နောက်ဆုံးသတင်း/ဆောင်းပါးများ

ကုလနှင့်လူ့အခွင့်အရေးအဖွဲ့မှထိုင်းရောက်ရိုဟင်ဂျာများကိုနေရပ်ပြန်မပို့ရေးတောင်းဆို

ကျော်စွာဝင်း
RB News
3.1.2013


ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်များကိုနေ့စဉ်နှင့်အမျှ နည်းလမ်းပေါင်းစုံဖြင့် ဒုက္ခပေးလျက်ရှိပြီး၊ အာဏာပိုင်များကိုယ် တိုင်လူကုန်ကူးမှုတွင် ပါဝင်၍ ရိုဟင်ဂျာ မွတ်စလင်များကိုနိုင်ငံ အတွင်းမှ အပြီး အပိုင် ထွက်သွားအောင်ကြိုးစား လျက်ရှိသည်။ ၁၃ ရက်ကြာစက်လှေငယ်ဖြင့်မလေးရှားနိုင်ငံသို့ဦးတည်၍ ထွက်ခွာလာခဲ့သော ဒုက္ခသည် ၇၃ ဦးပါစက်လှေသည် ဇန်န၀ါရီလ (၁) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဖူးကတ်မြို့ အနီးရှိ ဘွန်းကျွန်းငယ်သို့ ဆိုက်ရောက်ခဲ့သည်။ ထိုင်း အာဏာပိုင်များမှ ယခုလပိုင်းအတွင်း ရောက်ရှိ လာသောလှေစီး ဒုက္ခသည်များကို အစားအသောက်ဝေမျှပြီး စက်လှေတွင် ဆီဖြည့်ပေးပြီး မလေးရှားနို င် ငံဘက် သို့တွန်းပို့လေ့ ရှိသည်။ သို့သော်လည်း ယခုစက်လှေမှာ အလွန်ဟောင်းနွမ်းသေးငယ်ပြီး ဒုက္ခသည် များ ခရီး ဆက်ရန်မဖြစ်နိုင်တော့သည့် အခြေအနေရှိသောကြောင့် ဒုက္ခသည်များကို ဖူးကတ်မြို့ရှိ လူဝင် မှုကြီး ကြပ်ရေးစခန်းတွင် ထိန်းသိမ်းထားခဲ့သည်။ ထိုမှတဆင့် ဇန်န၀ါရီလ(၂) ရက်နေ့ ညနေ ၄ နာရီ တွင် ရနောင်းမြို့သို့ ကုန်တင်ကားနှစ်စီးဖြင့် အဆိုပါဒုက္ခသည်များကို တင်ဆောင် သွားကြောင်း သိရသည်။ ထိုဒုက္ခသည်များကိုမြန်မာနိုင်ငံနယ်စပ်မြို့သို့ ပို့ဆောင်၍မြန်မာ အာဏာပိုင်များလက်သို့ အပ်နှံမည်ဖြစ် သည် ဟု သိရသည်။ ဒုက္ခ သည် ၇၃ ဦး တွင် အရွယ်မရောက်သေးသည့် ကလေး ၁၇ ဦးနှင့် ကလေးငယ် ၃ ဦး ပါဝင် သည်။

လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့မှ အာရှဒေသ ညွှန်ကြားရေးမှူး မစ္စတာဘရတ်အာဒမ်က “ထိုင်းအစိုးရ အနေနဲ့ဒီလိုရက် ရက်စက်စက်ပြန်ပို့ မယ့်အစီအစဉ်ကို ရပ်တန့်သင့်တယ်။ ဒီလူတွေဟာမြန်မာနိုင်ငံမှာ လူမဆန်စွာ ညှင်းပန်းနှိပ် စက်ခံနေရတဲ့အတွက် သူတို့တောင်းဆိုနေတဲ့ ခိုလှုံခွင့်ကိုလေးစားရမယ်။ ကုလ သမဂ္ဂ ဒုက္ခသည်အေဂျင်စီကိုရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအားလုံး နဲ့ပေးတွေ့ပြီးသူတို့ရဲ့ လိုအပ် ချက်တွေ ကိုဖြည့်ဆည်းပေးရမယ်။ ကူညီရမယ်” ဟုယနေ့ထုတ်ပြန်သည့် လူ့အခွင့်အရေးစောင့် ကြည့်ရေး အဖွဲ့၏သတင်းထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။

ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်း အရမည်သူမဆို မည်သည့်နေရာတွင် မဆိုညှင်းပန်းနှိပ်စက်မှုမှ လွတ်မြောက် ရန် အတွက်ခိုလှုံခွင့်တောင်းခံခွင့်ရှိသည်။ ထိုင်းနိုင်ငံသည် ၁၉၅၁ ခုနှစ်ဒုက္ခသည်များဆိုင်ရာ ညီလာခံတွင် လက်မှတ်ရေးထိုး မထားသော် လည်း နိုင်ငံတကာဥပဒေများအရ တစ်စုံတစ်ဦးအတွက် အန္တရာယ် ရှိနိုင် မည့်နေရာသို့ ပို့ဆောင်ခွင့်မရှိဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ မှရေးသား ထား သည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး မှပြောရေးဆိုခွင့်ရှိသူ မစ္စဗီဗီရမ်တန်က “ကျွန်မတို့ အနေ နဲ့ဒီလူတွေကို ပြန်မပို့ဖို့ပြင်းပြင်းထန်ထန်ပြောဆိုချင်တယ်။ဒီလူတွေကိုပြစ်ဒဏ်ပေးမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်မ တို့ အရမ်းစိုးရိမ်တယ်။ ဒီလူတွေဘယ် သွားသွားခွင့်ပြုချက် ယူရတဲ့အမိန့်စည်း ကမ်း ရှိတယ်။ အခု ခွင့်ပြုချက်မပါဘဲလာတဲ့အတွက် သူတို့တွေဘယ်လို ဖြစ်မယ်ဆိုတာကျွန်မတို့မသိဘူး။ သူတို့ အတွက် ပြင်း ထန်ကြီး မားတဲ့ပြစ်ဒဏ်တွေရှိလိမ့်မယ်” ဟုပြောကြားသည်။

ကုလသမဂ္ဂမှထိုင်းအာဏာပိုင်များနှင့်ယနေ့တွေ့ဆုံမည်ဖြစ်ပြီး၊ အဆိုပါဒုက္ခသည်များနှင့်တွေ့ဆုံခွင့်ရရေးကို ကြိုးစားသွား မည်ဟုသိရသည်။ ထိုသို့တွေ့ဆုံမှုရမှာသာ အဆိုပါဒုက္ခသည်များ၏လိုအပ်ချက်ကိုသိနိုင်လိမ့် မည်ဟု ကုလသမဂ္ဂ၏သတင်း များတွင်ရေးသားဖော်ပြထားသည်။

Comment ရေးရန်

Rohingya Exodus