နောက်ဆုံးသတင်း/ဆောင်းပါးများ

အော့နှလုံးနာစရာအတိဒုက္ခမျိုးစုံကြုံတွေ့နေကြရသောရိုဟင်ဂျာ၊ကမန်များ၏အခြေအနေများကိုလျစ်လျူရှု ကြခြင်း

(ဓါတ်ပုံ - AK Rockefeller)
အမ်၊အက်စ်၊ အဏ္ဏ၀ါ 
RB News 
11.1.2013

ယနေ့ ရိုဟင်ဂျာနဲ့ကမန်လူမျိုးတွေ ကမြန်မာအစိုးရရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စနစ်ရဲ့ သားကောင်နဲ့ အကြမ်းဖက် အုပ်စုတွေရဲ့ ထောင်ချောက် ထဲရောက်နေကြတယ်။ သူတို့ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ အကျဉ်း ထောင်ထဲမှာ သတ်ဖြတ်ခြင်း၊ သူတို့ရဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးခြင်း၊ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးခြင်း၊ သူတို့ရဲ့ အမျိုးသမီးတွေကို မုဒိန်းကျင့်ခြင်းနဲ့ ဘာသာရေး အဆောက် အအုံတွေကို ပိတ်ဆို့ထားခြင်းတို့ကြို ပုလုပ် ခဲ့တယ်။ ခိုကိုးရာမဲ့ဖြစ်နေတဲ့ သူတွေကို ရက်စက်ယုတ်မာတဲ့ လူမျိုးရေး၊ ဘာသာရေးနှိပ် ကွပ်မှုတွေနဲ့ စနစ် တကျနှိမ်နင်းခဲ့တယ်။ သူတို့တွေကို ကူညီပေးဖို့မြန်မာတွေကို တင်မကဘူး၊ နိုင်ငံတကာအသိုင်း အ၀ိုင်း ကိုပါ  တောင်းဆို ခဲ့ကြတယ်။  မြန်မာဗုဒ္ဓဘာသာတွေ ကတော့ အစိုးရရဲ့ခွဲခြားတဲ့ မူဝါဒ ရဲ့ထောင်ချောက်ထဲရောက်ပြီး၊ ကူညီဖို့ မကြိုးစားခဲ့ကြဘူး။ ကူညီဖို့ရောက်လာတဲ့နို င်ငံ တကာက အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေက လူမျိုး မရွေး ဘာသာမရွေး ကူညီခဲ့ကြပြီးတော့မြန်မာ့ အသိုင်းအ၀ိုင်းရဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှုတွေကိုတွေ့မြင်ခဲ့ကြ တယ်။

အားနည်းတဲ့ အဲဒီလူတွေကတော့ နာကျင်မှုပေါင်းစုံနဲ့ အတိဒုက္ခပေါင်းစုံကို အခုချိန်ထိ ကျယ်ကျယ်ပြန့်ပြန့်ခံ စားနေကြရတယ်။ ၂၀၁၃ ခု ဇန်န၀ါရီလ (၇) ရက်နေ့မှာအသက် (၈၃) နှစ်အရွယ်ရှိတဲ့ ရိုဟင်ဂျာအဖိုးအို ကိုမောင်တောမြို့တောင်ပိုင်းနူရူလာရွာနားက ခရေမြိုင်ရွာမှာ အခြေစိုက်တဲ့တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး ရဲဝင်းအောင်က ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်။ အဖိုးအိုနာမည် ကဦးအဒူဂျလီလ် (ဘ) ဦးအလီမျာ - နူရူလာရွာကနေက ဘဂုံးနားကို လာပြီး နေမကောင်းလို့ဆေး လာဝယ်တာပါ။ ကျန်းမာရေး မကောင်းတဲ့အပြင် တုတ်ကောက်မပါဘဲ လမ်းလျှောက်လို့လည်းမရဘူး။ အဲဒီ အဖိုးအိုကို မဟုတ်မမှန်တဲ့ စွပ်စွဲချက်တွေနဲ့ အတူ ရခိုင်တွေရဲ့ အိမ်တွေကို မီးရှို့ တယ်ဆိုပြီး စွပ်စွဲတယ်။ ဖမ်းသွားတဲ့ ဒုတပ်ရင်းမှူးက ၂၄ နာရီအတွင်း ငွေကျပ် သိန်း ၂၀ ပေးမယ်ဆိုရင် ပြန်လွှတ်ပေးမယ်။ မပေးရင်တော့ ရဲကိုလွှဲပေးလိုက် မယ်လို့ပြောတယ်။ တုတ်ကောက်မပါဘဲ လမ်းတောင်လျှောက်လို့ မရတဲ့အဖိုးအို ကိုရခိုင်တွေအိမ်ကို မီးရှို့တယ်လို့ စွပ်စွဲတာ တကယ်တော့ အဲဒီအဖိုးအို အဲဒီအလုပ်မျိုး လုပ်နိုင်ပါ့မလား။ ကျွန်တော်ကတော့ စစ်သား တွေအရှက်မရှိတာ၊ ပညာမတတ်တာ၊ စိတ်ဓါတ်ညံ့ဖျင်းတဲ့ သဘာဝရှိတာတွေနဲ့ ကျွန်စိတ်ဓါတ် ရှိတာတွေကို သိနေတယ်။ သို့သော်သင့်ရဲ့ အဖေတစ်ယောက် ဒါမှမဟုတ် အဖိုးတစ်ယောက်ကို အဲဒီ ဖမ်းဆီးမယ် ဆိုရင်ဘယ်လို ခံစားရမ လဲ ??

အဲဒီ ဗိုလ်မှူးရဲဝင်းအောင်ကဘဲ ဘဂုံးနားကျေးရွာအုပ်စုထဲမှာ ရှိတဲ့ တပ်ဦး အနောက်က ဦးအစ္စလာမ်ဆိုတဲ့ သူကို ၂၀၁၂၊ ဒီဇင်ဘာ (၂၅) ရက်နေ့ကဖမ်းပြီး၊ ရဲလက်ကို အပ်မယ်လို့ခြိမ်းခြောက်ပြီးတော့ ငွေ (၇) သိန်းယူခဲ့တယ်။ ဒီဇင်ဘာ (၂၁) ရက်နေ့မှာလည်း ကီလာဒေါင် (ဒုချီရတန်း) ရွာက ဦးနူးရ်မိုဟာမတ် ဆိုတဲ့ သူကိုဖမ်းပြီး ငွေကျပ် (၄၅) သိန်းယူခဲ့တယ်။ နိုဝင်ဘာ (၂၅) ရက်နေ့မှာ ရိုဟင်ဂျာလူငယ် တစ်ယောက်ဖြစ် တဲ့ မိုဟာမတ်အာလမ် (ဘ) ဦးအဒူရှကူရ်ကိုဖမ်းပြီး၊ ငွေ သိန်း (၂၀) ပေးရင်ပြန်ပေးမယ် လို့ပြောခဲ့တယ်။ ဒါပေမယ့် သူ့ကတိသူမတည်ဘဲ အဲဒီလူငယ်ကိုရဲလက်အပ်ခဲ့တယ်။ ဒေသခံတွေကတော့ ဗိုလ်မှူး ရဲဝင်းအောင် နဲ့ပတ်သက်ပြီး သူကလူတွေ ဖမ်းတာကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ပြီး အရမ်းသောင်း ကျန်းနေ တယ်လို့ပြောကြတယ်။ ပြန်ပြေးဆွဲ၊ အတင်းအဓမ္မ ခေါ်သွားပြီးတော့ ခြိမ်းခြောက်တယ်။ ညှင်း ပန်း နှိပ် စက်တယ်။ ငွေညှစ်တယ်။ ဒါတွေကတော့ ဗိုလ်မှူးရဲဝင်းအောင်ရဲ့ စီးပွားရေးပေါ့။ သူရဲ့အပြု အမှုတွေ အားလုံးက ဆိုမားလီယားနိုင်ငံကပင်လယ်ဓါးပြတွေနဲ့အတူတူပါဘဲ။

ဒီဇင်ဘာလ (၃၀) ရက်နေ့မှာ စစ်သားတွေနဲ့ သရေကုန်းဘောင် စံပြရွာက ရခိုင်အစွန်းရောက်တွေပေါင်း ပြီးတော့ ဂေါ်ဒူစာရာကျေးရွာ အုပ်စု၊ ဖူးဒူးပါရာက နွားအကောင် ၁၃၀ ကို ခိုးယူသွားတယ်။ အဲဒီမှာ ရိုဟင်ဂျာ ရွာသားတွေကအော်တော့ ၄ ယောက်ကိုစစ်သား တွေဖမ်းသွားပြီး ရဲလက်ကိုအပ်လိုက်ကြတယ်။ နစကနယ်မြေ (၇) ကနယ်မြေမှူးက စစ်သားတွေကို အဲဒီနွားတွေကိုပြန်ပေးဖို့ အမိန့်ပေးလို့ နွားတွေ ကိုပြန်ပေးလိုက်ပေမယ့် ဖမ်းသွားတဲ့ (၄) ယောက်ရဲ့ သတင်းကတော့ အခုထိ မရသေးဘူး။ အဲဒီ စစ်သားတွေနဲ့ အဲဒီရခိုင် အစွန်းရောက်တွေက ၂၀၁၃ ဇန်န၀ါရီ (၁) ရက်နေ့မှာ အဲဒီရွာက ရိုဟင်ဂျာ အိမ်နှစ် လုံးကို ည (၁၂) နာရီမှာဖောက်ထွင်း ၀င်ရောက်ခဲ့တယ်။ သူတို့နဲ့အတူ ဒုဗိုလ်တစ်ယောက်လည်းပါတယ်။ အိမ်တစ်အိမ်မှာ စစ်သားသုံးယောက်နဲ့ ရခိုင်အစွန်းနှစ် ယောက်က ၁၆ နှစ်အရွယ်ရိုဟင်ဂျာမိန်းကလေး (အိုက်ရှာ (ဘ) ဦးဟူစိန်းအဟမတ်) တစ်ယောက်ကိုဝိုင်းပြီးအုပ်စုလိုက် မုဒိန်းကျင့်တာ မိန်းကလေး ငယ်မှာသေမလိုအထိ ဖြစ်ခဲ့ရတယ်။ အဲဒီမိန်းကလေးအတွက် ကံကောင်းတာလား ကံမကောင်း တာလားတော့ ကျွန်တော်မပြော တတ်ဘူး။ ဆေးကု သမှုခံယူပြီးတဲ့နောက် မိန်းကလေး ရဲ့အခြေ အနေ သက်သာလာတယ်။

နောက်တစ် အိမ်မှာတော့ အသက် ၃၀ အရွယ် ကလေး ၅ ယောက်အမေ၊ မုဆိုးမကို အဲဒီစစ်သားတွေနဲ့ ရခိုင် အစွန်းရောက်တွေက အုပ်စုလိုက် မုဒိန်းကျင့်ပြန်တယ်။ အဲဒီလို ရက်စက်ခံရတဲ့ အမျိုး သမီး ဒေါ်ဖေ ရိုဇာ (ဘ) ဦးမိုဟာမတ်ရဲ့ အမျိုးသား ဦးမိုဟာမတ်အာ ယုဘ်ကို လွန်ခဲ့တဲ့လ မှာ တောထဲ  မှာနွားကျောင်း သွားရင်းနဲ့ ရခိုင်အစွန်းရောက်တွေ သတ်ပစ်ခဲ့ကြတာပါ။ အခုလို ဘာကြောင့် လုပ်တာ လဲဆိုတော့ ဒီအမျိုး သမီးတွေရဲ့ လူတွေက သူတို့နွားတွေ ယူသွားတုန်းကအော်ခဲ့ကြလို့ အခုလို လက်တုန့်ပြန် တာလို့ ယုတ် မာကောက် ကျစ်တဲ့ လူပုံစံဖမ်းထားတဲ့ စစ်သားတွေကပြောတယ်။ ဒီအမျိုး သမီးတွေ သာသင် တို့ရဲ့ အစ်မ/ညီမ များဖြစ် မယ်ဆိုရင် သင်တို့ဘယ်လို တုန့်ပြန်မလဲ? ဒီလိုမ တရား မှုတွေကို သင်တို့ ဘယ်လို တုန့်ပြန်ကြမှာလဲ?

မောင်တော၊ ဘူးသီးတောင်မှာ ရှိတဲ့ ရိုဟင်ဂျာတွေ ကတော့နေ အိမ်ထဲမှာ အသတ်ခံနေရပြီး၊ စစ်တွေ၊ ပေါက်တော၊ မြေပုံ၊ မင်းပြား၊ ပေါက်တောမှာရှိတဲ့ ကမန်တွေ ကတော့ ကွင်းပြင်ကြီးမှာ အသတ် ခံနေကြရတယ်။ရိုဟင်ဂျာနဲ့ကမန်တွေရဲ့ သားသမီးတွေ၊ ကလေးငယ်လေးတွေ၊ နို့စို့ကလေးလေးတွေရဲ့ ဆာလောင် ငတ်ပြတ်မှုတွေ ဆူညံနေတဲ့ အပြင် ကူးစက်ရောဂါ အန္တရာယ်ဆိုးနဲ့ လည်းကြုံတွေ့ နေရ တယ်။ နေ့စဉ်နဲ့အမျှ လူတွေသေနေတယ်။ ဒါကတော့ သာမာန် အငတ်ဘေးကြုံတွေ့နေတာမဟုတ်ဘူး။ ဒါကိုလူတွေကိုယ်တိုင် ဒီလိုကပ်ဘေးမျိုးဖြစ်ပွား လာအောင်စနစ်တကျ လုပ်ခဲ့တာ။ ၁၉၈၃ - ၈၅ အတွင်း အီသီယိုးပီးယား မှာဖြစ်ခဲ့တဲ့ အငတ်ဘေးနဲ့ နှိုင်းယှဉ် လိုက်ရင်ဖြစ်ပွားတဲ့ အချက်အလက် ပုံစံကွာ တာလောက် ဘဲရှိတယ်။ စစ်တွေမြို့မှာရှိ တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေက အထောက်အပံ့ အချို့ကို ရနေပေမယ့်လည်း အခြားနေရာတွေမှာတော့  ငြင်းပယ်ခံထားရတဲ့အပြင်နိုင်ငံတကာမြင်ကွင်းကနေ လည်း ကွယ် ၀ှက်ထားကြတယ်။ သူတို့တွေဘယ်လို ဖြစ်နေမလဲ သင်ရဲ့ မျက်စိလေးမှိတ်ပြီးတွေးကြည့်ပါ။

“ကျွန်တော်တို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမ၀င်ကျူးကျော် လာတယ်လို့ပြောတဲ့မြန်မာများ ကိုပြောချင် တာကတော့ - ဦးသိန်းစိန် ကိုဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အစည်းအဝေးထိုင်ဖို့တောင်းဆိုကြပါ။ ကျွန်တော်တို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပြန်ခေါ်ဖို့ပြောပါ။ ကျွန်တော်တို့ကဘင်္ဂလားဒေ့ရှ် ကဆို ရင် ဘာ လို့ တတိယနိုင်ငံသွားရမှာလဲ ?? ဘာကြောင့်ဦးသိန်းစိန်က ရှိတ်ဟာ ဆီနာကို မတောင်းဆိုဘဲ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအကြီးအကဲကိုပြောရတာလဲ ?? ကျွန်တော်တို့လည်းလူသားတွေဘဲ။ ကျွန်တော် တို့ အခုလိုလူမဆန်တဲ့ ပုံစံမျိုးနဲ့ အသတ်မခံနိုင်တော့ဘူး။ ဗုဒ္ဓဘာသာမှာ လည်းဒီလို သတ်ဖို့ မပြောနဲ့၊ သေးငယ်တဲ့သတ္တ၀ါ ကိုတောင်အနာတရ မဖြစ်အောင် တားမြစ်ထားတယ်။

တကယ်တော့ ကျွန်တော်တို့ဒီမှာ မျိုးဆက်ပေါင်း များစွာနေ ထိုင်လာကြတာပါ။ လူတွေတော်တော်များများ သိကြတယ်။ မသိတဲ့သူ တွေအနေနဲ့ မြန်မာ့စွယ်စုံကျမ်း အတွဲ (၉) ပထမပိုင်းကို ဖတ်ပြီး၊ မြန်မာ့အသံ ရဲ့မှတ် တမ်းတွေ ကိုလေ့လာလိုက်ပါ။ နှစ်ပေါင်းမြောက် မြားစွာကြာပြီဖြစ်တဲ့ သမိုင်းကို ကြည့်စရာ မလိုပါဘူး။ ကျွန်တော်တို့ရခိုင် (အာရ်ကာန်) ပြည်မှာ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်း များစွာကတည်းကနေ ထိုင်လာ တဲ့ဒေ သခံ တွေ ဆိုတာ အထောက်အထား အလုံအလောက် ရှိတယ်။ ကျွန်တော်တို့ ရဲ့နုံအမှု၊ ရိုးသားမှုတွေ အတွက် အဆမ တန်ပေးဆပ်နေရတယ်။ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်တွေ အတွက် လူသားတွေ ရဲ့ အသက်တွေ ကို ကာကွယ်ပေး ခြင်းနဲ့ စစ်မှန်တဲ့ ဗုဒ္ဓ၀ါဒကိုပြဖို့ အချိန်တန်နေပါပြီ။ အဲဒီလိုဘဲနိုင်ငံ တကာ အသိုင်း အ၀ိုင်းအနေနဲ့လည်း ကျွန်တော်တို့ မျိုးပြုတ် မသွားခင် ထိ ထိရောက် ရောက် ကူညီဖို့ အချိန် တန်နေ ပါပြီ။ အဲဒီလိုမှ မကူညီပေး နိုင်ကြဘူးဆိုရင်နောက်တော့မှ ကျွန်တော် တို့ရဲ့ အဖြစ်အပျက်တွေ ဘယ် တုန်း  က ဘယ်လို တည်ရှိခဲ့ပြီးတော့ ဘယ်လိုမျိုးပြုတ် သွားကြ တယ် ဆိုပြီးတော့ သမိုင်း မလုပ်ကြ နဲ့” ဟုမောင်တောမြို့ မှ  အသက် ၆၀ အရွယ် ရိုဟင်ဂျာတစ် ဦးက ရင် ဖွင့်ပါတယ် .. ။

အမ်၊အက်စ်၊ အဏ္ဏ၀ါသည် မလေးရှားနိုင်ငံ Westminster နိုင်ငံတကာကောလိပ်တွင် စီးပွားရေး ပညာ တက်ေ ရာက်သင်ကြားနေသူဖြစ်သည်။

Comment ရေးရန်

Rohingya Exodus