နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာအစိုးရ၏ကန့်ကွက်မှုကို အယ်လ်ဂျဇီးရားမှတုန့်ပြန်

ကျော်စွာဝင်း
RB News
ဒီဇင်ဘာ (၇) ၂၀၁၂

ကာတာနိုင်ငံအခြေစိုက် အယ်လ် ဂျဇီး ရား သတင်းဌာနမှ ဒီဇင်ဘာလ (၈) ရက်နေ့မှစ၍ (၁၃) ရက်နေ့ထိ အင်္ဂ လိပ်၊ အရဗီဘာသာဖြင့် ထုတ် လွှင့်ပြ သမည့် "ဖုံးကွယ်ထားသည့် လူ မျိုး တုန်း သတ်ဖြတ်မှု" မှတ်တမ်း ဗီဒီ ယိုနှင့် ပတ်သက်၍ မြန်မာ အစိုးရနိုင်ငံခြားရေး ၀န်ကြီးဌာန မှပြင်းထန်စွာကန့်ကွက်ကြောင်း သတင်း ထုတ်ပြန် ၍ အင်္ဂလိပ် ၊မြန်မာသတင်းစာများ တွင်ဖော်ပြခဲ့ပါ သည်။ ထိုသို့သတင်းထုတ်ပြန်မှုနှင့် ပတ် သက် ၍ အယ် လ် ဂျ ဇီးရားသတင်းဌာန၏ သတင်းနှင့်ပြန်ကြားရေးဌာနမှပြန်လည်တုန့်ပြန်လိုက်သည်။

အဆိုပါမှတ်တမ်းရုပ်ရှင်ရိုက်ကူးသည့် ဗြိတိန်နိုင်ငံမှ Mr. Phil Rees သည် ထိုမှတ်တမ်းရုပ်ရှင်နှင့်ပတ်သက် ၍မေးမြန်းလာမည့်မေးခွန်းများကို မှတ်တမ်းရုပ်ရှင်ပြသပြီးသည့်နောက်တွင် အွန်လိုင်းပေါ်မှပြန်လည်ဖြေ ကြားမည်ဖြစ်သည်။ အချိန်အတိအကျကို အယ်လ်ဂျဇီးရား၏ Website ပေါ်တွင်ကြေညာပေးသွားမည်ဟု သိရသည်။

မှတ်တမ်းရိုက်ကူးသူ Mr. Phil Rees မှ အဆိုပါမှတ်တမ်းရုပ်ရှင်တွင် ခိုင်မာသောသက်သေအထောက် အထား များပါဝင်ပြီး ဒုက္ခသည်စခန်းများနှင့်အခြားသောနေရာများသည် ပြင်ပကမ္ဘာနှင့်မည်သို့ဝေးကွားနေ သည်ကို ကွက်ကွက်ကွင်းကွင်းမြင်ရမည်ဟုဆိုသည်။

ကျွန်တော်တို့အနေနဲ့ဒီမှတ်တမ်းရုပ်ရှင်မှာ တစ်ဆင့်စကား၊ ကောလဟသတွေယူထားတာမဟုတ်ဘဲ၊ တ ကယ့် ခံစားခဲ့ရတဲ့သူတွေဆီကနေမှတ်တမ်းယူထားတာပါ။ ကြည့်တဲ့သူတွေအတွက် ပြည့်စုံတဲ့သတင်းအ ချက်အလက်တွေရမယ်လို့မျှော်လင့်ပါတယ် - ဟု၎င်းကပြောသည်။

လတ်တလော ကုလသမဂ္ဂအကြီးအကဲ Ms. Valerie Amos ၏ခရီးစဉ်တွင်လည်း ရိုဟင်ဂျာဒုက္ခသည်စခန်း များ၏အခြေအနေမှာလွန်စွာသေရေးရှင်ရေးတမျှအရေးကြီးနေသည့်စိုးရိမ်ဖွယ်ရာအခြေအနေရှိကြောင်း ပြော ဆိုသွားပါသည်။

အယ်လ်ဂျဇီးရား၏ နဂိုမူလအစီအစဉ်အတိုင်း ဒီဇင်ဘာ (၈) ရက်နေ့မှစ၍ ဒီဇင်ဘာ (၁၃) ရက်နေ့ထိ အင်္ဂလိပ်၊ အရဗီနှစ်ဘာသာဖြင့်ထုတ်လွှင့်ပြသသွားမည်ဟုသတင်းရရှိပါသည်။

Comment ရေးရန်

Rohingya Exodus