နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်းတောမြို့တွင်ယာမြေများသိမ်းဆည်း၊ ဖမ်းဆီး၍ငွေညှစ်ခြင်းဆက်လက်ဖြစ်ပေါ်နေ


Qutub Shah 
RB News 
30.12.2012 

မောင်းတော ။ ။ ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် သာဝင်းချောင်းရွာမှ အဗ်ဒူကရီးမ် (ဘ) ဦးဟာလာမျာ (အသက် ၂၈ နှစ်) အားနယ်စပ်ဒေသကွပ်ကွဲရေး (နစက) ၏စက်လှေနှင့်အခြားသောပစ္စည်းများကို စောင့်ကြည့်ရန်တာဝန်ပေးခဲ့သည်။ ထိုသို့ လုံခြုံရေးတာဝန်ယူရသူ ၂၀ ဦးရှိရာတွင် ထိုနေ့၌ အဗ်ဒူကရီးမ်၏ အလှည့်ဖြစ်ခဲ့သည်။ ညပိုင်းတွင်ထိုနေရာတွင် အဗ်ဒူကရီးမ် ကွယ်လွန်ခဲ့သည်။ ထိခိုက်ဒဏ်ရာရခြင်းတစ်စုံ တစ်ရာမရှိဘဲ သာမာန်ပုံစံဖြင့်သေဆုံးသွားခြင်းဖြစ်သည်။ ၂၇ ရက်နေ့တွင် အဗ်ဒူကရီးမ်သေဆုံးသွား ခြင်းနှင့်ပတ်သက်၍ နစကနယ်မြေ (၈) မှ ဒုတိယဗိုလ်မှူးကြီးစောမိုးသစ်မှ စက်လှေလုံခြုံရေး ခေါင်းဆောင် ဦးအဒူစလာမ် (ဘ) ဦးမျာဟူဆောင်းအားဖမ်းဆီး၍ ငွေ ၁၆ သိန်းယူ၍ပြန်လည်လွှတ်ပေးလိုက်ကြောင်း ဒေသခံတစ်ဦးမှ RB News သို့ပြောသည်။ 

ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် နစကနယ်မြေ (၈) မှ အရာရှိ ဦးမြင့်ကိုမှ မြင့်လွတ် (မေရူလ္လာရွာ) တွင်နေ ထိုင်သော ဦးစလင်းအုလ္လာ (ဘ) ဦးအဒူရဟင်အား မလေးရှားသို့လူကုန်ကူးမှုပြုလုပ်နေသည်ဟုစွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဖမ်းဆီးပြီး နောက် ပြန်လည်လွှတ်ပေးရန်ငွေ (၅) သိန်းတောင်းခံလျက်ရှိ ပြီး၊ ဦးစလင်းအုလ္လာမှငွေကြေးမတတ်နိုင်သော သောကြောင့် ညှင်းပန်းနှိပ်စက်လျက်ရှိကြောင်းသတင်းရရှိပါ သည်။ 

မောင်းတောမြို့နယ်ရှိ ရိုဟင်ဂျာမွတ်စလင်များပိုင်ဆိုင်သောယာမြေများကိုအတင်းအဓမ္မသိမ်းဆည်း၍ ပြည်မမှခေါ်ယူလာသောဗုဒ္ဓဘာသာ (နတလရွာသား) များကိုလွှဲပြောင်းပေးလျက်ရှိသည်မှာနှစ်ပေါင်း အတော်ကြာခဲ့ပြီဖြစ်သည်။ တောင်ပြိုလက်ဝဲ မြောက်ပိုင်းရှိ ဂရာဗျိုင်ရွာနှင့်လှောင်ဒေါင်စာရာရွာအကြားရှိ ရိုဟင်ဂျာများပိုင်ဆိုင်သောယာမြေ ၁၅ ဧကကို ဒီဇင်ဘာလ (၂၆) ရက်နေ့က သိမ်းဆည်းလိုက်ကြောင်း သိရသည်။ ထိုသို့ပြုလုပ်ရခြင်းရည်ရွယ်ချက်မှာရိုဟင်ဂျာမွတ်စလင်များလုပ်ကိုင်စားသောက်ရန် အခွင့်အလမ်းနည်းပါးသွားအောင်ပြုလုပ်ခြင်းဖြစ်ပြီး၊ နေရေးထိုင်ရေးကျပ်တည်းမှုများလာပါက တစ်ဖက် နိုင်ငံသို့ထွက်ခွာ သွားရန်မူဝါဒချမှတ်၍လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးမှ RB News သို့ပြော သည်။

Comment ရေးရန်

Rohingya Exodus