နောက်ဆုံးသတင်း/ဆောင်းပါးများ

ထိုင်းနိုင်ငံကိုရောက်သွားတဲ့ ၁၀ နှစ်အရွယ်ရိုဟင်ဂျာကလေးတစ်ယောက်အကြောင်း


မေယုနဒီ 
RB News 
16.1.2013 

သူ့ရဲ့ နာမည်က နူးရ်ဟာရှင် .. အသက်၁၀ နှစ်အရွယ်သာ ရှိပေမယ့် မိဘတွေကိုမြန်မာ စစ်တပ်က ပစ်သတ် ပြီးနောက်မှာတော့ ပင်လယ်ပြင် ခရီးကို စွန့်စားပြီး ကောင်းမွန်တဲ့ ဘ၀တစ်ခု ရဖို့သူ ဆုံးဖြတ် ခဲ့တယ်။ 

ဆောင်ခလာပြည်နယ်ရဲ့ ဆာဒါအိုခရိုင်မှာ ထိုင်းစစ်တပ်က လူကုန်ကူးသူတွေလက်ထဲက တပတ်အတွင်း တတိယအသုတ် အဖြစ်လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ကတယ်တင်လိုက်တဲ့ လှေစီးဒုက္ခသည် ၁၃၉ ယောက်ထဲ မှာသူလည်း တစ်ယောက် အပါအ၀င်ဖြစ် ပါတယ်။ သူ့ရဲ့ ကံကြမ္မာကတော့ ထိုင်းနိုင်ငံအစိုးရနဲ့ နိုင်ငံတကာ သံတမန်တွေရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်တယ်။ 

အင်္ဂါနေ့ မှာတော့ သူနဲ့ ၉ နှစ်နဲ့ ၁၂ နှစ်အတွင်း ကလေး ၁၇ ယောက်ကို ရဲတွေ စစ်ဆေးမှု မပြုလုပ်ခင် မိသား စုတွေနဲ့ယာယီ နေထိုင်ဖို့အတွက် နရာသီဝပ်ပြည်နယ်ရဲ့ မူအန်းခရိုင်မှာ ရှိတဲ့အိမ်တွေကို ပို့ထား ခဲ့တယ်။ 

စာနယ်ဇင်း သမားက ဘာသာပြန် ကနေ တဆင့်သူနဲ့ စကားပြောတဲ့ အချိန်မှာ သူရဲ့ခရီးစဉ် အကြောင်းနဲ့ တုန် လှုပ်ချောက်ချား စရာကောင်းတဲ့ အကြောင်းတွေ ကိုပြန်လည်ပြောပြခဲ့တယ်။ 

မြန်မာနိုင်ငံ အနောက်ပိုင်းမှာ ညှင်းပန်းနှိပ် စက်ခြင်းပေါင်း စုံနဲ့နေရတဲ့ နိုင်ငံမဲ့ ဘ၀ရောက်နေတဲ့ ရိုဟင်ဂျာ လူမျိုးဖြစ်တဲ့ နူးရ်ဟာရှင်ဟာ မိဘမောင်နှမတွေနဲ့ အတူနေခဲ့ပြီး၊ သူကတော့ မိသားစု ငါးဦးထဲမှာ အငယ်ဆုံး ဖြစ်ပါတယ်။ သူရှင်းပြတာ ကတော့ လွန်ခဲ့တဲ့နှစ် လကျော်မှာ မြန်မာ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေက အကြမ်းဖက် မှုကြီးတစ်ခုကို စတင်ခဲ့ပြီးတော့၊ အဲဒီအကြမ်းဖက်မှုမှာ သတ်ဖြတ်ခြင်းနဲ့ မုဒိန်းကျင့်တာတွေ ပါဝင်တယ်။ အဲဒီလို လုပ်ရခြင်းရဲ့ ရည်ရွယ်ချက် ကတော့ လူနည်းစု အသိုင်း အ၀ိုင်းကို  နိုင်ငံတွင်းကနေ ထွက်သွားစေ ဖို့ဖြစ်တယ်လို့ သူကဆိုပါတယ်။ 

သူ့ရဲ့ မိဘမောင်နှမတွေ အားလုံးကို အာဏာပိုင်တွေ သတ်ဖြတ် ပစ်ခဲ့တယ်။ သူ့ကို လုံခြုံရေးတပ်ဖွဲ့ ၀င် ရိုက်ခဲ့၊ ခုတ်ခဲ့လို့ ရခဲ့တဲ့ ဒဏ်ရာ အမာရွတ်တွေကို သူကပြတယ်။ အဲဒီနောက်မှာ သူလည်း လူ ၁၄၀ ရှိတဲ့ အုပ်စုနဲ့ ဆက်သွယ်ပြီး နိုင်ငံအတွင်းက ထွက်သွားနိုင်ဖို့ အတွက် အကြမ်းဖက်မှု ကပ် ဆိုးကြီးဖြစ်နေ တဲ့ပြည်နယ်မှာ ရှိတဲ့ ကြွယ်ဝချမ်းသာသူတစ်ယောက်ကိုချဉ်းကပ် ခဲ့တယ်။ 

သူတို့ အုပ်စုကတော့ အစ္စလာမ် ဘာသာကိုး ကွယ်တဲ့ တတိယနိုင်ငံ တနိုင်ငံမှာ ခိုလှုံခွင့်ရဖို့ပါ။ ချမ်း သာကြွယ်ဝ သူကလည်းသူ တို့လိုတဲ့အကူအညီဖြစ်တဲ့ စက်လှေတစ်စီးကို နေရာသစ်တစ်ခု (သို့မဟုတ်) လုံလုံခြုံခြုံခို လှုံနိုင်မယ့်နေရာ ထိသွားနိုင်အောင် စီစဉ်ပေးခဲ့တယ်။ သူတို့ ၁၃၉ ယောက်ရဲ့ ပင်လယ်ပြင်ခရီး ကတော့အရမ်း ကြမ်းတမ်းတယ်။ ဘာကိုမှမမြင် ရတဲ့နေရာမှာ နှစ် လကျော်နေခဲ့ရပြီး၊ နောက်ဆုံးတော့ ထိုင်းနိုင်ငံကိုရောက် ရှိခဲ့တယ်။ သူတို့ရောက်တဲ့အချိန်မှာဘယ်နိုင်ငံကိုရောက်နေ တယ်ဆိုတာ သူတို့ မသိခဲ့ဘူး။ 

သူတို့အားလုံးကပင်လယ်ရေကိုသောက်ပြီး အသက်ဆက်ရှင်ခဲ့ကြရတယ်။ 

သူတို့ ကမ်းကပ်တဲ့ အချိန်မှာထိုင်း လူမျိုးတစ်ယောက်လာပြီး တစ်ယောက်ကို ထိုင်းဘတ်ငွေ တစ်သိန်း ငါးသောင်း စီပေးမယ် ဆိုရင် မလေးရှားနိုင်ငံကို ပို့ပေးမယ် လို့ပြောခဲ့ကြတယ်။ သူတို့အုပ်စုနဲအဲဒီလူနဲ့ဘယ် လို သဘော တူမှုရ သွား တယ် ဆိုတာကို သူသေချာမသိဘူး။ လျှို့ဝှက် ဆန်းကြယ်တဲ့ ထိုင်းလူမျိုးကသူတို့ အားလုံးကို လူကုန်ကူးသူရဲ့ လက်ထဲကို အပ်ခဲ့တယ်။ သူတို့ကို စခန်းအကြီးကြီး ထဲမှာထည့် ထားပြီးတော့ မလေးရှားကို ခိုးပြီး ၀င်လို့မရ မချင်း အဲဒီမှာနေ ရမယ်လို့ဆိုတယ်။

အဲဒီနေ့ကတော့ဘယ်တော့မှရောက်မလာခဲ့ဘူး။ 

နူးရ်ဟာရှင်ကတော့ ထွက်ပြေးလာတဲ့သူတို့ရိုဟင်ဂျာတွေအားလုံးကို ထိုင်းနိုင်ငံမှာနေခွင့်ရစေချင်တယ်။ သူတို့အားလုံး အလုပ်ပြန် လုပ်ပြီးပေး ဆပ်မယ်လို့ပြောပါတယ်။ ဒါကတော့နိုင်ငံတကာ ဥပဒေ အရ ဆိုရင် အကျဉ်းသား ဘ၀ (သို့မဟုတ်) ကျေးကျွန်ဘ၀လို့ ခေါ်ပါတယ်။ 

“ကျွန်တော်တို့ကို ထိုင်းအာဏာပိုင်တွေ ကပြန်ပို့မယ်ဆိုရင်တော့ ကျွန်တော်တို့ အားလုံးသေ သွားလိမ့် မယ်” လို့နူးရ်ဟာရှင် ကပြောပါတယ်။ “ကျွန်တော်တို့ကို ချမ်းသာတဲ့သူတွေနဲ့ပြည်နယ် အာဏာပိုင်တွေက အဲဒီ အကြမ်း ဖက်မှုတွေ ကိုရှောင်တိမ်းနိုင်ဖို့ ကူညီခဲ့တယ်” လို့သူကဆက်ပြောပါတယ်။

(Bangkok Post တွင်ဖော်ပြသောသတင်းဆောင်းပါးကိုဆီလျော်အောင်ဘာသာပြန်ထားခြင်းဖြစ်သည်။)

Comment ရေးရန်

Rohingya Exodus