မြောက်ဦးမြို့တွင်ရိုဟင်ဂျာတစ်ဦးကိုရခိုင်များတိုက်ခိုက်၊ ရိုဟင်ဂျာများကိုသာဖမ်းဆီး
LA & Qutub Shah
RB News
24.12.2012
မြောက်ဦး ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါင်းဒုတ်ရွာသစ်မှ ရိုဟင်ဂျာမွတ်စလင် (၆) ဦးသည် ၂၃.၁၂.၂၀၁၂ နေ့ နံနက် ၈ နာရီတွင် ပေါင်းဒုတ်သစ်ရွာ အနီးမှတောင်သို့ ထင်းရှာရန် သွားခဲ့သည်။ ထို (၆) ဦးထဲမှ ဦးအကောလ်အလီ (ဘ) ဦးနော်ဇီရာမန် (အသက် ၅၀) နှစ်သည် အခြားသော (၅) ဦးနှင့် မနီးမဝေး တွင်တစ်ယောက်တည်း ထင်းရှာနေစဉ်တောင်၏ အနောက်တစ်ဖက်မှ ရခိုင်အကြမ်းဖက်သမား အချို့တက် လာပြီး ဦးအကောလ်အလီအား တိုက်ခိုက်ခဲ့ကြသည်။ ထိုသို့တိုက်ခိုက်နေသည်ကို ကျန်လူ (၅) ဦးမှတွေ့၍ ရွာသို့ပြန်ပြီး သတင်းပေးခဲ့ကြသည်။
ထို့နောက်ရွာမှ ဦးအကောလ်အလီ၏ သမက် (၃) ဦးနှင့်လူတစ်စု မှတောင်သို့ လိုက်လာပြီး ထိုရခိုင်အကြမ်း ဖက်သမားများနှင့် ထိပ်တိုက်အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ နောက်ဆုံးတွင် တိုက်ခိုက်ခံသည့် ဦးအကောလ်အလီကို ရခိုင်အကြမ်းဖက်သမားများလက်မှ ကယ်တင်နိုင်ခဲ့သည်။
အခင်းဖြစ်ပွားပုံကို လုံခြုံရေး တာဝန်ယူထားသူ တပ်ရင်း (၅၄၀) မှတပ်မှူး ထက်နှင်းကျော်နှင့် မြောက်ဦးမြို့ နယ်မှ မြို့နယ်ရဲမှူး၊ ရဲစခန်းမှူးနှင့်တာဝန်ကျ ရဲများကို တိုင်တန်းခဲ့သည်။ တိုက်ခိုက်ခံရသော ဦးအကောလ် အလီကို စစ်ဆေးပြီး၊ ထင်းသွားရှာစဉ်အတူသွားခဲ့သောသူ (၅) ဦးဖမ်းဆီးလိုက်ကြောင်း ဒေသခံတစ်ဦးမှ RB News သို့ပြောသည်။ အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် ရခိုင်အကြမ်းဖက်များကိုဖမ်းဆီးအရေးယူခြင်းမပြု လုပ်ကြောင်းသိရသည်။
ဖမ်းဆီးခံရသူ (၅) ဦးမှာ -
(၁) ဟာဖီဇ်မိုဟာမတ် (ဘ) ဦးမိုဟာမတ်ဆုလ်တာန် (၂၇ နှစ်)
(၂) ရော်ရှိဒ်မိုဟာမတ် (ဘ) ဦးမိုဟာမတ်ဆုလ်တာန် (၂၅ နှစ်)
(၃) အဘူဆီဒိခ် (ဘ) ဦးအမာတ်မျာ (၂၈ နှစ်)
(၄) မိုဟာမတ်အီဒီရိစ် (ဘ) မိုဟာမတ်ဆာဘဲရ် (၂၇ နှစ်)
(၅) အဒူရာမန် (ဘ) အဒူဆလာမ် (၂၂ နှစ်) - တို့ဖြစ်သည်။
ဒီဇင်ဘာလ (၁၈) ရက်နေ့ ညနေစောင်းတွင် ဖီရီးန်ဖရန်ရွာသို့ တပ်ရင်း (၃၇၈) မှစစ်သားများရောက်ရှိလာ ပြီး အိမ်ပြင်တွင် တွေ့သမျှ ရိုဟင်ဂျာ မွတ်စလင်များကို ရိုက်နှက်ရာ ၁၅ ဦးခန့်ဒဏ်ရာ ရရှိကြောင်း သိရသည်။ ထိုသို့ ရိုက်နှက်ခံရသူများ အချို့မှာ -
(၁) ဦးမိုဟာမတ်အာယုပ် (၅၇ နှစ်)
(၂) ဦးရှိုမုလုခ် (၆၇ နှစ်)
(၃) မိုဟာမတ်တ၀ါရီခ် (၁၈ နှစ်)
(၄) မုဖ်သီဦးမိုဟာမတ်ဒူလ်ဟစန်
(၅) ဦးကျော်လှ (ခ) အုစ်မာန်နှင့် သားနှစ်ဦး
(၆) ဦးဘဒူလ္လာ
(၇) ဦးအဟမတ်ဟူစိန်း
(၈) မိုဟာမတ်ဟာရူးန် (ဘ) ဦးမိုဟာမတ်အာယုပ်
(၉) ဦးကာလာရှေ (ဘ) ဦးလှ
(၁၀) ဦးရဖိကုလ်အစ္စလာမ် (ဘ) ဦးမိုဟာမတ်အာမီးန်
(၁၁) ဦးမိုဟာမတ်ဇဘရာ
(၁၂) ဦးဂူးန်ဒါ (ဘ) ဦးမိုဟာမတ်ခလိလ် - တို့ဖြစ်သည်။