နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်းတောမြို့၌ရိုဟင်ဂျာများကိုအစုလိုက်အပြုံလိုက်ဖမ်းဆီးနေ


M.S. Anwar
RB News
29.12.2012
မောင်းတော ။ ။ ယနေ့နံနက် ၅ နာရီမှ စ၍ မောင်းတောမြို့နယ်၊ ညောင်ချောင်းကျေးရွာကို စစ်တပ်၊ ရဲတပ် ဖွဲ့၊ လုံထိန်းနှင့် နယ်စပ်ဒေသကွပ်ကဲရေး (နစက) များမှရွာကိုဝိုင်း၍ ပိတ်ဆို့၍အပြစ်မဲ့ရိုဟင်ဂျာ မွတ်စလင် များကိုအစုလိုက်အပြုံ လိုက်ဖမ်းဆီးနေကြောင်းသတင်းရရှိပါသည်။

ယနေ့နံနက် ၅ နာရီတွင် ညောင်ချောင်းကျေးရွာကို စစ်တပ်၊ ရဲတပ်ဖွဲ့၊ လုံထိန်းနှင့်နစကများက ပူးတွဲ၍ ရွာသူရွာသားများ တိမ်းရှောင်၍ မရအောင် ပိတ်ဆို့ ထားခဲ့သည်။ ထို့နောက် အပြစ်မဲ့ ရိုဟင်ဂျာ မွတ်စလင် များကို တစ်အိမ်တက်ဆင်း အစုလိုက် အပြုံလိုက်ဖမ်း ဆီးကြောင်း သိရသည်။ ထို့အပြင် ရိုဟင်ဂျာ အမျိုးသမီး များကိုလည်း ကိုယ်ထိလက်ရောက် ကျူးလွန်မှု များပြုလုပ်ပြီး ၊ ငွေကြေးတတ်နိုင် သူအချို့ ကိုငွေညှစ်၍ ပြန်လည်လွှတ်ပေးလိုက်ကြောင်းသတင်းရရှိပါသည်။

မောင်းတောမြို့နယ် တရားသူကြီးဦးခင်မောင်ရွှေမှ အပြစ်မဲ့ ရိုဟင်ဂျာများကို ဇွန်လ အကြမ်းဖက်မှုကြီးတွင် ပါဝင်သည်ဟု မဟုတ်မမှန်စွပ်စွဲ၍ အစုလိုက်အပြုံလိုက် ဖမ်းဆီးရန် ၀ရမ်းထုတ်ပြန်ခဲ့သည်။ ဘဂုံးနားရွာတစ် ရွာထဲမှ ၄၂ ဦးကိုဖမ်းရန် ၀ရမ်းထုတ်ထားပြီး ထိုရွာမှ ၅၄ ဦးကိုယခင်ကဖမ်းဆီး၍ ဘူးသီးတောင်မြို့နယ် အကျဉ်းထောင်၌ ချုပ်နှောင်ထားသည်။ ဦးခင်မောင်ရွှေသည် ရခိုင်အစွန်းရောက်တစ်ယောက်ဖြစ်ပြီး၊ ဇွန်လ တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုတွင် ရိုဟင်ဂျာများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့တွင် ဦးဆောင်ပါဝင် လှုပ်ရှားခဲ့သူ တစ်ဦးဖြစ်သည်။ ထို့အပြင်အကြမ်းဖက်မှုတွင် ရိုဟင်ဂျာများပါဝင်ခဲ့သည်ဟု ပုံကြီးချဲ့သတင်း လွှင့်သူ တစ်ဦးလည်းဖြစ်သည်။

ယခုအခါညောင်ချောင်းကျေးရွာမှ ၁၄ ဦးကို ဖမ်းဆီးရန် ၀ရမ်းထုတ်ထားပြီး၊ ထိုဝရမ်း ထုတ်ထား ခံရသူ များမှာ ရွာမှရှောင်တိမ်း နေသဖြင့် ယခုကဲ့သို့ အပြစ်မဲ့ ရိုဟင်ဂျာများကို ဖမ်းဆီးနေခြင်းဖြစ်ပြီး၊ ရိုဟင်ဂျာ များအားလုံး ယခုကဲ့သို့ဖမ်းခံရမည်ကိုစိုးရိမ်လျက်ရှိကြောင်း မောင်းတောမြို့မှဒေသခံတစ်ဦးမှပြောပါသည်။

ထိုဒေသခံမှ “ရခိုင်ပြည်နယ်က အုပ်ချုပ်ရေး အာဏာပိုင်အများစုက ရခိုင်အစွန်းရောက်တွေဖြစ်တယ်။ သူတို့ကအကြမ်းဖက်မှုဖြစ်အောင်လုပ်တယ်။ပြီးတော့အစုလိုက်အပြုံလိုက်ဖမ်းတယ်။ နေပြည်တော် ပြည်ထောင် စုအစိုးရရဲ့ ခွင့်ပြုချက်မပါဘဲ ရိုဟင်ဂျာတွေနဲကမန်တွေကိုညှင်းပန်းနှိပ်စက်တယ်။တခါတလေ နေပြည်တော် ရဲ့ အမိန့်ကိုမလိုက်နာကြဘူး” ဟုဆက်လက်ပြောသည်။

ဘင်္ဂလီမဟုတ်သော ရိုဟင်ဂျာများကို ဘင်္ဂလီလူမျိုးဟူ၍ အတင်းအဓမ္မမှတ်ပုံတင်ရန် အာဏာပိုင်များမှ ကြိုးစားလျက်ရှိသည်။ ထိုသို့မှတ်ပုံတင်ရာတွင် အီလက်ထရွန်နစ်လက်ဗွေ၊ ဓါတ်ပုံများ ရိုက်ခြင်းပါဝင်ပြီး ရိုဟင်ဂျာလူမျိုး ဟူသည်လူမျိုးအမည်ကွယ်ပျောက်အောင်ပြုလုပ်နေခြင်းဖြစ်သည်။ ယခုအခါ ငါးခူရကျေးရွာ မှရိုဟင်ဂျာ မွတ်စလင်များကို ဘင်္ဂလီလူမျိုးလက်ခံရန်အတင်းအဓမ္မပြုလုပ်လျက်ရှိသည်။

ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် နစကနယ်မြေ (၅) မှ အရာရှိများဖြစ်ကြသည့် ၀င်းလှိုင်နှင့် ထွန်းထွန်းနိုင် တို့မှ ဦးဆောင်၍ ရိုဟင်ဂျာ မွတ်စလင်များအား ဘင်္ဂလီဟု အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခြင်း များပြု လုပ်ခဲ့သည် ဟုသိရသည်။ နစက အရာရှိများမှ ဤသည်မှာ အထက် အမိန့်ဖြစ်ပြီး မလိုက်နာပါက ဖမ်းဆီးခံ ရမည်ဟု ရွာသူရွာ သားများအား ခြိမ်းခြောက်ခဲ့သည်။

အောက်ပါ (၇) ဦးအား ဘင်္ဂလီဟူ၍ လက်မှတ်မထိုးနိုင် ဟုငြင်းဆိုသောကြောင့် ဖမ်းဆီးသွားကြောင်း ဥရောပ ရောက်ရိုဟင်ဂျာများကောင်စီ (ERC) ၏မီဒီယာသတင်းအရသိရသည်။

(၁) နဇီရ်အဟမတ် (ဘ) ဦးဇကီရ်အဟမတ် (အသက် ၃၀ နှစ်)
(၂) အဘူလ်အာလမ် (ဘ) ဦးအာသာအုလ္လာ (အသက် ၂၇ နှစ်)
(၃) နူရ်အာလမ် (ဘ) ဦးမိုဟာမတ်ရှဖီ (အသက် ၄၆ နှစ်)
(၄) ဟူးစိန်အဟမတ် (ဘ) ဦးနူရ်အာလမ် (အသက် ၁၉ နှစ်)
(၅) ဇကီရ် (ဘ) ဦးနူရူရ်ဇလာလ် (အသက် ၃၁ နှစ်)
(၆) ဆယာဒ်နူရ် (ဘ) ဦးဆယာဒ် (အသက် ၂၅ နှစ်)
(၇) အာမန်အုလ္လာ (ဘ) ဦးမိုဟာမတ်အုလ္လာ (အသက် ၃၁ နှစ်) 
အောက်ပါ (၂) ဦးမှာ အတင်းအဓမ္မခြိမ်းခြောက်မှုများကြောင့် ဘင်္ဂလီဟုလက်မှတ်ထိုးပေးခဲ့ရကြောင်းသိရ သည်။
(၁) ရှောကဲသ်အလီ (ဘ) ဦးအရှုအလီ (အသက် ၃၅ နှစ်)
(၂) ရှားအာလမ် (ဘ) ဦးမိုဟာမတ်အာလမ် (အသက် ၃၆ နှစ်)

ရိုဟင်ဂျာနှင့် ကမန်မွတ်စလင်များ အပေါ် ရက်စက်ကြမ်းကြုတ်သော လူမျိုးရေး၊ ဘာသာရေး ဖိနှိပ်မှုများပြု လုပ်နေ သည်မှာ လပေါင်း အတန်ကြာ လာပြီဖြစ်သည်။ ယခုအခါ လူမျိုးသုဉ်းသွားတော့မည့် အနေအထား သို့ရောက် လုနီးနီးဖြစ်နေ ပြီဖြစ်သည်။

Comment ရေးရန်

Rohingya Exodus