နောက်ဆုံးသတင်း/ဆောင်းပါးများ

မြောက်ဦးတွင်အပြစ်မဲ့ရိုဟင်ဂျာ (၆) ဦးကိုထပ်မံဖမ်းဆီး


LA
RB News
29.12.2012
 
မြောက်ဦး ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပေါင်းဒုတ်ရွာသစ်မှ ရိုဟင်ဂျာမွတ်စလင် (၆) ဦးကို မည်သည့် အကြောင်းပြချက်မှ မပြဘဲ ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် ဖမ်းဆီး သွားကြောင်း သတင်း ရရှိပါ သည်။

ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ရခိုင်အကြမ်းဖက်များက ရိုဟင်ဂျာ တစ်ဦးကို အကြမ်းဖက် တိုက်ခိုက် ခဲ့သော်လည်း အရေးယူခြင်း တစ်စုံတစ်ရာ မရှိဘဲ အပြစ်မရှိသော ရိုဟင်ဂျာ (၅) ဦးကို ဖမ်းဆီးခဲ့သည်။
ဒီဇင်ဘာလ (၂၆) ရက်နေ့တွင်ထပ်မံဖမ်းဆီးခံရသူ (၆) ဦးမှာ -
 
(၁) ဘေဒါးအလီ (ဘ) ဦးမူချီးမျာ (အသက် ၂၇ နှစ်)
(၂) မိုဟာမာတ်ဟူးဆောင်း (ဘ) ဦးအဒူမာလိခ် (အသက် ၂၂ နှစ်)
(၃) မိုဟာမာတ်တော်ယုဖ် (ဘ) ဦးအဒူမူနာဖ် (အသက် ၂၃ နှစ်)
(၄) နူရ်ကာမာလ် (ဘ) ဦးအဒူရော်ဟိမ်း (အသက် ၂၄ နှစ်)
(၅) မိုဟာမာတ်အာလီ (ဘ) ဦးအဒူမူနာဖ် (အသက် ၂၀ နှစ်)
(၆) မိုဟာမာတ်ဆော်ယဒ့် (ဘ) ဦးအဒူမူဂျိဒ် (အသက် ၁၉ နှစ်)

ရိုဟင်ဂျာ မွတ်စလင်များမှာ တစ်ရွာမှ တစ်ရွာသို့ ပုံစံ (၄) ဖြင့်သာ သွားလာ ခွင့်ရှိပြီး၊ နေထိုင်ခွင့် ရက် ကိုလည်း ပြည်ပသို့သွားရ သည့်ပမာ အကန့်အသတ်ဖြင့် သွားလာနေရ သည့်စနစ်ကို စစ်အစိုးရမှ ၁၉၉၁ ခုနှစ်တွင် စတင်ခဲ့သည်။ ယခုအခါထိုပုံစံ (၄) ထောက်ခံစာ ရရန်အတွက် အာဏာပိုင်များအား လူတစ်ဦး လျှင် ငွေကျပ် ၅၀၀၀ မှ ၁၀,၀၀၀ ထိပေးနေ ရကြောင်း သတင်း ရရှိပါသည်။

Comment ရေးရန်

Rohingya Exodus