နောက်ဆုံးသတင်း/ဆောင်းပါးများ

UN Humanitrian Chief ရခိုင်ပြည်နယ်သို့သွားမည်

UN Humanitarian Chief Valerie Amos

ဒီဇင်ဘာ (၁) ။ ။ ကုလသမဂ္ဂ၊ အထွေထွေအတွင်းရေးမှူးချုပ်ရုံးလက်အောက်ရှိ လူသားချင်းစာနာထောက် ပံ့ရေးနှင့် အရေးပေါ်လူမှုဖူလုံရေး ဌာန၏အကြီးအကဲဖြစ်သူ Valerie Amos သည် ဒီဇင်ဘာလ (၂) ရက်နေ့ မှစ၍ (၈) ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့်ထိုင်းနိုင်ငံ သို့သွားရောက်မည်ဟု ကုလသမဂ္ဂမှ ထုတ်ပြန်သောသတင်းတစ်ရပ်အရသိရသည်။

ယခုခရီးစဉ်သည် Valerie Amos ၏လူသားချင်းစာနာထောက်ပံ့ရေးနှင့်အရေးပေါ်လူမှုဖူလုံရေးဌာန၏ အကြီးအကဲဖြစ်ပြီးနောက်ပထမဆုံးတရားဝင်ခရီးစဉ်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် Amos သည်အစိုးရအဖွဲ့အစည်းများ၊ အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့၊ အစိုးရမဟုတ် သောအဖွဲ့အစည်းများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၀န်ထမ်းများနှင့်တွေ့ဆုံ ၍ဘေးအန္တရာယ်များကြိုတင်ကာ ကွယ်ခြင်းနှင့်ပတ်သက်၍တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် Amos သည်လူသားချင်းစာနာထောက်ပံ့ရေးနှင့်ပတ်သက်၍မီးမောင်းထိုးပြမည်ဖြစ်ပြီး၊ မြန်မာအစိုးရနှင့် တည်ငြိမ်အေးချမ်းရေးနှင့်စေ့စပ်ညှိနှိုင်းရေးများအတွက် စိန်ခေါ်နေသည့် အချက်အလက် များကို ခိုင်လုံစွာပြောကြား၍ ဆွေးနွေးသွားမည်ဖြစ်သည်။ ရခိုင်ပြည်နယ်သို့သွားရောက်ရန်စီစဉ် ထားကြောင်းသိရသည်။

ဒီဇင်ဘာလ (၈) ရက်နေ့တွင်ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်နိုင်ငံတကာသတင်းဌာနများနှင့်တွေ့ဆုံ၍ သတင်းစာရှင်းလင်း ပွဲကျင်းပမည်ဖြစ်သည်။

RB News

Comment ရေးရန်

Rohingya Exodus