နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်းတောခရိုင်မှ ရိုဟင်ဂျာထူးချွန်ကျောင်းသားများအား အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များသို့ဝင်ခွင့်မပေးပြန်

မာတလိ
RB News 
30.12.2012

၂၀၁၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘူးသီးတောင်၊ မောင်းတောမြို့ နယ်များမှ (၃)ဘာသာ၊ (၄)ဘာသာ ဂုဏ်ထူးရပြီး အမှတ်များများနှင့် ထူးချွန်စွာအောင်မြင်သော ရိုဟင်ဂျာကျောင်းသားများစွာ ရှိပါသည်။ ထိုကျောင်းသားများသည် မိမိတို့ရမှတ်ဖြင့် ရနိုင်လောက်သော အ သက်မွေး ၀မ်းကျောင်း တက္ကသိုလ်များ၌ ၀င်ခွင့်ရရေးအတွက် ၀င်ခွင့်လျှောက်လွှာ များတင် သွင်းလျှောက် ထားခဲ့ကြသည်။ ယခုအခါ ၀င်ခွင့်ရသူများ စာရင်းထွက်လာရာ ဂုဏ်ထူးရပြီး အမှတ်များ များနှင့် ထူးချွန်စွာအောင်မြင်သော ရိုဟင်ဂျာ ကျောင်းသားများကို မည်သည့်အသက်မွေး ၀မ်းကျောင်း တက္ကသိုလ် သို့မျှ ၀င်ခွင့်မပေးဘဲ မိမိတို့လျှောက်ထားခြင်းမရှိသော သာမာန်ဝိဇ္ဇာ/သိပ္ပံ ဘာသာရပ်များ ကိုသာ ချပေးကြောင်း သတင်းရရှိ ပါသည်။

ယခင်ကရိုဟင်ဂျာကျောင်းသားများသည် အခြားမြန်မာနိုင်ငံသားများနှင့်မည်သို့မျှ ခွဲခြားမှုမရှိခဲ့ဘဲ ပညာရေး တွင်အခွင့်အရေး အတူတူ ရရှိခဲ့ကြသည်။ သို့ရာတွင် အမျိုးသားရေးဝါ ဒီယောင်ဆောင် စစ်အစိုးရ သို့မဟုတ် အရပ်သား အရေခြုံ စစ်အစိုးရတို့က၂၀၀၁ခုနှစ်မှစ ၍မောင်းတောခရိုင်မှ ထူးချွန် စွာအောင်မြင်သော ရိုဟင်ဂျာ ကျောင်းသားများ၏ ပညာရေးအခွင့် အလမ်းများကို သားသမီးချင်း မစာနာအကြင်နာမဲ့စွာ ပိတ်ပင်လာခဲ့သည်။ ထိုသို့ပိတ်ပင်ချိုးနှိမ်ခြင်းခံရသဖြင့် ပညာထူးချွန်သော ရိုဟင်ဂျာကျောင်းသားများ၏ ဘ၀ပျက်နေကြရသည်။

“ကျွန်မရဲ့ တစ်ဦးတည်းသော သားလေးက ၂၀၀၄ ခုနှစ်မှာ (၃) ဘာသာဂုဏ်ထူး နဲ့အောင်ခဲ့ပါတယ်။ တက္ကသိုလ် ၀င်ခွင့်လျှောက်လွှာ တင်ပြီးနှစ်နှစ်ကြာလာတဲ့အထိ ဘာတက္ကသိုလ်မှ ချမပေးတော့နောက်ဆုံး စိတ်ဓာတ်ကျပြီး မလေးရှုားသွားမယ်ဆိုပြီးတော့ ထွက်သွားတယ်။ ဒါပေမယ့်ကျွန်မ ကလေးဟာ မလေးရှား မရောက်ခဲ့ပါဘူး၊ မလေးရှားကို စက်လှေနဲ့အသွား ဘင်္ဂလားပင်လယ်မှာလှေမှောက်ပြီှးသေဆုံးသွားခဲ့ရပါ တယ်။” ဟုမောင်းတောမှ မိခင်ဖြစ်သူက ပူဆွေးသောကဖြင့် RB News သို့ပြောပြသည်။

“ကျနော့် ညီတစ်ယောက် ၂၀၀၈ ခုနှစ်မှာ (၄) ဘာသာဂုဏ်ထူး နဲ့အောင်ခဲ့ပါတယ်။ သူလျှောက်ထားတဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေထဲက တစ်ခုမှချမပေးဘဲ ဘာမဟုတ်တဲ့ ၀ိဇ္ဇာဘာသာရပ်တစ်ခုကို ချပေးတဲ့ အတွက် စိတ်ဓာတ်ကျပြီး ရူးသွပ်သွားပါတယ်။” ဟုဘူးသီးတောင်မှ ထိုကျောင်းသား၏ အစ်ကိုဖြစ် သူ ကကြေကွဲစွာဖြင့် RB News သို့ပြောသည်။

“ကျနော့်သား တစ်ယောက်က ဒီ၂၀၁၂ခုနှစ်မှာ(၃) ဘာသာဂုဏ်ထူး နဲ့အောင်ခဲ့ပါတယ်။ အမှတ် လဲ ကောင်းတာနဲ့ဲတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာမှာ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်(၅)ခု ထည့်လျှောက် ခဲ့ပါတယ်။ ဒါပေမဲ့အဲဒီထဲကဘာတစ်ခုမှ ချမပေးဘဲ သူလျှောက်ထားခြင်း မရှိခဲ့တဲ့ သချာင်္ဘာသာကို ချပေး လာပါတယ်။ ကလေးကရည်မှန်းချက်ကြီးပြီး အရမ်းကြိုးစား လာခဲ့သူဖြစ်တော့ အခုစိတ်ဓာတ်ကျဆင်း နေပြီး ကိုယ်ဟာကိုယ် သတ်သေမယ်လို့ချည်းပြောနေပါတယ်။ ကျနော်တို့ မိဘနှစ်ပါး ဟာ သူ့ကို ကြည့်ပြီးရင် ကျိုးရပါတယ်။”ဟုဘူးသီးတောင်မှ ဖခင်ဖြစ်သူက ၀မ်းနည်းကြေကွဲစွာ RB News သို့ပြောပြသည်။

၁၉၈၈ ခုနှစ်တွင် “မောင်းတောအမျိုးသားစောင့်ရှောက်ရေးအဖွဲ့” ဆိုသည့်ရခိုင် အစွန်းရောက်အဖွဲ့က အာဏာသိမ်းစစ်စိုးရ ထံသို့ရိုဟင်ဂျာကျောင်းသားများအား အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များသို့ တက်ရောက် သင်ကြားခွင့် မပေးရန်တင်ပြခဲ့သည်။ အာဏာရှင် အမျိုးသားရေးဝါဒီ ဗိုလ်ချုပ်ကြီး ခင်ညွှန့်က အစွန်းရောက် ရခိုင်လူမျိုးများ၏အလိုကို လိုက်၍မောင်းတောခရိုင်မှ ရိုဟင်ဂျာကျောင်းသားများအား အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များသို့ ၀င်ခွင့်မပေးရန် အဆင့်မြင့်ပညာဦးစီးဌာအား ညွှန်ကြား ထားခဲ့ သည်။ ၎င်းမှာ နာဇီမြန်မာအစိုးရ၏ ရိုဟင်ဂျာ လူမျိုးသုဉ်းရေးပေါ်လစီများအနက် တစ်ခုဖြစ်သည်။ ထိုပေါ် လစီ  ကို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုလုပ်နေပါပြီ၊ လူ့အခွင့်အရေး ကိုလေးစားလျက် ရှိပါသည် ဆိုသော သမ္မတဦးသိန်းစိန်က ဆက်လက်ကျင့်သုံးလျက် ရှိသည်။ ထိုသို့လူ့အခွင့်အရေး ချိုးဖောက်နေမှုကို ရပ်တန့်ရန် ရိုဟင်ဂျာများက ကြိုးစားတင်ပြခဲ့ကြသော်လည်း ဦးသိန်းစိန်အစိုးရကမူ သူ၏ ယခင် စစ်အစိုးရ ကဲ့သို့ပင် ဆက်လက် ချိုးဖောက်မြဲ ချိုးဖောက်နေခြင်းဖြစ်သည်။ သမ္မတဦးသိန်းစိန်၏ ယခုလက်တွေ့ လုပ်ဆောင် ချက်သည် “ရိုဟင်ဂျာများအား ပညာရေးမြှင့်တင်ပေးရမည်” ဟူသောသူ၏ မကြာမီကပြော ဆို ချက်နှင့်လုံးဝ ဆန့်ကျင် လျက်ရှိသည်။

Comment ရေးရန်

Rohingya Exodus