သဲချောင်းဒုက္ခသည်စခန်း၏ နောက်ဆက်တွဲသတင်း
ရာဘာဒုတ်နဲ့ရိုက်၊ ခြေထောက်နဲ့ကန်ခံရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး (ဓါတ်ပုံ - Rohingya News Team, Sittwe) |
ဒဏ်ရာရရှိသူတွေအကြောင်းကို ရိုဟင်ဂျာမွတ်စလင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဇူရားဟာတူ (ဘ) ဦးအီဆုပ် အာလီ (အသက် ၂၅ နှစ်) ကဒီလိုပြောခဲ့ပါတယ်။
"ရဲတပ်ရင်း အမှတ် (၁၂) က ရခိုင်လူမျိုးဖြစ်တဲ့ ရဲအုပ်မောင်လှဦးဆောင်တဲ့အဖွဲ့က နေ့လည် ၁း၃၅ မိနစ်မှာ ဘုမေလက်သမားကျေးရွာ၊ သဲချောင်းလက်သမားကျေးရွာတို့လမ်းဘေးတလျှောက်မှာ ဒုက္ခသည်တွေ တပိုင်တနိုင်ဆောက်ထားတဲ့တဲတွေရဲ့ဓါတ်ပုံတွေ နိုင်ငံခြားမီဒီယာပေါ်မှာမကြာခဏတက်လာနေတာ ကြောင့် ပြည်နယ်အစိုးရနဲ့ရဲတပ်ရင်း (၁၂) တို့ကနေ အဲဒီတဲတွေကို မဖျက်မနေရဆိုပြီး ရဲတွေကိုယ်တိုင် ဖျက်ဆီး ခဲ့ပါတယ်။ ညနေ ၄း၂၀ နာရီမှာ သဲချောင်းဒုက္ခသည်စခန်းမှာရှိတဲ့ ယာယီ SUDIA စခန်းက ဒုက္ခသည်တွေကိုယ်တိုင်ဆောက်ထားတဲ့ တဲတွေထဲ ကဒုက္ခသည်တွေကို အစိုးရညွန်ကြားချက်မပါဘဲ အတင်းအဓမ္မထွက်ခိုင်းတယ်။ အဲဒါကိုဒုက္ခသည်တွေကမထွက်ပေးနိုင်ဘူးလို့ပြောတော့ ရာဘာ ဒုတ် နဲ့ရိုက်၊ ခြေထောက်နဲ့ကန်ပါတယ်။ ဒုက္ခသည် အ မျိုး သမီးတစ်ယောက်က ကျွန် မသေတော့မယ်၊ ကယ်ကြပါလို့ အော်တော့ လူတွေက ဘာဖြစ်တာ လဲကြည့် ဖို့ဝိုင်းလာပါတယ်။ အဲဒီလိုဝိုင်းကြည့်တာကို ရဲတွေကသေနတ်နဲ့ ပစ်တာပါ။ သေနတ်နဲ့ပစ် တာ မှာ ခြောက်ယောက် ဒဏ် ရာရတယ်။ ရာဘာ ဒုတ်နဲ့ရိုက် တာမှာ သုံးယောက် ဒဏ်ရာရပါတယ်။ ရာဘာ ဒုတ် နဲ့ရိုက် ၊ ခြေထောက်နဲ့ကန်တာကိုခံရတဲ့ထဲမှာ ကိုယ် ၀န်ဆောင်အမျိုးသမီး တစ်ယောက် လည်း ပါတယ်။"
စစ်တွေမြို့မှာရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေကို နေရာကျဉ်းကျဉ်းလေးမှာစုပြုံပြီးထားတာမို့၊ ဒုက္ခ သည် တွေ က တပိုင်တနိုင်တဲလေးတွေဆောက်ပြီးနေနေရပါတယ်။ အဲဒီတဲတွေကို ရဲတွေလာပြီး ဖျက်တာ ဒါပထမ ဆုံးအကြိမ်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ရက် ၁၀ ရက်လောက် က နိုင်ငံခြား သတင်းမီဒီယာတွေ ကလာပြီး မေးတာကို အမှန်အတိုင်းပြောလို့ဆိုပြီး ဒုက္ခသည်ပေါင်း ၃၀၀၀ ကျော်ရဲ့ တဲတွေ အဖျက် ခံခဲ့ ရပါတယ်။
ဤသတင်းကို မောင်မောင်မှပေးပို့သည်။
RB News