကျောင်းတက် ၍ပညာသင်ကြားခွင့် မရသည့် အပြင်၊ ကျောင်းမှ ဆရာ/ဆရာမများနှင့် လည်းတွေ့ဆုံ၍ လိုအပ်သည့် ကျောင်းသင်ခန်းစာနှင့် ပတ်သက် သည်များကိုလည်း ရယူခွင့်မရကြောင်း သိရသည်။

"ဘာစာမှလည်းမသင်ခဲ့ရဘူး။ ဘယ်ကျောင်းမှလည်းမတက်ခဲ့ရဘူး။ အဲဒီတော့ဒီအတန်း တင်စာမေးပွဲကြီး ကိုဖြေဖို့ဘာမှပြင်ဆင်ထား တာမရှိတော့ ဘယ်လိုဖြေရမှန်းကိုမသိဘူး" ဟုမောင်းတောမှကျောင်းသား တစ်ဦးကပြောသည်။

ဇွန်လမှစ၍ဖြစ်ပွားခဲ့သော ရိုဟင်ဂျာမွတ်စလင်များ အပေါ်အကြမ်းဖက်မှုကြီးကြောင့် ဘာသာ ကွဲမိသားစု များ၊ကျောင်းသားများ အကြားရှိခဲ့သော ချစ်ကြည်ရင်းနှီးမှုပြိုကွဲခဲ့သည်။ ယခုအခါ စစ်တွေတက္ကသိုလ်တွင် ရခိုင် ဗုဒ္ဓဘာသာဝင်ကျောင်းသား/သူများသာ ပညာသင်ကြားခွင့် ရပြီး၊ ကျောင်းချိန်တွင် စစ်တွေတက္ကသိုလ် ပတ်ဝန်းကျင်မှ မည်သည့် ဘာသာခြား၊ လူမျိုးခြား များလမ်းလျှောက်၍ပင် သွားခွင့်မပြုကြောင်းသိရသည်။

RB News

Comment ရေးရန်

Rohingya Exodus