ဆူဒန်အဖွဲ့နှစ်ဖွဲ့မှ ရိုဟင်ဂျာများအတွက်ဒေါ်လာနှစ်သိန်းကူညီ
RB News
8.1.2013
ခါတွန် ။ ။ ဆူဒန်နိုင်ငံမှ အဖွဲ့နှစ်ဖွဲ့ဖြစ်သော ရိုဟင်ဂျာမွတ်စလင်များ ကိုထောက်ပံ့ရေး အဆင့်မြင့်ကော် မီတီ နှင့် အမျိုးသားလူ့အခွင့်အရေးအဖွဲ့ (ရိုဟင်ဂျာမွတ်စလင်၊ မြန်မာ) တို့မှပထမ အ ရစ်ထောက် ပံ့မှု အဖြစ် ဒေါ် လာနှစ်သိန်းကို မြန်မာနိုင်ငံတွင်နိုင်ငံသားငြင်းပယ် ခံနေရပြီး၊ အခွင့်အရေး အမျိုးမျိုးချိုးဖောက် ခံနေရသည့် ရိုဟင်ဂျာ မွတ်စလင်များအတွက် ပေးအပ်ရန် ယနေ့ကြေညာလိုက်သည်ဟု မလေးရှားနိုင်ငံမှ Bernama သတင်းတွင်ဖော်ပြရေးသားထားသည်။
အယ်လ်ဇူဘိုင်ရ် လူမှုကူညီမှုအသင်းတွင် တနင်္လာနေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အမျိုးသား လူ့အ ခွင့်အရေးအဖွဲ့ ဥက္ကဌမစ္စတာအီဗရာဟင်အဒူဟလီမ်မှ အဆင့်မြင့်ကော်မီတီမှ ကိုယ်စားလှယ် အဖွဲ့သည် တူရ ကီနိုင်ငံသို့ သွားရောက်ခဲ့ပြီး၊ လူမှုကူညီရေးအသင်းများနှင့်စာချုပ်ချုပ်ဆို၍ ဘင်္ဂ လားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ မွတ်စလင်များ၏ဒုက္ခသည် စခန်းများကို သွားရောက်လေ့လာခဲ့ပြီး လိုအပ် သည့်အထောက်အပံ့များပေးအပ် ခဲ့ကြောင်းထည့်သွင်းပြောကြားခဲ့သည်။
ဆူဒန်နိုင်ငံသည် ပါကစ္စတန်နှင့် အယ်လ်ဂျီရီးယားနိုင်ငံတို့ တွင်မြေငလျင်လှုပ်စဉ် က ထောက်ပံ့ခံ သည်များကို ရည်ညွန်းလျက် ကမ္ဘာပေါ်တွင် ထိုကဲ့သို့ အရေးပေါ်လိုအပ်သည့်နေရာဒေသ များသို့ အထောက် အပံ့များပေး အပ်ခဲ့သည့် ပထမဆုံးနိုင်ငံဖြစ်သည်။
မစ္စတာအီဗရာဟင်မှ မြန်မာနိုင်ငံရှိ မွတ်စလင်များ အတွက်ဆက် လက်ထောက်ပံ့ကူညီ သွားမည်ဖြစ် ပြီး၊ နိုင်ငံ တကာ ဖိုရမ်များတွင်လည်း မွတ်စလင်များ ဆုံးရှူံးနေသည့် အခွင့်အရေး များပြန်လည်ရ သည့်အထိကြိုးပမ်း သွားမည်ဟုဆက်လက်ပြောကြားခဲ့သည်။
အဆင့်မြင့်ကော်မီတီ၏ ဥက္ကဌဖြစ်သူ မစ္စတာမိုဟာမတ်အယ်လ်ဘရှီရ်မှ တူရကီနှင့် ဆူဒန်နိုင်ငံကြား ဆက်ဆံ ရေးကြောင့် ယခုကဲ့သို့ လုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ခြင်းဖြစ်ကြောင်း၊ တူရကီ လူမှုရေး အဖွဲ့နှင့် ဆူဒန်လူ့အခွင့်အရေးအဖွဲ့ကြား ရရှိခဲ့သည့် ပူးတွဲလုပ်ငန်း သဘောတူ ညီ မှုကြောင့် မြန်မာနိုင်ငံမှ မွတ်စလင် များကိုယခုကဲ့ သို့ထောက်ပံ့ ကူညီနိုင်ခြင်းဖြစ် ကြောင်းပြောကြား ခဲ့သည်။