နောက်ဆုံးသတင်း/ဆောင်းပါးများ

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ်ရှိဒုက္ခသည်စခန်းများသို့သွားရောက်လေ့လာ

(ဓါတ်ပုံ - ခင်မောင်ဝင်း/AP)
ကျော်စွာဝင်း
RB News
8.1.2013

စစ်တွေ ။ ။ မြန်မာနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ ယမန်နေ့ ကရောက်ရှိ လာသော အင်ဒိုနီး ရှားနိုင် ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ မာတီနာတာလီဂါဝါနှင့် အဖွဲ့သည်နယ်စပ်ဒေသရေးရာပြည်ထောင် စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် တို့နှင့်အတူ ရခိုင်ပြည် နယ်ရှိ ဒုက္ခသည်စခန်းများသို့သွားရောက်လေ့လာခဲ့သည်။

ယမန်နေ့က ရခိုင်ပြည်နယ်သို့ရောက် ရှိပြီးနောက် ကျောက်တော်၊ မင်းပြား၊ ပေါက်တောနှင့် မောင်တော မြို့နယ်များရှိ ဒုက္ခသည်စခန်းများကိုလှည့်လည်ကြည့်ရှူခဲ့ပြီး၊ စစ်တွေမြို့ရှိဒုက္ခသည်စခန်းနှစ်ခုကိုယနေ့ ကြည့်ရှူပြီး ပြန်လည်ထွက်ခွာ သွားကြောင်းသိရသည်။ ယနေ့နံနက်၌ အစိုးရတာဝန်ရှိသူ များနှင့်တွေ့ဆုံ ဆွေးနွေးပြီးနောက် စစ်တွေမြို့ရှိ ဒေသခံ များနှင့်လည်းတွေ့ဆုံဆွေးနွေးခဲ့သည်။

ဝန်ကြီးနာတာလီဂါဝါ၏ ခရီးစဉ်ကြေညာပြီးနောက် အထောက်အပံ့ အဖြစ်ဒေါ်လာ တစ်သန်း ကူညီ မည် ဟု ကြေညာခဲ့သည်။

ဒေါက်တာနာတာလီဂါဝါမှ အကြမ်းဖက်မှုကြောင့် နစ်နာဆုံးရှူံးမှု များကိုပြန်လည် တည်ဆောက်ခြင်း များတွင် ပင်ပါဝင်ခြင်းမျိုး မဟုတ်ဘဲ လူမျိုးနှစ်မျိုးလုံးကိုပြန်လည် သင့်မြတ်ပြီး ယုံကြည်ကြ လာသည့် အထိပြုစုပျိုး ထောင်ပေးရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ ခွဲခြား၍ ထားခြင်းမှာ မည်သို့မှ မသင့်တော်ဘဲ ယခင်ကရှိခဲ့သည့် အတိုင်းပြန်လည်ရှိနိုင်ရန် အတွက်စေ့စပ်ညှိနှိုင်း၍ အတူယှဉ် တွဲနေထိုင် ရန်ကြိုးစား သွားရ မည်ဟုပြောကြားခဲ့ သည်။

စီးပွားရေးနှင့်ပတ်သက်၍လည်း လူသားချင်းစာနာသည့်အထောက်အပံ့များပေးနေစဉ်ကာလအတွင်း စီး ပွားရေးအခွင့် အလမ်းများကိုလည်းထောက်ပံ့ပေးသွားရန်လိုအပ်သည်ဟု ဒေါက်တာနာတာလီဂါဝါမှပြော သည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုမျိုးကိုကိုင်တွယ်ဖြေရှင်းရာတွင် အတွေ့အကြုံ ရှိခဲ့သောကြောင့် မြန်မာအစိုးရနှင့်ပူးပေါင်း၍ ဆက်လက်ကူညီသွားမည်ဟုသိရသည်။

Comment ရေးရန်

Rohingya Exodus