မင်းပြားမြို့တွင်မွတ်စလင်များလူသတ်သည်ဟုစွပ်စွဲ၍ ဖမ်းဆီးသွား
မောင်မောင်
RB News
ဒီဇင်ဘာ (၆) ၂၀၁၂
မင်းပြား ။ ။ မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတဘားရက်ဟူစိန်းအိုဘားမား ခြောက်နာရီကြာအလည်အပတ် လာရောက်ပြီး ရိုဟင်ဂျာ လူမျိုးများသည်အခြားသော သူများကဲ့သို့တူညီသော ဂုဏ်သိက္ခာရှိကြောင်းကိုရန်ကုန် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင်ပြောကြားခဲ့ သည့်မိန့်ခွန်းတွင်ထည့်သွင်းပြောကြားပြီးနောက်၊ရခိုင်အမျိုးသား များတိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်မှတတိယ လှိုင်းဖြစ်လာမည်ဟုမီဒီယာများမှတဆင့် ခြိမ်းခြောက်ပြောဆိုခဲ့သည်။
ထိုအချိန်မှစ၍ရခိုင်ပြည်နယ်တွင်နေထိုင်ကြသောရိုဟင်ဂျာမွတ်စလင်များကိုနည်း လမ်းမျိုးစုံဖြင့်နှောက် ယှက် ၍ပြဿ နာဖန်တီးရန်ကြိုးစားလျက်ရှိသည်။ ယမန်နေ့ကကုလသမဂ္ဂ၏ လက်ထောက် အထွေထွေ အတွင်းရေးမှူး ချုပ် Ms. Valerie Amos သည် ရိုဟင်ဂျာများ၏ လက်ရှိဒုက္ခ သည် ဘ၀ကို သက်သေ ခံသွား ပါ သည်။
အောက်တိုဘာလတွင်မင်းပြားမြို့အပါအ၀င်အခြားသောမြို့များ၌ အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် မွတ် စလင် များမှာ မိမိတို့၏ ရွာအပြင်သို့သွားရန်ပင်လွန်စွာခက်ခဲနေ၍ အသက်မွေးဝမ်းကျောင်း လုပ်ငန်း များ ကိုပင်လုပ်ကိုင်၍မရဖြစ်နေပါသည်။ ယမန်နေ့က ကုလအကြီးအကဲ Ms. Amos ၏ပြန် လည်ပြောပြ ချက် များ တွင်လည်း မွတ်စလင်များကိုမိမိတို့၏နေရပ်မှ သွား၍မရအောင်စစ်တပ် မှတားဆီးထားကြောင်း ပါဝင်ပါ သည်။